← Chapters

အမှောင်အစောင့်အရှောက် (၃)

Vol. 2 Ch. 22

အမှောင်အစောင့်အရှောက် (၃)

Vol. 2 Ch. 22

"အကိုကြီး။ အဲ့ဒါက… "

ရတနာသေတ္တာကို လီဂီယောင်တွေ့သည်နှင့် သူ့ပါးစပ်လေးကို ကျနော့်လက်ဖြင့် ပိတ်လိုက်၏။

"ရှူး။ ခဏနေဦး"

Ways of Survival၏ ကမ္ဘာကြီးသည် မညှာတာတတ်ပေ။ နက္ခတ်တွေက ဇာတ်ကောင်တွေ၏ဒုက္ခကို ကြည့်ရတာကြိုက်ကြပြီး ဇာတ်ဝင်ခန်းတွေထဲမှာ အတားအဆီးတွေကိုထည့်ကာ လူသားတွေအား စိတ်ဒုက္ခပေးတတ်ကြ၏။ "ငါ့ကိုဖမ်းကြည့်ပါ"ဟုပြောထားသည့်အရာတွေမှာ ထောင်ချောက်တွေရှိတတ်ပြီး စနစ်မှ ထွက်ပေါ်လာသော မက်ဆေ့ချ်တွေကပင် ယုံကြည်၍မရချေ။

"ရတနာသိုက်ထဲမှာ ရတနာတွေပဲ ရှိနေတာမဟုတ်ဘူး"

['မဟူရာမီးလျှံ အသူတစ်ရာနဂါး'သည် စိတ်ပျက်နေပါသည်။]

မဟူရာမီးလျှံ အသူတစ်ရာနဂါးဟာ…ငါ့ကိုသေစေချင်နေတာပဲ။

မည်သို့ပင်ဆိုစေကာမူ ကျနော် စောင့်လိုက်၏။ တစ်အောင်ခန့်အကြာတွင် ရတနာသေတ္တာအနား၌ အရိပ်တွေပေါ်လာသည်။

ထိုအရိပ်များသည် မြေကြွက်များပင်။ လှိုဏ်ခေါင်းတလျောက် ပစ္စည်းတွေကို အဆိုပါမြေကြွက်တွေသယ်လာကြပြီး ပစ်ချကာ အချက်အလက်တွေကို ဖလှယ် နေကြ၏။ မြေကြွက်အချို့စုဝေးမိသွားပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို လင်းနေစေသော အလင်းတွေက ပိုမိုထွန်းလင်းတောက်ပလာသည်။ ထိုအလင်းများသည် မကောင်းသောအငွေ့အသက်ဖြင့်ပြုလုပ်ထားသော မဟူရာမီးလျှံမီးဖြစ်၏။ ဤနေရာသည် အမှောင်သစ်မြစ်၏ဗဟိုဖြစ်သောကြောင့် မကောင်းသော အငွေ့အသက်တွေ အများအပြားရှိနေသည်ဟု ဆိုရပေမည်။

ထိုအချိန်မှာပဲ လူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။

"အခုလိုဖြစ်ရတာက ယူဆန်းအာကြောင့်ပဲ"

သူမည်သူဖြစ်သနည်းကို ဆိုရန်ပင်မလိုချေ။ တစ်ခါကြားရုံဖြင့် ချက်ချင်းသိနိုင်သော အသံဖြစ်၏။ အံ့အားသင့်သွားသော လီဂီယောင်၏ပုခုံးကို ကျနော်တင်းတင်းဆုပ်ကိုင် လိုက်သည်။ အချိန်မတန်သေးပေ။

"ကျမကြောင့် ဟုတ်လား။ ရှင်ဘာကိုဆိုလိုတာလဲ"

"ယူ-ယူဆန်းအာသာ မြေအောက်ရထားကိုမစီးခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး"

"အခုအချိန်မှာ မြေအောက်ရထားစီးခဲ့တာက ဘာများအရေးပါနေလို့လဲ"

အဓိပ္ပာယ်မရှိသောစကားကို ယူဆန်းအာတစ်ယောက် မည်သို့မှ လက်ခံနိုင်မည် မဟုတ်တာ သေချာ၏။ ယူဆန်းအာက သူတော်စင်တစ်ယောက်လည်း မဟုတ်သလို ယူဆန်းအာကို နောက်ကွယ်ကနေ ထောက်ပံ့ပေးသူမှာလည်း သူတော်စင်တစ်ယောက် မဟုတ်ချေ။

"အ-အဲ့ဒါကလေ။ ယူဆန်းအာ။ နင်က စက်ဘီးအမြဲစီးနေကျပဲလေ"

ဟန်မြုံအို၏အသံက တုန်ရီနေသည်။ သူသည် အဓိပ္ပာယ်မရှိသော စကားတွေကို ပြောနေခြင်းသာ။

ယူဆန်းအာ၏အသံက အေးစက်နေသည်။

"ခဏနေပါဦး။ ကျမစက်ဘီးကိုခိုးခဲ့တာက ရှင်လား"

"ဘ-ဘာပြောတာလဲ။ ငါက နင့်ကို ကားနဲ့ပို့ပေးမယ်လို့ ပြောခဲ့တာပဲလေ။ လူဆိုတာ ကျေးဇူးတင်တတ်ရတယ်ဟ"

"ကျမမေးတာကိုပဲ ပြန်ဖြေပါ။ ကျမစက်ဘီးကို ရှင် ခိုးခဲ့တာလား"

ရုတ်တရက်ဆိုသလို အခြေအနေက ရှင်းသွားသည်။ သိပေပြီ။ Mercedes-Benz S-Class စီးသောသူက စြေိတ်ဝင်စားသည့်အမျိုးသားတွေက ကုမ္ပဏီမှာတင်မကပဲ ဂူမိုဘူတာမှာလည်း အများအပြားရှိချေသည်။ အမှန်တကယ်တန်းတွင် ယူဆန်းအာက တန်ဖိုးထားချင်စရာကောင်းသောလူတစ်ယောက်ပင်။ ယူဆန်းအာ၏ဘေးတွင် နေရသည်မှာ နွေးထွေးမှုကိုခံစားရသည့်အပြင် ယူဆန်းအာကိုယ်တိုင်က လူတွေချစ်အောင် နေတတ်၏။

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်က 'ဟန်မြုံအို'ကို မုန်းတီးနေသည်။]

ဟန်မြုံအို၏မျက်နှာက အနီရောင်ပြောင်းသွားပြီး မှိန်ပျပျအလင်းထဲမှာတောင် မြင်နိုင်လောက်အောင် သိသိသာသာဖြစ်နေ၏။ သူ့ပုံစံက အန္တရာယ်ရှိပုံပေါ်နေသည်။

"အေး။ ချီးပဲ။ ငါယူခဲ့တာ။ အဲ့တော့ ဘာဖြစ်လဲ"

"ခိုးတာကို ဘာမှအရေးမပါတဲ့ပုံစံပြောနေတာက ဘာသဘောလဲ။ ရှင်ဟာ သူတပါးပစ္စည်းကို ယူခဲ့တာဆိုတော့ ခိုးမှုမြောက်တယ်လေ"

"ခိုးမှုဟုတ်လား။ ချီးပဲ။ စောက်အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့။ အစထဲက ငါ့ကားပေါ် နင်တက်လိုက်လာခဲ့သင့်တာလေ"

['ရွှေခေါင်းကွင်း၏အကျဉ်သား' က အဓိပ္ပာယ်မရှိသော ဤငြင်းခုံမှုအား မုန်းတီးနေပါသည်။]

ကျနော့်တွင် ရွေးချယ်စရာမရှိတော့ချေ။ ဆူးချွန်ကို ကျနော် တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"နင့်ကို ငါတောင်းဆိုခဲ့တာ တစ်ခါမကဘူး။ အိမ်အထိလိုက်ပို့ပေးမယ်လို့ နင့်ကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ နင်က အမြဲငြင်းခဲ့တယ်"

ဆူးချွန်ကို အားပြင်းပြင်းဖြင့် ကျနော်ပစ်လွှတ်လိုက်၏။ ဆူးချွန်က ဟန်မြုံအို၏ နှုတ်ခမ်းထောင့်ကိုခြစ်သွားပြီး အမှောင်ထဲသို့ ဆက်၍ပြေးဝင်သွားသည်။

"အား။ ဘာလဲဟ"

['ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ် ကျေနပ်သွားပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရသည်။]

"ဒေါ့ဂျာ" ယူဆန်းအာက ကျနော့်ကိုလှမ်းခေါ်၏။ သို့သော် သူတို့ကို ကျနော် ကြည့်မနေချေ။

ဆူးချွန်သည် မြေကြွက်တွေ၏တည်နေရာကိုဖြတ်ကျော်ပြီး အမှောင်ထုကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ထို့နောက် ထိုအကောင်ပေါ်လာတော့၏။ အမှောင်သစ်မြစ် အနီး၌ ထိုအကောင်မရှိပဲ မနေမှန်း ကျနော်ခန့်မှန်းထားပြီးဖြစ်သည်။

['အမှောင်အစောင့်အရှောက်' ပေါ်ထွက်လာပါသည်။]

[ဇာတ်ဝင်ခန်းအသေး၏ ပါဝင်အချက်အလက်များကို တိုးမြှင့်လိုက်သည်။]

[ဇာတ်ဝင်ခန်းအသေး 'အစောင့်ကိုရှင်းပါ' စတင်ပါပြီ။]

ကျေးကျွန်တွေ ဘုရင်ကိုရှိခိုးသလိုမျိုး ကြောက်လန့်နေသည့် မြေကြွက်တွေဟာ မြေပေါ်လဲကုန်ကြသည်။ မှိန်ပျပျအလင်းထဲ၌ အရိပ်တစ်ခုပေါ်လာ၏။ သေမင်းနှင့် တူသော လက်တံတွေအများကြီးရှိသည့် မကောင်းဆိုးဝါး။ လီဂီယောင်၏ မျက်နှာအမူအရာမှာ လုံးဝကို ပျက်ယွင်းသွားသည်။

"အ…အကိုကြီး။ အဲ့ဒါက… "

"စိတ်မပူနဲ့"

လီဂီယောင်တစ်ယောက် တုန်ရီစွာဖြင့် မြေပေါ်လဲကျသွား၏။ ဤသို့ဖြစ်သည်မှာ မထူးဆန်းလှပေ။ အဝေးကကြည့်ရုံဖြင့်ပင် ထိုအကောင်ဆီက ဖိအားများကို ခံစားနေရပေသည်။ ပတ်ဝန်းကျင်၌ ပတ်ပြေးနေသော ပိုးဟပ်တွေ၏ ဗိုက်များလည်း ပေါက်ထွက်သွားခဲ့ခြင်းကြောင့် ပိုးဟပ်တွေနှင့် ဆက်သွယ်ထားသော လီဂီယောင်မှာ စိတ်ဒဏ်ရာအများကြီးရသွားမှာ အသေအချာပင်။

"ဂီယောင်။ ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို နောက်ထပ် ဘယ်နှစ်ခါလောက် သုံးလို့ရနိုင်မလဲ"

"...တစ်ခါ၊ နှစ်ခါလောက်ထပ်သုံးနိုင်မယ်ထင်ပါတယ်"

"နားလည်ပြီ။ ဒါဆိုရင် ဒီမှာပဲ ခဏလောက်နားနေလိုက်ဦး"

ဂီယောင်ကို နံရံ၌မှီပေးထားပြီးနောက် ယူဆန်းအာနှင့် ဟန်မြုံအိုတို့ဆီ ကျနော်သွားလိုက်၏။ ကြောက်လန့်နေသော ဟန်မြုံအိုက ရုန်းကန်နေလေသည်။

"အို...အဲ့ဒါက ဘာကြီးလဲ..."

စစ်တပ်သုံးခေါက်ဓါးကို ကျနော်ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို ချည်နှောင် ထားသည့် သစ်ကိုင်းတွေကို ဖြတ်လိုက်၏။ ဓားကို အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ရာ သစ်ကိုင်းတွေကိုထိပြီးမကြာခင်မှာ ဓါးသွားမှာ ချက်ချင်း ဆွေးမြေ့ကာ အရည်ပျော်သွား၏။ ဟုတ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိစ္ဆာမျိုးစိတ်၏ အစွမ်းကြောင့်ပင်။

"နောက်ဆုတ်"

မြေကြွက်၏ကျောရိုဖြင့်လုပ်ထားသောလက်နက်ကိုမြှောက်ကာ ကျနော် ပြောလိုက်သည်။ အဆင့်အတန်း ၇ရှိသော မိစ္ဆာအမျိုးအစား မျိုးစိတ်ဖြစ်သည့် အမှောင်အစောင့်အရှောက်သည် ကမ္ဘာပျက်စကတည်းက ပေါ်ထွက်လာသော သတ္တဝါတွေထဲမှာ အဆိပ်အတောက်အပြင်းဆုံး မိစ္ဆာမျိုးစိတ်ဖြစ်၏။ အမှန်တကယ်တန်းတော့ မြေကြွက်တွေ၏ရတနာတွေက မိစ္ဆာဆီကို "ဆက်သထားသောအရာ"တေူသည်။ အဆင့်အတန်းတူလျှင်တောင်မှ မိစ္ဆာမျိုးစိတ်တွေသည် အခြားသတ္တဝါများနှင့် ကွာခြားလှ၏။

['အမှောင်အစောင့်အရှောက်'က သူ၏မိစ္ဆာဘုရင်ဆီကနေ ကောင်းချီးကို ရရှိထားပါသည်။]

“ကမြွန်…ဒါ….ယိတာ”

မိစ္ဆာမျိုးစိတ်တွေ၌ကိုယ်ပိုင်ဘာသာစကားရှိကြပြီး မတူညီသောမိစ္ဆာဘုရင်တွေကို ကိုးကွယ်ကြကာ ထိုမိစ္ဆာဘုရင်တို့၏အချို့သောအစွမ်းများကို အမှောင်သစ်မြစ်ဆီကနေ ရရှိကြ၏။

['အမှောင်အစောင့်အရှောက်'က 'ကြောက်လန့်မှု' ကို ထုတ်လွှတ်လိုက်သည်။]

[သီးသန့်စွမ်းရည် 'Fourth Wall' က 'ကြောက်လန့်မှုှ'၏ အာနိသင်အများစုကို ဖျောက်ဖျက်ပေးလိုက်ပါသည်။]

ထို့ကြောင့် မိစ္ဆာတစ်ကောင်ကိုသတ်မိပါက ထိုမိစ္ဆာကိုးကွယ်သော မိစ္ဆာဘုရင်၏ ရန်ငြိုးထားခြင်းကိုပါ ခံရနိုင်၏။

"ယိတာ"

သူဘာပြောနေသည်ကို ကျနော်မသိသော်လည်း အခြေအနေကတော့ ကောင်းမနေချေ။ ဖြစ်နိုင်မည်ဆိုပါက ကျနော်မတိုက်ခိုက်လိုပေ။

"အ... အမေဆိုပဲ"

ထိုစကားကိုပြောလိုက်သူမှာ ယူဆန်းအာဖြစ်သည်။

ဒီမိန်းမ အခုထိထွက်မပြေးသေးဘူးလား။

"နောက်ဆုတ်နေဖို့ပြောထားတယ်လေ"

"ဒီသတ္တဝါက 'အမေ' လို့ပြောနေတာ..."

ဘာကိုဆိုလိုလဲ ကျနော်ခဏလောက် စဉ်းစားမိလိုက်၏။

မဟုတ်သေးဘူး။ ခဏနေပါဦး။

“ဟိုလေ…ကျမအထင်….က-ကရွက်၊ ယမိလွမ်။ အာ….အသံထွက်က ဒီလိုမလား။ အာကဲတု”

ကျနော်နားကြားမှားသည်ဟုထင်မိလိုက်သော်လည်း တကယ်တန်းက နားကြားမှားခြင်းမဟုတ်ချေ။

“ကာလိတု”

အံ့အားသင့်ဖို့ကောင်းစွာပဲ အမှောင်အစောင့်အရှောက်က စကားအဆုံးတွင် ခေါင်းညိတ်ပြ၏။

[ဇာတ်ကောင် 'ယူဆန်းအာ'သည် 'ဘာသာပြန်စွမ်းရည် အဆင့် ၃'ကို အသုံးပြု လိုက်သည်။]

...ဘုရားရေ၊ ယူဆန်းအာဟာ စပိန်ဘာသာတစ်ခုထဲပဲ ကျွမ်းကျင်တာ မဟုတ်ဘူးတဲ့လား။ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ရတာပေါ့လေ။

ထို့နောက် ကျနော်မေးလိုက်၏။

"အဲ့ဒီကောင်က ဘာပြောနေတာလဲ"

"အဲ့ဒါကလေ... 'အမေဖြစ်လာပေးပါ'လို့ ဒီအကောင်က အခါခါကို ပြောနေတာပါ"

...အမေဖြစ်လာပေးပါတဲ့လား။

အမှောင်အစောင့်အရှောက်သည် ထပ်အော်ပြီး ယူဆန်းအာကို လက်ညှိုးထိုးသည်။

"ကာလိတု"

ယူဆန်းအာ၏မျက်နှာက ငိုတော့မလိုဖြစ်နေချေပြီ။

"အာ... အမေလုပ်ရမှာလား။ ကျမက လက်ထပ်ရသေးတာမဟုတ်ဘူး"

အမှောင်အစောင့်အရှောက်က ဟန်မြုံအိုကို ဆက်၍ညွှန်ပြသည်။

"ကာလိတု"

ဟန်မြုံအို၏မျက်နှာဖြူစုပ်သွားပြီး နှုတ်ခမ်းကိုသုတ်လိုက်၏။

"ငါ-ငါဘာလို့ အမေဖြစ်ရမှာလဲ။ အဖေလို့လုပ်စမ်းပါကွ"

အမှောင်အစောင့်အရှောက်၏ လက်တံတွေက မြင့်တက်လာသည်။

"အု"

လက်တံတစ်ခုက ဟန်မြုံအို၏ပါးစပ်ထဲဝင်သွားပြီးနောက် ဟန်မြုံအို၏ခန္ဓာကိုယ်သည် အမည်းရောင်အဖြစ် ပြောင်းသွားသည်။ ဟန်မြုံအို၏ လည်ချောင်းထဲကနေ တစ်ခုခု ရွေးလျားနေသံကို ကြားနေရ၏။ ဟုတ်ပေသည်။ ဤသည်မှာ "အမေဖြစ်ခြင်း"၏ အဓိပ္ပာယ်သာ ဖြစ်သည်။ ကျနော်နောက်မှပြန်မှတ်မိသည်က မိစ္ဆာမျိုးစိတ်တွေသည် အခြားမျိုးစိတ်တွေ၏ခန္ဓာကိုယ်ထဲ၌ သားပေါက်လေ့ရှိခြင်းပင်။

"ယူဆန်းအာ။ ကလေးမလိုချင်သေးဘူးမလား"

"လိုချင်စရာလား"

ကျနော်ဆိုလိုချင်သည်ကို ယူဆန်းအာချက်ချင်းနားလည်သွားပြီး နောက်ကို လျင်မြန်စွာ ဆုတ်သွား၏။ မြေကြွက်လှံကို ကျနော်လွှဲယမ်းပြီး ဟန်မြုံအိုနှင့် ချိတ်ဆက်နေသော လက်တံတွေအား ဖြတ်တောက်ပစ်လိုက်သည်။

အမှောင်အစောင့်အရှောက် ဒေါသထွက်လာပြီး အော်ဟစ်လိုက်၏။

"ကာလိတု"

မိစ္ဆာမျိုးစိတ်၏လက်တံတွေက မြေကြွက်လှံကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေသည်။ အီသီယိုဆော၏ ဝမ်းဗိုက်ကို ပေါက်ထွက်သွားအောင် လုပ်နိုင်ခဲ့သည့် ကျောက်ဝက်သိုးဆူးချွန်တောင်မှ မိစ္ဆာတစ်ကောင်၏ခန္ဓာကိုယ်ထဲမှာ ညပ်သွားလျှင် တစ်စက္ကန့်အတွင်းပျက်စီးသွားမည်သာ။ ကျနော်သတိမထားမိခင်လိုက်မှာပဲ ဟန်မြုံအိုတစ်ယောက် အဝေးသို့ရောက်သွား၏။ ယူဆန်းအာက ကျနော့်ကို ကြည့်နေလေသည်။

「 နိုင်နိုင်ချေရှိရဲ့လား... 」

ယူဆန်းအာ၏မျက်လုံးတွေက ကျနော့်ကို မေးနေသလိုပင်။ အမှန်အတိုင်းဆိုရလျှင် ကျနော့်တွင် နိုင်နိုင်ချေမရှိချေ။

ဝှစ်။ ဝှစ်။ ဒေါင်

အချက်ရေအနည်းငယ်တိုက်ခိုက်ပြီးနောက် မြေကြွက်လှံတံက ပျက်ဆီးလုနီးပါး ဖြစ်သွားသည်။ လှံကိုကိုင်ထားသည့်လက်မှာ နာနေပေပြီ။ ရတနာသေတ္တာကို စောင့်ကြပ်နေသည့် ဤသတ္တဝါကို ဒေါင်းဟိုတံတားက အီသီယိုဆောကဲ့သို့ အမိဖမ်း၍ ရမည်မဟုတ်ချေ။ ထို့ကြောင့် ဤသတ္တဝါကိုမရင်ဆိုင်ပဲ ဤသတ္တဝါပျောက်သွားမှသာ ရတနာသေတ္တာကို အရယူမည်ဟု ကျနော်ကြံစည်ခဲ့ခြင်း ဖြစ်၏။ ကြိုတင် ကြံစည်မှု တွေဟာ အောင်မြင်မှုနည်းပါးသည်ဟု ဆိုသည့်အတိုင်းပဲ ကျနော်၏ ကြံစည်ထားမှုက အချည်းအနှီးဖြစ်သွားခဲ့သည်။

"ဒိုကဲဘီ။ မင်းကြည့်နေတယ်မလား"

[အ-အာ။ ငါကြည့်နေမှန်း မင်းက သိနေတာလား]

အမှောင်ထဲကနေ ဒိုကဲဘီပေါ်လာသည်။ ဤဒိုကဲဘီ၏နာမည်ကို မသိသော်လည်း ဘီဟွန်း၏ ဝမ်းကွဲတော်စပ်ပုံရ၏။

"ငါ့အတွက် ပစ္စည်းရောက်နေလောက်မယ်ထင်တယ်။ အဲ့ဒီပစ္စည်းကို အခုချက်ချင်း ပေးစမ်း"

[ဟီးဟီး။ အဲ့လိုပေးဖို့က ငါ့တာဝန်မဟုတ်ဘူး။ အဲ့ဒါက ဘီဟွန်းရဲ့အလုပ်လေ]

"အခုချိန်မှာ မင်းက ဘီဟွန်းရဲ့နေရာကိုယူထားတာလေ။ နက္ခတ်တွေ မကျေမနပ်ဖြစ်နေတာကို မမြင်ဘူးလား"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်က ဒိုကဲဘီ 'ဘီရု'ကို ဆူချင်နေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်က ဒိုကဲဘီ 'ဘီရု' ကို ခြိမ်းခြောက်နေ ပါသည်။]

ဒိုကဲဘီ ဘီရု တံတွေးမျိုချလိုက်၏။

[...ကောင်း-ကောင်းပြီလေ။ ဒါပေမဲ့ ဒီတစ်ခါပဲနော်။ စိတ်ဝင်စားစရာ ကောင်းမယ်လို့တော့ ထင်ပါတယ်လေ]

ဒိုကဲဘီက တစ်စုံတစ်ခုကိုရေရွတ်ပြီး ဆင့်ခေါ်မှုကိုစတင်လိုက်သည်။

[လဲလှယ်မှုမှတဆင့် ပစ္စည်းရောက်ရှိလာပါသည်။]

['ယုံကြည်မှုမဲ့'ပစ္စည်းကို ရရှိပါသည်။]

[စာချုပ်၏အကျိုးသက်ရောက်မှုကြောင့် အကျိုးဆောင်ခကို ကင်းလွတ်ခွင့် ပေးထားပါသည်။]

အီသီယိုဆောအမြုတေနှင့် လဲလှယ်ထားသော ယုံကြည်မှုမဲ့ပစ္စည်းသည် နောက်ဆုံးတွင် ကျနော့်ထံ ရောက်ရှိလာချေပြီ။

"ကစ်ခ်..."

အမှောင်အစောင့်အရှောက်က ကောင်းကင်ကနေပေါ်လာသည့် ပစ္စည်းကိုမြင်ပြီး ရယ်သည်။ သူရယ်တာမဆန်းပေ။ ကျနော်ရခဲ့သည့်ပစ္စည်းက အဆင့် Dသာ ရှိသော ဓါးတစ်ချောင်းဖြစ်နေသည့်အပြင် ဓါးအလယ်ကနေပါ ကျိုးနေသေး၏။

[ပစ္စည်းက အရမ်းဟောင်းနေသဖြင့် အသုံးပြုရန်မသင့်တော်ပါ။ ခံရနိုင်ရည်အားနည်းပြီး ကောင်းမွန်သောရလာဒ်ကို ဖော်နိုင်မည်မဟုတ်။]

ပစ္စည်းကိုပေးသည့် ဒိုကဲဘီကတောင် ရယ်နေလေသည်။

[ဟောင်း-ဟောင်းနေတဲ့ ဒီလက်နက်ကိုသုံးပြီး ဘယ်လိုတိုက်ခိုက်မှာလဲ။ ပြီးတော့ ထူးခြားစွမ်းရည် မရှိရင် ဒီလက်နက်ကို သုံးလို့မရဘူးကွ]

ထိုအကြောင်းအရာများကို ကျနော်သိထားပြီးသားပင်။ မသိခဲ့လျှင် ဝယ်မိမည်ပင် မဟုတ်။

"ဟူး..."

လေကိုရှူသွင်းပြီး ကျနော့်စိတ်ကိုစူးစိုက်လိုက်သည်။

ကျွီးးးး

ဓားလက်ကိုင်က အလွန်တုန်လာ၏။ ဘီရုက အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

[ဟမ်။ ဘယ်လိုဖြစ်တာလဲ]

သူအံ့အားသင့်သည်မှာ မဆန်းပေ။ ဤစွမ်းရည်မှာ သူ့သူငယ်ချင်းဆီကနေ ဒင်္ဂါး တစ်သောင်းပေးပြီး ကျနော်ဝယ်ခဲ့သောစွမ်းရည်ဖြစ်၏။ အပြာရောင် မကောင်းသော အငွေ့အသက်တွေက ကျိုးနေသောဓားသွားမျက်နှာပြင်ပေါ်၌ ဖြည်းဖြည်းချင်း ပျံ ့နှံ့သွားသည်။

[အသန့်စင်ဆုံးဓါးစွမ်းအင်]

အီသီယိုဆောကို သတ်ပြီးသည့်နောက် ဘီဟွန်းဆီကနေ ဤစွမ်းရည်ကို ဝယ်ခဲ့ခြင်းပင်။ အခြားအဆင့်မြင့်စွမ်းအင်တိုက်ကွက်တွေနှင့် နှိုင်းယှဉ်ပါက အားနည်းချက် အနည်းငယ် ရှိေ[ယုံကြည်မှုမဲ့က သင်၏ ကြယ်တာရာစွမ်းအင်ကိုတုံ့ပြန်နေပါပြီ။]

[ယုံကြည်မှုမဲ့ စတင်အသက်ဝင်ပါပြီ။]

မကြာခင်မှာပဲ ကျိုးနေသည့်ဓားသွားအစွန်းကနေ အဖြူရောင် ပုံရိပ်ယောင်ဓါးသွားတစ်ခု တောက်ပြောင်စွာ ပေါ်ထွက်လာ၏။ ယုံကြည်မှုမဲ့၏ တကယ့်လုပ်ဆောင်နိုင်စွမ်းက ကြယ်တာရာ စွမ်းအင် ထည့်လိုက်မှပေါ်လာခြင်းသာ။

လက်တံအရေအတွက်က ဒါဇင်နှင့်ချီ များပြားလာပြီး ကျနော်၏အမြင်ကို ပိတ်ဆို့ လိုက်သည်။ လက်ရှိ ကျနော်၏သက်လုံအဆင့်နှင့်ဆိုလျှင် ထိုတိုက်ခိုက်မှုတွေကနေ လွတ်မြောက်နိုင်မည်မဟုတ်လောက်။ ကြောက်စရာကောင်းလွန်းပေသည်။ သို့သော် ယခုအချိန်တွင်တော့ အခွင့်အရေးတစ်ခုရှိနေချေပြီ။ ယုံကြည်မှုမဲ့က မိစ္ဆာမျိုးစိတ်များနှင့် ရင်ဆိုင်ရာတွင် အရည်အသွေးအကောင်းဆုံးလက်နက်ဖြစ်နေခြင်းကြောင့်ပင်။

ဓါးသွားနှင့် ထိမိတဲ့ လက်တံတွေသည် ဓါတ်ပြုသွားပြီး ပြတ်ထွက်သွား၏။ လက်တံတွေပျက်ဆီးသွားသည်နှင့် အမှောင်အစောင့်အရှောက်ဆီကနေ ဆိုးရွားသော အော်သံထွက်လာလေသည်။ မှော်စွမ်းအားတွေလျော့ကျနေသည်ကို ကျနော် ခံစားမိနေသော်လည်း ကျနော်အလျင်မလိုချေ။ အေးအေးဆေးဆေးပဲ ဓါးကို လှုတ်ရှားနေမိတော့သည်။ 'တိုက်ခိုက်ခြင်းအာရုံများ'စွမ်းရည် သို့မဟုတ် 'ဓါးရေးလေ့ကျင့်ခြင်း'စွမ်းရည်တို့ ကျနော့်တွင် မရှိသဖြင့် ဓါးကိုလွှဲရမ်းသော်လည်း လက်တံတွေကို အကြိမ်ပေါင်းများစွာ မထိပဲ ရှိနေလေ၏။ ကျနော်၏ဓါးကိုင်ပုံမှာလည်း ညံ့ဖျင်းလွန်းလှသည်။ ဤသို့ဖြစ်နေသည်မှာ သဘာဝပင်။ ကျနော်သည် စာဖတ်သူ တစ်ယောက်သာ ဖြစ်ပြီး ဓါးသမားတစ်ယောက်မဟုတ်ချေ။ စာဖတ်သူသည် စာဖတ်သူကဲ့သို့သာ တိုက်ခိုက်မည်ဖြစ်၏။

[ဝိသေသ လက္ခဏာ အာနိသင်က ဖတ်ပြီးသားစာမျက်နှာများအား သင်၏ မှတ်မိနိုင်စွမ်းကို တိုးတက်စေပါသည်။]

Ways of Survival၏စာမျက်နှာတွေက ကျနော့်ခေါင်းထဲ လျှပ်တပြက်ပေါ်လာသည်။

「...အမှောင်အစောင့်ရှောက်၏တိုက်ခိုက်မှုပုံစံက ရိုးရှင်းလှသည်။ အရင်ဆုံး ညာဘက်အပေါ်ကနေ လက်တံထွက်လာမည်…」

「 ...တိုက်ခိုက်ပြီးနောက် အောက်ခြေကနေ လက်တံတစ်ချောင်း... 」

「 ...သူ၏လက်တံတွေ ပြန်ပေါက်ဖို့ မိနစ်အနည်းငယ်ကြာမည်... 」

သေချာဖတ်လိုက်ပြီး ဖတ်ထားသည်များကို ကျနော်အသုံးချ၏။

"ကွား"

အမှောင်အစောင့်အရှောက်က သူ၏လက်တံတွေ ဖြတ်ခံလိုက်ရသည်နှင့် အော်ဟစ်နေ တော့သည်။

ကျနော့်မြင်ကွင်း၏ တခြားတဖက်တွင် လီဂီယောင်ရှိနေပြီး ကျနော့်ကို အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်နေလေတော့သည်။ ကံဆိုးစွာဖြင့်ပင် သူမျှော်လင့်ထားသကဲ့သို့ ဤကမ္ဘာ၌ ကျနော်သည် အဓိကဇာတ်ကောင်မဟုတ်ပေ။ သို့သော် တစ်ခုကိုတော့ ကျနော်အပြည့်အဝ ယုံကြည်ထားသည်။

"ကာ။ မီယံ။ ဒါ"

တုန်လှုတ်နေရာကနေ သတိပြန်ဝင်အောင် မနည်းကြိုးစားရင်း အမှောင် အစောင့်အရှောက်ဟာ တတွတ်တွတ်ရေရွတ်နေလေသည်။ ကျနော်မမေးသော်လည်း ယူဆန်းအာက ကျနော့်နောက်ကနေ တုန်ရီသောအသံဖြင့် ပြောပြ၏။

"ငါ့ရဲ့အားနည်းချက်အားလုံးကို ဘယ်လိုဖြစ်ပြီးသိနေရတာလဲ..."

အမှောင်အစောင့်အရှောက်ပြောသော စကား၏ဆိုလိုရင်းမှာ ထိုသို့သာ ဖြစ်၏။ ကျနော် ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်သည်။

"ငါက စာအုပ်တွေအများကြီးဖတ်ထားလို့ပါ"

ဤကမ္ဘာအကြောင်းကို အခြားလူတွေထက် ကျနော် အများကြီးပိုသိလေသည်။

All Chapters