← Chapters

ဘုရင်မဲ့ကမ္ဘာ (၃)

Vol. 5 Ch. 73

ဘုရင်မဲ့ကမ္ဘာ (၃)

Vol. 5 Ch. 73

ပထမဆုံးသော ဇာတ်ကြောင်းကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤအရာနှင့်အတူ စတုတ္ထမြောက် ဇာတ်ဝင်ခန်း၏ အဓိကရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၏။

"အခု ဘာတွေ ဆက်ဖြစ်တော့မှာလဲ"

"မဟုတ်ဘူးလေ၊ မင်းက ဘာလို့ ပလ္လင်ကို ဖျက်ဆီးပစ်ရတာလဲ"

လက်ရှိအခြေအနေကို နားမလည်နိုင်ဘဲ ဝေခွဲမရဖြစ်နေသူများ ရှိသကဲ့သို့၊ ဒေါသထွက်နေသော ဒိုကဲဘီက ဘာများလုပ်မလဲဆိုသည်ကို ကြောက်လန့်နေသူများလည်း ရှိသည်။

ဤနေရာတွင် ရှိနေသော လူများ၏ အမြင်တွင် ကျနော်သည် ပဉ္စမမြောက် ဇာတ်ဝင်ခန်းကို ခက်ခဲအောင် လုပ်ဆောင်ခဲ့သည့် အပြစ်သားတစ်ဦး ဖြစ်နေသည်။ အချို့လူများက ဒိုကဲဘီကို အော်ဟစ်ပြောဆိုကြသည်။

"အကြွင်းမဲ့ပလ္လင်ကို နောက်တစ်ခါ ပြန်လုပ်ပေးပါ။ ကျနော် ဇာတ်ဝင်ခန်းထဲမှာ ပြန်ပါဝင်ပါ့မယ်"

"ဒီတစ်ခါတော့ ကျနော်က ပလ္လင်ရဲ့ အရှင်သခင် ဖြစ်အောင် လုပ်ပါ့မယ်"

[ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်သူကမှ ပြောင်းလဲလို့ မရဘူး။ အခုကစပြီး မင်းတို့အပေါ် ကျရောက်လာမယ့် ဘယ်လိုကိစ္စမျိုးမဆို ဒီလူသားရဲ့ အပြစ်ပဲ]

အလယ်အလတ် ဒိုကဲဘီ၏ အဖြေမှာ အေးစက်လှသည်။

ဒိုကဲဘီက ကျနော့်ထံသို့ လက်ညှိုးထိုးပြလိုက်သောအခါ စုရုံးနေသော လူများ၏ စိုစွတ်နေသော ပခုံးများမှာ တုန်ရီသွားကြသည်။

[ဘုရင်မဲ့တဲ့ ကမ္ဘာလား။ ကောင်းပြီလေ။ တစ်ခါလောက် စမ်းကြည့်ကြတာပေါ့။ ဗဟိုချက်မ မရှိဘဲ မင်းတို့ ဘယ်လောက်အထိ ကောင်းကောင်း အသက်ရှင်နိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့]

အလယ်အလတ် ဒိုကဲဘီက လက်ဖြောက်တီးလိုက်သည်။ ထိုအခါ ဂွမ်ဟွာမွန်ရှိ လူများသည် မီးခိုးငွေ့များကဲ့သို့ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြတော့သည်။ လူများမှာ အော်ဟစ်ရင်း ထွက်ပြေးကုန်ကြသည်။

"ဘာလဲဟ။ ဘာတွေ ဖြစ်နေတာလဲ"

...၎င်းမှာ စီစဉ်ထားခြင်းမရှိသော ဖြစ်ပေါ်တိုးတက်မှုတစ်ခု ဖြစ်သည်။

ကျနော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယောင်ဟီဝန်၊ ယူဆန်းအာ၊ လီဂီယောင်နှင့် အခြားသူများက ကျနော့်ကို လှမ်းခေါ်နေကြသည်ကို တွေ့ရသည်။

"ဒေါ့ဂျာ"

နောက်တစ်ခဏတွင် ယူဆန်းအာ ပျောက်ကွယ်သွားသည်။ ထို့နောက် လီဂီယောင်နှင့် ယောင်ဟီဝန်။ နောက်တွင်တော့ ဂျွန်မင်ဆော့နှင့် လီဆောင်းဂုတို့ ဖြစ်သည်။ ဒိုကဲဘီ လက်ဖြောက်တီးပြီး တစ်မိနစ်အကြာတွင် ဂွမ်ဟွာမွန်၌ ကျနော်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ အလယ်အလတ် ဒိုကဲဘီက ကျနော့်ကို ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ကြည့်လိုက်သည်။

[ဒါကို မှတ်ထားလိုက်။ တကယ်လို့ ဒီကမ္ဘာကြီး ပျက်စီးသွားခဲ့ရင် အဲဒါ မင်းကြောင့်ပဲ]

ကျနော် တစ်စုံတစ်ခု ပြောရန် ကြိုးစားလိုက်စဉ်မှာပင် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။

ကျနော့်ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး အခြားတစ်နေရာသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။ ရွှေ့ပြောင်းခံရခြင်းနှင့်အတူ ပြင်းထန်သော ပျို့အန်ချင်စိတ်နှင့် ခေါင်းကိုက်ဝေဒနာတို့ ပါဝင်လေသည်။ စွမ်းအင်အမြောက်အမြား အသုံးပြုခဲ့ရသဖြင့် ကျနော်သတိလစ်သွားတော့၏။

[စတုတ္ထမြောက် ဇာတ်ဝင်ခန်းအတွက် ဒင်္ဂါး ၁၀,၀၀၀ ရရှိပါသည်။]

……………………………………………………………………………………………………..

နက္ခတ်များနှင့် အလွန်အမင်း ဆက်သွယ်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသောကြောင့် ကျနော် အတော်အတန် ကြာအောင် အိပ်ပျော်သွားခဲ့သည်။

အိပ်မက်တောင် ကျနော်မက်ခဲ့သေးသည်။ ၎င်းအိပ်မက်မှာ ကမ္ဘာပျက်မည့်အချိန် မတိုင်မီက အိပ်မက်တစ်ခု ဖြစ်၏။

— ဟေ့၊ မင်း မနိုးသေးဘူးလား။

ထိုအသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ကျနော့်၏ အထက်တန်းကျောင်းသား ဘဝကိုပြန်ရောက်နေကြောင်း ကျနော် သိလိုက်ရသည်။ ကျနော့် ကျောင်းမှ လူမိုက်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော နေ့ရက်များကို ပြန်ရောက်နေခြင်း ဖြစ်သည်။

...ဟုတ်ပါသည်၊ ဤကဲ့သို့သော အချိန်များ ရှိခဲ့ဖူးသည်။ ကလေးကလား အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း ထိုအကြောင်းကို ပြန်တွေးမိသောအခါ ကျနော် အလွန်အမင်း ဒေါသထွက်မိသည်။

— ဘာလဲ။ မင်းက ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။ တစ်ယောက်ယောက်ကို သတ်ချင်နေတာလား။

သူ၏ ပါးရိုက်ချက်ကြောင့် ကျနော့်ခေါင်းမှာ နောက်သို့ လန်သွားသည်။

ကွဲအက်နေသော ကျနော့်နှုတ်ခမ်းများမှ သွေးများ စီးကျလာပြီး ထုံကျဉ်နေသော ပါးပြင်များကြောင့် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

လက်မောင်းများ၊ ခြေထောက်များနှင့် ပခုံးများ။ ဤနေရာအားလုံးမှ နာကျင်မှုများ ထွက်ပေါ်လာသည်။ ၎င်းမှာ အိပ်မက်တစ်ခု ဖြစ်နိုင်သော်လည်း လက်တွေ့ထက် ပို၍ နာကျင်နေသည်။ ဖြစ်နိုင်သည်မှာ ဤနေရာတွင် ‘Fourth Wall’ မရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

— ဘာလို့လဲ။ မင်း တအား ခံရခက်နေရင် ငါ့ကို ဓားနဲ့ ထိုးလိုက်လေ။ မင်းရဲ့ အမေလိုပဲ သတင်းစာတွေထဲမှာ ပါချင်လို့လား။

ကျနော့်၏ တင်းတင်းဆုပ်ထားသော လက်သီးများမှာ တုန်ရီနေသော်လည်း သူ့ကို ပြန်မထိုးနိုင်ခဲ့ပေ။ ထိုအချိန်က ကျနော် ဘာတွေ တွေးနေခဲ့ပါလိမ့်။

‘...ငါသာ ယူဂျွန်ဟော့ ဖြစ်ခဲ့ရင် ကောင်းမှာပဲ’

ဟုတ်ပေသည်၊ မှန်ပေသည်။ ကျနော့်၏ ဆင်းရဲဒုက္ခများကြားတွင် ဤကဲ့သို့ ကျနော် တွေးခဲ့ဖူးသည်။ ၎င်းမှာ ကျနော် Ways of Survival ကို ဖတ်နေခဲ့သည့် အချိန်ဖြစ်သည်။

ကျောင်းဝတ်စုံရှိ နာမည်တံဆိပ်ပေါ်မှ အမည်ကို ကျနော် မြင်နေရသည်။

ဆောင်းမင်းဝူ။

သူ အခု ဘာလုပ်နေပါလိမ့်။ သူ တက္ကသိုလ်တက်ပြီး အလုပ်အကိုင် အဆင်ပြေနေသည်ဟု ကျနော် မှတ်မိနေသည်။ သူအဆင်ပြေနေကြောင်းသိခဲ့ရချိန်တွင် ကမ္ဘာကြီးသည် မတရားကြောင်း ကျနော် ပထမဆုံးအကြိမ် တွေးမိခဲ့၏။ သူ ယခုထိ အသက်ရှင်နေသေးလားဆိုသည်ကို ကျနော် မသိပေ။

[သီးသန့်စွမ်းရည် ‘Fourth Wall’ ကို အသုံးပြုလိုက်ပါသည်။]

ကျနော့်၏ အိပ်မက်မှာ ပြိုကွဲသွားပြီး အမှောင်ထုထဲတွင် တစ်ဖန် ပြန်လည်ရှိနေပြန်သည်။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ ကို အသုံးပြုလိုက်ပါသည်။]

အသံများမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားသည်။

「 ဟေ့၊ ငါပြောတာ ကြားရလား။ နင် အဆင်ပြေရဲ့လား 」

「 ကိုယ်စားလှယ်ကြီး 」

「 ဒေါ့ဂျာ။ ရှင် ဘယ်မှာလဲ 」

၎င်းတို့မှာ ကျနော် သိကျွမ်းသော လူများ၏ ရင်းနှီးနေသော အသံများ ဖြစ်သည်။

ထိုစကားလုံးများကို ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ ၏ ‘ဘေးလူ၏ ရှုထောင့်’ မှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။ မကြည့်ဘဲနှင့်ပင် ထိုအသံပိုင်ရှင်များမှာ မည်သူမည်ဝါဖြစ်ကြောင်း ကျနော်သိနိုင်ပေသည်။

「 "အာ... ဘာလို့ ဒီနေရာလဲ။ ဒေါ့ဂျာ။ ငါပြောတာ ကြားရလား" 」

ဝိုင်အမျိုးမျိုးရှိသည့် ဘား (Bar) တစ်ခုကို ရောက်နေခြင်း ဖြစ်သည်။ ယောင်ဟီဝန်က မျက်မှောင်ကြုတ်ရင်း သက်ပြင်းချနေသည်။

「 "ရည်းစားစာ... ငါ အဲဒီဦးလေးကြီးနဲ့ ပြန်ဆုံဦးမှာပါ... ချီး… ငါက ဘာလို့ ကျောင်းကို ပြန်ရောက်နေရတာလဲ" 」

လီဂျီဟယ်မှာ တစ်စုံတစ်ယောက်၏ အရိုက်ခံထားရသည့်အလား ကိုယ့်ပါးကို ပြန်ကိုင်နေသည်။

「 ဘယ်လိုလုပ်ပြီး... ဘာလို့... ဒီကို...ရောက်လာတာလဲ 」

လီဟန်းဆောင်မှာ အနီးနားရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ပိတ်မိနေလေသည်။

...လူများ၏ တုံ့ပြန်မှုများကို ကြည့်ခြင်းဖြင့် မည်သို့ဖြစ်သွားသည်ကို ကျနော် ခန့်မှန်းနိုင်သည်။ ဂွမ်ဟွာမွန်တွင် ရှိနေသော လူများသည် သူတို့နှင့် ပတ်သက်မှုရှိသော နေရာများသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရပုံရသည်။ ထို့ကြောင့်ပင် လီဂျီဟယ်မှာ ကျောင်းသို့ ရောက်နေပြီး လီဟန်းဆောင်မှာ စစ်အခြေစိုက်စခန်းသို့ ရောက်သွားခြင်း ဖြစ်သည်။ လီဟန်းဆောင်ကတော့ အသနားစရာ အကောင်းဆုံးပင်။

ဒါဟာ ဟိုအလယ်အလတ် ဒိုကဲဘီ ယုတ်မာလိုက်တာပဲ ဖြစ်ရမယ်။

သူသည် ကိုယ်စားလှယ်များကို နေရာအနှံ့သို့ ကွဲပြားသွားအောင် လုပ်ဆောင်ခဲ့သည်။ ပင်မဇာတ်ဝင်ခန်းနှင့် မည်မျှပင် မသက်ဆိုင်ပါစေ၊ ထိုအလယ်အလတ် ဒိုကဲဘီမှာ သေချာပေါက် ပြစ်တင်ကြိမ်းမောင်းခံရပေလိမ့်မည်။

ဝေခွဲမရဖြစ်နေသော လူများကို ကြည့်ကာ ကျနော်ရေရွတ်လိုက်၏။

‘ကျနော် အဆင်ပြေပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ။ မကြာခင် ပြန်တွေ့ကြမယ်’

သူတို့ ကျနော့်ကို မကြားနိုင်သော်လည်း ထိုစကားများ သူတို့ထံသို့ ရောက်ရှိသွားလိမ့်မည်ဟု မျှော်လင့်မိသည်။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ ပြီးဆုံးသွားပါပြီ။]

ကျနော် မျက်တောင်များကို ဖွင့်လိုက်သောအခါ သတိမှာ ဖြည်းဖြည်းချင်း ပြန်လည်ဝင်လာသည်။ အနက်ရောင် တိမ်တိုက်များသည် ဆိုးလ်မြို့အပေါ်တွင် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဝဲကယောက် လည်နေဆဲပင်။

ကျနော် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဆိုးလ်မြို့၏ မြင်ကွင်းကျယ်ကြီးကို မြင်နေရသည်။ မိုးမျှော်တိုက်ကြီးများနှင့် အထပ်မြင့်အဆောက်အအုံများကို မြင်တွေ့နေရသည့် နေရာတစ်ခု၌ ကျနော် ရောက်နေခြင်းပင်။

ဒါနဲ့ နေဦး၊ ငါလည်း ငါနဲ့ ပတ်သက်တဲ့ နေရာတစ်ခုဆီကို ရွှေ့ပြောင်းခံရမှာပဲလေ။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဆိုးလ်မြို့ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ် ဖြစ်ပုံရသည်...

"ဒီနေရာက..."

ချီး… ဒါမျိုး ဖြစ်နိုင်တယ်လို့ တွေးတော့ တွေးမိသား။ ဒါပေမဲ့ ဒီကိုတော့ တကယ် မလာချင်ဘူး။

[နက္ခတ်အချို့သည် သင့်ဘာသာသင် ပြန်ပြောမည့် စကားများကို စောင့်မျှော်နေကြပါသည်။]

"...မီနိုဆော့ဖ် (Mino Soft) လား"

ဤနေရာမှာ ကျနော် အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီ မီနိုဆော့ဖ်၏ ခေါင်မိုးပေါ်ပင် ဖြစ်သည်။

[နက္ခတ်အချို့ စိတ်ပျက်သွားပါသည်။]

[အလျင်စလိုနိုင်ခဲ့သည်ကို မကြိုက်သော နက္ခတ်များမှာ သဘောကျနေပါသည်။]

ကျနော့်စိတ်ထဲသို့ ရောက်လာသည့် သွယ်ဝိုက်သောသတင်းစကားများကို မြင်ရသောအခါ၊ အကြွင်းမဲ့ပလ္လင်ကို ဖျက်ဆီးလိုက်ပြီးနောက် ကျနော့်ကို အာရုံစိုက်နေသော နက္ခတ်များမှာ ပိုမိုများပြားလာကြောင်း ခံစားမိလာသည်။

[‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’ နက္ခတ်သည် အသစ်ပေါ်လာသော နက္ခတ်များကို ခြိမ်းခြောက်နေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် ဟန်ဆောင်ကောင်းသော လူများကို ကြည့်ပြီး ချောင်းဟန့်နေပါသည်။]

ငါ ဘာလို့ ဒီကို ရောက်လာခဲ့တာလဲ။

ကားတစ်စီးမှ မရှိသော ဆိုးလ်မြို့၏ လမ်းမကြီး။ မီးများ ပိတ်ထားသော ရုံးခန်းများ။

ဤရင်းနှီးနေသော အဆောက်အအုံများကို မြင်ရသောအခါ လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။ တစ်လအတွင်း ပထမဆုံးအကြိမ် အလုပ်ပြန်တက်ရခြင်း ဖြစ်သည်ဟု ပြော၍ရပေသည်။

အရင်က ဌာနမှူး ဟန် ၏ ဆူပူကြိမ်းမောင်းခြင်း ခံရပြီးနောက် ဒု-မန်နေဂျာ ယွန်းနှင့်အတူ ဤခေါင်မိုးပေါ်ကို တက်ခဲ့ဖူးခြင်းအား သတိရမိတော့ ခံစားချက်က တကယ်ကို ထူးဆန်းနေသည်။ အရင်တုန်းက ဂိမ်းအသစ်တွေကို စမ်းသပ်နေခဲ့တာ ဖြစ်သော်လည်း အခုတော့ လူတွေကို ဓားနဲ့ ခုတ်နေရပြီပင်။

ဒု-မန်နေဂျာ ယွန်းကော အသက်ရှင်သေးရဲ့လား။

ကျနော် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လေထဲတွင် သတင်းစကားများ လက်ခနဲ ပေါ်လာသည်။

[ပဉ္စမမြောက် ဇာတ်ဝင်ခန်း စတင်ရန် ၁၀ ရက် လိုပါသေးသည်။]

ဇာတ်ဝင်ခန်းများသည် ကျနော် မျှော်လင့်ထားသည့်အတိုင်း စီးဆင်းနေသည်။ အကယ်၍ အကြွင်းမဲ့ပလ္လင်ကို ဖျက်ဆီးလိုက်ပါက ဆိုးလ်ဒုံးသည် ၁၀ ရက်ခန့် အနားယူချိန် ရရှိမည်ဖြစ်၏။

ပဉ္စမမြောက် ဇာတ်ဝင်ခန်း ‘မဟာတွင်းနက်ကြီး’။

ဤအနားယူချိန်အတွင်းတွင် အကြွင်းမဲ့ပလ္လင် မပါဘဲ ပဉ္စမမြောက် ဇာတ်ဝင်ခန်းကို အောင်မြင်နိုင်မည့် နည်းလမ်းကို ကျနော် ရှာဖွေရမည်ဖြစ်သည်။

[ကြားကာလကို ဖြည့်စွက်ရန်အတွက် နောက်ဆက်တွဲ ဇာတ်ဝင်ခန်းတစ်ခု လုပ်ဆောင်နေပါသည်။]

[နောက်ဆက်တွဲ ဇာတ်ဝင်ခန်း – အသက်ရှင်သန်ရေး လှုပ်ရှားမှုများ။]

အမျိုးအစား : နောက်ဆက်တွဲ

ခက်ခဲမှု : C+

ပြီးမြောက်ရန်အခြေအနေ : ပျက်စီးနေသော မြို့တော်အတွင်း

၁၀ ရက်တိုင်တိုင် အသက်ရှင်အောင်

နေထိုင်ရမည်။ တစ်နေ့လျှင် ထမင်းသုံးနပ်

စားရမည်ဖြစ်ပြီး အနည်းဆုံး အိပ်စက်ချိန်

၆ နာရီ ရှိရမည်။ ညတိုင်း အိပ်ရာမဝင်မီ

ဒင်္ဂါး ၅၀၀ ပေးဆောင်ရန် မမေ့ပါနှင့်။

ဤစည်းကမ်း သုံးခုအနက်မှ တစ်ခုခုကို

ချိုးဖောက်ပါက ဒဏ်ကြေး ရှိပါမည်။

ကြာချိန် : ၁၀ ရက်

ဆုလာဘ် : မရှိ

ကျရှုံးမှု : သေဆုံးခြင်း

ဤဇာတ်ဝင်ခန်းမှာ ‘ဒင်္ဂါးပွဲတော်’ ပါသော ဇာတ်ဝင်ခန်း ဖြစ်ပါသည်။

ဇာတ်ဝင်ခန်းအတွင်းရှိ မိစ္ဆာအားလုံးထံမှ ဒင်္ဂါးများ ထွက်လာနိုင်သည့် အခွင့်အရေး ရှိပါသည်။

အခြေအနေများ မည်သို့ဖြစ်ပျက်နေသည်ကို ကျနော် အကြမ်းဖျင်း သိရှိလိုက်သည်။ ရှိရင်းစွဲ ဇာတ်ဝင်ခန်းမှာ လုံးဝ ပျက်စီးသွားသဖြင့် နောက်ဆက်တွဲ ဇာတ်ဝင်ခန်းတစ်ခုကို အလျင်အမြန် စီစဉ်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် ၎င်းမှာ ဒင်္ဂါးပေးချေမှု ပွဲတော်နှင့်လည်း ထပ်တူကျနေလေသည်။ ထိုပွဲတော်ကို မကြာမီ ပြုလုပ်လိမ့်မည်ဟု ကျနော် ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ အစောကြီး စတင်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

တစ်နေ့လျှင် အသက်ရှင်သန်ခ ဒင်္ဂါး ၅၀၀... ၎င်းမှာ ဒင်္ဂါးပွဲတော် မပါဘဲနှင့်တော့ အောင်မြင်ရန် မဖြစ်နိုင်သော ဇာတ်ဝင်ခန်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ အခုတော့ ကျနော် လှုပ်ရှားရတော့မည်။ ဒင်္ဂါးများကို ပြန်လည်ဖြည့်တင်းနိုင်မည့် အခွင့်အရေးကို ကျနော် လက်လွတ်မခံနိုင်ပေ။

ထိုစဉ် ခေါင်မိုးအောက်ဘက်မှ လူများ၏ အသံကို ကြားလိုက်ရသည်။

"မြန်မြန်ဆွဲလာခဲ့"

ကျနော် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ လက်နက်ကိုင်ဆောင်ထားသော လူများသည် အဆောက်အအုံအတွင်းသို့ ဝင်လာကြပြီး သူတို့နောက်တွင်လည်း အခြားလူများ ပါလာသည်ကို တွေ့ရသည်။

မီနိုဆော့ဖ်သည် ဆောချိုဂူ အနီးတွင် တည်ရှိသည်။ သို့သော် ကျနော်မှတ်မိသလောက် ဆောချိုနယ်မြေတွင် ‘ဘုရင်’ အင်အားစုများ မရှိပေ။

...ဒါဆို သူတို့က ဘယ်သူတွေလဲ။

လက်နက်ကိုင်ဆောင်ထားသူများကို ဂရုတစိုက် လေ့လာကြည့်ပြီးနောက် တစ်စုံတစ်ခုကို ကျနော်သတိပြုမိသွားသည်။

ဟုတ်ပေသည်။ သူတို့မှာ ‘လေလွင့်သူများ’ ဖြစ်ကြ၏။ ဤပျက်စီးသွားသော ကမ္ဘာတွင် လူတစ်ဦးချင်းစီ၌ နေထိုင်မှုပုံစံ မတူညီကြပေ။

တစ်စုံတစ်ယောက်က ‘ဘုရင်’ ဖြစ်လာပြီး အခြားသူများက ‘လက်အောက်ခံ’များ ဖြစ်လာကြသည်။ အချို့ကမူ မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သော ‘လေလွင့်သူ’ များ ဖြစ်လာကြ၏။

ဆောချိုသည် လေလွင့်သူတို့၏ နယ်မြေပင်။

ဤနယ်မြေ၏ အချက်အလက်များကို ရှာဖွေရန် ကျနော့်၏ စမတ်ဖုန်းကို ဖွင့်လိုက်သည်။ ကံမကောင်းစွာဖြင့် ဘတ္ထရီ ကုန်နေလေပြီ။ ဘတ္ထရီ အားပြန်သွင်းနိုင်မည့်နေရာ သို့မဟုတ် အပိုဘတ္ထရီတစ်ခုကို ကျနော် ရှာရန် လိုအပ်သည်...

ခေါင်မိုးတံခါးကို ဖွင့်ပြီး အောက်ထပ်သို့ ကျနော်ဆင်းလာခဲ့သည်။ ဥက္ကဋ္ဌရုံးခန်း၊ စီမံရေးဌာနနှင့် ဘဏ္ဍာရေးဌာနတို့ကို ကျနော် ဖြတ်ကျော်လာခဲ့သည်။ ကျနော် ခဏတာ အလုပ်လုပ်ခဲ့ဖူးသော QA အဖွဲ့၏ ရုံးခန်းကို ဖြတ်အလျှောက်တွင် ကျနော် ရပ်လိုက်တော့သည်။

ကျနော့်၏ မှတ်ဉာဏ်မှာ အတော်အတန် ကောင်းမွန်သည်ဟု ပြော၍ရသည်။​ ရုံးခန်းထဲသို့ ဝင်ကာ စားပွဲအံဆွဲများကို တစ်ခုပြီးတစ်ခု ကျနော်ဖွင့်ကြည့်လိုက်သည်။

အပိုဘတ္ထရီတစ်ခုခု ကျန်ခဲ့နိုင်သည်ဟု ကျနော် တွေးမိသောကြောင့် ဖြစ်၏။ ထိုစဉ်မှာပင် တစ်စုံတစ်ယောက်က လက်နှိပ်ဓာတ်မီးတစ်လက်ဖြင့် ဝင်လာသည်။

တုံ့ပြန်သည့်အနေဖြင့် ဓားကို ကျနော်ဆွဲထုတ်လိုက်သော်လည်း ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟင်"

...

"ဒေါ့-ဒေါ့ဂျာလား။ ဒေါ့ဂျာပဲ"

ထိုအခါမှ ထိုအမျိုးသား၏ မျက်နှာကို ကျနော်မြင်လိုက်ရသည်။

"ဒု-မန်နေဂျာ ယွန်း ပါလား"

"ဟာ... မင်း အသက်ရှင်သေးတာပဲ။ မင်း အသက်ရှင်နေတယ်ဟ"

ထိုလူမှာ QA အဖွဲ့မှ ဒု-မန်နေဂျာ ယွန်း ဖြစ်တော့သည်။

……………………………………………………………………………………………………..

"တကယ်ကို ကြောက်စရာကောင်းခဲ့တာ"

မီနိုဆော့ဖ်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို ဒု-မန်နေဂျာ ယွန်းထံမှ ကျနော် ကြားသိခဲ့ရသည်။ အတိအကျ ပြောရလျှင် ကျနော် အလုပ်ဆင်းသွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာများပင် ဖြစ်သည်။

"ညဆိုင်းဆင်းနေတဲ့ လူတွေအားလုံးအတွက် ပထမဆုံး ဇာတ်ဝင်ခန်းက စတင်ခဲ့တာ"

ဒု-မန်နေဂျာ ယွန်းက သူ၏နှာခေါင်းကို ကိုင်ရင်း ပြောလိုက်သည်။

ကုမ္ပဏီ၏ စင်္ကြံလမ်းမှာ ပုပ်စော်နံနေသော အလောင်းနံ့များနှင့် လောက်ကောင်များဖြင့် ပြည့်နှက်နေသည်။ အလောင်းအချို့မှာ ကျနော် သိကျွမ်းသော လူများ၏ မျက်နှာများ ဖြစ်နေသော်လည်း ဒု-မန်နေဂျာ ယွန်း၏ မျက်နှာတွင်မူ မည်သည့် ဝမ်းနည်းပူဆွေးမှုကိုမျှ ကျနော် မတွေ့ရပေ။

"မင်း သိလား။ ဟိုဘက်ကလူ၊ အဖွဲ့ခေါင်းဆောင် ကင် လေ၊ သူ့ကို ငါ သတ်လိုက်တာ။ ဘာလို့လဲဆိုတော့ အဲဒီကောင်က... ငါ သူ့လည်ပင်းကို ဘောပင်နဲ့ ထိုးလိုက်တာ သွေးတွေကတော့... တကယ်ပဲ ဂိမ်းတစ်ခုလိုပါပဲကွာ"

"...ဒု-မန်နေဂျာ ယွန်း"

"ဆော-ဆောရီး။ ဒါတွေ ပြောနေတာ မင်းအတွက် စိတ်မသက်မသာ ဖြစ်သွားလား။ ဟားဟား"

၎င်းမှာ သဘာဝကျသော ပြောင်းလဲမှုတစ်ခု ဖြစ်သော်လည်း ဒု-မန်နေဂျာ ယွန်း၏ ပြောင်းလဲသွားသော ပုံစံကို မြင်ရသည်မှာ ကျနော့်အတွက်တော့ စိတ်မကောင်းဖြစ်မိသည်။

မဟုတ်ဘူး... ဖြစ်နိုင်သည်မှာ ယခု ဒု-မန်နေဂျာ ယွန်း ဖြစ်နေသည့် ပုံစံမှာ သူ၏ ပင်ကိုယ်ပုံစံ အစစ်အမှန်လည်း ဖြစ်နိုင်ပါသည်။

"ခင်ဗျား ဒီမှာ တစ်ယောက်တည်းလား"

"ဟမ်….အဲ... ငါ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါနဲ့ ဒေါ့ဂျာကော ဘယ်မှာ ရှိနေခဲ့တာလဲ"

"အဲ... ကျနော်က..."

"ကုမ္ပဏီမှာ မင်းကို ငါ မတွေ့မိပါဘူး။ မင်းက ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်နေတာလဲ။ တခြားတစ်နေရာမှာ ရောက်နေတာလား"

"ဟုတ်ကဲ့၊ အဲဒီလိုပါပဲ။ အစတုန်းက တံတားရဲ့ ဂွမ်ဟွာမွန်ဘက်ခြမ်းမှာ ကျနော် ရှိနေတုန်း..."

ဒု-မန်နေဂျာ ယွန်းက အဆုံးအထိ နားမထောင်ဘဲ ကြားဖြတ်ပြောလိုက်သည်။

"အော်... အေးပါ။ ဒေါ့ဂျာ။ မင်း ကံတရားကတော့ တကယ်ကို ဆိုးတာပဲ"

"...ဗျာ"

"ဇာတ်ဝင်ခန်းတွေ အားလုံးကို ကျော်ဖြတ်နေစရာ မလိုပါဘူးကွာ။ မင်း မသိဘူးလား။ ကိုယ့်ကိုယ်ကိုယ် သေချာ ပုန်းကွယ်ထားပြီး လှည့်ကွက်လေးတွေ သုံးတတ်ရင် ဇာတ်ဝင်ခန်း အများစုကို တခြားလူတွေကပဲ ဖြတ်ကျော်ပေးသွားမှာလေ။ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေစရာ မလိုဘူး။ ဟားဟား၊ ကမ္ဘာကြီးက ဒီလိုဖြစ်နေပေမဲ့ ဒီလိုနေရတာက တကယ်ကို သက်သောင့်သက်သာ ရှိပါတယ်"

၎င်းမှာ အမှန်တရားပင်။ အကယ်၍ သင်သည် မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သော ‘လေလွင့်သူ’ တစ်ယောက် ဖြစ်လာပါက၊ မဖြစ်မနေ ကျော်ဖြတ်ရမည့် ဇာတ်ဝင်ခန်းအချို့ကို ရှောင်လွှဲနိုင်ပြီး ပင်မဇာတ်ဝင်ခန်းများကိုမူ အခြားသူများက ကျော်ဖြတ်ပေးသည်ကို စောင့်ဆိုင်းနေရုံပင်။ ဆိုးလ်ဒေသအတွင်းတွင် ထိုကဲ့သို့သော လူများစွာ ရှိလေသည်။

ပြဿနာမှာ သင် ပုန်းအောင်းနေစဉ် ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ ဖမ်းဆီးခြင်းကို ခံရပါက သေရပေလိမ့်မည်။ တစ်ဦးတည်း လှုပ်ရှားနေသော ‘လေလွင့်သူ’ များထက် ကောင်းသော သားကောင်ဟူ၍ မရှိပေ။

"မင်း စိတ်မပူပါနဲ့။ လေလွင့်သူတွေမှာလည်း အင်အားတွေ အများကြီး ရှိပါတယ်။ အင်အားတည်ဆောက်ဖို့အတွက် ဘုရင်ဖြစ်နေစရာ လိုလို့လား"

ကျနော်တို့တွေ မီနိုဆော့ဖ် အဆောက်အအုံပြင်ပသို့ ထွက်လာခဲ့ကြသည်။ ကုမ္ပဏီအနီးတစ်ဝိုက်တွင် လူများဖြင့် ပြည့်နှက်နေပြီး လေလွင့်သူ အုပ်စုကြီးတစ်ခုလည်း စုရုံးနေကြသည်။ သူတို့ထဲမှ အချို့မှာ ပြန်ပေးဆွဲလာသော လူများကို ရွှေ့ပြောင်းနေကြသည်ကို တွေ့ရသည်။ ထိုစဉ် လက်နက်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မေးလိုက်သည်။

"ယွန်းဆန်ဟို။ ဒါက ဘယ်သူလဲ"

"အာ... သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ။ မတော်တဆ ဆုံမိတာလေ"

" လေလွင့်သူလား။ ဘယ်အဖွဲ့အစည်းကမှ မဟုတ်တဲ့ လူကိုပဲ လက်ခံမယ်နော်။ မင်း သိတယ်မလား"

ဒု-မန်နေဂျာ ယွန်းက ခေါင်းကို ခပ်ဆတ်ဆတ် ငြိတ်ပြလိုက်ပြီးနောက် ထိုအမျိုးသားမှာ ကျနော်တို့အနားမှ ဖြတ်သွားသည်။ ကျနော်က ထိုအမျိုးသားကို ကြည့်ရင်း မေးလိုက်သည်။

"ဒီလူက ဘယ်သူလဲ"

"သူက ‘ဒင်္ဂါးခြံ’ တစ်ခုရဲ့ မန်နေဂျာပဲ"

"ဒင်္ဂါးခြံဟုတ်လား"

"အာ... ဒေါ့ဂျာ မသိသေးဘူးပဲ"

တစ်ခဏမျှ ဒု-မန်နေဂျာ ယွန်း၏ မျက်နှာတွင် စက်ဆုပ်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာသည်။

ဒင်္ဂါးခြံ... ထိုအရာက ကျနော့်ကို တစ်စုံတစ်ခု သတိရစေသည်။

ဒါပေမဲ့ ဒီလူတွေက ဒါကို စတင်နေကြပြီလား။

"ဟိုမှာ ကြည့်လိုက်"

တိရစ္ဆာန်ရုံ သို့မဟုတ် ရဲစခန်းတစ်ခုကဲ့သို့ ခပ်ကွာကွာ ချထားသော လှောင်အိမ်များအတွင်း၌ လူနှစ်ဦးစီ ပိတ်မိနေကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ လေလွင့်သူများမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။

"ဟေ့… မင်းတို့ ငါ့ကို နောက်နေတာလား။ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ကြစမ်း။ မင်းတို့ ပုံစံက ဒီလိုဆိုရင် ဘယ်သူက ဒင်္ဂါးပေးမှာလဲ"

လှောင်အိမ်အတွင်း၌ လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သတ်ပုတ်နေကြသည်။ သွေးများ စင်ထွက်နေပြီး၊ မျက်လုံးများမှာ ဖောက်ထုတ်ခြင်း ခံထားရကာ၊ ဝမ်းဗိုက်မှ အူများ ထွက်ကျနေသော အမျိုးသားတစ်ဦးမှာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အော်ဟစ်နေလေသည်။

[လူသတ်ပွဲကို သဘောကျသော နက္ခတ်သည် ဝမ်းမြောက်နေပါသည်။]

ကျနော် သေချာကြည့်လိုက်သောအခါ ထိုကဲ့သို့သော လှောင်အိမ် အမြောက်အမြား ရှိနေသည်ကို တွေ့ရ၏။ လှောင်အိမ်တိုင်းမှာ တိုက်ခိုက်နေကြခြင်းတော့ မဟုတ်ပေ။

လှောင်အိမ်တစ်ခုအတွင်း၌ အဝတ်ဗလာနှင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား အများအပြား ရှိနေပြီး၊ အခြားလှောင်အိမ်တစ်ခုတွင်မူ အမျိုးသားများက အမျိုးသမီးဖြစ်သူကို အသုံးချပြီးသွားသည့်အလား အမျိုးသမီးတစ်ဦးတည်း ကျန်ရှိနေသည်ကို တွေ့ရသည်။ နေရာအနှံ့မှ နာကျင်စွာ ညည်းတွားသံများနှင့် ငိုယိုသံများကို ကြားနေရသည်။

လှောင်အိမ်အပြင်ဘက်တွင်မူ သူတို့၏ လိင်အင်္ဂါကို ကိုင်ထားကြသော လေလွင့်သူများက ရယ်မောနေကြသည်။

"ဟေ့၊ ဘယ်လိုလဲ။ ကောင်းရဲ့လား။ မြန်မြန် ထွက်ခဲ့စမ်း"

"ပြီးရင် ငါ့အလှည့်ကွ။ မအေဘေး"

[စိတ်လှုပ်ရှားမှုကို နှစ်သက်သော နက္ခတ်သည် ဝမ်းမြောက်နေပါသည်။]

ဒု-မန်နေဂျာ ယွန်းက စကားစလိုက်သည်။

"ဂိမ်းလောကမှာတော့ သုံးစွဲသူတွေက ဘုရင်ပဲ။ မီနိုဆော့ဖ်မှာတော့ ဥက္ကဋ္ဌက ဘုရင်ပေါ့။ ဒေါ့ဂျာ။ ဒီကမ္ဘာသစ်မှာတော့ ဘယ်သူက ဘုရင်လဲ"

"...ခင်ဗျားက နက္ခတ်တွေရဲ့ ထောက်ပံ့မှုကို အားကိုးနေတာလား"

"ဟုတ်တယ်။ တစ်ခါတလေကျရင် ဒီလို ရူးသွပ်တဲ့ နက္ခတ်တွေ ရှိတတ်တယ်။ မြင်ကွင်းက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလေလေ၊ သူတို့က ဒင်္ဂါးတွေကို ပိုပြီး ပေးလေလေပဲ။ Twitch က Bits တွေပေးသလိုပေါ့။ ငါတို့က ဒီလူတွေဆီကနေ ဒင်္ဂါးတွေရတယ်၊ အဲဒီအစား ငါတို့က သူတို့ကို အသက်ရှင်ဖို့ အစားအစာတွေ ပေးတာပေါ့"

ဒု-မန်နေဂျာ ယွန်းက ချောကလက်တောင့်တစ်ခုကို လှောင်အိမ်တစ်ခုအတွင်းသို့ ပစ်ထည့်လိုက်သည်။ သံတိုင်များနောက်က အမျိုးသမီးမှာ အော်ဟစ်ရင်း ထိုအရာကို လှမ်းဖမ်းလိုက်သည်။

ဤစနစ်ကို ဦးစွာ သဘောပေါက်ပြီး ၎င်းကို မည်သို့ အမြတ်ထုတ်ရမည်ကို ရှာဖွေတွေ့ရှိသူများ ကမ္ဘာပေါ်တွင် ရှိနေလေသည်။ ‘ဒင်္ဂါးခြံ’ ဆိုသည်မှာ ဤကမ္ဘာကြီးကို ဦးစွာ နားလည်သွားသူများက စနစ်ကို အခွင့်ကောင်းယူရန်အတွက် တီထွင်ထားသော ဖွဲ့စည်းပုံတစ်ခုပင် ဖြစ်၏။

"ကျနော်တို့ ကုမ္ပဏီက လူတွေကို တွေ့တယ်..."

"သူတို့က ငါတို့ကုမ္ပဏီက လူတွေ ဖြစ်ခဲ့တာပါ"

သူ၏ အေးစက်သော လေသံကို ကြားရသောအခါ ကျနော် သေချာပေါက် သိလိုက်ရသည်။ မီနိုဆော့ဖ်မှာ ကျနော် သိခဲ့သော ‘ဒု-မန်နေဂျာ ယွန်း’ ဆိုသူမှာ ဤကမ္ဘာတွင် မရှိတော့ပေ။

"ဟေ့…. ကျွန်အသစ်တွေ ရောက်လာပြီ။ သူတို့ကို အကျဉ်းချထားလိုက်"

"ဟုတ်ကဲ့"

ကျွန်များကို အကျဉ်းထောင်များဆီသို့ ရွှေ့ပြောင်းလိုက်ကြသည်။ သူတို့အထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် ကျနော် မှင်တက်သွားသည်။

ဒု-မန်နေဂျာ ယွန်းက ပြုံးလိုက်သည်။

"ဪ။ အသစ်တစ်ယောက် ရောက်လာတာလား။ ဟေ့… သူ့ကို အဝတ်အစားတွေ ချွတ်ပြီး လှောင်အိမ်ထဲကို ခေါ်လာခဲ့"

အသားဖြူဖြူနှင့် သေးငယ်ကျစ်လျစ်သော ခန္ဓာကိုယ်ပိုင်ရှင်။ ပုခုံးအထိ ကျနေသော နက်မှောင်သည့် ဆံနွယ်များနှင့် အနည်းငယ် မြင့်တက်နေသော မျက်ခုံးများ။

ကျနော် မျက်လုံးများကို ပွတ်ပြီး ပြန်ကြည့်သော်လည်း သံသယဖြစ်စရာ မလိုတော့ပေ။ ပထမဆုံးသော တမန်တော်၊ အတုအပရေးသားသူ ဟန်ဆိုယောင်းသည် ဤနေရာတွင် ရောက်နေလေပြီ။

All Chapters