← Chapters

အမှောင်အစောင့်အရှောက် (၄)

Vol. 2 Ch. 23

အမှောင်အစောင့်အရှောက် (၄)

Vol. 2 Ch. 23

ကျနော်တို့တွေ ကြာကြာတိုက်ခိုက်ရလောက်မည် ထင်သည်။

[သီးသန့်စွမ်းရည် 'စာမှတ်'ကို အခုအချိန်တွင် အသက်သွင်းလို့ရပါပြီ။]

[စာမှတ် နံပါတ် ၂ ကိုအသက်သွင်းလိုက်ပါသည်။]

[စာမှတ်စွမ်းရည်အဆင့်နိမ့်သောကြောင့် အသက်ဝင်ချိန်တိုသွားပါသည်။]

[အသက်ဝင်ချိန် : တစ်မိနစ်]

အင်း။ ဟုတ်ပြီလေ။ ငါ့အရိုးတွေ ခန္ဓာကိုယ်ကနေပြုတ်ထွက်တာတို့၊ သွေးတွေ ယိုကျလာတာတိုု့ ဖြစ်လာမလားမသိဘူး။

[ဇာတ်ကောင် 'လီဟန်းဆောင်'အပေါ်နားလည်မှုနည်းသောကြောင့် ဇာတ်ကောင် ပိုင်ဆိုင်သောစွမ်းရည်၏ တစ်စိတ်တစ်ပိုင်းသာ အသက်သွင်းနိုင်ပါသည်။]

['လက်နက်လေ့ကျင့်ရေး အဆင့်၁'ကို အသက်သွင်းလိုက်ပါသည်။]

သို့သော် ကျနော်စနစ်တကျတိုက်ခိုက်နေခြင်းမဟုတ်ပေ။ တိုက်ခိုက်ဖို့ အချိန်မရှိဟု ပြောလျှင် ပိုမှန်မည်ထင်သည်။ ကျနော့်မှာရှိသမျှအားအင် အားလုံးကိုညှစ်ထုတ်ပြီး လက်တံတွေကြားထဲ ဖြတ်ပြေးလိုက်၏။ ပတ်ဝန်းကျင်၏မြင်ကွင်းတွေသည် ခပ်မြန်မြန်ပဲ ရွေ့လျားသွားသည်။ ချွန်ထက်သော အဖြူရောင်အလင်းရိပ်နှင့် တစ်ခုခုကို ဖြတ်တောက်ပစ်လိုက်သော ခံစားချက်သာ ကျန်ရစ်ခဲ့၏။

[ဇာတ်ကောင် 'လီဟန်းဆောင်' အပေါ် သင်၏နားလည်မှုတိုးတက်လာပါသည်။]

[စာမှတ် နံပါတ် ၂ ကို ပိတ်လိုက်ပါသည်။]

အားအင်တွေကုန်ခမ်းသွားသကဲ့သို့ ခံစားရ၏။ တချက်ထဲဖြင့် အားအကုန် သုံးခဲ့ခြင်းပင်။ သိပ်မကြာခင်မှာပဲ တုန်ရီသောအသံတစ်ခု ထွက်ပေါ်လာတော့သည်။

[...န-နက္ခတ်အပေါင်းတို့...မြင်လိုက်ကြလား။ ကျုပ်-ကျုပ် မှားမြင်ခဲ့တာတော့ မဟုတ်ဘူးမလား...]

လုပ်ဆောင်ရမည့်အလုပ်တွေကိုပင် မေ့သွားခဲ့သည့် ဒိုကဲဘီ ဘီရု၏ အသံထွက်လာခြင်းသာ။ အံ့အားသင့်သွားခဲ့ခြင်းမှာ ဆန်းတော့ မဆန်းလှပေ။

[နက္ခတ်အချို့က သူတို့မြင်ခဲ့သည်အား မယုံကြည်နိုင်ဖြစ်နေကြသည်။]

[' မဟူရာမီးလျှံ အသူတစ်ရာနဂါး'သည် အပြင်းအထန်တောက်လောင်နေပါသည်။]

အဆင့်အတန်း ၇ရှိသော မိစ္ဆာတစ်ကောင်သည် ကျနော့်ရှေ့၌ လက်တံတွေ ပျက်ဆီးကာ လဲကျနေချေ၏။

[' ရွှေခေါင်းကွင်း၏အကျဉ်သား'က ဖြေတ်တောက်ခံထားရသောလက်တံတွေက မြေပြင်ပေါ်ပျံ ့ကြဲနေပြီး ပတ်ဝန်းကျင်ရှိ မြေကြွက်တွေကတော့ အသတ်ခံရသည့်ကောင် အသတ်ခံရ၊ ထွက်ပြေးသည့် အကောင် ထွက်ပြေးဖြင့် ဤနေရာတွင် ရှင်းလင်း သွားပြီဖြစ်သည်။ အမှောင် အစောင့်အရှောက်တစ်ကောင်တည်းသာ မြေပြင်ပေါ်၌ အသက်ကို ခပ်ပြင်ပြင်းရှူနေပြီး နှုတ်ခမ်းတွေကတော့ တုန်ရီနေလေ၏။

"...ကီ။ ကီ။ ကီ"

အဆင့်အတန်း ၇ရှိသောမိစ္ဆာသည် ကျနော်ရင်မဆိုင်နိုင်သော ရန်သူ ဖြစ်ခဲ့၏။ ထို့ကြောင့် ကျနော် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယူဂျွန်ဟော့လောက် ကျနော် အားမကောင်းသလို လီဟန်းဆောင်လိုမျိုးလည်း ထောက်ပံ့သူကောင်းကောင်း ကျနော်ထံတွင် မရှိချေ။

[ဇာတ်ဝင်ခန်းကို စွဲလမ်းနေသောနက္ခတ်တွေက သင်၏ အဆင်သင့်ဖြစ်နေမှုကို ချီးကျူးနေကြပါသည်။]

[ဒင်္ဂါး ၂၀၀ ထောက်ပံ့ခံရသည်။]

ကျနော့်တွင်ရှိသည်က 'သတင်းအချက်အလက်' တွေသာ။ တစ်ခါတစ်ရံတွင် 'သတင်းအချက်အလက်'က ကမ္ဘာပေါ်၌ အစွမ်းအကြီးဆုံးအရာ ဖြစ်နေတတ်သည်။ ယခုလက်ထဲ၌ရှိသော အဖြူရောင်ဓားက သတင်းအချက်အလက်၏ရလဒ်ပင် ဖြစ်၏။

[ဇ-ဇာတ်ဝင်ခန်း အစပိုင်းကတည်းက 'မကောင်းသောအငွေ့အသက်ဓါး'ကို မြင်နေရပြီ။ နက္ခတ်အပေါင်းတို့။ ဒါဟာ အမှန်တကယ်ဖြစ်ပျက်နေတာရော ဟုတ်ရဲ့လား]

ကံကောင်းချင်တော့ ကျနော်ရှင်းပြရန်မလိုပဲ ဒိုကဲဘီက သူ့ဘာသာသူသာ ဆက်ရှင်းပြနေလေသည်။

မကောင်းသောအငွေ့အသက်ဓါးဆိုသည်မှာ အဆင့်အမြင့်ဆုံးထောက်ပံ့သူတွေ၏ ကိုယ်စားလှယ်တွေသုံးသော ထိပ်တန်းနည်းပညာဖြစ်သည်။ သိုင်းဝတ္ထုတွေမှာတော့ 'စွမ်းအင်ဓါး'ဟု ခေါ်၏။

"အတိအကျပြောရရင် ဒါက တကယ့် မကောင်းသောအငွေ့အသက်ဓါးမဟုတ်ဘူး။ တကယ့်အစစ်က ဒီထက်ပိုပြင်းတယ် "

[ဟုတ်-ဟုတ်တယ်။ တကယ်တော့ ယုံကြည်မှုမဲ့ဟာ အသန့်စင်ဆုံးဓါးစွမ်းအင်ကို စုပ်ယူပြီး ဓါးသွားကောင်းတစ်ခုဖြစ်သွားခဲ့တာပဲ]

ဤဒိုကဲဘီသည် လုံးဝကိုတုံးအသော သူတစ်ယောက်တော့ မဟုတ်ပေ။

[အံ့သြစရာကောင်းပါ့ကွာ...ဘီဟွန်းဆိုတဲ့ကောင်ချန်နယ်မှာ ဒီလူရှိနေတာဆိုပဲ...]

စကားတွေပြောနေစဉ်မှာပဲ ယုံကြည်မှုမဲ့၏အစွမ်းက ပိတ်သွားသည်။

[ယုံကြည်မှုှ၏ ခံနိုင်စွမ်း ကုန်သွားပါပြီ။ ဤပစ္စည်းကို နောက်ထပ်မသုံးနိုင်တော့ပါ။]

ဝမ်းနည်းစရာကောင်းသော်လည်း ယုံကြည်မှုမဲ့သည့် သူ့တာဝန်ကိုကျေပွန်ခဲ့သည်။

"ဇာတ်ဝင်ခန်းအသေးပြီးဆုံးခဲ့ပြီမလို့ ဆုပေးပါ"

[ဟမ်။ ဟုတ်သားပဲ။ နေ-နေပါဦး]

ဘီရုက လေထဲကို တစ်ခုခုရိုက်ထည့်လိုက်ရာ မက်ဆေ့ချ်တစ်ခုပေါ်လာသည်။

[ဇာတ်ဝင်ခန်းအသေးပြီးဆုံးရန်လိုအပ်သောအခြေအနေကို ဖြည့်ဆည်းပြီးပါပြီ။]

[သင်သည် ဒင်္ဂါး ၅၀၀ ရရှိပါသည်။]

[နက္ခတ်အချို့က သင်၏ဇာတ်ဝင်ခန်းကို ချီးကျူးနေပါသည်။]

ဆုငွေက ထင်ထားသည်ထက်ပင် နည်း၏။ အမှောင်အစောင့်အရှောက်ကို မသတ်ခဲ့၍ဆုငွေက နည်းသွားခြင်းဖြစ်လေသည်။

[ဒါနဲ့... ဒီကောင်ကိုမသတ်ဘူးလား]

ဘီရုက မျှော်လင့်ချက်တွေပြည့်နေသောမျက်လုံးဖြင့် ကြည့်နေသည်။

အသက်ကိုရှူထုတ်လိုက်ပြီး မြေပြင်ပေါ်လဲနေသည့် အမှောင်အစောင့်အရှောက်ကို ကျနော်ကြည့်လိုက်၏။ ထို့နောက် ညင်ညင်သာသာပဲ ကျနော်ပြောလိုက်သည်။

"ငါ့မှာ သူတပါးအသတ်ကို သတ်ဖြတ်လိုစိတ်မရှိဘူး"

[မ-မသတ်ဘူးဟုတ်လား]

"ငါက သတ်ဖြတ်တာကို အလွယ်တကူ မလုပ်တတ်တဲ့လူပါ "

[' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်က ချီးကျူးနေပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရသည်။]

တကယ်တော့ လိမ်ခဲ့ခြင်းပင်။

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က ဆန်းကြည်သည့်အပြုံးပြုံးပြီး သင့်ကိုကြည့်နေပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရသည်။]

အံ့အားသင့်နေသော ဘီရုက တုန်တုန်ရီရီဖြင့် ပြော၏။

[ဒါ-ဒါပေမဲ့ ဒီကောင့်ကိုသတ်ရင် ဆုအကြီးကြီးရမှာနော်။ အဆင့်အတန်း၇ရှိတဲ့ မိစ္ဆာကို သတ်တဲ့လူ ပထမဆုံးဖြစ်လာမှာဆိုတော့ မင်းကို ဒင်္ဂါး ၇၀၀၀ ငါဆုချမယ်လေ။ ဒင်္ဂါး ၇၀၀၀က ဘယ်လောက်များလဲ မင်းသိရဲ့လား]

"မသတ်ဘူး။ ရတနာသေတ္တာကိုပဲ ဖွင့်မယ်။ ဘေးဖယ်ပေးပါ "

ကျနော့်ရှေ့တွင်ရှိသော စိတ်အနှောက်အယှက်ပေးနေသည့် ဘီရုကို ဘေးဖယ်ထုတ်လိုက်သည်။ အမှောင်အစောင့်အရှောက်နှင့် ရင်ဆိုင်ချင်သဖြင့် ဤနေရာအား ကျနော်ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့်….

ဇွက်

[အဆင့်အတန်း ၇ရှိသောမိစ္ဆာဖြစ်သည့် 'အမှောင်အစောင့်အရှောက်' အသတ်ခံလိုက် ရသည်။]

...ဟမ်

ဒိုကဲဘီသည် ပျော်စရာကောင်းလွန်းသဖြင့် သေတော့မလို မျက်နှာပေးဖြစ်နေပြီး အမှောင်အစောင့်အရှောက်ကတော့ ရင်ဘတ်တွင် ဓါးစိုက်ကာ သေနေလေသည်။

"ဟားဟား၊ ဟားဟားဟား…အ-အခုဆိုရင် ငါအားကောင်းလာတော့မယ်။ ကင်ဒေ့ါဂျာ။ ခွေးမသား။ ငါသတ်မယ်ဆိုတာကို မင်းမသိခဲ့ဘူးမလား"

ဓါးကိုကိုင်ထားသူက ဟန်မြုံအိုပင်။ မည်သို့မည်ပုံဖြစ်ပျက်ခဲ့သည်ကို ကျနော် အကြမ်းဖြင်း သိသွားခဲ့၏။ ထို့နောက် ကျနော့်နားထဲ၌ မက်ဆေ့ချ်တွေအများကြီး၏ အသံ ပေါ်ထွက်လာတော့သည်။

[အဆင့်အတန်း ၇ရှိသော မိစ္ဆာ ပထမဆုံးအကြိမ်အဖြစ် သတ်ဖြတ်ခံရသည်။]

[မဖြစ်နိုင်သောအောင်မြင်မှုကိုရရှိခဲ့သည်။]

[ဒင်္ဂါး ၈၀၀၀ ရရှိပါသည်။]

[ဆုငွေကိုဝေမျှရမည့်သူများ : ကင်ဒေါ့ဂျာ၊ ဟန်မြုံအို]

ဤမက်ဆေ့ချ်တွေကို ဟန်မြုံအိုလည်း ကြားရမည်ထင်၏။ ပွဲသိမ်းလက်စသတ် မပေးခဲ့သည့်အတွက် ဒင်္ဂါးအနည်းငယ်ကိုသာ ကျနော်ရရှိခဲ့သည်။ သို့သော်…

မက်ဆေ့ချ်တွေကြောင့် ဟန်မြုံအို အပျော်လွန်ပြီး သေမလိုပါဖြစ်နေသည်ကို ကျနော်မြင်နေရသည်။

"သတ်ဖြတ်လိုစိတ်မရှိဘူးဟုတ်လား။ စောက်ရူးကောင်။ လောင်ကျွမ်းပြာကျနေတဲ့ ဒီကမ္ဘာမှာ သတ်တယ်ဆိုတာက ဘာလဲ။ မင်းလိုကောင်စားမျိုး ရှိမယ်ထင်နေတာလား…"

စကားပြောနေသည်အား ဟန်မြုံအိုရပ်လိုက်၏။ ယခုဆိုလျှင် သူဘာလုပ်ခဲ့မိသည်ကို သိသွားချေပြီ။

[အဆင့်အတန်း၇ရှိသော မိစ္ဆာ 'အမှောင်အစောင့်အရှောက်' သေဆုံးသွားပြီ ဖြစ်သည့်အပြင် မိစ္ဆာဘုရင်ကြီး ' အက်စ်မိုးဒီအက်စ်'က သတ်ဖြတ်ခဲ့သူ၏ တည်ရှိမှုကိုသတိထားမိသွားသည်။]

[မိစ္ဆာဘုရင်ကြီး ' အက်စ်မိုးဒီအက်စ်' က ပွဲသိမ်းတိုက်ခိုက်ခဲ့သူ သေသည်အထိ နောက်က လိုက်တော့မည်ဖြစ်သည်။]

[မိစ္ဆာဘုရင်ကြီး ' အက်စ်မိုးဒီအက်စ်'က ပွဲသိမ်းတိုက်ခိုက်သူအပေါ်မှာ အဆိုးရွားဆုံး ကျိန်စာကို တိုက်လိုက်သည်။]

[ပွဲသိမ်းတိုက်ခိုက်ခဲ့သူ : ဟန်မြုံအို]

"ဟ-ဟမ်။ ဒီမက်ဆေ့ချ်က ဘာလဲဟ"

ဟန်မြုံအိုတစ်ယောက် ကြောက်လန့်ပြီး ထအော်သည်။

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင်၏ကလိမ်ကကျစ်မှုကိုချီးကျူးနေပါသည်။]

"အာ...ခင်ဗျားကို မပြောပြမိလိုက်ဘူးလား။ ကျုပ်တမင်မသတ်ခဲ့တာလေ"

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင်၏ဇာတ်ဝင်ခန်းကို ကြယ်တာရာထုတ်လွှင့်မှုဆီ တင်ဆက်ဖို့ ထောက်ခံပေးလိုက်သည်။]

ဝိညာဉ်ပျောက်ဆုံးသွားသူကဲ့သို့ ဟန်မြုံအိုဟာ လေထဲငေးကြည့်နေ၏။ မိစ္ဆာဘုရင်ကြီး အက်စ်မိုးဒီအက်စ်၏ကျိန်စာက သတ်ဖြတ်သူတစ်ယောက်အတွက် ကြောက်စရာ အကောင်းဆုံးအရာပင်။ ဘာလဲဆိုသည်ကို ကျနော်မသိသော်လည်း အရမ်းဆိုးမှာတော့ သေချာ၏။

နောက်ကို ကျနော်လှည့်ကြည့်လိုက်တော့ လီဂီယောင်နှင့် ယူဆန်းအာတို့က အံ့အားသင့်နေသော အကြည့်ဖြင့် ကြည့်နေသည်အား မြင်လိုက်ရသည်။ ဘာမှမဖြစ်ခဲ့သလို ကျနော်ပြုံးပြလိုက်၏။

"ရမယ့်ရတနာတွေကို အတူတူဖွင့်ကြည့်ကြရအောင်"

…………………………………………………………………………………………………………

သိပ်မကြာခင်မှာပဲ ရတနာတွေကိုမွှေနှောက်ရှာဖွေပြီး ရတနာအချို့ကို တစ်ယောက်တစ်ခုစီ ယူလိုက်ကြ၏။

"ကျနော်ဒါယူမယ်"

"ငါဒါကြိုက်တယ်"

ယူဆန်းအာနှင့် လီဂီယောင်တို့သည် လက်ကောက်အသေးလေးတစ်ခုနှင့် ဒိုင်းဟောင်းတစ်ခုတို့ကို အသီးသီးယူလိုက်ကြသည်။

[မှော်စွမ်းအင်ပြန်လည်ဖြည့်ဆည်းပေးသော လက်ကောက်]

[သံဒိုင်းဟောင်း]

နှစ်ခုလုံးက D အဆင့်ပစ္စည်းတွေဖြစ်သော်လည်း ဘာမှမရတာထက်စာလျှင် အများကြီး ပိုကောင်း၏။ မှော်စွမ်းအင်ပြန်လည်ဖြည့်ဆည်းပေးသော လက်ကောက်က လူတိုင်း အတွက် အသုံးဝင်ပြီး သံဒိုင်းဟောင်းကတော့ လီဟန်းဆောင်အတွက် သင့်လျော်သည်။ နာမည်မှာပါသော 'သံ'ဆိုသည့် စကားလုံးကို လျစ်လှူမရှုသင့်ချေ။ အဆိုပါသံသည် ကမ္ဘာ့သံအားလုံးထက် အများကြီး မာကျော၏။

ယူဆန်းအာက အနည်းငယ်စိတ်ပျက်သလိုပြောသည်။

"ထင်တာထက်နည်းတယ်နော်"

ယူဆန်းအာ ပြောသည်မှာ မမှားချေ။ 'ရတနာသိုက်'ဟု ခေါ်ဖို့ပင် ရှက်ဖို့ ကောင်းလှ၏။ မနေ့ကထွက်သွားသည့် ယူဂျွန်ဟော့လည်း ဤနေရာကို ဖြတ်သန်းခဲ့မှာပင်။ မိစ္ဆာနှင့်တိုက်ခိုက်လျှင် ပင်ပန်းမည်ကို သိ၍ အခွင့်အရေးယူကာ ရတနာတွေကို ခိုးသွားခဲ့ခြင်း ဖြစ်ပေမည်။ တကယ်တန်းတော့ ကျနော်တို့သည် မွှေနှောက်ပြီးသား နေရာကို ထပ်မံ၍ မွှေနှောက်ခဲ့မိခြင်းသာ။

"အဓိကပစ္စည်းကျန်နေသေးလို့ အဆင်ပြေပါတယ်"

ဂိုဒေါင်အလယ်က အနက်ရောင်သေတ္တာကို ကျနော်ကြည့်လိုက်သည်။ အချိန်ကို ဖြုန်းမနေတော့ပဲ သေတ္တာကိုဖွင့်လိုက်၏။ သေတ္တာထဲတွင်ရှိနေသည်က မီးဖိုတစ်ခုပင်။ အဆိုပါမီးဖိုသည် အိတ်ကပ်ထဲထည့်လို့ရလောက်အောင်သေးပြီး မီးဖိုဟုခေါ်ဖို့ပင် မတန်မရာဖြစ်လွန်းလှသည်။

[မှော်စွမ်းအင်မီးဖို]

မျှော်လင့်ထားသည့်အတိုင်း ဤမီးဖိုက ဤနေရာတွင် ကျန်နေသေးသည်။ ဤပစ္စည်းက တကယ်တန်းတော့ ယခုဇာတ်ဝင်ခန်းအသေး၏ အဓိကပစ္စည်းပင်။

[မှော်စွမ်းအင်မီးဖိုကို တစ်ဦးလျှင်တစ်ကြိမ်သာရနိုင်သည်။]

သေချာသည်မှာ ယူဂျွန်ဟော့က နောက်ထပ်တစ်ခုကို ယူသွားခဲ့လောက်သည်မလို့ မှော်စွမ်းအင်မီးဖိုသည် အစက နှစ်ခုပဲရှိပေလိမ့်မည်။

"...အဲ့ဒါက ဘာလေးလဲ"

"အင်း။ ဒီပစ္စည်းက ဘယ်လိုအသုံးဝင်လဲတော့ ငါနည်းနည်းသိထားတယ် "

ကျနော်တမင်တကာ တုန်ယင်လိုက်ပြီး မှော်စွမ်းအင်နှင့် မီးဖိုကိုဖွင့်ကာ သေနေပြီ ဖြစ်သည့် မြေကြွက်၏ ခြေထောက်တစ်ခုကို တင်လိုက်၏။ ဟင်းတစ်ပွဲစာပင် တင်၍ မဆန့်သော မီးဖိုဖြစ်နေသည်မလို့ ရယ်စရာကောင်းနေသော်လည်း ငါးစက္ကန့် အတွင်းမှာပဲ မြေကြွက်၏ခြေထောက်တွင် အံ့ဩစရာအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

"ဝိုး။ အနံ့က မွှေးနေတာပဲ"

ချိုမြိန်သောအနံ့လေးထွက်လာပြီး မြေကြွက်၏ခြေထောက်က ရွှေရောင် ပြောင်းသွားသည်။

"အသားရပြီ"

စိတ်လှုတ်ရှားစွာဖြင့် လီဂီယောင်အော်လိုက်၏။ ယူဆန်းအာက အလျင်စလို မေးသည်။

"ငါ-ငါတို့တွေ စားလို့ရလား"

"ငါအရင်စားကြည့်လိုက်မယ်"

အဆီပြန်နေသော နောက်ခြေထောက်ကိုကိုင်ပြီး ကျနော်ကိုက်လိုက်၏။ အရည်တွေက အသားကနေ စိမ့်ထွက်လာသဖြင့် ဝါးဖို့ပင် မေ့သွားပြီး မျက်လုံးတွေကို မှိတ်မိသည်။ စာအုပ်ထဲမှာဖတ်ရသည်နှင့် တကယ်စားကြည့်တော့ မတူလှပေ။

[နက္ခတ်အချို့ သွားရည်ယိုနေပါသည်။]

[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်သည်။]

[' မဟူရာမီးလျှံ အသူတစ်ရာနဂါး'က သူ၏သွားရည်များကို မျိုချနေပါသည်။]

[' ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်က လက်သည်းတွေကို ကိုက်နေပါသည်။]

······

မက်ဆေ့ချ်တွေက ဆက်တိုက်ပေါ်နေ၏။ စားစရာထုတ်လွှင့်ခြင်းသည် အမှန်တကယ်ကို အကောင်းဆုံးပင်။ စားစရာရှေ့ဆိုလျှင် လူတိုင်း ညီညွတ်သွားကြ၏။

"စားကြပါ။ စားလို့အဆင်ပြေမယ်ထင်တာပဲ"

ကျနော်ပြောလိုက်သည်နှင့် ယူဆန်းအာနှင့် လီဂီယောင်တို့နှစ်ယောက် အသားဆီပြေးသွား၏။ သုံးရက်လောက် အစာကောင်းကောင်းမစားရသေးသည်မလို့ သူတို့တွေ အတော်ဗိုက်ဆာနေမှာ သေချာသည်။ ဟန်မြုံအို အသိပြန်ဝင်လာပြီး မလုံမလဲဖြစ်သောပုံစံဖြင့် စကားပြော၏။

"ဒေါ့-ဒေါ့ဂျာ….ငါခဏလောက် ရူးသွားသလိုဖြစ်သွားခဲ့တယ်"

"စားပါ။ တခြားကိစ္စတွေ စဉ်းစားမနေနဲ့"

"ကျေး-ကျေးဇူးတင်ပါတယ်"

"စားပြီးရင်တော့ ခင်ဗျားသရဲတစ်ကောင်ဖြစ်သွားလိမ့်မယ်"

"ဘ-ဘာ..."

ဟန်မြုံအို၏မျက်နှာက လူသေကဲ့သို့ ဖြူဖျော့သွား၏။ နောက်သလိုပြောင်သလို ကျနော်ပြောခဲ့ခြင်းဖြစ်သော်လည်း ဟန်မြုံအိုသေရတော့မည်မှာ အမှန်ပင်။ အက်စ်မိုးဒီအက်စ်၏လိုက်ဖမ်းခြင်းကိုခံရပြီဆိုပါက ယူဂျွန်ဟော့အတွက်ပင် လွတ်အောင် ထွက်ပြေးဖို့ ခက်လှ၏။

ကျနော်တို့တွေ တစ်ယောက် ခြေထောက်တစ်ချောင်းစီယူပြီး စားကြသည်။ အဖြစ်အပျက်မျိုးစုံကိုကြုံရပြီးသည့်နောက် ကျနော်တို့အားလုံး ဗိုက်ဆာနေကြပြီ ဖြစ်သည်။ ဗိုက်ဆာခြင်းကို လူသားတွေ တောင့်မခံနိုင်ချေ။ အသားကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျနော်တို့စားနေကြ၏။ မှော်စွမ်းအင်မီးဖိုကနေ ဖြာထွက်နေသော အလင်းကြောင့်လားတော့မပြောတတ်။ ကျနော့်စိတ်ထဲ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ရှင်သန်ဖို့အတွက် တစ်ခုခုကိုသတ်ပြီးစားရခြင်း။ ဒါသည် လူသားတစ်ယောက်၏ ဘဝပင်။ ယခုထိဒီလိုပဲဖြစ်နေခေံစားနေရသနည်းဟု ကျနော်တွေးမိသည်။ ရုတ်တရက် မော့ကြည့်လိုက်တော့ ယူဆန်းအာ၏ မျက်လုံးတွေနှင့် အကြည့်ချင်း ဆုံသွားသည်။

ဟာ

ယူဆန်းအာ အသိပြန်ဝင်လာပြီး ရုတ်တရက်ထအော်သည်။

"ငါအတော်စိတ်ပျက်ဖို့ကောင်းတာပဲ"

"...ဟမ်"

"ဒေါ့ဂျာ ဒီလောက်ကြိုးစားပေးခဲ့တာကို ကျမကတော့ ဝက်လို စားတာပဲ လုပ်နေနိုင်တယ်။ ကျမတကယ်ကို ဘာအကူအညီမှ မပေးနိုင်ခဲ့ဘူးပဲ"

"မဟုတ်ဘူး။ ယူဆန်းအာ။ ဒါက..."

"ဒါနဲ့ ဒေါ့ဂျာက ဘယ်လိုဖြစ်ပြီး အကုန်သိနေရတာလဲ။ သတ္တဝါတွေကို ချက်ပြုတ်တဲ့နည်းကိုလည်း ဒေါ့ဂျာသိထားတယ်လေ"

"အာ…အဲ့ဒါက..."

"ဟုတ်သားပဲ။ စိတ်ကူးယဉ်ဝတ္ထုတွေကို ဒေါ့ဂျာက အများကြီးဖတ်ထားခဲ့တာကြောင့် သိနေတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ ကမ္ဘာကြီးဟာ ဒီလိုဖြစ်ပျက်သွားလိမ့်မယ်လို့ ကျမ မသိခဲ့မိဘူး။ ကျမက စပိန်စာတွေကိုပ ဲအဓိကကျက်နေခဲ့မိတာလေ"

ယူဆန်းအာဆီက ယခုလိုပြောတာကိုကြားရတော့ ကျနော်အနည်းငယ် ထူးဆန်းသလို ခံစားရ၏။ ယူဆန်းအာကိုနှစ်သိမ့်ဖို့ ကျနော်စကားပြောလိုက်သည်။

"ယူဆန်းအာက နိုင်ငံခြားဘာသာစကားတွေကိုလေ့လာခဲ့လို့ မိစ္ဆာမျိုးစိတ် တွေရဲ့ဘာသာစကားကိုနားလည်ခဲ့တာပါ"

တကယ်တန်းတော့ သူ၏နားလည်မှုက အရမ်းလည်း အထောက်အကူမဖြစ်ခဲ့ချေ။

"ဟုတ်တယ်နော်။ ကျေးဇူးတင်ပါတယ်၊ ဒေါ့ဂျာ..."

ယူဆန်းအာကိုပြုံးပြပြီး ထိုင်နေတဲ့နေရာကနေ ကျနော် ထလိုက်သည်။ လူတိုင်း စားသောက်ခြင်းတွင်သာ အာရုံဝင်စားနေကြ၏။ ခဏလောက် ကျနော်အနားယူပြီး အဖွဲ့ဝင်တွေနောက်ကို သွားလိုက်သည်။ အမှန်အတိုင်းဆိုရလျှင် မှော်စွမ်းအင်မီးဖိုသည် အရေးကြီးသည်မှန်သော်လည်း ကျနော်တကယ်လိုချင်သည်က တခြားပစ္စည်းသာ။ မှော်စွမ်းအင်မီးဖိုကို ထည့်ထားခဲ့သည့် အမဲရောင်သေတ္တာကို အနီးကပ် ကျနော်ကြည့်လိုက်သည်။

ဤအရာပင်။ လုံးဝသေချာ၏။ မှော်စွမ်းအင်မီးဖိုကို ယူသွားခဲ့သည့် ယူဂျွန်ဟော့ကတော့ သိခဲ့လောက်မည် မထင်ချေ။ ဂိုထောင်၏တကယ့်ရတနာက ဤ'အနက်ရောင် သေတ္တာ'သာ ဖြစ်သည်။ မူရင်းဇာတ်လမ်း၌ ဤပစ္စည်းအကြောင်းကို ဆဌမအကြိမ်မြောက် နောက်ပြန်ဆုတ်သည့်အခါမှ ယူဂျွန်ဟော့ သိခဲ့ခြင်း ဖြစ်၏။

ဤပစ္စည်းကို ဇာတ်လမ်းထဲတွင် ပထမဆုံးရှာတွေ့ခဲ့သူက မည်သူပါလိမ့်။ 'ကောင်းကင်အစေခံဟိုလီ'လော။ မှတ်မိဖို့တော့ ခက်လှ၏။ အတိအကျတော့ မဟုတ်သော်လည်း ဝတ္ထုထဲတွင်ယခုလိုမျိုးရေးသားခဲ့ခြင်း ဖြစ်မည်ထင်သည်။

「"ဟိုဘက်မှာဟေ့… အစောပိုင်းနေရာတွေမှာ ထူးဆန်းတဲ့သေတ္တာတွေရှိတယ်ဟ။ အဲဒီသေတ္တာတွေထဲ တစ်ခုခုထည့်မယ်ဆိုရင်… " 」

ထိုအချိန်တွင် ယူဆန်းအာက ကျနော်နှင့် အကြည့်ဆုံပြီး မေးသည်။

"ဒီသေတ္တာကဘာအတွက်သုံးတာလဲ"

"ဟမ်။ အာ၊ ဒါက..."

သေတ္တာကိုကြည့်ရင်း ယူဆန်းအာက ပြောသည်။ သေတ္တာပေါ်၌ ဘာမှန်းမသိသော စာလုံးတွေကို ရေးထိုးထားလေ၏။

...ယူဆန်းအာက ဒီစာတွေကို ဖတ်တတ်တာလား။

"ကျပန်း…ပစ္စည်းသေတ္တာတဲ့လား"

ချီး။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုက အရေးကြီးသည်ဆိုသည်မှာ ဒါကြောင့်ပင်။

"အဲ…ဒါက…အင်း။ ဒါဆိုရင် ဒီလိုအဓိပ္ပါယ်ပေါ့လေ "

ကျနော်အနည်းငယ်ရှက်သွား၏။ ယူဆန်းအာက "မြန်မြန်သုံးကြည့်လိုက်ပါ။ ဒေါ့ဂျာ"ဟု အော်ပြောသည်။

"...သုံးလို့အဆင်ပြေပါ့မလား"

လီဂီယောင်က ခေါင်းကို အားရပါးရညိတ်ပြ၏။

"ကျနော်တို့အတွက် စိတ်မပူပါနဲ့။ ဒီက ရတဲ့ ပစ္စည်းအားလုံးကို အကိုကြီးပဲ ပိုင်တာပါ။ ပြောစရာတောင် လိုတာမဟုတ်ဘူး "

အင်း။ ငါ့ကို လူမိသွားပြီဆိုမှတော့လည်း မြန်မြန်လုပ်ကြည့်ရတာပေါ့။

"ဒါဆို ဒီသေတ္တာကို ကောင်းကောင်းသုံးတော့မယ်နော်"

[နက္ခတ်အချို့က သင်၏ဆုံးဖြတ်ချက်ကို ခေါင်းညိတ်ကာ ကြည့်နေကြပါသည်။]

အိတ်ကပ်ထဲကနေ အဆင့်အတန်း ၇ရှိသောမိစ္ဆာ၏ အမြုတေကို ထုတ်လိုက်၏။ ထိုအမြုတေကို အမှောင်အစောင့်အရှောက်၏ အလောင်းကနေဖြတ်ထုတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ခံနိုင်စွမ်းကုန်သွားခဲ့သည့် ယုံကြည်မှုမဲ့ကိုပါ ထုတ်လိုက်၏။ မူရင်းဇာတ်လမ်းအရဆိုလျှင် ဤသေတ္တာ၏ အသုံးပြုပုံက ရိုးရှင်းလှပေသည်။

「"ရှားပါးပစ္စည်းတစ်ခုရှိနေမယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်လောက်ဘူး "」

ထို့နောက် မိစ္ဆာအမြုတေနှင့် ယုံကြည်မှုမဲ့တို့ကို သေတ္တာထဲထည့်လိုက်လေသည်။

「"ဟာ…ငါ့စကားကိုမယုံဘူးလား။ တကယ်ကြီးလား။ ပစ္စည်းအသေးတွေကိုထည့်ပြီး သေတ္တာကိုပိတ်လိုက်" 」

အမှန်အတိုုင်းဆိုရလျှင် ထိုပစ္စည်းနှစ်ခုကို ထည့်လိုက်လျှင် မည်သို့ဖြစ်မည်ကို ကျနော်မသိချေ။ သို့သော် ကြီးမားသည့်အရာတစ်ခုထွက်လာမည်ကတော့ သေချာ၏။

「"ထိပ်တန်းပစ္စည်း တစ်ခုကတော့ မလွဲမသွေထွက်လာလိမ့်မယ်"」

ခဏအကြာမှာတော့ ပိတ်ထားသည့် သေတ္တာဆီကနေ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters