မိုလာမိုလာ (၃)
Vol. 3 Ch. 39
[‘လြှို့ဝှကျကြံစည်သူ’နက္ခတ်သည် သင်၏လုပ်ရပ်ကိုစိတ်ဝင်စားနေပါသည်။]
[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၂၀၀ထောက်ပံ့လိုက်ပါသည်။]
စုံစံစိကစားပွဲ၏အနိုင်ရရှိသူမှာ ချက်ချင်းပင် အဖြေပေါ်သွားသည်။ ယောင်ဟီဝမ်၏ မျက်နှာတွင်ကျေနပ်သော အရိပ်အယောင်များရှိနေချိန်တွင် လီဂီယောင်၏ မျက်နှာကတော့ အနည်းငယ်နီနေလေသည်။ လီဂျီဟယ်သည် စိတ်ပျက်သည့် အမူအရာဖြင့် ကြမ်းပြင်ပေါ်ထိုင်ချလိုက်၏။
“အဓိပ္ပါယ်မရှိလိုက်တာကွာ”
ကံမကောင်းစွာဖြင့် လီဂီယောင်၏စိတ်ကို ကျနော်မဖတ်နိုင်ခဲ့သောကြောင့် ဆေးရည်နှစ်ပုလင်းမှာ လီဂီယောင်၏လက်ထဲ ရောက်သွားတော့သည်။
“ကျနော့်ကို ဆေးရည်ပေးဖို့မလိုပါဘူးဗျာ”
“ယူမှာဖြင့်ယူလိုက်”
လီဂီယောင်သည် ချစ်ဖို့ကောင်း၏။ လီဂီယောင်၏ခေါင်းကို ကျနော်ပွတ်လိုက်သည်။
ထို့နောက်တွင်တော့ ယောင်ဟီဝမ်သည် ကိုယ်ခန္ဓာကြံ့ခိုင်မှု မြှင့်တင်ပေးသည့် ဆေးရည် နှစ်ပုလင်းကို အနိုင်ရရှိသွားပြီး ဆေးရည်ပုလင်းကို အပြုံးဖြင့် လက်ခံလိုက်သည်။
“ကျေးဇူးပဲ။ ငါ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုက အားနည်းတော့ အခုအချိန်အထိ မနည်းရုန်းကန်ခဲ့ရတာဟ”
နောက်ဆုံးတွင်တော့ မည်သည့်ဆေးရည်မှမရခဲ့သူဟူ၍ လီဂျီဟယ်တစ်ယောက်သာ ရှိတော့သည်။
“အခါ၂၀ကစားတာမှာ ၁၈ခါလုံး ကျမကို ရှင်ဘယ်လိုအနိုင်ယူခဲ့တာလဲ။ ရှင်လှည့်စားခဲ့တာလား”
“ငါကိုက စုံစံစိချတာမှာ တော်လို့ပါ”
“တကယ်ကြီး ရှင်အသဲမာတော့မှာလားဟင်။ ကျမကို တစ်ပုလင်းတောင် မပေးချင်ဘူးလား”
“နင့်ဘက်မှာ ယူဂျွန်ဟော့ရှိတာပဲလေ”
လီဂျီဟယ် ဂျီကျနေသည်ကို ကျနော်လျစ်လျူရှုလိုက်ပြီး ဆေးရည်တွေကို ကောက်သိမ်းလိုက်သည်။
လီဂျီဟယ်၏ တောက်ပသည့် ဓါးကိုယောင်ဟီဝမ်စိုက်ကြည့်ပြီး ဆူပုတ်နေသော လီဂျီဟယ်ပုခုံးကို ပုတ်လိုက်၏။
“ညီမလေး။ လောကကြီးမှာ တရားမျှတမှုဆိုတာ ရှိနေဖို့လိုတယ်လေ”
…………………………………………………………………………………………………………..
ဒက် ဒက် ဒက် ဒက်
ဤအသံသည် ရဟတ်ယာဉ်ဒလက်များဆီက အသံဖြစ်သည်။ လီဂီယောင်သည် အဝေးမှာရှိသော ဒိုင်နိုဆောကျွန်းကိုကြည့်ကာ မေး၏။
“အကိုကြီး။ ဒီကောင်ကြီးကို နောက်အထပ်ဆီ ကျနော်ယူသွားလို့မရဘူးလား”
ဓါးခုတ်ကောင်ကြီးသည် လီဂီယောင်၏ ပေါင်ပေါ်တွင်ထိုင်ကာ လီဂီယောင်ကို စကားပြောနေသည်။
“စိတ်တော့မကောင်းဘူးကွ။ ဒီကောင်ကြီးကို မင်းယူသွားလို့ရမှာမဟုတ်ဘူး”
လီဂီယောင်သည် ဝမ်းနည်းသည့်အမူအရာဖြင့် ဓါးခုတ်ကောင်ကိုဖက်လိုက်၏။
“ဂရုစိုက်ပါနော်။ တိုင်တန်အော”
ကွီ
လီဂီယောင်သည် ဓါးခုတ်ကောင်ကိုနာမည်ပင်ပေးထားသည်။ ကံဆိုးသည်မှာ ရုပ်ရှင်ရုံ မြေအောက်ခံတပ်တွင်ဖန်တီးထားသည့် မကောင်းဆိုးဝါးများမှာ နောက်တစ်ထပ်ဆီ သွား၍မရကြချေ။
ပစ္စည်းတွေကိုတော့ ယူသွားလို့ရ၏။ ဥပမာအနေဖြင့် ကျနော့်ဆီတွင်ရှိနေသော ပျမ်းမျှအဆင့်တိုးဆေးရည်တွေနှင့် ပစ္စည်းတွေကိုယူသွားလို့ရလေသည်။
[ဒိုင်နိုဆောဘုရင်ကြီး တီ-လွက်၏ DNAဆေးရည်]
ဤဇာတ်ကားကို ရင်ဆိုင်ဖို့ရွေးချယ်ထိုက်သည်မှာ ဤရွှေရောင်ဆေးရည်ကြောင့် ဖြစ်သည်။ ဤပစ္စည်းသည် နာရီဝက်ကြာသည်အထိ ပျမ်းမျှအဆင့်အားလုံးကို ၁၀စီ တိုးပေးနိုင်သည်။ ဤပစ္စည်းကို ရုပ်ရှင်ရုံမြေအောက်ခံတပ်တွင်သာ သုံး၍ရသော်လည်း ဤမြေအောက်ခံတပ်၏ နောက်ဆုံးအထပ်ကိုကျော်ဖြတ်ဖို့ဆိုလျှင် ဤပစ္စည်းမရှိဘဲ မဖြစ်နိုင်ချေ။
ယူဂျွန်ဟော့သည် ကျနော်ထင်ထားသည်ထက်ပင် အခြေအနေပိုဆိုးနေလောက်ပေပြီ။
လီဂီယောင်လွှတ်ပေးလိုက်သော ဓါးခုတ်ကောင်ကြီးသည် လေထဲတွင်ဝဲပျံသွားကာ ပြိုတော့မလိုဖြစ်နေသော မဟူရာကောင်းကင်ကြီးထဲ ဝင်သွား၏။
[ပထမဆုံး‘ဇာတ်ကားအပြီး စာတန်းထိုး’ကို ရောက်ရှိပါပြီ။]
[ဖျော်ဖြေသူ : ကင်ဒေါ့ဂျာ၊ ယောင်ဟီဝမ်၊ လီဂျီဟယ်၊ လီဂီယောင်]
[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၅၀၀ ရရှိပါသည်။]
မိုက်ကနဲတချက်ဖြစ်သွားပြီး ကျနော်တို့တွေ မြေညီထပ်ဆီပြန်ပြီး ရောက်သွားတော့သည်။ ကျနော်တို့လွတ်မြောက်လာပြီးသည့်နောက်တွင် နံရံပေါ်က ပိုစတာမှာလည်း ပျက်ဆီးသွားတော့၏။ ကျနော်တု့ိတွေ ရုပ်ရှင်ကို ဘေးကင်းစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြပေပြီ။ လီဂီယောင်ကတော့ ညည်းညူသည်။
“နောက်ထပ်အထပ်တချို့ကိုလည်း ဒီလိုမျိုးပဲ ကျော်ဖြတ်ရဦးမှာလား”
“ယူဂျွန်ဟော့က ရုပ်ရှင်တော်တော်များများကို ကျော်ဖြတ်ထားပြီးပြီမလို့ မင်းထင်ထားတာထက် ပိုမြန်တဲ့နှုန်းနဲ့ ငါတို့တွေ ကျော်ဖြတ်နိုင်မှာပါ”
ဓါတ်လှေကားမှတဆင့် ကျနော်တို့တွေ ဒုတိယထပ်သို့ တိုက်ရိုက်သွားလိုက်ကြသည်။ ဒုတိယထပ်ကစပြီး ရုပ်ရှင်ပြသရန်နေရာသာရှိသဖြင့် ကျဉ်းမြောင်းသော ရုပ်ရှင်ပြအခန်းသာ ရှိလေ၏။ ယောင်ဟီဝမ်က မေးသည်။
“ဘာမှလည်း ထူးခြားမလာပါလား”
ကျနော်တို့တွေ မည်မျှကြာကြာစောင့်စောင့်၊ ဒုတိယထပ်၏ပတ်ဝန်းကျင် အနေအထားက မပြောင်းချေ။ ကင်မရာတွေကိုလည်း မမြင်ရသလို၊ ရုပ်ရှင်ပိတ်ကားမှာလည်း စတင်ပြသခြင်းမပြုချေ။ ပတ်ဝန်းကျင်ကို သေချာလေ့လာကြည့်လိုက်ရာတွင် နံရံပေါ်ရှိပိုစတာအားလုံးမှာ ဆုတ်ပြဲနေကြောင်းကို တွေ့ရ၏။ လီဂျီဟယ်သည် တစ်စုံတစ်ခုကို သတိထားမိသွားတော့သည်။
“ပိုစတာမပြဲတဲ့ရုပ်ရှင်တွေပဲ အသက်ဝင်လာတာလား”
ပြဲနေသော ပိုစတာများအား တစ်ခုပြီးတစ်ခု ကျနော်လိုက်ကြည့်လိုက်၏။
ဒါရိုက်တာ Guillermo del Toroရိုက်ကူးသော ဧရာမရိုဘော့စက်ရုပ်ကြီးတွေ တိုက်ခိုက်ကြသည့် Pacific Rimရုပ်ရှင်။ ဆိုးရွားလွန်းလှပေသည်။ ဤပိုစတာသာ အကောင်းအတိုင်းရှိနေဦးမည်ဆိုပါက မာကျောလက်အိတ်များကို ဆုအဖြစ် ကျနော်ရနိုင်ပေ၏။
ဒါရိုက်တာ Christopher Nolaရိုက်ကူးသော Inceptionရုပ်ရှင်။ ဤပိုစတာပြဲနေသည်မှာ ကောင်းလှသည်။
“ဝိုး…ဒီရုပ်ရှင်ကိုကြည့်ချင်လိုက်တာ”
လီဂျီဟယ်ကြည့်နေသည့် ရုပ်ရှင်ပိုစတာကို ကျနော်ကြည့်လိုက်၏။
“နင်က စူပါဟီးရိုးတွေကို သဘောကျတာလား”
“အင်း”
“ဒီရုပ်ရှင်ကို ရင်ဆိုင်ခွင့်မရတာ ကံကောင်းတာဟ။ နို့်မို့ဆိုရင် ဒီရုပ်ရှင်ကို ရင်ဆိုင်ပြီးတာနဲ့ စူပါဟီးရိုးတွေကို နင်မုန်းသွားလိမ့်မယ်”
“…”
ပြဲနေသော ပိုစတာပေါ်တွင် အစိမ်းရောင်မကောင်းဆိုးဝါးတစ်ကောင်သည် ကျနော်တို့ကို ကြည့်နေသကဲ့သို့ ဟိန်းဟောက်နေလေသည်။ ထို့နောက်တွင်တော့ တတိယထပ်သို့ ကျနော်တို့တွေ သွားလိုက်ကြ၏။
“ဒီမှာလည်း အတူတူပဲ”
တတိယထပ်ရှိ ရုပ်ရှင်ပိုစတာအားလုံးမှာလည်း ပြဲစုတ်နေကြပေပြီ။ ယူဂျွန်ဟော့သည် ဤအထပ်ကို သေချာရှင်းလင်းသွားခဲ့၏။ ဤအထပ်ရှိရုပ်ရှင်တော်တော်များများသည် အန္တရာယ်များလှသည့် ရုပ်ရှင်တွေဖြစ်ကြသည့်မလို့ ယူဂျွန်ဟော့ ရှင်းလင်းပေးသွားသည်က ကံကောင်းသည်ဟု ပြော၍ရသည်။
ဒါရိုက်တာJames Wongရိုက်ကူးသော Final Destinationရုပ်ရှင်။ ဒီရုပ်ရှင်ကို မအေဘေးယူဂျွန်ဟော့ ဘယ်လိုကျော်ဖြတ်ခဲ့တာလဲဟ။ ဒီရုပ်ရှင်က အကုန်ရှင်းပစ်ခံရတဲ့ရုပ်ရှင်လေ။
“ငါတို့တွေ အထပ်တွေကိုကျော်ဖြတ်နေတာက ငါထင်ထားတာထက်ကို မြန်နေသေးတယ်”
ယောင်ဟီဝမ်ကတော့ တက်ကြွသည့်အသံဖြင့်ပြောနေသော်လည်း ကျနော်ကတော့ အထပ်တိုင်းကိုကျော်ဖြတ်သည့်အချိန်တွင် စိတ်လှုတ်ရှားမိသည်။ ရုပ်ရှင်ရုံမြေအောက် ခံတပ်ကို ရှင်းလင်ဖို့ဆိုလျှင် ကံကောင်းဖို့လည်း လို၏။ အထပ်တိုင်းရှိ တချို့ပိုစတာများဆိုလျှင် Ways of Survivalဇာတ်လမ်းထဲတွင် သေချာမပါရှိခဲ့ချေ။ ယူဂျွန်ဟော့ကလည်း ရုပ်ရှင်တိုင်းကို မရှင်းလင်းခဲ့ပေ။
ကျနော်တို့တွေ စတုတ္ထအထပ်ကိုရောက်သည့်အချိန်တွင် စနစ် မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။
[သင်သည် စတုတ္ထထပ်သို့ ရောက်ရှိပါပြီ။]
ပိုစတာတွေကိုလိုက်ကြည့်ခွင့်မရခင်မှာပဲ အလင်းရောင်တစ်ခု ကျဆင်းလာလေသည်။ ယောင်ဟီဝမ်က လက်အုပ်ချီပြီး ဆုတောင်း၏။
"ကျေးဇူးပြုပြီး သရဲရုပ်ရှင်မဖြစ်ပါစေနဲ့ …"
ယောင်ဟီဝမ်ကို ကျနော်စိုက်ကြည့်လိုက်ရာ ယောင်ဟီဝမ်က ဆင်ခြေပြန်ပေးသည်။
"သရဲတွေဆိုတာ ဓါးနဲ့သတ်လို့မရလို့ပါ"
…သရဲရုပ်ရှင်နဲ့မကြုံချင်တာက ဒီအကြောင်းပြချက်ကြောင့်တဲ့လား။
[ပြသမှုစတင်ပါပြီ။]
နောက်ခံမြင်ကွင်းများပြောင်းလဲသွားပြီး ကျနော်တို့မျက်လုံးတွေကို ဖွင့်လိုက်သည့် အခါမှာတော့ လေတဟူးဟူးတိုက်ခိုက်နေသည့် သင်္ဘောတစ်စီးပေါ်တွင် ရောက်နေသည်အား တွေ့လိုက်ရသည်။
"ဒါက…"
ကျနော့်နှာခေါင်းထဲတွင် ပင်လယ်ရေနံ့ကို ရရှိနေပြီး ကျနော့်ရှေ့တွင်တော့ မိုးကုပ်စက်ဝိုင်းကြီးကို မြင်နေရလေသည်။ ပင်လယ်ပြင်မြင်ကွင်း၌ ကျနော်မျောပါသွားမိသည်။ နေ့တိုင်း နေ့တိုင်း ကျနော်အလုပ်လုပ်ခဲ့ရသဖြင့် ခရီးမထွက်ခဲ့ရသည်မှာ နှစ်နှင့်ချီပင် ကြာခဲ့လေပြီတကား။
"ဒါက ဘာရုပ်ရှင်လဲ"
ကျနော့်ဘေးတွင်တော့ ရှည်လျားသော ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည့် ယောင်ဟီဝမ်ရှိနေလေသည်။
ခရီးသည်တင်သင်္ဘောကြီးအတွင်းပိုင်း၌ တယောသံတစ်ခုက လွင့်ပျံနေပြီး စိတ်လှုတ်ရှားသောလူတွေ၏အသံကိုလည်း ကြားနေရ၏။ ဤမြင်ကွင်းသည် ရုပ်ရှင်တစ်ကားထဲက ကဗျာဆန်လှသော မြင်ကွင်းဖြစ်ပေသည်။
ဟာ….ဒီရုပ်ရှင်ကို ငါသိပြီ။
ထိုစဉ် လီဂျီဟယ်၏အသံကိုကြားလိုက်ရတော့သည်။
"အိုး။ ရုတ်တရက်ကြီး သင်္ဘောအရှိန်က မြန်သွားပါလား …"
နောက်သို့လှည့်ကြည့်လိုက်ရာ လီဂျီဟယ်ထိုးအန်နေသည်အား မြင်လိုက်ရ၏။ ယောင်ဟီဝမ်သည် လီဂျီဟယ်ဆီပြေးသွားပြီး ကျောကိုပွတ်ပေးသည်။ အကြာကြီး အန်ပြီးသည့်နောက်တွင် လီဂျီဟယ်က ပြော၏။
"ဟိုလေ…ကျမ လှိုင်းမူးနေလို့ပါ"
"ရပါတယ်။ အန်စရာရှိတာကိုသာ အန်လိုက်ပါ"
… ကျနော်သိချင်မိခဲ့တာကြာပေပြီ။ သစ္စာရှင်စစ်သူကြီးသည် အဘယ်ကြောင့် လီဂျီဟယ်ကို ရွေးချယ်ခဲ့ရသနည်း။ ဝတ္ထုကိုကျနော်ဖတ်ခဲ့သော်လည်း အကြောင်းအရင်းကိုတော့ မသိချင်ခဲ့မိပေ။
"ဒါနဲ့ အမကြီး…ဒီရုပ်ရှင်မလား။ ဒီသင်္ဘောကြီးက ပင်လယ်ထဲနစ်သွားတော့မှာမလား"
"ဟုတ်မယ်ထင်တာပဲ"
"ဒါဆိုရင်… အမကြီးက မင်းသမီး'ကိတ်ဝင်းစလက်'နေရာ ရောက်နေတာပေါ့နော်"
ယောင်ဟီဝမ်ဝတ်စားထားသည်ကို အားကျသည့်အကြည့်ဖြင့် လီဂျီဟယ်ကြည့်ပြီး ကျနော့်ကို လှမ်းကြည့်၏။
"ဒါဆိုရင် ဦးလေးကြီးက… မင်းသား ဒီကာပရီယိုပေါ့နော်။ ဝေါ့"
စကားဆုံးဆုံးချင်း ထအန်သဖြင့် ကျနော့်စိတ်ထဲ တင်းသလိုဖြစ်သွားမိသည်။
ထိုအချိန်တွင် လီဂီယောင်သည် ကျနော့်နောက်မှ ပေါ်လာ၏။
"အကိုကြီး"
လီဂီယောင်သည် သပ်သပ်ရပ်ရပ်ဝတ်စားထားသည်။ သူ၏ဝတ်စားထားပုံကို မြင်ဖူးသလိုတော့ ရှိ၏။ မည်သို့ပင်ဆိုစေကာမူ လူစုံပေပြီ။
"အချိန်မရှိတော့ဘူး"
သင်္ဘောကြီး ယခုနစ်မြုတ်လေပြီ။ ကံဆိုးစွာဖြင့်ပင် Ways of Survivalဝတ္ထုထဲတွင် ဤရုပ်ရှင်ကိုဖြေရှင်းနည်း မပါရှိခဲ့ပေ။
တိုက်တန်းနစ်ရုပ်ရှင်ကို ငါတို့တွေ ဘယ်လိုအောင်မြင်စွာကျော်ဖြတ်ရမလဲ။ ပင်လယ်ကြီးနဲ့တိုက်ခိုက်ရမှာလား။
လီဂျီဟယ်ဆီကနေ စကားသံအရင်ဆုံးထွက်လာ၏။
"သင်္ဘောကြီးက ဘာပဲဖြစ်ဖြစ် နစ်သွားမှာပဲလေ။ ကျမတို့တွေက သင်္ဘောကြီးနဲ့အတူတူ လိုက်ပြီးနစ်သွားရမှာလား"
"ဒါက နည်းနည်းတော့ …"
စိတ်ရှုတ်စရာတော့ကောင်းလှသည်။ ရုပ်ရှင်ထဲတွင် ချေမှုန်းရမည့်ရန်သူရှိနေခြင်းကပင် ပိုကောင်းသည်ဟုပင် ထင်လာမိသည်။
"လူဆိုးအကိုကြီးကို လိုက်ရှာကြရအောင်"
ဤသည်က လီဂီယောင်၏ထင်မြင်ချက်ပင်။ ဤရုပ်ရှင်ထဲတွင် သိသာထင်ရှားသော လူဆိုးတစ်ယောက်ပါခဲ့သည်လော ကျနော်မသိခဲ့သော်လည်း ဘာမှစဉ်းစား၍ မရတော့သည်မလို့ လီဂီယောင်ပြောသည့်အတိုင်း လိုက်လုပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
"လူဆိုးကောင်ကို ရင်ဆိုင်ကြတာပေါ့"
ကျနော်တို့တွေ စတင်လှုတ်ရှားကြပေပြီ။ သို့ပေငြားလည်း ဤရုပ်ရှင်၏လူဆိုးကောင်က မည်သူဖြစ်မည်နည်း။ နောက်ဆုံးတစ်ခေါက် တိုက်တန်းနစ်ရုပ်ရှင်ကို ကျနော် ကြည့်ခဲ့ချိန်တုန်းကတော့ သတိမထားမိခဲ့ချေ။ သို့သော် ကျနော်အကြာကြီး စိတ်ပူဖို့ မလိုခဲ့ဟု ပြော၍ပင် ရသည်။ လူဆိုးကောင်သည် ကျနော်တို့ကို လာရှာပေပြီ။ သန့်ရှင်းသောဝတ်စုံကို ဝတ်ထားသည့် ယောက်ျားတစ်ယောက် ပေါ်လာခဲ့ပြီဖြစ်၏။
"ဂျက် ဒေါ်ဆန်"
ခဏနေပါဦး။ ဂျက် ဒေါ်ဆန်တဲ့လား။ အဲ့ဒါက မင်းသား ဒီကာပရီယိုသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်မလား။ ဒါပေမဲ့ အဲ့ဒီကောင်က ငါ့ကိုကြည့်နေတာမဟုတ်ဘူးပဲ။
"…ဘာလို့ငါ့ကိုဖမ်းရတာလဲ"
…လူဆိုးက ဒီကာပရီယာတဲ့လား။
ကျနော်သက်ပြင်းချပြီး လီဂီယောင်ကိုကြည့်လိုက်သည်။
ဤရုပ်ရှင်၏လူဆိုးဟုထင်ရသောလူကို ကျနော်တို့တွေ ဖမ်းဆီးခဲ့ပြီဖြစ်သော်လည်း ရုပ်ရှင်ရုံသခင်က မည်သို့မှ မတုန့်ပြန်ချေ။ ကြည့်ရသည်မှာ ဖမ်းဆီးရုံဖြင့် မလုံလောက်ခြင်း ဖြစ်မည်ထင်သည်။ တစ်ခဏခန့် ကျနော်တုန့်ဆိုင်းသွားပြီး စကားပြောလိုက်၏။
"ဒါဆိုရင်…"
"ဒီကောင့်ကို သတ်ပစ်ကြရအောင်"
လီဂျီဟယ်သည် ဓါးကိုဆွဲထုတ်ပြီး ချိန်လိုက်သည်။ ဖမ်းဆီးခံထားရသော လူကတော့ ကြိုးတုပ်ခံထားရသည့်ကြားက ရုန်းကန်နေချေပြီ။
"ရုပ်ရှင်ရုံသခင်က စိတ္တဇကောင်များလားဟ။ ဒီကောင့်ကိုအမြန်ဆုံးသတ်ပစ်ဖို့ လိုကိုလိုတာလား"
ကျနော်လည်း ထိုသို့သာ တွေးမိသော်လည်း သိပ်တော့မသေချာလှပေ။
Ways of Survivalထဲရှိ တခြားရုပ်ရှင်တွေထဲမှာလို သတ်ပစ်ခြင်းကသာ အဖြေဖြစ်နိုင်ပေသည်။
သို့သော် ယောင်ဟီဝမ်သည် ဖမ်းချုပ်ခံထားရသည့်လူကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်ပြီး မမျှော်လင့်သော စကားကိုပြော၏။
"ဒါပေမဲ့…ဒီလူက တကယ့်လူတစ်ယောက်နဲ့တူနေတယ်နော်"
"…ဟမ်"
"ဒါက ရုပ်ရှင်တစ်ခုဆိုပေမဲ့ ဒီလူကတော့ တကယ့်လူအစစ်တစ်ယောက်နဲ့ တူနေတာဟ"
လွန်ခဲ့သောရက်အနည်းလောက်က အားနည်းလူတွေကို ရှင်းလင်းခဲ့သည့် ယောင်ဟီဝမ်ဆီကနေ ဤသို့သောစကားထွက်လာခြင်းက အံ့အားသင့်စရာပင်။ သို့ပေငြားလည်း ယောင်ဟီဝမ် ပြောခဲ့ဖူးတာတော့ရှိ၏။
' ငါဟာ လူသတ်သမားတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့ ဆက်ပြီးသတ်ဖြတ်ချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ငါ…မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မသွားချင်ဘူး'
လီဂျီဟယ်က မေး၏။
"အမကြီး။ အခုအချိန်မှာမှ ဒီလိုစကားတွေဘာလို့လာပြောနေရတာလဲ။ ဒီလူကို အမကြီးက မသတ်ချင်ဘူးလား"
"ဟင့်အင်း။ အဲ့လိုမဟုတ်ပါဘူး …"
"လူတွေကိုကယ်တာက ကောင်းပါတယ်။ ဒါပေမဲ့ ဒီလူမသေဘူးဆိုရင် ကျမတို့တွေ သေရမှာလေ။ ကျမတို့တွေက အသက်ရှင်နေတဲ့လူတွေဆိုတာမှန်ပေမဲ့ ဒီလူကတော့ ဇာတ်ကောင်သက်သက်ပဲရှင့်"
ဇာတ်ကောင်တွေ…လီဂျီဟယ်၏စကားကြောင့် ကျနော့်စိတ်ထဲရှုတ်ထွေးသွားသည်။
ယောင်ဟီဝမ်က ကျနော့်ကိုကြည့်၏။
"…နင်ရော သူပြောသလိုပဲ ထင်တာလား"
"ဒီလူက တကယ့်'လူအစစ်'ဆိုရင်တောင်မှ လူဆိုးဖြစ်တာက ဖြစ်နေတုန်းပဲလေ။ ဒီလိုလူမျိုးကို သတ်တာက ဘာလို့မကောင်းရမှာလဲ"
လီဂျီဟယ်၏စကားများက မှန်ကန်လောက်ပေသည်။ ဤလူသည် ဤဇာတ်ကား၏ လူဆိုးတစ်ယောက်ဖြစ်လောက်ပြီး မကောင်းသည့်လုပ်ရပ်များကို လုပ်လောက်၏။ ထို့ကြောင့် ဤလူကိုသတ်ပစ်ဖို့က အဆင်ပြေလှသည်။
ရယ်ချင်စရာကောင်းလှစွာပဲ ဤစကားက Ways of Survivalထဲတွင် ယူဂျွန်ဟော့ အမြဲပြောလေ့ရှိသော စကားဖြစ်၏။
ကျနော်စကားပြောဖို့ ပါးစပ်ဖွင့်လိုက်ချိန်တွင် လီဟီဂျယ်သည် ဓါးကိုခပ်မြန်မြန် ဆွဲထုတ်လိုက်သည်။
"ဟာကွာ…ဘာတွေဖြစ်နေကြတာလဲ။ ဆရာက အခုလောက်ဆိုရင် အန္တရာယ်တွေ့နေလောက်ပြီနော်"
ဓါးခုတ်ချက်က ကျဆင်းသွားပြီး ဖမ်းချုပ်ခံထားရသောလူ၏ရင်ဘက်ကို ဖောက်ဝင်သွားကာ သွေးများဒလဟော ထွက်လာတော့သည်။
အမှန်တကယ်ပင် လက်တွေ့ဆန်လှလွန်းပေသည်။ ထို့နောက်တွင်တော့ စနစ် မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရတော့၏။
[ရုပ်ရှင်ရုံပိုင်ရှင်သည် ဤရုပ်ရှင်၏အဆုံးသတ်ပြောင်းလဲသွားမှုအား ကျေနပ်မှုရှိ ပါသည်။]
[သင်္ဘောသည် နောက်အထပ်ဆီသို့ ဦးတည်၍သွားပေးပါတော့မည်။]
"မြင်တယ်မလား။ ကျမ လုပ်တာမှန်တယ်လေ"
လီဂျီဟယ်သည် ဂုဏ်ယူစွာဖြင့်ပြော၏။
ဖြေရှင်းချက်က မမှားခဲ့သည်ကတော့ သိသာထင်ရှားလှပေသည်။ ရုပ်ရှင်ရုံသခင်သည် လီဂျီဟယ်၏ ဖြေရှင်းခဲ့ပုံကို အသိအမှတ်ပြုခဲ့ပြီး နက္ခတ်တွေကလည်း ကျနော်တို့၏ လုပ်ရပ်အတွက် ဒင်္ဂါးတွေကို ပေးလောက်ပေသည်။ ထိုဒင်္ဂါးများဖြင့် ကျနော်တို့ အသက်ဆက်၍ရလောက်၏။
ဤသည်ကား ဤကမ္ဘာကိုဖျက်ဆီးခဲ့သည့် အသက်ရှင်သန်ရေးနည်းလမ်းတစ်ခုပင်။
[ဒုတိယမြောက် 'ဇာတ်ကားအပြီး စာတန်းထိုး'ကို ရောက်ရှိပါပြီ။]
[ဖျော်ဖြေသူ : ကင်ဒေါ့ဂျာ၊ ယောင်ဟီဝမ်၊ လီဂျီဧယ်၊ လီဂီယောင်]
[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၅၀၀ ရရှိပါသည်။]
တိုက်တန်းနစ်ရုပ်ရှင်ဆီကနေ ဆုချသည့်ပစ္စည်းတစ်ခုကိုတော့ ကျနော်တို့ မရခဲ့ပေ။ ထို့နောက်တွင်တော့ ကျနော်တို့တွေ နောက်အထပ်ဆီသို့ သွားလိုက်ကြရာ စနစ်မက်ဆေ့ချ်၏ အသံထွက်လာတော့သည်။
[သင်သည် ဆုပေးအခန်းရှိရာ ပဉ္စမထပ်သို့ ရောက်ရှိသွားပါပြီ။]
စက်လှေကားပေါ်သို့ ကျနော်တို့တက်လိုက်ပြီးနောက်တွင် ဆုပေးအခန်းဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားပေပြီ။
"ဆုပေးအခန်းတဲ့လား။ ကြောက်စရာကောင်းတဲ့ရုပ်ရှင်တစ်ကားနဲ့ရင်ဆိုင်ရမှာ မဟုတ်ဘူးလား"
"ဒါက ပြပွဲခန်းမလေ။ ဒီနေရာမှာ ရုပ်ရှင်ထဲက အမှတ်တရပစ္စည်းတွေကို ပြသထားတယ်"
အမှန်တကယ်တန်းတွင် ထိုအချက်အား ကျနော်သိထားသော်လည်း မသိချင်ယောင်သာ ထပ်ပြီးဆောင်လိုက်၏။
ရုပ်ရှင်တွေထဲက အမှတ်တရပစ္စည်းမျိုးစုံမှာ ဖန်ပေါင်းချောင်တွေထဲတွင် ရှိနေလေသည်။ ရုပ်ရှင်မျိုးစုံမှ အဓိက ဇာတ်လိုက်တွေသုံးဆွဲခဲ့သော ဝတ်စုံတွေ၊ ပစ္စည်းတွေနှင့် ဇာတ်ဝင်ခန်းသုံးပစ္စည်းတွေကို ကျနော်တို့မြင်နေရ၏။ ရယ်ချင်စရာကောင်းသည်မှာ ထိုပစ္စည်းများသည် ယခုအချိန်တွင်တော့ အမှတ်တရပစ္စည်းသာသာ ဟုတ်မနေတော့ချေ။
ဖန်ပေါင်းချောင်တစ်ခုအနားသို့ ယောင်ဟီဝမ်သွားလိုက်ပြီး အံ့သြတကြီး ပြောလိုက်သည်။
"ဘုရားရေ။ ဒါကိုကြည့်စမ်းပါဦး"
[မိခါဇုခိ မုနဲချိခါဓါး – အတု]
A-အဆင့် ဓါး
ဖန်ပေါင်းချောင်ကိုကြည့်နေသော ယောင်ဟီဝမ်၏မျက်လုံးများမှာ အရောင်တွေ တောက်နေသဖြင့် ကျနော်ခေါင်းညိတ်ပြလိုက်သည်။
"နောက်ဆုံးတော့ နင့်အတွက် ဓါးကောင်းတစ်လက်ရသွားပြီပေါ့။ ဟီဝမ်"
"ဝိုး…"
ဤဓါးကိုတချက်လောက်ကြည့်ရုံဖြင့် ဓါးကောင်းတစ်လက်ဖြစ်မှန်း သိသာလှ၏။ ယောင်ဟီဝမ်ကိုင်ဆောင်ထားသည့် ဂရိုးဂျိုဓါးမှာ ဤဓါးကို ယှဉ်၍ပင်မရသည့်အပြင် လီဂျီဟယ်၏ ဓါးထက်လည်း အဆင့်မနိမ့်သော ဓါးဟု ပြော၍ရသည်။
ယောင်ဟီဝမ်သည် ဓါးကိုလက်ထဲကိုင်ကာ ဝှေ့ယမ်းကြည့်လိုက်၏။
"မိုက်လိုက်တာ။ ဓါးက ပေါ့ပြီး ဝှေ့ယမ်းလို့လည်း ကောင်းတယ်"
ယောင်ဟီဝမ်ကို ဤသို့ပုံစံမျိုးဖြင့် ကျနော်တစ်ခါမှမတွေ့ဖူးခဲ့ချေ။
['ယောင်ဟီဝမ်'ဇာတ်ကောင်သည် သင့်ကို အလွန်ကျေးဇူးတင်နေပါသည်။]
ကျနော်လုပ်ပေးခဲ့သည်က ပြောပလောက်သည့်ကိစ္စပင် မဟုတ်ခဲ့သော်လည်း ယောင်ဟီဝမ်ကတော့ ကျေးဇူးတင်နေလေပြီ။
ရုပ်ရှင်ရုံမြေအောက်ခံတပ်ကိုရင်ဆိုင်ရသည့် အဓိကရည်ရွယ်ချက်ကိုက ပဉ္စမအထပ်ရှိ ဆုပစ္စည်းများကို ရရှိရန်ဖြစ်သည်။ ရုပ်ရှင်ရုံမြေအောက်ခံတပ်သည် ဇာတ်ဝင်ခန်းများ၏ အစောပိုင်းကာလတွင် ပစ္စည်းကောင်းများကို ရယူရန် ကောင်းမွန်သောနေရာဖြစ်၏။ ယခုအချိန်တွင်တော့ ယောင်ဟီဝမ်သည် ဤဓါးကြောင့် အများကြီး ပိုအစွမ်းထက်လာပေတော့မည်။
[လူတစ်ယောက်လျှင် ဆုပစ္စည်းနှစ်ခုသာ ရယူခွင့်ရှိပါသည်။]
ယောင်ဟီဝမ်၏ ဓါးသည် 'ကြယ်အမွေအနှစ်'ပစ္စည်းကောင်းတစ်ခုမဟုတ်ဘဲ ရုပ်ရှင်အမှတ်တရပစ္စည်းတစ်ခုသာဖြစ်သော်လည်း တုပထားသော ဤဓါးတွင် မူလပစ္စည်း၏ သွင်ပြင်လက္ခဏာများရှိနေလေသည်။ A-အဆင့်ပစ္စည်းများကို အစောပိုင်းအဆင့်များတွင် ရယူဖို့က လွယ်လှသည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ရုပ်ရှင်အမှတ်တရပစ္စည်းများထဲတွင် ပစ္စည်းနှစ်ခုပျောက်နေခြင်းကြောင့် ယူဂျွန်ဟော့ကတော့ ဤနေရာကိုကျော်ဖြတ်သွားခဲ့သည်မှာ သေချာပေသည်။
"ကိုယ့်အတွက် ပစ္စည်းတွေကိုရွေးလိုက်။ တစ်ယောက်ကို ပစ္စည်းနှစ်ခုပဲ ရွေးခွင့်ရှိတာ ဆိုတော့ သေချာရွေးကြပါ"
ယူဆန်းအာသုံးလို့ရလောက်သည့်ပစ္စည်းကိုရွေးပေးဖို့ ယောင်ဟီဝမ်ကို ကျနော်ပြောလိုက်ပြီး လီဟန်းဆောင်အတွက်လည်း ပစ္စည်းတစ်ခု ကျနော်ရှာပေးလိုက်သည်။ ကျနော်ရှာပေးထားသည့်ပစ္စည်းကတော့ အသုံးဝင်မည့် ပုံပေါ်သည်။
[ဟယ်ရီကာစ်၏ဒိုင်း - တုပထားသောပစ္စည်း]
A-အဆင့် ဒိုင်း
ကောင်းမွန်လှပေသည်။ ဤပစ္စည်းသည် သံဒိုင်းအိုထက် အများကြီးပိုကောင်းသည့် ပစ္စည်းဟု ပြောလျှင်လွန်အံ့မထင်။ ဤဒိုင်းကိုသာ ပေးလိုက်ပါက လီဟန်းဆောင်တစ်ယောက် မျက်လုံးတွေအရောင်တောက်ပြီး ကျနော့်အပေါ် သစ္စာပိုရှိသွားလောက်မည်ကို တွေးကြည့်ရင်း စိတ်ထဲနွေးထွေးသွား၏။
စူပါဟီးရိုးတွေကိုသဘောကျသည်ဟုပြောသော လီဂျီဟယ်သည် အခန်းထောင့်က ပစ္စည်းတစ်ခုကို ဆွဲကိုင်ကြည့်ဖို့ ကြိုးစားနေလေသည်။
"အာ…ဘာလို့ဒါကို ငါက ‘မ’လို့မရရတာလဲ"
အနားသို့ကျနော်ကပ်သွားလိုက်၏။
ဟိုပစ္စည်းပဲ။
[Mjolnir(မျောနိအာ) – တုပထားသောပစ္စည်း]
A-အဆင့် တုံးသောလက်နက်
မိုးကြိုးနတ်ဘုရား သော်၏ တူပင်။ ဤပစ္စည်းသာ ကြယ်အမွေအနှစ်ပစ္စည်းအစစ်ဆိုပါက အလွန်ပင်ကြီးမားသောပစ္စည်းဖြစ်မည်မှာသေချာသည်။ မူရင်းပစ္စည်း၏ အရည်အသွေးမှာ ကောင်းမွန်လှခြင်းကြောင့် တုပထားသောပစ္စည်း၏ စွမ်းဆောင်နိုင်စွမ်းမှာလည်း ကောင်းမွန်မည်မှာ မလွဲဧကန်ပင်။
‘မ’၍မရသော တူကို မာန်ဖီပြီး ‘မ’ဖို့ကြိုးစားနေသည့် လီဂျီဟယ်ကို ကျနော် ကြည့်နေလိုက်သည်။
"ဒီပစ္စည်းက သင့်လျော်တဲ့လူပဲ သုံးလို့ရတဲ့ပစ္စည်းမျိုးမဟုတ်ဘူးလား"
"ချီး…ကျမက သင့်လျော်တဲ့လူမဟုတ်ဘူးလား"
ထိုအချိန်တွင် လီဂီယောင်သည် လီဂျီဟယ်၏နောက်ကနေပေါ်လာပြီး Mjolnir(မျောနိအာ)ကို လှမ်းကိုင်လိုက်၏။
"ဟေ့…ကောင်လေး။ အဲ့ဒီတူက ငါ့ဟာ …"
လီဂီယောင်၏လက်ထဲသို့ Mjolnir(မျောနိအာ)က ပေါ့ပါးစွာဖြင့် ပါလာသည်။ လီဂီယောင်သည် တူကိုဝှေ့ယမ်းပြီးနောက် ကျနော့်ကိုကြည့်လိုက်၏။
"အကိုကြီး။ ဒီတူကို ကျနော်ယူလို့ရမလား"
"အေး။ မင်းနဲ့ကြည့်ကောင်းပါတယ်"
လီဂျီဟယ်ကတော့ ကြက်သေ သေနေချေပြီ။
"ငါတစ်ယောက်ပဲ မပျော်နိုင်ပဲဖြစ်နေတာပါလား။ ငါပဲ မပျော်ရတာပါလား …"
လီဂျီဟယ်ကိုလျစ်လျူရှုလိုက်ပြီး ကျန်ရှိသောပစ္စည်းများကို ကျနော်ရှာလိုက်သည်။
ဘာပစ္စည်းတွေကျန်သေးလဲကြည့်ရသေးတာပေါ့။
[ပြင်ပစွမ်းအားဖြည့် ဝတ်စုံ – တုပထားသောပစ္စည်း]
A-အဆင့် ကာကွယ်ရေးအဝတ်အစား
အနာဂတ်တွင်မည်သို့ဖြစ်လာမည်ကို ကျနော်မသိသော်လည်း ကျနော့်၏ ကာကွယ်ရေးအပိုင်းတွင် အားဖြည့်ပေးခြင်းမှာ မမှားလောက်ပေ။ ထိုဝတ်စုံကို ကျနော်ဝတ်လိုက်သည်နှင့် ဝတ်စုံက ကျနော့်လက်တွေနှင့်ခြေထောက်တွေကို ရစ်ပတ်သွားသည်။
[ပြင်ပတိုက်ခိုက်မှုကနေ ရရှိမည့်ထိခိုက်မှုကို ၁၀%လျော့ချထားပါသည်။]
[ရန်သူကိုထောက်လှမ်းနိုင်သောစွမ်းရည် မြင့်တက်လာပါသည်။]
[သင်သည် ယခင်ကထက် ပိုမိုမြန်ဆန်သွားပါပြီ။]
အနည်းငယ်စိတ်ရှုတ်စရာကောင်းသော်လည်း ဝတ်စုံကိုမဝတ်ထားခြင်းထက်တော့ ပိုကောင်းလှသည်။ ဤမြေအောက်ခံတပ်၏အဆုံးတွင် စောင့်ကြိုနေသော တိုက်ခိုက်မှုကိုပင် ကျနော်တွေးမိနေချေပြီ။
ယခုဆိုလျှင် ပြင်ဆင်မှုများ ပြီးသွားပြီဖြစ်၏။
ဤမြေအောက်ခံတပ်တွင် သိသာထင်ရှားသော ပြောင်းလဲမှု ပေါ်မလာသေးသဖြင့် ယူဂျွန်ဟော့ အသက်ရှင်နေသေးသည်ကတော့ သေချာသည်။ ကျနော်တို့တွေသာ ဆဌမအထပ်ကို အမြန်ကျော်ဖြတ်နိုင်မည်ဆိုပါက သတ္တမအထပ်တွင် ယူဂျွန်ဟော့နှင့် ဆုံလောက်ပေမည်။ သတ္တမအထပ်တွင် မဆုံနိုင်လျှင်တောင် အဌမအထပ်ရှိ နောက်ဆုံးဆရာကြီးကို ယူဂျွန်ဟော့အသက်ရှင်လျက် ရင်ဆိုင်နေသည့်အချိန်တွင် ကျနော်တို့တွေ ဆုံနိုင်လောက်၏။
ယခု ကျနော်တို့၏ချီးထုတ်နောက်ပြန်ဆုတ်သောအကောင်ကို သွားခေါ်ရန် အချိန်တန်ပေပြီ။