← Chapters

ဘုရင်တို့၏စစ်ပွဲ (၃)

Vol. 4 Ch. 62

ဘုရင်တို့၏စစ်ပွဲ (၃)

Vol. 4 Ch. 62

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်သည် သင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါသည်။]

ယုံကြည်မှုအပြည့်ရှိနေသော မင်ဂျီဝန် ကို ကျနော်ပခုံးတွန့်ပြလိုက်ပြီး ပြန်ပြောလိုက်၏။

"ငါလက်မခံဘူး"

မင်ဂျီဝန်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အခြွေအရံ အမျိုးသားအချို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသလို သရုပ်ဆောင်တစ်ဦးဖြစ်သော မင်ဂျီဝန်ပင်လျှင် မျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့ပေ။

မင်ဂျီဝန်သည် မှင်တက်နေသော အသံဖြင့် ပြောလာသည်။

"...ရှင်"

ကျနော့်အဖြေကိုလက်ခံမည့်အစား နားကြားမှားသည်ဟုသာ သံသယဝင်ရန် မင်ဂျီဝန်က ရွေးချယ်လိုက်ပုံရသည်။

"ကျမ နားကြားမှားသွားတာထင်တယ်။ နောက်တစ်ခါလောက် ထပ်ပြောပေးမလား"

"နင့်ရဲ့ လက်အောက်ခံ မဖြစ်ချင်ဘူးလို့ ပြောတာ"

ဒင်္ဂါး၂,၀၀၀လေးအတွက်နှင့် မင်ဂျီဝန်၏ လက်အောက်ခံ ဖြစ်ရမည်မှာ ရယ်စရာကောင်းလှ၏။ ကျနော့်နောက်တွင် စောင့်နေသော အဖွဲ့ဝင်များကို ကျနော်လှည့်ပြောလိုက်သည်။

"သွားကြစို့။ ငါတို့ မြန်မြန်သွားဖို့ လိုတယ်"

ကျနော်တို့တွေ တုံ့ဆိုင်းမှုမရှိဘဲ လှည့်ထွက်ခဲ့ရာ မင်ဂျီဝန်က အလျင်အမြန်ပင် အော်ပြောတော့သည်။

"ခဏနေဦး။ ဒင်္ဂါး နည်းနေတယ်ဆိုရင် ကျမ ထပ်တိုးပေးနိုင်ပါတယ်။ ကျမရဲ့ ထောက်ပံ့သူနဲ့ စကားပြော—"

"မလိုတော့ပါဘူး"

"နေပါဦးဆို"

မင်ဂျီဝန်သည် အသည်းအသန် ပြေးလာပြီး ကျနော့်လမ်းကို ပိတ်လိုက်သည်။ မင်ဂျီဝန်ပြေးလာပုံမှာ မင်ဂျီဝန်၏ လျှင်မြန်မှုအဆင့်နှင့် ယှဉ်လျှင် တော်တော်လေး မြန်ဆန်သော လှုပ်ရှားမှုပင် ဖြစ်လေသည်။

"ရှင် ဒင်္ဂါး၂,၀၀၀ ရဲ့ တန်ဖိုးကို မသိတာလား"

နင်ပဲ မသိတာ မဟုတ်ဘူးလား။ ငါက ဒင်္ဂါး၂,၀၀၀လောက်ကို ခဏခဏ အလွယ်တကူ ရနေတာဟ။

မင်ဂျီဝန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ရှင်က ဒင်္ဂါးတွေမလိုချင်တဲ့ပုံစံမျိုးဆက်ပြီး ဟန်ဆောင်နေဦးမှာလား"

"...ဟန်ဆောင်တယ်ဟုတ်လား"

"မကြာခင် သုံးပြည်ထောင်စစ်ပွဲ စတော့မယ်။ ရှင့်ရဲ့ ထောက်ပံ့သူက ဘယ်သူလဲတော့ ကျမ မသိဘူး၊ ဒါပေမဲ့ ဒီနယ်မြေမှာရှိတဲ့ အုပ်စုငယ်လေးတွေ အကုန် အရှင်းခံရတော့မှာနော်။ အမှန်အတိုင်း ပြောရရင် ဒင်္ဂါး၂,၀၀၀ကို ရှင်လက်မခံတာက အတော်ကိုလွန်နေပြီ။ ဒါပေမဲ့ ရှင်က အခုထိ အခြေအနေကို သဘောမပေါက်သေးတဲ့ပုံပဲ။ ကျမက ရှီလာရဲ့ ဘုရင်မ။ မကြာခင်မှာ သုံးပြည်ထောင်ကို ပြန်လည်စုစည်းမယ့် ဘုရင်မနော်"

မင်ဂျီဝန်သည် သရုပ်ဆောင်မှုထဲမှာ ဈာန်ဝင်သွားပြီး လက်တွေ့ဘဝကို မျက်ကွယ်ပြုနေပုံရသည်။ ဘာပဲဖြစ်ဖြစ် မင်ဂျီဝန်က မူလကတည်းက ဤသို့သောသူမျိုးပင်။ မင်ဂျီဝန်သည် ထူးချွန်သော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး 'ဘုရင်မ ဂျင်ဆောင်း' နှင့် ချိတ်ဆက်မှု မြင့်မားလွန်းခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် တကယ်ပင် ရှီလာပြည်၏ နောက်ဆုံးဘုရင်မဟု ထင်မှတ်နေခြင်းဖြစ်လေသည်။

"နင် တစ်ခုခုတော့ မှားနေပြီထင်တယ်။ အခုက သုံးပြည်ထောင်ခေတ် မဟုတ်တော့ဘူးနော်"

"ရှင်ကသာ မှားနေတာ။ ကိုရီးယားသမ္မတနိုင်ငံဆိုတာ ပြီးသွားပြီ။ ရှင်က ကယ်ဆယ်ရေးတွေကို စောင့်နေတုန်းပဲလား"

မင်ဂျီဝန်သည် ရုတ်တရက်ဆိုသလို အဓိပ္ပာယ်မရှိသည်များကို စတင်ပြောဆိုလာသည်။

"ခေတ်သစ်တစ်ခုက စတင်နေပြီ။ အဲဒီခေတ်ရဲ့ အစက ကျမဆိုတဲ့ မင်ဂျီဝန် နဲ့ စတင်မှာ"

ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားမျိုးသည် ဤအခြေအနေမျိုးတွင်တော့ နားထောင်လို့ကောင်းနေပြန်သည်။ ဤအမျိုးသမီးနှင့် မည်သို့လမ်းခွဲရမလဲ ကျနော် စဉ်းစားနေစဉ်မှာပင် ယူဆန်းအာ က ကျနော့်အတွက် ဝင်ရောက်ဖြေရှင်းပေးလိုက်သည်။

"ဘ... ဘုရင်မကြီး"

"ဘာလဲ"

"ကျမ သိသလောက်တော့... ရှီလာပြည်က သုံးပြည်ထောင်ထဲမှာ အားအနည်းဆုံး နိုင်ငံ မဟုတ်လားဟင်... သမိုင်းအရဆိုရင် သုံးပြည်ထောင်ကို ပြန်လည်စုစည်းခဲ့တာက..."

မင်ဂျီဝန်သည် မမျှော်လင့်ထားသော စကားတိုက်စစ်ကြောင့် မျက်နှာ ပျက်သွားသည်။

"န…နင်က ဘာသိလို့လဲ"

"ကျမက... ကိုရီးယားသမိုင်းမှာ ပထမ ရထားတဲ့သူပါ"

"ကို…ကိုရီးယားသမိုင်းမှာ ပထမရထားတာဟုတ်လား..."

ရှက်ရွံ့သွားသော မင်ဂျီဝန်သည် စကားများ ထစ်ကုန်တော့သည်။

" ကိုရီးယားသမိုင်းမှာ ပထမရထားတာက ဘာများ အရေးပါလို့လဲ"

"သွားကြစို့ ယူဆန်းအာ။ သူက သမိုင်းကို သိပ်မသိရှာဘူး"

ကျနော့်စကားကြောင့် မင်ဂျီဝန်၏ မျက်နှာမှာ ပို၍ပင် နီမြန်းလာသည်။

"ခဏနေဦး။ ကျမရဲ့ ကမ်းလှမ်းမှုက မပြီးသေးဘူး။ ဒင်္ဂါး ၃,၀၀၀ဆိုရင်ရော ဘယ်လိုလဲ"

ကျနော် ဘာမှမပြောတော့ လှည့်ထွက်လာခဲ့တော့သည်။

"ဒင်္ဂါး၃,၅၀၀။ ရှင့်ကို ၃,၅၀၀ ပေးမယ်"

၅၀၀ သာ တိုးလာခြင်းဖြစ်သည်။ ယခုမှပင် ဘုရင်မကြီး၏ ဘဏ္ဍာရေးအင်အားကို ကျနော် သိလိုက်ရတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် နက္ခတ်များ၏ ချမ်းသာကြွယ်ဝမှုမှာ သူတို့၏ ကျော်ကြားမှုပေါ်တွင် မူတည်နေခြင်းဖြစ်သည်။ ကျနော် မင်ဂျီဝန်ကို လျစ်လျူရှုပြီး ဆက်လျှောက်ခဲ့သည်။

"၃,၆၀၀... မဟုတ်ဘူး ၃,၇၀၀..."

ကျနော့် ခြေလှမ်းများ ရပ်သွားသည်။ ကျနော် နောက်လှည့်ကြည့်လိုက်ရာ မင်ဂျီဝန်က 'ဒါမှပေါ့' ဆိုသည့် မျက်နှာပေးမျိုး လုပ်နေသည်။ ကျနော်ကလည်း လူဆိုးတစ်ယောက်ပင်။ ဤအတိုင်း ထွက်သွားလျှင် ရသော်လည်း မင်ဂျီဝန်၏ မာနကို ချိုးနှိမ်ချင်စိတ် ပေါ်လာမိသည်။ အေးစက်စက် လေသံဖြင့် ကျနော်ပြောလိုက်၏။

"ဒါဆိုရင် ငါတို့တွေ ညှိနှိုင်းကြတာပေါ့"

"ရှင်က ဘာကို ဆိုလိုတာလဲ"

"၁၀,၀၀၀ဒင်္ဂါးဆိုရင် ဘယ်လိုသဘောရလဲ"

"...၁၀,၀၀၀ဟုတ်လား"

"အိုး၊ နည်းနေလို့လား။ နင်က ဘုရင်တစ်ယောက်ပဲဆိုတော့ ၂၀,၀၀၀ထားလိုက်မယ်ကွာ"

မင်ဂျီဝန်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီး ကျနော့်ကို စိုက်ကြည့်လာသည်။

"ရှင် ကျမကို နောက်နေတာလား။ ဒင်္ဂါး၂၀,၀၀၀ဟုတ်လား။ ရှင့်ကိုယ်ရှင် အဲဒီလောက် တန်ဖိုးရှိတယ်လို့ ကျမ မထင်ဘူး..."

"မဟုတ်ဘူး၊ ငါက နင့်ကို ဒင်္ဂါး၂၀,၀၀၀နဲ့ ဝယ်မယ်လို့ ပြောတာ"

"ဟင်"

"အတိအကျ ပြောရရင် နင်နဲ့ နင့်ရဲ့ စစ်တပ်တစ်ခုလုံးကိုဝယ်မှာလေ"

မင်ဂျီဝန်သည် မှင်တက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ သတိပြန်ဝင်လာသည်။

"ရှ... ရှင့်မှာ အဲဒီလောက် ဒင်္ဂါးတွေ မရှိပါဘူး"

"ဒါလေးကိုကြည့်လိုက်ဦး။ နင့်ပါးစပ် ဇကောလိုက်ကို ဟသွားလိမ့်မယ် "

လက်မနှင့် လက်ညှိုးကို ကျနော်ပွတ်လိုက်သည်။ ထို့နောက် လက်ညှိုးထိပ်တွင် ကျနော်ပိုင်ဆိုင်သော ဒင်္ဂါးပမာဏ၏ တစ်စိတ်တစ်ပိုင်း ပေါ်လာလေသည်။

[ဒင်္ဂါး၂၀,၀၀၀]

မင်ဂျီဝန် အနိုင်နိုင် ထိန်းထားရသော တည်ငြိမ်သည့် မျက်နှာပေးမှာ နောက်ဆုံးတွင် ပြိုလဲသွားတော့သည်။

"ဒါ... ဒါက မဖြစ်နိုင်တာ"

"အခုတော့ ယုံပြီလား"

မယုံကြည်မှုမှ အံ့သြမှုသို့ ပြောင်းလဲသွားရန် အချိန်အများကြီး မကြာလိုက်ပေ။ ထို့နောက် အံ့သြမှုမှတစ်ဆင့် လောဘစိတ်သို့ ကူးပြောင်းသွားသည်။ ၎င်းမှာ သဘာဝကျပေသည်။ ဒင်္ဂါး၂၀,၀၀၀ဆိုသည်မှာ တကယ့်ကို ကြီးမားသော ပမာဏ ဖြစ်သည်။ သုံးပြည်ထောင်ခေတ်ရှိ အင်အားစု သုံးခု၏ အသာစီးရမှုကိုပင် ပြောင်းလဲပစ်နိုင်သည့် ပမာဏမျိုး ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် လောဘစိတ်သည် မင်ဂျီဝန်၏ မာနကို မချိုးဖျက်နိုင်ခဲ့ပေ။

"ရှင်က ကျမကို ပိုက်ဆံနဲ့ ဝယ်ဖို့ ကြိုးစားနေတာလား"

"ဘာလို့လဲ။ မဖြစ်နိုင်လို့လား။ ကမ်းလှမ်းချက်ကို အရင်စတင်ခဲ့တာက နင်ပဲလေ"

မင်ဂျီဝန်၏ လက်အောက်ခံ ခေါင်းဆောင်တစ်ဦး ရှေ့သို့ ထွက်လာသည်။

"မင်းကများ ရဲတင်းလှချည်လား"

ထိုသူမှာ သွယ်လျသော ကိုယ်ခန္ဓာရှိပြီး အလွန်ချောမောသည်။ ကြွက်သားများ သိပ်မရှိပုံရသော်လည်း ကြွက်သားတွေကို ဖုံးကွယ်ထားခြင်း ဖြစ်လောက်သည်။

"ဒေါ့ဂျာ။ ဒီလူက..." ဟု ယူဆန်းအာပြောလိုက်သည့် ခဏမှာပင် ကျနော် သတိပြုမိသွားသည်။ ဟုတ်သည်၊ ရှီလာပြည်တွင် ဤနက္ခတ်တစ်ပါး ရှိလေသည်။

သုံးပြည်ထောင်စစ်ပွဲတွင် ရှီလာပြည်သည် အောက်ခြေရောက်နေသည့် နိုင်ငံမဟုတ်ပေ။ ထိုခေတ်ကာလကို ကြည့်လျှင် အရည်အချင်းရှိသူ အတော်များများ ရှိခဲ့သည်။ ဥပမာ - ကင်ယူရှင်ကဲ့သို့ ပုဂ္ဂိုဟ်မျိုး ရှီလာတွင် ရှိခဲ့ဖူးသည်။ တစ်ခုရှိသည်က လက်ရှိ ရှီလာအုပ်စုတွင် ကင်ယူရှင် ရှိမနေပေ။

"ဂွမ်ချန်း ဆိုတာ ကောင်းမွန်တဲ့ နက္ခတ်တစ်ပါးပါ။ ဒါပေမဲ့ သူက စိတ်မြန်လွန်းတယ်။ အကယ်၍ ငါ့ရဲ့ နက္ခတ်က ဂယဲဘတ် သာ ဖြစ်နေမယ်လို့ကို မင်းတို့မထင်ဘူးလား။ ဟွမ်ဆန်ဘောလ် တိုက်ပွဲလိုမျိုး တိုက်ပွဲကို မင်းတို့​တွေ ထပ်ပြီးရချင်မယ်လို့ ငါကတော့ မထင်ဘူး"

ဇဝေဇဝါဖြစ်နေသော ထိုအမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း... မင်းက ဘတ်ဂျေ ကလား"

[ ‘နောက်မဆုတ်သော ဟွာရန်း’ နက္ခတ်သည် သင်၏ မှတ်ချက်အပေါ် ဒေါသထွက်နေပါသည်။]

ဤသူသည် တကယ့်ကိုပင် ထိုနက္ခတ်၏ ကိုယ်စားလှယ် ဖြစ်နေလေ၏။ နောက်မဆုတ်သော ဟွာရန်းဆိုသော ဂွမ်ချန်း။ သူ၏ အထူးစွမ်းရည်မှာ ထင်သလောက် မကြီးကျယ်သော်လည်း ကျဆုံးသွားသော နိုင်ငံအပေါ် ထိုနက္ခတ်၏ သစ္စာရှိမှုမှာ ချီးကျူးစရာ ကောင်းလှသည်။

"ငါက ဘတ်ဂျေ က မဟုတ်ဘူး။ သာမန် ကိုရီးယားနိုင်ငံသား တစ်ယောက်ပါ"

"ဒီကောင်ကတော့ကွာ"

"မင်းရဲ့ မျိုးချစ်စိတ်ကို ငါ လေးစားပါတယ်၊ ဒါပေမဲ့ မင်းပိုပြီးတော့ အသိတရားရှိသင့်တယ်။ ငါ့မှာ ဒင်္ဂါး၂၀,၀၀၀ပဲ ရှိတာ မဟုတ်ဘူး"

ကျနော့် လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်ရာ ဒင်္ဂါးအရေအတွက်များ ထပ်မံမြင့်တက်လာသည်။ ထိုအမျိုးသား၏ မျက်နှာမှာ ဖြူဖျော့လာတော့သည်။ ကြွယ်ဝမှုသည် ဆင်းရဲသားများအတွက် မက်မောစရာ အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း အတိုင်းအဆမရှိသော ကြွယ်ဝမှုမှာမူ ကြောက်ရွံ့မှုနှင့် ရိုသေမှုကို ဖြစ်စေသည်။ အထူးသဖြင့် ‘ဒင်္ဂါး’ များ၏ စွမ်းအားကို သိရှိထားသူများအတွက် ပိုမိုသိသာသည်။

အတန်ကြာ ဆွံ့အသွားသော မင်ဂျီဝန်သည် ကျနော့်ကိုလှမ်းပြော၏။

"ရှင်... ရှင်က ဘယ်သူလဲ"

ကျနော်ကတော့ အမှန်အတိုင်း ဖြေဖို့ စိတ်ကူးမရှိပေ။

"မင်ဂျီဝန်၊ လောကမှာ အရာရာတိုင်းကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရဘူး။ မင်ဂျီဝန်က သရုပ်ဆောင်တစ်ဦးဆိုတော့ ဒါကို သိလိမ့်မယ်လို့ ငါ ထင်ထားတာ။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလိုက်တာကွာ"

နောက်ဆုံးတွင်တော့ ကျနော် နောက်လှည့်ကာ ထွက်ခွာလိုက်သည်။ မင်ဂျီဝန်၏ အော်သံကို နောက်ကနေ ကြားနေရသော်လည်း အဖွဲ့ဝင်များက ကျနော့်နောက်သို့ လိုက်လာကြ၏။

"ခ... ခဏနေပါဦး"

သို့သော်လည်း မင်ဂျီဝန်သည် ကျနော့်နောက်ကို ဆက်မလိုက်နိုင်တော့ပေ။ ရှီလာအုပ်စုနှင့် အတန်ငယ် ဝေးကွာသွားသည်နှင့် ယူဆန်းအာက အနည်းငယ် စိတ်ကောက်နေသော လေသံဖြင့် မေးလာသည်။

"ဒေါ့ဂျာ။ ကျမ တစ်ခုလောက် မေးလို့ရမလား"

"မေးပါ"

"အဲဒီ အမျိုးသမီးက အရမ်းနာမည်ကြီးတဲ့သူလား"

မမျှော်လင့်ထားသော မေးခွန်းကြောင့် ကျနော် ခဏမျှ တုံ့ဆိုင်းသွားသည်။

"ဟင်။ အင်း...ကြီးမယ်ထင်တယ်"

"သိပြီ။ ဒေါ့ဂျာရော၊ ဆောင်းဂုရောက မင်ဂျီဝန်ကို မှတ်မိနေကြတာလေ။ ကျမလည်း ရာဇဝင်ကားတွေ အများကြီး ကြည့်ဖူးတာပဲ၊ ဘာလို့ မင်ဂျီဝန်ကို လုံးဝ မမှတ်မိတာလဲ မသိဘူး"

ဒါကြောင့်မို့ စိတ်ကောက်နေတာလားဟ။

လီဂီယောင်က ကြားဖြတ်ပြောလိုက်သည်။

"အစ်မ၊ ကျနော်လည်း မင်ဂျီဝန်ကို မသိဘူး"

"အာ….ဟားဟား။ တော်သေးတာပေါ့"

ထိုသို့သိမနေကြခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ မင်ဂျီဝန်သည် ဝတ္ထုတစ်ပုဒ်ထဲတွင်သာ ပါဝင်သည့် ဇာတ်ကောင်ဖြစ်နေပါက ယူဆန်းအာနှင့် လီဂီယောင်တို့ မသိနိုင်သည်မှာ သဘာဝကျပေသည်။ ပြဿနာမှာ လီဆောင်းဂု ဖြစ်၏။

"လီဆောင်းဂု"

"အာ…ဟုတ်ကဲ့"

လီဆောင်းဂုက အဖွဲ့၏ နောက်နားမှနေ၍ ပြန်ထူးသည်။ မင်ဂျီဝန်၏ အလှတရားမှာ တော်တော်လေး အစွမ်းထက်ပုံရသည်။

"လီဆောင်းဂုက မင်ဂျီဝန်ရဲ့ ဖန်တစ်ယောက်လို့ ကြားလိုက်သလိုပဲနော်"

"ဟင်။ ဟားဟား။ ဟုတ်ပါတယ်။ အစ်ကို မသိဘူးလား။ သူက နာမည်ကြီး သရုပ်ဆောင်တစ်ယောက်လေ... အဲ"

လီဆောင်းဂု၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။

"ဟို... မင်ဂျီဝန်က…. အဲ…. ကျနော်က ဘာလို့ မင်ဂျီဝန်ကို သိနေတာလဲ။ မဟုတ်ဘူး၊ ကျနော် သူ့ကို အစကတည်းက သိနေခဲ့တာလား..."

တိတ်တဆိတ်ပင် ဇာတ်ကောင်စာရင်းကို ကျနော်အသက်သွင်းလိုက်၏။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါပြီ]

[ဇာတ်ကောင် အနှစ်ချုပ်]

အမည် : လီဆောင်းဂု

အသက် : ၂၅ နှစ်

ထောက်ပံ့သူ : နှလုံးသား၏စီစဉ်သူ

သီးသန့်ဝိသေသ လက္ခဏာ : စိတ်ညှို့သူ (ရှားပါး)

သီးသန့်စွမ်းရည် : စိတ်ညှို့ခြင်း အဆင့် ၃၊ လှည့်စားမှု အဆင့် ၄၊

လက်နက်လေ့ကျင့်ရေး အဆင့် ၃၊

ဝိသေသလက္ခဏာ ထောက်လှမ်း အဆင့် ၂...

အထူးစွမ်းရည် : သက်သောင့်သက်သာ အိပ်စက်ခြင်း အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၃၊ ခွန်အား အဆင့် ၁၃၊

လျှင်မြန်မှု အဆင့် ၁၇၊ မှော်စွမ်းအင် အဆင့် ၁၈

ခြုံငုံအကဲဖြတ်ချက် : လက်ရှိအချိန်တွင် ခြုံငုံအကဲဖြတ်ချက်ကို

လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဤသည်က လီဆောင်းဂု၏ အချက်အလက်များကို ကျနော် ဒုတိယအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ တစ်ခုမှလွဲ၍ ကျန်သည်များမှာ များစွာ ပြောင်းလဲခြင်း မရှိပေ။ ထိုတစ်ခုမှာ လီဆောင်းဂု၏ ‘လက်လျှော့သူ အဆင့် ၉’ ဆိုသော ဝိသေသလက္ခဏာ ပျောက်ကွယ်သွားခြင်း ဖြစ်၏။

"လီဆောင်းဂု"

"အဲ... ဗျာ"

"အင်း… ဘာမှမဟုတ်တော့ဘူး"

ရှုပ်ထွေးမှုများ မဖြစ်စေရန် ကျနော် စကားစဖြတ်လိုက်သည်။ Ways of Survival ကမ္ဘာတွင် ဝိသေသလက္ခဏာတစ်ခုသည် ထိုဝိသေသနှင့် ကိုက်ညီသော အရည်အချင်း မရှိတော့သည့်အခါမှသာ ပျောက်ကွယ်တတ်သည်။ ‘လက်လျှော့သူ’ အားလုံးသည် ဤကမ္ဘာ၏ ‘အနာဂတ်’ ကို သိထားကြသည်။ သို့သော် လီဆောင်းဂု သိထားသော အနာဂတ်မှာ နိဒါန်းပိုင်းနားတွင်သာ ရှိသည်။ လက်ရှိ ဇာတ်ဝင်ခန်း၏ ဖြစ်ပေါ်တိုးတက်မှုများမှာ သူသိထားသော အချက်အလက်များကို ကျော်လွန်သွားပြီ ဖြစ်၏။

ထို့ကြောင့် ယူဆချက်တစ်ခုကတော့ ထွက်ပေါ်လာပေပြီ။ ‘လက်လျှော့သူ’ များ အားလုံးသည် သူတို့သိထားသော ‘အနာဂတ်’ နှင့် လက်ရှိအခြေအနေ ထပ်တူကျသွားသည့်အချိန်မှာပင် သာမန်ဇာတ်ကောင်များ ဖြစ်သွားကြခြင်း​လော။ ဒါက လောလောဆယ်တွင် အတွေးသက်သက်သာ ဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသော ယူဆချက်တစ်ခုပင်။ ဤသို့သာဆိုလျှင်တော့ လီဆောင်းဂုနှင့် ဂျောင်မင်ဆော့တို့၏ အချက်အလက်များကို ကျနော် ဘာကြောင့် စတင်မြင်တွေ့လာရသနည်းဆိုသည်မှာ နားလည်နိုင်စရာ ရှိသွားပေပြီ။ အကယ်၍သာ ဤအတိုင်းဆိုလျှင်... တစ်နေ့ကျရင် ကျနော်လည်းပဲ...

[ဇာတ်ကောင် ‘မင်ဂျီဝန်’ သည် သင့်အပေါ် အနည်းငယ် သဘောကျစိတ် ပေါ်ပေါက်နေပါသည်။]

အဓိပ္ပာယ်မရှိသော မက်ဆေ့ချ်ကြောင့် ကျနော့်အတွေးများ အားလုံး ပြိုပျက်သွားရသည်။ ကျနော် အလိုအလျောက်ပင် နောက်လှည့်ကြည့်မိသည်။ မင်ဂျီဝန်သည် ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး ကျနော့်ဘက်သို့ လှမ်းကြည့်နေလေသည်။ မင်ဂျီဝန်၏မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း အမူအရာမှာ ဒေါသထွက်နေပုံရသည်။

ဒါဆိုရင် ဒီမက်ဆေ့ချ်က... မဟုတ်သေးဘူး၊ ခဏလေး။

ကျနော် ဘာလို့ အဲဒီအပိုင်းကို မေ့နေရတာလဲ။ ရုတ်တရက် အမှတ်ရသွားခဲ့သည်။

(၁၁) ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း တုန်းက မင်ဂျီဝန်ဟာ ယူဂျွန်ဟော့နဲ့ တွေ့တွေ့ချင်း ပါးရိုက်ခဲ့တာလေ။ ပြီးတော့ အဲဒီ၁၁ကြိမ်မြောက်တစ်ခုလုံးမှာ မင်ဂျီဝန်က ယူဂျွန်ဟော့ကိုပဲ ထောက်ခံအားပေးခဲ့တာ...

မကောင်းသော အငွေ့အသက်ကို ကျနော်ရုတ်တရက် ခံစားလိုက်ရသည်။

ဒါဆိုရင်... မဖြစ်နိုင်တာ။ အနည်းဆုံးတော့ ငါကတော့ ပါးအရိုက်မခံရသေးဘူးလေ။

………………………………………………………………………………………….

နောက်ထပ်တစ်နာရီအကြာမှာတော့ ဂွမ်ဟွာမွန်း အနီးက အဆောက်အဦးတွေကြားထဲ ကျနော်တို့တွေ တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်ကျော်ခဲ့ကြသည်။ လူတစ်ယောက်မှ မတွေ့ရသော်လည်း ကျနော့်ဆီက စာသားတွေကို ဝယ်ယူသွားသော ဘုရင်တွေသည် အနီးအနားမှာ ပုန်းအောင်းနေကြမှန်း ထင်ရှားလှ၏။

"သူတို့ ဘယ်အချိန်မှာ စပြီး လှုပ်ရှားမလဲဆိုတာ သေချာစောင့်ကြည့်ထား။ ငါတို့လည်း သူတို့နဲ့အတူ အချိန်ကိုက် လှုပ်ရှားကြမယ်"

သတိကြီးစွာ လှုပ်ရှားရင်း အဖွဲ့ဝင်များကို ကျနော် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဘုရင်တွေရဲ့ ရည်မှန်းချက်ကို ကျနော် သိနေပြီးသားပင်။

「အမျိုးသားနန်းတော်ပြတိုက်၏ အဝင်ဝကို ရောက်တဲ့အခါ သူ့ရဲ့ ရင်ခုန်သံတွေ မြန်လာခဲ့သည်။ ဒီမှာရှိနေတဲ့ အမွေအနှစ် အများစုက အမှိုက်တွေသာ ဖြစ်သော်လည်း တစ်ခုတည်းကသာ အစစ်အမှန် ဖြစ်၏။

ထိုအမွေအနှစ်မှာ ‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး’ ပင် ဖြစ်လေသည်။

အစွမ်းအထက်ဆုံး SSSSS-အဆင့် ပစ္စည်းက ဂွမ်ဟွာမွန်းမှာ ပုန်းကွယ်နေတာပဲ 」

ကျနော်ကိုယ်တိုင် ရေးခဲ့တာ ဖြစ်သော်လည်း အဆိုပါစာသားတွေကို ပြန်ဖတ်လိုက်ရုံနဲ့တင် ခြေဖျားလက်ဖျားတွေ တွန့်ကုန်တော့မတတ် ရှက်မိသွားသည်။ အမျိုးသားနန်းတော်ပြတိုက်မှာ ‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး’ ရှိနေတာကတော့ အမှန်ပင်။

သို့ပေသိ အဆိုပါပစ္စည်း၏ အဆင့်က SSSSS တော့ မဟုတ်ချေ။ ပြောရမည်ဆိုလျှင် Sငါးလုံးအဆင့်သတ်မှတ်ချက်မျိုးကိုက လောကမှာ မရှိခြင်းပင်။ သို့ပေသိ ‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး’ က အစွမ်းထက်တာတော့ အမှန်ပဲဟု ပြော၍ရသည်။ အမှန်တကယ်တန်းတော့ တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းက ယူဂျွန်ဟော့သည်လည်း အစပိုင်းတွင် အဆိုပါဓါးကိုပဲ နှစ်သက်စွာ သုံးခဲ့ဖူး၏။

"အစ်ကို၊ အဲဒီလို ပစ္စည်းရှိနေရင် ကျနော်တို့ အရင်ဦးအောင် သွားယူသင့်တာ မဟုတ်ဘူးလား"

"မလိုပါဘူး"

‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး’ က ဓါးကောင်းတစ်လက် ဖြစ်သော်လည်း အခုလောလောဆယ် ကျနော့်အတွက်တော့ မရှိမဖြစ် မဟုတ်ပေ။ သို့ပေသိ ခိုးချသောစာရေးဆရာနှင့် အခြားဘုရင်တွေကတော့ ထိုအတိုင်း တွေးမှာ မဟုတ်လောက်ချေ။ သူတို့ကတော့ ‘ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး’ ကို ရရှိသည်နှင့် အစောပိုင်းမှာတင် အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်မယ်လို့ တွေးကြပေလိမ့်မည်။ သူတို့တွေ သေချာပေါက် အဆိုပါဓါးကိုပဲ ရှာဖွေနေကြမှာ သေချာ၏။

ကျနော့်အစီအစဉ်က ရိုးရှင်းပါသည်။ သူတို့တွေ အဆိုပါဓါးကို မျက်စိကျနေချိန်တွင် တခြား အမွေအနှစ်တွေကို ကျနော်ယူပစ်ဖို့ ကြိုးစားမည်ပင်။ ပြဿနာက အဲဒီကောင်တွေ ဘယ်တော့ လှုပ်ရှားမလဲ သိမနေခြင်းဖြစ်သည်။ သို့ပေသိ ကြိုပြီး စိတ်ပူနေစရာတော့ မလိုလောက်ချေ။ ယခုလို အခြေအနေဆိုးနေသော ကမ္ဘာကြီးတွင် ဇာတ်ဝင်ခန်းက ရှေ့မဆက်ဘဲ ငြိမ်နေတဲ့အချိန်မျိုးဆိုရင် အဲဒီကောင်တွေက အမြဲတမ်း ပေါ်လာတတ်၏။

[ဟားဟား… တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ။ အဓိက လူပုဂ္ဂိုလ်တွေ အကုန်လုံး စုဝေးနေကြပြီပဲ]

ကျနော် မျှော်လင့်ထားသည့်အတိုင်းပင်။ မီးပွားလေးတွေနှင့်အတူ အလယ်အလတ်အဆင့် ဒိုကဲဘီ တစ်ကောင် လေထဲကနေ ရုတ်တရက် ပေါ်လာသည်။

[လိမ္မာတဲ့ ကလေးတွေကို ဆုပေးသင့်တာပေါ့။ မဟုတ်ဘူးလား]

ဂွမ်ဟွာမွန်း၏ အလယ်ဗဟိုကနေ တစ်စုံတစ်ခု မြင့်တက်လာသောအသံ ထွက်ပေါ်လာသည်။ ၎င်းမှာ ရွှေရောင်အလင်းတန်းတွေ ဖုံးလွှမ်းနေသည်။ ပလ္လင်တစ်ခုပင် ဖြစ်သည်။ ဂွမ်ဟွာမွန်း အနှံ့ အံ့သြတုန်လှုပ်သံတွေ ဖုံးလွှမ်းသွား၏။ မည်သည့်ရှင်းလင်းချက်မှ မရှိသေးသော်လည်း အဆိုပါပလ္လင်ကို ဘုရင်တစ်ဦးတည်းကသာ သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း ဘုရင်အားလုံး ယခုအချိန်တွင် သဘောပေါက်သွားလောက်ပေပြီ။

[ပင်မဇာတ်ဝင်ခန်းကို ထပ်တိုးလိုက်ပါပြီ]

[ပင်မဇာတ်ဝင်ခန်း # ၄ – ‘ဘုရင်၏ အရည်အချင်း’ စတင်ပါပြီ]

All Chapters