← Chapters

ဘုရင်မဲ့ကမ္ဘာ (၄)

Vol. 5 Ch. 74

ဘုရင်မဲ့ကမ္ဘာ (၄)

Vol. 5 Ch. 74

ဟန်ဆိုယောင်းသည် လှောင်အိမ်တစ်ခုအတွင်းသို့ ပစ်ထည့်ခြင်း ခံလိုက်ရသည်။

ဟန်ဆိုယောင်းမှာ သတိလစ်နေပြီး သူ့ထံမှ အလံကို ကျနော်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မှော်စွမ်းအင်များ ကုန်ခမ်းသွားပုံရသည်။

ဟန်ဆိုယောင်းသည်လည်း ဤအနီးတစ်ဝိုက်သို့ ရွှေ့ပြောင်းခြင်း ခံခဲ့ရသည်မှာ သေချာလေသည်။ ဟန်ဆိုယောင်းသည် စာရေးဆရာမတစ်ဦးဖြစ်သဖြင့် သူ၏ စီမံခန့်ခွဲရေးအဖွဲ့ သို့မဟုတ် စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှာ ဤအနီးအနားတွင် ရှိနေနိုင်၏။

"ဒီကောင်မက တော်တော်လေး ချောတာပဲ။ ဟေ့… မင်းတို့တွေ ဒီကောင်မကို ဘာမှ မလုပ်ရသေးဘူး မလား"

"မလုပ်ရသေးပါဘူး။ နက္ခတ်တွေ အားလုံး ဒီမှာ စုရုံးနေတာကို ကျနော် သိတယ်လေ"

[ရုန့်ရင်းကြမ်းတမ်းမှုကို နှစ်သက်သော နက္ခတ်သည် စိတ်လှုပ်ရှားနေပါသည်။]

[နက္ခတ်အချို့၏ မျက်လုံးများမှာ ကာမရာဂစိတ်ဖြင့် တောက်ပနေပါသည်။]

ဟန်ဆိုယောင်း၏ စုတ်ပြဲနေသော ဂျင်းဘောင်းဘီကြားမှ အတွင်းခံအဖြူရောင်မှာ ပေါ်လွင်နေသည်။ အမျိုးသားအချို့မှာမူ မည်သူအရင် ရယူမည်နည်းဆိုသည်ကို ဆုံးဖြတ်ရန် ‘စုံစံစိ’ လုပ်နေကြပြီ ဖြစ်၏။

သံတိုင်များနောက်က ဟန်ဆိုယောင်းကို ကျနော်စိုက်ကြည့်နေမိသည်။ မည်သို့ပင် ကြည့်ကြည့် ဟန်ဆိုယောင်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည့် လက္ခဏာတော့ မတွေ့ရသေးပေ။

·····

ဤအမျိုးသမီးကိုသာ အသက်ရှင်လျက် ထားခဲ့ပါက နောင်တွင် အနှောင့်အယှက် ဖြစ်လာပေလိမ့်မည်။ သူသည် ကျနော့်အပြင် ဤကမ္ဘာအကြောင်းကို အသိဆုံးသူတစ်ဦးလည်း ဖြစ်၏။

ဇာတ်လမ်း၏ ပထမလေးပုံတစ်ပုံအတွင်းမှာပင် တတိယ သို့မဟုတ် စတုတ္ထမြောက် ပြန်လည်ဝင်စားမှုကတည်းက ဇာတ်လမ်းလမ်းကြောင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် ဟန်ဆိုယောင်း သိထားသော အချက်အလက်များမှာ အသုံးမဝင်တော့သည်လည်း ဖြစ်နိုင်ပေသည်။ သို့သော်...

ထိုသို့ တွေးမိလိုက်သည့် ခဏမှာပင် ကျနော့်ကိုယ်ကျနော် ရွံရှာမိသဖြင့် တုန်လှုပ်သွားရသည်။

...ငါ ဘာလို့ ဒါတွေကို စိုးရိမ်နေရတာလဲ။

အနာဂတ်မှာ အန္တရာယ်ရှိနိုင်လို့ တစ်စုံတစ်ယောက်ကို သတ်ပစ်ရမယ်တဲ့လား။ အနာဂတ်မှာ အသုံးဝင်မယ်ဆိုရင်တော့ ကယ်တင်ရမယ်တဲ့လား။

ငါက ဒီလိုအတွေးတွေကို တွေးတောနေမည့် ယူဂျွန်ဟော့မှ မဟုတ်ဘဲ။

"ဒေါ့ဂျာကော လုပ်ချင်လို့လား"

ကျနော် အာရုံစိုက်ပြီးကြည့်နေသည်ကို မြင်သောအခါ ဒု-မန်နေဂျာ ယွန်းက ‘ကျနော် ခင်ဗျားကို ကူညီနိုင်ပါတယ်’ ဟု ပြောနေသည့် အမူအရာမျိုးဖြင့် ရယ်မောလိုက်သည်။

"ငါ့ကို ကတိတစ်ခု ပေးမယ်ဆိုရင် ဒေါ့ဂျာ အရင်ဆုံး လုပ်ခွင့်ရစေရမယ်။ ဘယ်လိုလဲ"

"...ကျနော့်ဆီက ဘာကတိကို လိုချင်လို့လဲ"

"မင်းမှာ အဖွဲ့အစည်းတစ်ခု ရှိတယ် မဟုတ်လား။ ငါ့ကို ဒေါ့ဂျာရဲ့ အဖွဲ့နဲ့ မိတ်ဆက်ပေးပါ။ ငါတို့ မကြာခင်မှာ အင်အားချဲ့ထွင်တော့မှာလေ။ ဒေါ့ဂျာရဲ့ ပစ္စည်းတွေကို ကြည့်ရတာ... တော်တော်လေး ကြီးမားတဲ့ အဖွဲ့အစည်း ဖြစ်ပုံရတယ်နော်"

ဒု-မန်နေဂျာ ယွန်းကို ကျနော်စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ခင်ဗျား အလိုရှိတယ်ဆိုရင်တော့ ကျနော် မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား ဒါတွေကို ရပ်တန်းက ရပ်စေချင်တယ်"

"ဟမ်…. ဟားဟား၊ ဒေါ့ဂျာက ဘာကို ဆိုလိုတာလဲ"

"အဲဒီအမျိုးသမီးကို လွှတ်ပေးလိုက်ပါ"

ဒု-မန်နေဂျာ ယွန်းသည် ကျနော့်စကားမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်သဖြင့် သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

"ဟ... ဒေါ့ဂျာ။ လူတွေကို ဒီလို ဆက်ဆံတာက ဘာဖြစ်လို့လဲ။ မင်း အခုအထိ အသက်ရှင်လာခဲ့တာပဲလေ၊ ဒါလေးကိုတောင် မသိသေးဘူးလား"

"..."

" ဒေါ့ဂျာကို စောင့်ကြည့်လာတာ ကြာပါပြီ။ ဒေါ့ဂျာသာဆိုရင် ဘယ်နေရာမှာမဆို အသက်ရှင်နိုင်မယ်ဆိုတာ ငါသိခဲ့သားပဲ"

ဒု-မန်နေဂျာ ယွန်း၏ အမူအရာတွင် ထူးဆန်းသော လှောင်ပြောင်မှုတစ်ခု ပါဝင်နေလေသည်။

"မင်းက အမြဲတမ်း အင်တာနက်ဝတ္ထုတွေကို တစ်ယောက်တည်း ဖတ်နေခဲ့တာ မဟုတ်လား။ အလုပ်တက်ရင်လည်း အမြဲတမ်း မှိုင်တွေနေတတ်တယ်။ တစ်ခါတလေကျမှ ငါနဲ့ ယူဆန်းအာလိုမျိုး လူကောင်းတွေ၊ တခြားလုပ်ဖော်ကိုင်ဖက် အနည်းငယ်ကိုပဲ စကားပြောတတ်တာလေ"

"အဲဒါက အခုကိစ္စနဲ့ ဘာဆိုင်လို့လဲ"

"ဒေါ့ဂျာက အခု အခြေအနေကို ပျော်နေတာပဲ မဟုတ်ဘူးလား"

ပျော်နေတယ်တဲ့လား။

ထိုစကားမှာ ကျနော့်၏ နှလုံးသားကို လုံးဝ မတူညီသော ရှုထောင့်တစ်ခုမှ ဓားနှင့် ထိုးလိုက်သကဲ့သို့ပင်။

ဒု-မန်နေဂျာ ယွန်းက ကျနော့်ပခုံးများကို ဆုပ်ကိုင်လိုက်သည်။

"ငါကလည်း ဒေါ့ဂျာလိုပါပဲ။ ကျနော်တို့က QA အဖွဲ့ထဲမှာ အတူတူပဲလေ။ ငါလည်း အမြဲတမ်း အဆူအဆဲ ခံခဲ့ရသလို သူတို့ရဲ့ အနှိမ်ခံဘဝနဲ့ နေခဲ့ရတာ။ တခြားဌာနတွေက ငါတို့အဖွဲ့ကို ဘယ်လို ခေါ်ကြလဲ မင်း မှတ်မိသေးလား။ ‘လေ့ကျင့်ရေး ရုပ်သေးအဖွဲ့’ တဲ့လေ။ ငါတို့က ဘာအရည်အချင်းမှ မရှိတဲ့ အောက်တန်းစားတွေတဲ့။ ငါတို့က ဂိမ်းတွေကို စမ်းသပ်ပေးရုံ သက်သက်ပဲကွ"

"..."

"ဒေါ့ဂျာ။ အခု လှောင်အိမ်ထဲမှာ အကျဉ်းကျနေတဲ့ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်း မသိဘူးလား။ သေချာကြည့်လိုက်စမ်းပါ။ သူတို့က ငါတို့ကို လျစ်လျူရှုခဲ့တဲ့ အမှိုက်ကောင်တွေပဲ"

ကျနော့်၏ အမြင်အာရုံမှာ သေချာစူးစိုက်မိသွားပြီး လူများ၏ အော်ဟစ်သံများကို ကြားနေရသည်။ သေချာကြည့်လိုက်သောအခါ ကျနော် သူတို့ကို သိနေလေသည်။

သံတိုင်များနောက်တွင် ပိတ်မိနေသော လူအများအပြားမှာ မီနိုဆော့ဖ်မှ ကျနော် သိကျွမ်းသော လူများ ဖြစ်နေ၏။ ကျနော် သိပ်မသိသော လူများ၊ ကျနော့်ကို မသိသော လူများ သို့မဟုတ် ကျနော့်ကို ဂရုမစိုက်သော လူများလည်း ပါဝင်နေသည်။

"အခုတော့ အားလုံး ပြီးသွားပါပြီ။ ဘဏ္ဍာရေးအဖွဲ့၊ စီမံကိန်းအဖွဲ့... ဒါတွေက အရေးမပါတော့ဘူး။ အခု ကမ္ဘာမှာ အတော်ဆုံးလူတွေက ငါတို့ QA အဖွဲ့ပဲ။ ဟားဟား။ ဒေါ့ဂျာ၊ ဂိမ်းထဲက ချို့ယွင်းချက် (Bugs) တွေကို စမ်းသပ်ရင်းနဲ့ မင်း သိသင့်တာပေါ့။ ဒီကမ္ဘာကြီးက ဂိမ်းတစ်ခုပဲ။ ချို့ယွင်းချက်တွေ ပြည့်နေတဲ့ ဂိမ်းတစ်ခုလေ။ အခွင့်ကောင်းယူလို့ရမယ့် ဟာကွက်တွေ အများကြီး ရှိနေတာကွ"

နက္ခတ်များစွာထံမှ သတင်းစကားများမှာ ကျနော့်ဦးနှောက်ထဲတွင် ဆူညံစွာ ပဲ့တင်ထပ်နေသည်။ ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ ပို၍ ရုန့်ရင်းကြမ်းတမ်းသော၊ ပို၍ ယုတ်ညံ့သော ဇာတ်လမ်းများကို အလိုရှိနေကြသည့် ထိုသတင်းစကားများသည် ဒု-မန်နေဂျာ ယွန်း၏ မျက်နှာနှင့် ထပ်တူကျနေလေသည်။ တစ်ခါတလေတွင် အောက်တန်းကျသော စိတ်ဓာတ်များသည် လူသားများကို မိစ္ဆာများအဖြစ်သို့ ပြောင်းလဲပစ်တတ်သည်။

"ကြောက်နေစရာ ဘာမှမရှိဘူး။ ဒီကမ္ဘာကြီးက ငါတို့အတွက် တည်ရှိနေတဲ့ ဂိမ်းတစ်ခုပဲ။ ဒီလိုလုပ်လို့ ငါ့အဖွဲ့က တစ်နေ့ကို ဒင်္ဂါးဘယ်လောက်တောင် ရနေလဲ မင်းသိလား"

"ကျနော် မသိဘူး"

"တစ်နေ့ကို ဒင်္ဂါး ၅,၀၀၀ ကွ။ ၅,၀၀၀... မင်း စိတ်ကူးကြည့်နိုင်လား။ ငါတို့ ဇာတ်ဝင်ခန်းတွေကို တိုက်ခိုက်နေစရာမလိုဘဲ ဒင်္ဂါး ၅,၀၀၀ ရနေတာ။ လူတွေကို အချင်းချင်း သတ်ခိုင်း၊ စပ်ယှက်ခိုင်းရုံနဲ့တင် ဒင်္ဂါး ၅,၀၀၀ ရတယ်။ ဒါက စီမံကိန်းအဖွဲ့က ငွေပေးဝယ်ရတဲ့ ပစ္စည်းတွေကို အလကားယူနေသလိုပဲပေါ့။ ဒါက ဘာကို ဆိုလိုတာလဲဆိုတာ မင်းမသိဘူးလား"

ဟန်ဆိုယောင်းထံသို့ အမျိုးသားများ တစ်ဦးပြီးတစ်ဦး ချဉ်းကပ်သွားသည်ကို ကျနော် မြင်နေရသည်။ ကျနော် ဖြည်းဖြည်းချင်း လေကို မှုတ်ထုတ်လိုက်သည်။ ယခုအချိန်အထိတော့ တစ်ချိန်က ခေါင်မိုးပေါ်မှာ အတူရှိခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ သူ့စကားတွေကို နားထောင်ပေးခြင်းအားဖြင့် ကျနော် ယဉ်ကျေးပျူငှာမှု ပြသခဲ့ပြီးပြီ ဖြစ်သည်။

ကျနော့်ပခုံးပေါ်က ဒု-မန်နေဂျာ ယွန်း၏ လက်ကို ဖယ်ရှားလိုက်ပြီး ကျနော်ပြောလိုက်သည်။

"ခင်ဗျား ဒင်္ဂါးတွေ ရချင်တယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ နည်းလမ်းရှိသေးတယ်"

"ဘာနည်းလမ်းလဲ"

ဒု-မန်နေဂျာ ယွန်း၏ မျက်နှာမှာ နီမြန်းသွားသည်။

"ဒေါ့ဂျာကလည်း ဟာကွက်တစ်ခုခု ရှာတွေ့ထားတာလား။ ဘာနည်းလမ်းလဲ"

"အခြေခံ သဘောတရားကတော့ ဒင်္ဂါးခြံနဲ့ အတူတူပါပဲ။ နက္ခတ်တွေကို စိတ်လှုပ်ရှားအောင် လုပ်ပေးဖို့ပေါ့"

"အို... ဒီထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ ရှိသေးလို့လား။ အဲဒါ ဖြစ်နိုင်လို့လား"

"ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ ခင်ဗျားကို ကျနော် သိအောင် လုပ်ပေးရမလား"

"မင်းရဲ့ နည်းလမ်းတွေကို မျှဝေပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ကွာ"

"နက္ခတ်တွေ တကယ် သဘောကျတာက..."

[ယုံကြည်ခြင်းဓားကို အသုံးပြုလိုက်ပါသည်။]

"...ဒါပဲ"

သံတိုင်များ ပြတ်တောက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ လှောင်အိမ်ကို ဝန်းရံထားသော လေလွင့်သူများထံသို့ ကျနော့်ဓားကို မဆင်မခြင် လွှဲယမ်းလိုက်သည်။ ထွက်ပြေးရန် ကြိုးစားသူများ၏ ခြေဖနောင့်ကြောများကို ကျနော် ဖြတ်တောက်လိုက်သည်။

ခုခံမှုကို ကြိုတင်ပြင်ဆင်မထားသော သူများ၏ ဒူးများမှာ လိမ်ဖယ်သွားကြသည်။

"အား... အား။ ဒီကောင်က ဘာလဲဟ"

"ငါ့ခြေထောက်။ ငါ့ခြေထောက်"

သွေးများ ဖုံးလွှမ်းနေသည့်ကြားမှ ဓားကို ကျနော်ဆက်တိုက် လွှဲယမ်းနေခဲ့သည်။

"ဒီလိုမျိုးပေါ့"

လူ့စွမ်းအားအရင်းအမြစ်ဌာနက ဝန်ထမ်းတစ်ဦးကို နှိပ်စက်နေသည့် လက်များကို ကျနော် ဖြတ်တောက်ပစ်လိုက်ပြီး၊ ဟန်ဆိုယောင်း၏ အကျီကို ချွတ်ရန် ကြိုးစားနေသော အမျိုးသား၏ လက်မောင်းများကိုလည်း ဖြတ်ပစ်လိုက်သည်။

"ဒါကလည်း တော်တော်လေး ကောင်းတယ်"

ကျနော့်ပါးပေါ်သို့ သွေးများ စင်ထွက်လာသည်။ ထိုသွေးများကို ငြိမ်သက်စွာ သုတ်လိုက်ပြီး လက်မောင်းများနှင့် ခြေထောက်များကို ကျနော် ဆက်လက် ဖြတ်တောက်နေခဲ့သည်။ ထိုစဉ် ဒု-မန်နေဂျာ ယွန်း၏ အသံကို ကြားလိုက်ရသည်။

"မင်း... မင်း ဘာတွေ လုပ်နေတာလဲ။ ဒါက ဘာလဲ"

"ခင်ဗျား ပြောပြခဲ့တဲ့ ဇာတ်လမ်းအတွက် ကျေးဇူးတင်ပါတယ်"

ဒု-မန်နေဂျာ ယွန်းကို ကျနော် လှည့်ကြည့်လိုက်သည်။

"ခင်ဗျားကြောင့် နက္ခတ်တွေ တကယ် သဘောကျမယ့် အခြေအနေမျိုးကို ကျနော် ဖန်တီးပေးနိုင်ခဲ့ပြီ"

ဓားနှစ်လက်ကို အသုံးပြုရုံမျှဖြင့် ဟန်ဆိုယောင်း၏ လှောင်အိမ်ထဲသို့ ဝင်လာခဲ့သော အမျိုးသားများထဲမှ မည်သူမျှ ကျနော့်ကို မယှဉ်နိုင်ခဲ့ပေ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင်၏ စီရင်ချက်အပေါ် ကျေနပ်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’ နက္ခတ်သည် သင်၏ပြတ်သားသော အပြစ်ပေးမှုကို ကြည့်ပြီး သဘောကျနေပါသည်။]

[အချို့သော နက္ခတ်များ၏ ယုတ်မာမှုများကို မနှစ်သက်သော နက္ခတ်အများအပြားသည် သင်၏ စီရင်ချက်အပေါ် အလွန်အမင်း ကျေနပ်နေကြပါသည်။]

[ဒင်္ဂါး ၈,၀၀၀ ထောက်ပံ့မှု ရရှိပါသည်။]

ဒု-မန်နေဂျာ ယွန်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ သူ့ကို ကျနော်လှောင်ပြောင်လိုက်သည်။

"ဒင်္ဂါးခြံလိုမျိုး အရာတွေကို ဘာလို့ ပင်ပင်ပန်းပန်း ဖန်တီးနေမှာလဲ။ ပိုက်ဆံရှာရတာ လွယ်လွယ်လေးရယ်"

"...ခွေး...ခွေးမသား"

လေလွင့်သူ ဦးရေမှာ အလွန်များပြားလှသည်။ ခဏချင်းအတွင်းမှာပင် လေလွင့်သူ ၂၀ ခန့်က ကျနော့်ကို ဝန်းရံလိုက်ကြသည်။

ဝန်းရံထားသော အရေအတွက်မှာ ကျနော့်၏ ‘မသတ်ရ’ ဆိုသည့် မူဝါဒကို ချိုးဖောက်မိစေနိုင်သည့် အရေအတွက်မျိုး ဖြစ်သော်လည်း ကျနော် သိပ်ပြီးတော့ စိုးရိမ်မနေခဲ့ပေ။ ဤနေရာမှ ကျနော်ထွက်သွားနိုင်ရုံဖြင့် လုံလောက်ပေသည်။

ကျနော်သည် ဟန်ဆိုယောင်း၏ ပေါ့ပါးသော ခန္ဓာကိုယ်ကို ပွေ့ချီရင်း အနည်းငယ် နောက်ဆုတ်လိုက်သည်။ ထိုစဉ် ဟန်ဆိုယောင်း၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး မေးလိုက်သည်။

"...ရှင် ဘာလို့ ကျမကို ကယ်တာလဲ"

"နင် နိုးနေတာလား။ ဒါဆို ထစမ်း"

ဟန်ဆိုယောင်း၏ အသံမှာ အားနည်းနေသည်။

"ရှင် ကျမကို ကယ်လိုက်ရင် ရှင့်ချန်နယ်ထဲက နက္ခတ်တွေ ထွက်ပြေးသွားမှာ မဟုတ်ဘူးလား။ နက္ခတ်တွေ အမုန်းဆုံးအရာက ဘာလဲဆိုတာ ရှင်မသိဘူးလား"

"ဒါကို သဘောကျတဲ့သူတွေလည်း ရှိပါတယ်"

[မိန်းမလှလေးများစွာဖြင့် ဝန်းရံခံရမှုကို စောင့်မျှော်နေသော နက္ခတ်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပါသည်။]

[‘ရန်သူမှ မိတ်ဆွေသို့’ အခြေအနေကို နှစ်သက်သော နက္ခတ်သည် ဝမ်းမြောက်နေပါသည်။]

ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"အခု ဒါက ရိုးအီနေတဲ့ ဇာတ်ကွက် တစ်ခုပဲ မဟုတ်လား။ အမျိုးသမီးတစ်ယောက် အစော်ကားခံရတော့မယ့် အချိန်မှာ သူရဲကောင်းက ရောက်လာပြီး ကယ်တင်တယ်ဆိုတာလေ။ ရှင်က ရိုးအီနေတဲ့ ဇာတ်ကွက်တွေကို မကြိုက်ဘူးလို့ ပြောခဲ့ပြီးတော့ ဘာလို့ အခုလို လာလုပ်နေတာလဲ"

"နင်ပြောတာ အချက်နှစ်ချက် မှားနေတယ်"

လေလွင့်သူတစ်ဦး၏ ခြေထောက်ကို ခပ်ပေါ့ပေါ့လေး ဖြတ်တောက်ရင်း ကျနော် စကားစလိုက်သည်။

"ပထမအချက်က ငါက သူရဲကောင်း မဟုတ်ဘူး။ ဒုတိယအချက်ကတော့..."

[သင်သည် အသက်တစ်ချောင်းကို ကယ်တင်ခဲ့ပါသည်။]

[သင်၏ ကုသိုလ်ရမှတ် ၁ မှတ် တိုးလာပါသည်။]

[လက်ရှိ ကုသိုလ်ရမှတ် : ၁၄/၁၀၀]

စနစ်က လူတစ်ဦးကို ‘ကယ်တင်ခဲ့သည်’ ဟု သတ်မှတ်သည့်အခါ ကုသိုလ်ရမှတ်များကို ရရှိခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကျနော်သာ လွှတ်ထားခဲ့ပါက ဟန်ဆိုယောင်း သေဆုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နေခဲ့ခြင်းပင်။

"နင်က မိန်းမတစ်ယောက် မဟုတ်ဘူး"

"...ကျမကို အောက်ချပေးစမ်း"

တွန့်ဆုတ်မနေဘဲ ဟန်ဆိုယောင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဟန်ဆိုယောင်းက အော်ဟစ်လိုက်သည်။

"ရှင် တကယ်ကြီး ကျမကို ပစ်ချလိုက်တာလား"

"နင်လည်း တိုက်ခိုက်နိုင်တာပဲလေ"

"ဘာ"

"ငါတို့ အတူတူ တိုက်ခိုက်ကြမယ်။ နင်က ရိုးအီနေတဲ့ ဇာတ်ကွက်တွေကို ကြိုက်တယ် မဟုတ်လား"

"ကျမက ဘယ်လောက်ပဲ အဲဒီလို ဇာတ်ကွက်တွေကို ကြိုက်ပါစေဦးတော့၊ ရန်သူနဲ့ ပူးပေါင်းတိုက်ခိုက်ရတာက ပိုပြီးတော့တောင် မရိုးအီနေဘူးလား"

ဟန်ဆိုယောင်းက ညည်းတွားနေသော်လည်း ကျနော်တို့၏ တိုက်ခိုက်မှုမှာ တော်တော်လေး အတွဲညီလှသည်။ ကျနော်က ချဉ်းကပ်လာသော လေလွင့်သူများ၏ ခြေထောက်များကို ဖြတ်တောက်ပြီး၊ ဟန်ဆိုယောင်းက ကျနော့်နောက်က လိုက်ကာ သူတို့၏ အသက်ရှူသံကို ရပ်တန့်ပစ်သည်။ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မျှသာ ကျန်တော့သည်အထိ သူတို့၏ အသက်များကို ဖြည်းဖြည်းချင်း သေချာစွာ ကျနော်တို့တွေ နှုတ်ယူခဲ့ကြသည်။

ကြောက်လန့်သွားကြသော လေလွင့်သူများသည် ဒင်္ဂါးခြံအတွင်းမှ ထွက်ပြေးကြတော့သည်။

"ဒါက လုံးဝကိုအမြတ်ထွက်တာပဲ"

လေလွင့်သူများထံမှ ကျနော် ရရှိခဲ့သော ဒင်္ဂါးများကို ကြည့်လိုက်စဉ် ဟန်ဆိုယောင်းမှာ ပြုံးလျက် ယိုင်တိုင်တိုင်နှင့် လျှောက်လာသည်။

[သင်သည် ဒင်္ဂါး ၁၈,၄၀၀ ရရှိပါသည်။]

ဟန်ဆိုယောင်း၏ ပါဝင်ကူညီမှုမှာ ကျနော့်လောက် မများသော်လည်း ဟန်ဆိုယောင်းလည်း ဒင်္ဂါးအတော်အတန် ရရှိပေလိမ့်မည်။ ဟန်ဆိုယောင်းသာ ရှိမနေခဲ့လျှင် ကျနော် ဤထက်ပိုပြီး ဒင်္ဂါးများ ရနိုင်သော်လည်း၊ ဤအရာကို ‘ဘောက်ဆူး’ ပေးလိုက်သည်ဟုပင် ကျနော် သဘောထားလိုက်သည်။

ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော ဒု-မန်နေဂျာ ယွန်း၏ ရှေ့သို့ ကျနော်လှမ်းကြည့်လိုက်သည်။

"ဟားဟား... စိတ္တဇကောင်။ မင်း ဒီလိုမျိုး ဖြစ်နေမယ်ဆိုတာ ငါ ထင်သားပဲ။ ကောလာဟလတွေကို ကြားကတည်းက ငါ သိခဲ့သင့်တာ..."

"စိတ်မနှံ့တဲ့ကောင်။ နင်က စကားအရမ်းများတာပဲ"

ဟန်ဆိုယောင်းက ဒု-မန်နေဂျာ ယွန်း၏ လည်ပင်းကို ဓားနှင့် ထိုးလိုက်သည်။

ဒု-မန်နေဂျာ ယွန်း၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး သူ၏ မျက်လုံးများအတွင်းမှ အလင်းရောင်မှာ ကွယ်ပျောက်သွားတော့သည်။

လက်တွေ့ဘဝက ကင်ဒေါ့ဂျာကို မှတ်မိနေသော နောက်ထပ် လူတစ်ယောက် ပျောက်ကွယ်သွားခဲ့ပြန်လေပြီ။

ဟန်ဆိုယောင်းသည် ကျနော် ကြည့်နေသည်ကို မြင်သောအခါ ညည်းတွားလိုက်သည်။

"...ရှင့်မျက်နှာက ဘယ်လိုဖြစ်နေတာလဲ။ ဒီကောင် သေသွားတာကို ရှင်က စိတ်မကောင်းဖြစ်နေတာလား"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ သူ့စကားတွေကို အကြာကြီး နားထောင်နေခဲ့တာလဲ"

ဟန်ဆိုယောင်း၏ ပါးစပ်မှ ထိုစကားများ ထွက်လာလိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့သဖြင့် အနည်းငယ် အံ့သြသွားမိသည်။

"ရှင်က ဒီကောင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ပေးနေတာပဲ။ ဘာလို့လဲ။ နက္ခတ်တွေက စိတ်ပျက်စရာကောင်းတဲ့ အရာတွေကို မကြိုက်ကြဘူးလေ"

ဟန်ဆိုယောင်း၏ စကားကို ငြိမ်သက်စွာ နားထောင်ပြီးနောက် ကျနော်ပြုံးလိုက်သည်။

"နင် မသိလို့ပါ၊ သူတို့ အသတ်မခံရခင်မှာ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အတိုင်းအတာတစ်ခုအထိ နားထောင်ပေးထားမှ၊ သူတို့ကို သတ်လိုက်တဲ့အခါ ဒင်္ဂါးတွေ ပိုရတာလေ။ အရင်ဆုံး စိတ်ပျက်အောင် လုပ်မထားရင် လန်းဆန်းတဲ့ ခံစားချက်ကို မရနိုင်ဘူး"

"မဟုတ်ဘူးလေ။ ဒေါ့ဂျာ... မဟုတ်သေးပါဘူး၊ နက္ခတ်တွေက ချက်ချင်း သတ်ပစ်တာကို ပိုမကြိုက်ကြဘူးလား။ ရှင်က စာရေးဆရာလည်း မဟုတ်ဘဲနဲ့ ဘာတွေ သိနေလို့လဲ"

"ငါ ကောင်းကောင်း သိတာပေါ့။ ငါက စာဖတ်သူတစ်ယောက်ပဲလေ"

"ဒါကတော့..."

ဟန်ဆိုယောင်းကို လျစ်လျူရှုကာ မြေပြင်ပေါ်သို့ ကျလာသော ပစ္စည်းများကို ကျနော်လိုက်လံရှာဖွေလိုက်သည်။ အများစုမှာ အမှိုက်များသာ ဖြစ်သော်လည်း ကျနော် ဝတ်ဆင်နိုင်မည့် ဝတ်စုံတစ်စုံ ပါလာသည်။

[လူကြီးလူကောင်းအိုကြီး၏ အနီးကပ်တိုက်ခိုက်ရေးဝတ်စုံ]

၎င်းဝတ်စုံမှာ B အဆင့်ရှိသော ပစ္စည်းဖြစ်ပြီး ခံစစ်စွမ်းအားကို အနည်းငယ်မျှသာ မြှင့်တင်ပေးသော်လည်း ဘာမှမဝတ်ထားသည်ထက်တော့ ပိုကောင်းလေသည်။ ဆန်းမြုံဒန်၏ ကောက်ရိုးဝတ်ရုံကိုတော့ တစ်သက်လုံး ပတ်ထားလို့ မဖြစ်လှချေ...

ဒါနဲ့ နေဦး၊ ပစ္စည်းတွေ စုဆောင်းဖို့ စတင်သင့်ပြီ။

ထွက်ပြေးသွားကြသော လေလွင့်သူများသည် သူတို့၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားပုံရသည်။ သူတို့နောက်သို့ လိုက်ကာ ထိုလေလွင့်သူများကို အပြတ်ရှင်းပစ်လျှင် ပိုကောင်းပေလိမ့်မည်။

ကျနော် မှတ်မိသလောက်ဆိုလျှင် ဆောချိုနယ်မြေမှာ ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် အသုံးပြုရမည့် ‘ဥက္ကာခဲကျောက်တုံး’ အချို့ ရှိ၏။ အကယ်၍ ၎င်းတို့သာ ဤနေရာမှာ ကျရောက်နေလျှင် ကျနော် သေချာပေါက် ရယူရမည်ဖြစ်ပေသည်။

အပိုဘတ္ထရီတစ်ခုကို ငါ ရပြီးတာနဲ့...

[သင်သည် အသက်တစ်ချောင်းကို ကယ်တင်ခဲ့ပါသည်။]

[သင်၏ ကုသိုလ်ရမှတ် ၁ မှတ် တိုးလာပါသည်။]

[လက်ရှိ ကုသိုလ်ရမှတ် : ၂၅/၁၀၀]

လူတစ်ဦး၊ နှစ်ဦး ကျနော့်ထံသို့ ချဉ်းကပ်လာသည်။ သူတို့မှာ လှောင်အိမ်များနောက်တွင် ပိတ်မိနေခဲ့သော လူများ ဖြစ်ကြသည်။

ကျနော့်မျက်နှာကို မှတ်မိကြသော လူအချို့၏ မျက်နှာပေါ်တွင် အသက်ဝင်သော အမူအရာများ ပြန်လည်ပေါ်ပေါက်လာသည်။

သူတို့ စကားမပြောမီမှာပင် ကျနော် လက်ကို မြှောက်ပြလိုက်၏။

"ကျနော် အခု ခင်ဗျားတို့ကို မကူညီနိုင်ဘူး။ ကိုယ့်အသက်ကို ကိုယ်တိုင်ပဲ စောင့်ရှောက်ကြပါ"

သူတို့၏ မျက်လုံးများထဲတွင် အားငယ်မှုများ ပြည့်နှက်သွားသော်လည်း ၎င်းမှာ ကျနော် ကူညီပေးနိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။ အေးစက်လွန်းသည်ဟု ထင်ရသော်လည်း သူတို့၏ အသက်များကို ကျနော် ကယ်တင်ပေးခဲ့ပြီး ဖြစ်လေသည်။

"ကျနေတဲ့ ပစ္စည်းတွေကို အတိုင်းအတာတစ်ခုအထိ ကောက်ယူထားကြပါ။ ခင်ဗျားတို့ တတ်နိုင်တယ်ဆိုရင် ချွန်မူရို ဘက်ကို သွားကြည့်ကြပါ။ အဲဒီမှာ ခင်ဗျားတို့ကို ကူညီပေးနိုင်မယ့်လူတွေ ရှိကောင်းရှိပါလိမ့်မယ်"

ကျနော် စကားပင် မဆုံးသေးမီမှာပင် လူများသည် မြေပြင်ပေါ်သို့ ကျနေသော ပစ္စည်းများကို အလုအယက် ကောက်ယူကြတော့သည်။ အသက်ရှင်သန်ချင်သည့် မျှော်လင့်ချက်များကြောင့် သူတို့၏ မျက်လုံးများမှာ ပြန်လည်တောက်ပလာ၏။ သူတို့ကို ကြည့်ရင်း ဒိုကဲဘီက ကျနော့်ကို ဘာကြောင့် ဒီနေရာကို ပို့ခဲ့သည်ကို ကျနော် နားလည်လိုက်ရသည်။

"ဒါ ငါ့ဟာကွ။ ပြန်ချထားစမ်း"

"ကျ-ကျနော် အရင်မြင်တာပါ"

စောနက မတိုင်မီအထိ ဒုက္ခသည်များ ဖြစ်ခဲ့ကြသော လူများသည် ယခုအခါ လက်နက်များကို ကိုင်ဆောင်ကာ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသည်။ သူတို့သည် တစ်ဖက်လူကို တိုက်ခိုက်ရန် ဝန်မလေးကြတော့ပေ။

ဤသည်မှာ ဘုရင်မဲ့ကမ္ဘာပင် ဖြစ်သည်။

ဤကမ္ဘာကို ထိန်းချုပ်မည့်သူ မရှိပေ။

ဒိုကဲဘီသည် ဤမြင်ကွင်းကို ကျနော့်အား ပြသရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဘုရင်မဲ့သော ကမ္ဘာသည် ရိုင်းစိုင်းလှသည်။ ကျနော်တို့ စောင့်ထိန်းခဲ့ကြသော ဥပဒေများနှင့် ကျင့်ဝတ်များ မရှိတော့ဘဲ အခြားလူသားများအပေါ် ကျနော်တို့ ထားရှိသော ယုံကြည်ချက်မှာ မည်မျှအထိ အားနည်းကြောင်းကို ပြသနေလေသည်။

ထိုစဉ် မမျှော်လင့်ထားသော အသံတစ်ခုက လက်နက်များကို အသုံးပြုရန် ပြင်နေကြသူများကို တားဆီးလိုက်သည်။

"အားလုံး သေချင်နေကြတာလား"

All Chapters