← Chapters

ဘုရင်မဲ့ကမ္ဘာ (၅)

Vol. 5 Ch. 75

ဘုရင်မဲ့ကမ္ဘာ (၅)

Vol. 5 Ch. 75

ကြောက်လန့်နေကြသော လူများသည် ဟန်ဆိုယောင်းထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ဟန်ဆိုယောင်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တံထွေးတစ်ချက် ထွေးလိုက်သည်။

"နင်တို့အားလုံးက ငအတွေလား။ သတိထားစမ်းပါဦး။ အသက်ရှင်ချင်တယ်ဆိုရင် သေချာစဉ်းစားကြစမ်းပါ။ တခြားလူယုတ်မာတွေနဲ့ ဘယ်အချိန်မှာ ထပ်တွေ့ဦးမလဲဆိုတာ မသိရသေးဘဲနဲ့၊ နင်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာနိုင်တဲ့ လူဦးရေကို ကိုယ့်လက်နဲ့ကိုယ် လျှော့ချပစ်ချင်နေတာလား"

"အဲ-အဲဒါက..."

"ဒီကမ္ဘာမှာ အားနည်းတဲ့လူတွေက စည်းလုံးနေရတာဟ။ အင်အားချင်း ပေါင်းရမယ့်အစား အမှိုက်လို ပစ္စည်းအနည်းငယ်အတွက်နဲ့ အချင်းချင်း သတ်နေကြချင်တာလား"

လူများသည် ရုတ်တရက် သတိဝင်လာကြပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။

အလယ်အလတ် ဒိုကဲဘီသည် သူနေရာအနှံ့သို့ ခွဲထုတ်ပစ်လိုက်သော လူများထဲတွင် အင်တာနက်ဝတ္ထု စာရေးဆရာမတစ်ဦး ပါဝင်နေသည်ကို သိပုံမရပေ။

"နင်တို့မှာ လိုအပ်တဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ မရှိဘူးလား။ အဲ့ဒါနဲ့ အသက်မရှင်နိုင်ဘူးလား။ အတ္တကြီးတဲ့လူတွေက အရင်ဆုံး ကျဆုံးတတ်တယ်ဆိုတာ နင်တို့မသိဘူးလား။ အမှိုက်လို ပစ္စည်းအနည်းငယ် ပိုရလိုက်ရုံနဲ့ နင်တို့ တွေ ပိုသန်မာလာမယ်လို့ ထင်နေတာလား"

အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများမှာ မှုန်မှိုင်းသွားကြသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာလည်း ဖြည်းဖြည်းချင်း ငြိမ်သက်သွားတော့၏။

"ဘယ်သူမှ မထိရဲအောင် နင်တို့ကိုယ်တိုင် မသန်မာနိုင်သေးဘူးဆိုရင် ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရှာထားစမ်းပါ။ ဒါက သာမန်အသိတရား မဟုတ်ဘူးလား"

အတုအပရေးသားသူ တစ်ယောက်အနေနှင့် ထိုကဲ့သို့ စကားမျိုးပြောသည်မှာ သဘာဝကျလှသည်။

အမှန်တကယ်တော့ ဟန်ဆိုယောင်း၏ စကားများမှာ ထိရောက်မှု ရှိ၏။ လူများသည် တစ်ဦးကိုတစ်ဦး အားနာသလို ကြည့်လာကြသည်။ အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်က စကားစတင်လိုက်ပါက လူများ စည်းလုံးသွားနိုင်ပေသည်။ စကားလုံးအနည်းငယ်ကပင် သူတို့၏ အသက်ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြင့်တက်သွားစေခဲ့သည်။

ဟန်ဆိုယောင်းကို စိုက်ကြည့်ရင်း ကျနော် ပြောလိုက်သည်။

"နင့်ပါးစပ်က ဒီလိုစကားမျိုး ထွက်လာတာကတော့..."

"နားလည်ကြပြီလား။ အားလုံးပဲ မှန်မှန်ကန်ကန် ပြုမူကြစမ်းပါ"

ဟန်ဆိုယောင်းက အမြန်ပြောလိုက်ပြီးနောက် လှည့်၍ ထွက်ပြေးတော့သည်။ ဟန်ဆိုယောင်း၏ ခံနိုင်ရည်မှာ နည်းပါးလှသဖြင့် အဝေးကြီးသို့ မပြေးနိုင်ပေ။

"ဟား... ဟား။ ရှင်က ကျမနောက်ကို ဘာလို့ လိုက်နေတာလဲ"

"နင်က ဝတ္ထုထဲက စကားလုံးတွေကိုတောင် ခိုးချနေတာလား"

「 "ဘယ်သူမှ မထိရဲအောင် မင်းကိုယ်တိုင် မသန်မာနိုင်သေးဘူးဆိုရင် ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရှာထားစမ်း" 」

၎င်းမှာ Ways of Survival ထဲတွင် ယူဂျွန်ဟော့က အသက်ရှင်ကျန်ရစ်သူများကို ပေးခဲ့သော အကြံပေးစကား ဖြစ်သည်။ ဟန်ဆိုယောင်းက အော်ဟစ်လိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ခိုးချတာဖြစ်ရမှာလဲ။ ဒီစကားလုံးတွေက ကျမဝတ္ထုထဲကပဲဟာကို"

"ဒါဆို ဘာလို့ ထွက်ပြေးနေတာလဲ"

"...ဘာကြောင့်ရယ်လို့မှမဟုတ်ဘူး။ ရှင်ကကော ဘာလို့ ကျမနောက်ကို လိုက်နေတာလဲ"

ဟန်ဆိုယောင်းသည် ခိုးချခဲ့သည်ကို အဆုံးအထိ ဝန်မခံပေ။ ဟန်ဆိုယောင်း၏ အကျီကော်လံကို ကျနော်ဆွဲကိုင်လိုက်သည်။

"နင့်ကို ငါကယ်ခဲ့တာဆိုတော့ အဲဒီတန်ဖိုးကို ပြန်ပေးသင့်တယ်"

"ဘာတန်ဖိုးလဲ"

ဟန်ဆိုယောင်း၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ ကျနော် ရယ်မောလိုက်သည်။

"နင့်မှာ အပိုဘတ္ထရီရှိရင် ထုတ်ပေးစမ်းပါ။ နင့်ရဲ့ ဝတ္ထုစာသားတွေ ဖတ်ဖို့ ဘတ္ထရီတော့ လိုအပ်နေမှာပဲလေ။ ဟုတ်တယ်မလား"

ဟန်ဆိုယောင်း၏ မျက်နှာမှာ ပုံပျက်သွားသည်။

ပထမတော့ ဟန်ဆိုယောင်းကို ကျနော့်နောက်သို့ ခေါ်သွားရန် ကျနော် ရည်ရွယ်မထားခဲ့ပေ။

အမှန်အတိုင်း ပြောရလျှင် ဟန်ဆိုယောင်း ယခုအချိန်အထိ လုပ်ဆောင်ခဲ့သော အရာများကို ကြည့်ပါက လူဆိုးတစ်ဦးသာ ဖြစ်ပေသည်။ သို့သော်လည်း ဟန်ဆိုယောင်း၏ ‘ကိုယ်ပွား’ စွမ်းရည်မှာ အတော်လေး အသုံးဝင်ပြီး ကျနော့်အနေဖြင့်လည်း သိရှိနားလည်ထားရန် လိုအပ်သည့် အချက်အချို့ ရှိနေလေ၏။ အရေးအကြီးဆုံးကတော့ လက်ရှိ နောက်ဆက်တွဲ ဇာတ်ဝင်ခန်းကို ကျော်ဖြတ်ရန် ဟန်ဆိုယောင်းသည် အသုံးဝင်ပေလိမ့်မည်...

"ကျမမှာ အပိုဘတ္ထရီ မရှိဘူး။ ဂွမ်ဟွာမွန်မှာ အကုန်လုံး ဆုံးရှုံးခဲ့တာ"

"ဒါဆို နင့်ရဲ့ဝတ္ထုကို ပေးဖတ်"

"မရဘူး။ ဖတ်ချင်ရင် ပိုက်ဆံပေး"

"ပလတ်ဖောင်းတွေ အကုန်လုံး ပျောက်သွားပြီကို ငါက ဘယ်လို ပေးရမှာလဲ"

ဟန်ဆိုယောင်း၏ စမတ်ဖုန်းကို ကျနော်လုယူလိုက်သည်။ စိတ်ဆိုးနေသော ဟန်ဆိုယောင်းသည် ကျနော့်ပခုံးကို တွယ်ကပ်ကာ လက်တစ်ဖက်ဖြင့် လှမ်းယူရန် ကြိုးစားနေသည်။

"ဘာလဲ။ ပေးစမ်း"

ဝတ္ထုစာသားဗားရှင်းမှာ ဟန်ဆိုယောင်း၏ Desktopပေါ်မှာ ရှိနေလေသည်။ ဟန်ဆိုယောင်းကတော့ အေးအေးဆေးဆေးပင်။

[SSSSS-အဆင့် အကန့်အသတ်မဲ့ ပြန်လည်ဝင်စားသူ]

ကြည့်ရအောင်...

ရင်ခုန်စွာဖြင့် အက်ပလီကေးရှင်း ဖိုင်ကို ကျနော်နှိပ်လိုက်သည်။ ဟန်ဆိုယောင်း၏ ဝတ္ထုစာသားသည်လည်း ကျနော့်ဖုန်းထဲကလိုပဲ တခြားလူတွေ မမြင်နိုင်အောင် ဖျောက်ထားသလားဆိုသည်ကို ကျနော် သိချင်မိသည်။

သို့သော် ထိုသို့ မဟုတ်ပေ။ ကျနော် ဝတ္ထုကို ဖတ်နေခဲ့သကဲ့သို့ပင် စာအုပ်၏ အလယ်လောက်က စာမျက်နှာတစ်ခု ပေါ်လာသည်။

「 ...ယူဂျွန်ဟွန် သည် သူ၏ အခြေအနေပြဇယားကို တိတ်တဆိတ် ဖွင့်လိုက်သည်။ သူသည် အခုလေးတင် ရရှိထားသော ‘သူတော်စင်၏ မျက်လုံး’ကို စစ်ဆေးချင်နေသည်။

[ဇာတ်ကောင် အကျဉ်းချုပ်] 」

「 အမည် : ယူဂျွန်ဟွန်

အသက် : ၂၇ နှစ်

ကြယ်တာရာစာချုပ် : ???

ဝိသေသ လက္ခဏာ : နောက်ပြန်ဆုတ်သူ (တတိယအကြိမ်) (ဒဏ္ဍာရီ)၊

ပရိုဂိမ်းသမား (ရှားပါး)

သီးသန့်စွမ်းရည်များ : သူတော်စင်၏ မျက်လုံး အဆင့် ၁၊

လက်ဗလာတိုက်ခိုက်ရေး အဆင့် ၁၊

လက်နက်ကျွမ်းကျင်မှု အဆင့် ၁၊

စိတ်အကာအရံ အဆင့် ၁၊

မုသားထောက်လှမ်းခြင်း အဆင့် ၄...

(ကျန်ရှိသည်များကို ချန်လှပ်ထားပါသည်)... အထူးစွမ်းရည် : နောက်ပြန်ဆုတ်ခြင်း အဆင့် ၃

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၄၊ ခွန်အား အဆင့် ၂၄၊

လျင်မြန်မှု အဆင့် ၂၅၊ မှော်စွမ်းအင် အဆင့် ၂၃။

ယူဂျွန်ဟွန်သည် သူ၏ အခြေအနေပြဇယားကို အတည်ပြုပြီးနောက် ရယ်မောလိုက်သည်။

"ဟားဟား…. နောက်ဆုံးတော့ ‘သူတော်စင်၏ မျက်လုံး’ ကို ရခဲ့ပြီ။ ဒီတစ်ခေါက် နောက်ပြန်ဆုတ်မှုမှာတော့ ငါ ကံကောင်းခဲ့တာပဲ" 」

ထိုနေရာအထိ ဖတ်လိုက်ပြီးနောက် ဆွံ့အသွားသော ဟန်ဆိုယောင်းကို ကျနော်လှည့်ကြည့်လိုက်သည်။

"နင့်မှာ ကိုယ်ချင်းစာတရားရော ရှိရဲ့လား"

"...ဘာလဲ"

"Ways of Survival ထဲက ကိုယ်ရေးအချက်အလက်တွေကို အကုန် ကူးချထားတာပဲ မဟုတ်လား။ စာရေးဆရာတစ်ယောက်အနေနဲ့ အဲဒီဖွဲ့စည်းပုံကိုတော့ ပြောင်းသင့်တာပေါ့"

ဟန်ဆိုယောင်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရေရွတ်လိုက်သည်။ "Ways of Survival မှာက ထောက်ပံ့သူ ၊ ကျမဟာက ကြယ်တာရာစာချုပ်။ လုံးဝကွဲပြားပါတယ်။ ပြီးတော့ ကျမဝတ္ထုထဲမှာ အလုံးစုံအကဲဖြတ်ချက်လည်း မပါဘူးလေ"

"…နင်ကတော့လေ။ ဇာတ်လိုက်နာမည်က အတော်ကို လွန်မနေဘူးလား။ ယူဂျွန်ဟော့ကို စာလုံးပေါင်းမှားပြီး ရေးထားသလိုပဲ။ အဲဒီထက်ပိုပြီး ပြောင်းသင့်တာပေါ့။ Ways of Survival ရဲ့ စာရေးဆရာသာ ဒါကို မြင်ရင် ငိုမိမှာပဲ"

ဟန်ဆိုယောင်း၏ မျက်နှာမှာ နီမြန်းသွားပြီး အော်ဟစ်တော့သည်။

"အဲဒါက... မဟုတ်ဘူး….အဲ့တော့ ဘာဖြစ်လဲ။ ရှင်က ဘာကို သိချင်နေတာလဲ"

"မူရင်းဝတ္ထုကို ဘယ်နှစ်ခန်းအထိ ဖတ်ထားတာလဲ"

"၉၉... ဟေ့…. အဲဒီဖုန်းကို ပြန်ပေးလို့ မရဘူးလား"

ဟန်ဆိုယောင်းက အခန်း ၉၉ အထိ ဖတ်ထားတာလား။

Ways of Survival ကို ကျနော်ပြီးလျှင် အများဆုံး ဖတ်ထားတဲ့လူက အတုအပရေးသားသူ တစ်ယောက်ဖြစ်နေသည်ကို သိပါက မူရင်းစာရေးဆရာ မည်သို့တွေးမည်နည်း။

ဘာပဲဖြစ်ဖြစ်၊ အတုအပရေးသားမှု အရှုပ်အထုပ်တွေကြားမှာ ဝင်ကြည့်နှုန်း တက်လာတာကို သဘောကျခဲ့တဲ့ စာရေးဆရာဆိုရင်တော့ "အခန်း ၉၉ အထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားက စာဖတ်သူအစစ်အမှန်ပါပဲ" လို့ ပြောကောင်းပြောနိုင်လောက်သည်။

ကျနော် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

"အခန်း ၉၉ ဆိုရင်တော့၊ ပဉ္စမမြောက် ဇာတ်ဝင်ခန်းမှာရှိတဲ့ ဥက္ကာခဲ တည်နေရာကို ခင်ဗျား သိမှာပေါ့။ ခင်ဗျားဝတ္ထုထဲမှာရော အဲဒါ မပါဘူးလား"

"ကျမဝတ္ထုထဲမှာတော့ ဥက္ကာခဲဆိုတာမျိုး မရှိဘူး"

အံ့သြစရာပင်။ ဟန်ဆိုယောင်းသည် ဥက္ကာခဲအကြောင်းကိုလည်း ကူးချထားလိမ့်မည်ဟု ကျနော် ထင်ခဲ့မိသည်။

"ကျမဆီမှာတော့ ‘ချိပ်ပိတ်ကျောက်တုံး’ ဆိုတာ ရှိတယ်"

မျှော်လင့်ထားသည့်အတိုင်းပင်။

"ဒါဆိုရင် ချိပ်ပိတ်ကျောက်တုံးကို ငါသွားယူတော့မှာမလို့ အဆင်သင့်ပြင်ထားတော့"

"ရှင်က ဥက္ကာခဲကို သွားယူမလို့လား"

"အခေါ်အဝေါ်တွေကို တစ်ခုတည်းဖြစ်အောင် ညှိလိုက်ရအောင်။ ဘာပဲဖြစ်ဖြစ်၊ ငါက နင့်ကို ကယ်ခဲ့တာကိုတော့ သိတယ်မလား"

"ကျမက ရှင့်ကို ကယ်ခိုင်းလို့လား..."

မီးနဂါး ပါဝင်နေသော ဥက္ကာခဲကို ရှာတွေ့ခဲ့သူမှာ ဟန်ဆိုယောင်း ဖြစ်သည်။ ထိုအမျိုးသမီးကြောင့် ကျနော် သေလုနီးပါး ဖြစ်ခဲ့ရသည်။

ဒါနဲ့ နေဦး၊ မီးနဂါးရဲ့ အလောင်းကို ‘လဲလှယ်ရေးဇယား’ပေါ်မှာ တင်ထားခဲ့တာပဲ။ ရောင်းထွက်သွားပြီလား မသိဘူး။

ဟန်ဆိုယောင်းကို ခဏမျှ လျစ်လျူရှုထားပြီး ကျနော် ဘီဟွန်းကို လှမ်းခေါ်လိုက်သည်။

‘ဘီဟွန်း’

ပြန်ထူးသံ ထွက်ပေါ်မလာချေ။

ရှိရင်းစွဲ ဇာတ်ဝင်ခန်းများမှာ မမျှော်လင့်ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဆိုးလ်ဒေသ၏ ဒိုကဲဘီများသည် ယခုအချိန်တွင် အစည်းအဝေး လုပ်နေကြခြင်း ဖြစ်နိုင်၏။

"ဒီတစ်ခေါက် ဇာတ်လမ်းကတော့ ပျက်သွားပြီ၊ ဒါကြောင့် ဒင်္ဂါးနဲ့ဝယ်ရတဲ့ ပစ္စည်းတွေပဲ အများကြီး ရောင်းကြရအောင်..." လို့ ဒိုကဲဘီတွေ ပြောနေကြမှာ အသေအချာပင်။

တစ်ခဏခန့်အကြာတွင် ‘လဲလှယ်ရေးဇယား’ နှင့် ‘ဒိုကဲဘီအိတ်’ ဝင်းဒိုးတို့မှာ တစ်ပြိုင်နက်တည်း ပွင့်လာလေသည်။

ဘီဟွန်းက သတင်းစကား ပို့ဖို့တောင် အချိန်မရှိဘူးလား။

[နက္ခတ်အများအပြားသည် ရုတ်တရက် ပေါ်လာသော ကြော်ငြာများအပေါ် မကျေမနပ် ဖြစ်နေကြပါသည်။]

ထို့အပြင် ဘီဟွန်းသည် ကြော်ငြာများ ပြသရန်လည်း မမေ့ခဲ့ပေ။ ကျနော်သည် လဲလှယ်ရေးဇယားမှ အရောင်းမှတ်တမ်းကို ဦးစွာ ဖွင့်ကြည့်လိုက်သည်။

[ ‘မီးနဂါး၏ အကြေးခွံ’ ကို ဒင်္ဂါး ၈,၀၀၀ ဖြင့် ရောင်းချပြီးပါပြီ။]

[ ‘မီးနဂါး၏ အရိုးများ’ ကို ဒင်္ဂါး ၅,၀၀၀ ဖြင့် ရောင်းချပြီးပါပြီ။]

မမျှော်လင့်ဘဲ ဤဈေးကြီးသော ပစ္စည်းများကို ဝယ်ယူသူ ရှိနေခဲ့သည်။ ရောင်းရန် မရည်ရွယ်ထားသော ပစ္စည်းများပင် ရောင်းထွက်သွား၏။

[ ‘မီးနဂါး၏ အရိုးများ’ ကို ဒင်္ဂါး ၂၂,၂၂၂ ဖြင့် ရောင်းချပြီးပါပြီ။]

...လဲလှယ်ရေးဇယားမှ ကျနော် သိမ်းဆည်းထားသော ပစ္စည်းများ ရောင်းထွက်သွားခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မီးနဂါး၏ အရိုးများကို အသေအလဲ လိုချင်နေပုံရသည်။ သိများသိခဲ့လျှင် စျေးနှုန်းကို ၉၉,၉၉၉ ဟု သတ်မှတ်မိခဲ့မည်ပင်။

လက်ရှိအချိန်တွင် ထိုကဲ့သို့ဝယ်ယူနိုင်သော အင်အားရှိသည့် ကိုယ်စားလှယ်များမှာ အန်နာခရော့ဖ် ၊ အိန္ဒိယမှ နှင့် တရုတ်မှ ဖေးဟူတို့သာ ရှိ၏။ ဘာပဲဖြစ်ဖြစ် ဝယ်သွားသူမှာ လူအပင် ဖြစ်လိမ့်ပေမည်။

ဒိုကဲဘီအိတ်ကို ဖွင့်ကာ လိုအပ်သည့် ပစ္စည်းအချို့ကို ကျနော်ဝယ်ယူလိုက်သည်။ ထိုစဉ် ဟန်ဆိုယောင်းက စကားပြောလာသည်။

"ရှင် ဘာလို့ ကျမကို ရှင့်နောက် လိုက်ခဲ့စေချင်တာလဲ။ ရှင် တစ်ယောက်တည်း သွားလို့ရတာပဲကို"

"နင် ခုနက ပြောသလိုပါပဲ။ အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးက ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရထားဖို့လေ"

ဟန်ဆိုယောင်းက ကျနော့်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဟွန်း..."

အခုလေးတင် ဝယ်ထားသော ပစ္စည်းတစ်ခုကို ကျနော်ထုတ်လိုက်သည်။

"ကဲ... ဒီမှာ ကတိပြုလိုက်တော့"

[ ‘ယာယီကတိကဝတ်’ပစ္စည်းကို အသုံးပြုလိုက်ပါသည်။]

[ယာယီကတိကဝတ်]

၁။ ကင်ဒေါ့ဂျာ (စာချုပ်ရှင်) သည် ဟန်ဆိုယောင်း (စာချုပ်ချုပ်ခံသူ) နှင့် လက်ရှိနောက်ဆက်တွဲ ဇာတ်ဝင်ခန်း မပြီးဆုံးမချင်း စာချုပ်ချုပ်ဆိုရမည်။

၂။ ကင်ဒေါ့ဂျာ နှင့် ဟန်ဆိုယောင်း တို့သည် ဇာတ်ဝင်ခန်း မပြီးမချင်း တစ်ဦးကိုတစ်ဦး အန္တရာယ်မပြုရ။

၃။ စာချုပ်သက်တမ်းအတွင်း ‘အိပ်စက်ခြင်းဆိုင်ရာ ပြစ်ဒဏ်’ ကို ရှောင်ရှားရန် ကင်ဒေါ့ဂျာ နှင့် ဟန်ဆိုယောင်း တို့သည် တစ်လှည့်စီ အိပ်စက်ရမည်။

...

၆။ စာချုပ်သက်တမ်းအတွင်း အဖွဲ့၏ လမ်းညွှန်ချက်များသည် ကင်ဒေါ့ဂျာ၏ သဘောထားထက် ပို၍ အရေးပါသည်။

၇။ စာချုပ်သက်တမ်းအတွင်း ဟန်ဆိုယောင်းသည် ဇာတ်ဝင်ခန်းများကို ကျော်ဖြတ်ရန် ကင်ဒေါ့ဂျာနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ သူမ၏ အသက်အန္တရာယ် မစိုးရိမ်ရသရွေ့ ကင်ဒေါ့ဂျာ၏ အမိန့်များကို နာခံရမည်။

၈။ စာချုပ်သက်တမ်းအတွင်း ကင်ဒေါ့ဂျာသည် ဟန်ဆိုယောင်းကို ကာကွယ်ပေးရမည်။

၉။ ဤစာချုပ်သည် နောက်ဆက်တွဲ ဇာတ်ဝင်ခန်း ပြီးဆုံးသည်နှင့် သက်တမ်းကုန်ဆုံးမည်။ စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ခန္ဓာကိုယ် ပျက်စီးမည် ဖြစ်သည်။

၎င်းမှာ ယာယီကတိကဝတ် ဖြစ်သည်။ ထောက်ပံ့သူစာချုပ်ကဲ့သို့ အစွမ်းမထက်သော်လည်း ရေတိုစာချုပ်များအတွက်မူ အတော်လေး ထိရောက်လှသည်။

ဟန်ဆိုယောင်းသည် အံ့အားသင့်သော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်လိုက်သည်။

"ဒါကို ကျမ လက်မှတ်ထိုးမယ်လို့ ရှင်ထင်နေတာလား"

"ဒါဆိုလည်း မထိုးနဲ့လေ"

"...ဘာလို့ လက်မှတ်ထိုးရမှာလဲ။ ကျမ အရင်က တစ်ခါမှ မလုပ်ဖူးဘူး"

"ကောင်းတာပေါ့။ ပထမဆုံး အတွေ့အကြုံဆိုတာ အရေးကြီးတယ်လေ"

ဟန်ဆိုယောင်းသည် အံကြိတ်လိုက်သည်။ သို့သော်လည်း ဟန်ဆိုယောင်း လက်ခံလိမ့်မည်ကို ကျနော် သိနေသည်။ မှော်စွမ်းအင် ကုန်ခမ်းနေသော လူတစ်ယောက်အတွက် အခြားရွေးချယ်စရာ မရှိပေ။ ဆောချိုဂူအတွင်း တစ်ယောက်တည်း လေလွင့်နေခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သဖြင့် ကာကွယ်ပေးမည့်သူ တစ်ဦး လိုကိုလိုပေသည်။

"...ကောင်းပြီ။ ကျမ လက်ခံတယ်။ ဒါပေမဲ့ ကျမမှာ အခြေအနေတစ်ရပ် ရှိတယ်"

"ဘာလဲ"

"ကျမတို့ အချင်းချင်း အချက်အလက်တွေ မျှဝေကြမယ်။ ဘယ်လိုလဲ။ ရှင့်ကို မေးစရာတွေ အများကြီး ရှိတယ်။ ရှင်ကလည်း အမှန်အတိုင်း ဖြေရမယ်။ ကျမမှာ ‘မုသားထောက်လှမ်းခြင်း’ ရှိတယ်နော်"

ငါတောင် မရသေးတဲ့ စွမ်းရည်တစ်ခုကို ဒီဟာမက ရထားပြီးပြီလား။

[ဇာတ်ကောင် ‘ဟန်ဆိုယောင်း’ သည် ‘မုသားစစ်ဆေးခြင်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါသည်။]

...တကယ်ကိုရှိနေတာဟ။

ဟန်ဆိုယောင်းက တိုက်ရိုက်ပင် မေးလိုက်သည်။

"ရှင့်ရဲ့ ဝိသေသ လက္ခဏာက ဘာလဲ"

"ငါ မသိဘူး"

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် သင်၏စကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်းသည် ကြောင်တောင်တောင် အမူအရာဖြင့် နားထင်ကို လက်ဖြင့် ထိလိုက်သည်။

"ရှင်က...ဒါ ပျက်နေတာလား"

"မဟုတ်ဘူး၊ ပုံမှန်ပါပဲ။ ကဲ... နောက်မေးခွန်းကို မြန်မြန်မေး။ သုံးခုပဲ ဖြေမယ်။ နင် တစ်ခု မေးပြီးသွားပြီနော်"

"မဟုတ်ဘူးလေ၊ ရှင့်ရဲ့ ဝိသေသ လက္ခဏာကို မသိဘူးဆိုတာက ဘာကို ဆိုလိုတာလဲ"

"တကယ်ကို မသိတာပါ။ ကဲ... နောက်ထပ် မေးခွန်းက ဘာလဲ"

ဟန်ဆိုယောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မချိတင်ကဲဖြင့် ဆက်မေးလိုက်သည်။

"ရှင် ဘာလို့ ‘အကြွင်းမဲ့ပလ္လင်’ ကို စွန့်လွှတ်ခဲ့တာလဲ"

ဤမေးခွန်း ထွက်လာလိမ့်မည်ဟု ကျနော် ထင်ထားပြီးသားပင်။

"ရှင့်ကြောင့် ကျမရဲ့ အစီအစဉ်တွေ ပျက်ကုန်တာ။ ရှင့်ကြောင့်သာ မဟုတ်ရင်... အဲဒီ တမန်တော်တွေကို ဖယ်ရှားပစ်ဖို့ ကျမ ဘယ်လောက်တောင် ပြင်ဆင်ခဲ့ရလဲ ရှင်သိလား။ ကျမသာ ပလ္လင်ပေါ်မှာ ထိုင်နေရရင် အခုလောက်ဆို နောက်ထပ် ဇာတ်ဝင်ခန်းအတွက် အဆင်သင့် ဖြစ်နေလောက်ပြီ..."

"နင်သာ ပလ္လင်ပေါ်မှာ ထိုင်ခဲ့ရင် ဆိုးလ်မြို့ကြီး ပျက်စီးသွားလိမ့်မယ်"

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် သင်၏စကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ ဒီစွမ်းရည်က ခဏခဏ ချွတ်ယွင်းနေရတာလဲ"

"ဒါက ချွတ်ယွင်းနေတာ မဟုတ်ဘူး။ နင်ပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ် ဘယ်သူမဆို အဲဒီပလ္လင်ပေါ်မှာ ထိုင်ခဲ့ရင် ငါတို့ အကုန်လုံး ပျက်စီးသွားကြမှာပဲ"

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် သင်၏စကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါကို ရှင်က ဘယ်လိုသိတာလဲ။ ရှင်က ဘယ်နေရာမှာ ဖတ်တာ ရပ်လိုက်တာလဲ။ ကျမတောင် မသိတာကို ရှင်က ဘာလို့ သိနေရတာလဲ"

"ငါက ဖတ်တာကို ရပ်လိုက်တဲ့လူ မဟုတ်ဘူး"

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် သင်၏စကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်းသည် အကြီးအကျယ် တုန်လှုပ်သွားပြီး ခဏအကြာတွင် မေးခွန်းတစ်ခုကို မနည်းညှစ်ထုတ်ကာ မေးလိုက်သည်။

"ရှင်... Ways of Survival ကို ဘယ်နှစ်ခန်းအထိ ဖတ်ခဲ့တာလဲ"

"နင့်ရဲ့ မေးခွန်းသုံးခု ပြီးသွားပြီ"

"ဒါက အရေးအကြီးဆုံး မေးခွန်းလေ"

ဟန်ဆိုယောင်း၏ မေးစေ့များ တုန်ရင်နေလေသည်။

"မဖြစ်နိုင်တာ... ဟုတ်တယ်မလား။ ရှင်က...

ဒီလောက် ရူးသွပ်တဲ့လူမျိုး မရှိနိုင်ပါဘူး... ဟုတ်တယ်၊ ဒါက မဖြစ်နိုင်တာပဲ..."

ဒေါက်။ ဒေါက်။ ဒေါက်။ ဒေါက်

ထိုစဉ် အဝေးမှ မြင်းခွာသံကဲ့သို့သော အသံတစ်ခုကို ကျယ်လောင်စွာ ကြားလိုက်ရသည်။

တိုးတိုးတိတ်တိတ် ရေရွတ်နေသော ဟန်ဆိုယောင်းကို အသံတိတ်ရန် ပြောလိုက်ပြီးနောက် အနီးရှိ အဆောက်အအုံတစ်ခု၏ နောက်ဘက်တွင် ကျနော်တို့အမြန်ပုန်းကွယ်လိုက်ကြသည်။ တစ်စုံတစ်ခု ချဉ်းကပ်လာနေပြီပင်။

အဲ့ဒါက လူသားပုံသဏ္ဌာန်လား...

ဖုန်မှုန့်များကြားမှ ကျနော့်ထံသို့ ပြေးဝင်လာသူများကို ‘ဇာတ်ကောင်စာရင်း’ အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။

[ဤသူ၏ အချက်အလက်ကို ‘ဇာတ်ကောင်စာရင်း’ တွင် မဖတ်နိုင်ပါ။] [ဤသူသည် ‘ဇာတ်ကောင်စာရင်း’ တွင် မှတ်ပုံတင်ထားခြင်း မရှိပါ။]

သေချာကြည့်လိုက်သောအခါ ပြေးလာနေသော လူအားလုံး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမွှေးအမျှင်များ ပေါက်နေသည်ကို တွေ့ရ၏။

သူတို့၏ မျက်နှာမှာ လူသားနှင့်တူသော်လည်း ခန္ဓာကိုယ်မှာ မိစ္ဆာနှင့်တူပြီး လူသားထက် နှစ်ဆခန့် ပိုကြီးမားသည်။ သူတို့သည် ခြေနှစ်ချောင်းဖြင့် လျှောက်သော ဝံပုလွေများနှင့် ပို၍တူလေသည်။

အနီးကပ်ကြည့်လိုက်သောအခါ ရှေ့ဆုံးမှ ဦးဆောင်လာသော မိစ္ဆာတစ်ကောင်သည် အမျိုးသားတစ်ဦး၏ လည်ပင်းကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ ထိုမိစ္ဆာများထဲတွင် အကြီးဆုံး ဖြစ်သည်။

"ဂါး... သူ ဘယ်မှာလဲ"

"ဒီ-ဒီနေရာပါ။ ဒင်္ဂါးခြံက..."

အသံတစ်ခုနှင့်အတူ ထိုအမျိုးသား၏ ဦးခေါင်းမှာ ပွင့်ထွက်သွားတော့သည်။ ထိုသူမှာ မီနိုဆော့ဖ် ရှေ့တွင် ရှိနေခဲ့သော လေလွင့်သူများထဲမှ တစ်ဦး ဖြစ်သည်။ မိစ္ဆာများသည် အငမ်းမရ ပြေးဝင်လာကြပြီး ထိုအမျိုးသား၏ အလောင်းကို စတင် စားသောက်ကြတော့သည်။

ဤမိစ္ဆာများသည် ဘာလဲဆိုသည်ကို ကျနော် သိလိုက်ပြီ ထင်သည်။

ဟန်ဆိုယောင်းသည်လည်း တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ရေရွတ်လိုက်သည်။

"...မျိုးစိတ်ပြင်ပ သတ္တဝါတွေလား"

လေလွင့်သူများတွင် ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းများ ရှိကြသည်။ လူသားအဖြစ် ဆက်လက် တည်ရှိနေပြီး ‘ဒင်္ဂါးခြံ’ များ တည်ထောင်သူများ ရှိသလို၊ လူသားဘဝကို စွန့်လွှတ်ကာ မျိုးစိတ်သစ်တစ်ခု၏ လမ်းစဉ်သို့ လျှောက်လှမ်းသူများလည်း ရှိကြသည်။

မျိုးစိတ်ပြင်ပ သတ္တဝါများတွင် ကန့်သတ်ချက်များ ရှိသော်လည်း လူသားဆန်မှုကို စွန့်လွှတ်လိုက်သောကြောင့် ဇာတ်လမ်း၏ အစပိုင်းနှင့် အလယ်ပိုင်းတွင် အခြားသူများထက် ပိုမိုမြန်ဆန်စွာ သန်မာလာနိုင်ကြသည်။

ဒီကောင်တွေက သမန်းဝံပုလွေ တွေ ဖြစ်လောက်တယ်။

"...သူတို့တွေက ဥက္ကာခဲရဲ့ စွမ်းအားကို ရထားတာပဲ"

ယခုမှ ပဉ္စမမြောက် ဇာတ်ဝင်ခန်းသာ ရှိသေးသည်။ လက်ရှိအချိန်တွင် လူသားများ သမန်းဝံပုလွေအဖြစ် ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဥက္ကာခဲ၏ စွမ်းအားကို အသုံးပြုခြင်းသာ ဖြစ်သည်။ အဆိုပါ လေလွင့်သူများသည် ဆောချိုဂူမှာ ကျရောက်ခဲ့သော ဥက္ကာခဲကို လက်ဝယ် ရရှိထားကြပြီးပြီ ဖြစ်လောက်သည်။

ဟန်ဆိုယောင်းက ပြောသည်။

"သူ့ကို ကျမ သိတယ်။ အဲဒီကောင်စုတ်က ဝတ္ထုဖတ်တာ ရပ်လိုက်တဲ့လူပဲ"

"...နင် ဘယ်လိုသိတာလဲ"

"ကျမ မြင်နိုင်တယ်။ ဒါက ဝတ္ထုဖတ်တာကို နောက်ဆုံးမှ ရပ်လိုက်တဲ့လူတစ်ယောက်ရဲ့ အခွင့်ထူးပဲလေ"

"အခွင့်ထူးဟုတ်လား"

"ဝတ္ထုဖတ်တာ ရပ်လိုက်တဲ့လူတွေရဲ့ အချက်အလက်နဲ့ ဝိသေသ လက္ခဏာတွေကို ကျမ ဖတ်လို့ရတယ်"

ဟန်ဆိုယောင်းက အနည်းငယ် ကြွားဝါသော လေသံဖြင့် ပြောလိုက်သည်။

ထိုသို့ ပြောလိုက်သောအခါ ဂျန်မင်ဆော့ ထံမှ ကြားခဲ့ရသော ဇာတ်လမ်းကို ကျနော် သတိရသွား၏။

ဇာတ်ဝင်ခန်းများ စတင်ပြီးနောက် မကြာမီမှာပင် ပထမဆုံး တမန်တော်သည် သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။ ဟန်ဆိုယောင်းတွင် ဝတ္ထုဖတ်တာ ရပ်လိုက်သူများကို ရှာဖွေနိုင်သည့် စွမ်းရည်ရှိလျှင် ၎င်းမှာ အဓိပ္ပာယ်ရှိသွားပေလေပြီ။ ဟန်ဆိုယောင်းသည် ‘ကိုယ်ပွား’စွမ်းရည်ကို အသုံးပြု၍ သူတို့ရှေ့တွင် ပေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဟန်ဆိုယောင်းက ဆက်ပြောသည်။

"အဲဒါကြောင့် ရှင့်ရဲ့ အထောက်အထားကို ကျမ သံသယဖြစ်ခဲ့တာပေါ့။ ကျမရဲ့ စွမ်းရည်နဲ့ ဖတ်လို့မရတဲ့ လူဆိုလို့ ရှင်ပဲ ရှိတာလေ"

ဟန်ဆိုယောင်းသည် ကျနော့်ကို စိုက်ကြည့်လိုက်ပြီးမှ မျိုးစိတ်ပြင်ပ သတ္တဝါများဘက်သို့ ပြန်ကြည့်လိုက်သည်။

"အဲဒီတုန်းက ကျမရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ လူအနည်းငယ် ရှိတယ်။ အဲဒီ လေလွင့်သူက အဲဒီထဲက တစ်ယောက်ပဲ။ အများစုကတော့ စောစောစီးစီး သေသွားကြမှာပဲဆိုတော့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး..."

"အဲဒီကောင်က ဘယ်သူလဲ"

"သူက ဆောင်းမင်းဝူ ပဲ"

ဆောင်းမင်းဝူဟုတ်လား။

ထိုအမည်မှာ ဇာတ်ကောင်တစ်ဦး၏ အမည် မဟုတ်သည်ကတော့ သေချာသည်။ ထိုနာမည်ကို တစ်နေရာရာတွင် ကျနော် ကြားဖူးနေသည်...

[အဆင့် ၆ မျိုးစိတ်ပြင်ပ သတ္တဝါ ‘သမန်းဝံပုလွေ ဆောင်းမင်းဝူ’ သည် ပတ်ဝန်းကျင်ကို ရှာဖွေနေပါသည်။]

အဝေးတွင်ရှိနေသော ထိုလူ၏ မျက်နှာကို ကျနော် မြင်လိုက်ရသည်။

အာ... ဖြစ်နိုင်တာက…

လတ်တလော မှတ်ဉာဏ်တစ်ခု ကျနော့်ခေါင်းထဲသို့ ဝင်လာသည်။ ၎င်းမှာ လွန်ခဲ့သော နာရီအနည်းငယ်က ကျနော် မြင်မက်ခဲ့သော အိပ်မက်ပင်။ ကျနော့် အထက်တန်းကျောင်းတုန်းက နေ့ရက်များနှင့် ကျနော့်ကို အနိုင်ကျင့်ခဲ့သော လူမိုက်များကို ကျနော် သတိရလိုက်သည်။ နှစ်ပေါင်းများစွာ ကြာသွားခဲ့သော်လည်း သူ၏ မျက်နှာအမူအရာမှာ ထိုအတိုင်းပင်။ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်ပါစေ၊ သူ့အကျီပေါ်က နာမည်တံဆိပ်ကိုတော့ ကျနော် မေ့နိုင်မည် မဟုတ်ပေ။

ဆောင်းမင်းဝူ... သူ ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီလူမိုက်က ‘ဝတ္ထုဖတ်တာ ရပ်လိုက်တဲ့လူ’ ဟုတ်လား။ အဲဒီလူမိုက်က ဝတ္ထုဖတ်တယ်ပေါ့လေ။

"သူက ဘယ်နေရာမှာ ဖတ်တာ ရပ်လိုက်တာလဲ"

"အဲဒီကောင်က... နည်းနည်း ထူးဆန်းတယ်။ သူက သာမန် စာဖတ်သူတွေနဲ့ နည်းနည်း ကွဲပြားတယ်"

"ဘာကွဲပြားတာလဲ"

ဟန်ဆိုယောင်းသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျမအမြင်အရတော့ သူက... ‘အပိုင်း ၁၇၃ မှာ တစ်စိတ်တစ်ပိုင်း ဖတ်တာ ရပ်လိုက်တဲ့လူ’ ပဲ"

ထိုခဏမှာပင် ဆောင်းမင်းဝူသည် အနံ့ခံလိုက်ပြီး ကျနော်တို့ရှိရာဘက်သို့ ခေါင်းလှည့်လာသည်။ သူ၏ အဝါရောင် မျက်လုံးများက ‘ငါ မင်းကို တွေ့ပြီ’ ဟု ပြောနေသကဲ့သို့ပင်။

သူသည် ခြေလက် လေးဖက်စလုံးကို မြေပြင်ပေါ်ချကာ ကျနော်တို့ရှိရာဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့၏။

All Chapters