အခန်း (၁၁၆)
Vol. 12 Ch. 116
သို့သော် သူသည် လေးစားဖွယ်ပုံရိပ်ကို အမြဲထိန်းသိမ်းထားပြီး သူ့ကို အားပေးသူများအပေါ် လူရှေ့သူရှေ့တွင် မည်သည့်အခါမျှ မကောင်းသော မျက်နှာမပြခဲ့ပေ၊ စိတ်ထဲတွင် သူတို့ကို မနှစ်သက်လျှင်ပင်၊ ဟန်ဆောင် ပြုံးပြနေဦးမည်သာ။
“ရတာပေါ့၊ ဒါပေမဲ့ ခင်ဗျားတို့က နှစ်ဦးချင်းတိုက်ပွဲ အလယ်မှာရောက်နေတာ မဟုတ်ဘူးလား။ ဒါက မသင့်တော်ဘူးလေ” ကျင်းချန်က ညင်သာစွာပြောလိုက်သည်။
ထို့နောက် တစုံတရာမှားယွင်းနေသည်ကို သူ အာရုံခံမိလိုက်ပြီး ပြိုင်ကွင်းပေါ်ရှိ တရားသူကြီးချုပ်ထံ အကြည့်ရွှေ့လိုက်လေသည်။
ထိုနေရာတွင်၊ တရားသူကြီးချုပ်သည် မည်သို့မည်ပုံမသိ၊ ပြိုင်ကွင်း၏အနောက်တောင်ဘက် အကွယ်ဆုံးထောင့်သို့ ရွေ့လျားသွားသည်ကို သူ တွေ့လိုက်ရလေသည်!
ထိုနေရာတွင် ကျင်းကန်ပေါင်ပြုလုပ်ထားသော ရုပ်သေးရုပ်ငါးရုပ်သည် တစ်စုံတစ်ခုကိုဖုံးကွယ်ထားသကဲ့သို့ စက်ဝိုင်းခြမ်းပုံစံဖွဲ့စည်းထားပြီး၊ ပြိုင်ကွင်း၏ထောင့်ကို လုံးဝဖုံးကွယ်ထားလေသည်။
တရားသူကြီးချုပ်သည် ရုပ်သေးရုပ်များ၏အထက်သုံးကျန့်ခန့်တွင် လေထဲ၌ ပျံဝဲနေပြီး၊ စိတ်ဝင်တစားဖြင့် ငုံ့ကြည့်နေလေသည်။
ကျင်းချန် : “?”
ဒါက နှစ်ဦးချင်းတိုက်ပွဲ ဖြစ်နေတုန်းပဲလား။
တရားသူကြီးချုပ်က ဘာလုပ်နေတာလဲ။
ရုပ်သေးရုပ်များကြားရှိနေရာလွတ်ထဲသို့ တစ်ဝက်တစ်ပျက်တိုးဝင်နေသော လဲ့ကျယ်ကို ထူးဆန်းစွာတွေ့လိုက်ရသောအခါ သူ့ရင် တစ်ချက် တုန်သွားလေသည်။
ပိုနားမလည်နိုင်စရာ ကောင်းသည်မှာ၊ ကျင်းချန် ခေါင်းလှည့်ကြည့်လိုက်သောအခါ၊ သူနှင့်အတူထိုင်နေခဲ့ကြပြီး ဝိညာဉ်အာရုံခံစားမှုများ ပရိတ်သတ်ခုံတွင် ရှိနေခဲ့သော တောက်ဟယ်အဖွဲ့မှ လူလေးယောက်ကို၊ ဘယ်နေရာမှာမှ မတွေ့ရတော့ခြင်းပင်!
သေချာကြည့်လိုက်သောအခါ၊ ရုပ်သေးရုပ်ငါးရုပ်၏ ခြေထောက်များကြားတွင်၊ လျန်ဟော့ကျီ၏ဖြန့်ကျဲနေသော ဆံနွယ်နီများ၊ တောက်ဟယ်၏ ငါးမျှားချိတ်နှင့် ချင်းချုး၏အစိမ်းရောင်ဝတ်ရုံ အနားစတို့ကိုမြင်တွေ့လိုက်ရလေသည်။
သူတို့အားလုံး တစ်စုံတစ်ရာကိုကြည့်ရှုရန် ပြိုင်ကွင်း၏ထောင့်တစ်နေရာသိုရောက်သွားကြလေပြီ!
ကျင်းချန်သည် အလွန်ဆိုးရွားသော နိမိတ်ကိုခံစားလိုက်ရသည်။
သူ မတ်တတ်ရပ်ပြီး အပျော်သွားရှာသင့်၊ မသင့် သူ မသိတော့ပေ။
“သခင်လေးကျင်းချန်...”
ထို့နောက်၊ လျန်ဟော့ကျီ၏ဝိညာဉ်ပုံရိပ်သည် ရုပ်သေးရုပ်တစ်ခုပေါ်တွင် ပေါ်လာပြီး၊ ကျင်းချန်ကိုကြည့်ရင်း ထိတ်လန့်တုန်လှုပ်သော အမူအရာကို ထုတ်ဖော်ပြသလိုက်လေသည်။
သူ တွန့်ဆုတ်နေသော်လည်း၊ နောက်ဆုံးတွင် သူ့ထံသို့ အသံလွှင့်ဆက်သွယ်လိုက်လေသည်။
“စင်ပေါ်က မြန်မြန်ဆင်းပြီးသွားကြည့်!”
“မြန်မြန်၊ မင်းရဲ့ရုပ်ခန္ဓာကိုယ်က...”
“အကုန်လုံးပေါ်ကုန်ပြီ...”
ကျင်းချန် : “???”
သူသည် ပုံရိပ်ထိန်းသိမ်းရန်ကိစ္စကို ချက်ချင်းမေ့လျော့သွားပြီး၊ သူ့ဝိညာဉ်အသိစိတ်သည် စင်ပေါ်မှချက်ချင်းပျောက်ကွယ်သွားလေသည်။
သူ ထွက်ခွာသွားမှုကြောင့်၊ သူနှင့်ကြည့်ရှုခွင့် အတူတူမျှဝေထားသော လဲ့ကျယ်နှင့်အခြားလေးယောက်တို့သည်လည်း စင်ပေါ်မှပျောက်ကွယ် သွားကြလေသည်။
တခဏအတွင်းမှာပင်၊ ပုံရိပ်ယောင်ကို ကြည့်ရှုနေကြသော ဂိုဏ်းသားများအားလုံးသည် အလွှာ ၄၀ ရှိ လေ့ကျင့်ရေးကွင်းတွင် ဘာဖြစ်ပျက်နေ သည်ကိုမြင်တွေ့လိုက်ရသည်။
မျက်လုံးမှိတ်ထားသော အခြေတည်အဆင့် ထိပ်ဆုံးအဖွဲ့သားငါးဦး၏ခန္ဓာကိုယ်များသည် ချက်ချင်းတုန်ခါသွားကြပြီး မျက်လုံးများ ပွင့်လာကြ လေသည်။
“စုကျို!”
ကျင်းချန် ငုံ့ကြည့်လိုက်ရာ သူ့ကိုယ် သူ ကိုယ်လုံးတီးဖြစ်နေသည်ကို တွေ့လိုက်ရလေသည်!
ငယ်စဉ်ကတည်းက အခြားယောက်ျားများထက်သေးငယ်သော သူ့အစိတ်အပိုင်းသည် ပေါ်ထွက်နေလေသည်!
“အော်၊ နင် နိုးလာပြီလား”
ဝိညာဉ်စွမ်းအင် လမ်းကြောင်းထဲသို့ ကိုယ်တစ်ပိုင်း ဝင်နေကာ ထွက်ခွာခါနီးဖြစ်သော စုကျိုကမူ သူ့ကို လက်မထောင်ပြလိုက်သည်။
“အံ့ဩစရာ မရှိတော့ပါဘူး၊ ငါ နင့်ကိုပုံတူကူးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာတောင်၊ ဒီအစိတ်အပိုင်းကို ဘယ်တုန်းကမှရှာမတွေ့ခဲ့ဘူး”
“ငါ သိသားပဲ၊ ငါ့အပြစ် မဟုတ်ဘူးဆိုတာ”
“ကျင်းချန်၊ အတိတ်ကအကြွေးတွေ အားလုံး၊ ဝိညာဉ်ကျောက်တုံး ၁၃၂,၀၀၀၊ အရင်းရော အတိုးပါ၊ ဒီနေ့ကစပြီး ရှင်းသွားပြီ”
သူသည် ဝတ်ရုံကိုအလျင်အမြန် ဆွဲယူဝတ်ဆင်နေစဉ် သူမသည် ရှင်းပြီးကြောင်းစာရင်းကို သူ့ရင်ဘတ်ဆီသို့ ပစ်ပေးလိုက်လေသည်။
—
[ကျင်းချန်၏ ဝိညာဉ်အမြစ် ပုံတူ - တန်ဖိုး ၁၉,၉၉၉ ဝိညာဉ်ကျောက်တုံး]
[ကျင်းချန်၏ ခြေထောက်ပုံတူ - တန်ဖိုး ၉,၉၉၉ ဝိညာဉ်ကျောက်တုံး...]
[စုစုပေါင်းပုံတူများ - ၂၂၀,၀၀၀ ဝိညာဉ်ကျောက်တုံး၊ ဘေလ်ထက် ၉၀,၀၀၀ ဝိညာဉ်ကျောက်တုံး ပိုနေသည်။]
“နင်က ငါ့ရဲ့ ကောက်ရိုးကိုယ်ပွားတွေ၊ ကြေးဝါ ရုပ်သေးရုပ်တွေ၊ ပြီးတော့ ငါ့ရဲ့ ပုံတူကူး စွမ်းရည် ကုန်ကျစရိတ်တွေကိုလည်း ကုန်စေခဲ့တယ်”
“စုစုပေါင်း၊ ငါ နင့်ကို ဝိညာဉ်ကျောက်တုံးနှစ်ထောင့်သုံးရာပေးဖို့ လိုသေးတယ်”
စုကျိုသည် သူ့လက်ချောင်းများဖြင့် လျှင်မြန်စွာတွက်ချက်လိုက်ပြီး၊ နောက်ဆုံးတွင် ကျင်းကန်ပေါင်ပြုလုပ်ထားသော ကြေးဝါကာမပိုင် သော့ခလောက်တစ်ခုကို သူ့ထံပစ်ပေးလိုက်သည်။
“ရော့၊ ဒါ နင့်အတွက် ပြန်အမ်းငွေပဲ”
ကျင်းချန် : “!”
သူ့ခန္ဓာကိုယ် တုန်ယင်သွားပြီး၊ သူ အမှန်တကယ်ပင် သွေးတစ်လုပ်အန်ထုတ်လိုက်ရလေသည်။
သူ ဒေါသထွက်လွန်းသဖြင့် သူ့ဒန်တျန်တုန်ခါသွားပြီး၊ သူ့ဝိညာဉ်အမြစ် နာကျင်ကိုက်ခဲသွားလေသည်။ သွေးအန်ခြင်းသည် ချီလမ်းကြောင်း သွေဖီခြင်း၏ လက္ခဏာဖြစ်သည်။
တခဏအတွင်း၊ သူ့မုန်ညင်းစေ့အိတ်ထဲမှ မီးလေးသည် ပျံထွက်လာပြီး၊ သူသည် ဘယ်လက်ဖြင့်လေးကိုဆွဲကာ စုကျိုထံသို့ မီးမြှားတစ်စင်း ပစ်လွှတ်လိုက်လေသည်။
“ကျင်းချန်၊ ရပ်လိုက်!”
လဲ့ကျယ် ချက်ချင်းတားဆီးလိုက်သည်။
“အလွှာ ၄၀ မှာ တိုက်ခိုက်ခွင့်ပြုထားပေမယ့်၊ မင်းရဲ့ ဂျူနီယာညီလေး ညီမလေးတွေကို တမင်တကာ သတ်လို့ မရဘူး!”
သူ ညာလက်သီးကိုဆုပ်လိုက်ရာ၊ ချက်ချင်း လျှပ်စီးများ လက်သီးတစ်ခုလုံး ဖြာထွက်လာပြီး၊ ကျင်းချန် မီးမြှားကို တိုက်ရိုက် ဖမ်းဆုပ်လိုက် လေသည်။
သို့သော် ကျင်းချန်သည် မြှားများစွာကိုဆက်တိုက် ပစ်လွှတ်လိုက်ရာ၊ တစ်စင်းသည် ဒေါသအပြည့်ဖြင့် စုကျိုရှိရာသို့ပြေးဝင်သွားလေသည်!
“စုကျို၊ နင် ဒီနေ့ ငါ ကျင်းချန်ကိုလှည့်စားခဲ့တယ်! ဒါက ပြန်မဆက်စပ်နိုင်တော့တဲ့ ရန်ငြိုးပဲ!”
“နတ်ပိုးကောင်ဆောင်ရဲ့စည်းကမ်းတွေက နင့်ကို အကာအကွယ်မပေးနိုင်ဘူး!”
“ငါ နင့်ကို သတ်မယ်!”
“ဒါမှမဟုတ်ရင်၊ ငါက ကျင်းမိသားစုရဲ့သားစဉ်မြေးဆက်ဖြစ်ရတာနဲ့ မတန်တော့ဘူး!”
သို့သော် စုကျိုသည် [အုပ်ချုပ်ရေးမှူး ဟူကျဲကျင့်] ၏လက်မောင်း ရှစ်ချောင်းကိုမြှောက်ကာ အားယူလိုက်ပြီး၊ ခြေရှစ်ချောင်း မျှော်စင်ကောင် (ပင့်ကူ) ကဲ့သို့ လမ်းကြောင်းဆီသို့ လျှင်မြန်စွာတွားသွား ပြန်ဝင်ရောက်သွားပြီ ဖြစ်ကာ၊ သူမ အသံသာ အလွှာ ၄၀ တွင် ဝဲပျံကျန်ရစ်လေသည်။
“လာလေ၊ ငါ နင့်ကို မကြောက်ဘူး”
“နင် အရမ်းစွမ်းနေရင်၊ အလွှာ ၃၀ ကိုလာခဲ့”
ကျင်းချန် : “...”
မကြောက်ဘူး? အဲ့တာဆိုရင် အဲဒီလောက် မြန်မြန်မဝင်သွားနဲ့လေ!
“ဟက်၊ ငါ့ရဲ့ [ကျင်းချန် ဒုတိယမျိုးဆက်] က အလွှာ ၃၀ မှာ နင့်ကိုစောင့်နေတယ်”
ကျင်းချန် : “...!”
သူ့မြင်ကွင်း မဲမှောင်သွားလေသည်။
တစ်လျှောက်လုံး၊ သူ အဂရုစိုက်ဆုံးအရာမှာ သူ့ရုပ်ရည်ချောမောမှုနှင့် ပါရမီရှင်တစ်ဦးဟူသော ဂုဏ်သတင်းဖြစ်သည်။
သို့သော် ဒီနေ့တွင်၊ သူသည် သူမ ခြေဖဝါးအောက်တွင် လုံးဝနင်းချေခံလိုက်ရလေပြီ!
ဝိညာဉ်စွမ်းအင်လမ်းကြောင်းသည် မည်သည့်အခါကမှ မပေါ်ခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
...
မယုံနိုင်စရာ ကောင်းလောက်အောင်ပင်၊ စုကျို၏နှစ်ယောက်ချင်းယှဉ်ပြိုင်ပွဲသည် မပြီးဆုံးသေးပေ။
သူမသည် အလွှာ ၄၀ မှ ပြန်လည်တွားသွားဆင်းလာပြီး တရားသူကြီးချုပ်မျက်လုံးများထဲမှ ရှုပ်ထွေးသော အကြည့်ကိုမြင်လိုက်ရသည်။
“အုပ်ချုပ်ရေးမှုး၊ မလောပါနဲ့၊ ကျွန်မ စီနီယာအစ်မတွေနဲ့ စကားခဏလောက် ပြောပါရစေ၊ ပြီးရင် ပြီးပါပြီ”
စုကျို ယဉ်ကျေးစွာ ပြောလိုက်သည်။
ညီအစ်မနှစ်ယောက်သည် ကြောက်ရွံ့မှုနှင့် နှလုံးနာကျင်မှုရောပြွမ်းနေသော အကြည့်ဖြင့် စုကျိုကို ကြည့်လိုက်သည်။
“မရခဲ့သေးဘူးလား”
ရှင်းနေသည်မှာ၊ စောစောကပြိုင်ကွင်းပေါ်တွင် ကျင်းချန်အပေါ် သူတို့၏ချဉ်းကပ်မှုသည် စုကျို အချက်ပေးမှုအတိုင်း သူ့ကိုအာရုံလွှဲရန် တမင်ကြံရွယ်ထားသော ကြိုးပမ်းမှုဖြစ်လေသည်။
သို့သော် စုကျိုသည် တုံဆိုင်းစွာဖြင့် သူတို့ကိုခေါင်းညိတ်ပြလိုက်သည်။
“ရခဲ့တယ်”
[၄၀: ???]
[၃၉: ...?]
စုကျိုသည် [ဟူကျဲကျင့်၏ ညာလက်] ဖြင့် မုန်ညင်းစေ့အိတ်ထဲသို့အမြန်နှိုက်လိုက်ပြီး၊ မျက်လုံးမှိတ်ကာ၊ ညီအစ်မနှစ်ယောက် လိုချင်ခဲ့သော် လည်း ယခု မြင်တွေ့ရမည်ကိုနောင်တရနေသော [အမည်မသိ အရာဝတ္ထု] ကိုးခုကို ထုတ်ယူလိုက်လေသည်။
“ရော့”
စုကျိုသည် [ဟူကျဲကျင့်၏ ညာလက်] ကို အသုံးပြု၍ [အမည်မသိ အရာဝတ္ထု] အပုံလိုက်ကို ညီအစ်မနှစ်ယောက်၏လက်ထဲသို့ ပစ်ထည့်ပေး လိုက်လေသည်။
“အာ—!”
ညီအစ်မနှစ်ယောက်သည် ဟန်ဆောင်ကောင်းသူဖြစ်ခြင်းက ဘာကိုဆိုလိုသလဲဆိုတာကို ပုံရိပ်ယောင် ကြည့်ရှုနေသော ဂိုဏ်းသားအားလုံးအား ချက်ချင်းပြသလိုက်လေသည်။
သူတို့သည် ကြောက်လန့်တကြားအော်ဟစ်ပြီး ခုန်လိုက်ကြသည်။ သူတို့သည် သူတို့၏ပိုးချည်ကဲ့သို့သော ဓားသိုင်းပညာကို မျက်စိစုံမှိတ် အသုံးပြုကာ [အမည်မသိ အရာဝတ္ထု] ကိုးခုကို စုကျိုပင် မမှတ်မိနိုင်လောက်အောင် ပျော့ဖတ်ဖြစ်သွားသည်အထိ ခုတ်ထစ်ပစ်လိုက်ကြ လေသည်။
【၃၉: ……】
【၄၀: ကျေးဇူးပြုပြီး ဂျူနီယာညီမလေးစုကျိုကို ထိပ်သီးဆယ်ဦးနတ်လမ်းစဉ် ပြိုင်ကွင်းဆီ ပို့ပေးကြပါ!】
【၃၈: ငါတို့နတ်ပိုးကောင်ဆောင်က အမျိုးသမီးကျင့်ကြံသူတွေ တိုက်ခိုက်ပြီး ကမ္ဘာကျော်သွားလိမ့်မယ်!】
ပုံရိပ်ယောင်ကို ကြည့်ရှုနေကြသော အမျိုးသားဂိုဏ်းသားအားလုံးသည် ကျောချမ်းသွားပြီး ခါးအောက်ပိုင်းနာကျင်သွားသလို ခံစားလိုက်ရလေ သည်။
ဒါကတကယ်ပဲ သူတို့ကို သေအောင် သတ်တော့မှာပဲ။
ထုံဆေးအာနိသင်ရှိနေသည်ဟု ခံစားရပြီး၊ ထုံဆေး အကြွင်းအကျန်များကို အတင်းအဓမ္မထုတ်ပစ်ရန် ဝိညာဉ်စွမ်းအင် အသုံးပြုခဲ့သော ကျင်းချန်သည်၊ ရုတ်တရက် အလွှာ ၄၀ တွင် နာကျင်မှုကြောင့် သတိမေ့သွားလေသည်။
“အား”
လဲ့ကျယ်နှင့် အခြားသုံးယောက်: “...”
ကျင်းချန် ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်နိုင်ပါဦးမလား။
ပြိုင်ကွင်းပေါ်မှာ၊ သူသာ ရုတ်တရက် ဒီလိုမျိုးဖြစ်သွားရင်၊ ဘယ်အသင်းဖော်က သူ့ကို ကယ်တင်နိုင်မလဲ။
ကျင်းချန်အား ထောက်ခံသူ လျန်ဟော့ကျီပင်လျှင် အနည်းငယ် တုံဆိုင်းနေမိသည်။
သူ ဒီလို တွေးနေစဉ်မှာပင်၊ လဲ့ကျယ်သည် သူ့ညီလေးလဲ့အော်ထံမှ စာတစ်စောင် လက်ခံရရှိလိုက်လေသည်။
လဲ့အော်: အစ်ကို၊ စုကျိုက အစ်ကိုတို့လေးယောက်နဲ့ သဘောတူညီမှုတစ်ခုလုပ်ချင်နေတယ်။
လဲ့အော်: နေရာက နတ်ပိုးကောင်ဆောင်ရဲ့ကုသိုလ်တော်ရေပူကန်
လဲ့ကျယ်နှင့် အခြားသုံးယောက်သည် စာထဲမှ စာလုံးများကိုစိုက်ကြည့်ရင်း ခေတ္တမျှတိတ်ဆိတ်နေကြလေသည်။
လျန်ဟော့ကျီကမူ ပထမဆုံး ငြင်းဆန်လိုက်သည်။
“သူ ငါ့အဆင့်ကိုတက်လာနိုင်တဲ့အထိ စောင့်လိုက်ဦး၊ အဲဒီကျမှ ဘယ်ကုန်သွယ်မှုကိုမဆို ဆွေးနွေးမယ်”
နတ်ပိုးကောင်ဆောင်၏အလွှာတိုင်းတွင် တင်းကျပ်သော အဆင့်အတန်းခွဲခြားမှုရှိသည်။
အလွှာကျော်လွန် ဆက်ဆံခြင်းကိုခွင့်မပြုပေ။
အလွှာ ၃၈ ၏ခေါင်းဆောင် လျန်ဟော့ကျီအနေဖြင့်၊ ထိုမျှ 'ထူးခြား' သော နည်းလမ်းများ ရှိသည့် အလွှာ ၃၀ မှ ဂျူနီယာညီမလေး တစ်ဦးနှင့် ညှိနှိုင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သူမသည် ယွမ်သန့်စင်အဆင့်ထိပ်ဆုံးတွင်သာ ရှိသေးသည်၊ အခြေတည်အဆင့် ထိပ်ဆုံးရှိလူတစ်ယောက်နှင့် သူမ ဘယ်လိုလုပ် ညှိနှိုင်းနိုင် ပါ့မလဲ။
ကျင်းချန် ကိစ္စကမူ ပြီးသွားပြီ။
ဒါပေမဲ့ လျန်ဟော့ကျီ ကိစ္စက မပြီးသေးဘူး။
ဒါ့အပြင်၊ ကိစ္စတွေက ဒီနေ့ ကျင်းချန် ဖြစ်သလိုမျိုး ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။
လျန်ဟော့ကျီ ပြတ်သားစွာ ခေါင်းခါလိုက်သည်။
“မဖြစ်ဘူး”
သို့သော် နောက်ဆက်တွဲ ပိုးစာလွှာတစ်စောင် မကြာမီ ရောက်ရှိလာလေသည်။
လဲ့အော် : စုကျို ဆိုလိုတာက၊ သူမ အစ်ကိုတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ကိုရထားတယ်တဲ့၊ ဒါပေမဲ့ သူ သိပ်မလိုချင်တဲ့ အစိတ်အပိုင်းတချို့ ရှိနေတယ်တဲ့
လဲ့ကျယ်နှင့် အခြားသုံးယောက် : “?”
လဲ့အော်: အကယ်၍ အစ်ကိုတို့ ရေပူကန်ကိုလာပြီး သူနဲ့တခြားအရာတွေ လဲလှယ်ဖို့ဆန္ဒရှိမယ်ဆိုရင်၊ သူမ အစ်ကိုတို့ရဲ့ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို အစ်ကိုတို့ဆီ ပြန်ပေးရတာ ဝမ်းသာမိမှာပါတဲ့
လဲ့ကျယ်နှင့် အခြားသုံးယောက် : “!”
ဘာ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလဲ။
အဲဒါတွေက ကျင်းချန်လိုမျိုး ဖြစ်နိုင်မလား။
“ဘယ်အချိန်လဲ၊ ကုသိုလ်တော်ရေပူကန်မှာလား ? ဒီနေ့လား”
၎င်းတို့အားလုံးအနက် မာနအကြီးဆုံးဖြစ်သော၊ ကြာပန်းမီးလျှံ လျန်ဟော့ကျီသည် မမေးဘဲ မနေနိုင်တော့ချေ။
“လဲ့ကျယ်၊ မင်း ဘာစောင့်နေတာလဲ၊ မင်းညီကို မြန်မြန်မေးလိုက်လေ!”
“...”