ကံကြမ္မာကို ပုံတူကူးခြင်း
Vol. 8 Ch. 80
သူတို့တွေ နေ့ဘက်တွင် ခရီးသွားပြီး ညဘက်တွင် နားကြသည်။
ပြန်လာသည့် ပထမညတွင် လီချင်းချိုးက ဟွမ်ယွမ်ကျမ်းစာ စိတ်စွမ်းအင် ကျင့်ကြံခြင်းနည်းလမ်း၏ ပထမအဆင့်ကို အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ ပိုင်ရှင်အား တိတ်တဆိတ် သင်ကြားပေးလိုက်သည်။ အခြား ဂိုဏ်းသားများစိတ်ထဲ၌ မတရားသလို ခံစားရမည် စိုးရိမ်သဖြင့် ကျိယာနှင့် သူ့အဖော်များကို အဓိကအဖွဲ့နှင့် ဝေးရာတွင် နေစေသည်။
သူ ထင်မှတ်ထားသည့်အတိုင်းပင် ထူးချွန်သော ပါရမီရှိသည့် ကျိယာက ညနေခင်း တစ်ဝက်အတွင်းမှာပင် မူလချီ အနည်းငယ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
ကျိယာ ချီစွမ်းအင်ကို စုပ်ယူသောအခါ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများ သာမန်တပည့်များထက် များစွာ ပိုမို ပြင်းထန်စွာ သူ့ကိုယ်ထဲသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် လီချင်းချိုး ကျိယာအပေါ် ပိုမို မျှော်လင့်ချက် ထားလာမိသည်။
နောက်တစ်နေ့ နံနက်တွင် လီချင်းချိုးက တပည့်များကို ဦးဆောင်၍ တောင်တန်းများကို ဖြတ်ကျော် ခရီးနှင်နေစဉ် သူ့မျက်စိရှေ့တွင် အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[တာအိုမျိုးဆက်အပေါ် အမုန်းပွားနေသော အင်အားစုတစ်ခုကို ဆန့်ကျင်သည့် ပထမဆုံး စစ်ဆင်ရေးတွင် သင်သည် တပည့်ထက်ဝက်ကျော်ကို ဦးဆောင်၍ ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ပြီး တပည့်တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း မရှိခဲ့ပါ... ဤသည်မှာ ကြီးမားသော အရေးပါမှု ရှိသည့်အတွက် ကံကြမ္မာကို ရွေးချယ်ခွင့် တစ်ကြိမ် ပေးအပ်လိုက်သည်...]
လာပြီ...
ကံကြမ္မာကို ရွေးချယ်ခွင့် ရှိနေတုန်းပဲ...
ယခင်က အသုံးမပြုရသေးသော အခွင့်အရေး အပါအဝင် ယခုအခါ လီချင်းချိုးတွင် ကံကြမ္မာ ရွေးချယ်ခွင့် နှစ်ကြိမ် ရှိနေပြီ ဖြစ်သည်။
သူ ကျိယာကို ဆက်လက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ကျိယာသာ နယ်ပယ်တူသူများထက် မူလချီ အဆတစ်ရာ အမှန်တကယ် ပိုင်ဆိုင်ပါက ၎င်းကို ပုံတူကူးရမည် ဖြစ်သည်။
နယ်ပယ်တူ တိုက်ပွဲတစ်ခုတွင် တစ်ဖက်လူက မူလချီ အဆတစ်ရာ ပိုများနေပါက အနိုင်ရရှိရန် အခွင့်အလမ်း ပိုများပေသည်။
ထို့ပြင် မူလချီ များလေလေ လုပ်ဆောင်နိုင်စွမ်း ပိုများလေလေ ဖြစ်သည်။
ထို့နောက် ညတိုင်း လီချင်းချိုးက ကျိယာကို တိတ်တဆိတ် ခေါ်ထုတ်၍ ကျင့်ကြံစေသည်။
သူ ထုတ်မပြောသော်လည်း ဂိုဏ်းသား အများအပြား ဤမြင်ကွင်းကို တွေ့ရှိကြပြီး ဂိုဏ်းချုပ်က ဤဂိုဏ်းသားသစ်ကို တပည့်အဖြစ် လက်ခံတော့မည်ဟု ခန့်မှန်းနေကြသည်။
သူတို့ မနာလိုဖြစ်ကြသော်လည်း ကျိယာလေးက ဒုက္ခများစွာ ခံစားခဲ့ရသူ ဖြစ်သဖြင့် မေးခွန်းထုတ်ရန် မဝံ့ရဲကြပေ။ ထို့ပြင် ဂိုဏ်းချုပ် ဘယ်သူ့ကို တပည့်အဖြစ် လက်ခံမည် ဆိုသည်မှာ သူတို့ ဆုံးဖြတ်ရမည့် ကိစ္စ မဟုတ်ပေ။
စီရင်စုမြို့တော်မှ ချင်းရှောင်တောင်သို့ ပြန်ရောက်ရန် နောက်ထပ် လဝက်ခန့် ကြာမြင့်ခဲ့သည်။
ကျိယာ ညတိုင်း ကျင့်ကြံလေ့ကျင့်ခဲ့ရှာသည်။ သူသည် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ မရောက်သေးသော်လည်း သူ့မူလချီ ပမာဏမှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်နေသည်မှာ အလွန် အံ့သြဖွယ် ကောင်းလှသည်။
သေချာပေါက်ပင် မတူညီသော နယ်ပယ်များမှ မူလချီကို နှိုင်းယှဉ်၍ မရနိုင်ပေ။ ဥပမာအားဖြင့် ဆံခြည်မျှင်လောက်သာ ရှိသော မူလချီချင်း တူလျှင်ပင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်၏ မူလချီက မူလအားဖြည့်နယ်ပယ် ပထမအဆင့်၏ မူလချီကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
သို့သော် ကျိယာ၏ စွမ်းဆောင်ရည်က အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာက သူ့မူလချီကို နယ်ပယ်တူသူများထက် အဆတစ်ရာ ပိုမို အားကောင်းစေနိုင်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။
ချင်းရှောင်တောင်သို့ ပြန်ရောက်သောအခါ လီချင်းချိုးက ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် အခြားသူများကို တပည့်များ ခေါ်၍ တောင်ပေါ် တက်ခိုင်းလိုက်ပြီး သူကတော့ မြေအောက် ဝိညာဉ်ရေကန်သို့ တစ်ယောက်တည်း သွားလိုက်သည်။
ပုံတူကူးခြင်း စတင်မည်...
အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ...
သူ ရွေးချယ်လိုက်သည်နှင့် တပြိုင်နက် မြေအောက် ဝိညာဉ်ရေကန် အတွင်းရှိ ဝိညာဉ်ချီများ သူ့ထံသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် မှတ်ဉာဏ်အများအပြား သူ့ခေါင်းထဲသို့ ဝင်ရောက်လာသဖြင့် မျက်လုံး မှိတ်လိုက်ရသည်။
လီချင်းချိုး ရုတ်တရက် လန့်နိုးလာပြီး ချွေးများဖြင့် ရွှဲနစ်နေကာ အသက်ပြင်းပြင်း ရှူနေရသည်။ အချိန်ဘယ်လောက် ကုန်ဆုံးသွားသည်ကို သူ မသိပေ။
ဤ အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာသည် အမှန်တကယ်ပင် မွေးရာပါ မဟုတ်ပေ။ ကံကြမ္မာသည် ရယူပိုင်ဆိုင်ရခြင်း ဖြစ်သည်။ သူ ကျိယာ ခံစားခဲ့ရသော နာကျင်မှုကို ကြုံတွေ့ခဲ့ရသည်။
"အဲဒီ နတ်ဆိုးဂိုဏ်းက သေသင့်တာ..."
သူ အိပ်မက်မက်ခဲ့သည်ဟု လီချင်းချိုး တွေးမိသော်လည်း ကျိယာကမူ အမှန်တကယ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဤ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းက ခရမ်းရောင်မြူခိုးပညာရပ်မှ မြစ်ဖျားခံသော်လည်း ဝေတောက်ကျန့်က လုံးဝ ဖရိုဖရဲ စပ်ထားခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ယုံကြည်မှု မရှိသလို ဆေးဖက်ဝင်အပင် အချိုးအစားကို ဂရုတစိုက် မချိန်ညှိခဲ့ပေ။ သို့သော် ဤကဲ့သို့ ဖရိုဖရဲ လုပ်ရင်းဖြင့် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကို သူ ပြုစုပျိုးထောင်နိုင်ခဲ့သည်။
သေဆုံးသွားသော ဝေတောက်ကျန့်ကတော့ ဤအရာကို ဘယ်သောအခါမျှ ထင်မှတ်ထားနိုင်မည် မဟုတ်ပေ။
အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကို ရရှိပြီးနောက် လီချင်းချိုး၏ မူလချီများ အဆများစွာ တိုးလာသည်။ မူလချီ သိုလှောင်ရန် သူ့ခန္ဓာကိုယ်ထဲတွင် နေရာအများကြီး ကျန်နေသေးသည်ဟု ခံစားရသဖြင့် ချီစွမ်းအင်ကို ဆက်လက် စုပ်ယူလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲမှ မူလချီကို အထွတ်အထိပ်သို့ ရောက်အောင် သန့်စင်ရန် နှစ်ရက်နှင့် နှစ်ည ကြာမြင့်ခဲ့သည်။
ထို့နောက် ကျေနပ်အားရမှုဖြင့် မြေအောက် ဝိညာဉ်ရေကန်ထဲမှ ထွက်လာကာ နေရောင်ခြည် သူ့အပေါ် ကျရောက်နေပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။
ယခုအခါ သူသည် မူလချီကြောင့်သာမက မကုန်နိုင်သော ချီစွမ်းအင်ကြောင့်ပါ စွမ်းအားများ ပြည့်ဝနေသည်ဟု ခံစားနေရသည်။
သူက အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ စွမ်းအားကို ကျိယာအား ကြိုတင်၍ မြည်းစမ်းခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
သူ တောအုပ်ထဲသို့ ဝင်ရောက်ပြီး မြက်ခင်းပြင်တစ်ခုကို ဖြတ်ကျော်ကာ ချင်းရှောင်ဂိုဏ်း တည်ဆောက်ထားသော တောင်ပေါ်လမ်းသို့ ရောက်ရှိသည်အထိ တစ်မိုင်ခန့် လမ်းလျှောက်လာခဲ့သည်။ ထိုနေရာတွင် တောင်အောက်သို့ ဆင်းလာသော ချိုင်ယွင်ရှန်းကို သူ တွေ့လိုက်ရသည်။
သူ့ကို မြင်သောအခါ ချိုင်ယွင်ရှန်းက ချက်ချင်း လက်ကိုမြှောက်၍ အရိုအသေ ပြုလိုက်သည်။
လီချင်းချိုး အနည်းငယ် ခေါင်းညိတ်ပြီး သူမကို ကျော်သွားရန် ပြင်လိုက်စဉ် သူမ ရုတ်တရက် ရပ်တန့်ပြီး….
"စီရင်စုမြို့တော်ကို သွားတုန်းက ဘာလို့ ကျွန်မကို မခေါ်သွားတာလဲ..."
လီချင်းချိုးက လှည့်ကြည့်ပြီး ပြုံးလိုက်ကာ…
"ချင်းရှောင်ဂိုဏ်းကို စောင့်ကြပ်ဖို့ လူအမြဲ လိုအပ်တယ်လေ... အပြစ်ပေးအုပ်ချုပ်ရေးခန်းမ မှာ အနည်းဆုံး တပည့်တစ်ယောက်တော့ လိုအပ်တယ်... မင်းက အရမ်း သင့်တော်တယ်လို့ ငါ ထင်တယ်... ဂိုဏ်းရဲ့ စည်းကမ်းကို မင်း သေချာပေါက် ထိန်းသိမ်းနိုင်မှာပါ... ဒါ့အပြင် မင်းရဲ့ ပညာရပ်တွေကို လေ့ကျင့်ဖို့ အချိန်လိုတယ်လို့ ငါ ထင်တယ်..."
အရင်တုန်းက တောင်အောက်သို့ မလိုက်ပါခဲ့ရသဖြင့် ချိုင်ယွင်ရှန်း အလွန် စိတ်ဆိုးနေခဲ့ပြီး အထင်သေးခံရသည်ဟု ခံစားခဲ့ရသည်။
"ဒါဆို တခြား ခက်ခဲတဲ့ တပည့်တွေက လေ့ကျင့်ဖို့ အချိန်မလိုဘူးဆိုတဲ့ သဘောလား..."
"ဘာပဲပြောပြော အပြစ်ပေးအုပ်ချုပ်ရေး ခန်းမမှာ ခန်းမသခင် တစ်ယောက်ပဲ ရှိတယ်... ငါ့တပည့်က ဒီရာထူးကို ယာယီပဲ တာဝန်ယူထားတာ... မင်းက ပိုသင့်တော်မယ်လို့ ငါ ထင်တယ်... ဒါပေမဲ့ လူတွေရဲ့ လေးစားမှုကို ရဖို့ မင်း တပည့်ဖြစ်တာ သိပ်မကြာသေးဘူး..."
အပြစ်ပေးအုပ်ချုပ်ရေးခန်းမ ရဲ့ ခန်းမသခင်...
ချိုင်ယွင်ရှန်း ကြောင်အသွားသော်လည်း အလိုအလျောက် ဝမ်းသာအားရ ဖြစ်သွားသည်။
ချင်းရှောင်ဂိုဏ်း တိုးတက်နေသည်ကို မည်သူမဆို မြင်နိုင်ပြီး ခန်းမသခင် ရာထူးဆိုသည်မှာ အနာဂတ်တွင် ထူးကဲသော အဆင့်အတန်း ဖြစ်လာမည်မှာ သေချာသည်။ ချိုင်မိသားစုပင်လျှင် သူမကို လေးစားစွာ ဆက်ဆံရပေလိမ့်မည်။ သူမသာ အပြစ်ပေးအုပ်ချုပ်ရေးခန်းမ ၏ ခန်းမသခင် ဖြစ်လာပါက သူမ၏ ဖခင်အနေနှင့် သူမ၏ ဘဝကို ထိန်းချုပ်ရဲတော့မည် မဟုတ်ပေ။
"ဘာလို့ ကျွန်မလဲ..." ချိုင်ယွင်ရှန်း မနေနိုင်ဘဲ မေးလိုက်သည်။
လီချင်းချိုးက ရယ်မောပြီး…
"အရမ်းကြီး မစဉ်းစားပါနဲ့... မင်းရဲ့ ပါရမီနဲ့ တခြားတပည့်တွေအပေါ် ထားတဲ့ သဘောထားကို ငါ သဘောကျလို့ပါ... မင်း အိမ်ထောင်မပြုချင်ဘူးလို့ ငါ ကြားတယ်... ယောက်ျားတွေထက် မနိမ့်ကျဘူးလို့ ခံစားရတယ်ဆို... ဒါ အရမ်းကောင်းတာပေါ့... ချင်းရှောင်ဂိုဏ်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံဖို့ ရည်စူးထားတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာပါ... မင်း ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..."
ထိုစကားကို ကြားသောအခါ ချိုင်ယွင်ရှန်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူမကို ဤမျှ တန်ဖိုးထားခြင်းမှာ ရှားပါးလှသဖြင့် သူမ အလွန် စိတ်လှုပ်ရှားသွားသည်။
လီချင်းချိုး ဘာမှ ဆက်မပြောတော့ဘဲ ခရီးဆက်သွားသည်။
ထို့နောက် ချိုင်ယွင်ရှန်းလည်း တောင်အောက်သို့ ဆင်းသွားသည်။ ချိုင်မိသားစု ချင်းရှောင်ဂိုဏ်းနှင့် သင့်မြတ်စေရန် မျှော်လင့်ချက်ဖြင့် သိုင်းလောကကျွမ်းကျင်သူဟောင်းကို မိသားစုထံ ပြန်လွှတ်လိုက်ပြီး ဖြစ်သည်။ ဖြစ်နိုင်လျှင် မိသားစုအနေဖြင့် အင်အားအချို့ ပါဝင်ကူညီရန် သူမ မျှော်လင့်နေသည်။
သူမ ကိုယ့်ကိုယ်ကိုယ်အတွက် တွေးနေခြင်း မဟုတ်ဘဲ မိသားစုအတွက် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း၏ အနာဂတ်သည် အထွတ်အထိပ် ရောက်နေသော ခုနှစ်စဉ်တောင်ထွတ်မဟာမိတ်အဖွဲ့ထက် များစွာ သာလွန်ပေလိမ့်မည်။
မိသားစု၏ လက်ထပ်ပွဲ စီစဉ်မှုကို ဆန့်ကျင်သော်လည်း ဘာပဲပြောပြော သူမသည် ချိုင်မိသားစုတွင် မွေးဖွားလာသူ ဖြစ်ပြီး ချိုင်မိသားစု ယခင်က စည်ပင်ဝပြောမှုကို ပြန်လည်ရရှိရန် မျှော်လင့်နေသည်။
…………………………..
မှောင်မိုက်သော မြေအောက်နန်းတော် အတွင်းတွင် ဖဲဝတ်ရုံ ဝတ်ဆင်ထားပြီး နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော ပုံရိပ်များ မြေကြီးပေါ်တွင် ဒူးထောက်နေကြသည်။
ရှေ့တွင် ရှေးဟောင်း ကမ္ပည်းစာများ ဖုံးလွှမ်းနေသော နံရံတစ်ခု ရှိပြီး ဘေးတစ်ဖက်တစ်ချက်ရှိ မီးအိမ်များက အလင်းပေးထားသည်။ နံရံရှေ့တွင် အနက်ရောင် ဝတ်ရုံဝတ် လူတစ်ယောက်က ဒူးထောက်နေသူများကို ကျောခိုင်းလျက် ရပ်နေသည်။
"နတ်ဆိုးဧကရာဇ်က လုံးဝ အသုံးမကျတဲ့ကောင်ပဲ... ကုကျိုးစီရင်စုက ဗိုလ်ချုပ်တွေကလည်း နောက်ဆုံးအချိန်မှာ ငါတို့ကို သစ္စာဖောက်ရဲတယ်... သူတို့ တကယ်ပဲ သေလမ်းရှာနေကြတာ..."
အနက်ရောင် ဝတ်ရုံနှင့်လူက အေးစက်သော အသံဖြင့် ပြောလိုက်သည်။ သူ ဖြည်းညင်းစွာ လှည့်လာရာ သူလည်း နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
သို့သော် သူသည် နတ်ဆိုးဂိုဏ်းဝင် မဟုတ်ဘဲ သိုင်းလောကစည်းကမ်းထိန်းသိမ်းရေးဌာန ၏ အကြီးအကဲ ရွှမ်းကုန်း ဖြစ်သည်။
သူ့ရှေ့တွင် ဒူးထောက်နေသူများမှာ လက်နက်ကိုင်တပ်ဖွဲ့ ဦးစီးဌာနမှ ကျင်ဝူအစောင့်တပ်သားများ ဖြစ်ကြသည်။
ကုကျိုးစီရင်စု သိုင်းလောကရှိ အခြား ဂိုဏ်းကြီးလေးဂိုဏ်းစလုံး နတ်ဆိုးဂိုဏ်းကို ပုန်ကန်ရန် စီရင်စုမြို့တော်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ချင်းရှောင်ဂိုဏ်းက အရေးအပါဆုံး အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နတ်ဆိုးဧကရာဇ်သည်လည်း ချင်းရှောင်ဂိုဏ်းလက်ချက်ဖြင့် သေဆုံးခဲ့သည်။
"ဂိုဏ်းချုပ်က ပိုင်ဆိုင်တယ်လို့ ပြောကြတယ်..." ကျင်ဝူအစောင့်တပ်သား တစ်ဦးက အသံအနည်းငယ် တုန်ယင်စွာဖြင့် သတိထား၍ ပြောလိုက်သည်။
မြေအောက်နန်းတော်မှာ မှောင်မိုက်နေပြီး မီးရောင်ကြောင့် ရွှမ်းကုန်း၏ အရိပ်မှာ ရှေးဟောင်းနံရံများပေါ်တွင် ရှည်လျားစွာ ကျရောက်နေသဖြင့် သူ့ကို တစ္ဆေတစ်ကောင်နှင့် တူနေစေသည်။
"မင်း ဘာပြောလိုက်တာလဲ..."
"နတ်ဆိုးဧကရာဇ်ကို ချင်းရှောင်ဂိုဏ်းက သတ်လိုက်တာလို့ ပြောကြပါတယ်... ဂိုဏ်းချုပ်က တစ်ချက်တည်းနဲ့ သတ်လိုက်တာပါ..."
"လက်ဝါးတစ်ချက်တည်းလား..."
"ဟုတ်ပါတယ်... ဒီ ချင်းရှောင်ဂိုဏ်း ဂိုဏ်းချုပ်က တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပါ... သူက နတ်ဆိုးလင်းယုန် တစ်ကောင်ကိုလည်း မွေးထားပါတယ်... တောင်ပံဖြန့်လိုက်ရင် ငါးလံ (၁၀ မီတာခန့်) ကျော်တယ်လို့ ပြောကြပြီး လောကမှာ မှတ်တမ်းတင်ဖူးသမျှ အကြီးဆုံး လင်းယုန်ပါပဲ..."
"သူ့နာမည် ဘယ်သူလဲ..."
"လီချင်းချိုး..."
ထိုစကားကို ကြားပြီးနောက် ရွှမ်းကုန်း နှုတ်ဆိတ်သွားပြီး ကျင်ဝူအစောင့်တပ်သားများကမူ သူ့ကို မနှောင့်ယှက်ရဲဘဲ ခေါင်းငုံ့ထားကြသည်။
ဆောင်းဦးကုန်၍ ဆောင်းရာသီ ရောက်ရှိလာပြီး နှင်းများ တဖြည်းဖြည်း ကျဆင်းလာသည်။
ကောင်းကင်နှင့် မြေကြီးကြား အပူချိန် စတင် ကျဆင်းလာသော်လည်း ချင်းရှောင်ဂိုဏ်းမှာမူ ပူပြင်းနေဆဲ ဖြစ်ပြီး လက်သမားဆရာများ ချင်းရှောင်တောင် အတက်အဆင်း နေရာအနှံ့ ရှိနေကြသည်။
"တောင်ခြေက တောင်တံခါးကို ခင်ဗျား သေချာပေါက် သဘောကျမှာပါ... ကျွန်တော်တို့ လင်းယုန်ရုပ်တု တစ်ခု ဆောက်ဖို့လည်း စီစဉ်ထားတယ်... ဂိုဏ်းချုပ်က နတ်လင်းယုန်တစ်ကောင် မွေးထားတယ်လို့ ကြားတယ်... မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်ပြီး ချင်းရှောင်ဂိုဏ်းရဲ့ ကြီးမားတဲ့ အင်အားကို ပြသနိုင်မှာပါ..."
အဝတ်ခမောက် ဆောင်းထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ကျန်းယွီချွန်း၏ ဘေးတွင် ရပ်လျက် နွေးထွေးစွာ ပြုံးနေသည်။
ထိုနှစ်ယောက်သည် ချောက်ကမ်းပါးစွန်းတွင် ရပ်လျက် အောက်ဘက်တွင် ဆောက်လုပ်ဆဲ အိမ်တော်ကို ငုံ့ကြည့်နေကြသည်။
စီရင်စုမြို့တော် တိုက်ပွဲအကြောင်း နေရာအနှံ့ ပျံ့နှံ့သွားပြီး တုန်းလင်းတပ်မတော်ကို အဓိက အကျိုးပြုသူအဖြစ် နန်းတွင်းက အသိအမှတ်ပြုသော်လည်း ချင်းရှောင်ဂိုဏ်းကတော့ သိုင်းလောကနှင့် သာမန်ပြည်သူများကြားတွင် ကျော်ကြားမှု ကြီးကြီးမားမား ရရှိခဲ့သည်။
ချင်းရှောင်ဂိုဏ်းချုပ်က နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်လိုက်သည့် သတင်းသည်လည်း ကျန်းဟူတစ်ခွင် ပျံ့နှံ့သွားသည်။
ဆောင်းရာသီ စတင်ကတည်းက မင်းမှုထမ်းမျိုးနွယ်များ၊ ကုန်သည်များနှင့် ဂိုဏ်းအဖွဲ့များ ချင်းရှောင်ဂိုဏ်းနှင့် မိတ်ဖွဲ့ရန် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။
အဖြူရောင်ဧကရာဇ်အိမ်တော်၊ ဂိုဏ်းကြီးနှင့် ချန်ဒင်ဘုရားကျောင်းတို့ကပင် ချင်းရှောင်ဂိုဏ်း၏ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောကြားရန် လူလွှတ်ခဲ့ကြပြီး ရက်ရောသော လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထိုတိုက်ပွဲပြီးနောက် တရားဝင် ထုတ်ပြန်ချက် မရှိသော်လည်း ချင်းရှောင်ဂိုဏ်း၏ အဆင့်အတန်း လျင်မြန်စွာ မြင့်တက်လာပြီး ကုကျိုးစီရင်စု၏ နံပါတ်တစ်ဂိုဏ်း ဖြစ်လာမည့် အလားအလာကို ပြသနေသည်။
ဘေးမှ ချိုင်မိသားစုဝင်၏ မိတ်ဆက်စကားကို နားထောင်ရင်း ကျန်းယွီချွန်း အနည်းငယ် ခေါင်းညိတ်ပြီး….
"ခင်ဗျားရဲ့ အကြံပြုချက်က အရမ်းကောင်းပါတယ်... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ကျွန်တော်တို့အားလုံးက တလှေတည်းစီးနေကြသူတွေပါပဲ... ကျေးဇူးတင်စရာ မလိုပါဘူး... သခင်မလေး (ချိုင်ယွင်ရှန်း)က ချင်းရှောင်ဂိုဏ်း အပြစ်ပေးအုပ်ချုပ်ရေး ခန်းမရဲ့ တပည့်လေ... ချင်းရှောင်ဂိုဏ်းက ပြည်သူတွေကို ကယ်တင်ခဲ့တာဆိုတော့ ကျွန်တော်တို့ ချိုင်မိသားစုကလည်း ကူညီသင့်ပါတယ်..."ဟု ချိုင်မိသားစုဝင်က ပြုံး၍ ပြောလိုက်သည်။
ထိုနှစ်ယောက် အပြန်အလှန် နှုတ်ဆက်စကား ပြောနေကြပြီး လုံးဝ မမောပန်းဘဲ ပျော်ရွှင်နေကြသည်။
တစ်ချိန်တည်းမှာပင်…
တောင်ပေါ်ရှိ လင်းရှောင်ခြံဝင်း အတွင်း၌…
ကျိယာသည် လီချင်းချိုး၏ ရှေ့တွင် ဒူးထောက်လျက် တပည့်ခံယူပွဲ အခမ်းအနားကို ပြုလုပ်နေသည်။
ရွှီနင်း၊ ချင်ယဲ့၊ ယွမ်လီနှင့် ကျောက်ကျိန်းတို့က ဘေးမှ ရပ်လျက် ကျိယာကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
စီရင်စုမြို့တော်မှ ထွက်ခွာလာကတည်းက ကျိယာက လီချင်းချိုးနောက်သို့ လိုက်ပါခဲ့သည်။ တရားဝင် တပည့်မဖြစ်သေးသော်လည်း သူသည် လီချင်းချိုး၏ တပည့် ဖြစ်လာမည်ကို ဂိုဏ်းသားအားလုံး သိထားကြသည်။
သူ့ကို ဂိုဏ်းချုပ်က ဘာကြောင့် တန်ဖိုးထားရသလဲ ဆိုသည်ကို ဂိုဏ်းသားများ သိချင်နေကြသည်။ လီချင်းချိုး မှာကြားထားသဖြင့် ကျိယာက သူ့ပါရမီကို အခြားသူများအား တစ်ခါမျှ ထုတ်မပြခဲ့ပေ။
လက်ရှိတွင် သူသည် မြေအောက်နန်းတော် တစ်ခုတည်းတွင် အတူတူ အကျဉ်းချခံခဲ့ရသော တပည့်ငါးဦးနှင့်အတူ ခြံဝင်းတစ်ခုတွင် နေထိုင်သည်။ သူတို့ ခြောက်ဦးစလုံး မိသားစုများကို ဆုံးရှုံးလိုက်ရပြီး တူညီသော အတွေ့အကြုံများ ရှိသဖြင့် အသက်ရှင်ရပ်တည်ရန် တစ်ယောက်ကိုတစ်ယောက် မှီခိုနေကြရာ ဆက်ဆံရေး အလွန် ရင်းနှီးကြသည်။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပဉ္စမမြောက်တပည့် ဖြစ်သွားပြီ... ငါသင်ပေးတဲ့ သိုင်းပညာတွေကို တစ်ဆင့်ပြန်သင်ပေးခွင့် မရှိဘူး... ငါ့ခွင့်ပြုချက် အရင်ယူရမယ်... နားလည်လား..."
လီချင်းချိုးက လေးနက်စွာ ပြောလိုက်ရာ ကျိယာက ချက်ချင်း သဘောတူလိုက်သည်။
သူသည် လီချင်းချိုးကို အလွန် ကျေးဇူးတင်နေပြီး သူ့သစ္စာရှိမှုသည် ၉၅ မှတ်အထိ ရောက်ရှိနေပြီ ဖြစ်ရာ လုံးဝ နာခံမှု ရှိနေသည်။
နောက်ထပ် ညွှန်ကြားချက်အချို့ ပေးပြီးနောက် လီချင်းချိုး ထွက်ခွာသွားပြီး ကလေးငါးယောက် တစ်ယောက်နှင့်တစ်ယောက် သိပ်မစိမ်းသွားစေရန် အတူတူ အချိန်ဖြုန်းခွင့် ပေးလိုက်သည်။
ကျောက်ကျိန်းက ကျိယာကို အလွန် စိတ်ဝင်စားနေပြီး သူ့နောက်ခံအကြောင်း အသေးစိတ် မေးမြန်းလေသည်။ ကျိယာက ဘာမှ ဖုံးကွယ်မထားဘဲ ပြောပြရာ သူ့ဝမ်းနည်းဖွယ် အတွေ့အကြုံများကို ကြားရပြီးနောက် ကျောက်ကျိန်းနှင့် ယွမ်လီတို့ သူ့ကို သနားသွားကြသည်။
ရွှီနင်းနှင့် ချင်ယဲ့တိုက သိပြီးသား ဖြစ်သော်လည်း ကျိယာ၏ ပါရမီကို ပိုမို သိချင်နေကြသည်။
ချင်ယဲ့က ကျိယာနှင့် ယှဉ်ပြိုင်လိုကြောင်း ထုတ်ပြောလိုက်သည်။ ကျိယာ လေ့ကျင့်မှု စတင်နေပြီ ဖြစ်ကြောင်းနှင့် သိုင်းပညာ အခြေခံခိုင်မာနေပြီ ဖြစ်ကြောင်း သူ သိသည်။
ကျိယာကလည်း ချက်ချင်း သဘောတူလိုက်သည်။ သူသည် တစ်စုံတစ်ယောက်နှင့် ယှဉ်ပြိုင်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း လီချင်းချိုးက ငြင်းပယ်ခဲ့ပြီး ယနေ့မှသာ ခွင့်ပြုပေးခြင်း ဖြစ်သည်။
ရွှီနင်း၊ ယွမ်လီနှင့် ကျောက်ကျိန်းတို့ ဘေးဖယ်လိုက်ပြီး ပွဲကို စတင် ကြည့်ရှုကြသည်။
သို့သော် ရလဒ်က သူတို့ကို အကြီးအကျယ် အံ့အားသင့်သွားစေသည်။
ချင်ယဲ့က ကျိယာ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
"မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်... မဟုတ်ဘူး... သူ့မူလချီက ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ..." ရွှီနင်းက ကျိယာကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေပြီး ရင်ထဲတွင် တုန်လှုပ်နေမိသည်။
ကျိယာကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု သူမ ယုံကြည်ထားသော်လည်း ကျိယာ လေ့ကျင့်သည်မှာ ဘယ်လောက် ကြာပြီလဲ... မူလချီက ဘယ်လိုလုပ် ဒီလောက် များပြားနေတာလဲ...
ပြီးတော့ ဘာလို့ အရင်က သူမ သတိမထားမိခဲ့တာလဲ...