အရေးပေါ်ကာကွယ်ရေး (၂)
Vol. 2 Ch. 34
ကတိထားထားသည့်အချိန် နောက်ဆုံးတော့ ရောက်လာပေပြီ။
စြင်္က ံပလက်ဖောင်း ၃တွင် ကျနော့်အဖွဲ့သားတွေကို လူစုလိုက်၏။ အဖွဲ့သား အားလုံးသည် သူတို့၏လက်နက်များကို စစ်ဆေးနေကြလေသည်။ လီဟန်းဆောင်သည် သူ၏လက်နက်ကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိပုံ ပေါ်၏။
"ဒေါ့ဂျာခိုင်းထားတာကို လုပ်ခဲ့ပြီးပါပြီ"
အဖွဲ့သားတွေအသုံးပြုခဲ့သောလက်နက်များမှာ အလွန်ပင်အိုဟောင်းနေကြပြီမလို့ လက်နက်အသစ်တွေဖန်တီးပေးရန် လီဟန်းဆောင်ကို ကျနော်ခိုင်းခဲ့သည်။ လက်နက်တွေ၌ အသုံးပြုထားသော ပစ္စည်းများမှာ မနေ့ညတုန်းက အသတ်ခံခဲ့ရသည့် အဆင့်အတန်း ၈ရှိသော ဂရိုးတွေဆီမှ ရယူထားခြင်းဖြစ်၏။ ဓါးတွေနှင့်လှံတွေကို ဂရိုတွေ၏ ဦးချိုတွေအား ဖြတ်တောက်ကာ ဖန်တီးထားခြင်းဖြစ်သည်။ လက်နက်တွေမှာ ကြာရှည်မခံနိုင်လောက်သော်လည်း ယာယီအားဖြင့် အသုံးပြု၍တော့ ရလောက်၏။
ယောင်ဟီဝမ်သည် ကျေနပ်သည့်အမူအရာဖြင့် ပြုံးလိုက်သည်။
"ဒီလက်နက်တွေက ပိုပေါ့ပြီး ပိုခံနိုင်ရည်ရှိသလိုပဲနော်"
"ဟိုလေ…ဒေါ့ဂျာ၊ ဟန်းဆောင်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
ယူဆန်းအာက ဦးညွတ်လိုက်သည်။ ဂရိုး၏ဦးချိုဖြင့် တုံးသော လက်နက်များကို ဖန်တီး၍မရသောကြောင့် လီဂီယောင်ကတော့ မြေကြွက်တစ်ကောင်၏ကျောရိုးဖြင့် ပြုလုပ်ထားသည့် လက်နက်တစ်လက်ကိုသာ ကိုင်ဆောင်ထားဆဲပင်။ လီဂီယောင်သည် နှုတ်ခမ်းဆူကာ တိတ်တဆိတ်ပဲ မြေပြင်ကိုကြည့်နေ၏။ စိတ်ကောက်နေသော လီဂီယောင်၏ခေါင်းကို ပွတ်ပြီး ကျနော်ပြောလိုက်သည်။
"ရှေ့ဆက်ကြုံရမှာတွေကတော့ လွယ်မှာမဟုတ်ဘူး။ မနေ့ကထက်တောင် အခြေအနေက ပိုအန္တရာယ်ရှိနေနိုင်တယ်။ ခင်ဗျားတို့အားလုံးအသင့်ဖြစ်ကြပြီလား"
အဖွဲ့သားတွေ ခေါင်းညိတ်ပြကြသည်။
"ဒါဆိုရင် ကျနော်တို့ စကြမယ်"
ယခုအချိန်ကစပြီး အချိန်ကိုက်လှုတ်ရှားရတော့ပေမည်။ အိမ်ရှင်မဟာမိတ်ဘက်ကနေ အခြေအနေကို သတိမထားမိသွားခင် ကျနော်တို့တွေ ခပ်မြန်မြန်လှုတ်ရှားမှဖြစ်မည်ပင်။ ယောင်ဟီဝမ်၊ ယူဆန်းအာနှင့် လီဂီယောင်တို့သည် သူတို့တွေ တာဝန်ယူထားသော သက်ဆိုင်ရာအထပ်အသီးသီးဆီထွက်သွားကြချိန်မှာပဲ ကျနော်ကတော့ လီဟန်းဆောင် နှင့်အတူ လှေကားတလျောက် တက်သွားလိုက်သည်။
လီဟန်းဆောင်သည် ယုံကြည်မှုမရှိသော လေသံဖြင့် ပြော၏။
"ဒေါ့ဂျာ။ ကျုပ် ယုံကြည်မှုမရှိဘူး"
လီဟန်းဆောင်သည် ဤစစ်ဆင်ရေး၏ အဓိကလူဖြစ်သည်။ ယုံကြည်မှုမရှိဟု သူပြောမနေသင့်ပေ။ တည်ကြည်သော အသံဖြင့် ဂရုတစိုက်ကျနော်ပြန်ဖြေ၏။
"အဆင်ပြေသွားမှာပါ"
သို့သော် လီဟန်းဆောင်၏မျက်နှာကတော့ မဝံ့မရဲဖြစ်နေဆဲပင်။
"တခြားလူတွေဟာ ကျုပ်အပေါ်မှာ လိုတာထက်ပိုပြီး အားကိုးလွန်းနေတယ်လို့ ကျုပ်ကတော့ ထင်တယ်။ ကျုပ်အကောင်းဆုံးလုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူးလေ"
"ဟန်းဆောင်က အားကိုးလို့ရတဲ့လူတစ်ယောက်ပါ"
"အဲ့လိုမျိုးပြောပေးလို့ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒါက ကျုပ်အတွက် ပထမဆုံးအတွေ့အကြုံဗျ။ စစ်တပ်မှာတုန်းကဆိုရင် ကျုပ်ကိုအခုလိုယုံကြည်ပေးတဲ့ သူမျိုးရှိခဲ့တာမဟုတ်ဘူး"
ဤဇာတ်လမ်းကို ပထမဆုံးအနေဖြင့် ကျနော်ကြားဖူးခြင်းဖြစ်သည်။ ယခုမှ စဉ်းစားမိ၏။ လီဟန်းဆောင်၏ စစ်သားဘဝအကြောင်း ကျနော်မသိထားပေ။ Ways of Survivalဇာတ်လမ်းတွင် လီဟန်းဆောင်၏စစ်သားဘဝအကြောင်း မဆိုစလောက်သာ ပါသည်။
"ဒီကိစ္စကြီးပြီးသွားရင် ဟန်းဆောင်ရဲ့ဇာတ်လမ်းကို ကျနော်နားထောင်ချင်ပါသေးတယ်"
စိတ်အေးသွားရန် ကျနော်ပြောလိုက်ခြင်းဖြစ်သော်လည်း လီဟန်းဆောင်ပုံစံက ပို၍ခံစားမိသွားပုံပေါ်သည်။
['လီဟန်းဆောင်'ဇာတ်ကောင်သည် သင့်အား စပြီးရင်ဖွင့်ခဲ့ပါသည်။]
['လီဟန်းဆောင်'ဇာတ်ကောင်အပေါ် သင်၏နားလည်မှုမှာ အလွန်တိုးတက်လာ ပါသည်။]
" ဒေါ့ဂျာနဲ့စကားပြောရတာ တခါတလေကျရင် ထူးဆန်းတယ်လို့ခံစားရတယ်"
"ဟမ်။ ဘာလို့လဲ"
"ကျုပ်ကို ဒေါ့ဂျာသိနေတာကြာပြီလို့ခံစားမိနေလို့လေ။ ကျုပ်လည်း မရှင်းပြတတ်ဘူး"
လီဟန်းဆောင်သည် ခေါင်းကိုကုတ်လိုက်ပြီး စကားကိုဆက်သည်။
"အဲ…ကျုပ်က ထူးထူးဆန်းဆန်းတွေ ဆိုလိုချင်လို့မဟုတ်ဘူးနော်။ ဒီအတိုင်းပဲ ကျုပ်က… "
"ခင်ဗျားဆိုလိုချင်တာကို ကျနော်နားလည်ပါတယ်"
"ကျေးဇူးတင်ပါတယ်။ ဒေါ့ဂျာရဲ့ဘဝဇာတ်ကြောင်းကို ကျုပ်လည်းသိချင်ပါတယ်"
"ကျနော့်ရဲ့ဘဝဇာတ်ကြောင်းဟုတ်လား"
"အင်း။ ဒေါ့ဂျာလိုလူစားမျိုးကို ကျုပ်တစ်ခါမှ မမြင်ဖူးဘူးဗျ။ ဒီကိစ္စကြီးမဖြစ်ပျက်ခင်တုန်းက ဒေါ့ဂျာ ဘာတွေလုပ်ခဲ့လဲကို သိချင်လို့ပါ"
ထူးဆန်းသည်ဟု ကျနော်ခံစားနေရသည်။ ဝတ္ထု၏'ဇာတ်ပို့ဇာတ်ကောင်'ဖြစ်သူသည် ကျနော့်အကြောင်းကို သိချင်နေသည်ပင်။ ကျနော့်စိတ်ထဲ သက်တောင့်သက်သာ မဖြစ်သလိုခံစားနေရပြီး ကလိကလိဖြစ်နေသည်။
"ကျနော့်ဘဝဇာတ်ကြောင်းက အရမ်းကြီးစိတ်ဝင်စားဖို့မကောင်းပါဘူး"
"ဒါပေမဲ့လည်း ကျုပ်နားထောင်ချင်ပါတယ်"
ရုတ်တရက်ဆိုသလို ကျနော့်ခေါင်းထဲမေးခွန်းတစ်ခုပေါ်လာသည်။
Ways of Survivalဇာတ်လမ်းသာ လက်တွေ့မဖြစ်ပျက်ခဲ့ဘူးဆိုပါက လီဟန်းဆောင်သည် ကျနော်နှင့် တစ်ကမ္ဘာထဲ နေထိုင်နေပေမည်လော။ သို့မဟုတ် ဝတ္ထုသည် ရုတ်တရက်ကြီး လက်တွေ့ဖြစ်ပျက်ခဲ့ခြင်းလော။ ကျနော်မသိပေ။ တစ်ခုကတော့ သေချာ၏။ ကျနော့်ရှေ့က လီဟန်းဆောင်သည် သက်ရှိထင်ရှားရှိသော လူတစ်ယောက်ပင်။
"အိုး။ ယူဂျွန်ဟော့ရဲ့မိတ်ဆွေကြီးပါလား။ ညှိုနှိုင်းမှုလုပ်ချင်လို့ ဒီကိုရောက်လာတာလား"
ထိုအချိန်တွင် သက်လတ်ပိုင်းလူတစ်စုထွက်ပေါ်လာ၏။ ထိုလူတွေသည် အိမ်ရှင်မဟာမိတ်အဖွဲ့သားတွေပင်။
"ဟမ်…ဒါနဲ့ ဟိုမိန်းမတွေရော ဘယ်မှာလဲ"
ထိုစကားကိုပြောလိုက်သော လူလတ်ပိုင်းသည် မိန်းမတစ်ယောက်ကို ဆံပင်ကနေ ကိုင်ထား၏။ ထိုမိန်းမသည် မနေ့တုန်းက တွေ့ခဲ့သည့် လူငါးယောက်စာ အစိမ်းရောင်နယ်မြေထဲမှာရှိခဲ့သော မိန်းမပင်။ ထိုလူလတ်ပိုင်းက ကျနော်ကြည့်နေသည်ကိုမြင်ပြီး ရယ်သည်။
"အဲ…ဒီမိတ်ဆွေမလေးက သူ့ပိုင်နက်က ဘာလဲဆိုတာကို သေချာမသိခဲ့ဘူးလေ။ ဒီမိတ်ဆွေမလေးကြောင့် မင်းအတွက် စိတ်အနှောက်အယှက်များဖြစ်သွားလား"
"ကျ-ကျမကို ကူညီပေးပါ။ ကယ်ကြပါဦး"
အဆိုပါမိန်းမသည် နာကျင်စွာဖြင့် ကျနော့်ကိုစိုက်ကြည့်နေ၏။ ကျနော့်ခေါင်းထဲတွင် 'အလုံးစုံကောင်းမြတ်ခြင်း'နက္ခတ်များ၏ အော်ဟစ်တောင်းဆိုနေသံကို ကြားလာရ တော့သည်။ သို့သော် ကျနော်စောင့်လိုက်၏။ ကျနော့်ထက်ဦးအောင် လှုတ်ရှားမည့်သူ ရှိနေခြင်းကြောင့် စောင့်လိုက်ခြင်းပင်။
"သူ့ကိုလွှတ်လိုက်"
လီဟန်းဆောင်ဆီကနေ အသံထွက်လာသည်။
"မင်းက ဘယ်သူလဲ"
လူလတ်ပိုင်းကောင်ဆီကနေ မေးခွန်းထွက်လာပြီးနောက် ကျနော့်ကို လီဟန်းဆောင် လှမ်းကြည့်လိုက်သည်။ သူ့ပုံစံက ခွင့်ပြုချက်တောင်းနေသလိုပင်။ ကျနော် ခေါင်းညိတ်ပြလိုက်၏။
['လီဟန်းဆောင်'ဇာတ်ကောင်သည် ကိုယ့်ဆန္ဒအတိုင်း တရားမျှတမှုရှိအောင် လုပ်ပေးချင်နေပါသည်။]
['လီဟန်းဆောင်'ဇာတ်ကောင်သည် ဆင့်ကဲပြောင်းလဲပါတော့မည်။]
အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် လက်နက်များကို ထုတ်လိုက်ကြပြီး အလျင်အမြန် လှုတ်ရှားလိုက်ကြ၏။ အခြေအနေကို ကျနော်သုံးသပ်ကြည့်လိုက်သည်။ ဤအချိန်သည် စတင်လှုတ်ရှားရတော့မည့်အချိန်ပင်။ ဒင်္ဂါးတွေကိုသုံးပြီး ကျနော်၏ ပျမ်းမျှအဆင့်တွေကို တိုးမြှင့်လိုက်သည်။
[ဒင်္ဂါး ၁၂၀၀ကို 'ကိုယ်ခန္ဓာကြံ့ခိုင်မှုှ'တွင် ရင်းနှီးမြုတ်နှံလိုက်ပါသည်။]
[ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့် ၁၅ -> ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့် ၁၈]
[သင်၏ကိုယ်ခန္ဓာကြံ့ခိုင်မှုှအဆင့်မှာ တမုမဟုတ်ချင်းတိုးတက်သွားပါပြီ။]
[ဒင်္ဂါး၁၂၀၀ကို 'ခွန်အား'တွင် ရင်းနှီးမြုတ်နှံလိုက်ပါသည်။]
[ခွန်အား အဆင့် ၁၅ -> ခွန်အား အဆင့်၁၈]
[သင်၏ခွန်အားအဆင့်မှာ တမုမဟုတ်ချင်း တိုးတက်သွားပါသည်။]
အနည်းဆုံးရင်းနှီးမြုတ်နှံမှုကို လုပ်လိုက်ပြီး အများဆုံးအကျိုးသက်ရောက်မှုကို ရရှိလိုက်ခြင်းပင်။
[ပိုင်ဆိုင်ထားသော ဒင်္ဂါးအရေအတွက် : ဒင်္ဂါး ၂၀၄၅၀]
ကျန်ရှိသောဒင်္ဂါးများကိုသုံးရန် နောက်ထပ်နေရာတစ်ခုရှိသေး၏။
ချွမ်
နှစ်ဖက်ထိတွေ့သံများ မြေအောက်ရထားဘူတာတလျှောက်ပံျ့နှံ့သွားသည်။ ကြီးမားပြီးသေးငယ်သော အော်သံထွက်လာ၏။ အချက်ပြနေပေပြီ။
"ဟန်းဆောင်"
လီဟန်းဆောင်က ခေါင်းညိတ်ပြသည်။ ရှေ့တွင်ရှိနေသော လူတွေဆီသို့ ကျနော်တို့တွေ ပြေးဝင်သွား၏။ တွေဝေနေသော အိမ်ရှင်မဟာမိတ်အဖွဲ့သားများ ထအော်ကုန်ကြသည်။
"ဟာ…မအေဘေးတွေ"
[သီးသန့်စွမ်းရည် 'အသန့်စင်ဆုံးဓါးစွမ်းအင်' အသက်ဝင်သွားပါပြီ။]
စွက် စွက်
"အား"
ကျနော်တို့ရှေ့က မိန်းမ၏ခေါင်းကိုကိုင်ထားသည့် လူလတ်ပိုင်း၏လက်မှာ လေထဲ လွင့်ထွက်သွားသည်။ သွေးတွေဖြာထွက်လာသည်ကိုမြင်ရသဖြင့် ကျန်လူတွေအားလုံး ကြက်သေ သေသွားကြ၏။ လီဟန်းဆောင်နှင့် ကျနော်တို့နှစ်ယောက်သည် ကြက်သေ သေနေသည့် လူများကိုလစ်လျူရှုကာ မနားတမ်းဆက်ပြီးပြေးလိုက်ကြသည်။ ထို့ကြောင့် သတိပြန်ဝင်လာသောလူများသည် ကျနော်တု့ိနောက်ကို လိုက်လာကြတော့၏။
"အဲ့ဒီအရူးတွေကို တားကြဟေ့"
မြေအောက် ဒုတိယထပ်ရှိစြင်္က ံလမ်းသည် ဂုံဖီဒူ၏ ပုဂ္ဂလိကပိုင်နယ်မြေဖြစ်၏။
[သင်သည် ပုဂ္ဂလိကပိုင် နယ်မြေထဲ ဝင်ရောက်သွားပါပြီ။]
"သူတို့ကို ဝိုင်းထားကြ"
ထိုနယ်မြေရှေ့တွင်စောင့်နေကြသည့် အိမ်ရှင်မဟာမိတ်အဖွဲ့သားတွေသည် ကျနော်တို့ကို မြင်သွားကြသည်။ တချို့သော အိမ်ရှင်မဟာမိတ်အဖွဲ့သားတွေ ရှိမနေခြင်းကြောင့် ကျနော်ထင်ထားသည်ထက် သူတို့ဘက်က လူအင်အားက နည်းနေ၏။ ရှေ့တွင် လူ၁၂ယောက်၊ နောက်တွင် လူအယောက်၂၀သာ ရှိနေသည်။ သို့သော် ထိုအရေအတွက်က များနေဆဲဟု ပြော၍ရ၏။
အမှန်အတိုင်းပြောရလျှင် ထိုလူများနှင့် ကျနော်ရင်မဆိုင်လိုပေ။
အိမ်ရှင်မဟာမိတ်အဖွဲ့သားတွေနှင့် တိုက်ခိုက်ဖို့ ကျနော်ပြင်လိုက်ချိန်မှာပဲ လီဟန်းဆောင်သည် သံမဏိဒိုင်းတစ်ခုကိုကိုင်ကာ ကျနော့်ရှေ့ကနေ ပြေးထွက်သွား၏။
['လီဟန်းဆောင်'ဇာတ်ကောင်သည် အထူးစွမ်းရည် 'တောင်ဖြိုတွန်းအား အဆင့် ၁'ကို သုံးလိုက်ပါသည်။]
ကျား
လီဟန်းဆောင်သည် ကြီးမားသော သူ၏ကြွက်သားများရှိခွန်အားကိုသုံးလိုက်သဖြင့် အိမ်ရှင်မဟာမိတ်အဖွဲ့သားများ အလဲလဲအပြိုပြို ဖြစ်သွားကြသည်။
['ဂုံဖီဒူ'ဇာတ်ကောင်သည် 'လက်နက် ဇုန် အဆင့် ၄’ ကိုအသက်သွင်းလိုက်ပါသည်။]
ထိုနယ်မြေတစ်ခုလုံး၌ စက်သေနတ်များ ထွက်ပေါ်လာ၏။ စက်သေနတ်တွေ၌ အနီရောင်မှော်ကျည်ဆံများဖြင့် ဖြည့်ထားပြီး ပစ်ခတ်ဖို့ အသင့်ဖြစ်နေပေပြီ။ စက်သေနတ် အရေအတွက် စုစုပေါင်း ငါးလက်ရှိ၏။ လက်နက်ဇုန်၏ အဆင့်မှာ ထပ်ပြီး မြှင့်တင့်ထားခြင်းပင်။
"ဒေါ့ဂျာ"
လီဟန်းဆောင်နေရာကို ကျနော်ဝင်လိုက်ပြီး တချိန်ထဲဆိုသလိုပင် လီဟန်းဆောင်ဆီကနေ ဒိုင်းကို ယူလိုက်၏။ ကျနော့်လက်ထဲ ဒိုင်းရောက်လာသည်နှင့် ကြောက်စရာကောင်းသော ကျည်တွန်းအားတွေက ကျနော့်ကို နောက်သို့ တွန်းထုတ်နေပေပြီ။
ထန် ထန် ထန်
အမြောက်နှင့် ထုခံနေရသကဲ့သို့ ကျနော်ခံစားနေရ၏။ ဒိုင်းကိုကိုင်ထားသော ကျနော့်လက်များ နာလာသည်။ အဆင့် ၁၉ရှိသော မှော်စွမ်းအားမှာ တကယ်ကို အားကောင်းလှ၏။ သို့သော် ကျနော်တောင့်ခံထားမှဖြစ်မည်ပင်။
[မကျိုးပဲ့နိုင်သော ယုံကြည်မှု၏ ဖြည့်ဆည်းအာနိသင်သည် ကိုယ်ခန္ဓာကြံံ့ခိုင်မှုကို အဆင့် ၂၀သို့ တိုးမြှင့်ပေးလိုက်ပါသည်။]
[အဆင့် ၁ခုတက်သွားသည့် ကြံ့ခိုင်မှုသည် သင်၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေပါသည်။]
"မောက်မာတဲ့အိမ်ငှားတစ်ယောက် ဒီကိုရောက်လာတာပဲ"
ဂုံဖီဒူ၏အသံကို ကျနော်ကြားရပေပြီ။
စွမ်းအားပြင်းသော မှော်ကျည်ဆံတွေကြောင့် ကျနော်တို့တွေ ခြေချုပ်မိနေစဉ်မှာပဲ အိမ်ရှင်မဟာမိတ်အဖွဲ့သားများက ကျနော်တို့ကို လိုက်ဖမ်းဖို့ကြိုးစားနေ၏။ သံဒိုင်း၏ ခံနိုင်စွမ်းသည် ကျဆင်းနေပေပြီ။ ယခုဆိုလျှင် နောက်ထပ် ကျည်ဆံ ဆယ့်နှစ်တောင့်ကိုသာ ဒိုင်းက ကာပေးနိုင်တော့မည်ဖြစ်သည်။
ဂုံဖီဒူသည် စိတ်ဝင်စားသော လေသံဖြင့်ပြော၏။
"လျှော်ကြေးပေးချင်လို့ မင်းတို့တွေ ဒီကိုရောက်လာတာလို့တော့ မထင်ဘူး။ ဘာကိစ္စကြောင့် ရောက်လာရတာလဲ"
"အခုကစပြီး ကျုပ် အိမ်ငှားမလုပ်တော့ဘူး"
"စိတ်ဝင်စားစရာပဲ။ မင်းက မနာလိုဖြစ်ပြီး ငါ့နယ်မြေကိုလိုချင်နေတာလား"
"အေး။ ပြီးတော့ ကျန်သေးတယ်..."
[ကျူးကျော်လာသူတို့၏စွမ်းရည်များမှာ ဂုံဖီဒူ၏ ပုဂ္ဂလိကပိုင်နယ်မြေ၏ အာနိသင်ကြောင့် ကျဆင်းလာပါသည်။]
စနေပေပြီ။ ဂုံဖီဒူ၏အစွမ်းမှာ ကြောက်စရာကောင်းလွန်းလှ၏။ လက်နက် ဇုန်၏ အထူးအာနိသင်မှာ 'အစွမ်းကျဆင်းစေသော ပုဂ္ဂလိကပိုင်နယ်မြေ'ဖြစ်သည်။
အနီရောင်မှော်စွမ်းအားများသည် စက်သေနတ်များပေါ်တွင် စတင်သိပ်သည်းလာ တော့သည်။
['ဂုံဖီဒူ'ဇာတ်ကောင်သည် 'ပိုမိုအားကောင်းသော မှော်ကျည်ဆံများ'ကို ပြင်ဆင်နေ ပါသည်။]
'ပုဂ္ဂလိကပိုင် နယ်မြေ'နှင့် 'လက်နက်ဇုန်'တို့ကို တွဲဖက်အသုံးပြုထားသရွေ့ ဂုံဖီဒူကို ရင်ဆိုင်ရဲသော ကိုယ်စားလှယ်အနည်းငယ်သာ ရှိလောက်မည် ထင်သည်။
"သေလိုက်တော့"
အစွမ်းတိုးထားသောမှော်ကျည်ဆံတွေကို ပစ်ခတ်တော့မည့်အချိန်တွင် ဟိုးအဝေးကြီး ကနေ လူတွေ၏အော်သံတွေကို ကျနော်ကြားလိုက်ရ၏။ ဒဏ်ရာရထားသော အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် ကျနော်တို့ဘက်သို့ အူယားဖားယား ပြေးလာကြသည်။
"ဆ-ဆရာ ဖီဒူ။ နယ်မြေကို… "
ထက်မြသောအရာတစ်ခုခုဖြင့် သူတို့တွေထိခိုက်ခဲ့သည့်လက္ခဏာကို တွေ့နေရ၏။ လီဂျီဟယ်လှုတ်ရှားပြီဖြစ်သဖြင့် ယခုအချိန်တန်ပေပြီ။ လီဟန်းဆောင်ကို ကျနော်ကြည့်လိုက်သည်။
"ဟန်းဆောင်….လုပ်လိုက်တော့"
လီဟန်းဆောင်၏အကြည့်များ တုန်ရီသွားသည်။
"အမှုန့်ခြေပစ်လိုက်တော့"
လီဟန်းဆောင်သည် လက်သီးတွေကို ခပ်မြင့်မြင့်မြှောက်လိုက်သည်။ လီဟန်းဆောင်၏ ပုံစံမှာ စိတ်မသက်မသာဖြစ်နေပုံရသော်လည်း နောက်သို့ပြန်မဆုတ်ဟူသော ဆုံးဖြတ်ချက်ပြတ်သားသည့်အရိပ်အယောင်များလည်း ရှိနေ၏။
['လီဟန်းဆောင်'သည် ဆင့်ကဲပြောင်းလဲသွားပါပြီ။]
တောက်ပသော အလင်းရောင်နှင့် ငွေရောင်အငွေ့အသက်တို့သည် လီဟန်းဆောင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စတင်ပေါ်ပေါက်လာသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ကျနော်စိတ်လှုတ်ရှားသွားမိ၏။ လီဟန်းဆောင်၏ ဇာတ်ကောင် ဆင့်ကဲပြောင်းလဲခန်းသည် Ways of Survivalဇာတ်လမ်းထဲတွင် ကျနော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေထဲက တစ်ခန်းဖြစ်ခဲ့၏။ ထို့ကြောင့်မလို့လည်း သံမဏိဓါးလီဟန်းဆောင်ကို အသန်မာဆုံး အရံဇာတ်ကောင်တွေထဲက တစ်ယောက်ဟု ခေါ်ခြင်းဖြစ်ပေသည်။ ဤအရာသည် -
[ဇာတ်ကောင်ဆင့်ကဲပြောင်းလဲခြင်းကြောင့် အထူးစွမ်းရည်အသစ်တစ်ခု ပွင့်သွားပါပြီ။]
တစ်ချက်ထဲထိုးလိုက်သည့် လီဟန်းဆောင်သည် Ways of Survival ဇာတ်လမ်းထဲတွင် အသန်မာဆုံးသောဇာတ်ကောင်တွေထဲက တစ်ယောက်ဟု ပြော၍ ရသည်။
['လီဟန်းဆောင်'ဇာတ်ကောင်သည် အထူးစွမ်းရည် 'မဟာတောင်ဖြိုတွန်းအား
အဆင့် ၁'ကို သုံးလိုက်ပါသည်။]
ဖြူဖျော့သော မှော်စွမ်းအင်သည် လီဟန်းဆောင်၏လက်သီးပတ်လည်တွင် စုဝေးသွားပြီးနောက် စက္ကန့်ပိုင်းအတွင်း လီဟန်းဆောင်၏လက်သည် သဘာဝမကျစွာ ကြီးမားလာ၏။
"ဟ"
လီဟန်းဆောင်၏လက်သီးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
ခွပ်
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်သွားပြီး ကြမ်းပြင်၏အက်ကွဲစများ လေထဲသို့ လွင့်ပျံသွားသည်။ အိမ်ရှင်မဟာမိတ်အဖွဲ့သားများ အော်ဟစ်ကုန်ကြလေတော့သည်။
"ဘာ-ဘာကြီးလဲဟ"
ဂျိ ဂျိ ဂျိ ဂျိ
အန္တရာယ်များသောအက်ကွဲကြောင်းများသည် မြေပြင်တလျှောက် ပေါ်လာပြီး စက်သေနတ်များ၏ အနေအထားကို စတင်တွန့်လိမ်သွားစေတော့၏။ မှော်ကျည်ဆံများသည် ချိန်ရွယ်ထားသော ပစ်မှတ်ဆီသို့မရောက်တော့ဘဲ တခြားနေရာသို့သာ ထိမှန်သွား၏။ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီး ဖုံငွေ့များ ပေါ်လာသည်။ ထို့နောက်တွင်တော့….
ကျွီ ကျွီ ကျွီ ကျွီ
တုန်ခါမှုကြီးတစ်ခုဖြစ်ပေါ်လာပြီး မြေအောက် ဒုတိယထပ်သည် စတင် ပြိုကျလာတော့သည်။
[အစိမ်းရောင်နယ်မြေ ဖျက်ဆီးခံလိုက်ရပါသည်။]
[‘ဂုံဖီဒူ'ဇာတ်ကောင်၏ ပုဂ္ဂလိကပိုင် နယ်မြေ ပျက်ဆီးသွားပါပြီ။]
ပြိုကျနေသောမြေပြင်ကိုကြည့်ပြီး ဂုံဖီဒူကို ကျနော်ပြောလိုက်၏။
" ကိုယ်ပိုင်နယ်မြေတွေမရှိတဲ့ အချိန်ဆီ ပြန်သွားကြရအောင်"