← Chapters

ပရောဟိတ်တို့၏ည (၅)

Vol. 4 Ch. 54

ပရောဟိတ်တို့၏ည (၅)

Vol. 4 Ch. 54

ဒိုင်းကာ၏အလွန်က မီးလျှံတွေကိုလှမ်းကြည့်ပြီးနောက် ကျနော့်ဘက်သို့လှည့်ကာ နံပါတ် ၁၁၆၈က မေးလိုက်သည်။

"ကျနော်ဘယ်သူလဲဟုတ်လား။ အကိုရုတ်တရက်ကြီး ဘာတွေပြောနေတာလဲ"

"ငါ့မှာ သူတော်စင်၏မျက်လုံးရှိတာကို မင်းမေ့နေတာလား"

အမှန်အတိုင်းဆိုရလျှင် ဤလူ၏အချက်အလက်များကို ကျနော်ကြည့်၍မရပေ။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဤလူနှင့်ပတ်သတ်သောအချက်အလက်များကို 'ဇာတ်ကောင်စာရင်း'တွင် ကြည့်ရှု၍ မရပါ။]

[ဤလူသည် 'ဇာတ်ကောင်စာရင်း'တွင် မပါပါ။]

ဇာတ်ကောင်စာရင်း၌ အသစ်ထပ်မံထည့်သွားထားသောလူနှင့် ထည့်သွင်းမထားသော လူတို့ကြား ဘာတွေကွာခြားသနည်း။ အကြောင်းအရင်းအတိအကျကို ကျနော်မသိသေးပေ။

သို့ပေသိ မည်သို့သောအကြောင်းအရင်းဖြစ်စေကာမူ ဤလူကိုလိမ်ညာဖို့က ခက်ခဲလှသည်မဟုတ်ပေ။

ဤလူသည် ကျနော့်ကိုယူဂျွန်ဟော့ဟု ထင်နေသောကြောင့် လွယ်လွယ်နှင့် လိမ်၍ရလောက်မည်ဖြစ်၏။

"အကိုယူဂျွန်ဟော့ သတိထားမိသွားမယ်လို့မထင်ခဲ့မိဘူး"

"မင်းက တမာန်တော်တစ်ပါးမလား"

"ဟုတ်ပါတယ်။ ကျနော်က တမာန်တော်ဖြစ်မှန်း အကိုသိထားပြီးသားပေါ့နော်"

လွယ်လွယ်ဖြင့်ဝန်ခံလိုက်သည်က ဤလူ၌ပိုမိုကြီးမားသော ရည်ရွယ်ချက် ရှိလောက်မည်ကို ပြသနေခြင်းဖြစ်၏။

"ဒါက ထောင်ချောက်ဆင်ထားတာပဲ။ အမှိုက်စ ပြဿာဒ်မီးလောင်ဖြစ်မှာစိုးလို့မလား"

"ဟားဟား….ဟုတ်ပါတယ်"

နံပါတ် ၁၁၆၈မှာပြုံးပြီး တခြားလူတွေကိုကြည့်နေသဖြင့် ကျနော်ပြောလိုက်သော စကားမှာ ရယ်စရာကောင်းသွားလားပင် သိချင်မိသည်။

"အမှိုက်တွေအများကြီးရှိနေရင် မလိုလားအပ်တဲ့ မီးတောက်​တွေက ပျော်ရွှင်သွားလိမ့်မယ်လေ"

ခြေချရာနေရာတစ်ခုကို ရှာမတွေ့ခဲ့သည့် ပရောဟိတ်များမှာ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ လောင်ကျွမ်းပြာကျနေချေပြီ။ ကြက်သီးထဖွယ် အော်သံတွေထွက်ပေါ်နေပြီး ပရောဟိတ်တွေသည် သိထားသော အချက်အလက်များနှင့်အတူ မီးလောင်နေပြီ ဖြစ်၏။ လုံလောက်သောအချက်အလက်မရှိဘဲ ကြယ်အမွေအနှစ်တစ်ခုကို ရယူဖို့ ကြိုးစားခဲ့သည့်အတွက် ပေးဆပ်လိုက်ကြရခြင်းဟုပင် ပြော၍ရနိုင်လောက်သည်။

"အမှိုက်တွေစုပုံမလာခင် အမှိုက်ပေါက်စတွေကို မင်းက သတ်ပစ်နေတာပေါ့"

"အမှိုက်ပေါက်စတွေဆိုတာက လွယ်လွယ်နဲ့ရှင်းထုတ်ပစ်လို့ရတယ်လေ"

ပြင်းထန်တဲ့အပူရှိန်မှာ လျော့ပါးသွားပြီး ပတ်ဝန်းကျင်၌ အခိုးအငွေ့များ ဖြစ်ပေါ်နေပေပြီ။ အကြွင်းမဲ့ဒိုင်းအကာမှာလည်း သိပ်မကြာခင်တွင် ပိတ်သွားတော့မည်ဖြစ်၏။

[နောက်တစ်မိနစ်ကြာလျှင် ခြေချရာနေရာများ၏တည်နေရာများကို ပြန်ပြီး ဖန်တီးပါ တော့မည်။]

ခြေချရာနေရာများ ၁၀ကြိမ်ပေါ်လာပြီးနောက် အသက်ရှင်အောင်နေနိုင်မည်ဆိုပါက ဝှက်ထားသောဇာတ်ဝင်ခန်းမှာ အဆုံးသတ်သွားမည်ဖြစ်သည်။ ကျနော်တို့တွေ တစ်ခေါက်သာကျော်ဖြတ်ပြီးသဖြင့် နောက်ထပ်ကိုးခေါက်ကျော်ဖြတ်ဖို့လိုသေး၏။

ခြေထောက်ကိုအားပြုကာ ဒိုင်းကာကို ဖိတွန်းထားဖို့ကျနော်ကြိုးစားလိုက်သည်။ အပူရှိန်မှာမြင့်မားနေသော်လည်း ဤဒိုင်းကာဖြင့် တောင့်ခံထားဖို့လုံလောက်ပေ၏။

–အကိုကိုယ်စားပြုခေါင်းဆောင်ကြီး

အဝေးကနေ ပြေးလာသောအဖွဲ့သားများကို မလာဖို့ လက်လှမ်းပြလိုက်၏။

ယခုအချိန်၌ ထိုလူများကိုဂရုစိုက်နေဖို့အချိန်မရှိချေ။

–မီးလျှံတွေရဲ့တိုက်ခိုက်မှုပုံစံက မှတ်ရလွယ်တာမလို့ ကိုယ့်ဘာသာကိုယ်ပဲ ကြည့်ရှောင်ကြတော့။ မင်းတို့တွေကို အခုအချိန်မှာ ငါမစောင့်ရှောက်ပေးနိုင်ဘူး။

ကျနော့်အဖွဲ့သားများမှာ တစ်ခုခုကိုသတိထားမိသွားပြီး ဆက်ပြီး ပြေးမလာကြတော့ချေ။

ကျနော့်ဘေးက တမာန်တော်ဆိုသည့်ကောင်၏ အစွမ်းကိုသေချာမသိသေးသရွေ့ ကျနာ်လူများကို ကျနော့်ဘေးတွင်ထားမည်ဆိုပါက အလွန်အန္တရာယ်များလွန်းလှ၏။

နံပါတ် ၁၁၆၈သည် ကျနော့်ကိုကြည့်ပြီး ပြောလိုက်သည်။

"ဗျာဒိတ်စာအုပ်မှာဖတ်ခဲ့တုန်းကနဲ့ မတူဘူးပဲ။ ဒါက အကို့ရဲ့တတိယအကြိမ် နောက်ပြန်ဆုတ်မှုရော ဟုတ်ရဲ့လား"

"တိတ်စမ်း။ မင်းက ဘယ်မှာလက်လျှော့ခဲ့တာလဲပဲဖြေ"

"ဟမ်။ ကျနော့်အကြောင်းသိချင်ရင် အကို့ဘာသာအကို စစ်ဆေးကြည့်ရင်လည်း သိလောက်မှာပဲလေ"

"ရိုးဖြောင့်တဲ့ကောင်ကိုပဲ ငါသဘောကျတယ်။ အပြင်ချိုပြီး အတွင်းကောက်ကောင်နဲ့ ငါအဆက်အဆံမလုပ်ချင်ဘူး"

တမာန်တော်ကောင်၏မျက်လုံးများမှာ ပြူးကျယ်သွား၏။

"စိတ်ဝင်စားစရာပဲ"

"မင်းကိုမင်းဘယ်သူပါလို့လွယ်လွယ်နဲ့ဝန်ခံခဲ့တာက အကြောင်းတစ်ခုခုတော့ ရှိလို့ဆိုတာ သေချာတယ်"

သာမန်နဂါး၏အမြီးမှာ လေထဲမြောက်တက်သွားပြီး ကျနော်တို့ရှိရာနေရာဆီသို့ ကျဆင်းလာ၏။ လျှင်မြန်မှုအဆင့် ၃၀ကျော်ရှိသဖြင့် လွယ်လွယ်လေး ကျနော် ရှောင်လိုက်နိုင်သည်။ နံပါတ် ၁၁၆၈၏ သွက်လက်မှုမှာလည်း အံ့အားသင့်ဖို့ ကောင်းလှပေသည်။

ရုပ်ရှင်ရုံမြေအောက်ခံတပ်တုန်းက ရရှိခဲ့သော တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်းကို ကျနော်သုံးလိုက်၏။ ဇာတ်ကောင်စာရင်းထဲမပါသောသူများနှင့် ဆုံရပြီဆိုလျှင် ဤစွမ်းရည်ကိုသုံးဖို့ ကျနော်ရည်ရွယ်ထားခြင်းဖြစ်လေသည်။

ထိုလူ၏ ချွေးထွက်နှုန်း၊ အမြန်နှုန်း၊ အသက်ရှူနှုန်းတို့အရ ရုပ်ပိုင်းဆိုင်ရာ ပျမ်းမျှအဆင့်မှာ ၄၉နှင့်၅၀ ဝန်းကျင်လောက်တွင် ရှိလောက်သဖြင့် ကျနော်တွေ့ဖူးသမျှ ပရောဟိတ်တွေထဲတွင် အတော်ကိုများပြားသော အဆင့်ဟု ပြော၍ပင် ရသည်။

ထိုလူ၏နောက်သို့ကျနော်သွားလိုက်ချိန်တွင် ထိုလူဆီကနေ စကားသံ ထွက်လာတော့သည်။

"ကျနော့်ကိုကျနော် သေချာလေးမိတ်ဆက်ပါရစေ။ ကျနော်က ၁၁၉၅မှာ လက်လျှော့ခဲ့သူပါ။ တမာန်တော်တွေထဲမှာဆိုရင်တော့ ကျနော်က ပဉ္စမမြောက်တမာန်တော်ပါ"

Ways of Survivalပထမအခန်းကို ဖတ်ရှုခဲ့သူဦးရေမှာ ၁၂၀၀ရှိခဲ့လေသည်။

သူသည် ၁၁၉၅ဆိုသည်မှာ အမှန်ပဲဆိုလျှင် ဝတ္ထုကိုနောက်ဆုံးအချိန်မှာ ဆက်မဖတ်တော့ဘဲ ရပ်ခဲ့သော ထိပ်ဆုံးငါးယောက်ထဲတွင် သူပါလောက်၏။ ထို့ကြောင့်မလို့လည်း သူသည် 'အနီရောင်ဥက္ကာခဲ'အကြောင်းကို သိနေခဲ့ခြင်းဖြစ်လေသည်။

"မင်းက ဘာလိုချင်တာလဲ။ မင်းလည်းပဲ ငါ့အကူအညီကိုလိုနေတာလား"

"ဟဲဟဲ။ အကိုယူဂျွန်ဟော့ကို ကယ်ပေးချင်တာပါဗျာ။ အကိုက ဘာတွေလျှောက်ထင်နေရတာလဲ"

"ခြင်ကနေ လိပ်ပြာဖြစ်သွားတယ်လို့လိမ်ပြောတာကမှ ပိုပြီးယုံဖို့ကောင်းဦးမယ်"

"အကို့မှာ တကယ်ကိုမုသားထောက်လှမ်းနိုင်စွမ်းရှိနေတာပဲနော်"

ခြောက်သွေ့နေသော နှုတ်ခမ်းကို ၁၁၉၅သည် လျှာဖြင့်သပ်လိုက်၏။

ငါအခုလှုတ်ရှားသင့်ပြီလား။

…မဟုတ်သေးဘူး။ နည်းနည်းထပ်စောင့်ရမယ်။ နည်းနည်းထပ်ပြီး နားထောင်ကြည့်ရမယ်။

"ဒါပေမဲ့လည်း အကိုယူဂျွန်ဟော့ကိုကယ်ချင်လို့ဆိုတာကတော့ လိမ်တာမဟုတ်ဘူးဗျ။ အကိုသာ ဒီမှာသေသွားရင် အကုန်လုံးခက်ခဲသွားနိုင်တယ်လေ။ ဗျာဒိတ်တွေလည်း ကြီးကြီးမားမားပျက်ဆီးသွားလိမ့်မယ်"

"ငါရောက်လာမယ်ဆိုတာကို မင်းက သိနေခဲ့တာလား"

"လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းကမှ သိခဲ့တာပါ။ ဒါကြောင့်မလို့လည်း အစီအစဉ်ကို အမြန်စမ်းစစ်ခဲ့ရတာပေါ့ဗျာ"

မီးပွားများပေါ်လာပြီး ကျနော်တို့နားက ပရောဟိတ်အချို့ထပ်မံ၍ သေဆုံးသွားကြလေသည်။ အားတင်းကာ ရုန်းကန်နေသည့်လူများလည်း ရှိနေသေး၏။ ထိုလူများသည် သာမန်နဂါး၏လှုတ်ရှားပုံကို သိနေသကဲ့သို့ပင်။ ထိုလူများကို မျက်ခြေမပြတ် ကျနော်ကြည့်နေလိုက်သည်။

"အစကတော့ ကျနော်တို့တွေ ဝင်ပါဖို့အစီအစဉ်ရှိခဲ့တာမဟုတ်ဘူး။ အကိုယူဂျွန်ဟော့သာ ဒီကိုရောက်မလာခဲ့ဘူးဆိုရင်ပေါ့လေ"

"ရောက်လာတော့ဘာဖြစ်လဲ"

"အဖြေကို အကိုသိထားပြီးသား မဟုတ်ဘူးလား"

[ခြေချရာနေရာ၏တည်နေရာများကို ဖန်တီးပါတော့မည်။]

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစိတ် 'သာမန်နဂါး အစ်ဂနီ'သည် 'ဖျက်ဆီးခြင်းမီးလျှံများ'ကို အသုံးပြုရန်ပြင်ဆင်နေပါသည်။]

ကျနော့်အဖွဲ့သားများသည် ဤတခါတွင်တော့ ခြေချရာနေရာကို အောင်မြင်စွာ ရှာတွေ့သွားခဲ့ကြ၏။ တမာန်တော်ကောင်နှင့် ကျနော်လည်း လူနှစ်ယောက်စာ ခြေချရာနေရာတစ်ခုကို ရှာတွေ့ခဲ့လေသည်။

အတိအကျဆိုရလျှင် တမာန်တော်ကောင်သည် ဤခြေချရာနေရာကိုသိမ်းထားသော လူကို ခွန်အားသုံးပြီး မောင်းထုတ်ပစ်ခဲ့၏။ ကြမ်းကြုတ်လှသည့် တမာန်တော်ကောင်ပေါ်၌ သွေးစက်များ စွန်းထင်းနေလေသည်။ အဆိုပါသွေးစက်များကို တမာန်တော်ကောင်က သုတ်ပစ်လိုက်ပြီး စကားဆိုသည်။

"သာမန်နဂါးကို ကျနော်တို့တွေ သုတ်သင်ပစ်မှဖြစ်မယ်"

ကွီ ကွီ ကွီ ကွီ

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစိတ် 'သာမန်နဂါးအစ်ဂနီ'သည် 'ဖျက်ဆီးခြင်း မီးလျှံများ'ကို သုံးလိုက်ပါသည်။]

အကြွင်းမဲ့ဒိုင်းကာသည် အသက်ဝင်သွားပြီး မီးလျှံများကို ထပ်မံ၍ကာပေးလိုက်လေသည်။

အား

နှစ်ကြိမ်သာ ရှိသေးသော်လည်း ပရောဟိတ်လေးပုံတစ်ပုံခန့်သာ အသက်ရှင်ကျန်ရစ်တော့ပြီဖြစ်၏။ ကျနော့်အဖွဲ့သားများမှာ အသက်ရှင်နေဆဲ ဖြစ်သော်လည်း မည်မျှကြာသည်အထိ တောင့်ခံနိုင်မည်ကိုတော့ ကျနော်မသိချေ။

[ဝှက်ထားသော ပြစ်ဒဏ်တစ်ခု ပေါ်လာပါပြီ။]

[နောက်တစ်ခေါက်တွင် ခြေချရာနေရာအရေအတွက်များ လျော့နည်းသွားပါတော့မည်။]

မျက်လုံးကိုမှေးစင်းပြီး ကျနော်ပြောလိုက်၏။

"မင်းတစ်ယောက်ထဲအစွမ်းနဲ့ သုတ်သင်မလို့လား"

"သုတ်သင်ဖို့က ဖြစ်နိုင်ပါတယ်။ ကျနော်တို့တွေ လုံလုံလောက်လောက် ပြင်ဆင်ထားပြီးသားပါ"

တမာန်တော်ကောင်၏ ယုံကြည်မှုရှိသောလေသံကို ကြားလိုက်ရသည့်အချိန်တွင် စိတ်ထဲမသက်မသာခံစားမိလိုက်သည်။ ယခုမှသေချာကြည့်မိသည်။ တမာန်တော်ကောင်က ချွေးမထွက်ဟုပင် ပြော၍ရ၏။ တမာန်တော်ကောင်၏ အရေပြားတလျှောက်တွင် အပြာရောင်အေးစိမ့်မှုတစ်ခု လွမ်းခြုံနေလေသည်။

အဲ့ဒါက…

ငါသဘောပေါက်ပြီ။ ဒီကောင်တွေပြင်ဆင်ထားတာ အတော်ကောင်းတာပဲ။

"ရေခဲဆေးလုံးကိုသုံးထားတာမလား"

"မှန်ပါတယ်"

ဂန်းဆိုဂူနယ်မြေက ဘူတာများတွင် အဆင့်အတန်း ၇ရှိသော ဒြပ်စင်မျိုးစိတ်တွေကို အမဲလိုက်ပါက အဆိုပါဆေးလုံးကို ရအောင်လုပ်လို့ရပေသည်။ တမာန်တော်ကောင်တို့ထံတွင် ယခုဆိုလျှင် ရေခဲဆေးလုံးရှိနေပေပြီဖြစ်၏။ အဆိုပါဆေးလုံးသည် အစွမ်းပြည့်ဝသော ရေခဲ ဝိသေသ လက္ခဏာကို အနည်းဆုံး မိနစ်၃၀ကြာသည်အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိ၏။

တနည်းအားဖြင့်ဆိုရလျှင် တမာန်တော်ကောင်တို့ထံတွင် သာမန်နဂါးကို ထိခိုက်အောင် လုပ်နိုင်သော အခြေအနေရှိနေပြီဖြစ်လေသည်။ သို့ပေသိ ပြဿနာတစ်ခုတော့ ရှိနေ၏။ ထိုပြဿနာက တိုက်ခိုက်နိုင်စွမ်းပင်။

"မင်းတစ်ယောက်ထဲဆိုရင် နဂါးကိုထိခိုက်အောင်လုပ်ဖို့က မဖြစ်နိုင်ဘူး"

"ကျနော်တစ်ယောက်ထဲလို့ ဘယ်သူပြောလဲ"

အသက်ရှင်နေသေးသူများကို ကျနော်ကြည့်လိုက်၏။ လူအရေအတွက်က အနည်းငယ်သာ ကျန်တော့ပေသည်။ သေချာကြည့်လိုက်ချိန်တွင် ထိုလူတွေထဲမှ တချို့ထံ၌ အပြာရောင်အေးစိမ့်မှုအငွေ့အသက်ကိုမြင်လိုက်ရ၏။

"ဟဲဟဲ….ကျနော်က ဒီကိုတစ်ယောက်ထဲလာစရာလားဗျာ"

အပြာရောင်အေးစိမ့်မှုအငွေ့အသက်ရှိသောလူများကို ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ငါးယောက်ရှိလေသည်။ ထိုတမာန်တော်ငါးယောက်သည် ရေခဲဆေးလုံးတွေကို သောက်ထားသဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေကြပုံပေါ်၏။

သို့ပေသိ…

"လူအနည်းငယ်ပိုရှိလာရုံနဲ့ ဘာမှထူးခြားသွားမှာမဟုတ်ဘူး"

"ဒါကြောင့်မလို့လည်း အကူအညီကိုရှာနေရတာပေါ့ဗျာ။ အကိုယူဂျွန်ဟော့သာ ကျနော်တို့ကိုကူညီပေးဖို့ဆုံးဖြတ်မယ်ဆိုရင် ရေခဲဆေးလုံးတစ်လုံးကို ပေးပါမယ်"

"ငါငြင်းမယ်ဆိုရင်ရော… "

"ဒီမှာရှိတဲ့ အကိုယူဂျွန်ဟော့ရဲ့အဖွဲ့သားအားလုံး သေရပါလိမ့်မယ်"

"ငါ့လူတွေသေသွားရင် မင်းတို့ကောင်တွေလည်း ဘေးကင်းမယ်ထင်နေတာလား"

"သာမန်နဂါးကို ကျနော်တို့တွေရှင်းမထုတ်နိုင်ရင်တောင် ကျနော်တို့ခန္ဓာကိုယ်ကိုတော့ ဂရုစိုက်နိုင်ပါသေးတယ်"

တမာန်တော်ကောင်သည် ယုံကြည်မှုရှိလွန်းလှနေ၏။ ကျနော်သာ ယူဂျွန်ဟော့ ဖြစ်နေမည်ဆိုပါက ဤနေရာရှိ တမာန်တော်ကောင်တွေအားလုံး ခေါင်းပြုတ်နေလောက်ချေပြီ။

"ငါ့အဖွဲသားတွေအတွက် ငါက စိတ်ပူပေးမယ်ထင်နေတာလား။ လူဆိုတာ သေရမှာကြီးပဲ။ တခြားလူတွေကို ထပ်ပြီးစုဆောင်းလို့ရတယ်ကွ"

မကျိုးပဲ့နိုင်သော ယုံကြည်မှုဓါးဖြင့် တမာန်တော်ကောင်၏ လည်ပင်းကို ကျနော်ချိန်လိုက်သည်။ တမာန်တော်ကောင်သည် ခေါင်းကိုခါလိုက်ကာ ပြန်ပြောလေသည်။

"ဟဲဟဲ….အကိုက ဗျာဒိတ်မှာပါတဲ့အတိုင်း တစ်ပုံစံထဲပဲ။ ဒါပေမဲ့ အကိုသေချာစဉ်းစားဖို့တော့လိုမယ်နော်"

"မင်းဘာကိုဆိုလိုတာလဲ"

"အခုလောက်ဆိုရင် အကိုယူဂျွန်ဟော့ရဲ့ပင်မစခန်းဟာ ကျနော်တို့လက်တွင်းကို ကျနေလောက်ပြီဗျ"

"…ဘာဖြစ်တယ်"

"ပင်လယ်စစ်နတ်ဘုရား လီဂျီဟယ်၊ ထူးဆန်းတဲ့စွမ်းရည်တွေကိုသုံးတဲ့ ကလေးတစ်ယောက်။ ပြီးတော့ မိစ္ဆာ၁၀ပါးထဲကတစ်ပါး။ မူရင်းဗျာဒိတ်ထဲကနဲ့တော့ ကွဲပြားနေပေမဲ့ အဖွဲ့ကောင်းလေးတစ်ဖွဲ့ကို အကိုသေချာဖွဲ့ထားခဲ့တာပဲနော်။ သူတို့အားလုံးသာ သေသွားကြမယ်ဆိုရင် ပြဿနာတွေကို အကိုယူဂျွန်ဟော့ ခက်ခက်ခဲခဲ ရင်ဆိုင်ရလောက်မယ်ဗျ"

သူတို့တွေ သေချာလေ့လာစမ်းစစ်ထားကြသည်ပင်။

မအေဘေးတွေ

"ချွန်မူရိုဘူတာကိုသာ ကျနော်တို့တွေ သိမ်းလိုက်မယ်ဆိုရင် ပိုဆိုးသွားမယ်လို့ မထင်ဘူးလား။ အခုအချိန်မှာတော့ ကမ်းလှမ်းမှုအဆင့်ပဲရှိသေးတာဆိုပေမဲ့ ကမ်းလှမ်းမှုအဆင့်အနေနဲ့ ကြာကြာရှိမှာမဟုတ်ဘူးနော်။

ကျနော်တို့အဖွဲ့ဟာ ဘူတာ၁၀ခုကျော်ကိုသိမ်းထားပြီးပြီမလို့ ဘုရင့်လမ်းကြောင်း ဇာတ်ဝင်ခန်းကို ပြီးမြောက်ပြီးနေပြီ။ ‘ဘုရင်’တစ်ပါးရှိတဲ့အဖွဲ့နဲ့ ‘ဘုရင်’တစ်ပါးမရှိတဲ့ အဖွဲ့တို့ကြား ကွာခြားချက်ကို အကိုသိသင့်ပါတယ်"

"…"

"အခုအချိန်လောက်ဆိုရင် အားလုံးပြီးနေလောက်ပြီဗျ။ ဘုရင်ကြီးဟာ အကိုယူဂျွန်ဟော့ရဲ့ ရွေးချယ်မှုကို ချွန်မူရိုရဲ့အလံတိုင်ရှေ့မှာ စောင့်နေလောက်တယ်နော်"

…ငါသဘောပေါက်ပြီ

တမာန်တော်တော်ကောင်တွေ၏ အစီအစဉ်ကို ကျနော်သိသွားခဲ့ချေပြီ။ တမာန်တော်ကောင်တွေသည် ပရောဟိတ်တို့၏ညဆီ ကျနော်လာမည်ဟု သတင်းရရချင်းမှာပဲ ချွန်မူရိုကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

"ကျနော်တို့နဲ့ပူးပေါင်းမယ်လို့ သစ္စာဆိုမယ်ဆိုရင် အကို့အဖွဲ့သားတွေရဲ့ ဘေးကင်းမှုကိုရော၊ အနာဂတ်မှာ ကျနော်တို့ဆီက အထောက်အပံ့ကိုပါ အကိုရစေရမယ်။ ဒါက ဘုရင်ကြီးရဲ့ဂုဏ်သိက္ခာအပေါ်တိုင်တည်ပြီး ကတိပြုတာပါ"

ခြိမ်းချောက်ခံနေရပြီဖြစ်သဖြင့် ကျနော့်နှလုံးခုန်သံများ မြန်ဆန်နေချေပြီ။ တမာန်တော်တွေသည် ယူဂျွန်ဟော့ကိုပင် သတ္တိရှိစွာဖြင့် ထိပ်တိုက်တွေ့ရဲကြ၏။ Ways of Survivalကိုဖတ်ထားသောလူများထဲတွင် ထိုကဲ့သို့သတ္တိရှိသူများရှိမည်ဟုပင် ကျနော်မထင်ခဲ့မိချေ။

"မင်းတို့ရဲ့ဘုရင်က ဘယ်သူလဲ။ အဲ့ဒီကောင်က ဘယ်နေရာမှာ လက်လျှော့ခဲ့တာလဲ"

"အဲ… ဘုရင်ကြီးက 'လက်လျှော့တယ်'လို့ အခေါ်ခံရတာကိုမကြိုက်ဘူးဗျ"

"ဒါဆိုရင် မင်းတို့တွေက မင်းတို့တွေရဲ့ဘုရင်ကို ဘယ်လိုခေါ်တာလဲ"

"အကိုက အကိုယူဂျွန်ဟော့ဆိုရင်တောင်မှ ဘုရင်ကြီးကို အခုလိုပုံစံမျိုး မပြောဆိုဖို့ အကြံပေးချင်ပါတယ်။ ဘုရင်ကြီးက ပရောဟိတ်တွေအားလုံးထဲမှာ ဗျာဒိတ်အားလုံးကို ဖတ်ထားတဲ့လူဗျ။ ဘုရင်ကြီးဟာ ယူဂျွန်ဟော့ရဲ့အတိတ်ကိုရော၊ အနာဂတ်ကိုပါ သိထားပါတယ်"

…ဟမ်

တစ်ခဏခန့် ကျနော်အံ့အားသင့်သွားသော်လည်း ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်မသွားခဲ့ချေ။ ဝတ္ထုတစ်ခုလုံးကိုဖတ်ထားသည့် နောက်ထပ်စာဖတ်သူ ရှိနေသည်တဲ့လား။

ကျနော်ရယ်ချင်မိသည်။ ထိုကဲ့သို့ အကုန်လုံးဖတ်ထားသူ မရှိလောက်သဖြင့် ရယ်ချင်မိခြင်းဖြစ်၏။

သိပ်မကြာခင်တွင် မီးနဂါး၏တတိယအကြိမ်တိုက်ခိုက်မှုမှာ စတင်တော့မည်ဖြစ်၏။ တမာန်တော်ကောင်ကို ကျနော်ကြည့်လိုက်ပြီး ခြေချရာနေရာဆီကနေ အေးအေးဆေးဆေးပဲ ထွက်လိုက်လေသည်။

အံ့အားသင့်သွားသော တမာန်တော်ကောင်သည် လှမ်းမေ၏။

"အကိုယူဂျွန်ဟော့။ ဘာလုပ်တာလဲဗျ"

အဝေးတွင်ရှိသော ကျနော့်အဖွဲ့သားများလည်း အံ့အားသင့်ကုန်ကြ၏။ အဖွဲ့သားများကို ကျနော်လက်ဝှေ့ယမ်းပြလိုက်လေသည်။

–စိတ်မပူကြနဲ့။ ဘာတွေပဲဖြစ်လာပါစေ မင်းတို့တွေ အဲ့ဒီနေရာကနေ တဖဝါးမှခွာလို့ မဖြစ်ဘူးနော်။ နားလည်ကြလား။

သာမန်နဂါးရှိရာဆီသို့ ကျနော်လမ်းလျှောက်သွားလိုက်၏။ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသော်လည်း နဂါးနားသို့ ကျနော်ရောက်သွားတော့မည်ဖြစ်သည်။ မီးနဂါးသည် ကျနော့်ကိုပြင်းထန်စွာစိုက်ကြည့်ပြီး ဖျက်ဆီးခြင်းမီးလျှံများကို အသုံးပြုရန် ပြင်ဆင်လိုက်တော့၏။

"အကိုဘာလုပ်နေတာလဲ။ ဒီကိုပြန်လာခဲ့"

ကျနော့်နောက်က တမာန်တော်ကောင်သည် အသဲအသန်လှမ်းအော်ခေါ်နေလေပြီ။ နောက်သို့လှည့်ပြီး ကျနော်ပြုံးပြလိုက်၏။

"ဒီလိုအနာဂတ်မျိုးဖြစ်လာမယ်လို့ မင်းတို့ဘုရင် သိထားခဲ့လား"

တမာန်တော်ကောင်၏စကားများကိုကြားမိချိန်တွင် ကျနော်စဉ်းစားမိနေတာ တစ်ခုပဲ ရှိလေသည်။ တမာန်တော်ကောင်တွေအားလုံး အသက်ရှင်မနေသင့်တော့ပေ။

သို့ပေသိ တမာန်တော်တွေထံ၌ 'ဗျူဟာ'တစ်ခုရှိနေသည့်အပြင် သူတို့အားလုံးကို ကျနော်တစ်ယောက်ထဲလည်း မသတ်နိုင်ပဲ ဖြစ်နေ၏။ ထို့ကြောင့်….

ကျနော်ရယ်လိုက်ကာ စကားကိုဆက်ပြော၏။

"မင်းတို့ကောင်တွေ….ငါ့ရဲ့အထူးစွမ်းရည်က ဘာလဲကိုမေ့နေကြပြီလား"

ကျနော်သာ တမာန်တော်ဖြစ်နေပါက ယခုအချိန်၌ မည်သည့်အရာကို အကြောက်ဆုံး ဖြစ်လောက်မည်နည်း။

"ငါက သေမှာကိုကြောက်တာမဟုတ်ဘူး။ ငါဟာ ထပ်ပြီးအစကနေပြန်စလို့ ရတယ်လေ"

ကျနော့်အဖြေက ရှင်းပေသည်။ တမာန်တော်တွေသည် ကျနော့်ကို ယုံကြည်နေကြခြင်း ဖြစ်၏။ ထို့ကြောင့်….

"ငါသိချင်မိတာရှိတယ်။ ငါသေသွားရင် မင်းတို့အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။ မင်းတို့တွေက ဒီတခေါက်မှာပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့တည်ရှိမှုတွေလေ"

ကျနော်အကြောက်ဆုံးအရာကိုသာ တမာန်တော်တွေ အကြောက်ဆုံးဖြစ်နေခြင်း ဖြစ်သည်။

"ငါဒီမှာသေသွားမယ်ဆိုရင် နောက်တစ်ကြိမ်မှာ မင်းတို့ကောင်တွေ တည်ရှိဦးမှာလား။ ဒါမှမဟုတ် မင်းတို့တွေဟာ ဒီကမာ္ဘနဲ့အတူ အဆုံးသတ်သွားမှာလား"

တမာန်တော်တွေသည် ယူဂျွန်ဟော့ကို သေစေချင်ကြမည်မဟုတ်ပေ။

"ဗျာဒိတ်ကိုမင်းတို့တွေ ဖတ်ခဲ့တာဆိုရင် အဖြေကိုသိနေသင့်တယ်ကွ"

တမာန်တော်ကောင်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ခေါင်းသုံးသောကောင်များသည် တခါတရံတွင် ကိုင်တွယ်ရ အလွန်လွယ်တတ်သည်။

"ယူဂျွန်ဟော့"

ကျန်တမာန်တော်ငါးပါးမှာ ခြေချရာနေရာမှ ထွက်လာကြပြီး ကျနော့်ထံသို့ ပြေးလာကြတော့သည်။ ကျနော်ခန့်မှန်းထားသည့်အတိုင်းပင်။ တမာန်တော်တွေဘက်က မည်မျှပင် အရေးမစိုက်ချင်ယောင်ဆောင်နေပါစေ လက်လျှော့သူများဖြစ်သော သူတို့တွေသည် ဤဇာတ်ဝင်ခန်းထဲတွင် ပါဝင်ရပေတော့မည်။

အဓိကဇာတ်လိုက်သာ သေသွားခဲ့ပါက ဘာဖြစ်သွားမည်ကို သူတို့တွေ လုံးဝကိုမသိထားကြပေ။

"သူ့ကိုမြန်မြန်လှမ်းဖမ်းကြတော့"

မည်သို့ဖြစ်ပျက်သွားမည်ကို ကျနော့်ကဲ့သို့ပင် သူတို့တွေ မသိထားကြခြင်းဖြစ်၏။

[အဆင့်အတန်း ၅ရှိသော မီးနဂါးမျိုးစက် 'သာမန်နဂါး အစ်ဂနီ'သည် 'ဖျက်ဆီးခြင်းမီးလျှံများ'ကို အသုံးပြုလိုက်ပါသည်။]

စင်္ကြံပလက်ဖောင်း၏အလယ်၌ မီးလျှံများပေါက်ထွက်လာချိန်မှာပဲ ကျနော့်ကြွက်သားများထဲကနေ ခွန်အားအားလုံးကို ညှစ်ထုတ်ပြီး နဂါးကြီး၏ ခြေထောက်ဆီသို့ ပြေးသွားလိုက်တော့သည်။ ထို့နောက်တွင်တော့ ကျနော့်အလံကို စင်္ကြံပလက်ဖောင်းအလယ်ရှိ အန်းဂုဘူတာ၏အလံတိုင်တွင် တပ်လိုက်သည်။

[သင်သည် အန်းဂုဘူတာကို သိမ်းယူလိုက်ပါပြီ။]

[လက်ရှိသိမ်းယူထားပြီးသောနေရာများ : ချွန်မူရို (ပင်မစခန်း)၊

မြုံဒေါင်၊ ရှင်ဒန်ဘူတာ၊ ဒွန်ဒဲမွန်ယဉ်ကျေးမှု ပန်းခြံ၊ ဒုံမြို၊ ချန်ဂုဘူတာ၊ ယာဆူးဘူတာ၊ ရှင်ဆိုးလ် ဒုံဘူတာ၊ အန်းဂုဘူတာ]

[အညိုရောင်အလံ၏အာနိသင်မှာ မြင့်တက်လာပါသည်။]

[သင်သည် ဘူတာ ၁၀ဘူတာကို သိမ်းပိုင်ထားပြီးဖြစ်၏။]

[ဝှက်ထားသော ဇာတ်ဝင်ခန်း – 'ဘုရင့်လမ်းကြောင်း'ကို ပြီးမြောက်သွားပါပြီ။]

[သင်လျှောက်လှမ်းခဲ့သောလမ်းကြောင်းပေါ်မူတည်ပြီး သင်သည် 'ဘုရင့်ဝိသေသ လက္ခာဏာ'အသစ်တစ်ခုကို ရရှိပါမည်။]

၁။ မာနထောင်လွှားခြင်း နှင့် ကြောင်သူတော် ဘုရင်

၂။ တကိုယ်တော် နှင့် ရသ ဘုရင်

၃။ လူမသတ် ဘုရင်·····

ကျန်ရွေးချယ်မှုများကိုစောင့်ဖတ်မနေတော့ဘဲ ကျနော်ပြန်ဖြေလိုက်၏။

"လူမသတ်ဘုရင်"

[ဝိသေသ လက္ခဏာအသစ်ဖြစ်သော လူမသတ်ဘုရင်ကို ရရှိသွားပါပြီ။]

ဤဝိသေသ လက္ခဏာနှင့်ဆိုလျှင်လုံလောက်ပေပြီ။ ဤနေရာတွင်ရှိသော လူများကို ကျနော်ရှင်းမထုတ်ချင်ခဲ့သော်လည်း ယခုတော့ ရှင်းထုတ်ပစ်ဖို့ လိုကိုလိုလာပြီဖြစ်၏။

နဂါးကြီးဆီကနေ မီးလျှံများထွက်လာသည်ကို သတိထားမိသွားသည့် တမာန်တော်တွေသည် ခြေချရာနေရာဆီသို့ အမြန်ပြန်ပြေးသွားကြသည်။ သို့ပေသိ အရမ်းကိုနောက်ကျသွားပြီဖြစ်၏။

"မင်းတို့တွေ ပိုပြီးဂရုစိုက်ခဲ့သင့်တယ်။ မင်းတို့မှာ အသက်က တစ်သက်ပဲရှိတာလေ"

မီးလျှံလှိုင်းလုံးကြီးသည် တမာန်တော်တွေအပေါ်၌ လွှမ်းခြုံသွားတော့သည်။ ရေခဲဆေးလုံးစားထားလျှင်တောင်မှ ဤတိုက်ခိုက်မှုကို ခုခံနိုင်ကြမည်မဟုတ်ချေ။

[ပြင်ပစွမ်းအားမြင့်ဝတ်စုံ၏ ခံနိုင်စွမ်းမှာ အလျင်အမြန်ကျဆင်းလာပါသည်။]

[ပြင်ပစွမ်းအားမြင့်ဝတ်စုံ၏ ခံနိုင်စွမ်းမှာ ကုန်ခမ်းသွားပါပြီ။]

သိပ်မကြာခင်တွင် ကျနော့်မြင်ကွင်းမှာ မှုန်ဝါးသွားတော့သည်။ အသားလောင်ကျွမ်းခံနေရသည့် ခံစားချက်ကိုသာ ခံစားနေမိပြီး ကျနော်သတိလစ်သွားတော့၏။

[သင်သည် သေသွားပါပြီ။]

….

တစ်ခဏခန့်အကြာတွင် စနစ်မက်ဆေ့ချ်တစ်ခု၏အသံကိုကြားလိုက်ရ၏။

[လူမသတ်ဘုရင်၏အထူးအခွင့်အရေးမှာ အသက်ဝင်လာပါပြီ။]

All Chapters