← Chapters

ဘုရင်တို့၏စစ်ပွဲ (၄)

Vol. 4 Ch. 63

ဘုရင်တို့၏စစ်ပွဲ (၄)

Vol. 4 Ch. 63

စနစ်၏ အသိပေးချက်ကြောင့် လီဆောင်းဂုမှာ အံ့အားသင့်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"နောက်ထပ် ဇာတ်ဝင်ခန်းအသစ်တစ်ခုလား..."

အချိန်ကိုက် ဖြစ်ပေါ်လာခြင်းတော့ မဟုတ်လောက်ချေ။ လက်ရှိ ဇာတ်ဝင်ခန်း၏ ပြီးမြောက်ရန် စည်းကမ်းချက်များကိုပင် မဖြည့်ဆည်းနိုင်သေးမီ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရောက်ရှိလာသော ဇာတ်ဝင်ခန်းသစ်ကို ကျနော်ချက်ချင်းပင် ဖွင့်ကြည့်လိုက်၏။

[ပင်မဇာတ်ဝင်ခန်း # ၄ – ဘုရင်၏ အရည်အချင်း]

အမျိုးအစား - ပင်မ

အခက်အခဲအဆင့် - A

ပြီးမြောက်ရန် လိုအပ်ချက် - ဂွမ်ဟွာမွန်းတွင် ရှိသော ‘အကြွင်းမဲ့ ပလ္လင်’ ကို

သိမ်းပိုက်ရန်။

အချိန်ကန့်သတ်ချက် - ၈ နာရီ

ဆုလာဘ် - ဒင်္ဂါး ၁၀,၀၀၀

ကျရှုံးမှု - ---

ဤဇာတ်ဝင်ခန်းကို ‘ဘုရင်၏ လမ်းကြောင်း’ ဟူသော လျှို့ဝှက်ဇာတ်ဝင်ခန်းအား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သူများသာ စိန်ခေါ်ခွင့်ရှိသည်။

အကြွင်းမဲ့ ဘုရင်သည် အခြားသော ဘုရင်များအားလုံးအပေါ် အကြွင်းမဲ့ အမိန့်ပေးပိုင်ခွင့်ရှိသည်။

ဤဇာတ်ဝင်ခန်းအတွက် အခြားသော အထူးစည်းကမ်းချက်များလည်း ရှိသေးသည်။

အခြေအနေမှာ ကောင်းမွန်ခြင်း မရှိလှပေ။ ကျနော်တို့အဖွဲ့သည် အလံလုပွဲအတွက် ရည်မှန်းချက်ထားရာ နေရာကိုပင် မသိမ်းပိုက်နိုင်သေးချေ။

ဝန်ထုပ်ဝန်ပိုးမှာ နှစ်ဆ တိုးသွားရသည်။ ကျနော်သည် မင်းဆိုးမင်းညစ်ကို နှိမ်နင်းကာ ချန်စင်ဘူတာကို သိမ်းပိုက်ရမည့်အပြင်၊ ဤပလ္လင်နှင့် သက်ဆိုင်သော ဇာတ်ဝင်ခန်းကိုပါ တစ်ပြိုင်နက် ပြီးမြောက်အောင် ဆောင်ရွက်ရပေတော့မည်။

ထိုစဉ် အလယ်အလတ်အဆင့် ဒိုကဲဘီ က ပြောလာသည်။

[မင်းတို့ရဲ့ ဝေခွဲမရဖြစ်နေတဲ့ မျက်နှာတွေကို ကြည့်စမ်းပါဦး။ အရမ်းကြီးတော့ စိတ်မပူကြနဲ့။ ဒီဇာတ်ဝင်ခန်းက ဖြည်းဖြည်းချင်းပဲ ရှေ့ဆက်သွားမှာပါ]

ဂွမ်ဟွာမွန်းတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်နေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်နေသည်မှာ သဘာဝကျလှပေ၏။ အသက်ရှင်ကျန်ရစ်သော ဘုရင်များသည် ဒိုကဲဘီ၏ စကားကို နားထောင်ရန် မည်မျှအရေးကြီးကြောင်း သိရှိထားကြသည်။

[မင်းတို့ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ စတုတ္ထမြောက် ပင်မဇာတ်ဝင်ခန်းကတော့ ပလ္လင်ပေါ်မှာ ထိုင်နိုင်မယ့် တစ်ဦးတည်းသော ဘုရင် ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ ဘုရင်တိုင်းကတော့ အဲဒီပလ္လင်ပေါ်မှာ ထိုင်လို့မရဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြနိုင်တဲ့သူ တစ်ယောက်တည်းသာ ထိုင်နိုင်မှာကွ]

အလယ်အလတ်အဆင့် ဒိုကဲဘီ က မဲ့ပြုံးပြုံးရင်း ဆက်ပြောသည်။

[ကဲ…..ပထမဆုံး ပြည့်မီဖို့လိုတဲ့ အရည်အချင်းကို ငါပြမယ်]

[ဘုရင်၏ အရည်အချင်း]

၁။ 「 ပလ္လင်၏ ပိုင်ရှင်သည် မည်သူထက်မဆို ပို၍ သတ္တိရှိရမည် 」

– အကြွင်းမဲ့ ပလ္လင်သည် ‘အားနည်းသော ဘုရင်’ ကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်ချေ။ ပလ္လင်ကို စိန်ခေါ်နိုင်ရန်အတွက် အနည်းဆုံး ‘မဟူရာ(အနက်)ရောင် အလံ’ကို ပိုင်ဆိုင်ထားရမည်။

(ကျန်ရှိသော ပြည့်မီရန်လိုအပ်သည့် အရည်အချင်းများကို အချိန်အတန်ကြာမှ ထပ်မံထုတ်ပြန်ပေးမည်)

မဟူရာရောင် အလံ။ အစကတည်းက စိတ်ပျက်စရာ ကောင်းလှသော စည်းကမ်းချက်ပင် ဖြစ်သည်။

[ဟဲဟဲ၊ လှုံ့ဆော်မှုတော့ ပေးလိုက်ပြီ။ အခု စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်လောက် ဖန်တီးပြကြပေတော့]

အလယ်အလတ်အဆင့် ဒိုကဲဘီ ပျောက်ကွယ်သွားသောအခါ ယူဆန်းအာ က စိုးရိမ်သော မျက်နှာထားဖြင့် မေးလာသည်။

"မဟူရာရောင် အလံဆိုရင်... ဘူတာ ၂၀ လောက် သိမ်းပိုက်ထားဖို့ လိုတာ မဟုတ်လား"

"ဟုတ်တယ်"

ကျနော်တို့အဖွဲ့တွင် အညိုရောင်အလံသာ ရှိသေးသည်။ အညိုရောင်အလံသည် ဘူတာ ၁၀ ခု သိမ်းပိုက်ပြီးမှသာ ရရှိနိုင်သော အလံမျိုး ဖြစ်၏။

"ကျမတို့ ဘယ်လိုလုပ်ကြမလဲ။ မဟူရာရောင် အလံဖြစ်လာဖို့ဆိုရင် နောက်ထပ် ဘူတာ ၁၀ ခု လိုသေးတယ်။ အနီးနားမှာ လွတ်နေတဲ့ ဘူတာတွေ ရှိသေးရင်တော့..."

"ဒါက လွတ်နေတဲ့ ဘူတာတွေ မရှိတော့လို့ ပေါ်လာတဲ့ စည်းကမ်းချက်ပဲ"

"ဟင်"

ကျနော် သိသလောက်တော့ ဤအချိန်တွင် မဟူရာရောင် အလံကို ပိုင်ဆိုင်ထားသော ဘုရင် တစ်ဦးမျှ မရှိသေးချေ။

"မင်း မေ့နေတာလား။ အလံရဲ့ အရောင်ကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းက တစ်ခုတည်း ရှိတာ မဟုတ်ဘူးလေ"

ဘူတာတစ်ခုကို သိမ်းပိုက်သည့်အခါ အလံ၏ အောင်မြင်မှု တန်ဖိုးက မြင့်တက်လာတတ်သည်။ သို့သော်လည်း ထိုတန်ဖိုးကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်သော နည်းလမ်းတစ်ခုတော့ ရှိနေသေး၏။

"အာ..."

ထိုနည်းလမ်းမှာ အခြားသော ကိုယ်စားပြုခေါင်းဆောင်တစ်ဦး၏ အလံကို လုယူခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင် ဂွမ်ဟွာမွန်း၌ အလံများကိုယ်စီ ကိုင်ဆောင်ထားသော ဘုရင်များစွာ စုဝေးရောက်ရှိနေကြနေပြီပင်။

စိုးရိမ်နေသော အဖွဲ့သားများကို စိတ်အေးသွားအောင် ကျနော်ဖျောင်းဖျလိုက်သည်။

"စိတ်မပူကြပါနဲ့။ ဒါက မျှော်လင့်မထားတဲ့ အခြေအနေ မဟုတ်ဘူး။ ငါတို့ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်သွားကြမယ်"

စီစဉ်ထားသည့်အတိုင်းဟု ကျနော် ပြောလိုက်သော်လည်း ၎င်းမှာ လွယ်ကူလိမ့်မည်တော့ မဟုတ်​ချေ။

ဂွမ်ဟွာမွန်း အထက်တွင် စစ်တိမ်တိုက်များ ဖုံးလွှမ်းလာနေသည်။ မုန်တိုင်းမတိုက်ခတ်မီ အသက်ရှူရပ်မတတ် တင်းမာနေသော အခြေအနေမျိုးပင် ဖြစ်၏။ လက်နက်များ ဆွဲထုတ်သံနှင့် စစ်ကြောင်းပြင်ဆင်သံများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေတော့သည်။

မကြာမီပင် လူအများ စတင်လှုပ်ရှားကြတော့မည်။ ရာထူးတိုးရန် ယှဉ်ပြိုင်နေကြသူများသည် ယခုအခါ စစ်မှန်သော ဓါးများဖြင့် အချင်းချင်း သတ်ဖြတ်ကြပေတော့မည်။ နယ်မြေချဲ့ထွင်လိုသူများသည်လည်း ဘူတာများ ပိုမိုသိမ်းပိုက်နိုင်ရန် တစ်ဦး၏အလံကို တစ်ဦးက လုယူကြလိမ့်မည်။ ရှင်သန်နိုင်ရေးအတွက် အချင်းချင်း သတ်ဖြတ်ကာ ပိုမိုကောင်းမွန်သော ပစ္စည်းများကို ရယူကြရခြင်းပင်။ လီဆောင်းဂုသည် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို ကြည့်ရှုရင်း စိတ်ကူးယဉ်ဆန်သော လေသံဖြင့် ရေရွတ်လိုက်သည်။

"ကြောက်စရာကြီးပဲ။ ဒါက တကယ်ပဲ ကိုရီးယားနိုင်ငံ ဟုတ်ရဲ့လား"

"ကိုရီးယားနိုင်ငံပါပဲ။ အခုထိတော့ ကိုရီးယားနိုင်ငံပါ"

"ကိုယ်စားပြုခေါင်းဆောင်ကြီးရော မကြောက်ဘူးလား"

"ကြောက်တာပေါ့"

ကျနော်လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။ ကျနော် တကယ်ပင် ကြောက်လန့်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် ထိုသို့သော ခံစားချက်မျိုးကို မကြာခဏ ခံစားရတတ်သည်။ ကျနော်သည် Ways of Survival ကို ဖတ်ရှုခဲ့ဖူးသော်လည်း သာမန် ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်ခဲ့သည် မဟုတ်ပေလော။ အပြင်ပန်းတွင် ထုတ်မပြသော်လည်း ကျနော် တကယ်ပဲ အသက်ရှင်နိုင်ပါ့မလားဟု မကြာခဏ တွေးတောမိသည်။ သို့ပေသိ ကျနော်၏ စိုးရိမ်ပူပန်မှုများမှာ ကြာရှည်မခံလှချေ။ ထိုသို့ တွေးတောနေခြင်းမှာ အပိုသာဖြစ်ကြောင်း သိနားလည်ထား၍ဖြစ်သည်။ မည်သည့်ကမ္ဘာမှာဖြစ်စေ အတူတူပင် ဖြစ်ပေလိမ့်မည်။ မီနိုဆော့ဖ်တွင် အလုပ်လုပ်ခဲ့သော ကင်ဒေါ့ဂျာသည် ယခုအခါ Ways of Survival ကမ္ဘာတွင် ရှင်သန်နေသော ကင်ဒေါ့ဂျာ ဖြစ်နေပေပြီ။ ကျနော် အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေခြင်းတရားကတော့ ရောက်လာမည်သာ။ အရေးအကြီးဆုံး အချက်ကတော့... "အနည်းဆုံးတော့ အခုအချိန်မှာ ကျနော် တကယ် အသက်ရှင်နေတယ်လို့ ခံစားရတယ်"

[သီးသန့်စွမ်းရည် ‘Fourth Wall’ကို အသက်သွင်းလိုက်ပါပြီ။]

ကျနော် ရုတ်တရက် လှည့်ကြည့်လိုက်ရာ လီဆောင်းဂုက ကျနော့်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ကိုယ်စားပြုခေါင်းဆောင်ကြီးကို ကြည့်ရတာ..."

"တိုက်ခိုက်ကြ"

လီဆောင်းဂု၏ စကားမဆုံးမီမှာပင် တစ်စုံတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ မီတာ ၃၀၀ ခန့် အကွာတွင် မြောက်ဘက်သို့ စတင်စစ်ချီနေသော ဘုရင်တစ်ပါး ရှိနေသည်။ သူသည် ကျနော့်ကဲ့သို့ပင် အညိုရောင်အလံကို ပိုင်ဆိုင်ထားသော ဘုရင် ဖြစ်၏။ အလွန်ဝေးကွာလှသဖြင့် သူ၏မျက်နှာကို မမြင်ရသော်လည်း သေးငယ်သော နယ်မြေတစ်ခုခု၏ ဘုရင်သာ ဖြစ်လောက်ပေမည်။ ထိုအချိန်မှာပင် ဂွမ်ဟွာမွန်းတွင် ပုန်းအောင်းနေသော စစ်ဘုရင်များ စတင်ထွက်ပေါ်လာကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် အကောင်းဆုံး လက်နက်ကိရိယာများကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။ အထင်ရှားဆုံးမှာ တောက်ပသော အရောင်အသွေးရှိသော စကတ်တို (Kilt)ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ ကြည့်လိုက်ရုံဖြင့်ပင် သူသည် မည်သူဖြစ်ကြောင်း ကျနော် သိနိုင်ပေသည်။ ကျနော်တို့၏ ရည်မှန်းချက်ဖြစ်သော၊ ဒိုဘုံဂူနှင့် ဆောင်းဘတ်ဂူတို့ကို အုပ်ချုပ်သည့် ‘မင်းဆိုးမင်းညစ်’ပင် ဖြစ်၏။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေလေသည်။ ဆိုးလ်မြို့၏ ဘုရင်ခုနစ်ပါးအနက် အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားသူမှာ မင်းဆိုးမင်းညစ်ပင်။ ယခု သူစတင်လှုပ်ရှားပြီဖြစ်ရာ နံပါတ် ၁ တမာန်တော်နှင့် သုံးပြည်ထောင်၏ ဘုရင်များလည်း စတင်လှုပ်ရှားကြပေတော့မည်။

"သူတို့ထဲက အများစုကတော့ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး နောက်ကို လိုက်ကြမှာပဲ"

အမှန်တကယ်ပင် ဘုရင်များ ချီတက်နေသော ဦးတည်ရာမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး ရှိရာ မြောက်ဘက်ရှိ အမျိုးသားနန်းတော်ပြတိုက်သို့ ဖြစ်သည်။ ကျနော် မတွေ့ရသေးသော်လည်း ခိုးချသောစာရေးဆရာသည်လည်း ထိုဘက်သို့ပင် ဦးတည်သွားလောက်ပေသည်။ အချို့သော အင်အားစုများမှာ ထိခိုက်မှုများကိုပင် ဂရုမစိုက်တော့ဘဲ ပြတိုက်ဆီသို့ ပြေးလွှားနေကြသည်။ ထိုသို့လုပ်ကြခြင်းကို နားလည်ပေးလို့ရ၏။ အကြွင်းမဲ့ဘုရင်၏ အရည်အချင်းမှာ ယခုအထိ ရှင်းလင်းမှု မရှိသေးသဖြင့် ကောင်းမွန်သော ပစ္စည်းတစ်ခုကို အရင်ရယူထားခြင်းက ပို၍ အကျိုးရှိမည်ဟု သူတို့ တွေးတောကြခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုပစ္စည်းမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး သာ ဖြစ်နေပါက သူတို့၏ အလံအတွက် လိုအပ်နေသော အောင်မြင်မှု တန်ဖိုးများကို တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေလော။ လီဆောင်းဂုက စိုးရိမ်တကြီး မေးလာသည်။

"ကျနော်တို့ရော မသွားသင့်ဘူးလား။ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး က တကယ်ကောင်းတဲ့ ပစ္စည်းတစ်ခုပဲလေ"

"ငါတို့ သွားရင် အရေးနိမ့်ဖို့ပဲ ရှိမယ်"

ကျနော်တို့တွင် လူအင်အား များများစားစား မရှိချေ။ ထို့အပြင် သူတို့ကြားတွင် အဆင့်မြင့် ထောက်ပံ့သူများကို ပိုင်ဆိုင်ထားသူများလည်း ပါဝင်နေ၏။

"အနောက်ဘက်ကို သွားကြစို့"

အဖွဲ့ဝင်များကို ကျနော်ဦးဆောင်ကာ လှုပ်ရှားလိုက်သည်။ ဘုရင်အားလုံး မြောက်ဘက်ရှိ ပြတိုက်ဆီသို့ ဦးတည်နေကြသဖြင့် အနောက်ဘက်တွင် အင်အားစုများ နည်းပါးနေလောက်ပေသည်။ သမိုင်းဝင် ဂွမ်ဟွာမွန်း ဖြစ်သဖြင့် နေရာအနှံ့အပြားတွင် ပြတိုက်များစွာ ရှိနေ၏။ သတင်းစာပြတိုက်၊ ကိုရီးယား ဘဏ္ဍာရေးသမိုင်းပြတိုက်၊ ကိုရီးယား အမျိုးသား ရဲတပ်ဖွဲ့ အမွေအနှစ်ပြတိုက်အစရှိသောပြတိုက်များ အသီးသီးရှိနေသည်။

ယူဆန်းအာ က မေးလာသည်။

"ဒီနေရာတွေကို ကျမတို့ မသွားဘူးလား"

"မျက်မှောက်ခေတ်နဲ့ ခေတ်သစ်ပြပစ္စည်းတွေကို ငါတို့ ရှောင်ရမယ်"

ရှေးဟောင်း အမွေအနှစ်ကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့ပေသိ ရှေးကျရုံမျှဖြင့် မလုံလောက်ချေ။ သံခေတ်က လယ်သမားများ အသုံးပြုခဲ့သော ပေါက်ပြားသည်လည်း ရှေးဟောင်းပစ္စည်းပင် ဖြစ်သော်လည်း ၎င်းမှာ F အဆင့်မျှသာ ရှိပေသည်။ အရေးကြီးသည်မှာ ထိုပစ္စည်းသည် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုံပြင်ဇာတ်လမ်းတစ်ခုနှင့် ဆက်နွှယ်မှု ရှိနေရန်ပင် ဖြစ်သည်။

"ဒီနေရာကို သွားကြစို့"

ကျနော်တို့ ရပ်တန့်လိုက်သော နေရာမှာ ဂယောင်းဟီ နန်းတော်နှင့် မျက်နှာချင်းဆိုင်ရှိ ဆိုးလ်သမိုင်းပြတိုက်ပင် ဖြစ်သည်။ ယူဆန်းအာ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

"ဒီမှာ ကျမတို့ ဘာကို ရှာရမှာလဲ"

"ကျနော်တို့ ဂန်ပြောင်းဝီကို ရှာရမယ်။ အဲဒါက ဂျိုဆွန်းခေတ်က အမွေအနှစ်တစ်ခုပဲ။ ဝိုင်းဝိုင်းပုံစံ ရှိတယ်၊ ဒါပေမဲ့ ဘယ်နှစ်ထပ်မှာ ရှိလဲဆိုတာတော့ ကျနော် မသိဘူး"

"ကောင်းပါပြီ၊ ကျမ ရှာကြည့်လိုက်ပါ့မယ်"

"မြန်မြန်ရှာရမှာမို့လို့ လူခွဲကြစို့။ ဂီယောင်က ယူဆန်းအာနဲ့ အတူသွား။ ပြီးတော့ လီဆောင်းဂု"

ကျနော် စကားပြောနေစဉ်မှာပင် နောက်ကျောဘက်မှ တစ်စုံတစ်ခု စူးရှစွာ ပျံသန်းလာသည်။ အဖွဲ့သားများကို ဆွဲကာ အလိုအလျောက်ပင် ကျနော် ငုံ့ရှောင်လိုက်သည်။ အဆောက်အဦး၏ အပြင်ဘက်နံရံတွင် မြားတစ်စင်း စိုက်ဝင်သွားသည်။ ထိုမြားတံပေါ်တွင် မှော်စွမ်းအင် အကြွင်းအကျန်များ ရှိနေလေသည်။

ကျနော့်ကိုယ်ခန္ဓာ တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားရသည်။

[စွမ်းအားပြင်း မှော်မြား]

ဤသူသည် လေးအတတ်ပညာကို စနစ်တကျ လေ့လာထားသူ ဖြစ်ပေလိမ့်မည်။ မည်သူနည်း။ မမျှော်လင့်ထားသော ခြုံခိုတိုက်ခိုက်မှုကြောင့် ကျနော့်အတွေးများ ရှုပ်ထွေးသွားရသည်။ ကျနော့်အဖွဲ့၏ လှုပ်ရှားမှုကို ကြိုတင်ဖတ်နိုင်သူ တစ်ဦးဦး ရှိနေခြင်းလော။

"အားလုံး အထဲကိုဝင်ကြ။ မြန်မြန်"

မြားအချို့ ထပ်မံပျံသန်းလာပြန်သည်။

[ယုံကြည်မှုဓါးသွား အသက်ဝင်လာပါသည်]

ဓါးကိုဝှေ့ယမ်းကာ ပျံသန်းလာသော မြားများကို ကျနော်ရိုက်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မှော်စွမ်းအင် ပမာဏမှာ များပြားခြင်းမရှိသဖြင့် တားဆီးရန် ခက်ခဲခြင်း မရှိလှချေ။ ပြဿနာမှာ အရေအတွက်ပင် ဖြစ်သည်။ မြားတစ်စင်းသည် လွင့်စင်လာပြီး ကျနော့်ပေါင်ကို ထိမှန်သွားသည်။ ကျနော်လျင်မြန်စွာ နောက်ဆုတ်ကာ အကာအကွယ်တစ်ခု၏ နောက်ကွယ်တွင် ပုန်းလိုက်ရသည်။

"ဟားဟား။ ဘုရင်အသစ်ကလေးက ဘယ်ကို လျှောက်သွားနေတာလဲ"

နယ်မြေတစ်ခုလုံးတွင် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။ မီတာ ၅၀၀ ခန့်အကွာတွင် လေးနှင့် ဓါးများကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်စုတစ်စု ပေါ်လာ၏။ သူတို့၏အလံကို မမြင်ရချေ။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် သီးခြားတပ်ဖွဲ့တစ်ခုကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။ အချို့သော ဘုရင်များသည် ကျနော်ထင်ထားသည်ထက် ပို၍ ပါးနပ်ကြပေသည်။ အင်အားနည်းသော ဘုရင်များထံမှ အလံများကို လုယူရင်း ပစ္စည်းများကိုပါ သိမ်းပိုက်ရန် ကြံစည်နေခြင်းလော။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ကို အသက်သွင်းလိုက်ပါသည်။]

ရှေ့ဆုံးမှလူကို စွမ်းရည်အသုံးပြုကာ ကျနော်အကဲဖြတ်လိုက်သည်။

[ဇာတ်ကောင် အနှစ်ချုပ်]

အမည် : ချူဝမ်အင်

အသက် : ၃၃ နှစ်

ထောက်ပံ့သူ : ‘ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း’ နက္ခတ်

သီးသန့်ဝိသေသလက္ခဏာ : သာမန်သရုပ်ဆောင် (စစ်သူကြီး)

သီးသန့်စွမ်းရည် : လက်နက်လေ့ကျင့်ရေး အဆင့် ၄၊

သရုပ်ဆောင်ခြင်း အဆင့် ၁၊

အားနည်းသော စုံစမ်းထောက်လှမ်းမှု အဆင့် ၁ အထူးစွမ်းရည် : ဘတ်ဂျေဓါးသိုင်း အဆင့် ၄၊ နိုင်ငံအတွက်

အသက်ပေးတိုက်ပွဲဝင်ရန် အသင့်ဖြစ်ခြင်း အဆင့် ၂၊

သီးခြားတပ်ဖွဲ့ ကွပ်ကဲမှု အဆင့် ၃

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၉၊ ခွန်အား အဆင့် ၁၉၊

လျှင်မြန်မှု အဆင့် ၂၁၊ မှော်စွမ်းအင် အဆင့် ၁၅

ခြုံငုံအကဲဖြတ်ချက် : အမည်မသိသူ တစ်ဦးဖြစ်သော်လည်း ထူးချွန်သော

ထောက်ပံ့သူနှင့် တွေ့ဆုံပါက မည်မျှ

တိုးတက်လာနိုင်ကြောင်း ပြသနေသော သာဓကတစ်ခု

ဖြစ်သည်။ ထောက်ပံ့သူနှင့် ချိတ်ဆက်မှု

မြင့်မားခြင်းကြောင့် သူ၏ အထူးစွမ်းရည်များမှာလည်း

အားကောင်းလှသည်။

တကယ့် သားရဲတစ်ကောင် ရောက်လာပေပြီ။ ဟွမ်ဆန်ဘောလ်၏ သခင်နှင့် ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့ချေ။ သရုပ်ဆောင် ဝိသေသရှိသူများသည် ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်းကဲ့သို့သော နက္ခတ်များထံသို့ ကပ်တွယ်တတ်သည့် သဘာဝ ရှိကြသည်။

"မင်းမှာ ဘုရင်တစ်ပါးရဲ့ ဂုဏ်သိက္ခာ ရှိတယ်ဆိုရင် မင်းရဲ့အလံကို လက်နက်ချ အပ်နှင်းလိုက်စမ်း။ ဒါဆိုရင်တော့ မင်းရဲ့ အဖွဲ့ဝင်တွေ အသက်မဆုံးရှုံးစေရဘူး"

ညံ့ဖျင်းလှသော ပြဇာတ်ဆန်ဆန် လေသံကပင် သူသည် အဘယ်ကြောင့် သာမန်သရုပ်ဆောင်တစ်ဦး ဖြစ်နေရသနည်းဆိုသည်ကို ကျနော့်အား ပြောပြနေသယောင် ရှိသည်။

‘ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း’ နက္ခတ်သည် ဤကဲ့သို့သော လူမျိုးနှင့် လာရောက်ပူးပေါင်းနေရပေသည်။ အဖော်အဖက် ကံမကောင်းခြင်းဆိုသည်မှာ နက္ခတ်များအတွက်ပင် အကျုံးဝင်ပုံရသည်။ သို့ပေသိ ဤအခြေအနေမှာ ကျနော့်အတွက် ခက်ခဲလှ၏။ ‘ဘတ်ဂျေဓါးသိုင်း’ နှင့် ‘သီးခြားတပ်ဖွဲ့ ကွပ်ကဲမှု’ အထူးစွမ်းရည်များ၏ အဆင့်မှာ မြင့်မားလွန်းလှသည်။ လူအင်အားကို ထည့်တွက်မည်ဆိုပါက ကျနော်၏ စွမ်းရည်အလုံးစုံကို မြှင့်တင်ခြင်းမပြုဘဲ သူတို့အားလုံးကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှချေ။

[ပိုင်ဆိုင်သော ဒင်္ဂါးပမာဏ - ဒင်္ဂါး ၆၈,၁၅၀]

...ဒင်္ဂါးတွေကို ဒီနေရာမှာ သုံးလိုက်ရမလား။ ထိုသို့သုံးလိုက်လျှင် စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ နောက်ဆုံးအဆင့်တွင် ခက်ခဲမှုမှာ အဆမတန် မြင့်တက်လာပေလိမ့်မည်။ ယခုနေရာတွင် စွမ်းရည်မြှင့်တင်ရန် ဒင်္ဂါးများ သုံးစွဲလိုက်ပါက ကျနော့်၏ အစီအစဉ်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ အကယ်၍ ကျနော်သာ မျက်စိမှိတ်ပြီး ဒင်္ဂါး ၂၀,၀၀၀ ခန့် သုံးလိုက်မည်ဆိုလျှင်...

"သုံးပြည်ထောင်ရဲ့ အမည်နာမကို အသုံးချပြီး အင်အားနည်းတဲ့ နိုင်ငံရဲ့ ဘုရင်ကို နှိပ်စက်နေရတာ မရှက်ဘူးလား"

အသံကြားရာသို့ ကျနော် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးသောသူတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ဂယဲဘတ် ၏ ကိုယ်စားလှယ် ဖြစ်သော ချူဝမ်အင် သည် ခက်ထန်သော မျက်နှာထား ဖြစ်သွားသည်။

"ဘုရင်မကြီးက ဒီမှာ ဘာလုပ်နေတာလဲ"

"ရှင့်ရဲ့ ရိုင်းစိုင်းတဲ့ လေသံကတော့ ပျက်စီးသွားတဲ့ နိုင်ငံတစ်ခုရဲ့ သခင်ပီသပါပေတယ်"

ထိုအမျိုးသမီးသည် မထေမဲ့မြင် ပြုသော မျက်နှာပေးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ ‘အလှဘုရင်မ’ မင်ဂျီဝန်။ ဤအမျိုးသမီးသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာရသနည်း။ ...ကျနော့်နောက်ကို လိုက်လာခြင်းများလော။ မဖြစ်နိုင်လောကချေ။ ထိုသို့ ဖြစ်နိုင်စရာ အကြောင်းလုံးဝကိုမရှိဟု ပြော၍ရသည်။ မင်ဂျီဝန်၏ မျက်လုံးများက ကျနော့်ဆီသို့ ဝေ့ဝဲကြည့်လာသည်။

[ဇာတ်ကောင် ‘မင်ဂျီဝန်’ သည် သင့်အပေါ် သဘောကျစိတ် အားနည်းစွာ ပြသနေပါသည်။]

...တကယ်ကြီးလား။

"ပါးစပ်ပိတ်ထားစမ်း။ သတ္တိကြောင်တဲ့ ရှီလာ သွေးနှောတွေက အခုတော့ သုံးပြည်ထောင်ကို အုပ်ချုပ်မယ်လို့ ကြွေးကြော်နေတာလား။ နင့်လို မိန်းကလေး တစ်ယောက်ကို ငါကတော့ ဘုရင်အဖြစ် အသိအမှတ် မပြုနိုင်ဘူး"

ချူဝမ်အင် ၏ ဒေါသတကြီး အော်ဟစ်သံမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် စွမ်းရည်များစွာ မရှိသော သာမန်သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း သူ၏အသံမှာမူ အလွန်ပင် ကျယ်လောင်လှ၏။

တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ဂယဲဘတ် နှင့် ဘုရင်မ ဂျင်ဆောင်း တို့သည် မတူညီသော ခေတ်ကာလများတွင် မွေးဖွားခဲ့ကြသော်လည်း နက္ခတ်များ ဖြစ်လာပြီးနောက် ယခုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်နေကြရပေပြီ။ ကျနော်က မင်ဂျီဝန်ကို မေးလိုက်သည်။

"ဘာလို့ ငါ့ကို ကူညီတာလဲ"

"ရှီလာက အင်အားနည်းတဲ့ နိုင်ငံတွေကို လျစ်လျူမရှုတတ်ဘူး"

"ဂါယာကို ဖျက်ဆီးခဲ့တာက ရှီလာပဲလေ"

"...ရှင်ကလည်း ကိုရီးယားသမိုင်းမှာ ပထမ ရထားတာလား"

"အထက်တန်းအောင်ထားတဲ့သူဆိုရင် ဒီလောက်တော့ သိပါတယ်"

မင်ဂျီဝန်၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားသည်။

"ကျမက အထက်တန်း မတက်ခဲ့ရလို့ မသိတာပါ"

၎င်းမှာ သဘာဝကျလှသည်။ မင်ဂျီဝန်သည် ဆယ်ကျော်သက်အရွယ်ကတည်းက သရုပ်ဆောင်လောကထဲ ရောက်ရှိနေခဲ့သူ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မင်းသမီးဖြစ်ခဲ့သူမို့ သမိုင်းဘာသာရပ်ထက် အခြားသောအရာများကိုသာ သင်ယူခဲ့ရပေလိမ့်မည်။

"ရှင့်စကားတွေက မှန်ပါတယ်။ လူတွေကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူးဆိုတာလေ။ ကျမရဲ့ ရိုင်းစိုင်းမှုကြောင့် ဖြစ်ခဲ့ရတဲ့ အကြွေးကို အခု ပြန်ဆပ်နေတာပါ။ ဒါပါပဲ"

မင်ဂျီဝန်၏ မင်းသမီးဘဝ နောက်ခံသမိုင်းကို ကျနော် သိရှိထားသဖြင့် သူမ၏စကားများထဲက ရိုးသားမှုကို ခံစားမိသည်။ သို့ပေသိ အံ့ဩစရာတော့ ကောင်းနေဆဲပင်။ သူမသည် မာန်မာနကြီးသော ကိုယ်စားလှယ်တစ်ဦး ဖြစ်သဖြင့် ကျနော့်ရှေ့တွင် ဤကဲ့သို့ ခေါင်းငုံ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ဂယဲဘတ် ၏ ကိုယ်စားလှယ်က ကျနော်တို့၏ စကားဝိုင်းကို ကြည့်ကာ လှောင်ရယ်လိုက်သည်။

"ဘုရင်တစ်ပါးက ကိုယ်ရေးကိုယ်တာခံစားချက်တွေအပေါ် ယိမ်းယိုင်နေတာလား။ ဒါကြောင့်လည်း မင်းလို ကြက်ပေါက်စလေးကတော့..."

မင်ဂျီဝန်၏ တပ်မှူးက ဟွာရန်းများကိုယ်စား ရှေ့သို့ ထွက်လာသည်။

"ရိုင်းစိုင်းလိုက်တာ။ မင်းလိုလူမျိုးက ဘယ်လိုလုပ် နိုင်ငံတစ်ခုရဲ့ ဘုရင် ဖြစ်နေရတာလဲ"

ဂယဲဘတ် ၏ မျက်လုံးများက ဟွာရန်းများဆီသို့ ရောက်ရှိသွားသည်။

"ဟွာရန်းတဲ့လား။ စိတ်ဝင်စားစရာပဲ။ မင်းက အဲဒီနက္ခတ်နဲ့ စာချုပ်ချုပ်ထားတာလား"

ထိုစကားကြောင့် ဟွာရန်းတပ်မှူး၏ မျက်နှာမှာ နီမြန်းသွားသည်။ ဟွာရန်းတပ်မှူး၏ ထောက်ပံ့သူမှာ ဂွမ်ချန်း ဖြစ်သည်ကို ကျနော် သတိရလိုက်သည်။

"မင်းရဲ့ ထောက်ပံ့သူလိုပဲ လည်ပင်းအဖြတ်ခံချင်နေတာလား"

ဟွမ်ဆန်ဘောလ် တိုက်ပွဲတွင် ဂွမ်ချန်းသည် ဂယဲဘတ် ၏ လည်ပင်းဖြတ်ခြင်းကို ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

"ပါးစပ်ပိတ်ထားစမ်း"

လာရောက်ကူညီပေးသည်မှာ ကျေးဇူးတင်စရာ ဖြစ်သော်လည်း နက္ခတ်များအကြား ဆက်ဆံရေးမှာမူ အဆိုးဝါးဆုံး အခြေအနေပင်။ အထူးသဖြင့် သူတို့၏ စိတ်ခံစားချက် ချိတ်ဆက်မှုအဆင့်မှာ မြင့်မားနေခြင်းကြောင့် ပို၍ ဆိုးရွားနေခြင်း ဖြစ်သည်။

သူတို့ ရှင်သန်ခဲ့စဉ်က သမိုင်းကြောင်းများကြောင့် နက္ခတ်များအကြားတွင် အဆင့်အတန်း ခွဲခြားမှုများ ရှိနေတတ်သည်။ နက္ခတ်တစ်ပါးသည် မိမိ၏ ဘုရင်ကို ပြန်လည် ဆန့်ကျင်၍ မရနိုင်သလို၊ ရန်သူဆိုသည်မှာလည်း သမိုင်းဝင် မှတ်တမ်းများအတိုင်း သတ်မှတ်ပြီးသား ဖြစ်နေပေသည်။ ဥပမာအားဖြင့် ဂွမ်ချန်းသည် ဂယဲဘတ် ကို အနိုင်မတိုက်နိုင်ခြင်းသည် ဂျပန်နိုင်ငံမှ ကုရုရှီးမား မီချီဖူဆာ က သစ္စာရှင်စစ်သူကြီး (အီဆွန်ရှင်း ဝါ လီဆွန်ရှင်း)ကို မည်သည့်အခါမျှ အနိုင်မရနိုင်သကဲ့သို့ နှင့် အတူတူပင်ဖြစ်သည်။ မင်ဂျီဝန်သည်လည်း ဤအချက်ကို သိရှိထားသဖြင့် စိတ်မသက်မသာ ဖြစ်နေသည့် ပုံပေါ်သည်။

ကျနော် စကားဝင်ပြောလိုက်သည်။

"စစ်တပ်ကိုပဲ အရင် အနိုင်တိုက်ပါ။ မဟုတ်ရင် ငါတို့ နိုင်မှာ မဟုတ်ဘူး"

ဘတ်ဂျေ စစ်တပ်တွင် စစ်အင်အား အနည်းငယ် ပိုများသည်။ ဂယဲဘတ် သည် စစ်သေနာပတိတစ်ဦး ဖြစ်သည်။ သူဦးဆောင်ရသော လူအင်အား များလေလေ၊ သူ၏ စွမ်းအားမှာ ပိုမိုကြီးမားလေလေ ဖြစ်သည်။ ဂွမ်ချန်းမှာမူ သူ့ကို ယှဉ်နိုင်စွမ်း မရှိချေ။

ထိုစဉ် ယူဆန်းအာ၏ အသံကို ကြားလိုက်ရသည်။

"ဒေါ့ဂျာ။ ကျမ ရှာတွေ့ပြီ"

ကျနော် လှည့်ကြည့်လိုက်ရာ ယူဆန်းအာသည် ဝိုင်းဝိုင်းပုံစံ အပြားလေးတစ်ခုကို ကိုင်ကာ ပြေးလာသည်ကို တွေ့လိုက်ရသည်။ ဤမျှ မြန်မြန် ရှာတွေ့သွားသည်လော။

နံရံကပ်နာရီနှင့် တူသော ဂန်ပြောင်းဝီဟု ခေါ်သည့် ရှေးဟောင်းပစ္စည်းမှာ ယူဆန်းအာ၏ လက်ထဲတွင် လင်းလက်နေလေသည်။

ထိုအခိုက်အတန့်တွင် ကျနော့်ခေါင်းထဲ၌ အကြံတစ်ခု ရသွား၏။ ဂန်ပြောင်းဝီ ကို တစ်ချက်ကြည့်လိုက်ပြီး မင်ဂျီဝန်နှင့် ဂွမ်ချန်း ၏ ကိုယ်စားလှယ်တို့ကို ကျနော် ကြည့်လိုက်သည်။ ထို့နောက် ကျနော် ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့သည်။ ဒင်္ဂါးများကို မသုံးဘဲနှင့် ဤတိုက်ပွဲကို အနိုင်ရနိုင်မည့် နည်းလမ်းကို ကျနော်စဉ်းစားမိသွားချေပြီ။

"တိုက်ခိုက်ကြ"

[ဇာတ်ကောင် ‘ချူဝမ်အင်’ သည် ‘သီးခြားတပ်ဖွဲ့ ကွပ်ကဲမှု’ အဆင့် ၃ အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

ဟွာရန်းများသည် ဘတ်ဂျေ စစ်တပ်၏ လက်ချက်ဖြင့် တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်။ မင်ဂျီဝန်က ကျနော့်ဘက်သို့ အားကိုးတကြီး လှည့်ကြည့်လာရာ ကျနော် ပြောလိုက်သည်။

"ငါတို့ နိုင်မှာပါ"

"ဟမ်"

"ငါတို့ ဟွမ်ဆန်ဘောလ် တိုက်ပွဲကို ပြန်ပြီး ဖန်တီးကြမယ်လေ"

လူအများ သိရှိထားကြသည့်အတိုင်း ဟွမ်ဆန်ဘောလ် တိုက်ပွဲမှာ ရှီလာ တို့ အနိုင်ရရှိခဲ့သော တိုက်ပွဲ ဖြစ်သည် မဟုတ်ပါလော။

All Chapters