အခန်း (၁၁၁)
Vol. 12 Ch. 111
စင်မြင့်ထက်တွင် ပြိုင်ပွဲကြီးကြပ်နေသောမျက်နှာသေနှင့် အုပ်ချုပ်ရေးမှုးသည် စင်ပေါ်၌ဖြစ်ပျက်နေသည့် ပြက်လုံးထုတ်နေသကဲ့သို့သော အခြေအနေကို တိတ်ဆိတ်စွာကြည့်ရှုနေလေသည်။
အထပ် ၃၀ မှ ဝိညာဉ်သန့်စင်ခြင်းအဆင့်သာရှိသော ဂျူနီယာညီမလေးစုကျိုနှင့် သူမ၏မိစ္ဆာဝိညာဉ်တို့ကမူ... အလွန်လိုက်ဖက်ညီစွာ တွဲဖက်လုပ်ဆောင်တတ်ကြသည့် အခြေခံအဆင့် ၈ အမြွှာညီအစ်မနှစ်ယောက်ကို လိုက်လံဖမ်းဆီးနေကြသည် မဟုတ်ပါလား!
ထို့အပြင် ထိုအမြွှာညီအစ်မနှစ်ယောက်ထံ စုကျိုတိုက်ပွဲအတွက် ငှားရမ်းပေးလိုက်သော အခြေခံအဆင့်ရုပ်သေးရုပ်လည်း ရှိနေသေးသည်။
သို့သော် အခြေအနေမှာ လုံးဝပြောင်းပြန်ဖြစ်နေတော့သည်။
မြင့်မားသောကျင့်ကြံမှုအဆင့်နှင့် အခြေခံအဆင့်ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားသော အထပ် ၃၈ မှ အမြွှာညီအစ်မနှစ်ယောက်သည် ဆက်တိုက် ဆိုသလိုပြေးလွှားနေကြပြီး၊ အရှုံးပေးရန်ကြိုးစားလို့နေသည်။
ဒိုင်လူကြီးဖြစ်သော အုပ်ချုပ်ရေးမှုးကမူ... "ဒါ ကလေးကစားစရာမှတ်နေလား? နင်တို့က ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးရဲတယ်ပေါ့?"
"ငါတို့ ဝိညာဉ်ပိုးဖလံဂေဟာက ကျင့်ကြံသူတွေ မှတ်ထားရမယ့်အချက်တစ်ချက်ရှိတယ်... ပိုးကောင်ဆိုတာ သေတဲ့အထိ ပိုးချည်ငင်သွားတာ! နင်တို့မှာ ဇွဲလုံ့လမရှိဘူး၊ တကယ် အဓိပ္ပာယ်မရှိတာပဲ!"
"ကျင့်ကြံမှုအဆင့်ပိုမြင့်တဲ့ဘက်က အရှုံးပေးလို့မရဘူး!"
"နင်တို့ မသိဘူးလား?"
အုပ်ချုပ်ရေးမှုးသည် ချက်ချင်း သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ပြစ်ဒဏ်တစ်ခုချမှတ်လိုက်သည်။
[လျောင်ကျင့်ချန်းနှင့် လျောင်အိုက်ချန်းတို့သည် တက်ကြွစွာမယှဉ်ပြိုင်ဘဲ ငြင်းဆန်နေသဖြင့် ကုသိုလ်မှတ် -၅!]
ညီအစ်မနှစ်ယောက်မှာ ချက်ချင်းငိုမဲ့မဲ့ဖြစ်သွားကြသည်။ ထိုအခါမှသာ စုကျိုသည် ဤကဲ့သို့ စည်းမျဉ်းမျိုးရှိကြောင်း သိရှိလိုက်ရပြီး၊ နောင်တွင် သူ့အနေဖြင့် သင်ခန်းစာယူရမည်ဟု တွေးလိုက်သည်။
ယခုမူ သူမလည်း ၎င်းတို့ကို လိုက်လံဖမ်းဆီးရသည်အား ပင်ပန်းလာလေပြီ။
သူ ချန်ယွမ်ကိုပုတ်လိုက်ပြီး... "ငါ့ကို ချပေးတော့၊ ငါ ရေဆာလို့ လက်ဖက်ရည်သောက်ဦးမယ်”
ညီအစ်မနှစ်ယောက် အကြံပြုလာသည်။
"ဒါဆိုရင် စုကျို... ငါတို့ တိုက်ကြမယ်!"
"[ကျင်းချန် ပထမမျိုးဆက်] ရဲ့မျက်နှာကိုတော့ မထိပါနဲ့၊ ကျန်တဲ့နေရာကို နင် ကြိုက်သလိုရိုက်လို့ရတယ်”
အုပ်ချုပ်ရေးမှုး : ???
【၄၀ : ...】
【၃၀ : ဟားဟားဟား၊ ငါတို့ ဂျူနီယာညီမလေးစုကျိုက တကယ့်ကို အံ့မခန်းပဲ】
【၃၀ : ဒါကကျင်းချန်ပထမမျိုးဆက်ရဲ့ အံ့သြစရာကောင်းတဲ့ အသုံးဝင်မှုပဲကိုး။】
【၃၉ : ကျင်းချန် ဘယ်လောက်စွမ်းလဲဆိုတာ ငါကြည့်ချင်နေတာ၊ တကယ်တော့ ရုပ်သေးရုပ်ဖြစ်နေတာပဲ】
【၄၀ : ဒီရုပ်သေးရုပ်က သိပ်အသက်ဝင်လွန်းတယ်၊ မျက်နှာနဲ့ လှုပ်ရှားပုံတွေက အတူတူပဲနော်?】
【၃၈ : ထူးဆန်းတယ်၊ ဒါက ကြယ်ငါးပွင့်လျှို့ဝှက်ချက်ရဲ့အကြောင်းအရာများလား?】
【၃၆ : ဟင်း၊ ကျင်းချန်ပုံစံရုပ်သေးရုပ်လုပ်ပြီး မတိုက်ခိုက်ဘဲနဲ့ အနိုင်ယူသွားတယ်ပေါ့! အထပ် ၃၀ က ဂျူနီယာညီမလေးက တော်တော်လေး နည်းဗျူဟာကြွယ်တာပဲ】
စုကျိုထံ မည်သည့်နည်းဗျူဟာကိုမှ ချမှတ်ထားခြင်းမရှိပေ။
ဤမျှ သေချာပေါက်အသာစီးရနေသော အခြေအနေတွင် သေ့အနေဖြင့်အချိန်ဖြုန်းနေစရာ မလိုတော့ပေ။ လက်ဖက်ရည်သောက်ပြီးနောက် သူ့ကို ပွေ့ဖက်ထားသော ချန်ယွမ်ကမူ ရုတ်တရက်တိုက်စစ်ဆင်လိုက်သည်!
"ပိုးကောင်ရဲ့ ဝါးမြိုခြင်း!" ဤသည်မှာ စုကျို ဝိညာဉ်ပိုးဖလံဂေဟာမှ သင်ယူခဲ့သော တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည်။
သူမ ဘယ်လက်ဖြင့် ညီအစ်မနှစ်ယောက်ထံသို့ လက်ဟန်ပြကာတိုက်ခိုက်လိုက်ပြီး၊ ပတ်တီးဖြေထားသော ညာလက်ဖြင့်မူ စင်ပေါ်ရှိ မျက်နှာသေနှင့် အုပ်ချုပ်ရေးမှုးဆီသို့ တိတ်တဆိတ်လက်လှမ်းလိုက်သည်။
မျက်နှာသေနှင့် အုပ်ချုပ်ရေးမှုး : "???"
သူသည် ချက်ချင်းလေထဲသို့ လက်တစ်ဝက်ခန့်ခုန်တက်လိုက်သည်။
ကံကောင်းစွာပင် သူသည် စုကျို၏လှမ်းလာသော ညာလက်ကိုရှောင်တိမ်းလိုက်နိုင်လေသည်။
"ဟီးဟီး... မိသွားပြီလား?"
စုကျို သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း တဟီးဟီးရယ်မောလိုက်သည်။
"ဘုရားရေ..."
သူဌေးကြီးကွမ်းကျုံးနှင့် စင်မြင့်ပေါ်ရှိ အခြားသောချမ်းသာသည့် စီနီယာအစ်ကို၊ အစ်မများကမူ အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
အခြားသူများ၏တိုက်ပွဲများသည် ပြိုင်ဘက်အချင်းချင်းသာ တိုက်ခိုက်ကြခြင်းဖြစ်သည်။
အထပ် ၃၀ နှင့် ၄၀ ကြားတွင် အဆင့်နိမ့်ဆုံးဖြစ်သော ဝိညာဉ်သန့်စင်ခြင်းအဆင့် ဂျူနီယာညီမလေးစုကျိုကမူ စင်မြင့်ပေါ်ရှိ အုပ်ချုပ်ရေးမှုးကိုပါ တိုက်ခိုက်ရဲသည် မဟုတ်ပါလား!
【၃၈ : ဒီဂျူနီယာညီမလေးက အထပ် ၃၈ က စီနီယာအစ်မတွေကို လုံးဝ ဂရုမစိုက်တာပဲ။】
【၄၀ : နင်တို့ အထပ် ၃၈ က သုံးမရလို့ ဖြစ်မှာပေါ့?】
【၃၉ : ဟင်း၊ ဟုတ်တာပဲ၊ နင်တို့ ၃၈ တွေ ဘာလုပ်နေလဲ ကြည့်လိုက်ဦး။】
စီရင်ဆုံးဖြတ်ရေးဌာန၏ခေါင်းဆောင်သည် အထပ် ၃၀ မှ မဟုတ်ဘဲ၊ ပိုမြင့်သော အထပ်မှတာဝန်ခံဖြစ်သည်။
"တပည့်စုကျို... နင် ငါ့ကို ဒီလောက်တောင် မလေးမစားလုပ်ရသလား..."
သို့သော် စုကျိုတွင် ရွေးချယ်စရာမရှိပေ။
"ခေါင်းဆောင်... ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ပျော့ညံ့လို့မရဘူးလို့ ရှင်ပဲ ပြောခဲ့တာလေ”
"ကျွန်မက ဒီတိုင်း ရပ်နေလို့မှ မရတာ”
သူမသည် ဆန့်ကျင်ဘက်အရပ်ကို အပြစ်ကင်းသောပုံစံဖြင့် လက်ညှိုးထိုးပြလိုက်သည်။
ခေါင်းဆောင်သည် သူမ ကြည့်ရာသို့လိုက်ကြည့်လိုက်ရာ စင်မြင့်ပေါ်ရှိ ရုပ်သေးရုပ်၏အနက်ရောင်ဝတ်ရုံမှာ လုံးဝကျွတ်ကျသွားသည်ကို မြင်လိုက်ရသည်။
ညီအစ်မနှစ်ယောက်မှာ [ကျင်းချန် ပထမမျိုးဆက်] ၏အဝတ်အစားကြောင့် မှင်သက်နေကြသည်။
ပုံရိပ်ယောင်တွင်မြင်တွေ့ရခြင်းမှာ လူကိုယ်တိုင်မြင်တွေ့ရခြင်းလောက် မထိတ်လန့်စေခဲ့ပေ။
သူတို့ အားကျရသောဂျူနီယာမောင်လေးသည် ခန္ဓာကိုယ်အောက်ပိုင်းတွင် အတွင်းခံဝတ်ဆင်ထားခြင်းမရှိဘဲ ကာမဂုဏ်ချုပ်တည်းသော သော့ခတ်မှုကိုသာ တပ်ဆင်ထားလေသည်။
[သော့မရှိဘဲ ဖွင့်၍မရပါ။]
[ကျင်းကန်းပေါင် ပြုလုပ်သည်။]
အရေးကြီးသော အစိတ်အပိုင်းများကိုဖုံးကွယ်ထားပြီး အရေးကြီးသော လုပ်ဆောင်ချက်ပါဝင်နိုင်သည်ဟု သံသယရှိရသော ဤသော့ခတ်မှုတွင် သော့မပါရှိပေ။
ဒါ...
ချက်ချင်းဆိုသလိုပင် လျောင်ညီအစ်မနှစ်ယောက်သည် စုကျိုအား သူတို့ထံလာရောက်ရိုက်နှက်ခိုင်းခဲ့သည်ကို မေ့လျော့သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည်ဓားများကို ဆုပ်ကိုင်လျက် [ကျင်းချန် ပထမမျိုးဆက်] ကိုတိုက်ခိုက်ကြတော့သည်!
ဝိညာဉ်စွမ်းအင်မပါဝင်သော ၎င်းတို့တိုက်ခိုက်ရေးနည်းစနစ်များနှင့် ဓားသိုင်းကွက်များသည် ကာမဂုဏ်ချုပ်တည်းသော သော့ခတ်မှုအပေါ်သို့ မိုးစက်များကျဆင်းလာပြီး တဂျိန်းဂျိန်း မြည်သံများဖြင့် ပြည့်နှက်သွားသည်။
"ဘုန်း!"
"ဖူး!"
"ချလွင်!" တိုက်ခိုက်မှုကား ပြင်းထန်လှသည်။
ဤညီအစ်မနှစ်ယောက်၏ဓားအလင်းရောင်သည် အထပ် ၃၈ တွင်ပင် အားကောင်းသည်ဟု သတ်မှတ်ခံထားရသည်။
၎င်းတို့၏ကျင့်ကြံမှုသည် အခြေခံအဆင့် ရှစ်ဆင့်တွင်သာရှိသော်လည်း၊ ပိုးကောင်မျနေ့စဉ်ပိုးချည်ငင်ခြင်းအား စောင့်ကြည့်လေ့လာရာမှ 'ပိုးချည်မျှင် ဓားသိုင်း' ကို သဘောပေါက်နားလည်ခဲ့ကြသဖြင့် အထပ် ၃၈ အထိ တက်လှမ်းနိုင်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတပူးပေါင်းဆောင်ရွက်မှုမှာ ပြည့်စုံလွန်းသည်။ သူတို့၏ဓားစွမ်းအင်များသည် သေးငယ်သော ပိုးချည်မျှင်များကဲ့သို့ ရန်သူများကို လုံခြုံစိတ်ချရသည်ဟု ထင်ယောင်ထင်မှားဖြစ်စေလျက် တရစပ်ချည်နှောင်ထားတတ်သည်။
သို့သော် ဤ 'ပိုးချည်မျှင် ဓားသိုင်း' သည် ရက်စက်လှပြီး လှုပ်ရှားမှုတိုင်းတွင် ပိုမိုအားကောင်းလာတတ်သည်။
ပိုးအိမ်ဖွဲ့သော ပိုးချည်မျှင်များကဲ့သို့ပင် ရန်သူ၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားလိုက်သည်။ ရန်သူ၏အသန်မာဆုံး အစိတ်အပိုင်းများ ပင်လျှင် အလွှာလိုက် အလွှာလိုက် ပိုးချည်မျှင် ဓားစွမ်းအင်များကြောင့် တဖြည်းဖြည်းဟောင်းနွမ်းပျက်စီးသွားရသည်။
၎င်းသည် အလွန်အစွမ်းထက်သော ဓားသိုင်းတစ်ခုဖြစ်သည်။
ယခုအခါ ထိုဓားသိုင်းကွက်များအားလုံးသည် [ကျင်းချန် ပထမမျိုးဆက်] ၏ ခါးအောက်ပိုင်းဧရိယာသို့သာ ဦးတည်နေတော့သည်။
"ဂျူနီယာညီမလေးစုကျို... နင့်မှာ တကယ်သော့မရှိတာလား? အကြမ်းနည်းနဲ့ပဲ ဖွင့်လို့ရမှာလား?"
ညီအစ်မနှစ်ယောက်သည် စုကျိုစကားပြောရန်ပင် မလိုအပ်ဘဲ ချက်ချင်းသဘောတူလိုက်ကြသည်။
သူတို့သည် [ကျင်းချန် ပထမမျိုးဆက်] ရှိရာ ကြေးသော့ခတ်မှုကိုပင် အက်ရာထင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
"သော့မရှိပါဘူး” စုကျို သူတို့ထံ လေးစားအားကျစွာကြည့်ရင်း ချက်ချင်းဖြေလိုက်သည်။
ကျင့်ကြံရေးလောကမှ အမျိုးသမီးများဖြစ်ရသည်မှာ အမှန်ပင်ထိုက်တန်လွန်းလှပေသည်!
တွေ့လား? အမျိုးသမီးတွေလည်း သန်မာနိုင်တယ်လို့ ယင်လီကို သူ ပြောခဲ့သားပဲ။
သူတို့ လိုချင်ရင် ရအောင်ယူကြမှာပဲ။
ဟိုအသုံးမကျတဲ့ကောင်တွေက သူတို့အတွက် ကစားစရာသက်သက်ပဲ။
"ဟေး၊ ဟေး၊ ဟေး..."
စုကျိုသည် ၎င်းတို့ကို ခဏတာလေးစားအားကျနေမိသော်လည်း၊ ကြေးသော့ခတ်မှုတွင် နောက်ထပ် အက်ရာတစထပ်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။
"သော့ကျိုးသွားရင် အပိုကြေးပေးရမယ်နော်!"
ညီအစ်မနှစ်ယောက်သည် အက်ရာကိုမြင်လိုက်ရသောအခါ ပိုမိုစိတ်အားထက်သန်လာကြသည်။
ရုတ်တရက်ဆိုသလို သူတို့သည် အမျိုးသားများပြည့်တန်ဆာအိမ်သို့ သွားရသကဲ့သို့သော စိတ်လှုပ်ရှားမှုကိုခံစားလိုက်ရသည်!
သူတို့အိပ်မက်ထဲတွင် အကြိမ်ပေါင်းများစွာပေါ်လာဖူးသော ဂျူနီယာမောင်လေးကျင်းချန်အား စနောက်ကျီစယ်ရသည်မှာ...
အခုမူ လက်တွေ့ဆန်နေသည်!
"မြန်မြန်လုပ်၊ မြန်မြန်လုပ်!"
"နှစ်ယောက်တွဲတိုက်ပွဲက အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲကြာတာ၊ အဲ့ဒီနောက်ဆို ဂျူနီယာညီမလေးစုကျိုက အထပ် ၃၀ ကို ပြန်တော့မှာ!"
"ဟုတ်တယ်၊ ငါတို့ မြန်မြန်လုပ်မှရမယ်၊ ကစားဖို့အမွှေးတိုင်တစ်ဝက်စာ အချိန်ပဲ ကျန်တော့တယ်!"
"ဂျူနီယာညီမလေး စုကျို၊ စိတ်မပူနဲ့၊ သော့ကျိုးသွားရင် ငါတို့ လျော်ပေးမယ်!"
ကြေးသော့ခတ်မှုလေးတစ်ခုပဲလေ၊ ဘယ်လောက်တန်မှာမို့လို့လဲ?
သူတို့ တတ်နိုင်ပါတယ်!
နှစ်ပေါင်းများစွာလေ့ကျင့်ပြီး ပြိုင်ပွဲတွေဆက်တိုက်ဝင်လာတာ၊ ရထားတဲ့ ပိုက်ဆံတွေကို တစ်ချိန်ချိန်တော့ သုံးရမှာပဲလေ။
"ကောင်းပြီ၊ ကောင်းပြီ၊ ဝိညာဉ်ကျောက်တုံး နှစ်ထောင်နော်” စုကျို လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သော်လည်း၊ အနည်းငယ် လောဘတက်သွားကာ တဟီးဟီးရယ်လိုက်သည်။
"စုတ်ပြဲနေတဲ့ အတွင်းခံဘောင်းဘီကိုပြန်ယူသွားလိုက်ဦး၊ အဲ့ဒါ ပိုးကောင်တွေကိုကျွေးလို့ရတယ်၊ အဲ့ဒါကြောင့် အဲ့ဒါလည်း မှော်လက်နက် တစ်ခုပဲ”
ညီအစ်မနှစ်ယောက်မျက်လုံးများတောက်ပသွားပြီး သူတို့တိုက်ခိုက်နှုန်းမှာ ချက်ချင်းမြင့်တက်သွားတော့သည်!
သူတို့ မြန်မှဖြစ်မယ်!
သော့ကို စောစောဖြုတ်ချနိုင်လေ၊ ကျင်းချန်နဲ့ကစားဖို့ အချိန်ပိုရလေပဲ။
ဟီးဟီး
ညီအစ်မနှစ်ယောက် ပျော်ရွှင်နေကြသည်။
စုကျိုလည်း ပျော်ရွှင်နေပြီး၊ စင်မြင့်ပေါ်မှ အုပ်ချုပ်ရေးမှုးဘက်သို့လက်ဖြန့်ပြကာ ထိုနေရာမှ ပြင်းထန်သောတိုက်ပွဲကို ညွှန်ပြလိုက်သည်။
"ခေါင်းဆောင်၊ ကြည့်လိုက်ပါဦး၊ သူတို့ တိုက်ခိုက်နေကြပြီလေ”
"ကျွန်မကတော့ အားနေတုန်းပဲ၊ ကျွန်မကို တက်ကြွမှုမရှိလို့ဆိုပြီး အပြစ်ပေးလို့မရဘူးနော်၊ ကျွန်မ ရှင့်ကိုပဲ တိုက်ခိုက်လို့ရတော့မှာ”
ခေါင်းဆောင် : "!"
【၃၉ : ...】
【၄၀ : အဓိပ္ပာယ်ရှိသားပဲ...】
【၃၅ : ပြိုင်ဘက်ကိုပဲ အပြစ်တင်ရမှာပေါ့၊ ပြိုင်ဘက်က ကျွန်မကို မတိုက်ဘဲ သူတို့အချင်းချင်းပြန်တိုက်နေမှတော့ ကျွန်မက အုပ်ချုပ်ရေးမှုးကိုပဲ တိုက်ရတော့မှာပေါ့။】
【၃၀ : ဝိုး မိုက်လိုက်တာ၊ ငါတို့ရဲ့ဂျူနီယာညီမလေး!】
အထပ်လေးဆယ်ရှိ လေ့ကျင့်ရေးကွင်းတွင်
အခြေခံအဆင့် အထွတ်အထိပ်အသင်းဝင်ငါးယောက်သည် လေ့ကျင့်နေကြသော်လည်း လဲ့ကျယ်မှာ လေ့ကျင့်မှုအပေါ်အာရုံမစိုက်နိုင် ဖြစ်နေသည်။
ကျင်းချန်ကိုမြင်လိုက်ရတိုင်း သူသည် သူ့ သူငယ်ချင်းကွမ်းကျုံးစကားများကို ပြန်သတိရနေမိသည်။
"ဘာဖြစ်လို့လဲ စီနီယာအစ်ကိုကြီး လဲ့ကျယ်?"
ကျင်းချန်သည် လေ့ကျင့်နေစဉ် နေ့ခင်းကြောင်တောင်အိပ်မက်မက်နေသော လဲ့ကျယ်ကိုမကျေမနပ်ကြည့်လိုက်သည်။
"ခင်ဗျား ဒီနေရာမှာ ဝင်ပါရမယ့်အချိန်ရောက်ပြီလေ”
"မဟုတ်ရင် ဂျူနီယာညီလေးတောက်ဟယ်က အကာအကွယ်မဲ့ကျန်ခဲ့လိမ့်မယ်၊ မနက်ခင်းတစ်ပိုင်းလုံး ခင်ဗျား ဘာတွေတွေးနေတာလဲ?"
လဲ့ကျယ်သည် လျှို့ဝှက်ချက်ကို ထိန်းမထားနိုင်ဘဲ ကျင်းချန်ကိုတည့်တည့်ကြည့်လိုက်သည်။
"မင်း အကြောင်းတွေးနေတာလေ”
"..."