← Chapters

ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၃)

Vol. 5 Ch. 79

ပဉ္စမမြောက် ဇာတ်ဝင်ခန်း (၃)

Vol. 5 Ch. 79

အက်ကွဲနေသော လမင်းကျောက်တုံး အပိုင်းအစများသည် မြေပြင်ပေါ်သို့ ကြွေကျသွားသည်။ ငွေရောင်လည်ဆံမွေးများ တဖိတ်ဖိတ်တောက်နေသော သတ္တဝါတစ်ကောင်မှာ ပေါက်ဖွားလာခဲ့ပြီ ဖြစ်သည်။ သူသာ သားပေါက်လေးတစ်ကောင် ဖြစ်နေပါက ကျနော်သည် ‘မှတ်သားခြင်း’ ဖြစ်စဉ်ကို အသုံးပြုပြီး သူ့ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော် ဤတည်ရှိမှုမှာ ထိုကဲ့သို့ နုနယ်လှသော သတ္တဝါမျိုး မဟုတ်ပေ။

[ဤဇာတ်ဝင်ခန်းတွင် အခြားကမ္ဘာမှ သတ္တဝါတစ်ကောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါသည်။]

[အခြားကမ္ဘာမှ မျိုးစိတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု တိုးလာပါသည်။]

[ဒင်္ဂါး ၂,၀၀၀ ကို ဆုလာဘ်အဖြစ် ရရှိပါသည်။]

[အခြားကမ္ဘာမှ မျိုးစိတ်များနှင့် ချောမွေ့စွာ ဆက်သွယ်နိုင်ရန် အပိုဆောင်းစွမ်းရည်တစ်ခု ရရှိပါသည်။]

[‘အခြားကမ္ဘာသုံး ဘာသာပြန်စွမ်းရည် အဆင့် ၁’ ကို ရရှိလိုက်ပါသည်။]

ကျနော့်ဘေးတွင် ဟန်ဆိုယောင်း၏ တံတွေးမျိုချလိုက်သံကို ကြားလိုက်ရသည်။

အခြားကမ္ဘာမှ မျိုးစိတ်များနှင့် ထိတွေ့ရခြင်းမှာ ပဉ္စမမြောက် ဇာတ်ဝင်ခန်း ၏ နိဒါန်းပင်ဖြစ်ရာ ဟန်ဆိုယောင်းအနေဖြင့် စိုးရိမ်ထိတ်လန့်နေခြင်းမှာ သဘာဝကျပေသည်။

၎င်းမှာ ယခင် ဇာတ်ဝင်ခန်းများနှင့် လုံးဝ ကွဲပြားသည်။ ပဉ္စမမြောက် ဇာတ်ဝင်ခန်းတွင် အမှားအယွင်း အနည်းငယ် ဖြစ်လိုက်ရုံဖြင့် ဆိုးလ်မြို့ တစ်မြို့လုံးကို ပျောက်ကွယ်သွားစေနိုင်၏။

[သီးသန့်စွမ်းရည် ‘အခြားကမ္ဘာသုံး ဘာသာပြန်စွမ်းရည် အဆင့် ၁’ အသက်ဝင်လာပါသည်။]

[ပစ္စည်း ‘အီမြွန်တာကာကွယ်ရေးရတနာ’ ၏ အကျိုးသက်ရောက်မှုကြောင့် သီးခြားဘာသာစကားအပေါ် နားလည်နိုင်စွမ်း တိုးလာပါသည်။]

မီးနဂါးထံမှ ကျနော်ရရှိခဲ့သော ပစ္စည်းမှာ အခုကစပြီး အထောက်အကူ ဖြစ်လာပေလိမ့်မည်။

[အလိုအလျောက် ဘာသာပြန်ဆိုခြင်း စတင်ပါပြီ။]

တောက်ပနေသော လမင်းကျောက်တုံးအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

""#%#$... ချီ။ စတောင်စနေပြီတဲ့လား"

လမင်းကျောက်တုံးအတွင်း ခွေနေသော သတ္တဝါမှာ တတွတ်တွတ် ရေရွတ်ရင်း ခန္ဓာကိုယ်ကို ကြွလိုက်သည်။ ငွေရောင်လည်ဆံမွေးများမှာ တစ်ချက်ကြည့်ရုံဖြင့် ဝံပုလွေတစ်ကောင်နှင့် ဆင်တူသော်လည်း သူသည် ဝံပုလွေများနှင့် ကွဲပြားကြောင်း ကျနော် သိသည်။ အားလုံးထက် ပို၍အရေးကြီးသည်မှာ ဤပုဂ္ဂိုလ်၏ မျိုးနွယ်စုကို ကျနော် သိနေခြင်းပင်။

「 သူတို့သည် အရပ် ၃ မီတာခန့် ရှိကြသည်။ ညဥ့်အခါတွင် လမင်းကျောက်တုံးကို အသုံးပြု၍ အသွင်ပြောင်းလဲနိုင်သော ‘ခရိုနော့စ်’ ကမ္ဘာ၏ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်သည်။ သူတို့သည် လေ၏ စွမ်းအားကို အသုံးပြုကာ ထူးခြားဆန်းပြားသော ခန္ဓာကိုယ်ခွန်အားကို ပိုင်ဆိုင်ထားသည့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ 」

ခရိုနော့စ် ၏ အင်အားအကြီးဆုံး မျိုးနွယ်စု ငါးခုထဲမှ တစ်ခု။

"ငါကတော့ ကြီးမြတ်တဲ့ ပထမဆုံး ဝံပုလွေပဲ"

「 ခရိုနော့စ် တွင် သူတို့က ပထမဆုံး ဝံပုလွေကို ‘အီမြွန်တာ’ ဟု

ခေါ်ကြသည်။ 」

"ငါက အီမြွန်တာ မျိုးနွယ်စုရဲ့ လိုင်ခါယွန် ပဲ"

ညဥ့်ဦးယံ၏ မှောင်မိုက်မှုအတွင်း ကြောက်မက်ဖွယ်ကောင်းသော အသက်ရှူသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ဟန်ဆိုယောင်းက ကျနော့်နောက်သို့ ပုန်းလိုက်စဉ် ကျနော်ကတော့ သူ့ကို မျက်တောင်မခတ်တမ်း ကြည့်လိုက်သည်။ ကျနော်ကတော့ နောက်မဆုတ်ခဲ့ပေ။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါသည်။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် : လိုင်ခါယွန် အစ်စပါရန်

အသက် : ၃၇၁ နှစ်

ထောက်ပံ့သူ : ပျက်စီးသွားသော ကမ္ဘာကြီး၏ အရိပ်

ဝိသေသ လက္ခဏာ : မြင့်မြတ်သော အီမြွန်တာ (သူရဲကောင်း)၊

အရှက်ရနေသော ရှင်သန်သူ (ရှားပါး)

သီးသန့် စွမ်းရည် : လေ၏လမ်းစဉ် အဆင့် ၉၊

အဆင့်မြင့် လက်နက်လေ့ကျင့်မှု အဆင့် ၉၊

စစ်မြေပြင်၏ ဟိန်းဟောက်သံ အဆင့် ၈၊

သူတော်စင်၏ ထိုးထွင်းသိမြင်မှု အဆင့် ၄၊

သံမဏိအသားအရေ အဆင့် ၈၊

သရုပ်ဆောင်ခြင်း အဆင့် ၄...

အထူးစွမ်းရည် : ဖျက်ဆီးခြင်း ပေးပို့မှု အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၇၅၊ ခွန်အား အဆင့် ၇၅၊

လျှင်မြန်မှု အဆင့် ၇၅၊ မှော်စွမ်းအား အဆင့် ၇၅

ခြုံငုံအကဲဖြတ်ချက် : ပျက်စီးသွားသော ခရိုနော့စ် ကမ္ဘာ၏

အင်အားအကြီးဆုံး မျိုးနွယ်စု ငါးခုထဲမှ တစ်ခု။ သူ၏

ကမ္ဘာပျက်စီးသွားပြီးနောက် ကြယ်တာရာ

ရုပ်သံထုတ်လွှင့်မှု ထဲတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ

ဇာတ်ဝင်ခန်းထဲတွင် လမ်းပြသူ ဖြစ်လာခဲ့သည်။

သူသည် ကမ္ဘာကြီးကို အမြဲတမ်း နောင်တတရားများ

ပြည့်နှက်နေသော မျက်လုံးများဖြင့်

ကြည့်ရှုလေ့ရှိသည်။

မျှော်လင့်ထားသည့်အတိုင်း အခြားကမ္ဘာမှ သူရဲကောင်းတစ်ယောက်မှာ ကြီးကျယ်သော စွမ်းရည်များနှင့် စွမ်းရည်အလုံးစုံများ ရှိနေလေသည်။ ပျမ်းမျှ စွမ်းရည်အဆင့်မှာ ၇၅ ဖြစ်၏။ သူသည် လက်ရှိ ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ သူသည် ကိုယ်စာပြုခေါင်းဆောင် အများအပြား၏ ပစ်မှတ်လည်း ဖြစ်သည်။

လိုင်ခါယွန်၏ အပြာရောင်မျက်လုံးများက ကျနော့်ကို စိတ်ဝင်စားသည့်အလား ငုံ့ကြည့်လာသည်။

"ငါ့ကို နှိုးလိုက်တဲ့သူတွေက မင်းတို့လား"

ကျနော် ခေါင်းညိမ့်လိုက်သည်။

"နားလည်ပြီ... နောက်ဆုံးတော့ အချိန်ရောက်လာပြီပေါ့။ လေ့ကျင့်ပေးတဲ့ ဇာတ်ဝင်ခန်းတွေကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီကမ္ဘာရဲ့ စစ်သည်တော်တို့"

လေ့ကျင့်ပေးနေသကဲ့သို့ ပြောနေလေပေပြီ။ သူက ဒိုကဲဘီကို အတုယူပြီး ဇာတ်လမ်းဆန်ဆန် ပြောနေသည်မှာ ရယ်စရာပင်။

ဤကမ္ဘာတွင် နမူနာလေ့ကျင့်ပေးခြင်း ဆိုသည်မှာ မရှိပေ။ ဇာတ်ဝင်ခန်းတိုင်းမှာ အမှန်တကယ် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များဖြစ်ပြီး သေဆုံးသွားသူများမှာ နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ပေ။ ဒါဆို မည်ကဲ့သို့ လေ့ကျင့်ပေးမှုမျိုး တည်ရှိနေသည်လော။

"မျိုးသုဉ်းပျောက်ကွယ်ခြင်းနဲ့ ရင်ဆိုင်နေရသူတို့။ ပထမဦးစွာ၊ မင်းတို့ရဲ့ ကမ္ဘာဆီကို ‘ကပ်ဘေး’ ရောက်ရှိလာတဲ့အတွက် ငါ အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်"

လိုင်ခါယွန်သည် ကောင်းကင်ယံကို မော့ကြည့်ရင်း စကားပြောလာသည်။

သူသည် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အထက်ရှိ မဟာတွင်းနက်ကြီး ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ အနက်ရောင် တွင်းနက်ကြီးတစ်ခုနှင့် ဆင်တူသော ဧရာမ ဝဲဂယက်ကြီးမှာ အချိန်နှင့်အမျှ တဖြည်းဖြန်း ပိုမို ကြီးထွားလာနေသည်။ လိုင်ခါယွန်သည်လည်း သူ၏ကမ္ဘာ ပျက်စီးခဲ့ရသည့်နေ့က ဤကဲ့သို့သော မဟာတွင်းနက်ကြီးကို မြင်တွေ့ခဲ့ရဖူးပေလိမ့်မည်။

ဇာတ်ဝင်ခန်းများထဲရှိ လမ်းပြသူအားလုံးမှာ ဇာတ်ဝင်ခန်းများကြောင့် မိမိတို့၏ အိုးအိမ်တိုက်တာများ ဆုံးရှုံးခဲ့ရသူများသာ ဖြစ်ကြသည်။

"ငါ ဒီကို ရောက်နေပြီဖြစ်လို့ မင်းတို့ စိတ်ချလက်ချ နေနိုင်ပါပြီ။ ငါက ဒီကမ္ဘာ ပျက်စီးခြင်းကို တားဆီးပေးမယ့် ‘လမ်းပြသူ’ တစ်ယောက်ပါ။ ကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် မင်းတို့ကို ငါ လေ့ကျင့်ပေးမှာဖြစ်သလို၊ လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလည်း ပေးသွားမှာပါ။ ပြီးတော့..."

သူသည် အလွန်အမင်း ကမူးရှူးထိုး ပြောနေသော်လည်း စကားလုံးများကို ရွတ်ဆိုရာတွင်တော့ ကျွမ်းကျင်လှသည်။ ဒိုကဲဘီ ထံမှ လမ်းညွှန်လက်စွဲစာအုပ် တစ်ခုခု ရထားပုံရသည်။

လိုင်ခါယွန်သည် ရုတ်တရက် စကားပြောခြင်းကို ရပ်လိုက်သည်။

"...ဒါနဲ့၊ ငါ့ကို နှိုးလိုက်တာ မင်းတို့ နှစ်ယောက်ထဲလား"

"ကျနော်တို့ နှစ်ယောက်ထဲပါပဲ"

"ထူးဆန်းလိုက်တာ။ စတုတ္ထမြောက် ဇာတ်ဝင်ခန်း က မပြီးဆုံးသေးတာလား။ အဲဒါကို စနစ်တကျ အောင်မြင်ခဲ့မယ်ဆိုရင် ငါအပါအဝင် လမ်းပြသူ ငါးယောက်လုံး တစ်နေရာတည်းမှာပဲ ပေါက်ဖွားလာရမှာလေ... အကြွင်းမဲ့ပလ္လင် ရဲ့ ပိုင်ရှင်က ဘယ်မှာလဲ"

သူပြောသည်မှာ မှန်သည်။ မူလကတော့ အကြွင်းမဲ့ပလ္လင်၏ အရှင်သခင် ပေါ်ထွက်လာသည်နှင့် လိုင်ခါယွန် အပါအဝင် လမ်းပြသူ ငါးဦးလုံး စုစည်းမိကြရမည် ဖြစ်၏။

ကျနော်က လိုင်ခါယွန်ကို ပြောလိုက်သည်။

"ကျနော်တို့မှာ ဘုရင် မရှိဘူး"

"ဘုရင် မရှိဘူး ဟုတ်လား... အကြွင်းမဲ့ပလ္လင်ရဲ့ အရှင်သခင်က သေသွားပြီလား။ မဖြစ်နိုင်တာ။ အခုချိန်မှာ အကြွင်းမဲ့ပလ္လင်ရဲ့ အရှင်သခင်ကို သတ်နိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး"

လိုင်ခါယွန်က ခြိမ်းခြောက်သည့် အမူအရာဖြင့် မယုံကြည်နိုင်သလို ပြောလာသည်။

"အစကတည်းက အကြွင်းမဲ့ပလ္လင်ရဲ့ ပိုင်ရှင်ဆိုတာ မရှိခဲ့ပါဘူး"

"အဲဒါက ဘာကို ဆိုလိုတာလဲ"

"ကျနော်တို့က အကြွင်းမဲ့ပလ္လင်ကို မယူဘဲနဲ့ စတုတ္ထမြောက် ဇာတ်ဝင်ခန်းကို အောင်မြင်ခဲ့တာပါ"

လိုင်ခါယွန်၏ မျက်လုံးထဲတွင် မီးလျှံများ ထွက်ပေါ်လာသည်။

"မင်း ငါ့ကို လိမ်နေတာလား။ ဒါက မဖြစ်နိုင်တာပဲ။ တစ်စုံတစ်ယောက်က ပလ္လင်ကို မယူမချင်း စတုတ္ထမြောက် ဇာတ်ဝင်ခန်းက မပြီးဆုံးနိုင်ဘူးလေ"

"အကြွင်းမဲ့ပလ္လင်ကို ဖျက်ဆီးပစ်တဲ့ နည်းလမ်းလည်း ရှိတာပဲလေ"

လိုင်ခါယွန်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ကျနော့်စကားကို သူ နားလည်သွားပုံရပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"...ဖြစ်နိုင်ပါ့မလား"

မြင့်မြတ်သော သူရဲကောင်းတစ်ယောက်၏ အရှက်ရနေသော မျက်နှာပေးမှာ အမှန်ပင် ကြည့်ကောင်းလှသည်။ သူသည် ကျနော့်ကို သေသေချာချာ စိုက်ကြည့်နေစဉ် သူ၏ ငွေရောင်လည်ဆံမွေးများမှာ တုန်ခါနေသည်။

"မရေမတွက်နိုင်တဲ့ နက္ခတ်တွေ ရှေ့မှာ... မင်းတို့က ပလ္လင်ကို တကယ်ပဲ ဖျက်ဆီးလိုက်တာလား..."

"ဟုတ်ပါတယ်"

"ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ အလုပ်မျိုးကို လုပ်ရဲကြတာလဲ"

လိုင်ခါယွန်သည် ကျနော် သေသေချာချာ မကြားလိုက်ရသော ဆဲဆိုသံများကို များစွာကို ရွတ်ဆိုလိုက်သည်။ ဟန်ဆိုယောင်းက အော်ဟစ်နေသော လိုင်ခါယွန်ကို ကြည့်ကာ ကျနော့်ကို တိုးတိုးလေး မေးလာသည်။

"ဟေ့၊ သူ့ကိုနှိုးဖို့က ရှင့်အတွက် အဲဒီလောက်တောင် အရေးကြီးတာလား"

ဟန်ဆိုယောင်းသည်လည်း အခြားကမ္ဘာသုံး ဘာသာပြန်စွမ်းရည် ကို ရရှိထားသဖြင့် စကားဝိုင်းကို ကြားနေရသည်။ ကျနော် မဖြေနိုင်ခင်မှာပင် လိုင်ခါယွန်က အော်ပြောလိုက်ပြန်သည်။

"မင်းတို့ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ။ အခုဆိုရင် ဒီကမ္ဘာပေါ်မှာ အဲဒီ မဟာနတ်ဘုရားရဲ့ အလံအောက်မှာ ရှိနေတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးပေါ့ ဟုတ်လား"

"မရှိဘူး"

"အာ… ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု နက္ခတ်တွေက ခရိုနော့စ် ကို ဂရုမစိုက်ခဲ့ကြဘူး။ အခုတော့ ဒီကမ္ဘာကြီး ပျက်စီးရတော့မယ်။ ကိုးဘိုးလောက်တောင် ဉာဏ်မရှိတဲ့ အောက်တန်းစား သတ္တဝါတွေက သူတို့အလုပ် သူတို့ လုပ်သင့်တာပေါ့"

စိတ်ပျက်အားလျော့နေသော လိုင်ခါယွန်ကို ကြည့်ရင်း ကျနော့်စိတ်ထဲတွင် အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာသည်။

ဟုတ်ပေသည်၊ ဤကောင်များ၏ အနှစ်သာရမှာ ဤအတိုင်းပင်။ အပေါ်ယံကြည့်လျှင်တော့ သူတို့က ဤကမ္ဘာကို ကူညီရန် စေလွှတ်ခံရသူများ ဖြစ်သည်။ သို့သော် သူတို့ထံတွင် ကျနော် လုံးဝမလိုချင်သော သီးခြား ရည်ရွယ်ချက်တစ်ခု ရှိနေလေသည်။

"အီမြွန်တာရဲ့ မင်းသား လိုင်ခါယွန် အစ်စပါရန်။ စိတ်ပျက်အားလျော့ဖို့ စောလွန်းပါသေးတယ်"

မာနကြီးသော အီမြွန်တာ မင်းသားသည် ကျနော့်၏ သဘောထား ပြောင်းလဲသွားမှုကို ချက်ချင်း တုံ့ပြန်လာသည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"မောက်မာလှတဲ့ လူသား။ မြင့်မြတ်တဲ့ မျိုးနွယ်စုရဲ့ ရှေ့မှာ လေးစားမှု ရှိစမ်း။ မင်း ကျူးလွန်ခဲ့တဲ့ အပြစ်က ဘယ်လောက်ကြီးလဲကို မင်း မသိဘူးလား"

"လိုင်ခါယွန်၊ မင်းရဲ့ကမ္ဘာ ပျက်စီးသွားတုန်းက မင်း ဘာမှ မမြင်ခဲ့ဘူးလား။ အီမြွန်တာတွေက ခရိုနော့စ်ရဲ့ အုပ်စိုးသူ မျိုးနွယ်စု ဖြစ်ခဲ့ပေမဲ့ ကမ္ဘာမြေရဲ့ အုပ်စိုးသူ မဟုတ်ဘူး"

လိုင်ခါယွန်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ကျနော် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဆက်ပြောလိုက်သည်။

"မင်းရဲ့ ကမ္ဘာကို ဖျက်ဆီးခဲ့တဲ့ ကပ်ဘေး ငါးခု ရှိခဲ့တယ်"

"ဘာ..."

"မင်းနေထိုင်ခဲ့တဲ့ ခရိုနော့စ် ရဲ့ တောင်ဘက်တိုက်ကြီးဟာ နဂါးကြောင့် ပျက်စီးခဲ့ရတာ။ ဟုတ်တယ်မလား"

လိုင်ခါယွန်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

"ဒါကို မင်း ဘယ်လို သိနေတာလဲ"

"မီးနဂါး အစ်ဂနီ။ လောင်မြိုက်နေသော ငရဲပြည်၏ ကပ်ဘေး။ အဲဒါ မင်းရဲ့ကမ္ဘာကို ဖျက်ဆီးခဲ့တဲ့ ကပ်ဘေးရဲ့ နာမည်ပဲ"

ကျနော် သတ်ခဲ့သည့် ကပ်ဘေးအသေးစားဖြစ်သော အစ်ဂနီ သည် မူလက ‘ကပ်ဘေး’ တစ်ခု ဖြစ်လေ၏။

မီးလျှံတစ်စသည် မြို့ငယ်လေးတစ်ခုကို မီးပင်လယ်အဖြစ် ပြောင်းလဲနိုင်ပြီး သူ၏ တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် အဆင့်နိမ့် မျိုးနွယ်စုတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။

ခရိုနော့စ်၏ တောင်ဘက်တိုက်ကြီးမှာ သူ၏လက်ချက်ဖြင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ ဥက္ကာခဲအတွင်းမှ နိုးထလာခဲ့သော မီးနဂါးပေါ့။

လိုင်ခါယွန်သည် အံကြိတ်လိုက်သည်။

"မင်းက တခြားသူရဲ့ ပုံပြင်လိုမျိုး ပြောနေတာပဲ။ မင်း နောင်တရလိမ့်မယ်။ မကြာခင်မှာ မင်းတို့ရဲ့ ကမ္ဘာဟာလည်း အဲဒီ ပူပြင်းတဲ့ ငရဲမီးထဲမှာ ရုန်းကန်ရတော့မှာပါ"

"စိတ်မပူပါနဲ့။ အစ်ဂနီ က ဒီကမ္ဘာကို ဆင်းသက်လာမှာ မဟုတ်ဘူး"

"ဘာ..."

"ငါ သူ့ကို သတ်လိုက်ပြီးပြီ။ ဒီကမ္ဘာမှာ ‘လောင်မြိုက်နေသော ငရဲပြည်’ ဆိုတဲ့ ကပ်ဘေး ကျရောက်လာမှာ မဟုတ်တော့ဘူး"

လိုင်ခါယွန်သည် သူ၏ ပျောက်ဆုံးသွားသော အမိမြေကို ပြန်လည်ရရှိလိုက်ပြီဟု ကြားလိုက်ရသည့်အလား ကြောင်တောင်တောင် မျက်နှာပေးမျိုး ဖြစ်သွားသည်။

"ဒါက ငါကြားဖူးသမျှထဲမှာ အကောင်းဆုံး ပြက်လုံးပဲ။ ဒီကမ္ဘာမှာ အဲဒီလို ပြက်လုံးမျိုး ရှိတာလား။ မကြာခင် ပျောက်ကွယ်တော့မယ့် ကမ္ဘာအကြောင်းကို ဒီလို နောက်ပြောင်နေတာက ပျော်စရာကောင်းလို့လား"

အေး... သေချာတာပေါ့၊ ဒါက နောက်ပြောင်တာ မဟုတ်ဘူး။

အပြာရောင် တံဆိပ်ပြားလေးတစ်ခုကို ကျနော်ထုတ်ပြလိုက်သည်။ ထိုအခါ မှော်အတတ်တစ်ခုလိုပင် လိုင်ခါယွန်၏ ရယ်မောသံများ တိတ်ဆိတ်သွားခဲ့သည်။

အီမြွန်တာကာကွယ်ရေးရတနာ။

လိုင်ခါယွန်သည် တုန်ရင်နေသော လက်များဖြင့် ထိုတံဆိပ်ပြားကို လှမ်းယူလိုက်သည်။

"ဘ-ဘယ်လိုလုပ်ပြီး... ဒါကို မင်း ဘယ်လိုလုပ် ရထားတာလဲ..."

အီမြွန်တာကာကွယ်ရေးရတနာ ဆိုသည်မှာ ကပ်ဘေးနဂါးတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့သူအတွက် သက်သေအထောက်အထားပင် ဖြစ်သည်။

"အီမြွန်တာရဲ့ လိုင်ခါယွန်။ မင်းရဲ့ ကာကွယ်စောင့်ရှောက်သူကို အရိုအသေပေးစမ်း"

လိုင်ခါယွန်၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားသည်။ ပထမဦးစွာ သူ၏ ဒူးနှစ်ဖက်မှာ မြေပြင်နှင့် ထိသွားပြီးနောက် ဦးခေါင်းကပါ ဖြည်းဖြည်းချင်း လိုက်ပါသွားသည်။ သူသည် ဤအချက်ကို လက်မခံနိုင်သကဲ့သို့ သူ၏ မျက်လုံးများမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။

"သေသေချာချာ လုပ်စမ်းပါ"

မကြာခင်မှာပင် သူ၏ ဦးခေါင်းမှာ မြေပြင်နှင့် ထိသွားတော့သည်။ သူသည် အရပ် ၃ မီတာကျော် မြင့်သဖြင့် သူ ဝပ်တွားလိုက်မှသာ သူ၏ မျက်လုံးများမှာ ကျနော့်ထက် နိမ့်ကျသွား၏။ လိုင်ခါယွန်ကို ကျနော်ငုံ့ကြည့်လိုက်သည်။

ဤကတော့ မီးနဂါးကို သတ်ဖြတ်မိခဲ့ခြင်း၏ အသုံးဝင်သော အစိတ်အပိုင်းပင် ဖြစ်သည်။

ဟန်ဆိုယောင်းမှာ အခြေအနေကို နားမလည်နိုင်သေးဘဲ လိုင်ခါယွန်ကို ဇဝေဇဝါ မျက်လုံးများဖြင့် ကြည့်နေသည်။ ဟန်ဆိုယောင်း၏ ရက်စက်မှုကြောင့် ကျနော် သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း အဆုံးသတ်မှာတော့ ဟန်ဆိုယောင်းကြောင့်ပင် အရာအားလုံးက ပိုမို လွယ်ကူသွားခဲ့ရသည်။

လိုင်ခါယွန်က တုန်ရင်နေသော အသံဖြင့် ပြောလာသည်။

"ကြီးမြတ်လှတဲ့ နဂါးမုဆိုးကြီးခင်ဗျာ... ကျနော့်ရဲ့ မလေးစားမှုကို နောက်ကျမှပဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်"

"ငါ့နာမည်က ကင်ဒေါ့ဂျာ ပါ"

ကျနော့်နာမည်က သိပ်ပြီးတော့ ခန့်ညားမနေဘူးလို့ နောက်တစ်ကြိမ် ထပ်တွေးမိပြန်သည်။ ကျနော့်နာမည်သာ ယူဂျွန်ဟော့ ဆိုလျှင်တော့ ဒါက တကယ့်ကို ခမ်းနားတဲ့ အခန်းအနားတစ်ခု ဖြစ်နေပေလိမ့်မည်။ ကျနော်သည် အနေရခက်သော အခြေအနေကို ပြေလျော့စေရန် စကားတစ်ခွန်း ဖြည့်ပြောလိုက်သည်။

"လိုင်ခါယွန်။ မင်းဘက်ကနေ လုပ်ပေးစေချင်တာ တစ်ခုရှိတယ်"

လိုင်ခါယွန်က ဂရုတစိုက် မော့ကြည့်လာသည်။

"မင်းတို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ လေ၏လမ်းစဉ် ကို ငါ့ကို သင်ပေးစမ်း"

လိုင်ခါယွန်၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။ ၎င်းမှာ လိုင်ခါယွန်ကို နှိုးခဲ့ရခြင်း၏ ကျနော့် ရည်ရွယ်ချက်ပင်။

တောင်ဘက်ပိုင်း၏ မီးနဂါးကပ်ဘေး ပျောက်ကွယ်သွားပြီဖြစ်ရာ ပဉ္စမမြောက် ဇာတ်ဝင်ခန်း၏ ပထမဆုံးသော ကပ်ဘေးမှာ သေချာပေါက် ‘အရှေ့ဘက် ကပ်ဘေး’ ဖြစ်လာပေလိမ့်မည်။

အရှေ့ဘက်မှ ကပ်ဘေးကြီးကို တားဆီးရန်အတွက် အီမြွန်တာတို့၏ လျှို့ဝှက်နည်းစနစ်ကို ကျနော်ရရှိဖို့ လိုအပ်သည်။

လေ၏လမ်းစဉ်ဆိုသည်မှာ အရှေ့ဘက်ကပ်ဘေး ဖြစ်သော ‘မေးခွန်းများ၏ ကပ်ဘေး’အတွက် တစ်ခုတည်းသော အဖြေပင် ဖြစ်၏။

……………………………………………………………………………………………………….

တစ်နာရီခန့် ကြာပြီးနောက်၊ ကျနော်တို့ပြောသည်ကို လိုက်မမီနိုင်ဘဲ ဖြစ်နေသော ဟန်ဆိုယောင်းကို အခြေအနေများကို ကျနော် ရှင်းပြလိုက်သည်။

"ဒါဆို ရှင့်ရဲ့ မီးနဂါးကို သတ်လို့ ရခဲ့တဲ့ အဲဒီတံဆိပ်ပြားက သူတို့အတွက် အရမ်းအရေးကြီးတာပေါ့ ဟုတ်လား"

"ဟုတ်တယ်"

"ကျမ အခုထိ နားမလည်သေးဘူး... အဲဒီတုန်းက ရှင်သတ်ခဲ့တဲ့ မီးနဂါးက ကပ်ဘေး ငါးခုထဲက တစ်ခုလား"

"မှန်တယ်"

"...ဒါဆို ပဉ္စမမြောက် ဇာတ်ဝင်ခန်းမှာ ငါတို့က ကပ်ဘေး ငါးခုအစား လေးခုကိုပဲ တားဆီးရတော့မှာပေါ့"

"နင်က နားလည်သလိုလိုနဲ့ မလည်သေးဘူးပဲ"

ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ကျမ အခုထိ မရှင်းသေးဘူး။ ရှင် သတ်ခဲ့တာက ‘သာမန်နဂါးအစ်ဂနီ’ မဟုတ်ဘူးလား။ သူက အစွမ်းကျဆင်းနေတဲ့ နဂါးတစ်ကောင်ဆိုရင် ဘယ်လိုလုပ်ပြီး ကပ်ဘေး ဖြစ်နိုင်မှာလဲ။ ဒါကလည်း Ways of Survivalရဲ့ ဇာတ်အိမ်တစ်ခုပဲလား"

"...ကပ်ဘေး ဥက္ကာခဲကနေ ပေါက်ဖွားလာတဲ့ အရာမှန်သမျှဟာ ကပ်ဘေးပဲ။ အစ်ဂနီ အစား အဲဒီကောင် ထွက်လာတာမို့လို့ ဒီကပ်ဘေးမှာ အစ်ဂနီ ပေါ်လာမှာ မဟုတ်တော့ဘူး။ အဲ့ဒါအပြင် မူရင်းဇာတ်လမ်းထဲမှာလည်း အစ်ဂနီက ပေါ်မလာဘူး။ အစ်ဂနီရဲ့ သားပေါက်လေးပဲ ထွက်လာတာ။ ဒါက ပဉ္စမမြောက် ဇာတ်ဝင်ခန်းပဲ ရှိသေးတာလေ၊ အဲဒီလို အကောင်ကြီးမျိုးက ဘယ်လိုလုပ်ပြီး အခုကတည်းက နိုးလာနိုင်မှာလဲ"

"...ရှင်က စကားပြောကောင်းတဲ့လူပဲ။ ရှင်က Ways of Survival ရဲ့ ပြောရေးဆိုခွင့်ရှိသူလား။ တကယ်တန်းက ရှင်က စာရေးဆရာလား"

ဇာတ်ဝင်ခန်းရဲ့ အခက်အခဲက အဓိပ္ပာယ်မရှိလောက်အောင် ခက်ခဲလှသော်လည်း လူတွေ အသက်စွန့်ပြီး လုပ်ဆောင်မယ်ဆိုရင် အောင်မြင်နိုင်အောင်တော့ ညှိနှိုင်းပေးထား၏။

...သေချာတာပေါ့၊ ထိုညှိနှိုင်းမှုမှာ ဂရုတစိုက် ထိန်းချုပ်ထားခြင်း ခံရလေသည်။

သားပေါက်လေး၏ အစွမ်းကျဆင်းနေသော ပုံစံဖြစ်သည့် အစ်ဂနီပင်လျှင် ထိုစဉ်က အထူးတပ်ဖွဲ့များဟု ခေါ်ဆိုနိုင်သော ပရောဟိတ်များကို အကုန်သုတ်သင်နိုင်ခဲ့သည်။ ထိုမျှမကသေး။ ကျနော်ကိုယ်တိုင်လည်း ထိုနဂါးကြောင့် တစ်ကြိမ် သေဆုံးခဲ့ရသည်။ လူမသတ်ဘုရင် သာ မရှိခဲ့လျှင် ကျနော် အခုလို ဒီမှာ ရပ်နေနိုင်မည်မဟုတ်ချေ။

အကယ်၍ အစ်ဂနီ သာ ဆိုးလ်မြို့ထဲသို့ လွတ်ထွက်သွားပြီး အဆင့်များ ဆက်တက်နေခဲ့မည်ဆိုလျှင် ဆိုးလ်မြို့သည်လည်း လိုင်ခါယွန်၏ ဇာတိမြေကဲ့သို့ အဆုံးသတ်သွားပေလိမ့်မည်။

ဟန်ဆိုယောင်းကတော့ ထိုကိစ္စများကို ဘာမှမသိဘဲ ငြီးတွားနေရုံသာ တတ်နိုင်၏။

"ဘာပဲဖြစ်ဖြစ်၊ ကပ်ဘေးတွေက ထင်ထားတာထက် ပိုကြီးကျယ်နေတာပဲ။ Ways of Survivalထဲမှာ ဖော်ပြထားတဲ့ ပုံစံကြောင့် မမှန်းဆနိုင်ဘဲ ဖြစ်နေပြီ"

"မီးနဂါးတုန်းက ငါတို့ ကံကောင်းခဲ့တာ။ ရှေ့မှာလာမယ့် ကပ်ဘေးတွေကတော့ မူလအခြေအနေအတိုင်း လာမှာ။ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ ပေါ်လာတော့မှာလေ"

‘မူလအခြေအနေ’ ဆိုသည့် စကားလုံးကြောင့် ခိုးချထားသည့် စာရေးဆရာမ၏ မျက်နှာပျက်သွားသည်ကို ကြည့်ရသည်မှာ ကျေနပ်စရာပင်။

"ဒါဆို ကျမတို့ ဘာလုပ်သင့်သလဲ"

"ဒီကောင့်ကို အသုံးချရမယ်"

အဝေးတစ်နေရာတွင် လေ့ကျင့်ပေးရန် ပြင်ဆင်နေသည့် လိုင်ခါယွန် ကို ကျနော် လှမ်းကြည့်လိုက်သည်။

ဟန်ဆိုယောင်းက မေးသည်။

"သူက ကြည့်ရတာ အတော်သန်မာပုံပဲ။ သူ့ကို တိုက်ခိုက်ခိုင်းချင်တာလား"

"အဲဒီကောင်က လူကြောက်ပါ။ အဲဒါအပြင် လမ်းပြသူတွေက တခြားကမ္ဘာရဲ့ ကပ်ဘေးတွေကို ဝင်ရောက်တိုက်ခိုက်ခွင့် မရှိဘူး။ ငါတို့အလုပ် ငါတို့ဘာသာပဲ ရှင်းရမယ်"

လိုင်ခါယွန်ဆီကနေ ကျနော့်ကို လှမ်းခေါ်သံ ထွက်ပေါ်လာသည်။

"ကာကွယ်စောင့်ရှောက်သူကြီးခင်ဗျာ၊ ကျနော် အဆင်သင့်ဖြစ်ပါပြီ"

‘ကာကွယ်စောင့်ရှောက်သူ’ ဆိုသည်မှာ တံဆိပ်ပြားပိုင်ရှင်ကို ခေါ်သည့် ဘွဲ့အမည်ဖြစ်သည်။ ကျနော့်နာမည်ကို ခေါ်ရန် အကြိမ်ကြိမ် ပြောခဲ့သော်လည်း လိုင်ခါယွန်ကတော့ အလျှော့မပေးခဲ့ပေ။

"အခုကစပြီး ကျနော့်မျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ လေ၏လမ်းစဉ် ကို သင်ကြားပေးပါ့မယ်"

လေ၏လမ်းစဉ်... ၎င်းမှာ လေကို မိမိ၏ ခြေလက်အင်္ဂါများကဲ့သို့ အသုံးပြုနိုင်စေသည့် ဖုံးကွယ်ထားသော စွမ်းရည် တစ်ခုဖြစ်သည်။

အခြားမျိုးနွယ်စုများထဲတွင် အီမြွန်တာကာကွယ်ရေးရတနာ ရှိသူများသာ ဤစွမ်းရည်ကို သင်ယူနိုင်ခွင့် ရှိသည်။

မူလကတော့ ယူဂျွန်ဟော့ က ဤစွမ်းရည်ကို ရရှိရန် သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ယခုတစ်ခေါက်တော့ မဟုတ်တော့ပေ။ အစွမ်းထက်ပြီးသား လူတစ်ယောက်ကိုပဲ ကောင်းမွန်တဲ့ စွမ်းရည်တွေ အကုန်လုံး ပုံမပေးနိုင်ဘူးမဟုတ်ပေလော။

"ဒါဆို ကျနော် စပါတော့မယ်"

နောက်ထပ် သုံးနာရီခန့်အထိ ထိုစွမ်းရည်ကို သင်ယူရန် ချွေးပြန်အောင် ကျနော်ကြိုးစားခဲ့ရသည်။

စနစ်ကသာ ‘သင် ဤစွမ်းရည်ကို သင်ယူလိုပါသလား’ ဆိုသည့် မက်ဆေ့ခ်ျမျိုး ပြပေးလျှင် ကောင်းမည်ဖြစ်သော်လည်း ၎င်းမှာ မဖြစ်နိုင်ပေ။ ဤစွမ်းရည်ကို တိုက်ရိုက် သင်ယူခြင်းဖြင့်သာ ရရှိနိုင်၏။

ကျနော်က ဝတ္ထုကို ဖတ်ထားဖူးသူဖြစ်သဖြင့် လိုင်ခါယွန်၏ လှုပ်ရှားမှုများကို အနည်းငယ် လိုက်လုပ်နိုင်ခဲ့သည်။ အတိအကျ ပြောရလျှင် လိုက်လုပ်နိုင်သည်ဟု ကျနော် ထင်ခဲ့ခြင်း ဖြစ်သည်။

ခန့်မှန်းခြေ တစ်နာရီခန့် ထပ်မံကုန်ဆုံးသွားသည်။ လိုင်ခါယွန်သည် စကားမပြောခင် ခဏမျှ တုံ့ဆိုင်းနေခဲ့သည်။

"ကာကွယ်စောင့်ရှောက်သူကြီးခင်ဗျာ။ ဒါကို ပြောရတာ အားနာပေမဲ့..."

All Chapters