← Chapters

မိုလာမိုလာ (၆)

Vol. 3 Ch. 42

မိုလာမိုလာ (၆)

Vol. 3 Ch. 42

"ဘာဖြစ်တယ်"

「 မင်းက ဘာလဲ 」

အတွေးထဲ၌ ရုတ်တရက်ကြီးပြောင်းလဲသွားခြင်းကြောင့် ကျနော်အံ့အားသင့်သွား မိသည်။ ကျနော့်စကားသံတွေကိုကြားပြီး ယူဂျွန်ဟော့ အသိစိတ် ပြန်ဝင်မလာသေးသည်ကတော့ သေချာပေပြီ။

ဘာတွေဖြစ်ကုန်တာလဲဟ။

ကျနော် အနည်းငယ်စိတ်ရှုတ်ထွေးသွား၏။ ဤကဲ့သို့ရလာဒ်မျိုးရလာဖို့ ရည်ရွယ်ပြီး ဤစစ်ဆင်ရေးကို ကျနော်လုပ်ခဲ့ခြင်းမဟုတ်ပေ။

['ရုပ်ရုပ်ရုံသခင်၏ပုံရိပ်'မှာ ဒေါသထွက်နေပါသည်။]

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'သည် 'ယူဂျွန်ဟော့'ဇာတ်ကောင်အပေါ်ထိန်းချုပ်မှုအား အားပိုစိုက်လိုက်ပါသည်။]

"အား"

ယူဂျွန်ဟော့၏အကြည့်များမှာ ခံစားချက်မဲ့သည့်အကြည့်အဖြစ် ထပ်မံပြောင်းသွား ချေသည်။

ဟုတ်ပေသည်။ မျှော်လင့်ချက်ကို ကျနော်ခံစားမိခဲ့သော်လည်း ယူဂျွန်ဟော့ ကိုယ်တိုင်နိုးထလာဖို့က ကျိုးကြောင်းဆီလျော်မှုမရှိလှချေ။ ကိုယ်တိုင်နိုးထလာမည် ဆိုပါက မိုလာငါးနေရာတွင် ယူဂျွန်ဟော့ ရှိနေမည်မဟုတ်။ ယူဂျွန်ဟော့တစ်ယောက် ကိုယ့်ကိုကိုယ် သတ်မသေခဲ့ရုံဖြင့်ပင် ကျနော်ဝမ်းသာလှပေသည်။ ယူဂျွန်ဟော့၏ဓါးဆီမှ မကောင်းသော အငွေ့အသက်မှာ တုန်ခါလာ၏။

['ယူဂျွန်ဟော့'ဇာတ်ကောင်၏ ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း'အစွမ်းမှာ ကြီးထွားလာ ပါသည်။]

ထိုအချိန်တွင် ယူဂျွန်ဟော့၏ ပေးပို့ခြင်း အထူးစွမ်းရည်ကနေ ရရှိသော စွမ်းရည်များမှာ ပိုမို အားကောင်းလာတော့သည်။ အဓိကဇာတ်ကောင်၏အရည်အချင်းကြောင့် ထိုကဲ့သို့ ဖြစ်လာခြင်းပင်။

ကျနော်ရုန်းကန်နေချိန်မှာပဲ အသန့်စင်ဆုံးဓါးစွမ်းအင်သည် ဖြည်းဖြည်းချင်း ပြိုကွဲသွား တော့သည်။ ထိုသို့ပြိုကွဲရခြင်းမှာ အသန့်စင်ဆုံးဓါးစွမ်းအင်၏ စွမ်းအင်များ ကုန်ခမ်းသွားခြင်းကြောင့်လော သို့မဟုတ် အရည်အချင်း ကွာဟမှု ကြီးမားခြင်းကြောင့်လောတော့ ကျနော် မပြောတတ်ပေ။

လီဂီယောင်ကို ကျနော်ကြည့်လိုက်၏။ လီဂီယောင်၏နှာခေါင်းထဲကနေ သွေးများစီးကျနေလေသည်။ အချိန်တန်ပေပြီ။

"ဂျွန်ဟော့"

ယနေ့အပြီးတွင် ယူဂျွန်ဟော့တစ်ယောက် အများကြီးအစွမ်းထက်လာလောက်သည်။ ယူဂျွန်ဟော့၏ဓါးကို တတ်နိုင်သမျှ ကျနော်တွန်းထုတ်လိုက်၏။

"မင်းကို ငါမေးခဲ့တာကို မှတ်မိသေးလား။ မင်းကိုထိုးလို့ရလားလို့ ငါမေးဖူးတယ်လေ"

ပင်ကိုအရည်အချင်းရှိခြင်း၌ ကွာဟချက်က ရှိနေသည်။ နောက်ထပ်နှစ်အနည်းငယ် ကြာလျှင် ယူဂျွန်ဟော့သည် ကျနော်မယှဉ်နိုင်လောက်သည်အထိ အစွမ်းထက်သွားတော့မည်ဖြစ်၏။

သို့သော် ယခုအချိန်တွင်တော့ ကျနော့်ထက် အများကြီးအစွမ်းမထက်သေးပေ။ အနည်းဆုံးတော့ ဤအခိုက်အတံ့တွင် ကျနော့်ထက် ယူဂျွန်ဟော့မှာ မသာသေးဟု ပြော၍ရ၏။

"ထိုးရဲရင်ထိုးကြည့်လို့ မင်းက ငါ့ကိုပြန်ပြောခဲ့သေးတယ်လေ။ မှတ်မိလား"

ကျနော်သာ ယခုလုပ်လိုက်မည်ဆိုပါက အနည်းဆုံးတော့ တစ်ခဏလောက်တော့….

[ယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါသည်။]

[မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး၏ အထူးအာနိသင်မှာ အသက်ဝင်လာပါသည်။]

[မကောင်းသောအငွေ့အသက်မှာ 'မီး'အဖြစ် ပြောင်းသွားပါပြီ။]

ပေါက်ကရနိုင်လောက်အောင်အစွမ်းထက်လှသော ဤကောင့်ကို ကျနော့် အသာစီးရနိုင်လောက်သည်။

မကောင်းသောအငွေ့အသက်ဓါး။ မကောင်းသောအငွေ့အသက်မီးသည် လေထဲကနေ ပေါ်ထွက်နေ၏။

ကျား

ရုတ်တရက်တိုက်ခိုက်လာမှုကြောင့် ယူဂျွန်ဟော့ အံ့အားသင့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ဓါး၏အစွမ်းမှာ သာမန်ထက်သာလွန်ထူးကဲ နေသည်ကို ယူဂျွန်ဟော့ခံစားမိခဲ့ခြင်းဖြစ်သည်။

[အထူးစွမ်းရည်'ဓါးတေးသံ'ကို အသုံးပြုလိုက်ပါသည်။]

ဓါးတေးသံသည် သစ္စာရှင်စစ်သူကြီးဂုဏ်ယူရသည့် တိုက်ခိုက်ရေးပိုင်းတွင် အစွမ်းအထက်ဆုံး အစွမ်းတိုးစွမ်းရည်ဖြစ်သည်။

[သင်၏ဓါးသည် သစ္စာရှင်စစ်သူကြီးချန်ထားရစ်သော စာလုံးများဖြင့် ပြည့်နေပါသည်။]

ဓါးတေးသံသည် ကိုယ်သီဆိုမည့်အပိုဒ်အပေါ်မူတည်၍ တိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင် အပြောင်းအလဲရှိလာမည့်စွမ်းရည်လည်းဖြစ်သလို လက်ရှိအချိန်တွင် ကျနော့်အတွက် အကောင်းဆုံးစွမ်းရည်တစ်ခုလည်းဖြစ်၏။

「 မြှားမိုးတွေရွာ၊ ဘက်ပေါင်းစုံက ကျည်တွေဆီမှ စစ်သူကြီးကိုကာကွယ်」

ကံကောင်းစွာဖြင့်ပင် ထိုအပိုဒ်သည် စစ်သူကြီးလီဆွန်ရှင်း၏ ဒိုင်ယာရီထဲမှ အပိုဒ်ဖြစ်နေ၏။

ကြီးမားသော မှော်စွမ်းအားတစ်ခုထွက်ပေါ်လာပြီး လောင်ကျွမ်းနေသော မကောင်းသောအငွေ့အသက်များမှာ ကျနော့်ဓါးတွင် ပေါင်းဆုံသွားတော့သည်။ ထိုပေါင်းဆုံသွားသော စွမ်းအားဖြင့် ယူဂျွန်ဟော့ထံ ကျနော်လွှဲခုတ်ပစ်လိုက်၏။

「 မိုးကြိုးမုန်တိုင်းသဖွယ် အရှုတ်အထွေး」

မကောင်းသောအငွေ့အသက်မီးတောက်မှာ မြှားပုံစံတွေအဖြစ်ပြောင်းသွားပြီး ယူဂျွန်ဟော့ထံ မြှားမိုးရွာသလို ရွာချလိုက်တော့သည်။

ဤတိုက်ခိုက်မှုမှာ မှော်စွမ်းအားများကိုအများအပြားသုံးစွဲရသောကြောင့် ရေရှည် သုံး၍တော့ မရချေ။ သို့သော်လည်း ယခုလောက်တိုက်ခိုက်ရုံဖြင့် လုံလောက်ပေသည်။

ရွှက် ရွှက် ရွှက်

"ယား"

ယူဂျွန်ဟော့၏တကိုယ်လုံးတွင် အနီရောင်ဒဏ်ရာအများအပြား ပေါ်လာလေသည်။

ဒင်္ဂါးများဖြင့်သာ တန်ဖိုးဖြတ်ပြီး နက္ခတ်တွေ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည့် ငရဲကျနေသကဲ့သို့ဖြစ်နေသော ဤကမ္ဘာတွင် ယူဂျွန်ဟော့ကို ကျနော် လိုအပ်သေးသည်။

ထို့ကြောင့်မလို့လည်း ယူဂျွန်ဟော့ကို ယနေ့ ကျနော်ကာကွယ်မှဖြစ်မည်ပင်။

ဟိုက်ယား

မီးတောက်မီးလျှံတွေ နေရာအနှံ့လောင်ကျွမ်းသွားချိန်တွင် ယူဂျွန်ဟော့တစ်ယောက် လှုတ်ရှား၍မရတော့ချေ။ ယူဂျွန်ဟော့၏ မီးခံနိုင်စွမ်းသည် သာမန်မီးများကိုသာ ခံနိုင်ရည်ရှိသောကြောင့် ယခုလိုမလှုတ်ရှားနိုင်ဖြစ်သွားခြင်းဖြစ်၏။ ဥယျာဉ်ထောင့်တွင် ထိုင်နေသော 'ရုပ်ရှင်ရုံသခင်'ကို ကျနော်ကြည့်လိုက်သည်။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'သည် သင့်ကို အလွန်အမင်း သတိထားနေပါပြီ။]

ယခုအချိန်သည် တစ်ခုထဲသောအခွင့်အရေးရသော အချိန်ဖြစ်၏။ အဝေးကနေပင် ရုပ်ရှင်ရုံသခင် လက်သီးတင်းတင်းဆုပ်ထားသည်ကိုမြင်နေရ၏။

ထို့နောက်တွင်တော့…

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် ပြန်လည်ကောင်းမွန်ခြင်း အဆင့် ၂ကို သုံးလိုက် ပါသည်။]

ချီးပဲ။ ယူဂျွန်ဟော့ဆိုတဲ့ကောင် ငါ့ကိုပြန်ပြီးတော့တောင် တိုက်ခိုက်တော့မှာပါလား။

ပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်သည် ယူဂျွန်ဟော့ မည်မျှပင် ပြင်းပြင်းထန်ထန် ထိခိုက်ထားပါစေ လုံးဝပြန်ကောင်းစေနိုင်သော တစ်နေ့ကိုတစ်ခါသုံး၍ရသည့် လုံးဝကိုမမျှတသော စွမ်းရည်ဖြစ်သည်။ ပေးပို့ခြင်းအထူးစွမ်းရည်ကြောင့် ပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်ကိုပင် ယူဂျွန်ဟော့သုံး၍ရနေချေပြီ။

ကျနော် မည်မျှမြန်မြန်ပြေးပြေး ဖီးနစ်နီအလျှင်အစွမ်းကိုသုံးထားသည့် ယူဂျွန်ဟော့ကိုတော့ ယှဉ်နိုင်မည်မဟုတ်ပေ။

ကျနော့်ရှေ့တွင်ရှိနေသော ရုပ်ရှင်ရုံသခင်အား ကျနော်လျစ်လျူရှုလိုက်ပြီး ယူဂျွန်ဟော့၏ ဓါးကိုလှည့်ရင်ဆိုင်လိုက်သည်။ ကျနော့်၏နောက်ဆုံးဝှက်ဖဲကိုသာ ယုံကြည်ဖို့တတ်နိုင်ပေတော့မည်။ အသားကုန် ကျနော်အော်ပြောလိုက်၏။

"ဂီယောင်"

ချွတ် ချွတ် ချွတ်

ကျနော်အော်ခေါ်လိုက်ချိန်မှာပဲ ကောင်းကင်ဘုံဥယျာဉ်၏ မျက်နှာကြက်တွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခုပေါ်လာတော့သည်။

မဟူရာအမိုးခုံးကိုဖုံးအုပ်ထားသည့် ခေါင်မိုးမှာ ပျက်ဆီးလာနေချေပြီ။ ကျနော့်ထံ ပြေးဝင်လာသော ယူဂျွန်ဟော့မှာ ရုပ်ရှင်ရုံသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သော်လည်း အံ့အားသင့်သည့်အကြည့်ဖြင့် မျက်နှာကို မော့ကြည့်လိုက်၏။

'ဝှက်ထားသောဇာတ်ဝင်ခန်း'တစ်ခုကိုကာရံထားသည့် အကာအရံမှာ ကျိုးပဲ့လာသည့် ကိစ္စက ပုံမှန်ဆိုလျှင် ဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။ သို့သော် 'ပုံမှန်မဟုတ်သော' တည်ရှိမှုတွေကတော့ ယခုကဲ့သို့ ကျိုးပဲ့အောင်လုပ်ဖို့က ဖြစ်နိုင်ပေသည်။

အဝေးတွင်ရှိနေသော နှာခေါင်းသွေးလျှံနေသည့် လီဂီယောင်သည် အော်ဟစ်လိုက်၏။

"အု-အုဝါး….အုဝါး …"

မကောင်းဆိုးဝါးတစ်ကောင်ကိုရင်ဆိုင်ဖို့ဆိုလျှင် တခြားမကောင်းဆိုးဝါးတစ်ကောင်ကို ဆင့်ခေါ်ဖို့လိုပေသည်။

ကွက်

ကြီးမားသောပိုးကောင်ကြီးတစ်ကောင်သည် အမိုးခုံး၏အက်ကွဲကြောင်းထဲကနေ ထွက်လာ၏။

ရွှက် ရွှက်

ပါးလျသော ဖန်သားတစ်ခုကဲ့သို့ အမိုးခုံးမှာ ကျိုးပဲ့သွားပြီး ခေါင်းမိုးမှာ နှစ်ခြမ်းကွဲသွားလေပြီ။ ရုပ်ရှင်ရုံသခင်သည် အလန့်တကြားဖြင့် ထအော်၏။ ဝှက်ထားသော ဇာတ်ဝင်ခန်းတစ်ခု၏ အကာအရံကိုဖျက်ဆီးနိုင်သော မကောင်းဆိုးဝါးကြီးမှာ ပိုးကောင်တို့၏ဘုရင် ဧရာမဓါးခုတ်ကောင်နှင့်ပင် တူလှသည်။

[အဆင့်အတန်း ၆ ပိုးကောင်ဘုရင် တိုင်တန်အော့တဲလွာ ပေါ်လာပါသည်။]

ထိုပိုးကောင်၏ပုံပန်းသွင်ပြင်ကို မြင်သူတိုင်း ကြက်သီးထသွားလောက်၏။ ထိုပိုးကောင်ကြီးသည် ရှေ့ရက်တွေတုန်းက အဆိပ်ရှိကြံ့ကြီးနှင့် တိုက်ခိုက်နေခဲ့သော မကောင်းဆိုးဝါးကြီးဖြစ်သည်။ လီဂီယောင်၏ ကွဲပြားသောဆက်သွယ်နိုင်စွမ်းကြောင့် ထိုပိုးကောင်မှာ ရောက်လာခြင်းဖြစ်၏။ လီဂီယောင်သည် ရယ်မောလိုက်သည်။

"ဟီးဟီး….တိုင်တန်အော့"

တိုင်တန်အော့တဲ့လား။ မဟုတ်မှလွဲရော….ပုံစံကတော့ ဒိုင်နိုဆောဇာတ်လမ်းထဲက ဓါးခုတ်ကောင်နဲ့တူပေမဲ့ သိပ်တော့မသေချာဘူး။

ကွက်

ကြီးမားသော ထိုဓါးခုတ်ကောင်သည် ရုပ်ရှင်ရုံသခင်ဆီ ပျံသန်းသွားရာ ယူဂျွန်ဟော့က ထိုဓါးခုတ်ကောင်ကြီးကို တားဆီးလိုက်၏။

['ယူဂျွန်ဟော့'ဇာတ်ကောင်သည် 'အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်မှု အဆင့်၄'ကို သုံးလိုက်ပါသည်။]

ခွပ်

ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီး ယူဂျွန်ဟော့၏ခန္ဓာကိုယ်မှာ ခေါင်မိုးအထပ်၏ကြမ်းပြင်ဆီသို့ ကျဆင်းသွားသည်။ သို့သော် ယူဂျွန်ဟော့က မတ်တပ်ရပ်နေဆဲပင်။

ခု ခု ခု

…ယူဂျွန်ဟော့သည် တကယ်ကိုကျိုးကြောင်းဆီလျော်မှုှမရှိလှသော မကောင်းဆိုးဝါး ဖြစ်၏။ သူ၏လက်ရှိစွမ်းရည်လောက်ဖြင့် အဆင့်အတန်း ၆ရှိသော သတ္တဝါကို ရင်ဆိုင်နိုင်လောက်မည်မဟုတ်သော်လည်း တန်ပြန်တိုက်ခိုက်မှုကိုပင် လုပ်ခဲ့သေး၏။

ဂါး

တိုင်တန်အော့တဲလွာသည် ယူဂျွန်ဟော့၏ တိုက်ခိုက်မှုကြောင့် အော်ဟစ်လိုက်ရသည်။ မထင်မှတ်ထားစွာပင် ယူဂျွန်ဟော့သည် အဆင့်အတန်း ၆ရှိသော ပိုးကောင်ဘုရင်နှင့် လက်ရည်တူယှဉ်နိုင်နေလေသည်။

ကျနော်နှင့်တိုက်ခိုက်ခဲ့ချိန်တုန်းက ယူဂျွန်ဟော့မှာ တစ်ခုခုကို မြင်တွေ့ခဲ့ခြင်းကြောင့်လည်း ဖြစ်လောက်၏။ ရုပ်ရှင်ရုံသခင်၏မျက်နှာမှာ ဖြူဖျော့နေရာမှာ သွေးရောင်ပြန်လွှမ်းလာသည်။ ယူဂျွန်ဟော့သည် အစွမ်းထက်လှပေသည်။ အခြေအနေက ရုတ်တရက်အပြောင်းအလဲတွေ များသွားခဲ့သော်လည်း ရုပ်ရှင်ရုံသခင်ကတော့ အနိုင်ရနိုင်လိမ့်မည်ဟု ယူဆနေပုံရသည်။

သို့သော် သူ၏ယူဆချက်မှာ မှားသွားခဲ့လေပြီ။ ရုပ်ရှင်ရုံသခင်သည် ကျနော့်ကို ကြည့်နေခဲ့သင့်၏။

ရုပ်ရှင်ရုံသခင်ထံ ကျနော်ထပ်ပြီးပြေးသွားလိုက်၏။ ကွဲပြားသောဆက်သွယ်နိုင်စွမ်းမှာ ကြာကြာခံတော့မည်မဟုတ်လောက်ချေ။ လီဂီယောင်ကို ဒီထက်ပိုပြီးနာကျင် မခံစားစေချင်တော့။

[ယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါသည်။]

ရုပ်ရှင်ရုံသခင်သည် ထိတ်လန့်စွာဖြင့် ကျနော့်ကိုသတိထားမိသွားပြီး အော်ဟစ်လိုက်၏။

ရုပ်ရှင်ရုံသခင်ပုံရိပ်

Ways of Survivalဇာတ်လမ်းအရဆိုလျှင် ဤဇာတ်ဝင်ခန်း၏နာမည်ခံဆရာကြီးကို နက္ခတ်တစ်ပါး၏ စိတ်နှင့်ဝိညာဉ်တို့ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အချိန်တွေ ကြာလာသည်နှင့်အမျှ အဆိုပါနက္ခတ်မှာ ယိုယွင်းပျက်ဆီးလာပြီး ဝှက်ထားသော ဇာတ်ဝင်ခန်း၏ ဆရာကြီးဖြစ်သွားခဲ့လေသည်။ ယိုယွင်းလာသည်မှာမှန်သော်လည်း ထိုဆရာကြီးသည် ယူဂျွန်ဟော့၏ စိတ်အကာအရံကိုတော့ဖောက်ဝင်နိုင်စွမ်း ရှိသေး၏။

နက္ခတ်တစ်ပါး၏ နတ်ဘုရားအကာအကွယ်ကိုရသောသူ။ သူ့ကိုအသာစီးရအောင် လုပ်နိုင်ခဲ့သူဟူ၍ မရှိခဲ့ချေ။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'သည် 'ပုံစံတူပုံရိပ်'ကို အသက်သွင်းလိုက်ပါသည်။]

ဤအစွမ်းမှာ တစ္ဆေ၏တစ္ဆေထောင်ချောက်ထက်ပင် ထင်ယောင်ထင်မှားအစွမ်း ပိုမိုမြင့်မားသော စွမ်းရည်ဖြစ်၏။

ပတ်ဝန်းကျင်ရှိလေဟာနယ်မှာ တွန့်လိမ်သွားပြီး ထင်ယောင်ထင်မှားပုံရိပ်မျိုးစုံ ထွက်ပေါ်လာသည်။

ထွက်ပေါ်လာသော မကောင်းဆိုးဝါးများသည် ပုံရိပ်ယောင်နှင့်ပင် မတူဘဲ လက်တွေ့ကျလွန်းလှ၏။

မြေကြွက်တွေ၊ ဂရိုးတွေ၊ တီ-လွက်နှင့် ကျနော်ရင်ဆိုင်ဖူးသော သတ္တဝါအားလုံး ကျနော့်ထံ ပြေးဝင်လာတော့သည်။ ရက်စက်လှသော သွားများနှင့် ကြမ်းကြုတ်လှသည့် အစွယ်များမှာ ကျနော့်ကိုတစစီလုပ်ပစ်ဖို့ ကြိုးစားနေကြသော်လည်း ကျနော်ကတော့ မရပ်တန့်ချေ။ ပြောရမည်ဆိုလျှင် ဤအရာတွေအားလုံးသည် အတုအယောင်တွေကြီးပဲမလို့ ကျနော်မကြောက်။ ဤသတ္တဝါတွေအားလုံးသည် တကယ်တည်ရှိနေကြခြင်းမဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်ထဲက စိတ်ကူးယဉ်အကောင်တွေသာ ဖြစ်ချေ၏။

ထို့နောက်တွင်တော့ ယုံကြည်မှုဓါးသည် ရုပ်ရှင်သခင်၏လည်ပင်းဆီ ရောက်သွားတော့၏။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'သည် 'စိတ်တိုက်စားခြင်း’ကို အသက်သွင်းလိုက်ပါသည်။]

စိတ်တိုက်စားခြင်းဆိုသည်မှာ ယူဂျွန်ဟော့အပေါ်အသုံးပြုထားသည့် အဆင့်မြင့် လှည့်စားစွမ်းရည်ဖြစ်သော်လည်း ကျနော့်တွင် Fourth Wallစွမ်းရည်ရှိနေခြင်းကြောင့် ကျနော်ကတော့ မကြောက်မိပေ။ သို့သော် ကျနော်စိတ်ထဲကို ထိုးဖောက်ဝင်ရောက်လာချိန်တွင်တော့ မထင်မှတ်ထားတာတစ်ခု ဖြစ်ပျက်လာတော့သည်။

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'မှာ ဒေါသထွက်နေပါသည်။]

အတ္တ၏အနက်နဲဆုံးနေရာဆီသို့ ထိုးဖောက်ဝင်ရောက်ခံလိုက်ရပေပြီ။

အတွေးမျိုးစုံမှာ စုဝေးလာပြီး Ways of Survival၏စာမျက်နှာများ အလိုလို တောက်လျောက် လှန်သွားတော့သည်။

–ဒါ-ဒါက ဘာတွေလဲ။ ဒါကြီးက…

များစွာသောစာတွေကနေ မှိန်ပျသောအလင်းရောင်တစ်ခုထွက်နေပြီး အမှောင်ထု ထဲတွင် မျောပါနေလေသည်။

ထိုစာများသည် ကျနော်ဖတ်ခဲ့သော Ways of Survival၏ အခန်းများပင်။

[သီးသန့်စွမ်းရည် 'Fourth Wall'မှာ အသက်ဝင်လာပါသည်။]

ကျနော့်စိတ်ကိုတူးဖော်မိချိန်တွင် ရုပ်ရှင်ရုံသခင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ ပတ်ပတ်လည်ရှိ ကြိုးမျှင်တွေကို ရုပ်ရှင်ရုံသခင်ကြည့်လိုက်ပြီး မျက်နှာမှာလည်း ဖြူဖျော့သွားလေသည်။

–မဟုတ်မှလွဲရော….မင်းက….အား….

ဤစကားမှာ ရုပ်ရှင်ရုံသခင်နောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။ ကျနော့်ကို တအံတသြဖြင့် ရုပ်ရှင်သခင်မှာ စိုက်ကြည့်နေခဲ့လေသည်။

ရုပ်ရှင်ရုံသခင်၏လည်ကို ယုံကြည်မှုဓါးဖြင့် ဖြတ်ပစ်လိုက်ချိန်တွင် မျက်စိကျိန်းလောက်သော အလင်းရောင်တစ်ခု ရုပ်ရှင်ရုံသခင်၏ကိုယ်ထဲကနေ ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပါး၏ အလင်းကိုထိမိသော သရဲတစ်ကောင်ကဲ့သို့လို့ပဲ ပြောရမလား၊ တားမြစ်ထားမှုှကို ချိုးဖောက်မိခြင်းကြောင့် အပြစ်ပေးခံရသကဲ့လို့ပဲ ပြောရမလား ရုပ်ရှင်ရုံသခင်မှာ ကြေမွသွား၏။

ရုပ်ရှင်ရုံသခင်သည် အစအနမကျန်ပဲ ဖျက်ဆီးခံလိုက်ရလေပြီ။

ကျနော့်လက်ကိုငုံ့ကြည့်ပြီး ကျနော်တွေဝေသွားမိ၏။

…ဘာဖြစ်သွားခဲ့တာလဲဟ

['ရုပ်ရှင်ရုံသခင်၏ပုံရိပ်'မှာ ပထမဆုံးအကြိမ် အသတ်ခံလိုက်ရပါသည်။]

[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၉၀၀၀ရရှိပါသည်။]

[ဝှက်ထားသော ဇာတ်ဝင်ခန်းပြီးဆုံးရန်လိုအပ်သောအခြေအနေကို ဖြည့်ဆည်းပြီးပါပြီ။]

[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၄၀၀၀ရရှိပါသည်။]

အဆိုပါမက်ဆေ့ချ်များထွက်ပေါ်လာ၏။ ကျနော်နောက်သို့လှည့်ကြည့်လိုက်ရာ ရုပ်ရှင်ရုံသခင်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားသည့် ယူဂျွန်ဟော့မှာ မြေကြီးပေါ်တွင် လဲနေလေသည်။

ကံကောင်းစွာဖြင့် ယူဂျွန်ဟော့ မသေခဲ့သလို ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို အလွန်အကျွံသုံးခဲ့သည့် လီဂီယောင်လည်း မသေခဲ့ပေ။

"အကိုကြီး…"

လီဂီယောင်ဆီ ကျနော်ပြေးသွားလိုက်ပြီး လီဂီယောင်ကို ဖက်ထားလိုက်၏။ လီဂီယောင်မှာ ခွန်အားတွေကုန်ဆုံးသွားပြီး ကျနော့်လက်ထဲတွင် ဖြူဖျော့နေချေသည်။

[ရုပ်ရှင်ရုံမြေအောက်ခံတပ်ကိုဖုံးလွှမ်းထားသော အကာအရံမှာ ပျောက်ကွယ်သွားပါပြီ။]

မျက်နှာကြက်ကိုကာထားသည့်အကာအရံမှာ ပျောက်သွား၏။ ပိုးကောင်ဘုရင်ကို ကျနော်ကြည့်လိုက်သည်။ ပိုးကောင်ဘုရင်မှာ နောက်လှည့်ပြီး ထွက်သွားခဲ့ချေပြီ။ ကြည့်ရသည်မှာ ပိုးကောင်ဘုရင်မှာ ဤနေရာ၌ဆက်နေရန်စိတ်မဝင်စားတော့သည့် ပုံစံ ပေါက်နေ၏။ စိတ်သက်သာရာရစွာဖြင့် ကျနော်သက်ပြင်းချလိုက်သည်။

ပြီးသွားချေပြီ။

"…နင်ဘာဖြစ်သွားသေးလဲ"

ယောင်ဟီဝမ်နှင့် လီဂျီဟယ်တို့မှာ ဒယိမ်းဒယိုင်ဖြင့် ထလာကြ၏။

"ငါဘာမှမဖြစ်ပါဘူး။ ဟီဝမ်ရော ဘာဖြစ်သွားသေးလဲ"

"ငါလည်းဘာမှမဖြစ်ပါဘူး။ ဂျီဟယ်လည်း အသက်အန္တရာယ်မရှိဘူး"

ယူဂျွန်ဟော့၏တိုက်ခိုက်မှုကို ခံခဲ့ရသည့် လီဂျီဟယ်၏ပါးစပ်မှာ ယောင်ယမ်းနေခြင်းကြောင့် စကားမပြောနိုင်ဖြစ်နေလေသည်။

[တတိယမြောက် အဓိကဇာတ်ဝင်ခန်းမှာ ပြီးဆုံးခါနီးနေပါပြီ။]

ကြည့်ရသည်မှာ အဆုံးသတ်ဖို့အချိန်တန်တော့မည်ပင်။

ခေါင်မိုးပတ်ပတ်လည်ကို ကျနော်ကြည့်လိုက်ရာ မိုးသောက်ယံအရုဏ်ဦး ထွက်ပေါ်လာပြီး ကောင်းကင်ကြီးလင်းလက်လာသည်ကို မြင်လိုက်ရ၏။ လီဟန်းဆောင်သာ ဤနေရာတွင်ရှိနေမည်ဆိုပါက အားလုံးဘေးကင်းစေဖို့ ဒူးထောက်ကာ ဆုတောင်းမိလောက်သည်။

ယောင်ဟီဝမ်၏အသံက ထွက်ပေါ်လာသည်။

"ဟာ…ဆိုးလ်မြို့ကြီးက… "

အရုဏ်ဦး၏မှိန်ပျသော အလင်းရောင်က ပျက်ဆီးနေသော မြို့ကြီးပေါ် ဖြာကျနေလေသည်။ အဝေးတစ်နေရာကနေ ပြင်းထန်သော ပေါက်ကွဲသံတစ်ခုကိုပင် ကျနော်ကြားမိလိုက်၏။ ယခုဆိုလျှင် အဆိပ်မြူတွေလည်း ရှိမနေတော့ချေ။ အဆိပ်ရှိကြံ့ကြီးမှာ ပြိုကျနေသောတိုက်အောက်တွင် ပိမိနေသည်။ လူတွေအချင်းချင်းတိုက်ခိုက်နေကြသည်ကိုလည်း လှမ်းမြင်နေရ၏။

ထိုလူတွေသည် ကျနော်တို့မတိုင်ခင် ဇာတ်ဝင်ခန်းပြီးဆုံးခဲ့သည့်လူများ ဖြစ်လောက်သည်။ မြင်နေရသည့်မြင်ကွင်းတစ်ခုလုံးမှာ ကြီးမားသော အမိုးခုံးကြီးတစ်ခုအောက်တွင် ပိတ်မိနေ၏။

ထိုအမိုးခုံးသည် ပျက်ဆီးတော့မည့်ပုံစံပေါက်နေသော ကြီးမားသည့် အကာအရံတစ်ခု ဖြစ်သည်။

လက်ရှိအချိန်တွင် ဆိုးလ်မြို့သည် ဖောက်မြင်ရသော အမိုးခုံးထဲ၌ သီးသန့်ဆန်ဆန် တည်ရှိနေ၏။

ယောင်ဟီဝမ်က ပြောသည်။

"တကယ်ကြီးကို…အားလုံးပြီးဆုံးတော့မှာပဲ"

မြင်နေရသည့်မြင်ကွင်းကို နောက်တခေါက် သေချာထပ်ကြည့်မိသည်။

Mino Soft ကုမ္ပဏီရှိလောက်ရာ ပြိုကျနေသော အဆောက်အဦးတွေဘက်ကို ကျနော်ကြည့်လိုက်၏။ ယူဆန်းအာကတော့ စိတ်ပျက်နေလောက်ပေသည်။ ယူဆန်းအာမှာ အလုပ်တွင် အလွန်ကြိုးစားသော လူတစ်ယောက်ဖြစ်ခဲ့၏။ လီဂီယောင်သည် ကျနော့်လက်ကို လာကိုင်လေသည်။

"မင်းသတိရလာပြီလား"

လီဂီယောင်သည် ခေါင်းညိတ်ပြပြီး ကောင်းကင်ဆီသို့ လက်ညှိုးထိုးပြ၏။

လီဂီယောင်ညွှန်ပြရာ အဝေးတစ်နေရာကနေ ဥက္ကာပျံတွေ ကျဆင်းလာနေလေသည်။ မူရင်းဇာတ်လမ်းအရဆိုလျှင် ထိုဥက္ကာပျံသည် အဓိကဇာတ်ဝင်ခန်း၏ ရှေ့ပြေးမြင်ကွင်းသာ ဖြစ်၏။

သို့သော် ယခုလက်ရှိမြင်နေရသော ဥက္ကာပျံအရေအတွက်က ယခင်ကထက် ပိုများနေသည်။

ဆိုလိုသည့်သဘောမှာ 'ခန်းမ'က သိပ်မကြာခင်တွင် ပွင့်တော့မည်သာ။

ဥက္ကာပျံတွေသည် ကမ္ဘာအနှံ့သို့ ကျဆင်းသွားလောက်၏။

ယောင်ဟီဝမ်က တအံ့တသြဖြင့်ပြောလေသည်။

"လှလိုက်တာ…"

ယောင်ဟီဝမ်ကတော့ မသိရှာပေ။ အဝေးတနေရာကနေ လှပစွာကျဆင်းနေသော ဥက္ကာပျံတွေသည် ကျဆင်းမည့်နေရာကလူတွေကို အိပ်မက်ဆိုးပေးမည့်အရာတွေသာ ဖြစ်၏။

ယခုဆိုလျှင် ပိုမိုကြီးမားသော ကပ်ဘေးကြီးတစ်ခုလာနေလေပြီ။

လီဂီယောင်သည် သေးငယ်သောလက်ကလေးနှစ်ဖက်ကို လက်အုပ်ချီပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်၏။ ယောင်ဟီဝမ်နှင့် လီဂျီဟယ်တို့သည်လည်း တခဏခန့် တိတ်ဆိတ်နေကြသည်။

သူတို့တွေလည်း ဆုတောင်းနေကြခြင်းဖြစ်လောက်၏။

ရယ်စရာတော့ကောင်းလှသည်။ အိပ်မက်ဆိုးတွေဖြစ်လာလောက်မယ့် တည်ရှိမှုတွေထံ ဆုတောင်းခြင်းမျိုးကို စကြဝဠာတစ်ခုလုံးတွင် လူသားတွေသာ လုပ်လောက်ပေသည်။

တစ်ခဏခန့်အကြာတွင် လီဂီယောင်သည် မျက်လုံးဖွင့်လိုက်ပြီး ကျနော့်ကို မော့ကြည့်၏။

"အကိုကြီးက ဆုမတောင်းဘူးလား"

လီဂီယောင်ကိုငုံ့ကြည့်ပြီး ကျနော်ပြန်ဖြေသည်။

"ငါဆုတောင်းပြီးပါပြီ"

"ဘာဆုတောင်းတာလဲ"

"ဂီယောင်။ တခြားလူ ဘာဆုတောင်းလဲမမေးရဘူးလေ"

ယောင်ဟီဝမ်သည် လီဂီယောင်ကို ဆူလိုက်၏။

ယောင်ဟီဝမ်၊ ယူဂျွန်ဟော့နှင့် ပြိုကျပျက်ဆီးနေသော ဆိုးလ်မြို့တို့ကို ကျနော်ထပ်ကြည့်မိသည်။

"ဝတ္ထုရဲ့နောက်ဆုံးဇာတ်သိမ်းခန်းကိုမြင်ချင်တယ်လို့ ဆုတောင်းတာပါ"

လီဂီယောင်သည် တွေဝေသောအကြည့်ဖြင့် ကျနော့်ကိုကြည့်လိုက်၏။

တိတ်ဆိတ်စွာဖြင့် ကောင်းကင်ကို ကျနော်ကြည့်မိသည်။ ဆိုးလ်မြို့အထက် ကောင်းကင်ယံတွင် အက်ကွဲကြောင်းလေးများ ရှိနေလေသည်။ နေထွက်လာသည်နှင့် ဒိုကဲဘီများသည် ငရဲအသစ်တစ်ခုကိုဖွင့်လှစ်ကြတော့မည်ပင်။

All Chapters