အနာဂတ်စစ်ပွဲ (၅)
Vol. 3 Ch. 47
ရုပ်ရှင်ရုံပေါ်ကနေ ဆင်းလာပြီးသည့်နောက်တွင် လီဟန်းဆောင်၊ ယူဆန်းအာတို့နှင့်အတူ မြုံဒေါင်ဘူတာဆီသို့ ကျနော်သွားလိုက်သည်။ ဒုံမြိုဘူတာက အရေးကြီးသည် မှန်သော်လည်း လုပ်စရာရှိသည်ကို အရင်လုပ်ဖို့လိုပေ၏။
မြုံဒေါင်ကိုယ်စားပြုခေါင်းဆောင်ကိုသတ်ပစ်ပြီး အလံကိုယူခဲ့ပြီဖြစ်သဖြင့် ကိုယ်စားပြုခေါင်းဆောင်မရှိတော့သော ဘူတာကို ကျနော်အမြန်သွားသိမ်းမှ ဖြစ်ပေတော့မည်။
လီဟန်းဆောင်သည် စိတ်ပူသောလေသံဖြင့်ပြော၏။
"ကျုပ်တို့ကြီးပဲ သွားလို့အဆင်ပြေပါ့မလား"
"ဘာတိုက်ပွဲမှရှိမှာမဟုတ်ဘူးလေ။ ဘူတာကကောင်တွေကို ဘာဆက်ဖြစ်မလဲ ကျနော် ဆုံးဖြတ်ပေးရဦးမယ်ဗျ။ အဲ့ဘူတာကိုဒီအတိုင်းလွှတ်ထားလိုက်ရင် ခဏလေးအတွင်း ဘူတာက လူတွေသေကုန်လိမ့်မယ်"
ချွန်မူရိုဘူတာကနေ ထွက်သွားခဲ့သည့် အိမ်ရှင်မဟာမိတ်အဖွဲ့သားများကဲ့သို့ပင် အဖွဲ့မရှိသည့် 'လေလွင့်လူများ'သည် ကံဆိုးပါက အခြားအဖွဲ့များ၏ သားကောင်အဖြစ်ပင် ရောက်သွားနိုင်လေသည်။
သို့သော် မြုံဒေါင်ဘူတာကို ကျနော်တို့တွေ ရောက်ရောက်ချင်းမှာပဲ မမျှော်လင့်ထားသော မြင်ကွင်းကိုမြင်လိုက်ရ၏။ မြုံဒေါင်ဘူတာမှလူများသည် တိုက်ခိုက်ခံထားခဲ့လေပေပြီ။ အရမ်းကို ရက်ရက်စက်စက် တိုက်ခိုက်ခံထားရခြင်းဖြစ်၏။
မြုံဒေါင်ဘူတာနားတွင် လူတစ်အုပ်မတ်တပ်ရပ်နေသည်ကိုပင် ကျနော်မြင်ခဲ့သေး၏။ ထိုလူများသည် ပြာပြာသလဲလဲဖြင့် ဟေးယောင်ဘူတာဘက်သို့ အလျင်အမြန်ဆုတ်ခွာ သွားခဲ့ကြသည်။ သူတို့ထံတွင် ဆိုင်ကယ်များရှိနေသဖြင့် နောက်ကနေ လိုက်သွားဖို့ကတော့ မလွယ်လှချေ။
သူတို့၏လှုတ်ရှားပုံအရ ကျနော်လာနေသည်ကို သိနေကြပုံပေါ်သည်။ ထူးဆန်းသော ကိစ္စများက တစ်ခု၊ နှစ်ခုပင် မကတော့ချေ။
လီဟန်းဆောင်က မေး၏။
"အဲ့ဒီလူတွေကဘယ်သူတွေလဲ။ ဘာတွေဖြစ်ကုန်တာလဲ"
"ကျနော်မသိဘူး"
"ဒေါ့ဂျာတောင်မသိဘူးဆိုတော့…. "
လီဟန်းဆောင်မှာ စိတ်လှုတ်ရှားနေချေပြီ။ ကံကောင်းစွာဖြင့် မြုံဒေါင်ဘူတာ၏ အလံတိုင်ကတော့ အလွတ်အတိုင်းရှိနေဆဲပင်။
[လက်ရှိအချိန်တွင် မြုံဒေါင်ဘူတာကို မည်သည့်အဖွဲ့မှ သိမ်းယူမထားသေးပါ။]
[ဤဘူတာအား သိမ်းယူလိုပါသလား]
အလံတိုင်တွင် အလံကိုတင်လိုက်ပြီးနောက် အလံကိုပြန်ဖြုတ်လိုက်ရာ ကျနော့်အလံနှင့် တူသော အလံတစ်ခုမှာ အလံတိုင်တွင်ပေါ်လာတော့သည်။
[သင်သည် မြုံဒေါင်ဘူတာကို သိမ်းယူပြီးသွားပါပြီ။]
[ပင်မစခန်း သို့မဟုတ် အလံ သိမ်းယူခြင်းကိုမခံရမချင်း သိမ်းယူထားသောဘူတာကို သင့်ဆီကနေ လုယူ၍ရမည်မဟုတ်ပါ။]
[လက်ရှိအချိန်အထိ သိမ်းယူထားသောစခန်းများ : ချွန်မူရို (ပင်မစခန်း)၊ မြုံဒေါင်]
[အနီရောင်အလံ၏အကျိုးကျေးဇူးအာနိသင်မှာ မြင့်တက်သွားပါပြီ။]
အလံ၏အနီရောင်မှာ ပိုမိုနက်မှောင်သောအရောင်အဖြစ်ပြောင်းသွား၏။
[ဘူတာအသစ်တစ်ခုကို သိမ်းယူလိုက်ခြင်းကြောင့် သင်၏ဩဇာလွှမ်းမိုးမှုမှာ ကျယ်ပြန့်လာပါပြီ။]
[ဝှက်ထားသောဇာတ်ဝင်ခန်း ရောက်ရှိလာပါပြီ။]
[ဘုရင့်လမ်းကြောင်းစတင်ပါပြီ။]
[ဝှက်ထားသောဇာတ်ဝင်ခန်း – ဘုရင့်လမ်းကြောင်း]
အမျိုးအစား : ဝှက်ထားသောဇာတ်ဝင်ခန်း
ခက်ခဲမှု : A
ပြီးမြောက်ရန်လိုအပ်ချက် : ကန့်သတ်ထားသောအချိန်အတွင်း အနည်းဆုံး ဘူတာ၁၀ခုကို သိမ်းယူပါ။
အချိန်ကန့်သတ်ချက် : ၁၀ ရက်
ဆုလာဘ် : 'ဘုရင်'တစ်ပါး၏ ဝိသေသ လက္ခဏာ
ကျရှုံးမှု : တစ်ရက်လျှင် ဘူတာတစ်ခု မသိမ်းယူနိုင်ပါက သင်နှင့် သင့်အဖွဲ့သားများအားလုံးသေရမည်။
နောက်ဆုံးတွင်တော့ ထိတ်လန့်ဖွယ်ရာ ဝှက်ထားသော ဇာတ်ဝင်ခန်းကို ကျနော်ရင်ဆိုင်ရတော့မည်ပင်။ ဤဇာတ်ဝင်ခန်းကိုစပြီးရင်ဆိုင်ရပြီဆိုပါက နောက်ပြန်လှည့်၍ မရတော့တာ သေချာ၏။ ဘုရင်တစ်ပါးဖြစ်ဖို့ဆိုလျှင် ကြုံတွေ့ရမည့်ကံကြမ္မာက နှစ်ခုသာ ရှိသည်။
ဘုရင်ဖြစ်လာမည်လား။ သေမည်လားပင်။
[ဘုရင်အလောင်းအလျာသည် သူ၏ဘုရင်လမ်းကြောင်းကို စတင်လျှောက်လှမ်းနေပါပြီ။]
ယခုအချိန်ကစပြီး ကျနော်ပြင်းထန်စွာ ရုန်းကန်ရပေတော့မည်။
.................................
ချွန်မူရိုဆီသို့ ကျနော်ပြန်သွားလိုက်ပြီး အဖွဲ့သားများကိုစုဝေးကာ ဝှက်ထားသော ဇာတ်ဝင်ခန်းအကြောင်းကို ပြောပြလိုက်၏။ ကျနော့်စကားများကိုကြားပြီး လီဟန်းဆောင်တစ်ယောက် တွေဝေသွားချိန်တွင် ယောင်ဟီဝမ်မှာ စိတ်ဝင်စားသော အမူအရာကို ပြနေ၏။ ယူဆန်းအာကတော့ ခါတိုင်းကဲ့သို့ပင် စိတ်လှုတ်ရှားနေလေသည်။
"ဒေါ့ဂျာပြောပုံကိုနားထောင်ကြည့်ရသလောက် ဇာတ်ဝင်ခန်းက ခက်မဲ့ပုံပဲနော်။ ဒေါ့ဂျာ...ရှင်အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်”
ဘုရင့်လမ်းကြောင်းကို ကျနော်လျှောက်လှမ်းခွင့်ရသည့်အတွက် ကျနော့် အဖွဲ့သားများသည် မနာလိုဖြစ်ရမည့်အစား စိတ်သာပူနေကြသည်။
လီဟန်းဆောင်က ပြော၏။
"ဒေါ့ဂျာဟာ ဘုရင့်အလောင်းအလျာဖြစ်လာတာကို ကျုပ်ဝမ်းသာတယ်"
"ကျေးဇူးတင်ပါတယ်"
"’ဒါဆိုရင် နင့်ကိုအရှင်မင်းကြီးလို့ ခေါ်သင့်လား"
လီဟန်းဆောင်၏စကားကြောင့် ရင်ထဲထိသွားချိန်တွင် ယောင်ဟီဝမ်၏ နားရင်းဖြတ်ရိုက်သလိုစကားကိုကြားလိုက်ရခြင်းဖြစ်၏။
"အဲ့လိုအခေါ်မခံချင်ဘူး"
"အရှင်မင်းကြီး....ဝှက်ထားတဲ့ဇာတ်ဝင်ခန်းအရဆိုရင် ဘူတာအသစ်ကို အခုချက်ချင်း ငါတို့တွေ သွားသိမ်းသင့်နေပြီမဟုတ်ဘူးလား။ အရှင်မင်းကြီးရဲ့ နောက်လိုက်တွေရဲ့အသက်ကို ထည့်တွက်သင့်တယ်နော်"
ယောင်ဟီဝမ်သည် ခပ်ရွဲ့ရွဲ့ဆိုသည်။
ကျနော်ခေါင်းညိတ်လိုက်၏။
"ငါတို့တွေကို တိုက်ခိုက်ခဲ့တဲ့လူတွေအကြောင်းကို စုံစမ်းဖို့လိုမယ်လို့ ထင်တယ်။ ဒုံမြိုဘူတာဆီ ငါသွားလိုက်မယ်။ ယောင်ဟီဝမ်နဲ့ လီဟန်းဆောင်တို့နှစ်ယောက်လည်း ငါနဲ့လိုက်ခဲ့ပေးလို့ရမလား"
ကျနော့်စကားအဆုံးတွင် ယူဆန်းအာက လက်မြှောက်ပြ၏။
"ဒါဆိုရင် ကျမလည်း.... "
"ယူဆန်းအာက ဒီမှာပဲ နေပေးပါ"
"အဲ...တကယ်နေခဲ့ရမှာလား....ပြောရမယ်ဆိုရင် ပိုပြီးတော့.... "
ယူဆန်းအာ၏စကားသံကို အာရုံစိုက်ပြီးနားထောင်ကြည့်လိုက်ရာ ယူဆန်းအာ၏ လေသံမှာ စိတ်ဓါတ်ကျနေပုံရသည်။ ကြည့်ရသည်မှာ ယူဆန်းအာမှာ သူ့ကိုသူအသုံးမဝင်ဟု ထင်နေပုံပင်။
ယူဆန်းအာ၏ထိခိုက်အောင်လုပ်နိုင်စွမ်းမှာ ယောင်ဟီဝမ်လောက်အားမကောင်းသလို ယူဆန်းအာသည် လီဟန်းဆောင်လိုလည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုအပိုင်းတွင် မမြင့်မားလှချေ။ ထို့အပြင် ယူဆန်းအာ၌ လီဂီယောင်ကဲ့သို့ အစွမ်းထက်လှသည့် ဝှက်ဖဲလည်း မရှိဟု ပြော၍ရ၏။
"ယူဆန်းအာ"
"…ဟုတ်ကဲ့"
ယူဆန်းအာ၏ယခင် 'အရည်အချင်းများ'မှာ ဤကမ္ဘာအသစ်၌ အသုံးမဝင်တော့ချေ။ သို့သော် ယူဆန်းအာသည် စိတ်ထားကောင်းလွန်းလှသဖြင့် အခြားလူတွေအပေါ်၌ မနာလိုဖြစ်ရကောင်းမှန်းပင် မသိသောသူဖြစ်၏။ ထို့ကြောင့် အခြားလူတွေထက် နောက်ကောက်ကျနေခြင်းအဖြစ်ကို ယူဆန်းအာတစ်ယောက်စိတ်ဓါတ်ကျနေရုံသာ တတ်နိုင်လေတော့သည်။
"ယူဆန်းအာ။ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စတွေရှိတယ်ဗျ"
"အင်း။ ကျမ နားလည်ပါတယ်"
ယူဆန်းအာသည် အားမရှိစွာဖြင့် ပြုံးပြလေသည်။
အသုံးမကျဟု သတိပေးသကဲ့သို့ဖြစ်မသွားအောင် စကားကိုဂရုစိုက်ပြီး ကျနော်ပြောခဲ့ခြင်းဖြစ်၏။
"မြေအောက်ရထားပေါ်မှာတုန်းက ယူဆန်းအာပြောခဲ့တာကို မှတ်မိလား။ ဒေါ့ဂျာဟာ ကိုယ့်ဘဝနဲ့ကိုရှိနေသလိုပဲ ယူဆန်းအာလည်း …"
"ကျမလည်း ကိုယ့်ဘဝနဲ့ကိုရှိနေတာလေ…….ဟုတ်ကဲ့....ကျမ မှတ်မိပါတယ်။ ကျမရဲ့ဖုန်းထဲမှာတောင် မှတ်ထားသေးတယ်ရှင့်"
"ဒီမှာ ယူဆန်းအာလုပ်ပေးရမယ့်အလုပ်တွေရှိနေတယ်။ သတိလစ်နေတဲ့ လီဂီယောင်ကို တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်ဘူးလေ။ ဂုံဖီဒူကိုစောင့်ကြည့်ပေးမယ့်လူလည်း ရှိဖို့လိုတဲ့အပြင် ကြောက်နေတဲ့ အဖွဲ့သားတွေကိုလည်း ထိန်းပေးဖို့လိုသေးတယ်"
ယူဆန်းအာ၏မျက်လုံးများမှာ တုန်လှုတ်သွား၏။
"ပြီးတော့ ဟေးယောင်အဖွဲ့ကိုလည်း သတိထားဖို့လိုသေးတယ်။ ကျနော်တို့မရှိတုန်း အဲ့ကောင်တွေ တိုက်ခိုက်လာနိုင်တယ်လေ။ ဂုံဖီဒူက ဒီမှာရှိနေတယ်ဆိုပေမဲ့ ယူဆန်းအာရဲ့ချည်နှောင်ခြင်း ကြိုးမျှင်တွေကို လိုလာလောက်တယ်ဗျ"
"ကျ-ကျမလုပ်ရမယ့်အလုပ်က အဲ့လောက်တောင် အရေးကြီးတာလား"
ယူဆန်းအာ၏လေသံက အားနည်းနေရခြင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းလွန်းခြင်းကြောင့် ဖြစ်လေသည်။
"ဟေ့...အားလုံးပဲ။ ယူဆန်းအာကို အာဏာတချို့ပေးမှဖြစ်မယ်။ ဘယ်လိုသဘောရကြလဲ"
လီဟန်းဆောင်နှင့်ယောင်ဟီဝမ်တို့မှာ တစ်ခဏခန့်စဥ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြ လေသည်။
"အဆင်ပြေပါတယ်။ ယူဆန်းအာဆိုရင် ယုံကြည်ပြီးသားပါ"
"အရှင်မင်းကြီးရဲ့ဆန္ဒအတိုင်းပဲ ကျွန်တော်မျိုးမတို့တွေလိုက်လုပ်.... "
ယောင်ဟီဝမ်ကို ကျနော်စိုက်ကြည့်မိလိုက်သည်။
ဒီဟာမက ရယ်စရာလို့ထင်နေတာလားဟ
[သင်သည် ကိုယ်စားပြုခေါင်းဆောင်တစ်ယောက်၏ တုနှိုင်းမဲ့ခွင့်ပြုချက်ကို အသုံးပြုထားပါသည်။]
[ချွန်မူရိုဘူတာ၏ကိုယ်စားပြုခေါင်းဆောင် ကင်ဒေါ့ဂျာသည် သူ၏အာဏာ တချို့တဝက်ကို 'ယူဆန်းအာ'ထံ လွှဲပြောင်းပေးလိုက်ပါသည်။]
[အဖွဲ့သား'ယူဆန်းအာ'သည် ချွန်မူရိုဘူတာ၏ လက်ထောက်ခေါင်းဆောင်ဖြစ်သွားပါပြီ။]
[အဖွဲ့သား'ယူဆန်းအာ'သည် ကိုယ်စားပြုခေါင်းဆောင်အစား ပြစ်ဒဏ်များကို ချမှတ်ပေးနိုင်သွားပါပြီ။]
ကြက်သေသေသောအကြည့်ဖြင့် ယူဆန်းအာသည် ကျနော့်ကိုကြည့်လိုက်ပြီး စကားထစ်စွာဖြင့် ပြောလေသည်။ ယူဆန်းအာ၏ပုံစံမှာ ကြောက်ရွံ့နေပုံရ၏။
"ဒီ-ဒီလောက်ကြီးတဲ့ရာထူးကို ကျမကို ပေးတာတဲ့လား …"
"ယူဆန်းအာလက်ထဲကို ကျနော်အပ်လိုက်ပြီနော်"
စိတ်ထဲရှိသည့်အတိုင်းသာ ကျနော်ပြောလိုက်ခြင်းဖြစ်၏။ လူတိုင်းမလုပ်နိုင်သော ကိစ္စတွေ ရှိသည်ဟု ဆိုခဲ့ခြင်းမှာလည်း ကျနော်လိမ်ပြောခဲ့ခြင်းမဟုတ်ပေ။
ကျနော်သိထားသည့် ယူဆန်းအာ၏ အရည်အချင်းတွေနှင့်ဆိုလျှင် လက်ထောက်ခေါင်းဆောင်နေရာက အသင့်တော်ဆုံးဖြစ်၏။
ယူဆန်းအာသည် HR(လူစွမ်းအားအရင်းအမြစ်)ဌာနတွင် အတော်ဆုံးလူဖြစ်ခဲ့၏။
"အင်း...ကျမအကောင်းဆုံးကြိုးစားပါမယ်"
ယူဆန်းအာသည် ဦးညွတ်လိုက်ပြီး ခေါင်းကိုဖြည်းဖြည်းပြန်မော့၏။ ယူဆန်းအာ၏မျက်လုံးများထဲတွင် မျက်ရည်များ တွဲလောင်းခိုနေပေပြီ။
……………………….
ထို့နောက်တွင်တော့ အရှေ့ဘက်ရှိ လှိုဏ်ခေါင်းဆီသို့ကျနော်တို့ဦးတည်လိုက်ကြသည်။
ဒုံမြိုဘူတာကိုရောက်ဖို့ဆိုလျှင် ဘူတာသုံးခုကို ကျနော်တို့ဖြတ်ကျော်ရမည်ဖြစ်၏။ မူးဝေနေသော ဂန်အီဟွန်နှင့်အတူ ကျနော်တို့တွေ ခရီးဆက်ကြပေပြီ။ ဂန်အီဟွန်ကိုတပါထဲ ခေါ်သွားရည်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လှသော်လည်း ရန်သူတွေကိုအတည်ပြုဖို့အတွက် ဂန်အီဟွန်က လိုကိုလိုသည်။ ချွန်မူရိုဘူတာဆီ ကျနော်လှည့်ကြည့်လိုက်ချိန်တွင် ယူဆန်းအာ၏အသံကိုကြားလိုက်ရ၏။
"အားလုံးပဲ။ ကျေးဇူးပြုပြီး စုဝေးပေးကြပါ"
မျှော်လင့်ထားသည့်အတိုင်းပင် ယူဆန်းအာသည် နောက်ကွယ်၌ ကြိုးကြိုးစားစား လှုတ်ရှားပေးနပေပြီ။ ယူဆန်းအာသည် လူတွေကိုပင်စုစည်းထားပြီး အမိန့်တွေပေးနေ၏။
ယူဆန်းအသည် အစောင့်စစ်သားများကိုပင် ဖွဲ့စည်းထားပြီး နေရာပေါင်းစုံတွေ လူတွေကိုအသီးသီး တာဝန်ပေးထားသည်။ အချို့သော အိမ်ရှင်မဟာမိတ် အဖွဲ့သားဟောင်းများည် ယူဆန်းအာ၏ စကားကို နားမထောင်လိုဟု ငြင်းဆန်ခဲ့ကြသော်လည်း....
[ချွန်မူရိုဘူတာ၏လက်ထောက်ခေါင်းဆောင်ယူဆန်းအာသည် ပြစ်ဒဏ်ပေးခြင်းကို သုံးလိုက်ပါသည်။]
လူတချို့၏ငြီးငြူသံကိုပင် ကျနော်ကြားယောင်မိနေချေပြီ။
…အဆင်ပြေပါ့မလား။ ကဲပါလေ...အဆင်ပြေလောက်မှာပါ
ယောင်ဟီဝမ်သည် ကျနော့်မျက်နှာကိုကြည့်ပြီးပြောသည်။
"မိုက်တယ်ကွာ။ ယူဆန်းအာဟာ နည်းနည်းစိတ်ဓါတ်ကျနေတယ်လို့တောင် ထင်ခဲ့မိတာဟ"
"စိတ်ဓါတ်ကျနေတာကိုအားပေးချင်လို့ ယူဆန်းအာကို ငါရွေးခဲ့တာမဟုတ်ဘူး။ ယူဆန်းအာဆိုရင် ဘူတာကိုထိန်းချုပ်တဲ့နေရာမှာ ကောင်းကောင်းလုပ်နိုင်မှာပါလို့ပဲ ငါကတွေးခဲ့တာလေ"
"…ဪ။ ဒါကြောင့်လား။ ဒါဆိုရင် ငါ့ကိုလည်း နောက်ကျရင် ရွေးပေးဦးနော်။ ငါလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်ဟ"
"ကွပ်မျက်ပေးတဲ့လူလုပ်မလား"
"…တော်လိုက်တော့"
ယောင်ဟီဝမ်သည်နှာခေါင်းရှုံ့ပြီး ခေါင်းကိုဟိုဘက်လှည့်သွားလေသည်။ ယောင်ဟီဝမ် နောက်ပြောင်နေသဖြင့် ကျနော့်စိတ်ထဲပေါ့ပေါ့ပါးပါးဖြစ်နေလေ၏။
"ဒါပေမဲ့ ခေါင်မိုးပေါ်မှာရှိတဲ့လူမိုက်ကောင်ကို ဒီအတိုင်းထားခဲ့လို့ အဆင်ပြေပါ့မလား"
"ဟမ်…ဪ….ယူဂျွန်ဟော့ကိုပြောတာလား"
"အဲ့ကောင်နာမည်က ယူဂျွန်ဟော့လား။ ဟုတ်တယ်…အဲ့ဒီလူမိုက်ကောင်ကို ပြောတာ"
"အဲ့ကောင်ကိုဒီအတိုင်းထားခဲ့လို့အဆင်ပြေလောက်မှာပါ"
"နင့်လေသံက အဲ့ကောင်အကြောင်း ကောင်းကောင်းကြီးသိတဲ့လေသံနဲ့။ ဘာတွေလဲဟ”
"အဲ့ဒါကလေ… "
ကျနော်စကားဆက်မပြောခင် တစ်ခဏခန့်တွေးလိုက်၏။
"ဟီဝမ်။ နင်က တဦးထဲသောသမီးလား"
"မဟုတ်ဘူး။ ငါ့အောက်မှာ အငယ်တစ်ယောက်ရှိတယ်။ ဘာဖြစ်လို့လဲ"
"မောင်လေးလား။ ညီမလေးလား"
"မောင်လေးပါ"
"နင့်မောင်လေးက အသက်ဘယ်လောက်ရှိပြီလဲ"
"ငါ့မောင်လေးက ငါ့ထက် တစ်နှစ်ငယ်တယ်"
"မောင်လေးတစ်ယောက်ရှိနေတာ ဘယ်လိုခံစားရလဲ"
"အာရုံနောက်တယ်။ ငါ့ကိုဆိုရင် ငါ့မောင်က လွယ်လွယ်ခံပြောတတ်တဲ့အပြင် ငါ့အမေအစား ငါကပဲ သူ့ကိုကျောင်းလိုက်ပို့ပေးရတာဟ"
မောင်ဖြစ်သူအကြောင်း အပြစ်ပြောပြီးသည့်နောက်တွင် ယောင်ဟီဝမ်မှာ တိတ်ဆိတ်သွား၏။ ယောင်ဟီဝမ်မှာ ငေးငိုင်နေသဖြင့် ကျနော်မေးလိုက်လေသည်။
"ဒါပေမဲ့ အခုတော့ နင့်မောင်ကို စိတ်ပူနေတယ်မလား’
"ပူတာပေါ့….ငါတို့က မိသားစုတွေပဲလေ"
"ငါလည်းအတူတူပဲ"
"ဒေါ့ဂျာ။ နင့်မှာလည်း ညီတစ်ယောက်ရှိနေတာလား"
"မရှိဘူး။ ငါက ယူဂျွန်ဟော့နဲ့ပတ်သတ်ပြီး အတူတူပဲလို့ပြောတာဟ"
"အာ…"
ယောင်ဟီဝမ်သည် ကျနော့်ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ယူဂျွန်ဟော့ကို နင်က မုန်းတာလား။ သဘောကျတာလား"
"မုန်းတာပေါ့ဟ။ သူ့ကြောင့်နဲ့ လူတွေအများကြီးကို ငါတိုက်ခိုက်ခဲ့ရတာလေ"
Ways of Survival၏ အစောပိုင်းအခန်းများကို ဖတ်ရှုခဲ့သူက ကျနော်တစ်ယောက်ထဲ ရှိခဲ့ခြင်းမဟုတ်ချေ။ အခန်း၁၀ရောက်သည်အထိ လူအများအပြားမှာ လိုက်ဖတ်ခဲ့ကြ၏။
အခန်း ၅၀ရောက်သည့်အချိန်တွင်ပင် စာဖတ်သူဦးရေ ၁၂ယောက်အထိ ကျန်ခဲ့သေးလေသည်။
ကင်နမ်ဝန်ကို သဘောကျသည့်လူတစ်ယောက်ပင် ရှိခဲ့ဖူးသဖြင့် ထိုလူနှင့်ပင် ကျနော်စကားများခဲ့သေး၏။ ကျနော်နှင့် စကားများဖူးခဲ့သူများသည်လည်း ယခုအချိန်အထိ အသက်ရှင်လျက်ရှိနေကြဦးမည်လားကို သိချင်မိသည်။ ကျနော် ယခုဖမ်းဖို့လုပ်နေသည့်လူသည်လည်း ကျနော်နှင့်စကားများခဲ့ဖူးသူများထဲက တစ်ယောက်ပင် ဖြစ်နေလောက်၏။
"ခင်ဗျားတို့နှစ်ယောက်ဟာ အခုနောက်ပိုင်း ပိုပြီးရင်းနှီးလာသလိုပဲနော်"
လီဟန်းဆောင်က စကားဝင်ဖြတ်ပြောလိုက်ရာ ယောင်ဟီဝမ်အနားသို့ ကျနော်အရမ်းကပ်သွားမိကြောင်း သတိထားမိလိုက်သည်။
ယောင်ဟီဝမ်က ပြုံး၏။
"ဘာဖြစ်လို့လဲ။ ဦးဦးစစ်သားကြီး။ သဝန်တိုနေတာလား”
"ဟာ…အဲ့လိုမဟုတ်ပါဘူးဟာ …"
ယခုမှစဉ်းစားမိသည်။ လီဟန်းဆောင်သည် ယောက်ျားလေးအထက်တန်းကျောင်း ပြီးပြီးချင်းမှာပဲ စစ်တပ်ထဲဝင်ခဲ့ခြင်းဖြစ်၏။ မူရင်းဇာတ်လမ်း၏ဇာတ်ညွှန်းအကြောင်းကို တွေးမိချိန်တွင် လီဟန်းဆောင်အတွက် စိတ်မကောင်းဖြစ်မိလေသည်။
"ငါတို့တွေ ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံဘူတာရုံကို ရောက်ပြီလိုပဲ"
အမှန်ပင်။ အဝေးတွင်ရှိနေသော ဒွန်ဒဲမွန်ယဉ်ကျေးမှုပန်းခြံဘူတာ၏ အဝင်ဝကိုပင် လှမ်းမြင်နေရချေပြီ။
လှိုဏ်ခေါင်း၏ နံရံဘက်သို့ စိတ်လှုတ်ရှားစွာဖြင့် ကျနော်တို့တွေ ကပ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ရန်သူအဖွဲ့သားများစောင့်ကြိုနေမည်ကို စိုးရွံ့၍ နံရံနား ကပ်မိခြင်းဖြစ်သည်။ သို့သော် အလကားသက်သက် စိတ်ပူမိသွားသလိုသာ ဖြစ်ခဲ့၏။ ယောင်ဟီဝမ်က တီးတိုးရေရွတ်လိုက်သည်။
"ထူးဆန်းတယ်။ ဘာအစောင့်မှလည်း မရှိဘူး"
အလံအတွက်ကြိုးစားခြင်း ဇာတ်ဝင်ခန်းရှိနေချိန်တွင် မည်သည့်အစောင့်မှ ရှိမနေခြင်းမှာ ဤဘူတာသည် တခြားဘူတာ၏သိမ်းပိုက်ခြင်းကို ခံထားရပြီဖြစ်ကြောင်း ပြသနေခြင်းသာ။ အခြေအနေကို ကျနော်တို့တွေအတည်ပြုပြီးသည်နှင့် အလံတိုင်နားသို့ ချက်ချင်းသွားလိုက်၏။
[ဤဘူတာကို 'ဒုံမြိုဘူတာ'က သိမ်းပိုက်ထားပါသည်။]
[ဤဘူတာအား သိမ်းပိုက်လိုပါက ဒုံမြိုဘူတာ၏ အလံကိုလုယူတာဖြစ်ဖြစ်၊ ဒုံမြိုဘူတာ၏ အလံတိုင်ကို သိမ်းပိုက်တာဖြစ်ဖြစ် လုပ်ရမည်။]
ထင်ထားသည့်အတိုင်းပင်။
ထိုစဉ် ဂန်အီဟွန်၏ခန္ဓာကိုယ်မှာတွန့်လိမ်လာပြီး အတက်ရောဂါကို ခံစားနေရသကဲ့သို့ တဆက်ဆက်တုန်ခါလာကာ ဂန်အီဟွန်၏ပုံစံမှာ ထူးဆန်းလာလေတော့သည်။ ပါးစပ်ထဲရှိ ကြိုးမျှင်များကို ကျနော်ဖယ်ပေးလိုက်ချိန်တွင် ဂန်အီဟွန်က ထအော်၏။
"ဟ-ဟင့်အင်း …"
"…ဘာဖြစ်လို့လဲ"
"ဒ-ဒွန်ဒဲမွန် … ဒွန်ဒဲမွန်ဘူတာက… "
ဂန်အီဟွန်မှာ တံတွေးများ အပြင်သို့စင်ထွက်သည်အထိ အော်ဟစ်နေလေတော့သည်။ တစ်စုံတစ်ခုကို ကျနော်သဘောပေါက်သွားပြီး ဂန်အီဟွန်၏ ပုခုံးကို နှစ်သိမ့်ပေးချင်စိတ်ဖြင့် ပုတ်လိုက်၏။
ထိုစဉ်….
[ဂန်အီဟွန်ဇာတ်ကောင်သည် ယခုဆိုလျှင် လေလွင့်လူတစ်ယောက်ဖြစ်သွားပါပြီ။]
‘ဒွန်ဒဲမွန်ဘူတာ’နှင့် ဂန်အီဟွန်တို့၏ ဆက်နွယ်မှုပြောင်းလဲသွားခြင်းပင်။ ယောင်ဟီဝမ်က မေးလေသည်။
"ဘာတွေဖြစ်နေတာလဲ"
"ကြည့်ရတာ ဒွန်ဒဲမွန်ဘူတာဟာ သိမ်းယူခံလိုက်ရတဲ့ပုံပဲ"
"…ဟမ်"
ရုတ်တရက်ဆိုသလို အခြေအနေကို သဘောပေါက်သွားတော့သည်။ ဟုတ်ပေသည်။ သတင်းအချက်အလက်တွေ ပေါက်ကြားအောင် လုပ်ခဲ့သောလူတွေဘက်မှ လှုတ်ရှားခဲ့ခြင်းသာ။
"…ထောင်ချောက်ကို နှစ်ဆင့် ဆင်ထားတာပဲ"
သတင်းပေါက်ကြားအောင်လုပ်ခဲ့သူများသည် မြုံဒေါင်အဖွဲ့နှင့် ဒွန်ဒဲမွန်အဖွဲ့တို့ကို ချွန်မူရိုအား တိုက်ခိုက်အောင်လုပ်ခဲ့၏။ ချွန်မူရိုကို ထိုအဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ပါက နှစ်ဖွဲ့လုံး သေသွားမည်ကို သိထားခြင်းကြောင့် တမင်သတင်းပေးခဲ့ခြင်းဖြစ်လေသည်။ အဖွဲ့တွေ၏ အဓိကအင်အား မရှိတော့သည်နှင့် မြုံဒေါင်နှင့် ဒွန်ဒဲမွန်တို့ကို သိမ်းယူခဲ့ခြင်း ဖြစ်လောက်၏။ မြုံဒေါင်ဘူတာတုန်းက မည်သူမှန်းမသိရသောလူတွေသည် သတင်းပေါက်ကြားစေခဲ့သောလူတွေဘက်မှဖြစ်ဖို့များသည်။
သို့ပေသိ…အဖွဲ့နှစ်ဖွဲ့ကို ရင်ဆိုင်ရာတွင် ကျနော်တို့နိုင်မည်မှန်း သူတို့တွေ မည်ကဲ့သို့ သိခဲ့သနည်း။ ကျနော်၏တည်ရှိမှုကို သူတို့ဘက်က သိနိုင်လောက်မည်တော့ မဟုတ်လောက်ချေ။
တတိယအကြိမ်နောက်ပြန်ဆုတ်ပြီးတော့ ချွန်မူရိုဘူတာရဲ့ ကိုယ်စားပြု ခေါင်းဆောင်က…အာ…ဟုတ်သားပဲ…ဟိုမအေဘေးကြောင့်ကိုး။ အဲ့ဒီမအေဘေးကို သူတို့တွေပစ်မှတ်ထားခဲ့တာပဲဖြစ်ရမယ်။
လုံးဝကိုသေချာနေပေပြီ။ ယခုအစီအစဉ်ကို ဖန်တီးခဲ့သော ပရောဟိတ်များသည် သေချာပေါက်ကို ယူဂျွန်ဟော့အား ပစ်မှတ်ထားခဲ့လောက်၏။ ထိုစဉ် လီဟန်းဆောင်က စကားဆိုလေသည်။
"လူတွေလာနေပြီ"
ဒွန်ဒဲမွန်လှိုဏ်ခေါင်းဘက်ကနေ လူတစ်စုချည်းကပ်လာနေချေပြီ။
ထိုလူတွေသည် ကောင်းမွန်သောလက်နက်တွေရှိကြသည့် အဖွဲ့တစ်ဖွဲ့ဖြစ်၏။
ထိုလူတွေကိုင်ဆောင်ထားသော လက်နက်များမှာ C-အဆင့် သို့မဟုတ် C-အဆင့်ထက် ပိုမြင့်သော လက်နက်များဖြစ်ပုံပေါ်သဖြင့် မယုံနိုင်လောက်အောင် စွမ်းလောက်ပေမည်။
အဖွဲ့၏အလယ်မှ လူသည် ကျနော်တို့ကို စကားစပြောလိုက်၏။ ထိုလူသည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပြီး လက်နှင့်လည်ပင်းတွင် မျိုးစုံသော ပစ္စည်းများကို ဝတ်ဆင်ထားသည်။
"အဲ…ဂန်အီဟွန်ပါလား။ တကယ်ပါပဲကွာ။ ဆန်ကုန်မြေလေးတစ်စုကို မင်းက ငါ့ဆီကို ခေါ်လာခဲ့တာလားဟ"
ဂန်အီဟွန်မှာတုန်ရီနေပြီး ပါးစပ်တွင်အမြုတ်တွေထွက်ကာ သတိလစ်သွားတော့သည်။
ဒီလူများလားဟ
[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]
တစ်ခဏခန့်အကြာတွင် မက်ဆေ့ချ်အသံများကို ကြားလိုက်ရ၏။
[ဤလူနှင့်သက်ဆိုင်သော အချက်အလက်များကို 'ဇာတ်ကောင်စာရင်း'တွင် ဖတ်၍မရနိုင်ပါ။]
[ဤလူသည် 'ဇာတ်ကောင်စာရင်း'တွင် စာရင်းသွင်းမထားပ။]
ထင်သည့်အတိုင်းပင်။
ထိုလူသည် ကျနော်တို့ကိုကြည့်လိုက်၏။
"ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးကြမလား။ ဒါမှမဟုတ်…."
ထိုလူစုသည် လက်နက်များကို တပြိုင်တည်း ဆွဲထုတ်လိုက်ကြ၏။
ချက်ချင်းဆိုသလို ကျနော်ပြန်ဖြေသည်။
"ငါတို့တွေက ချွန်မူရိုကနေ ရောက်လာကြတာ"
"ချွန်မူရိုဟုတ်လား"
ထိုအချိန်တွင် လေထဲ၌ အလင်းစက်များ ထွက်ပေါ်လာတော့သည်။
[တစ်စုံတစ်ဦးသည် စိစစ်ရှာဖွေမှု ဝိသေသ လက္ခဏာကို သင့်အပေါ်တွင် သုံးနေပါသည်။]
[သီးသန့်စွမ်းရည် Fourth Wallသည် စိစစ်ရှာဖွေမှု ဝိသေသ လက္ခဏာကို တားဆီးလိုက်ပါသည်။]
ကျနော့်ရှေ့ကလူမှာ တုန်လှုတ်သွားပုံပေါ်လေသည်။ တစ်ခဏခန့် ထိုလူမှာ တွန့်ဆုတ်သွားပြီးနောက် စူးစမ်းလိုသော အကြည့်ဖြင့် ကျနော့်ကိုကြည့်၏။
"…စိတ်တော့မရှိနဲ့။ မင်းနာမည်က ဘယ်လိုခေါ်လဲ"
ယောင်ဟီဝမ်နှင့် လီဟန်းဆောင်တို့ကို ကျနော်လှမ်းကြည့်လိုက်၏။ ထို့နောက်တွင်တော့ ကျနော်ပြုံးလိုက်ပြီး အေးတိအေးစက် လေးလေးပင်ပင်ရှိသော လေသံဖြင့် ထိုလူကို ပြန်ဖြေလိုက်လေတော့သည်။
"ငါ့နာမည်က….ယူဂျွန်ဟော့"