← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

အဘွားစွင်းသည်် ဆေးပင်စိုက်ခင်းမှမြင်ကွင်းကို ပြန်သတိရလိုက်ပြီး ကျိန်ဆဲတော့၏။

"ကျန်းချိုက်ရှက ငါ့မြေးလေးကိုပြုစားလိုက်တာပဲဖြစ်ရမယ်"

သူမစကားကိုကြားပြီးမှသာ သူမမြေးလည်းလုံးဝပြောင်းလဲသွားခဲ့သည်ဖြစ်ရာ ပြုစားခံရသည်သာမဟုတ်ပါက အခြားဘာဖြစ်နိုင်ဦးမည်နည်း။ကျိုးစန်းရှီလည်း ဝင်ပြောလာ၏။

"အရင်ရက်ကပဲ ရှောင်ဖုန်းကသူ့မင်္ဂလာကိစ္စကို အမေ့သဘောအတိုင်းစီစဉ်ပါ ကျန်းချိုက်ရှကိုလဲ မယူတော့ဘူးလို့ ကတိပေးထားတာလေ၊ဒီနေ့ ဆေးပင်စိုက်ခင်းရှေ့မှာ ကျန်းချိုက်ရှက သူ့ကိုတစ်ခုခုပြောလိုက်တာနဲ့ သူကရုတ်တရက်ကြီး စိတ်ပြောင်းသွားတာမလား၊တစ်ခုခုတော့ လွဲနေတာသေချာတယ်"

အဘွားစွင်း ကျိုးလျန်ဟွားကိုကျိုးထောင်ဟွားအား အမြန်သွားခေါ်ခိုင်းပြီးအံကြိတ်၍ပြောလိုက်သည်။

"အဲ့ကောင်မလေးသာ ငါ့မြေးကိုဒုက္ခပေးတာသေချာတယ်ဆိုရင် ငါသူ့ကိုလုံးဝခွင့်မလွှတ်ဘူး"

.........

ကျိုးထောင်ဟွားနှင့်ရာသီသွေးမိစ္ဆာတို့သည် ကောက်ရိုးဖျာများကိုဆေးပင်စိုက်ခင်းထဲသို့ အတူသယ်သွားပြီးဖုံးအုပ်ပေးနေကြသည်။ကျိုးမိသားစု၏ ဆယ်မူကျယ်ဝန်းသော ဆေးပင်စိုက်ခင်းအတွက် ကောက်ရိုးတဲများမှာ အများအားဖြင့်ပြီးစီးနေပြီပင်။ကျိုးထောင်ဟွား ဆေးပင်စိုက်ခင်းထဲရောက်သွားသောအခါ လူအုပ်ကြားထဲတွင် ထင်ထင်ရှားရှားရှိနေသော ရှန်းမင်ကိုတွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။

နှင်းကဲ့သို့ဖြူဖွေးကာ ရှည်လျားသော သူ့ဆံနွယ်များသည် နေရောင်အောက်တွင် ငွေရောင်တောက်ပနေသဖြင့် မမြင်ဘဲနေရန်မဖြစ်နိုင်ပေ။

"အစ်ကိုရှန်းမင် အစ်ကိုလည်းဒီရောက်နေတာလား၊အစ်ကို့အိမ်က အလုပ်တွေရော အကုန်ပြီးပြီလား"

ကျိုးထောင်ဟွား၏အံ့သြတကြီး အကြည့်များအောက်တွင် ရှန်းမင်ခေါင်းငြိမ့်ပြလိုက်သည်။ကျိုးထောင်ဟွား အံ့အားသင့်သွားရ၏။

"ငါးမူလုံး ပြီးသွားပြီပေါ့"

ရှန်းမင်ခေါင်းထပ်ငြိမ့်ပြီးပြောလိုက်သည်။

"ကိုယ် လူအများကြီးငှားလိုက်လို့ မြန်မြန်ပြီးသွားတာပါ၊ဒါနဲ့ပဲ ဦးလေးအားရှုနဲ့ဒေါ်လေးချမ်တို့ဆီလာကူပေးတာ"

ကျိုးထောင်ဟွား အနည်းငယ်ရှုပ်ထွေးသွားရသည်။သူက သူ့အလုပ်တွေပြီးအောင် လူအများကြီးငှားခဲ့ပြီးတော့မှ သူမအိမ်ကိုလာကူပေးတယ်ပေါ့လေ။ကြင်နာတတ်တာ၊တာဝန်သိတာ၊ဉာဏ်ပြေးတာနဲ့မိဘကိုရိုသေကိုင်းရှိုင်းတာ..... ဒီအရည်အချင်းတွေထဲက ဘယ်အရာနဲ့များကိုက်ညီတာပါလိမ့်။ချမ်ရှီသည် ရှန်းမင်အပေါ် အမြဲအမြင်ကြည်သူဖြစ်သည်။ယနေ့ သူရောက်လာချိန်မှစ၍ သူတို့အလုပ်များလည်း အများကြီးပိုတွင်လာခဲ့၏။

ရှန်းမင်မှာသန်မာပြီးအလုပ်လုပ်ရာတွင်လည်း မြန်ဆန်လှသည်။သာမန်လူတစ်ယောက်၌ ဤကဲ့သို့ခွန်အားမျိုးရှိနေသည်မှာ တစ်ကယ်ကိုအံ့သြစရာကောင်းလှ၏။ချမ်ရှီ လှမ်းပြောလိုက်သည်။

"ရှန်းမင်ရေ ပြီးရင်အဒေါ်တို့အိမ်မှာ နေ့လည်စာလာစားနော် မငြင်းနဲ့"

ရှန်းမင်ပြုံးလျက်ပင် သဘောတူလိုက်၏။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်လေးချမ်"

ကျိုးထောင်ဟွားမျက်ခုံးပင့်လိုက်မိသည်။ဒါကို မိဘအပေါ်ရိုသေကိုင်းရှိုင်းခြင်းလို့ သတ်မှတ်ရမလား။အနည်းဆုံးတော့ သူသည်ချမ်ရှီ၏စိတ်ကို အနိုင်ယူနိုင်ခဲ့ပြီပင်။ရှန်းမင်၊ကျိုးအာ့ရှု၊ချမ်ရှီ၊လူသန်ကြီးနှင့်ခရုနတ်ဆိုးတို့ပေါင်း၍ တဲဆောက်နေကြပြီး ကျိုးထောင်ဟွားနှင့်ရာသီသွေးမိစ္ဆာတို့မှာ ဆေးပင်စိုက်ခင်းဘက်သို့ ကောက်ရိုးဖျာများသယ်လာပေးကြသည်။ကျိုးထောင်ဟွား အချိန်ကို ခန့်မှန်းတွက်ချက်ကြည့်လိုက်၏။ရှန်းမင်အကူအညီသာပါလျှင် မိုးသီးမုန်တိုင်းကျရောက်ပြီး အပူချိန်ထိုးမကျမီ သုံးရက်အလိုလောက်၌ အမိုးအကာဖုံးအုပ်ခြင်း လုပ်ငန်းပြီးစီးနိုင်လောက်သည်။

"ထောင်ဟွား"

ကျိုးထောင်ဟွား ကောက်ရိုးဖျာများသယ်နေစဉ်မှာပင် လယ်ကွင်းစပ်မှသူမနာမည်ကို လှမ်းခေါ်သံကြားလိုက်ရသည်။လှည့်ကြည့်လိုက်သောအခါ ကျိုးလျန်ဟွားသည် စိုးရိမ်တကြီးဖြင့် သူမရှိရာသို့ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားကိုမြင်လိုက်သည့် ခဏချင်းမှာပင်ကောက်ရိုးဖျာကို မြေကြီးပေါ်ပစ်ချလိုက်ပြီး သူမအကြည့်များသည် ကျိုးလျန်ဟွားအပေါ်၌သာ စူးစိုက်ကြည့်နေလိုက်သည်။ရာသီသွေးမိစ္ဆာမှာ သူမထံအံ့သြတကြီးဖြင့် ကြည့်ကာပြောလိုက်၏။

"မိန်းကလေးကျိုး....."

သူမစကားမဆုံးသေးခင် ကျိုးထောင်ဟွားမှာ သူမနားမရှိတော့ပေ။ထားပါတော့လေ သူမတစ်ယောက်တည်းပဲ ကောက်ရိုးဖျာတွေသယ်ရတော့မှာပေါ့။

"ထောင်ဟွား အိမ်ဟောင်းကိုငါနဲ့အမြန်လိုက်ခဲ့ပါဦး၊ငါ့အစ်ကိုကြီး နောက်တစ်ခါပူးကပ်ခံလိုက်ရပြန်ပြီထင်တယ်၊သူ့ကိုဘာပြောပြော နားမထောင်သလို ဘယ်ကိုမှလဲ မကြည့်ဘူး၊သူသိတာက အဘွားသေတ္တာထဲက ငွေတေးနှစ်ဆယ်ကိုယူပြီး ကျန်းချိုက်ရှကို လူရှစ်ယောက်ထမ်းတဲ့ထမ်းစင်ကြီးနဲ့ သွားတင်တောင်းဖို့ပဲလုပ်နေတယ်"

ကျိုးလျန်ဟွား ကျိုးထောင်ဟွားထံစိုးရိမ်တကြီး ပြောလိုက်သည်။

"ဟင်"

အလုပ်လုပ်နေသော ချမ်ရှီသည် ထိုစကားကို ကြားလိုက်ရသဖြင့် မျက်လုံးပြူးသွားလေ၏။ကျိုးအာ့ရှု မေးလိုက်သည်။

"လျန်ဟွား သမီးအဘွားက ဟိုတလောလေးတင်ကျန်းချိုက်ရှနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီလို့ ပြောထားတယ် မလား၊ဘာလို့ရှောင်ဖုန်းက သူ့ကိုပြန်လက်ထပ်ချင်နေရတာလဲ"

"ဦးလေး အဘွားကယူစေချင်တာမဟုတ်ဘူး၊အစ်ကိုကြီးက ပြုစားခံထားရလို့ ကျန်းချိုက်ရှကို ဇွတ်ယူမယ်လုပ်နေတာပါ"

ကျိုးလျန်ဟွားသည် ဤအကြောင်းပြောရသည်ကိုပင် ဒေါသထွက်နေမိသည်။မိသားစုထဲရှိ မည်သူကမှကျန်းချိုက်ရှကိုမကြိုက်ကြပေသိ သူမအစ်ကိုကြီးသည်တော့.......

ကျိုးထောင်ဟွားသည် ကျိုးလျန်ဟွားအပေါ်၌ရှိနေသော သူမပိုင်ဆိုင်သည့်အရာမဟုတ်သည့် အငွေ့အသက်ကိုကြည့်ပြီး ပြောလိုက်သည်။

"ဒါက သူမိခင်မှိုရဲ့ပြုစားတာခံထားရလို့ပဲ"

"မိခင်မှိုဟုတ်လား"

ကျိုးလျန်ဟွားသည် ၎င်းမှာမည်သည့်နတ်ဆိုးမျိုးမှန်း လုံးဝနားမလည်သော်လည်း အိမ်မှကျိုးဖုန်း၏လက်ရှိအခြေအနေကို စဉ်းစားကြည့်လိုက်သောအခါ ၎င်းသည်ကောင်းမွန်သောနတ်ဆိုးမျိုးမဖြစ်နိုင်ဟု ခံစားလိုက်ရသည်။

"ထောင်ဟွား ရှောင်ဖုန်းကိုသွားကြည့်ပေးလိုက်ပါဦး"

ချမ်ရှီလည်း ကျန်းချိုက်ရှကိုမနှစ်သက်ပေ။ထိုမိန်းကလေးမှာ ပါးစပ်ဟလိုက်သည်နှင့်ဦးနှောက်မရှိမှန်း ချမ်ရှီသိနေသည်။ထို့အပြင် ကျန်းချိုက်ရှနှင့်သူ့အစ်ကိုသုံးယောက်တို့ သူတို့အိမ်လာပြီး ပြဿနာရှာခဲ့ကြောင်း ဒူးရင်းသီးနတ်ဆိုးထံမှနေ ချမ်ရှီ ကြားသိထားပြီးဖြစ်သည်။အကယ်၍သာ ဒူးရင်းသီးနတ်ဆိုးမရှိခဲ့လျှင် သူတို့အိမ်မှာစိစိညက်ညက်ကြေသွားလောက်ပေပြီ။

ထိုကဲ့သို့ ဦးနှောက်မရှိဘဲအကျိုးအကြောင်းမသင့်သော မိသားစုမျိုးနှင့် မည်သို့မျှမပတ်သက်ခြင်းကသာ အကောင်းဆုံးပင်။အကယ်၍ ရှောင်ဖုန်းသာ ထိုကဲ့သို့မိန်းမမျိုးကိုလက်ထပ်လိုက်လျှင် သူ့ဘဝကောင်းစားနိုင်တော့မည် မဟုတ်ပေ။ကျိုးထောင်ဟွား ကျိုးဖုန်းအခန်းသို့ရောက်သွားသောအခါ ကျိုးဖုန်းကို ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့မှ ကုတင်ပေါ်တွင်ဖိချုပ်ထားသည်ကိုတွေ့လိုက်ရလေသည်။

ကျိုးအိမ်ဟောင်းမှလူများသည် သူမကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီး ကျိုးရှီဆိုလျှင်သူမအတွက် ပူပူနွေးနွေးသကြားရည်တစ်ခွက်ဖျော်ပေးရန် မီးဖိုချောင်ထဲသို့ ချက်ချင်းဝင်သွားလေ၏။

"ထောင်ဟွား ရှောင်ဖုန်းဘာဖြစ်သွားတာလဲ"

ကျိုးရှီမှစိုးရိမ်တကြီးမေးလိုက်သည်။ကျိုးအိမ်ဟောင်းမှ လူတိုင်းသည် သူမထံကြည့်လာကြပြီး သူမအနေဖြင့်ကျိုးဖုန်းကို ပုံမှန်အခြေအနေပြန်ရောက်အောင် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြ၏။

"သူကကျိန်စာတိုက်ခံထားရပြီး သူ့အသိစိတ်ကို မိခင်မှိုကထိန်းချုပ်ထားတာပါ"

"ကျိန်စာဟုတ်လား။ ထောင်ဟွား ဒါကိုဖြေရှင်းဖို့နည်းလမ်းရှိလား"

အဘွားစွင်း စိုးရိမ်တကြီးမေးလိုက်ပြီး ဆယ်တေးကို ချက်ချင်းထုတ်ကာ ကျိုးထောင်ဟွားအားပေးလိုက်သည်။သူမသည် သူမမြေးထံမှနတ်ဆိုးနှင်ရန်အတွက် ယခင်ကငွေတေးနှစ်ဆယ်ကုန်ကျခံခဲ့ပြီးဖြစ်၏။ထိုငွေပမာဏဖြင့်ဆိုလျှင် နတ်သမီးတမျှလှပပြီး အိမ်ရှင်မကောင်းပီသသော ဇနီးသည်တစ်ယောက်ကိုပင် ရယူပေးနိုင်ပေသည်။သို့သော် သူမမြေးမှာတော့ ခေါင်းမာလှကာကျန်းချိုက်ရှကိုသာ တမ်းတနေခဲ့၏။ဤတစ်ကြိမ် သူမမြေးအပေါ်ကျရောက်နေသော ကျိန်စာသာပျယ်သွားပါက ကျန်းချိုက်ရှကြောင့် မိသားစုပိုက်ဆံထပ်မကုန်ရလေအောင် သူ့အတွက်မိန်းမတစ်ယောက် ချက်ချင်းရှာပေးမှဖြစ်တော့မည်။ကျိုးထောင်ဟွား ငွေဆယ်တေးကိုယူကာပြောလိုက်၏။

"နည်းလမ်းရှိပါတယ် ကျိန်စာစွမ်းအားကို ဖြတ်တောက်လိုက်ရင်ရပါပြီ၊ကံကောင်းတာက ဝမ်းကွဲအစ်ကိုကိုပူးကပ်တာ မိခင်မှိုကိုယ်တိုင်မဟုတ်ခဲ့တာပဲ မဟုတ်လို့ကတော့ဒုက္ခရောက်သွားနိုင်တယ်"

"ဒုက္ခရောက်မယ် ဟုတ်လား"

ကျိုးလျန်ဟွား စပ်စုချင်စိတ်ဖြင့်မေးလိုက်သည်။

"ဟုတ်တယ်၊ပြီးခဲ့တဲ့တစ်ခေါက် ခရုနတ်ဆိုး ဝမ်းကွဲအစ်ကိုဆီပူးကပ်ပြီး ခန္ဓာကိုယ်ကိုလုယူလုနီးပါးဖြစ်ခဲ့သလိုမျိုးပေါ့"

ဤမိခင်မှို၏ကျင့်ကြံခြင်းစွမ်းအားမှာ မမြင့်မားသလို အလွန်ဆုံးနှစ်တစ်ရာခန့်သာရှိဦးမည်နှင့် လူသားအသွင်ဖန်ဆင်းနိုင်သည့်အဆင့်မဟုတ်သေးကြောင်း ကျိုးထောင်ဟွား အာရုံခံမိလိုက်သည်။ထိုကဲ့သို့နတ်ဆိုးမျိုးသည် လူ့ခန္ဓာကိုယ်ကိုပိုမိုနှစ်သက်ကြ၏။သူမသည် ကျိုးဖုန်းထံလျှောက်သွားပြီး သူ့ရှေ့တွင်ရပ်လိုက်သည်။သူမလက်ဖဝါးထက်တွင် ဝိညာဉ်စွမ်းအင်များကိုစုစည်းလိုက်ရာ ချက်ချင်းဆိုသလို ထက်မြိလှသောဝိညာဉ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတော့၏။သူမသည် ဓားကိုဆုပ်ကိုင်လျက် ကျိုးဖုန်းခေါင်းထဲသို့ ထိုးစိုက်လိုက်လေသည်။

ကျိုးအိမ်ဟောင်းရှိ လူတိုင်းလန့်ဖြန့်သွားရ၏။ဝိညာဉ်ဓားသည် တစ်ခုခုနှင့်တိုက်မိသွားသကဲ့သို့အသံမျိုးထွက်လာပြီးနောက် ထိုအရာပြတ်တောက်သွားသံမျိုးကို သူတို့ကြားလိုက်ရသည်။ကျိုးထောင်ဟွားမှ ကျိန်စာအားအပြီးတိုင်ဖြတ်တောက်လိုက်သည့်အချိန်တွင် ကျိုးဖုန်းခန္ဓာကိုယ်ပေါ်မှ ကျိန်စာစွမ်းအားများသည် လျင်မြန်စွာပျောက်ကွယ်သွားတော့၏။ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့၏ ဖိချုပ်ခံထားရသော်လည်း ကြမ်းကြမ်းတမ်းတမ်းရုန်းကန်နေသေးသည့် ကျိုးဖုန်းမှာ ချက်ချင်းငြိမ်သက်သွားတော့သည်။ကျိုးတချမ်းမှာ သားဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့်ခေါ်လိုက်၏။

"ရှောင်ဖုန်း"

"ငါ့မြေးလေး အဆင်ပြေရဲ့လား"

အဘွားစွင်း ရှေ့တိုးလာရင်းမေးလိုက်သည်။ကျိုးဖုန်း၏ ယခင်အသိဥာဏ်များမှာ သူ့ခေါင်းထဲတွင်ပေါက်ကွဲထွက်လာသည့်အလား ပြန်သတိရလာတော့၏။

"အဘွား ကျွန်တော်မှားသွားပါတယ်၊အရင်က ဘာလို့အဲ့လိုလုပ်ခဲ့မိမှန်း ကျွန်တော် မသိတော့ပေမယ့် စိတ်မပူပါနဲ့ ကျွန်တော် အခု ကျန်းချိုက်ရှကို လုံးဝလက်ထပ်မှာ မဟုတ်ပါဘူး"

ကျိုးဖုန်း ကတိပေးလိုက်သည်။ကျန်းချိုက်ရှ၏ဇာတိရုပ်အမှန်ကို သူ ကောင်းကောင်းသိသွားခဲ့ပြီပင်။အဘွားစွင်းမှာ သူ့ကိုအပြစ်မတင်ဘဲ ခေါင်းတဆတ်ဆတ်သာငြိမ့်ပြလိုက်သည်။သို့သော် ဤတစ်ကြိမ်တွင် မိခင်မှို၏သူမမြေးအပေါ်တိုက်ထားသော ကျိန်စာမှာပျက်ပြယ်သွားပြီဖြစ်သော်လည်း နောက်တစ်ကြိမ်ထပ်ဖြစ်လာလျှင် မည်သို့လုပ်မည်နည်း။

အဘွားစွင်း ကျိုးထောင်ဟွားဘက်သို့လှည့်ကြည့်လိုက်သည်။

All Chapters