ချင်းရှောင် ရောက်ရှိလာခြင်း
Vol. 8 Ch. 74
ဝူတင်းပေ၏ စကားကို ကြားသောအခါ ချန်မင်တာအိုဆရာက သူ မည်သူမည်ဝါ ဖြစ်သည်ကို အမှန်တကယ် ပြန်မမှတ်မိသော်လည်း လက်ရှိအခြေအနေတွင် အတိတ်က အဖြစ်အပျက်များမှာ အရေးမကြီးတော့ချေ။
"ငါတို့ဂိုဏ်းက ကုကျိုးစီရင်စုမှာ တည်ရှိပြီး ကုကျိုးစီရင်စုက ပြည်သူတွေရဲ့ လေးစားမှုကို ခံရတယ်... ကုကျိုးစီရင်စု ပြည်သူတွေအတွက် ထာဝရငရဲကျမယ် ဆိုရင်တောင် ငါတို့ နောင်တရမှာ မဟုတ်ဘူး..."
ချန်မင်တာအိုဆရာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူသည် ဘယ်ဘက်လက်ကို မြှောက်၍ သူ့လက်မောင်းကို သုံးချက် ပုတ်လိုက်လေရာ ချက်ချင်းပင် ညာဘက်လက်မောင်းမှာ ခွန်အားများ ပြန်လည်ပြည့်ဝလာသည်။ သူသည် ဓားရှည်ကို ကောက်ယူကာ ရှေ့သို့ တက်လိုက်ပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် အသင့်ပြင်လိုက်၏။
ဝူတင်းပေက သူ့ကို လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးအောက်မှ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ခင်ဗျားက အကောင်းပြောလို့ မရဘူးပဲ... ဒါဆိုရင် ငရဲပြည်က ဘယ်လိုလဲဆိုတာ ပြရသေးတာပေါ့..."
ဝူတင်းပေက ဟိန်းဟောက်လိုက်ပြီး လှံရှည်ကို မြှောက်ကာ လေထဲသို့ ခုန်တက်၍ ချန်မင်တာအိုဆရာထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
အခြားလမ်းတစ်လမ်းတွင် ချန်ဒင်ဘုရားကျောင်းမှ ထိုက်ဟန် ဘုန်းတော်ကြီးမှာ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံနေရသည်။ ချန်ဒင်ဘုရားကျောင်းမှ သိုင်းပညာရှင်များနှင့် ဘုန်းတော်ကြီးများ အပါအဝင် အလောင်းများစွာ လမ်းပေါ်တွင် ပြန့်ကျဲနေကာ လမ်းမနှင့် ခြံဝင်းတံတိုင်းများ နေရာအနှံ့တွင် သွေးများ ပေကျံနေသည်။
ထိုက်ဟန် ဘုန်းတော်ကြီးနှင့် တိုက်ပွဲမှာ အချိန်အတန်ကြာ ဖြစ်ပွားနေပြီ ဖြစ်သည်။ သူ၏ သင်္ကန်းများမှာ စုတ်ပြဲနေပြီး ကြေးခေါင်းလောင်းကြီးကိုပင် မနိုင်တော့ချေ။ သူသည် အရပ်မျက်နှာစုံမှ ဆက်တိုက် တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြေးခေါင်းလောင်းကြီး ပတ်လည်တွင် လှည့်ပတ်နေရုံသာ တတ်နိုင်တော့သည်။
ချန်ဒင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးများတွင် ဂိုဏ်းအဖွဲ့အစည်း ပုံစံမျိုး မရှိပေ။ ရန်သူ အရေအတွက် များပြားလာသည်နှင့်အမျှ လူအင်အားနှင့် လက်နက်အင်အား မမျှတသော အခြေအနေသို့ ရောက်ရှိလာကြသည်။
သို့သော် မည်သူမျှ မကြောက်ကြပေ။ သူတို့အားလုံး သိုင်းပညာရှင်များကို ဒေါသတကြီး စိုက်ကြည့်နေကြပြီး သေခြင်းတရားကို မမှုကြချေ။
ကျန်းခွေ့ထျန်းနှင့် အခြား အကျဉ်းသားများကို ဆက်လက် ခေါ်ဆောင်သွားကြသည်။ သူတို့သည် အဝေးတွင် တိုက်ခိုက်နေသော ပုံရိပ်များကို လှမ်းကြည့်လိုက်ရာ သူတို့၏ မိတ်ဆွေဟောင်းများကိုပင် မြင်တွေ့လိုက်ရသည်။ သူတို့သည် အလွန်နီးကပ်နေသော်လည်း ယခုအခါ အလွန် ဝေးကွာနေသကဲ့သို့ ထင်ရသည်။
သူတို့၏ သိုင်းပညာများ ဆုံးရှုံးထားရသဖြင့် ကူညီပံ့ပိုးရန် စွမ်းအားမရှိဘဲ သိုင်းလောက သူရဲကောင်းများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေကြသည်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။
"မရပ်နဲ့... သူတို့အတွက် ပူပန်နေမယ့်အစား မင်းတို့ နောက်ထပ် ဘာကြုံရမလဲ ဆိုတာကိုပဲ တွေးထား..."
မြင်းစီးထားသော နတ်ဆိုးသိုင်းပညာရှင်က ကြာပွတ်ကို ဝှေ့ယမ်းကာ ပြောလိုက်လေရာ သူ့စကားလုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပြီး ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။
အကျဉ်းသားများက သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်တော့ဘဲ ထုံထိုင်းစွာဖြင့် ရှေ့ဆက် လျှောက်လှမ်းနေကြသော်လည်း သူတို့၏ မျက်လုံးများမှာ အဝေးတွင် တိုက်ခိုက်နေဆဲ ဖြစ်သော ပုံရိပ်များအပေါ်သို့ အလိုအလျောက် ရောက်ရှိနေကြသည်။
ရုတ်တရက်…
ကျန်းခွေ့ထျန်းနားထဲ၌ တိုက်ပွဲ၏ အော်ဟစ်သံများကို အဝေးမှ ဝေဝါးစွာ ကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။ တံပိုးမှုတ်သံများကိုပင် သူ ကြားနေရသည်။
ဒါက...
စစ်တပ်ရဲ့ အသံလား...
ကျန်းခွေ့ထျန်း၏ စိတ်ဓာတ်များ တက်ကြွလာသည်။ အဝေးမှ တိုက်ပွဲ အော်ဟစ်သံများက ရှင်သန်လိုသော ဆန္ဒကို ပြင်းထန်စွာ မီးမွှေးပေးလိုက်၏။ ဤသည်မှာ ဂိုဏ်းကြီးနှင့် ချန်ဒင်ဘုရားကျောင်းတို့ မပေးစွမ်းနိုင်သော မျှော်လင့်ချက်မျိုး ဖြစ်သည်။
သိုင်းလောကဂိုဏ်းတစ်ခုက နန်းတွင်းစစ်တပ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...
သူ့တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြား အကျဉ်းသားများသည်လည်း တိုက်ခိုက်လိုစိတ်များ နိုးကြားလာကြသည်။ ဤသည်မှာ သူတို့၏ တစ်ခုတည်းသော အခွင့်အရေး၊ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များသည်လည်း အဝေးမှ မြို့ပြင်တိုက်ပွဲ အော်ဟစ်သံများကြောင့် လန့်ဖျပ်သွားကြပြီး နန်းတွင်းစစ်တပ် ရောက်လာပြီဟု ထင်မှတ်လိုက်ကြသည်။
စီရင်စုမြို့တော်ကို သိမ်းပိုက်ခြင်းနှင့် တာ့လီမင်းဆက် တစ်ခုလုံးကို တိုက်ခိုက်ခြင်းမှာ မတူညီသော ကိစ္စနှစ်ခု ဖြစ်သည်။
ထိုအချိန်တွင်ပင် လူပုံရိပ်တစ်ခု ဘေးနားရှိ လမ်းကြားထဲမှ ပြေးထွက်လာသည်။ ထိုသူမှာ သစ်သားတုတ်ကို ကိုင်ဆောင်ထားသော ရဟန်းပျိုတစ်ပါး ဖြစ်သည်။ သူသည် ငန်းရိုင်းတကောင်သဖွယ် ဝင်ရောက်လာပြီး နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူကို တစ်ချက်တည်း ရိုက်ချလိုက်ရာ မြင်းပါ လဲကျသွားသည်။
"ပြေးကြ..."
ရဟန်းပျိုက အသံနိမ့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် အကျဉ်းသားအုပ်စုကို စောင့်ကြပ်နေသော အခြား နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူများထံသို့ ပြေးဝင်သွားသည်။
သူသည် လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်၏ စွမ်းရည်ကို ပြသလိုက်သည်။
အကျဉ်းသားများမှာ အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ဖြစ်သွားပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ မြို့တံခါးဆီသို့ ပြေးထွက်သွားကြသည်။ ပြေးသည်ဟု ဆိုသော်လည်း သူတို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားကြသဖြင့် မြန်မြန် မပြေးနိုင်ဘဲ သွက်လက်စွာ လမ်းလျှောက်နေကြခြင်းသာ ဖြစ်သည်။
ကျန်းခွေ့ထျန်း ဆယ်လှမ်းခန့် လှမ်းပြီးသောအခါ ရဟန်းပျိုက အနီးနားရှိ နတ်ဆိုးကျွမ်းကျင်သူ အားလုံးကို အနိုင်ယူပြီးသွားပြီ ဖြစ်သည်။
သူ ရဟန်းပျိုကို ပြန်လှည့်ကြည့်လိုက်ပြီး ချက်ချင်း မှတ်မိသွားသည်။
အဖြူရောင်ဧကရာဇ်အိမ်တော်က ဂိုဏ်းငါးဂိုဏ်းကို ဖိတ်ခေါ်စဉ်က ဤရဟန်းပျိုသည်လည်း ချန်ဒင်ဘုရားကျောင်းနှင့်အတူ ပါလာခဲ့သည်။ ထိုစဉ်က သူ့နာမည်မှာ "ဘုန်းကြီး" ဖြစ်ကြောင်း သူ မှတ်မိလိုက်ပြီး ချန်ဒင်ဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော်၏ နောက်သို့ လိုက်ပါလာခဲ့သူဖြစ်သည်။ ထိုအချိန်က သူသည် သိုင်းပညာစွမ်းရည်ကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။
"ဒါကြောင့် ချန်ဒင်ဘုရားကျောင်းလို့ ခေါ်တာကိုး..." ဟု သူ တွေးလိုက်မိသည်။
အဖြူရောင်ဧကရာဇ်အိမ်တော်၏ မျိုးဆက်သစ်များထဲတွင် ဤကဲ့သို့ ပါရမီရှင်မျိုး မရှိခဲ့ပေ။
သူ ပြန်လှည့်၍ ရှေ့ဆက်သွားလိုက်ရာ သစ်သားတုတ်ကို ကိုင်ဆောင်ထားသော ရဟန်းပျိုက သူတို့ကို စတင် ကာကွယ် စောင့်ရှောက်လိုက်သည်။
နတ်ဆိုးဂိုဏ်းမှ သိုင်းပညာရှင်များသည် လက်စားချေလိုသော တစ္ဆေများသဖွယ် ခြံဝင်းတံတိုင်းများနှင့် ခေါင်မိုးများပေါ်မှ ခုန်ဆင်းလာကြသော်လည်း ရဟန်းပျို၏ ရိုက်ချက်ကြောင့် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကာ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားကြသည်။
ရဟန်းပျိုသည် "ပါး" ဓားသိုင်းကဲ့သို့ အတွင်းအားနှင့် ပြင်ပခွန်အားများကို ထုတ်ဖော်ခြင်း မရှိဘဲ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် တုတ်သိုင်းပညာကိုသာ လုံးလုံးလျားလျား အားကိုးထားရာ မည်သူမျှ သူ့ကို သုံးကွက်ထက် ပိုမခံနိုင်ကြပေ။
သူ၏ အံ့မခန်း စွမ်းဆောင်ရည်က အကျဉ်းသားများကို ယုံကြည်မှု ပိုမို တိုးပွားစေပြီး သူတို့၏ ခြေလှမ်းများ ပိုမို မြန်ဆန်လာကြသည်။
လမ်းကြားများကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်ပြီးနောက် ရဟန်းပျိုသည် သိုင်းပညာရှင် နှစ်ရာကျော်ကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။ သူ စတင် မောပန်းလာချေပြီ။ အဘယ်ကြောင့်ဆိုသော် သူ့ ပြိုင်ဘက်များမှာ သာမန်မဟုတ်ဘဲ အငြိမ်နေ၍ အထုခံမည့်သူများ မဟုတ်သောကြောင့် ဖြစ်သည်။ထို့ကြောင့် ရိုက်ချက်တိုင်းကို အပြည့်အဝ အာရုံစိုက်ထားရသည်။
မြို့တံခါးနှင့် နီးကပ်လာလေလေ အကျဉ်းသားများ ပိုမို စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ ဤကာလအတွင်း သူတို့ ခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှုများမှာ ပြန်တွေးလျှင်ပင် နာကျင်စရာ ကောင်းလှသည်။ ဂိုဏ်းကြီးက ဖောက်ထွက်ခဲ့သော မြို့တံခါးသည် ရေထဲမှ ကောက်ရိုးတစ်မျှင် ဖြစ်နေပြီး သူတို့အားလုံးမှာ ရေနစ်နေသူများ ဖြစ်ကြသည်။
ထိုစဉ် လူပုံရိပ်နှစ်ခု ရှေ့လမ်းမပေါ်သို့ သက်ဆင်းလာသည်။ တစ်ယောက်စီတိုင်းသည် လက်ကိုင်ရိုးရှည် ဓားမကြီးများကို ကိုင်ဆောင်ထားပြီး ဓားသွားများမှာ လေးလံထက်ရှကာ နေရောင်အောက်တွင် ခြိမ်းခြောက်နေသကဲ့သို့ လင်းလက်နေသည်။
ရဟန်းပျို မျက်မှောင်ကြုတ်လိုက်သည်။ ဤနှစ်ယောက်မှာ သာမန်လူများ မဟုတ်ကြောင်း အာရုံခံမိသော်လည်း သူ့တွင် ထိပ်တိုက်ရင်ဆိုင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။
သူ့လက်ထဲမှ တုတ်ရှည်က လောကရှိ မိစ္ဆာဆိုးများကို နှိမ်နှင်းရန် ကူညီပေးလိမ့်မည်...
...
ချင်းရှောင်ဂိုဏ်း၏ ခြံဝင်းသစ် အတွင်း၌ ယန်ကျွယ်တိန်က တပည့် တစ်ဒါဇင်ခန့်ကို သိုင်းပညာ သင်ကြားပေးနေပြီး တပည့်များက ညီညာစွာ လှုပ်ရှားနေကြကာ အချိန်ကြာမြင့်စွာ လေ့ကျင့်ထားကြောင်း သိသာထင်ရှားသည်။
ဂိုဏ်းသားတစ်ဦးက….
"အကြီးအကဲယန်... ဂိုဏ်းချုပ်နဲ့ တခြားလူတွေ တောင်ပေါ်က ဆင်းသွားတာ လဝက်လောက် ရှိပြီ... အခုလောက်ဆို စီရင်စုမြို့တော်ကို ရောက်လောက်ပြီလား..."
လီချင်းချိုးက ဂိုဏ်းသား သုံးရာနီးပါးကို ခေါ်ဆောင်သွားပြီး ယန်ကျွယ်တိန်နှင့် တပည့်သစ် အနည်းငယ်ကိုသာ တောင်တံခါးကို စောင့်ကြပ်ရန် ချန်ထားခဲ့သည်။ ဤကာလအတွင်း နေရာအနှံ့ရှိ စိုက်ပျိုးရေး ထွက်ကုန်များကို ဂရုစိုက်ရန် တောင်အောက်မှ လယ်သမားများကို ငွေပေး ငှားရမ်းထားရသည်။
"အချိန်ကို တွက်ကြည့်ရင် ရောက်လောက်ပြီ..."
လီချင်းချိုးက သူ့ကို ဂိုဏ်းတွင် ချန်ထားခဲ့ခြင်းအပေါ် ယန်ကျွယ်တိန်တွင် ငြီးတွားစရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အသက်အကြီးဆုံး ဖြစ်ပြီး နောက်တန်းကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အသင့်တော်ဆုံး ဖြစ်သောကြောင့်ပင်။
ထိုစကားကို ကြားသောအခါ ဂိုဏ်းသားများ စတင် ဆွေးနွေးကြပြီး ဂိုဏ်းချုပ်နှင့် အဖွဲ့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြသည်။
ယန်ကျွယ်တိန်က သူတို့ကို မတားဆီးပေ။ သူလည်း စိုးရိမ်မိသည်။ ဘာပဲပြောပြော ယခုတစ်ကြိမ် သူတို့၏ ပြိုင်ဘက်မှာ ခုနှစ်တောင်ထွတ်မဟာမိတ်အဖွဲ့ထက် များစွာ သာလွန်နေသည်။
"ပြဿနာတက်ပြီ... ပြဿနာတက်ပြီ..."
ထိုစဉ် အမျိုးသမီးဂိုဏ်းသားတစ်ဦး ခြံဝင်းသစ်ထဲသို့ ပြေးဝင်လာပြီး ပျာယာခတ်နေပုံရသည်။
ယန်ကျွယ်တိန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."
နတ်ဆိုးဂိုဏ်းက တောင်ပေါ် တက်လာတာများလား...
လီချင်းချိုးက အကြောင်းပြချက် နှစ်ချက်ဖြင့် ဂိုဏ်းသား အများစုကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ပထမအချက်မှာ လူများကို ကယ်တင်ရန် လူအင်အား လိုအပ်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ နှလုံးသားနတ်ဆိုးဂိုဏ်းက သူတို့ကို ဆန့်ကျင်၍ ချင်းရှောင်ဂိုဏ်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အခြေအနေ မကောင်းလျှင် ဂိုဏ်းသားများကို ခေါ်၍ အရင် ထွက်ပြေးရန် လီချင်းချိုးက ယန်ကျွယ်တိန်ကို မှာကြားထားခဲ့သည်။
အမျိုးသမီးဂိုဏ်းသားက မောဟိုက်စွာဖြင့် …
"စီနီယာအစ်ကို ကျောက်ကျိန်း... စီနီယာအစ်ကို ကျောက်ကျိန်းက နဂါးဖြစ်သွားပြီ..."
"ဘာလဲဟ..."
ယန်ကျွယ်တိန်မှာ အလိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားကာ အခြား ဂိုဏ်းသားများကလည်း သူမကို ကြောင်တောင်တောင် ကြည့်နေကြသည်။
အမျိုးသမီးဂိုဏ်းသားက …
"တကယ် နဂါးဖြစ်သွားတာပါ... ခါးသီးသူတစ် စီနီယာတို့... စီနီယာခုရီတို့တောင် သူ့ကို မတားနိုင်ဘူး..."
သူမ လိမ်ပြောနေပုံ မရသည်ကို မြင်သောအခါ ယန်ကျွယ်တိန်က လမ်းပြရန် ချက်ချင်း ပြောလိုက်သည်။
ကျောက်ကျိန်းဆိုသည့်ကလေးက လီချင်းချိုး၏ အသည်းကျော် တပည့်ရင်း ဖြစ်ရာ သူ့လက်အောက်တွင် အမှားအယွင်း အဖြစ်ခံ၍ လုံးဝ မဖြစ်ချေ။
...
ဘုန်း...
ရဟန်းပျို မြို့တံခါးဘေးရှိ တံတိုင်းနှင့် ဝင်ဆောင့်မိပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ သူ့လက်ထဲမှ တုတ်ရှည် လွတ်ကျသွားသော်လည်း လဲကျသွားစဉ်တွင် ပြန်ဖမ်းဆုပ်နိုင်ခဲ့သည်။ မြေပြင်ပေါ်သို့ ကျရောက်သောအခါ သူက အနေအထားကို လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး လုံးဝ လဲကျမသွားစေရန် ဒူးထောက်လိုက်ရသည်။
ပေ တစ်ဒါဇင်ခန့် အကွာတွင် ကျန်းခွေ့ထျန်းနှင့် အကျဉ်းသားအုပ်စုတို့လည်း နတ်ဆိုးဂိုဏ်း ကျွမ်းကျင်သူ အများအပြား၏ ကြားဖြတ်ဟန့်တားမှုကို ခံနေရပြီး ဓားသွားများကို ကျော်ဖြတ်နိုင်ခြင်း မရှိကြပေ။ သူတို့က ရဟန်းပျိုကို ထိတ်လန့်တကြား ကြည့်နေကြသည်။
လမ်းတစ်လျှောက်လုံးတွင် ရဟန်းပျိုက သူတို့က အနိုင်ယူ၍ မရနိုင်ဟု ထင်မှတ်ထားသော ကြောက်မက်ဖွယ် ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် တစ်ကိုယ်တော် အနိုင်ယူခဲ့သည်။ သို့သော် နောက်ဆုံးတွင် မြို့တံခါးသို့ ရောက်ရှိသောအခါ သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။
ရှေ့တွင် ဓားကိုင်ဆောင်ထားသော လူတစ်ယောက်က ရဟန်းပျိုကို ရင်ဆိုင်လျက် တစ်ယောက်တည်း ရပ်နေသည်။
သူသည် မားမားမတ်မတ် ရပ်နေပြီး ကောက်ရိုးခမောက် ဆောင်းထားကာ ခါးတွင် အနီရောင် ပဝါကို စည်းနှောင်ထားပြီး ဝတ်ရုံပေါ်တွင် သံချပ်ကာ ဝတ်ဆင်ထားသည်။ သူသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူ့ဓားမှ သွေးများ ယိုစီးကျနေဆဲ ဖြစ်သည်။
ရဟန်းပျို၏ ရင်ဘတ်တွင် သွေးများဖြင့် ပေပွနေပြီး အမြင်အာရုံများ ဝေဝါးနေကာ ကောက်ရိုးခမောက်နှင့် လူကို နှစ်ယောက်ထပ် မြင်နေရသဖြင့် သူ့နှလုံးသားမှာ မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်ရှိသွားသည်။
"ဒီလောက်ပဲ လုပ်နိုင်တော့တာလား..."
ရဟန်းပျို အံကြိတ်၍ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း တုတ်ရှည်ကို ဆုပ်ကိုင်ထားသော လက်များမှာ တုန်ယင်နေသည်။
ကောက်ရိုးခမောက်နှင့်လူ သူ့ထံသို့ လျှောက်လာနေသည်ကို သူ မြင်လိုက်ရသည်။ သူ မျက်တောင် အဆက်မပြတ် ခတ်လိုက်ပြီး မျက်လုံးထဲမှ သွေးများကို ရှင်းထုတ်ကာ အမြင်အာရုံ ပြန်လည်ရရှိရန် ကြိုးစားလိုက်သည်။
"နတ်ဆိုးဧကရာဇ်က အဂ္ဂိရတ်ပညာ ပါရမီရှင်ကို လိုချင်တာ မဟုတ်ဘူးလား... ဒီလူငယ်လေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းရည်ရှိတာ... သူ့ကို သတ်လိုက်ရင် နှမြောစရာကြီး..."
ကျန်းခွေ့ထျန်း အံကြိတ်၍ အော်ဟစ်လိုက်သည်။ အရင်ကဆိုလျှင် သေခြင်းတရားက ပိုကောင်းသော ရလဒ်ဟု သူ ထင်မှတ်ခဲ့မည် ဖြစ်သော်လည်း ယခုအခါ စစ်တပ်ကြီးက ကူညီရန် ရောက်ရှိလာပြီ ဖြစ်သဖြင့် အကောင်းတရားက အဆိုးတရားကို အနိုင်ယူလိမ့်မည်ဟု သူ တစ်ဖန် ပြန်လည် ယုံကြည်လာခဲ့သည်။
ကောက်ရိုးခမောက်နှင့်လူက သူ့စကားကို မကြားသကဲ့သို့ ရဟန်းပျိုထံသို့ တစ်လှမ်းချင်း လျှောက်လာသည်။
ရွှစ်...
လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဓားတစ်လက် ကောင်းကင်မှ ကျဆင်းလာကာ ကောက်ရိုးခမောက်နှင့်လူ၏ ရှေ့တည့်တည့်သို့ ကျရောက်ပြီး လမ်းပိတ်လိုက်သည်။
ကောက်ရိုးခမောက်နှင့်လူ မော့ကြည့်လိုက်ရာ မြို့ရိုးပေါ်တွင် ရပ်နေသော လူပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူသည် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောသော မျက်နှာနှင့် မျက်ခုံးကြားတွင် အေးစက်သော အမူအရာ ရှိနေသည်။
ကျန်းခွေ့ထျန်းနှင့် အခြား အကျဉ်းသားများ မော့ကြည့်လိုက်ကြပြီး မြို့ရိုးပေါ်မှ ပုံရိပ်ကို မြင်သောအခါ အများစုမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
"ချင်းရှောင်ဂိုဏ်းက ကျန်းကျောက်ရှားပဲ... သူ ရောက်လာပြီ..."
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
သူတို့အများစုက လွန်ခဲ့သော နှစ်အနည်းငယ်က သိုင်းပြိုင်ပွဲသို့ သွားရောက်ခဲ့ဖူးပြီး ကျန်းကျောက်ရှားကို အလွန် အထင်ကြီးခဲ့ကြသည်။
ကျန်းခွေ့ထျန်းလည်း ကျန်းကျောက်ရှားကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသော်လည်း ထို့နောက်တွင် စိုးရိမ်စိတ်များ ပြည့်နှက်လာသည်။
"ဘာလို့ ဒီကောင်လေး ရောက်နေတာလဲ... တခြားလူတွေလည်း ရောက်လာကြတာလား..."
ကျန်းခွေ့ထျန်း၏ မျက်နှာထား မည်းမှောင်သွားသည်။ ချင်းရှောင်ဂိုဏ်း အင်အားကြီးလာသည်ကို သူ သိသော်လည်း သူ့အမြင်တွင် ချင်းရှောင်ဂိုဏ်းသားများသည်လည်း သူ့ညီအစ်ကိုများ၏ တပည့်များနှင့် မြေးတပည့်များ ဖြစ်ကြရာ ဤလူငယ်လေးများကို ကပ်ဘေးထဲသို့ ဝင်ရောက်စွက်ဖက်စေလိုခြင်း မရှိပေ။
စိတ်ထဲ၌ မကျေမနပ် ဖြစ်သလို စိတ်သက်သာရာလည်း ရသွားမိသည်။
လင်းရွှန်းဖုန်းရဲ့ တပည့်တွေက သူ့ဂုဏ်သိက္ခာနဲ့ သိက္ခာတရားကို အညှိုးမခံဘူးပဲ...
ရဟန်းပျို ခေါင်းခါလိုက်သည်။ သူသည် ရှေ့မှ ဓားကို မြင်လိုက်ရပြီး တစ်စုံတစ်ယောက်က သူ့ကို ကူညီရန် ရောက်လာသည်ကို သိလိုက်သော်လည်း သတိမပေါ့ရဲပေ။
ကောက်ရိုးခမောက်နှင့်လူက ကျန်းကျောက်ရှားကို မော့ကြည့်ပြီး…
"ချင်းရှောင်ဂိုဏ်းက ကျန်းကျောက်ရှားလား... အချိန်ကိုက်ပဲ... ငါ မင်းကို သတ်ဖို့ ချင်းရှောင်တောင်အထိ လာရတဲ့ ဒုက္ခ သက်သာသွားတာပေါ့..."
ချင်းရှောင်ဂိုဏ်း ဟူသော အမည်သည် နတ်ဆိုးဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များကြားတွင် နက်ရှိုင်းစွာ ပဲ့တင်ထပ်နေသည်။ နတ်ဆိုးဂိုဏ်းက ပြန်လာရန် ပြင်ဆင်နေချိန်မှစ၍ သူတို့၏ ကျွမ်းကျင်သူ အများအပြားသည် ချင်းရှောင်ဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သဘာဝကျစွာပင် နတ်ဆိုးဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို ကြောက်မက်ဖွယ် ရန်သူအဖြစ် သတ်မှတ်ထားသည်။ သူတို့တွင် ပိုမို အရေးကြီးသော တာဝန်သာ မရှိလျှင် ချင်းရှောင်ဂိုဏ်းကို ချေမှုန်းရန် သွားရောက်ပြီး ဖြစ်ပေလိမ့်မည်။
ကျန်းကျောက်ရှားက သူ့ကို လစ်လျူရှုကာ အဝေးသို့ လှမ်းကြည့်လိုက်ပြီး စီရင်စုမြို့တော်၏ ပျက်စီးယိုယွင်းနေသော အခြေအနေကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းကျောက်ရှားက အခြားနေရာများကို ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ကောက်ရိုးခမောက်နှင့်လူ ဒေါသထွက်သွားသည်။ သူက ကိုယ်ဖော့ပညာကို သုံး၍ ရှေ့သို့ ပြေးတက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် လေခွင်းသံတစ်ခု မြို့တံခါးဘက်မှ ထွက်ပေါ်လာသည်။
ဓားရှည်တစ်လက်က မြို့တံခါးအောက်ရှိ ဖြတ်သန်းသွားလာလမ်းကို ထိုးဖောက်ဝင်ရောက်လာပြီး သူ့ထံသို့ လျှပ်စီးအလား ဝင်ရောက်လာသည်။
ကောက်ရိုးခမောက်နှင့်လူက ဓားကို နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်း ဓားကို မြှောက်လိုက်သည်။
ဒင်...
ဓားချင်း ထိခတ်သံနှင့်အတူ ကောက်ရိုးခမောက်နှင့်လူမှာ နောက်သို့ လျှောတိုက် ပါသွားသည်။ ဓားရှည်က သူ့ဓားကို ဖိကပ်ထားပြီး ကြောက်မက်ဖွယ်ရာ အားအဟုန်က သူ့ကို ဖိနှိပ်ထားသဖြင့် ဓားကို ခါထုတ်၍ မရချေ။ မျက်နှာဖုံးအောက်မှ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
သူ မရပ်တန့်နိုင်ခင်မှာပင် တစ္ဆေတစ်ကောင်ကဲ့သို့ လူပုံရိပ်တစ်ခု သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ရဟန်းပျိုသည် သူ့ဘေးရှိ တံခါးမှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီးနောက် လူပုံရိပ်တစ်ခု ယုံကြည်နိုင်စရာမရှိသော အမြန်နှုန်းဖြင့် ကောက်ရိုးခမောက်နှင့်လူထံသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။