အခန်း (၁၁၈)
Vol. 12 Ch. 118
စုရှင်းချန်သည် နက်နက်နဲနဲ စဉ်းစားရင်းနားထင်ကို ဖိလိုက်သည်။
“သူတို့ မပြုတ်ကျရင်တောင်မှ၊ အဲဒီလို စိတ်ရှုပ်ထွေးနေတဲ့ အခိုက်အတန့်မှာ၊ ညီမလေးနဲ့ ကျွန်တော်က အခွင့်ကောင်းယူတိုက်ခိုက်ပြီး သူတို့ကို တွန်းချလို့ ရတာပဲ”
အခွင့်အရေးက အဲဒီ မှတ်ဉာဏ်ရှုပ်ထွေးသွားတဲ့ တစ်ခဏလေးမှာ ရှိတာပဲ!
အုပ်ချုပ်ရေးမှုး ရူယွီ ဆက်နားမထောင်ချင်တော့ပေ။
သူတိုနတ်ပိုးကောင်အဆောင်မှာ ပုံမှန်တိုက်ခိုက်တဲေပုံစံလေးတောင် မရှိနိုင်တော့ဘူးလား။
ဘယ်လိုလုပ်ပြီး သူတို့အားလုံးက ဒီလောက်တောင်... ယုတ်မာကောက်ကျစ်နေရတာလဲ!
တခဏအတွင်း၊ အုပ်ချုပ်ရေးမှုးရူယွီသည် လက်အောက်ခံအဖွဲ့နှင့် အထက်တန်းအဖွဲ့မှ အမျိုးသားအားလုံးကို ပိုးစာတံဆိပ်ခတ်ရန် အမိန့်ပေးလိုက်လေသည်။
သူမ၏လှပသော မျက်နှာသည် ခံစားချက်ကင်းမဲ့နေဆဲဖြစ်သည်။
“ငါ နင်တို့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်အားလုံးကို ပိတ်လိုက်ပြီ”
“ဘာ”
“ဟင်”
“ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ၊ နင်တို့အားလုံး ဒီကုသိုလ်တော်ရေကန်ထဲမှာ ဝီရိယရှိရှိ ကျင့်ကြံရမယ်”
“စုကျို၊ စုကျီကျီ နဲ့ စုရှင်းချန်၊ နင်တို့က အခြေတည်အဆင့်ရောက်ပြီးမှပဲ ထွက်ခွာခွင့်ရှိတယ်”
“ကျန်တဲ့လူတွေ၊ ရေကန်ထဲက ထွက်ခွာခွင့်မရခင်မှာ နင်တို့ရဲ့ကျင့်ကြံခြင်းကို တစ်ဆင့် မြှင့်တင်ရမယ်”
ပြောပြီးနောက်၊ အုပ်ချုပ်ရေးမှုးရူယွီသည် စုကျိုကို စိတ်ချစေသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။
“အထူးသဖြင့် နင်တို့ လူနည်းစု၊ နင်တို့က ပထမထပ်ကနေ အလွှာ ၃၀ ထိ ရောက်လာခါစဆိုတော့၊ အရင်က ကုသိုလ်တော်ရေကန်ကို မရောက်ဖူးကြဘူး မဟုတ်လား”
“နင်တို့ရဲ့ အတိတ်ကျင့်ကြံခြင်းမှာ စုဆောင်းခဲ့တဲ့ ကုသိုလ်မှတ်တွေကို ဒီနေ့ ဝိညာဉ်စွမ်းအင်ရေကန်ထဲမှာ စိမ်ဖို့ အချိန်နဲ့လဲလှယ်လို့ရတယ်”
“ကုသိုလ်မှတ် များလေလေ၊ အခမဲ့ စိမ်နိုင်တဲ့အချိန်ပိုကြာလေလေပဲ”
အုပ်ချုပ်ရေးမှုး ရူယွီသည် စုကျို နဖူးကို ညင်သာစွာထိလိုက်လေသည်။
“ဒါက နင့်အတွက်အပြစ်ပေးတာ မဟုတ်ဘူး၊ တကယ်တော့ ဆုလာဘ်တစ်ခုပဲ”
“ဒါက လမ်းညွှန်မှုပုံစံတစ်ခုလည်း ဖြစ်တယ်”
“တစ်ခါတလေ၊ မွေးရာပါ ဝိညာဉ်စွမ်းအင်မပါဘဲ ကျင့်ကြံဖို့ ကြိုးစားကြည့်ပါ၊ အဲဒါက အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်”
သူမ ပြောနေစဉ်မှာပင်၊ ရွှေရောင်ပိုးချည်မျှင်များဖြင့် ရက်လုပ်ထားသော ခြောက်ထောင့်ပုံ ဝိညာဉ်သော့ခလောက်တစ်ခုကို စုကျို ညာလက်သို့ စွပ်ပေးလိုက်လေသည်။
ထို့နောက်၊ ရွှေရောင် ပိုးချည်မျှင် သော့ခလောက်များကို ယင်လီ၊ ယို့လု နှင့် ကျူးပိုင်ယွီ တို့၏ဘေးပတ်လည်တွင် ခတ်ပေးလိုက်လေသည်။
စုကျီကျီ၊ စုရှင်းချန် နှင့် လိုကျားတို့၏ မျက်ခုံးများ ပတ်လည်တွင်လည်း ခတ်ပေးထားလေသည်။
ရှင်းနေသည်မှာ၊ ဤနေရာများသည် သူတို့၏မတူညီသော မွေးရာပါ ဝိညာဉ်စွမ်းရည်များကို အသုံးပြုရာနေရာများဖြစ်လေသည်။
တံဆိပ်များ ပိတ်လိုက်သည်နှင့်၊ သူတို့၏မွေးရာပါ ဝိညာဉ်စွမ်းရည်များကို အသုံးပြု၍ရတော့မည် မဟုတ်ပေ။
စုကျိုမျက်နှာထား ထူးဆန်းသွားပြီး၊ အုပ်ချုပ်ရေးမှုးရူယွီကို မကြည့်ဘဲမနေနိုင် ဖြစ်သွားလေသည်။
ကျူးပိုင်ယွီသည် လုံးဝစိတ်ပျက်အားငယ်သွားပုံပေါ်သည်။
“ကျွန်တော်က ဘာလို့ ပါသွားရတာလဲ၊ ကျွန်တော်က ရိုးရိုးသားသားတိုက်ခိုက်နေတာပါဗျာ၊ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ”
“အာ၊ ဟုတ်သားပဲ၊ အဲဒါက အကျင့်ဖြစ်နေလို့ပါ၊ လွယ်လွန်းလို့လေ”
အုပ်ချုပ်ရေးမှုး ရူယွီသည် သူမ နှာခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ထိလိုက်လေသည်။
ကျူးပိုင်ယွီ တိတ်ဆိတ်သွားလေသည်။
သူသည် တကယ်တော့ အပုံမှန်ဆုံးလူဖြစ်သော်လည်း၊ သူ နေရာမှားနေသလို ခံစားနေရသလော။
ပြီးတော့ သူက ဘာမဆိုင် ညာမဆိုင် ကြားညပ်သွားခဲ့လေသည်။
“ဒီနေ့ကစပြီး၊ ငါလည်း ကောက်ကျစ်စဉ်းလဲစွာနေတော့မယ်၊ မဟုတ်ရင်၊ ငါလည်း မတရား ဆက်ဆံခံရမှာပဲ”
ကျူးပိုင်ယွီသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားကာ သူ့ရှေ့ရှိ ရေပူကန်ထဲသို့ လျှောက်ဆင်းသွားလေသည်။
ချက်ချင်းပင်၊ စုကျိုသည် သူ့ညာလက်ရှိ ဝိညာဉ်အကဲဖြတ်လက်ကောက် လင်းလက်လာသည်ကို မြင်လိုက်ရသည်။
[ကုသိုလ်မှတ် အရေအတွက်: ၄၁]
[ရေပူကန်တွင် စိမ်နိုင်သောအချိန်: လေးရက်]
“ဟွန်း၊ ငါ ဒီလောက်ကြာကြာစိမ်လို့ရတာပဲ”
ကျူးပိုင်ယွီသည် လက်ကိုမြှောက်ကာ၊ ရေပူကန်ထဲတွင် မျောပါနေသော ဖောင်တစ်ခု ဖန်တီးရန် သစ်ပင်ပေါင်းများစွာကို အမိန့်ပေးဖို့ ရည်ရွယ်လိုက်သော်လည်း၊ ထိုသို့ဖြစ်မလာဘဲ ရေကန်ထဲသို့ ဒေါင်လိုက်ပြုတ်ကျသွားလေသည်။ သူသည် သူ့ပါရမီစွမ်းရည် ပိတ်ပင်ခံထားရ သည်ကို သိသိသာသာ မေ့လျော့နေခြင်းဖြစ်သည်။
“အား!”
သူ ချက်ချင်း ပြန်ခုန်တက်လာလေသည်။
“အရမ်းပူတယ်”
အခုတော့ သူသည် ရေကန်၏မြင့်မားသော အပူချိန်ကို ခုခံရန် သူ့ ရုပ်ခန္ဓာကိုယ် စွမ်းအားကိုသာ အသုံးပြုနိုင်တော့သည်။
“ဒီကုသိုလ်တော်ရေကန်က ကြမ်းတမ်းတဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နေတာ၊ အဆင့်တက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျင့်ကြံသူတွေ အကြိုက်ဆုံးနေရာပဲ”
“ဖရိုဖရဲ စီးဆင်းနေတဲ့ ဝိညာဉ်စွမ်းအင်တွေက ငါတို့ အဆင့်တက်ရာမှာ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ လွယ်ကူစွာ ကူညီပေးနိုင်တယ်၊ ဥပမာ...”
ယင်လီသည် စကားတစ်ဝက်ဖြင့် ရပ်တန့်သွားပြီး၊ ရှက်ရွံ့သွားပုံ ပေါ်လေသည်။
ရှင်းနေသည်မှာ၊ သစ်သားဓာတ် သတင်းအချက်အလက်များကို ဖတ်ရှုနိုင်သော သူ့ ပါရမီသည် အလုပ်မလုပ်တော့ပေ။
သူမသည် သတင်းအချက်အလက်အများအပြားကို မမှတ်မိနိုင်တော့ဘဲ တစ်ဆို့နေလေသည်။
ယင်လီသည် ရေကန်ထဲသို့ ဖြည်းညှင်းစွာနစ်မြုပ်သွားလေသည်။ သူ ကံတရားအတိုင်းသာ နေတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။
ကျန်တဲ့လူတွေကတော့ ပိုပြီးသက်သောင့်သက်သာရှိကြသည်။
လိုကျားသည် ကျေနပ်နေလေသည်။
စုကျီကျီနှင့် စုရှင်းချန်တို့သည်လည်း အသားကျနေပြီဖြစ်သည်။
ဆိုးရွားသော နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ပြီး သူမ သေတော့မည်ဟု ထင်မှတ်ခဲ့သော ဝမ်ယန်ယို့လုသည် အိမ်ထဲမှ ရဲရဲဝံ့ဝံ့ လမ်းလျှောက်ထွက် လာလေသည်။
သူတို့လေးယောက်သည် သူတို့၏ဝိညာဉ်စွမ်းအင်မရှိသော အချိန်ကိုအမှန်တကယ်နှစ်သက်ပြီး အသားကျနေကြပြီဖြစ်သည်။
“ကဲ၊ နင်တို့ အားလုံး ဒီမှာနေပြီး ရေနွေးစိမ်နေကြတော့၊ ငါ အလုပ်ပြန်လုပ်လိုက်ဦးမယ်”
လူတိုင်း အဆင်ပြေကြောင်း စစ်ဆေးပြီးနောက်၊ အုပ်ချုပ်ရေးမှုးရူယွီ ထွက်ခွာသွားလေသည်။
စုကျို သက်ပြင်းချလိုက်ပြီး၊ ချောင်းကြည့်ခံရမှု ကာကွယ်ရေးမန္တန်စာရွက်ကို ကိုယ့်ကိုယ်ကိုယ်ကပ်ကာ၊ ရေပူကန်ထဲသို့ ဖြည်းညှင်းစွာ လျှောက်ဆင်းသွားလေသည်။
“ဒါ ဘာသဘောလဲ”
“နင်က ဘယ်သူ ချောင်းကြည့်မှာကို ကာကွယ်နေတာလဲ”
“အိုး... ငါ့မှာ ပစ္စည်းလက်ကျန်တွေ အရမ်းများနေပြီး အကုန် မသုံးနိုင် ဖြစ်နေလို့ပါ” စုကျိုက သက်တမ်းကုန်ခါနီး ပုံတူကူး မန္တန်စာရွက် တစ်ဆုပ်ကို ထုတ်ယူရင်း အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။
“နင်တို့ လိုချင်ကြလား၊ ဒါတွေ ဘယ်က ရခဲ့လဲဆိုတာ ငါ မေ့သွားပြီ၊ ပြီးတော့ လာမယ့်လဆိုရင် သက်တမ်းကုန်တော့မှာ”
“ချီး၊ ငါ တစ်ရွက် ယူမယ်”
“အိုကေ”
“နှစ်ရွက် ပေးပါ!”
လူတိုင်းသည် မျက်လုံးမှိတ်ထားပြီးချောင်းကြည့်ခံရမှု ကာကွယ်ရေး မန္တန်စာရွက် နှစ်ရွက်တောင်းသော လိုကျားကို ချက်ချင်း ကြည့်လိုက်ကြပြီး၊ သူ တကယ်ပဲ ကောက်ကျစ်သည်ဟု မတွေးဘဲ မနေနိုင်ကြပေ။
အန္တရာယ်ကိုဆယ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပြီး မှောင်မိုက်သောလမ်းခရီးများကို အကြိမ်ကြိမ်လျှောက်လှမ်းခဲ့ရသူများ ဖြစ်သဖြင့်၊ ဖြစ်နိုင်သည်မှာ သူတို့ကိုယ်တိုင် ကြောက်ရွံ့တတ်လာခြင်းဖြစ်နိုင်သလော။
သူတို့ ရေကန်ထဲတွင် ပျော်မြူးနေကြစဉ်၊ တင့်တယ်ပြီး ကြည်လင်ပြတ်သားသောအသံတစ်ခု ကန်ဘေးမှ ထွက်ပေါ်လာလေသည်။
“ဂိုဏ်းသားတို့”
“ကျွန်မတို့ ကုသိုလ်မှတ်တွေ လာကောက်တာပါ”
ဆံထုံးနှစ်ဖက်ထုံးထားသော အစိမ်းရောင် ဝတ်စုံဝတ် နတ်ပိုးကောင် နတ်သမီး ခြောက်ဦးသည် ရေပူကန်ဘေးရှိ လှည့်ပတ်နေသော ဝိညာဉ်မြူခိုးများထဲမှ ကျက်သရေရှိစွာထွက်ပေါ်လာကြလေသည်။
သူတို့သည် ရွှေချထားသော ငွေရောင် အမွှေးတိုင် မီးဖိုတစ်ခုကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားပြီး၊ အခြားလက်တစ်ဖက်တွင် ကုသိုလ်မှတ် စာရင်းများကို ကိုင်ဆောင်ကာ၊ လူတိုင်း၏ကုသိုလ်မှတ်များကို ဖြတ်ယူနေကြလေသည်။
ကုသိုလ်မှတ် ဆယ်မှတ်တိုင်းကို ဝိညာဉ်ရေပူစမ်းတွင် တစ်ရက်စိမ်နိုင်သော ရွှေရောင်လက်ကောက် တစ်ခုနှင့်လဲလှယ်နိုင်လေသည်။
လူတိုင်းသည် နတ်ဆိုးသတ်ဖြတ်ခြင်း တာဝန်ပြီးနောက် ကုသိုလ်မှတ် လေးဆယ်မှ ခြောက်ဆယ်အထိ ရရှိထားသော ကျူးပိုင်ယွီနှင့် ဆင်တူကြလေသည်။
နတ်ပိုးကောင် နတ်သမီးများသည် တစ်ယောက်ချင်းစီ၏ကုသိုလ်မှတ်များကို ဖြတ်ယူပြီးနောက်၊ ပြုံးရွှင်စွာဖြင့် လက်ကောက်များကို ကမ်းပေးကြလေသည်။
စုကျို ရှိရာသို့ ရောက်သောအခါမှသာ နတ်ပိုးကောင် နတ်သမီးများ ရပ်တန့်သွားကြလေသည်။
【စုကျို: ကုသိုလ်မှတ် ၁၉၂၉】
အလုပ်လုပ်နေသော နတ်ပိုးကောင် နတ်သမီးများသည် ဤမျှ များပြားသော ကုသိုလ်မှတ်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြသည်မှာ ထင်ရှားလေသည်။
စုကျိုနှင့် နေ့တိုင်း အတူရှိနေသော အဖွဲ့သားများပင်လျှင် အံ့ဩမှင်သက်သွားကြလေသည်။
“ဒါ ဖြစ်နိုင်လို့လား”
ကျူးပိုင်ယွီ နားမလည်နိုင်ပေ။
“နင်က အရမ်းယုတ်မာပြီး အရှက်မရှိတဲ့ဟာကို...”
လိုကျား မျက်တောင်များ အနည်းငယ်တုန်ခါသွားလေသည်။
“ဂျူနီယာညီမလေးစုနဲ့အတူ ဓားဖျက်သိုင်းကိုးကြိမ် သင်ယူခဲ့လို့ ကျွန်တော်က ကုသိုလ်မှတ်လျှော့ပြီး အပြစ်ပေးခံရချိန်မှာ၊ ဂျူနီယာညီမလေး စုကျိုကျမှ ဘာလို့တစ်ထောင်တောင် ရနေတာလဲ”
ယင်လီလည်း ကြောင်သွားလေသည်။
“ဒီမနက် ငါရတဲ့ သတင်းအရ အားကျိုရဲ့ကုသိုလ်မှတ်က ၁၀၀ အောက်မှာပဲရှိသေးတယ်၊ ငါတို့နဲ့ အတူတူပဲ”
“သောက်ကျိုးနည်း၊ တိရစ္ဆာန်မ၊ ဒီနေ့ နင် ဘာလုပ်ခဲ့တာလဲ”
“ရှောင်ကျို တစ်ယောက်ယောက်ဆီက လုယက်ခဲ့တာလား”
“ကုသိုလ်နဲ့ အကုသိုလ်ခန်းမက အကြီးအကဲ အိပ်ပျော်နေတာလား”
“???”
စုကျို ကိုယ်တိုင်လည်း မသိပေ။
သို့သော် ဖြောက်ခနဲအသံနှင့်အတူ၊ ကမ်းစပ်တွင် ပိုးကောင်ဖြူကြီးကို အစာကျွေးနေသော ချန်ယွမ်သည် ရုတ်တရက် ပိုးကောင်ဖြူကြီးကို ပိုက်လျက်ပျောက်ကွယ်သွားလေသည်။
အစားထိုးအနေဖြင့်၊ သူသည် ရေပူကန်နှင့် ဆယ်ပေခန့်အကွာရှိ အနီရောင်စင်္ကြန်လမ်းတွင် ပြန်ပေါ်လာလေသည်။ သူသည် ကျောပေါ်တွင် အိတ်ကြီးများစွာ သယ်ဆောင်ထားပြီး အလွန်အမင်းလေးလံမှုကြောင့် လမ်းမလျှောက်နိုင်လုနီးပါး ဖြစ်နေသော လဲ့အော်ကို သယ်ဆောင်လာ လေသည်။
“ကျေးဇူးပါပဲ” လဲ့အော်သည် ချွေးများဖြင့်ရွှဲနစ်နေလေသည်။
ထိုအခါမှသာ သူသည် ရေပူကန်ဘေးတွင် ဝန်များကိုချလိုက်လေသည်။ အကုန်လုံးက ပိုးစာရွက်စာလွှာများ ဖြစ်ကြသည်။
“ဂျူနီယာညီမလေးစု၊ ဒါတွေအကုန်လုံးက နင့်အတွက်ပဲ”
လဲ့အော် မောပန်းနွမ်းနယ်နေလေသည်။
“ဒါတွေအကုန်လုံးကိုအလွှာစုံက ဂိုဏ်းသားတွေက ငါ့ဆီ ပို့လိုက်တာ၊ နင့်ဆီ လက်ဆင့်ကမ်းပေးဖို့လေ”
ရေပူစမ်းထဲရှိလူတိုင်း အံ့ဩသွားကြလေသည်။
သို့သော် မကြာမီ၊ စာလွှာသယ်ဆောင်ထားသော အရွက်များသည် သူတို့၏အဖွဲ့အစည်းကို ရှာတွေ့သွားသကဲ့သို့၊ အားလုံး စုကျိုဆီသို့ အလုအယက် ပြေးဝင်သွားကြပြီး၊ သူမကိုလွှမ်းခြုံသွားလေသည်!
[ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး စု၊ ကျွန်တော့်ရဲ့တာအိုမိတ်ဆွေကိုကျင်းချန်ရဲ့ မျက်နှာဖုံးအောက်က အမှန်တရားကို မြင်အောင်ပြပြီး ကျွန်တော့်ကိုပြန်ချစ်လာအောင် လုပ်ပေးလို့ပါ။]
[ကျင်းချန်ရဲ့ ပုံစံအစစ်အမှန်ကိုမြင်လိုက်ရတော့၊ မနေ့က ငါ သေသွားပြီ၊ ဒီနေ့ ငါ ပြန်လည် မွေးဖွားလာသလို ခံစားရတယ်။]
[ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး စု၊ အတိတ်တုန်းက ကျင်းချန်အပေါ် စွဲလမ်းခဲ့တာတွေက ကျင့်ကြံခြင်း လမ်းကြောင်းပေါ်က အစွန်းအထင်း တစ်ခုဆိုတာကို ကျွန်မရဲ့ ညီမလေး သဘောပေါက်သွားအောင် လုပ်ပေးလို့ပါ။]
[ကျင်းချန်က ဘာမှ ထူးခြားတာ မဟုတ်ဘူး၊ စီနီယာအစ်ကိုကြီးကို ယုံကြည်မှုရှိလာအောင်ပေးလို့ ကျေးဇူးပါ ဂျူနီယာညီမလေးစု။]
တကယ်တော့ မတူညီသောအလွှာများမှ ဂိုဏ်းသားများဆီမှ ကျေးဇူးတင်စာများ များပြားစွေရှိနေခြင်း ဖြစ်သည်။
သူတို့သည် ခေါင်းဆောငလဲ့အော်ဆီသို့သာစာများကို ပေးပို့နိုင်ပြီး၊ ထိုမှတဆင့် သူက စုကျိုဆီသို့ ပြန်လည် ပေးပို့ရခြင်း ဖြစ်သည်။
【ဂိုဏ်းသားစုကျိုသည် ဂိုဏ်းသားတစ်ထောင်ကျော်ထံမှ ကျေးဇူးတင်စကားလက်ခံရရှိခဲ့ပြီး၊ သူတို့အားလုံးက ဒီလအတွင်း သူတို့၏ ကျင့်ကြံခြင်းအတွက် သင်သည် အကူအညီအပေးနိုင်ဆုံး ဖြစ်သည်ဟု ယုံကြည်ကြသည်။】
【ယနေ့ အသည်းကွဲပြီး တံခါးပိတ်ကျင့်ကြံနေကြသော ဂိုဏ်းသားတစ်ထောင်ကျော်သည်၊ ကျင့်ကြံခြင်းဆိုင်ရာ ဉာဏ်အလင်းပွင့်မှု အချို့ ရရှိခဲ့ကြသည်။】
[ဒါက စုကျိုအတွက် အထူး ဆုလာဘ် ဖြစ်ပြီး၊ ကုသိုလ်မှတ် ၁၉၂၁ ရရှိသည်။]
စုကျို ကိုယ်တိုင်လည်း [ပထမမျိုးဆက် ကျင်းချန်] နှင့် သူမ၏ ပြောင်မြောက်သော လုပ်ရပ်များက လူအများအပြားကို အမှန်တကယ် 'ကြည်ညိုလေးစား' သွားစေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ကျင်းချန်၏အချစ်ရေး ဆုံးရှုံးမှုများနှင့် စစ်မြေပြင် အောင်ပွဲများကြောင့် စိတ်ပျက်နေကြသော အသည်းကွဲ အမျိုးသမီး နှင့် အမျိုးသား ကျင့်ကြံသူများသည်၊ တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း သူတို့၏ကျင့်ကြံခြင်း အမှန်တကယ် တိုးတက်လာရခြင်း အကြောင်းရင်းကို နားမလည်နိုင်ကြပေ။
အဲဒါကြောင့် သူမ အပို ကုသိုလ်မှတ် တစ်ထောင်ရရှိခဲ့ခြင်းဖြစ်သည်။
“ရှီး၊ ရေပူကန်ထဲ တစ်ရက် စိမ်ဖို့အတွက် ကုသိုလ်မှတ် ဆယ်မှတ်ဆိုတော့၊ ငါ ရေကန်ထဲမှာ နှစ်ဝက်လောက် စိမ်ရတော့မယ် ဆိုတဲ့ သဘောလား...” စုကျို လန့်သွားရလေသည်။
ယွမ်သန့်စင်အဆင့်ကျင့်ကြံသူဖြစ်သော သူမ၏အရေပြားသည် ရေစိမ်လွန်း၍ ပုပ်သိုးတော့မည်ဖြစ်သည်။