အရေးပေါ်ကာကွယ်မှု (၃)
Vol. 2 Ch. 35
နောင်လာမည့် ဇာတ်ဝင်ခန်းတွေတွင် ဂုံဖီဒူမှာ အသုံးဝင်ခြင်းကြောင့် ဂုံဖီဒူကို ကျနော်သတ်မရသော်လည်း ဂုံဖီဒူကို သူ၏နယ်မြေထဲကနေ ထွက်သွားအောင် လုပ်ဖို့တော့ လိုပေသည်။
ထိုသို့လုပ်ဖို့က အလွန်ခက်ခဲလှခြင်းကြောင့် မည်သို့ဖြေရှင်းရမည်ကိုသာ အာရုံစိုက်ခဲ့၏။ ဥပမာအနေဖြင့်ပြောရလျှင် သူသာ ‘ပုဂ္ဂလိကပိုင် နယ်မြေ’ပေါ်တွင်ရှိနေမည်ဆိုပါက အဆိုပါ ပုဂ္ဂလိကနယ်မြေကို ဖျက်ဆီးပစ်မှဖြစ်ပေမည်။
"ဟာ….သူ-သူထွက်လာပြီ"
"ဒီခွေးကတော့ကွာ..."
သို့သော် ထိုသို့ဖျက်ဆီးဖို့ဆိုလျှင် အားကောင်းသောစွမ်းအင်ကို လိုအပ်၏။ အလွန်အားကောင်းသောစွမ်းအင်ဖြင့်သာ ပုဂ္ဂလိကနယ်မြေကို တစ်ချက်ထဲ ဖျက်ဆီးနိုင်မည်ဖြစ်လေသည်။ ထို့ကြောင့်မလို့လည်း လီဟန်းဆောင်ကို အမြန်ဆုံး ဆင့်ကဲပြောင်းလဲနိုင်ရန် ကျနော်ကြိုးပမ်းခဲ့ခြင်းဖြစ်၏။
"အီးယား"
မြေအောက်တတိထပ်ဆီ ပြုတ်ကျသွားခဲ့သော လူများသည် နာကျင်စွာဖြင့် အော်နေကြသည်။
စစ်ဆင်ရေးက အောင်မြင်ခဲ့လေပြီ။
အစိမ်းရောင်နယ်မြေများမှာ ပျောက်သွားခဲ့ပြီး အိမ်ရှင်များလည်း သူတို့၏'အခန်းများ'ကို ဆုံးရှုံးသွားခဲ့၏။ ဂုံဖီဒူ၏မျက်နှာမှာ ဖုံတွေပေပွနေပြီး ကျနော်တို့ဘက်ကို လှမ်းကြည့်နေ လေသည်။ ဂုံဖီဒူတစ်ယောက် စကားပြောရန် ပါးစပ်ကိုဟလိုက်ချိန်မှာပဲ ဘီဟွန်း၏ အသံက ထွက်ပေါ်လာ၏။
[မင်းဘာလုပ်လိုက်တာလဲဟ။ ဂါး]
'တိတ်တိတ်နေစမ်း'
[ရူးနေတဲ့မအေဘေးကောင်။ မင်းကြောင့် ချွန်မူရိုက ဒိုကဲဘီတွေ တကယ်ကို စိတ်ဆိုးကုန်ပြီကွ။]
နက္ခတ်တွေဆီက မက်ဆေ့ချ်များ ကျနော့်ခေါင်းထဲ ‘တတောင်တောင်’ဖြင့် မြည်ကာ ပေါ်လာခြင်းကြောင့် ကျနော်ခေါင်းကိုက်သွားသည်။
['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် သင်၏ အန္တရာယ်ရှိပြီး မစဉ်းစား မဆင်ခြင် ပြုမူမှုကို သဘောကျနေပါသည်။]
['တရားမျှတမှု၏ ကတုံးပြောင်စစ်သူကြီး'နက္ခတ်သည် သင်၏ အာခံမှုကို သဘောကျနေ ပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် ပျက်ဆီးသွားပြီး အသံဗလံတွေ ဆူညံခဲ့ခြင်းကို သဘောကျနေပါသည်။]
[ဒင်္ဂါး ၃၀၀ကို ထောက်ပံလိုက်ပါသည်။]
"မ-မအေဘေး"
"သူတို့ကို သတ်ပစ်ကြဟေ့"
အိမ်ရှင်မဟာမိတ်အဖွဲ့သည် ကျနော်တို့ကို အော်ဆဲနေကြသည်။ လီဟန်းဆောင်နှင့် အတူ ပလက်ဖောင်းဆီသို့ ကျနော် ပြေးဆင်းသွားလိုက်၏။
[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]
[ဇာတ်ကောင်၏အကျဉ်းချုပ်]
အမည် : လီဟန်းဆောင်
သီးသန့်ဝိသေသလက္ခဏာ : တရားမျှမှုကို ပြန်လည်ရရှိသွားသောပုဂ္ဂိုဟ် (ရှားပါး)
အထူးစွမ်းရည် : မဟာတောင်ဖြိုတွန်းအား အဆင့် ၁ ၊ မဟာတောင်ဖြိုတွန်းအား အဆင့် ၂
သီးသန့် စွမ်းရည်များ : လှံစွပ်စွမ်းရည် အဆင့် ၂၊ ကိုယ်ရောင်ဖျောက်ခြင်း အဆင့် ၂၊ စိတ်ရှည်မှု အဆင့် ၁၊ တရားမျှတလိုစိတ် အဆင့် ၂၊ လက်နက်လေ့ကျင့်မှု အဆင့် ၃
လီဟန်းဆောင်၏ဆင့်ကဲပြောင်းလဲမှုမှာ အောင်မြင်ခဲ့သည်။ တိတိပပပြောရမည် ဆိုလျှင်တော့ ယခုမှ စတင်ခြင်းဖြစ်၏။ သို့သော် လီဟန်းဆောင်သည် မဟာတောင်ဖြို တွန်းအားကိုပင် သုံးနိုင်နေပြီမလို့ ကျနော်တို့အဖွဲ့၏ စွမ်းပကားသည် အလျင်အမြန် တိုးတက်လာပေတော့မည်။
"ဟန်းဆောင်….စောနက အကွက်ကို ဘယ်နှစ်ကြိမ်လောက်သုံးနိုင်မလဲ"
"...တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ သုံးနိုင်ပါတယ်"
လီဟန်းဆောင်သည် အသက်ကိုမောပန်းစွာရှုနေခြင်းကြောင့် အားအင်တွေ ကုန်ခမ်းနေပြီမှန်း သိသာလှ၏။
ထိုသို့ဖြစ်သည်က သဘာဝပင်။ မဟာတောင်ဖြိုတွန်းအားအထူးစွမ်းရည်သည် များပြားလှသော သက်လုံနှင့်မှော်စွမ်းအင်တို့ကို သုံးစွဲရသော အကြမ်းဆုံးစွမ်းရည် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အမျိုးအစားများထဲတွင် သန့်စင်သော ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို အသုံးပြုရသည့် မဟာတောင်ဖြို တွန်းအားထက် သာလွန်သော စွမ်းရည်များများစားစားမရှိချေ။
နေရာအနှံ့ကို လူစုခွဲပြီးထွက်သွားခဲ့ကြသော ကျနော့်အဖွဲ့သားများသည် ကျနော်တို့ထံ ပြေးလာကြ၏။ ရှေ့ဆုံးကနေ ပြေးလာသော ယူဆန်းအာကို ကျနော်မေးလိုက်သည်။
"ဖျက်လို့မရခဲ့တာတွေရှိသေးလား"
"အကုန်လုံးကို ဖျက်ခဲ့ပြီးပါပြီ"
"အခန်းတွေကို အခုလိုမျိုးဖျက်လို့ရမှန်းမသိခဲ့ဘူး။ မြေပြင်ကို ငါတို့တွေ အတူတူဆောင့်ရိုက်လိုက်ရုံနဲ့ အခန်းတွေက ပျက်သွားတယ်ဆိုပဲ"
ယောင်ဟီဝမ်က ပြော၏။
ယူဆန်းအာ၊ ယောင်ဟီဝမ်နှင့် လီဂီယောင်တို့သည် အစိမ်းရောင်နယ်မြေအသေးများကို ရှင်းထုတ်ခဲ့သည်။ အစိမ်းရောင်နယ်မြေအများစုသည် ဂုံဖီဒူ၏ အစိမ်းရောင်နယ်မြေနှင့် မတူဘဲ လူသုံးလေးယောက်လောက် ဆန့်၏။ အစိမ်းရောင်နယ်မြေအချို့သည် ရှင်းရှင်းလင်းလင်းရှိမနေသော်လည်း ကျနော့်အဖွဲ့သားတိုင်းက လိုက်ဖျက်ဆီးပေးခဲ့သည်။
[ဟေ့…ပြောတာကိုကြားလား။ မင်းအခုဘာဆက်လုပ်မှာလဲ]
တခြားတဖက်တွင်တော့ ဘီဟွန်းသည် 'ဒိုကဲဘီဆက်သွယ်မှုှ'ကနေတဆင့် အော်ပြောနေဆဲပင်။
'မင်းဘာတွေ တွေးပူနေတာလဲ'
[မင်းမေ့နေပြီလား။ ချွန်မူရိုမှာ ငါ့ချန်နယ်တစ်ခုပဲ ရှိတာမဟုတ်ဘူးကွ။ အခုလိုမျိုး လုပ်လိုက်ရင် ဘာဖြစ်လာနိုင်လဲ မင်းမသိဘူးလား]
သေချာပေါက်ကို ကျနော်သိ၏။ ဂုံဖီဒူဘက်ရှိနေသည့် ချန်နယ်က နက္ခတ်များသည် ယခုလောက်ဆိုလျှင် ရူးခါနေလောက်ပေပြီ။
‘ဂုံဖီဒူက ဘယ်ချန်နယ်မှာ ပါတာလဲ'
[...ဘီရုရဲ့ချန်နယ် BIR-3642မှာ ပါတာလေ]
'ဘီရုဆိုတာက မင်းအလုပ်ရှုတ်နေချိန်တုန်းက ရောက်လာခဲ့တဲ့ကောင်မလား'
[ဟုတ်တယ်။ အဲ့ဒီမအေဘေးပဲ]
'သူ့ချန်နယ်မှာအသင်းဝင်တွေက ဘယ်လိုမျိုးတွေလဲ'
[အဲ့ဒီကောင်ရဲ့ချန်နယ်က 'ပျော်ရွှင်မှုရှာခြင်း'နက္ခတ်တွေရဲ့နာမည်ကျော် ချန်နယ်လေ]
ဒိုကဲဘီတွေ၏ အဓိကတာဝန်မှာ စိတ်ကြည်ရွှင်မှုကိုရအောင် လုပ်ပေးခြင်းဖြစ်၏။ ထို့ကြောင့်မလို့လည်း ဒိုကဲဘီတွေ၏ ထုတ်လွှင့်မှုတွေက အစွန်းရောက်နေခြင်း ဖြစ်သည်။ ကောင်းပေသည်။ ထိုသို့ဆိုလျှင် ချန်နယ်ထဲက တုံ့ပြန်မှုသည် ထင်ထားတာ ထက်ပင် ပို၍လောင်မြိုက်နေလောက်၏။ လူတိုင်းက အချိုပေါ်သကလာောင်း အဖြစ်မျိုးသာ ကြုံချင်လှသည်။
ရထားလိုင်း ၄ကိုပြောင်းသည့် စြင်္က ံဆီသို့ လှေကားဖြင့် ကျနော်ဆင်းလိုက်ရာ စောင့်ကြိုနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူ၏ဓါးမှာ လေထဲတွင် ဝှေ့ယမ်းနေလေသည်။
"ဖျက်ပြီးပြီလား"
"အင်း။ လွယ်လွယ်လေးပါ"
လီဂျီဟယ်၏တာဝန်က လူငါးယောက်ကနေ ရှစ်ယောက်အထိ ဆန့်သော အစိမ်းရောင် နယ်မြေများကို ရှင်းထုတ်ခြင်းသာ။ ထိုတာဝန်ကို ယောင်ဟီဝမ်တစ်ယောက်ထဲ ဆောင်ရွက်ပါက လုပ်ဆောင်ရန်ခက်ခဲမည်မှာ သေချာ၏။ လီဂျီဟယ်သည် ယူဂျွန်ဟော့၏ သစ္စာရှိကျောင်းသူပီသသည့်အပြင် သူတော်စင်သူရဲကောင်းကြီး၏ ကိုယ်စားလှယ်လည်းဖြစ်သည်။ ယခုဆိုလျှင် ချွန်မူရို၌ အစိမ်းရောင်နယ်မြေများ မရှိတော့ပေ။
"အခုဘာဆက်လုပ်မှာလဲ။ ဟိုချီးထုတ်တွေက ဒေါသတကြီးနဲ့ ရောက်လာတော့မှာနော်။ အာ…ပြောရင်းဆိုရင်း ရောက်လာကြပြီ"
လီဂျီဟယ်သည် ကျနော့်နောက်ကိုကြည့်လိုက်ပြီး မျက်နှာရှုံ ့မဲ့သွားသည်။
"ရှင့်ကို ဒီတခါတော့ ကျမ မကူညီပေးတော့ဘူး"
"နင်ကူညီပေးဖို့မလိုပါဘူး"
လီဂျီဟယ်ထွက်သွားသည်ကိုကြည့်ပြီး ယောင်ဟီဝမ် မျက်မှောင်ကြုတ်လိုက်၏။
"အဲ့ဒီကောင်မက ဘာဖြစ်ချင်နေတာလဲ"
ယခုမှတွေးမိသည်။ ယောင်ဟီဝမ်သည် လီဂျီဟယ်အကြောင်း မသိခဲ့ပေ။ သို့သော် ယောင်ဟီဝမ်ကို ရှင်းပြပေးဖို့ကလည်း အချိန်မရှိချေ။
[ဟားဟား…မင်းတော့ နာပြီ]
ဘီဟွန်း၏စကားနှင့်အတူ မက်ဆေ့ချ်တစ်စောင်၏အသံကို ကြားလိုက်ရတော့သည်။
[ဆုငွေဇာတ်ဝင်ခန်းတစ်ခု ပေါ်ပေါက်လာပါသည်။]
[ဆုကြေး ဇာတ်ဝင်ခန်း - သတ်ဖြတ်ရေးတာဝန်]
အမျိုးအစား - ဇာတ်ဝင်ခန်းအသေး
ခက်ခဲမှု - C
ပြီးမြောက်ရန်လိုအပ်ချက် - #BIR-3642ချန်နယ်မှ နက္ခတ်တွေသည် လူတစ်ယောက်ကို သတ်ဖို့တောင်းဆိုထားပါသည်။ ချွန်မူရိုဘူတာရှိ 'ကင်ဒေါ့ဂျာ'ကို ကျေးဇူးပြုပြီး သတ်ပေးပါ။
အချိန်ကန့်သတ်ချက် - ၁၀ မိနစ်
ဆုလာဘ် - ဒင်္ဂါး ၂၀၀၀
ကျရှုံးမှု - မရှိ
ဤဇာတ်ဝင်ခန်းမျိုးပေါ်လာမည်ဟု ကျနော်တွေးထားပြီးသားပင်။ အတော်ပင် ပျော်စရာကောင်းချေတော့မည်။ ယခုဆိုလျှင် ဤနယ်မြေထဲရှိ ကိုယ်စားလှယ် အားလုံးသည် ကျနော့်ကိုအမိဖမ်းရန်အတွက် စြင်္က ံပလက်ဖောင်း ၃တွင် စုဝေးကြ တော့မည်။ ယောင်ဟီဝမ်က ဘေးကနေ မေး၏။
"ဒေါ့ဂျာကို ငါသတ်လိုက်မယ်ဆိုရင် ဒင်္ဂါး ၂၀၀၀ ရမှာမလား"
"ဘာလို့လဲ။ နင်က ငါ့ကိုသတ်မလို့လား"
"အေး။ သတ်ချင်သတ်မှာပေါ့။ နင်သာ ငါ့ကိုဒင်္ဂါးနှစ်သိန်းပေးရင်တော့ မပြောတတ်ဘူး"
ဒင်္ဂါးနှစ်သိန်းက တန်ဖိုးဘယ်လောက်ရှိလဲကို ဒီမိန်းမ သိရောသိရဲ့လားဟ။
"ဒေါ့ဂျာ။ ကျုပ်နောက်မှာပဲ နေပါ"
လီဟန်းဆောင်သည် ကျနော့်ရှေ့သို့ထွက်လိုက်၏။ ယူဆန်းအာနှင့် လီဂီယောင်တို့က ကျနော့်ဆီ မည်သူမှ ဝင်မလာအောင် ကာပေးထားချိန်တွင် ယောင်ဟီဝမ်ကတော့ ကျနော့်ဘေးတွင် နေပေးနေသည်။ ကျနော့်ပတ်ပတ်လည်တွင် ကာကွယ်ပေးမှုတစ်ခုလို ဖြစ်တည်သွား၏။ ယောင်ဟီဝမ်က ပြုံးသည်။
"အခုငါ့အကြွေးကိုပြန်ဆပ်နိုင်တော့မယ်"
"ဒေါ့ဂျာ။ တနည်းနည်းနဲ့ ကျမတို့တွေကာပေးပါမယ်"
ရန်လိုနေသောလူများ ကျနော်တို့ ပတ်ပတ်လည်တွင် ပေါ်လာ၏။ ဒေါသထွက်နေသည့် အိမ်ရှင်များနှင့် အိမ်ငှားတို့သည် ဆုကြေးတာဝန်ကြောင့် အမှောင်ဖုံးကုန်ကြလေပြီ။ လက်နက်ကိုင်ထားသော လီဂီယောင်ကို ကျနော်လှမ်းကြည့်ပြီး ပြောလိုုသည်။
"မကြောက်နဲ့"
လီဂီယောင်၏ ပုခုံးကိုဖွဖွလေးပုတ်ပြီး ရထားလမ်းတွေဆီသို့ ကျနော်သွားလိုက်၏။
"ငါတို့တွေ ဒီကောင်တွေနဲ့တိုက်ခိုက်ဖို့မလိုဘူး"
ဤကဲ့သို့ဇာတ်ဝင်ခန်းမျိုးကို ကျနော်ဖတ်ဖူးသည်။ နှစ်ခါပြန်စစ်ဆေးကြည့်ဖို့ မလိုအောင်ပင် နောက်ပြန်ဆုတ်သူကြီး ယူဂျွန်ဟော့သည် ချွန်မူရိုကိုရောက်ရောက်ချင်း အစိမ်းရောင်နယ်မြေတွေကို ဖျက်ဆီးခဲ့ကြောင်း ဇာတ်လမ်းထဲတွင် ပါခဲ့သည်။
ထို့နောက်တွင်တော့ ယခုလိုမျိုး အခြေအနေ ဇာတ်လမ်းထဲတွင် ဖြစ်လာခဲ့၏။
[ဤဧရိယာရှိ အစိမ်းရောင်နယ်မြေအားလုံးမှာ ဖျက်ဆီးခံထားရပြီး အဓိက ဇာတ်ဝင်ခန်းမှာ ပျက်ဆီးသွားပါသည်။]
[ဇာတ်ဝင်ခန်း၏ကျန်ရှိသောအခြေအနေအရ ခက်ခဲမှုအဆင့်မှာ အလိုအလျောက် ပြောင်းသွားပါပြီ။]
[ဇာတ်ဝင်ခန်းအချက်အလက်များ အသစ်တိုးလာပါသည်။]
[အဓိကဇာတ်ဝင်ခန်း #၃ - အရေးပေါ်ကာကွယ်မှုှ]
အမျိုးအစား : အဓိက
ခက်ခဲမှု : B-
ပြီးမြောက်ရန် လိုအပ်ချက် : ဤဧရိယာထဲရှိ အစိမ်းရောင်နယ်မြေအားလုံးမှာ ဖျက်ဆီးခံထားရပြီး ဇာတ်ဝင်ခန်း၏ ကျန်ရှိသော ရက်များတွင် ဖန်တီးမည့် မကောင်းဆိုးဝါးများ ရုတ်တရက်ဆိုသလို သောင်းကျန်းနေပါပြီ။ ကျန်ရှိသောအချိန်အတွင်း မကောင်းဆိုးဝါးအုပ်ကြီး ရန်ကနေ အသက်ရှင်အောင်နေပါ။
အချိန်ကန့်သတ်ချက် : ၈ နာရီ
ဆုလာဘ် : ဒင်္ဂါး ၁၀၀၀
ကျရှုံးမှု : -
မူလတုန်းက ဤဇာတ်ဝင်ခန်း၌ အချိန်သုံးရက်ကျန်သေး၏။
ထိုသုံးရက်အတွင်း ဖန်တီးခံရမည့်မကောင်းဆိုးဝါးများသည် ယခုဆိုလျှင် တပြိုင်ထဲ ထွက်လာပါပြီ။ ပြောရလျှင် အလွန်ရိုးရှင်းလှ၏။
[အရေးပေါ်ကာကွယ်မှု စတင်ပါပြီ။]
ကာကွယ်မှုကစားပွဲ စတင်ပေပြီ။
"ဘာ-ဘာလဲဟ"
ကျနော့်နားကိုချည်းကပ်လာသည့် လူများ စတင်အော်ဟစ်ကြကုန်သည်။ ရထားစြင်္ကံတံခါးအပြင်ကနေ မကောင်းဆိုးဝါးတွေ၏ အသံကိုကြားနေရ၏။ မကောင်းဆိုးဝါးအုပ်ကြီးသည် ဒေါသထွက်နေသောလှိုင်းလုံးကြီးကဲ့သို့ ရွေ့လျား လာသည်။
"ရူးချင်စရာပဲ။ ဘာတွေလဲဟ"
ရထားစြင်္က ံပလက်ဖောင်း၃တစ်ခုလုံး ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားပေပြီ။ မကောင်းဆိုးဝါးတွေ ဘက်ပေါင်းစုံကနေ ဝင်လာချိန်မှာပဲ လူတွေ၏မျက်နှာအမူအရာမှာ ပြောင်းသွား၏။ ယခုဆိုလျှင် ဆုကြေးဇာတ်ဝင်ခန်းအကြောင်းကို မည်သူမှ ခေါင်းထဲမတွေးကြတော့ပေ။
ဂါး
တချို့သောဂရိုးများသည် ပြေးလာကြပြီး အိမ်ရှင်မဟာမိတ်အဖွဲ့သားများကို ကိုက်ခဲကုန်ကြသည်။ ဒေါသထွက်နေသောလူများ အော်ဟစ်ကုန်ကြ၏။
ယခုဆိုလျှင် တစ်ခုတည်းသော အခွင့်အရေးကိုရပေပြီ။ ကျနော့်အဖွဲ့သားတွေကို ကျနော်လှမ်းအော်ပြောလိုက်သည်။
"ရထားပြောင်းစီးတဲ့လမ်းကြောင်းဆီ သွားကြတော့"
ရထားပြောင်းစီးရာဆီသွားရာ လှေကားပေါ်သို့ ကျနော့်မိတ်ဆွေတွေနှင့်အတူ ခုန်တက်လိုက်၏။ အပေါ်ထပ်ကို ကျနော်တို့ရောက်ရှိချိန်မှာပဲ ကျနော်တို့၏လမ်းကို ပိတ်ထားသော လူများအား တွေ့လိုက်ရသည်။
"ဘာလဲဟ။ ရှေ့က ဖယ်စမ်း"
"မင်းတို့တွေ ပြုတ်ကျချင်နေကြတာလား"
အိမ်ရှင်မဟာမိတ်နောက်လိုက်တချို့ကို ကျနော်ကန်ထုတ်လိုက်ပြီး ဓါးကို ဆွဲထုတ်လိုက်၏။ အသန့်စင်ဆုံးဓါးစွမ်းအင်ကြောင့် ထိုလူတွေအံ့အားသင့်ကုန်ပြီး နောက်ကိုဆုတ်သွားကြသည်။
"အခြေအနေကို မင်းတို့တွေ နားမလည်သေးဘူးပဲ"
"ဘာ-ဘာဖြစ်တယ်"
"မင်းတို့တွေ အပေါ်ကိုတက်ရင်တောင် အသက်ရှင်ကြမှာမဟုတ်ဘူး"
ထိုလူတွေ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ယခုဆိုလျှင် အခန်းတစ်ခန်းမှ ရှိမနေတော့သဖြင့် ချွန်မူရိုထဲ၌ မကောင်းဆိုးဝါးတွေ၏ရန်ကနေ ဘေးကင်းမည့်နေရာဟူ၍ မရှိတော့ဟု ပြောလို့ရ၏။
"ငါတို့တွေ ဘာလုပ်သင့်လဲ"
"ဘာလုပ်သင့်လဲဟုတ်လား။ တိုက်ခိုက်ရမှာပေါ့ကွ"
"ပေါက်ကရတွေမပြောစမ်းနဲ့။ အခုလိုဖြစ်ရတာ မင်းတို့ကြောင့်ပဲ။ မင်းတို့တွေသာ ငါတို့ရဲ့အခန်းတွေကို မဖျက်ဆီးခဲ့ဘူးဆိုရင်… "
လှေကားပေါ်တွင် ယုံကြည်မှုဓါးကို ကျနော်သုံးလိုက်၏။
ချွမ်
"အား"
အသံကြီးတစ်သံထွက်ပေါ်လာပြီး လှေကားအလယ်သည် လူတွေနှင့်အတူ ပြုတ်ကျသွားသည်။ ကျနော့်လုပ်ရပ်က ရက်စက်သည်မှန်သော်လည်း ယခုလိုလုပ်မှကို ဖြစ်ပေမည်။
"လဖွတ်ပဲ။ နောက်ထပ်လှေကားကိုမြန်မြန်ရှာကြတော့။ မြန်မြန်သွားကြ"
ယခုလိုဖြစ်သွားလိမ့်မည်ဟု ကျနော်မထင်ခဲ့မိတာတော့ အမှန်ပဲဖြစ်၏။
လီဟန်းဆောင်သည် ပြေးထွက်သွားချေပြီ။ ကျနော်တို့တက်လာခဲ့ရာ လှေကားကို ဖျက်ဆီးပြီးသည့်နောက် လှေကားတစ်ခုသာ ကျန်တော့၏။ ထိုအချိန်တွင် စကားများ နေသော အသံနှင့် တစ်ခုခုပျက်ဆီးသွားသည့်အသံက အခြားတဖက်ကနေ ထွက်ပေါ်လာသည်။
"ချီး….အား"
စြင်္က ံပလက်ဖောင်း ၃ပေါ်တွင် ပိတ်မိနေသော လူတွေ၏ အော်သံကို ကြားနေရပေပြီ။ ကျနော့်နားသို့ လီဂျီဟယ်ရောက်လာပြီး မေး၏။
"ဦးလေးကြီး။ အခုဖြစ်ပျက်နေတာက ရှင်ပြောခဲ့သလိုလည်း မဟုတ်ပါလား။ ဒီအခြေအနေကို ဒီအတိုင်းကြည့်နေမယ်ဆိုရင်..."
"ငါသိပါတယ်"
ရုတ်ရုတ်သဲသဲဖြစ်နေသော အောက်ထပ်ကို ကျနော်ကြည့်လိုက်၏။ ကျနော်သာ ဒီအတိုင်းထွက်သွားမည်ဆိုပါက ထိုလူတွေအားလုံး အသတ်ခံထိပေလိမ့်မည်။ ထိုလူတွေသည် မကောင်းဆိုးဝါးတွေ၏သတ်ဖြတ်မှုကိုလည်းခံရနိုင်သလို အပေါ်ထပ်ကို တက်နိုင်ဖို့အတွက် အချင်းချင်းတက်နင်းဖို့ကြိုးစားနေခြင်းကြောင့်လည်း သေသွား နိုင်သည်။
ယခုလိုမျိုး ကျနော်ဖြစ်စေချင်ခဲ့သည်မဟုတ်ပေ။
[သီးသန့်စွမ်းရည် 'စာမှတ်'ကို ယခုအသက်သွင်းလို့ရပါပြီ။]
['ဇာတ်ကောင် စာမှတ်'များကို အသက်သွင်းလိုက်ပါပြီ။] ှ
[သုံးစွဲနိုင်သော စာမှတ်ကတ်ပြားများ : ၃ ခု]
[သုံးစွဲနိုင်သော စာမှတ်များစာရင်းအား ဖော်ပြပါသည်။]
[စာမှတ်ကတ်ပြားများတွင် ပါဝင်သူများ]
၁။ ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန် (နားလည်မှု ၃၅)
၂။ သံမဏိဓါး လီဟန်းဆောင် (နားလည်မှု ၆၅)
၃။ စွမ်းအားကြီးနိုင်ငံရေးသမား ချွန်အင်ဟို (နားလည်မှု ၂၀)
တတိယမြောက်စာမှတ်ကို ကျနော်အသက်သွင်းလိုက်၏။
[စာမှတ် နံပါတ် ၃ ကိုအသက်သွင်းလိုက်ပါပြီ။]
[စာမှတ်စွမ်းရည်အဆင့်နိမ့်သောကြောင့် အသက်ဝင်ချိန်တိုသွားပါသည်။]
[အသက်ဝင်ချိန် : ငါးမိနစ်]
[ဇာတ်ကောင်အား နားလည်မှုနည်းသောကြောင့် ဇာတ်ကောင်၏ စွမ်းရည်တချို့သာလျှင် အသက်သွင်းလို့ရပါသည်။]
[လှုံ့ဆောင်မှု အဆင့် ၂ကို အသက်သွင်းလိုက်ပါပြီ။]
ရုတ်တရက်ဆိုသလို ကျနော့်လျှာက သူ့အလိုလို အသက်ဝင်လာသည်ဟု ခံစားလိုက်ရ၏။ ချွန်အင်ဟိုလည်း ယခုကဲ့သို့ခံစားခဲ့ရမည်မှာ သေချာသည်။ အောက်ကိုကျနော် ငုံ့ကြည့်လိုက်၏။ ရုတ်ရုတ်သဲသဲဖြစ်နေသည့်လူများထဲတွင် လူလတ်ပိုင်းတစ်ယောက်ကို ကျနော်မြင်နေရသည်။
"ဟေ့…ဂုံဖီဒူ။ ခင်ဗျားဘယ်လောက်ကြာတဲ့အထိ အဲ့လိုကြီးရပ်နေဦးမှာလဲ"
ဂုံဖူဒီသည် ဒေါသထွက်စွာဖြင့် ကျနော့်ကိုစိုက်ကြည့်သည်။
"ဒီခွေးကတော့ကွာ…"
"အသက်ရှင်ဖို့အတွက် ခင်ဗျားလှုတ်ရှားဖို့လိုတယ်မဟုတ်ဘူးလား။ ခင်ဗျားသာ လှုတ်ရှားမယ်ဆိုရင် လူတိုင်းအသက်ရှင်ရမှာပဲ"
လှုံ ့ဆောင်မှုအစွမ်းသည် ကြောက်ရွံ့နေသောလူတိုင်း၏ နားထဲသို့ စီးဝင်သွားသည်။
"ဆ-ဆရာဖီဒူ"
"ဆ-ဆရာဖီဒူ။ ကျမတို့ကိုကယ်ပေးပါ"
ဂုံဖီဒူ၏မျက်နှာမှာ ရှုံ ့မဲ့သွား၏။ ကျနော်အတော်ပင်ခံစား၍ကောင်းနေသည်။ ဂူမိုဘူတာတုန်းက ချွန်အင်ဟိုလည်း ယခုကဲ့သို့ခံစားခဲ့ရလောက်မည်ထင်၏။
"တတိယမြောက်ဇာတ်ဝင်ခန်းက ခင်ဗျားထင်ထားသလောက် မခက်ပါဘူးဗျာ။ အခန်းတွေကို လူတိုင်းခေါင်းထဲမထည့်တော့ဘဲ ကာကွယ်ဖို့ကိုပဲ လုပ်ကြမယ် ဆိုရင်တောင် မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ဖို့ လူအင်အား လုံလုံလောက်ရှိပါတယ်"
ကျနော့်စကားမှာ တစ်ဝက်တော့မှန်၏။ ကျနော်ရောက်မလာခင်ကတည်းက ချွန်မူရိုရှိ လူများ စည်းလုံးခဲ့မည်ဆိုပါက သေခဲ့သည့်လူလည်း များများစားစားရှိခဲ့မည်မဟုတ်ပေ။ ပြောရမည်ဆိုလျှင် ဤဇာတ်ဝင်ခန်း၏ အကြီးမားဆုံးသော ထောက်ချောက်မှာ အစိမ်းရောင်နယ်မြေများသာ ဖြစ်၏။
"ဂုံဖီဒူသာ လူတွေနဲ့အတူတူ တိုက်ခိုက်ပေးရင် မင်းတို့အားလုံး အသက်ရှင်နိုင်တယ်"
အတူတူတိုက်ခိုက်သည့်လူများမှာ အသက်ရှင်နိုင်လောက်မည်ဖြစ်ပြီး ထွက်ပြေးသည့် လူများကတော့ သေကြရလောက်မည်ဖြစ်သည်။
[လီဂျီဟယ်၏နောက်ကွယ်က ထောက်ပံ့ပေးသူသည် သင်၏ထောက်ပြမှုကို လက်ခံပါသည်။]
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် ခေါင်းညိတ်နေပါသည်။]
"အခုဆိုရင် မင်းတို့တွေထွက်ပြေးစရာ အခန်းတွေရှိတော့တာ မဟုတ်ဘူး။ မင်းတို့တွေဟာ အိမ်ရှင်တွေ၊ အိမ်ငှားတွေဖြစ်ခဲ့ဖူးတာကို မေ့လိုက်ပြီး တိုက်ခိုက်ကြတော့။ မဟုတ်လို့ကတော့ မင်းတို့အားလုံး သေရလိမ့်မယ်"
အခြေအနေက အရေးကြီးလေလေ လှုံ့ဆော်မှု၏ အာနိသင်ကလည်း ပိုတိုးလေလေ ဖြစ်မည်ပင်။
"ချီးပဲ။ ဒီမအေဘေးကတော့ကွာ…"
"ဆရာဖီဒူ။ ကျေးဇူးပြုပြီး ကျနော်တို့ကို ကူညီပေးပါ"
အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် ဂုံဖီဒူ၏ ပတ်ပတ်လည်တွင် စုဝေးလိုက်ကြသည်။ ဂုံဖီဒူသာ ဤနေရာကနေ တစ်ယောက်ထဲ ထွက်ပြေးသွားမည်ဆိုပါက အိမ်ရှင်မဟာမိတ် အဖွဲ့မှာ ပြိုကွဲသွားမည်ဖြစ်၏။ နောက်ဆုံးတွင် ဂုံဖီဒူသည် ဆုံးဖြတ်ချက်ကို ချလိုက်၏။
"ချီးပဲ။ အားလုံး ဒီမှာလာစုကြ"
အောက်ထပ်ရှိလူများ ဂုံဖီဒူအနားတွင် စတင်စုဝေးကုန်ကြသည်။
"လက်နက်ဇုန်အသစ်ကိုတပ်ဆင်ဖို့ ငါ့အတွက်အချိန်လိုတယ်။ အားလုံးပဲ တောင့်ခံထားပေးကြပါ"
အဓိကသော့ချက်က ဂုံဖီဒူ၏လက်နက်ဇုန်ဖြစ်သည်။ သို့သော် လက်နက်ဇုန်ကို ရွှေးပြောင်းပြီး တပ်ဆင်လိုက်တိုင်း အချိန်ယူရသည့် အားနည်းချက်တော့ရှိ၏။
နေရာအနှံ့၌ သွေးတွေဖြာခနဲဖြစ်နေပြီး ခြေတွေ၊ လက်တွေပြတ်ထွက်သွားသဖြင့် အော်သံများ သောသောညံနေလေသည်။
"အား"
ထင်ထားသည့်အတိုင်းပင်။ ကာကွယ်ပေးနေခြင်းကနေ ပထမဆုံး ထွက်ပြေးသွားကြသူ များမှာ မဟာမိတ်အဖွဲသားများ မဟုတ်ဘဲ အိမ်ငှားများသာ ဖြစ်ကြ၏။
"ယူဆန်းအာ"
"ဟုတ်ကဲ့။ ကျမ တာဝန်ထားလိုက်ပါ"
ကျနော်ရှင်းပြဖို့ပင် မလိုချေ။ ယူဆန်းအာသည် ဘာလုပ်ရမည်ကို နားလည်ထားပြီး ဖြစ်၏။
ယူဆန်းအာ၏ချည်မျှင်သည် ရှည်ထွက်လာပြီး ထပ်ပြီးမတိုက်ခိုက်နိုင်တော့သည့် လူများကို စတင်ကယ်ပေးနေပေပြီ။ မည်သို့ပင်ဆိုစေကာမူ ဂုံဖီဒူအတွက် လက်နက်ဇုန်ကို တပ်ဆင်ဖို့ အချိန်ဆွဲပေးထားရန်သာ လိုတော့သည်။
"အ-အာ….ကျေး-ကျေးဇူးတင်ပါတယ်"
အိမ်ငှားများကို ချည်မျှင်ဖြင့် အပေါ်သို့ ဆွဲတင်လိုက်၏။
ကယ်တင်ခံရသည့်အိမ်ငှားများသည် ဒဏ်ရာရထားသည့်နေရာများကို အုပ်ကိုင်ထားပြီး တုန်ရင်နေကြလေသည်။ ထိုအချိန်တွင် လက်နက်ကိုင်ထားသည့်လူအချို့မှာ ကျနော့်ကို သေချာစိုက်ကြည့်နေကြ၏။ ထိုလူတွေကိုကျနော်ပြုံးပြပြီး ပြောလိုက်သည်။
"ဪ။ မင်းတို့တွေက ဆုငွေလိုချင်နေတာလား"
[ဆုကြေးဇာတ်ဝင်ခန်း၏အချိန်ကန့်သတ်မှုမှာ ကုန်ဆုံးသွားပါပြီ။]
[ကင်ဒေါ့ဂျာကိုသုတ်သင်ဖို့ဆုငွေထုတ်ထားသည်မှာ ပျက်ပြယ်သွားပါပြီ။]
"စိတ်တော့မကောင်းဘူးကွာ။ မင်းတို့တွေ အရမ်းနောက်ကျသွားပြီကွ"
"တောင်း-တောင်းပန်ပါတယ်"
ထိုအိမ်ငှားများသည် ရှက်ရွံ ့သွားပြီး လက်နက်တွေကို ပြန်သိမ်းလိုက်၏။ အောက်ဘက်နေ ဂုံဖီဒူ၏အသံက ထွက်လာလေသည်။
"ဖယ်ကြစမ်း"
['ဂုံဖီဒူ'ဇာတ်ကောင်သည် ပုဂ္ဂလိကပိုင် နယ်မြေ အဆင့် ၃ကို သုံးလိုက်ပါသည်။]
['ဂုံဖီဒူ'ဇာတ်ကောင်သည် လက်နက်ဇုန် အဆင့် ၄ကို အသက်သွင်းလိုက်ပါသည်။]
စက်သံတစ်သံကိုကြားလိုက်ရပြီးနောက် စက်သေနတ်ငါးလက်သည် မြေကြီးထဲမှာ ထွက်ပေါ်လာ၏။ အနီရောင်မှော်ကျည်ဆံများ တစ်ခဏအတွင်း အဆင်သင့် ဖြစ်သွားကာ စတင်ပစ်ခတ်တော့သည်။
ဒက် ဒက် ဒက် ဒက်
ကြွိ ကြွိ ကြွိ
မှော်ကျည်ဆံများ၏ အားပြင်းသောတိုက်ခိုက်မှုကိုခံလိုက်ရသဖြင့် မြေကြွက်တွေ၏ အော်သံများထွက်ပေါ်လာသည်။ ဂရိုးတွေလည်း ရပ်တန့်သွားကြ၏။ လူအုပ်ကြီးမှာ အော်ငိုကုန်ကြသည်။
"ထင်ထားတဲ့အတိုင်းကို ဆရာဖီဒူက အစွမ်းထက်လိုက်တာ"
"ဝါး"
ဂုံဖီဒူ ပီသလှချေသည်။ ကာကွယ်ရေးဇာတ်ဝင်ခန်းအမျိုးအစားတွင် တိုက်ခိုက်ရေး အာနိသင်ကောင်းသောလူထက်သာသည့် ကိုယ်စားလှယ်ဟူ၍မရှိဟု ပြော၍ရသည်။
မိစ္ဆာ ၁၀ပါးဟု ခေါ်ကြသည်မှာ အလကားမဟုတ်ချေ။
"မင်းတို့ချီးထုတ် ဆန်ကုန်မြေလေးတွေ ပျောက်ကွယ်သွားကြစမ်း"
ဒေါသထွက်နေသည့် ဂုံဖီဒူသည် ကျပန်းပစ်ခတ်နေ၏။ လီဟန်းဆောင်သည် လေးစားအားကျသောလေသံဖြင့် ပြောသည်။
"အတော်ကိုအစွမ်းကြီးမားတဲ့ အထူးစွမ်းရည်ပဲ မှော်စွမ်းအားတွေ ဒီလောက် အများကြီးကို သုံးနေရတာ အဆင်ပြေပါ့မလား"
"ဒါက အထူးစွမ်းရည်ကောင်းတစ်ခုဆိုတော့ ခဏလောက်တော့ အဆင်ပြေလောက် မှာပါ"
"ကျုပ်တို့တွေ သွားကူညီပေးသင့်လား"
"ဂုံဖီဒူတစ်ယောက်ထဲ ရင်ဆိုင်နိုင်ပါတယ်။ ကျနော်တို့သာ အောက်ကို ဆင်းသွားလိုက်မယ်ဆိုရင် ဂုံဖီဒူကြီး အာရုံပျက်သွားပြီး ပစ်ခတ်နေတာကို ရပ်မိသွားလိမ့်မယ်"
ဂုံဖီဒူ၏နောက်ကွယ်က ခံစစ်သခင်ထောက်ပံ့သူသည် ဤဇာတ်ဝင်ခန်းနှင့် အထူးသင့်လျော်လှသည်။ ထိုထောက်ပံ့သူသာ ဂုံဖီဒူကို ဆက်ပြီး ထောက်ပံ့ပေးနေ သရွေ့ ဂုံဖီဒူမှာ ဤနေရာတွင် သေသွားလောက်မည်မဟုတ်ချေ။ ထောက်ပံ့မှုတွေ ဆက်ရနေဖို့သာ လို၏။
ကျနော်ခြေဆန့်လက်ဆန့်ထိုင်ချပစ်လိုက်သည်။
"ငါတို့တွေ ခဏလောက်တော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြတာပေ့ါ"
"...အခုအချိန်က အနားယူအားဖြည့်ထားရမှာမလား"
ကျနော်နှင့်အတူူ လီဟန်းဆောင်လည်းထိုင်ချလိုက်သလို ကျန်အဖွဲ့သားများလည်း တစ်ယောက်ပြီးတစ်ယောက် စတင် အနားယူလိုက်ကြသည်။ ယောင်ဟီဝမ်က မေး၏။
"ကျေးဇူးပဲ။ ဒါနဲ့ ငါကောင်းကောင်းမအိပ်ခဲ့ရဘူး။ အခုအိပ်လိုက်လို့ရမလား"
"ရတယ်"
ဆယ်မိနစ်အကြာတွင် ယောင်ဟီဝမ်တစ်ယောက် မြေပြင်ပေါ်တွင်လဲလျောင်းကာ ဟောက်ပင်ဟောက်နေချေပြီ။ အိပ်လို့ရသည်ဟု ကျနော်ပြောခဲ့သည်မှာ မှန်သော်လည်း ယောင်ဟီဝမ်သည် မည်ကဲ့သို့များ လွယ်လွယ်ကူကူ အိပ်ပျော်သွားနိုင်သနည်းကို ကျနော်မသိတော့ပေ။
"ကျ-ကျမတို့တွေ အရမ်းကိုအချောင်ခိုသလိုများဖြစ်နေလား"
ယူဆန်းအာ၏လေသံက စိတ်ပူနေပုံပေါ်သည်။ အမှန်တကယ်လည်း တွေဝေစရာ ကောင်းလှပေသည်။ ဤကဲ့သို့သော ဇာတ်ဝင်ခန်းအခြေအနေမျိုးကို ကျနော်တို့တွေ မဖြတ်သန်းခဲ့ဖူးပေ။ကျနော်တို့တွေသည် ဒုက္ခတောထဲကနေ မသေရုံတမယ် ဖြတ်သန်းခဲ့ရသည့် ဇာတ်ဝင်ခန်းတွေနှင့်သာ ကြုံတွေ့ခဲ့ဖူးသည်ဟု ပြောရပေမည်။
"ကျနော်တို့တွေ မှန်ကန်တဲ့နေရာမှာ ရောက်နေတာလို့ပဲ တွေးလိုက်ပါ"
"ဒါဆိုရင် ဟိုဘက်ကလူတွေကျတော့ရော… "
"သူတို့တွေက မှားယွင်းတဲ့နေရာမှာရောက်နေကြတာလေ"
အောက်ဘက်ကလူတွေ အသက်ရှင်နိုင်ပါ့မလားဆိုသော အတွေးသည် ဂုံဖီဒူကြောင့် လုံးဝကို ကွယ်ပျောက်သွား၏။
ဒက် ဒက် ဒက်
"အားးးးး"
ဂုံဖီဒူတစ်ယောက် ပိုကောင်းသောဘဝ၌ရှင်သန်ခွင့်ရခဲ့သင့်ပေသည်။
"လီးပဲ။ လီးကောင်တွေ"
မရေမတွက်နိုင်သော မကောင်းဆိုးဝါးတွေအလယ်၌ ဂုံဖီဒူ၏အော်သံက ပဲ့တင်ထပ်သွား၏။