← Chapters

အနာဂတ်စစ်ပွဲ (၃)

Vol. 3 Ch. 45

အနာဂတ်စစ်ပွဲ (၃)

Vol. 3 Ch. 45

ဇာတ်ဝင်ခန်းစတာကဖြင့် မကြာသေးဘူးမဟုတ်ဘူးလား။

မူရင်းဇာတ်လမ်းကိုပြန်စဉ်းစားကြည့်သော်လည်း ယခုကဲ့သို့ စောစောစီးစီး ကျူးကျော်ခံရသော ကိစ္စမျိုး မူရင်းဇာတ်လမ်းတွင်မပါခဲ့ချေ။ ဇာတ်လမ်းနှင့် သွေဖီမှုတွေ ပေါ်လာနေသည်မှာ သေချာနေပေပြီ။

အမှောင်ထုထဲရှိ ရှေ့မီးသီးတွေမှာ ပိတ်သွားပြီး လူတွေ၏စကားပြောသံ ထွက်ပေါ်လာသည်။

"ဟား….နောက်ဆုံးတော့ ငါတို့တွေ ချွန်မူရိုကိုရောက်ပြီကွ"

"တကယ်ပါပဲ။ ဇာတ်ဝင်ခန်းကိုကျော်ဖြတ်ဖို့ သူတို့တွေ အချိန်အကြာကြီး ယူခဲ့ရတာတဲ့လား"

"ဟေ့…တိုးတိုးပြောကြစမ်း။ သူတို့တွေကြားသွားဦးမယ်ကွ။ ပြီးတော့ ဘူတာတွေ တစ်ခုနဲ့တစ်ခုကြားက ဇာတ်ဝင်ခန်းတွေဟာ မတူဘူးဆိုတာကိုမင်းမသိဘူးလား"

လက်နက်တွေကိုင်ထားသည့် လူများ ချည်းကပ်လာသည်ကို ကျနော်စောင့်ကြည့်နေ လိုက်သည်။ တိုက်ပွဲတစ်ခုတွင် အရေးအကြီးဆုံးက လက်ဦးမှုရယူဖို့ဖြစ်၏။ ကျနော် ရှေ့သို့တက်လိုက်ရာ လီဟန်းဆောင်နှင့်ယောင်ဟီဝမ်တို့က နောက်ကလိုက်လာကြပြီး အနောက်ဘက်တွင်တော့ ယူဆန်းအာက နေရာယူပေးထား၏။ လီဂီယောင်ကတော့ အိပ်ပျော်နေဆဲပင်။

အချိန်အနည်းငယ်ခန့်ကုန်ဆုံးသွားပြီးသည့်နောက်တွင် လူလေးယောက်သည် အမှောင်ထုထဲကနေ ကျနော်တို့ဘက်သို့ လမ်းလျှောက်ပြီး ထွက်ပေါ်လာတော့သည်။ ကျနော်စကားပြောလိုက်၏။

"ရပ်လိုက်စမ်း"

"အဲ… "

ကျနော့်ဘက်ကနေ ဓါးဖြင့်ချိန်ထားသည်ကိုမြင်လိုက်ရချိန်တွင် ထိုလူတွေ၏ ခြေလှမ်းမှာ ရပ်သွားတော့သည်။ ထိုလူတွေနှင့်အတူ ဆိုင်ကယ်အဖြူရောင်များလည်း ပါလာကြ၏။ လက်နက်တွေကိုဆွဲထုတ်လိုက်သည့်အသံအား ကျနော်ကြားလိုက်ရသော်လည်း လူတစ်ယောက်၏ အသံက ပို၍မြန်ဆန်စွာထွက်ပေါ်သည်။

"ခဏလေး။ စိတ်ကိုအေးအေးထားစမ်းပါ။ ငါအရမ်းကိုကြောက်နေမိလို့ စကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူး"

"မင်းတို့ရဲ့လက်နက်တွေကိုချပြီး ဒီဘက်ကို ဖြည်းဖြည်းချင်း လာခဲ့ကြစမ်း"

စကားပြောလိုက်သောလူသည် သူ၏လက်နက်ကိုချပြီး လက်နှစ်ဖက်ကို မြှောက်ကာ ကျနော်တို့အနားသို့ကပ်လာ၏။ အလင်းရောင်ထဲ ထိုလူဝင်လာချိန်၌ ထိုလူ၏ မျက်နှာကို မြင်လိုက်ရလေသည်။ ထိုလူ၏မျက်နှာအမူအရာကတော့ သိပ်မဆိုးလှပေ။

ထိုလူ၏မျက်နှာအမူအရာမှာ ခပ်ပြုံးပြုံးပဲ ရှိနေပြီး သေးငယ်သောမျက်လုံးများမှာလည်း နူးညံ့သည့်အကြည့်ဖြင့် ကြည့်နေ၏။

"အရမ်းမစိုးရိမ်ကြပါနဲ့။ ငါတို့တွေ တိုက်ခိုက်ဖို့ ဒီကိုရောက်လာကြတာမဟုတ်ပါဘူး"

"ဒါဆိုရင် မင်းတို့တွေက ဘာဖြစ်လို့ ဒီကိုရောက်လာခဲ့ရတာလဲ"

"အရင်ဆုံးမိတ်ဆက်လိုက်ကြရအောင်။ ငါ့နာမည်က ဂန်အီဟွန်။ ဒွန်ဒဲမွန်အဖွဲ့ကို စီမံခန့်ခွဲတဲ့နေရာမှာ ငါဟာ ကူညီပေးနေတာလေ"

ဂန်အီဟွန်ဆိုသည့်နာမည်မှာ ကျနော့်ခေါင်းထဲ၌ လုံးဝကိုရှိမနေချေ။

ထို့အပြင် ဒွန်ဒဲမွန်အဖွဲ့အစား ကိုယ်စားပြုကာ ပြောပေးနေပြန်သေးသည်။ အခြေအနေတွေကို ပိုပိုပြီး ထူးဆန်းလာနေ၏။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

ဇာတ်ကောင်စာရင်းက အသက်ဝင်လာသည်မလို့ ဂန်အီဟွန်သည် မူရင်းဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေတာကတော့ သေချာ၏။

[ဇာတ်ကောင်၏ အကျဉ်းချုပ်]

အမည် : ဂန်အီဟွန်

အသက် : ၃၁ နှစ်

ထောက်ပံ့သူ : အရှက်မရှိသည့် အတင်းတုတ်သမား

ဝိသေသ လက္ခဏာ : အတင်းအဖျင်းဆရာကြီး (ယေဘူယျအားဖြင့်)

သီးသန့်စွမ်းရည် : လက်နက်လေ့ကျင့်ရေး အဆင့် ၂၊ ဆက်သွယ်ပြောဆိုနိုင်စွမ်း အဆင့် ၃၊ ဆက်သွယ်ပြောဆိုနိုင်စွမ်း အဆင့် ၃၊ ကောလဟာလဖြန့်ဝေခြင်း အဆင့် ၁

အထူးစွမ်းရည် : အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ဆောင်ခြင်း အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၂၊ ခွန်အား အဆင့် ၁၃၊ လျှင်မြန်မှု အဆင့် ၁၃၊ မှော်စွမ်းအား အဆင့် ၁၀

ခြုံငုံအကဲဖြတ်ချက် : ကံမကောင်းစွာဖြင့် ဤပုဂ္ဂိုဟ်သည် ထောက်ပံ့သူ ရွေးချယ်မှု မှားယွင်းခဲ့ခြင်းကြောင့် လိုက်ဖက်သော ကိုယ်ရည်ကိုယ်သွေး ပေါ်မလာခဲ့ပေ။ သို့သော် ဤပုဂ္ဂိုဟ်သည် အသုံးပြု၍ရသော စွမ်းရည်ကောင်းကိုပိုင်ဆိုင်ထားသည့် လူဖြစ်၏။ သူသည် မှားမှား၊ မှန်မှန် ကောလဟာလများကို ဖြန့်ဝေတတ်ခြင်းကြောင့် သတိထားရန်လိုအပ်ပါသည်။

အတင်းအဖျင်းဆရာကြီးကဲ့သို့လူများ လှုတ်ရှားလာခဲ့ပေပြီ။ ဂန်အီဟွန်သည် အနည်းငယ်စိတ်မရှည်သောအမူအရာဖြင့် ကျနော့်ကို ကြည့်နေ၏။

"မင်းနာမည်က ဘယ်လိုခေါ်လဲ"

"ကင်ဒေါ့ဂျာ"

"ဪ။ ကင်ဒေါ့ဂျာဟုတ်လား"

ကျနော့်နာမည်ကိုကြားဖူးသောကြောင့်် အံ့ဩသွားသည့်အမူအရာမျိုး ဂန်အီဟွန်၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

သို့သော် ထိုသို့ပေါ်လာခြင်းမှာ တစ်ခဏတာ ဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ်။ ဒေါ့ဂျာ။ မင်းဆီမှာ အလံကရှိနေတာဆိုတော့ မင်းဟာ ဘူတာရဲ့ကိုယ်စားပြုခေါင်းဆောင်တစ်ယောက်ဖြစ်မယ်ထင်တယ်”

"ဟုတ်ပါတယ်"

ဂန်အီဟွန်သည် ကျနော့်အလံအရောင်ကို သေချာကြည့်လိုက်ပြီးသည့်နောက်တွင် ကျနော့်ဘေးကလူများကိုပါ လိုက်ကြည့်၏။ ဂန်အီဟွန်တို့အဖွဲ့နှင့် ကျနော်တို့အဖွဲ့ကြား အင်အားကွာခြားချက်ရှိမရှိကို လေ့လာနေခြင်းဖြစ်ပုံပေါ်လေသည်။ ဂန်အီဟွန်ထံတွင် စူးရှသောအကြည့်ရှိသော်လည်း မရင်ဆိုင်သင့်သော ပြိုင်ဖက်နှင့် ရင်ဆိုင်မိနေသည်ကိုတော့ ဂန်အီဟွန် သိလောက်မည်မဟုတ်ပေ။

"ကြည့်လို့ဝပြီဆိုရင် လာရင်းကိစ္စကိုပြောပြတော့"

"ဟဲဟဲ….စိတ်တော့မရှိနဲ့ကွာ။ ငါတို့တွေ ဘေးကင်းပါ့မလားဆိုပြီး လေ့လာမိတာပါကွ"

ဂန်အီဟွန်သည် လုံးဝကိုတွန့်ဆုတ်မသွားဘဲ စကားကိုဆက်ပြောလေသည်။

"နောက်တခါထပ်ပြီးပြောပါရစေ။ ငါတို့တွေက တိုက်ခိုက်ဖို့ ဒီကိုရောက်လာကြတာ မဟုတ်ဘူး။ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုကို လုပ်ချင်လို့ပါ"

ဂန်အီဟွန်၏အဖွဲ့ကို ကျနော်ကြည့်လိုက်မိ၏။ သူတို့ထံတွင် မည်သည့်အလံမှရှိမနေချေ။

"မင်းရဲ့ကမ်းလှမ်းမှုက ကောင်းမွန်တယ်လို့ ငါက ဘယ်လိုယုံပေးလို့ရမှာလဲ"

"ဟာ….ဒီကစားပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုစစ်ကြည့်တာနဲ့ သိနိုင်တာပဲလေကွာ။ ငါတို့တွေက တိုက်ခိုက်ဖို့ရောက်လာတာဆိုရင် ကိုယ်စားပြုခေါင်းဆောင်နဲ့အတူ လာမှာပေါ့ကွ။ ကိုယ်စားပြုခေါင်းဆောင်ကပဲ အလံတိုင်ကို သိမ်းယူနိုင်တာလေ"

ထိုစကားက မှန်ပေသည်။ သိသာထင်ရှားလှစွာကို မှန်လှ၏။

"မင်းရဲ့ကမ်းလှမ်းချက်က ဘာလဲ"

"မဟာမိတ်ဖွဲ့ဖို့ ငါတို့တွေ လာကမ်းလှမ်းတာပဲ"

ထိုစကားများကိုကြားလိုက်ရချိန်တွင် ချွန်မူရိုအဖွဲ့သားများထံကနေ အသံများ တိုးတိုးတိတ်တိတ်ထွက်ပေါ်လာလေသည်။

ဂန်အီဟွန်မှာ အလန့်တကြားပုံစံဖြစ်သွား၏။

"အာ…ချွန်မူရိုက အခုမှပွင့်လာခဲ့တာမလို့ မင်းတို့တွေ မရေရာမသေချာဘဲ ဖြစ်နေကြတာထင်တယ်။ စတုတ္ထမြောက်ဇာတ်ဝင်ခန်းစတာက ၂ရက်တောင်ရှိနေပြီကွ"

"…နှစ်ရက်ဟုတ်လား"

ယူဆန်းအာဆီကနေ စကားသံတိုးတိုးထွက်ပေါ်လာ၏။ ဂန်အီဟွန်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ တတိယမြောက်ဇာတ်ဝင်ခန်းက ဘူတာတစ်ခုနဲ့တစ်ခုကြားမှာ နည်းနည်းစီလည်း ကွဲပြားသလို ကြာချိန်တွေလည်း မတူကြဘူးကွ။ ကြည့်ရတာ မင်းတို့တွေ သိမထားကြဘူးထင်တယ်"

"ဪ…"

တတိယမြောက်ဇာတ်ဝင်ခန်းပြီးသွားသည်မှာ မကြာသေးသော်လည်း ထိုကိစ္စကို ကျနော်သိထားပြီးသားပင်။ မူရင်းဇာတ်လမ်းထဲ၌ ချွန်မူရိုသည် အခြားဘူတာများနှင့် ယှဉ်ပါက ဇာတ်ဝင်ခန်းများစရာတွင် နောက်ကျသောဘူတာထဲပါ၏။ တနည်းအားဖြင့် ဆိုရလျှင် ကျနော်တို့သည် သတင်းအချက်အလက်အားနည်းစွာဖြင့် စတင်ခဲ့ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့်မလို့လည်း ဂန်အီဟွန်၏မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းမှုမှာ ဆွဲဆောင်မှု ရှိလှသည်ကတော့ အမှန်ပင်။

ဇာတ်ဝင်ခန်းတွေကိုကျော်ဖြတ်ဖို့ဆိုလျှင် သတင်းအချက်အလက်တွေ အများအပြား ရှိနေဖို့လိုအပ်ပြီး ထိုသို့ရှိနေအောင်လုပ်ဖို့က ကျနော်တို့အတွက် မလွယ်လှချေ။

ယခုကမ်းလှမ်းချက်၌ တဖက်အဖွဲ့ထံတွင် မည်သို့သောအကျိုးအမြတ်ရမည်ကိုတော့ သိဖို့လိုသည်။

"ကမ်းလှမ်းတာကို ငြင်းဖို့ကတော့ ခက်တယ်။ ဒါပေမဲ့ မင်းတို့ဆီမှာ တခြားရည်ရွယ်ချက်တွေ ရှိနေမလားလည်း မသိနိုင်ဘူးဖြစ်နေတယ်လေ"

"အင်း။ ဒေါ့ဂျာရဲ့စကားက မှန်ပါတယ်။ မဟာမိတ်ဖွဲ့တဲ့ကမ်းလှမ်းမှုကို မင်းဘက်က လက်ခံလာအောင် မဟာမိတ်ဖွဲ့ရင် ငါတို့တွေ ဘာအကျိုးကျေးဇူးရမလဲကို ပြောပြပေးမယ်။ လိုတိုရှင်းပြောရရင်တော့ ချွန်မူရိုက ငါတို့ရဲ့ 'ပစ်မှတ်ဘူတာ'မဟုတ်ဘူး"

"မင်းပြောတာကို ငါက ဘယ်လိုယုံကြည်လို့ရမှာလဲ"

"မင်းဘက်က ယုံချင်ရင်ယုံ၊ မယုံချင်နေ ကြိုက်သလိုဆုံးဖြတ်လို့ရတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး သေချာတော့စဉ်းစားပေးပါ။ ချွန်မူရိုသာ ငါတို့ရဲ့ပစ်မှတ်ဆိုရင် ငါတို့ဘူတာရဲ့ တိုက်ခိုက်ရေးအဖွဲ့သားအားလုံးကို ဒီကိုခေါ်လာခဲ့မှာပဲလေ။ အရိုးသားဆုံးပြောရရင် ဘူတာနေရာက ပွင့်နေပြီမလို့ အလံတိုင်ကို သိမ်းယူဖို့က လွယ်နေပြီကွ"

သူ၏စကားများက အရမ်းကြီးဆွဲဆောင်မှုတော့ မရှိလှချေ။

"ငါတို့ရဲ့ပစ်မှတ်ဘူတာက ဒွန်ဒဲမွန်ဖြစ်နေမယ်ဆိုရင် မင်းတို့တွေ ဘာဆက်လုပ်မှာလဲ"

"ဟားဟား…အဲ့လိုဖြစ်နေမယ်ဆိုပြီး စိတ်ပူစရာကိုမလိုတာလေ။ ငါတို့ကို ပစ်မှတ်ထားနေတဲ့ဘူတာကို သိထားပြီးသားကွ။ ဘာအကြောင်းအရင်းမှ မရှိဘဲ မင်းတို့ဆီကို ငါတို့တွေလာခဲ့တာမဟုတ်ဘူး"

"ငါသဘောပေါက်ပြီ။ ငါတို့ရဲ့ပစ်မှတ်တွေက မတူညီတာမလို့ အချင်းချင်းကူညီပေးရင်း ဇာတ်ဝင်ခန်းကိုကျော်ဖြတ်မယ်လို့ မင်းက ဆိုလိုချင်နေတာမလား"

"အမှန်ပဲ။ အခုအချိန်မှာ အချင်းချင်းကူညီတာက မကောင်းဘူးလား"

ဂန်အီဟွန်သည် ပြုံးကာ ခေါင်းညိတ်ကာ ပြော၏။ တစ်ခဏခန့် ကျနော်တိတ်ဆိတ်သွားချိန်တွင် ယူဆန်းအာက ဝင်ပြောလေသည်။

"ကျမမှာ မေးစရာတစ်ခုရှိတယ်"

ဂန်အီဟွန်သည် ယူဆန်းအာကိုမျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

"မေးပါ။ ဘာမေးချင်လို့လဲ။ မိန်းမလှလေး"

"ချွန်မူရိုဆီကို ရှင်တို့တွေ ဘာလို့လာခဲ့ကြတာလဲ။ ဒွန်ဒဲမွန်ကနေ ရှင်တို့တွေ လာခဲ့ကြတာဆိုရင်တော့ တခြားဘူတာတွေနဲ့ ရှင်တို့တွေ မဟာမိတ်ဖွဲ့ခဲ့လို့ရတာပဲလေ"

ယူဆန်းအာ၏မေးခွန်းမှာ မထင်မှတ်ထားလောက်အောင်ကို ကောင်းမွန်လှ၏။ ဂန်အီဟွန်သည် အနည်းငယ် တွေဝေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"အိုး…အဲ့ဒါက…ငါပြောခဲ့သလိုပဲ…ချွန်မူရိုဘူတာက ပွင့်နေတာလေ။ ငါဆိုလိုချင်တာက… ဟိုလေ…တခြားဘူတာတွေမှာ မဟာမိတ်တွေရှိနေပြီကွ။ ဒါပေမဲ့ ချွန်မူရိုမှာတော့ မရှိလောက်သေးဘူးလို့ ငါတွေးမိခဲ့တာလေ။ ဟဲဟဲ…ငါလည်း မေးရဦးမယ်။ ချွန်မူရိုမှာ မဟာမိတ်ရှိနေပြီလား"

" မရှိဘူး"

ကျနော့်စကားကြောင့် ဂန်အီဟွန်မှာ ပြုံးပျော်သွား၏။

"ဒါဆိုရင်လည်း ဒွန်ဒဲမွန်ဘူတာနဲ့မဟာမိတ်ဖွဲ့လိုက်ကြရအောင်လေ။ မင်းတို့တွေ နောင်တမရစေရဘူးလို့ ငါအာမခံတယ်။ ပြီးတော့ ငါတို့ဆီမှာ ဒီဇာတ်ဝင်ခန်းကို အနိုင်ယူနိုင်မယ့် ဖြေရှင်းနည်းတစ်ခုရှိတယ်ကွ"

"အနိုင်ယူနိုင်မယ့်ဖြေရှင်းနည်းတဲ့လား"

"အေး။ တကယ်တော့ ငါတို့အဖွဲ့ဟာ ဒီဇာတ်ဝင်ခန်းရဲ့ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို သိထားတယ်"

ဂန်အီဟွန်သည် မျက်နှာကိုပြန်တည်လိုက်ပြီး စကားကိုအလေးအနက်ထပ်ပြော၏။

"မင်းတို့တွေသာ ငါတို့နဲ့မဟာမိတ်ဖွဲ့မယ်ဆိုရင် လျှို့ဝှက်ချက်တွေက ဘာလဲဆိုတာကို မင်းတို့သိအောင် ပြောပြပေးမယ်"

ထို့နောက်တွင်တော့ ယူဆန်းအာ၊ လီဟန်းဆောင်၊ ယောင်ဟီဝမ်တို့နှင့်အတူတူ ကျနော်ထိုင်လိုက်ပြီး တိုင်ပင်လိုက်သည်။ ယူဆန်းအာက ပြော၏။

"ငါတို့ဘာလုပ်ကြမလဲ။ မဟာမိတ်ဖွဲ့သင့်လား"

"ငါကတော့ ကန့်ကွက်တယ်။ သူတို့တွေကို ငါမယုံဘူး။ စိတ်ထဲမှာ လေးနေတယ်ဟ"

ယောင်ဟီဝမ်ပြောပြီးနောက် လီဟန်းဆောင်ကလည်း သူ၏ထင်မြင်ချက်ကို ဝင်ပြောလေသည်။

"ဒါပေမဲ့ ဒီဇာတ်ဝင်ခန်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေ သူတို့ဆီမှာ တကယ်ရှိနေတာမှန်တယ်ဆိုရင် မဟာမိတ်ဖွဲ့တာက မကောင်းဘူးလား။ ဟီဝမ်ပြောသလို သူတို့တွေက မယုံရတာတော့မှန်ပါတယ်"

နောက်ဆုံးတွင်တော့ သူတို့အားလုံး ကျနော့်ကိုကြည့်လိုက်ကြ၏။ ကျနော်ပခုံးကို တွန့်ပြလိုက်လေသည်။

"ဒါဆိုရင် အခုလောလောဆယ် …"

ကျနော်တို့တွေ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချွန်မူရိုဘူတာကို လျှောက်ပတ်ကြည့်နေသော ဂန်အီဟွန်နှင့် ဒွန်ဒဲမွန်အဖွဲ့ကို လှမ်းခေါ်လိုက်တော့သည်။

"မင်းတို့ရဲ့ကိုယ်စားပြုခေါင်းဆောင်နဲ့ဆုံပြီးမှပဲ ဆုံးဖြတ်ချက်ကိုချတော့မယ်"

"အိုး။ ငါတို့ခေါင်းဆောင်နဲ့ဆုံချင်တာလား"

"မင်းတို့ရဲ့ကိုယ်စားပြုခေါင်းဆောင်က ဘယ်မှာလဲ"

"ဒွန်ဒဲမွန်မှာပဲလေ။ မင်းကို ငါလိုက်ပို့ပေးလို့ရပါတယ်"

"ဒါဆိုရင်လည်း လိုက်ပို့ပေးပါ"

ဆိုင်ကယ်တွေ၏နောက်ခုံတွေ၌ ကျနော်တို့ထိုင်လိုက်ကြ၏။ ကျနော်နှင့်အတူ ခေါ်သွားသော လူတွေမှာ လီဟန်းဆောင်၊ ယူဆန်းအာနှင့် ယောင်ဟီဝမ်တို့ ဖြစ်သည်။

လီဂီယောင်ကိုတော့ ဂုံဖီဒူနှင့်ထားခဲ့လိုက်၏။ လီဂီယောင်မှာ ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကိုအလွန်အကျွံသုံးခဲ့ပြီးနောက် နိုးမလာသေးသဖြင့် ထားခဲ့ရခြင်း ဖြစ်သည်။ လီဂီယောင်ကိုကာကွယ်ပေးဖို့အမိန့်ကိုလည်း ဂုံဖီဒူကို မမေ့မလျော့ ကျနော်ပေးခဲ့၏။

"ဒါဆိုရင် သွားကြရအောင်"

ဆိုင်ကယ်တွေ၏စက်နှိုးသံထွက်ပေါ်လာပြီးနောက် ကျနော်တို့တွေ စတင်ထွက်ခွာ လာခဲ့ကြတော့သည်။

စက္ကန့်၂၀ကြာပြီးချိန်တွင် ကျနော်စကားစပြောလိုက်၏။

"ဒါနဲ့ ဂန်အီဟွန်"

"ဟုတ်ကဲ့"

"ချွန်မူရိုအကြောင်းကို ဟိုလူတွေ ဘာပြောခဲ့သေးလဲ"

"အေး။ မင်းပြောသလိုပဲ …"

"ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကွာ….မင်းတို့တွေ ဒီကိုလာတဲ့လမ်းမှာ ယူဂျွန်ဟော့လို့ ခေါ်တဲ့ စောက်ရမ်းကြောက်စရာကောင်းတဲ့လူနဲ့ဆုံရမှာပဲလေ…"

"ဟားဟား….မင်းဘာတွေပြောနေ …"

ကျနော်အချက်ပြလိုက်ရာ ဆိုင်ကယ်နောက်ခုံတွေ၌ ထိုင်နေသော ကျနော့်အဖွဲ့သားအားလုံး တပြိုင်တည်း ခုန်ဆင်းလိုက်ကြ၏။

"ယူဆန်းအာ"

ယူဆန်းအာသည် ချုပ်နှောင်ခြင်းကြိုးမျှင်ကိုသုံးလိုက်ပြီး ဆိုင်ကယ်လေးစီးကို ပူးချည်ပစ်လိုက်၏။

ဆိုင်ကယ်စက်သံတွေမြည်ဟီးသွားပြီး ဆိုင်ကယ်တွေအချင်းချင်း တိုက်မိကုန်ကြပေပြီ။

ဒိန်း

"အား"

တိုက်မိချိန်တွင် ဒွန်ဒဲမွန်အဖွဲ့သားများ နာကျင်စွာဖြင့် အော်လိုက်ကြ၏။

ကံကောင်းစွာဖြင့် ယူဆန်းအာ၏ကြိုးမှာ မျက်နှာကြက်တွင်ချည်ထားခြင်းကြောင့် ကျနော့်အဖွဲ့သားများကတော့ ဘေးကင်းလေသည်။ ယူဆန်းအာ၏ကြိုးများကြောင့် ယူဆန်းအာကို ပင့်ကူလူသားမဟုပင် မြင်ယောင်မိလာ၏။

မြေပေါ်တွင်လဲကျနေပြီး တကိုယ်လုံးဖုန်မှုန့်တွေပေနေသော ဂန်အီဟွန်မှာ အော်ပြောလိုက်၏။

"မင်း-မင်း ဘာလုပ်တာလဲ"

"ငါဘာလုပ်တာလဲဟုတ်လား။ အဲ့ဒီမေးခွန်းကို ငါက မေးချင်နေတာကွ"

မှောင်မဲနေသော လှိုဏ်ခေါင်းကို ကျနော်ကြည့်လိုက်၏။

"ငါတို့တွေကိုခြုံခိုတိုက်ခိုက်မယ်ဆိုရင်လည်း မင်းရဲ့ခြုံခိုတိုက်ခိုက်ခြင်း အဆင့်ကို နည်းနည်းလောက်ဖြစ်ဖြစ် တိုးထားသင့်တယ်"

အကြွင်းမဲ့နားလည်းနိုင်စွမ်းမရှိဘဲနှင့်တောင် ခြုံခိုတိုက်ခိုက်မည်အား ကျနော် ထောက်လှမ်းနိုင်ခဲ့၏။

ဂန်အီဟွန်သည် တစ်ခုခုကို သတိထားမိသွားပြီး အော်ဟစ်လိုက်တော့သည်။

"သူတို့ကိုတိုက်ခိုက်ကြတော့ဟေ့"

တချိန်ထဲမှာပဲ လှိုဏ်ခေါင်းထဲတွင် ပုန်းနေသောလူများ ထွက်လာကြတော့သည်။

ကျနော်ထင်သည့်အတိုင်းပင် သူတို့တွေသည် ကျနော့်အလံကို ပစ်မှတ်ထားနေကြခြင်း ဖြစ်၏။

['ယောင်ဟီဝမ်'ဇာတ်ကောင်သည် သီးသန့်စွမ်းရည် 'တရားစီရင်ချိန်'ကို အသက်သွင်းလိုက်ပါသည်။]

[အကြွင်းမဲ့ကောင်းမြတ်ခြင်းနက္ခတ်များသည် အဆိုပါစွမ်းရည်ကို အသုံးပြုရန် လက်ခံလိုက်ပါသည်။]

['တရားစီရင်ချိန်'မှာ အသက်ဝင်သွားပါပြီ။]

"ဟမ်။ အသက်မဝင်လောက်ဘူးထင်နေတာ။ လုံးဝကိုမိုက်သွားပြီဟ"

ယောင်ဟီဝမ်သည် အံ့အားသင့်သည့်အမူအရာဖြင့် ရယ်မောလိုက်၏။

"လူဆိုးတွေကိုရှာရတာ တကယ်ကိုခက်တာပဲ"

ယောင်ဟီဝမ်သည် အေးစက်သောလေသံဖြင့်ပြောလိုက်ပြီး မှောင်မဲနေသော လှိုဏ်ခေါင်းထံ ဓါးကိုလွှဲခုတ်လိုက်၏။ ယောင်ဟီဝမ်၏မျက်လုံးများမှာ မိစာ္ဆသုတ်သင်သူကို သုံးထားခြင်းကြောင့် နီရဲနေလေသည်။ သွေးနီရောင်အလင်းတန်းသည် အမှောင်ထုကို ဖြတ်သန်းသွားပြီး လူတွေကို ခုတ်ဖြတ်ပစ်လိုက်တော့သည်။

"ဘာ-ဘာကြီးလဲဟ"

"ဒီရူးနေတဲ့မိန်းမက….အား…. "

စွပ် စွပ် စွပ်

ရန်သူဆယ်ယောက်ရှိနေခဲ့သော်လည်း ယောင်ဟီဝမ်သည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ အားလုံးကို သတ်ပစ်လိုက်သည်။ ပြောရမည်ဆိုလျှင် ဖုံးကွယ်ထားသည့် မြေအောက်ခံတပ်ကိုကျော်ဖြတ်ပြီးနောက် မြင့်တက်ခဲ့သော ယောင်ဟီဝမ်၏ စွမ်းရည်များကို မျက်ဝါးထင်ထင်မြင်နေရခြင်းဖြစ်ပေသည်။

ကျနော်လည်းပဲ အသန့်စင်ဆုံးဓါးစွမ်းအင်ကိုသုံးလိုက်ပြီး ဂန်အီဟွန်ကို အလွယ်တကူ ဖိအားပေးလိုက်သည်။ လွန်ခဲ့သောနာရီအနည်းငယ်က ယူဂျွန်ဟော့နှင့်ပင် ကျနော်ရင်ဆိုင်ခဲ့လေသည်။ ဂန်အီဟွန်ကိုရင်ဆိုင်ဖို့က ကျနော့်အတွက် မခက်လှချေ။

"ဒေါ့ဂျာ။ ချွန်မူရိုက… "

လီဟန်းဆောင်၏အော်သံကိုကြားလိုက်ရသဖြင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ ချွန်မူရို၌ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကျနော်မြင်လိုက်ရတော့သည်။ ကျနော်တို့တွေ ချွန်မူရိုကနေ ထွက်သွားပြီးပြီးခြင်းမှာပဲ ချွန်မူရိုမှာ ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်၏။ ဂန်အီဟွန်ကိုကြိုးတုတ်ဖို့ ယူဆန်းအာကို ခိုင်းလိုက်ပြီး ချွန်မူရိုထံ ကျနော်အပြေးသွားလိုက်သည်။

စင်္ကြံပလက်ဖောင်းပေါ်တွင် အနီးကပ်တိုက်ခိုက်မှုများပင် ရှိနေချေပြီ။ သို့သော် အခြေအနေကို တစ်ခဏခန့် စောင့်ကြည့်ဖို့ ကျနော်ဆုံးဖြတ်လိုက်၏။ ကျနော့်ဘက်က အရင်ဆုံးစစ်ဆေးဖို့လိုသောအရာရှိပေသည်။

"ဒီမအေဘေးတွေက ဘာတွေလဲဟ"

မြုံဒေါင်ဘူတာရှိရာအရပ်ကနေ ပြေးလာသော အဖွဲ့သားဒါဇင်သည် ချွန်မူရို၏ လူတွေထံ လက်နက်များဖြင့် ဝှေ့ယမ်းနေလေသည်။ ပြောရမည်ဆိုလျှင် ထိုလူတွေ ကိုင်ဆောင်ထားသော လက်နက်တွေကိုမြင်ဖူးနေ၏။

"အဲ့ဒါက ကင်ရဲ့လက်နက်ပဲ"

မြုံဒေါင်ရှိရာအရပ်သို့ထွက်သွားကြသည့် အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် ဤလူတွေ၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီဖြစ်လောက်ပေမည်။ ဟုတ်ပေသည်။ အဖွဲ့ကနေ ထွက်သွားသည့်လူတွေအား လုယူစရာသတ္တဝါတွေအဖြစ်သာ မြင်ကြမည်မှာ သေချာ၏။

ရန်သူတွေထဲ၌ အနီရောင်အလံကို လည်စည်းပုဝါကဲ့သို့ ခေါင်းတွင်စည်းထားသော ရန်သူတစ်ယောက်မှာ အလွန်ပင် သိသာထင်ရှားလှ၏။

"နောက်မှထိန်းချုပ်ဖို့ကြိုးစားကြ။ ငါသာ အလံကို အလံတိုင်မှာ ချိတ်လိုက်တာနဲ့ ပွဲကပြီးသွားမှာကွ"

ဟုတ်ပေသည်။ ထိုလူသည် ရန်သူဘက်က 'ကိုယ်စားပြုခေါင်းဆောင်'ပင်။

All Chapters