← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

“စီနီယာအစ်ကိုကြီးလဲ့၊ ဒါက ဒုက္ခပေးတာပဲ”

စုကျိုသည် အခြေတည်အဆင့်သို့ ဖောက်ထွက်ရန် ပြင်ဆင်ရင်း ရေကန်ထဲတွင် ထိုင်လိုက်လေသည်။

“အစ်ကိုကြီးရဲ့ အခြေတည်အဆင့်အဖွဲ့ကို ဆက်သွယ်လိုက်ပါ၊ သီးသန့် လေလံပွဲ အခု စပြီ”

စုကျိုသည် ပစ္စည်းအများအပြားကို အလျင်အမြန် ထုတ်ယူလိုက်ပြီး အခြေတည်အဆင့် ရေကန်ဘေးတွင် ထားလိုက်လေသည်။

လဲ့အော်သည် သူတို့ကို ခေတ္တမျှစိုက်ကြည့်ပြီးနောက်၊ သူ့အစ်ကိုကြီးလဲ့ကျယ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လိုက်လေသည်။

မကြာမီ၊ သီးသန့် ဗီဒီယို ခေါ်ဆိုမှုတစ်ခု သူတို့ရှေ့တွင် ပေါ်လာလေသည်။

လဲ့ကျယ်၊ လျန်ဟော့ကျီ၊ တောက်ဟယ် နှင့် မူချင်းချူး တို့ ဖြစ်ကြသည်။

“စုကျို၊ နင် ငါတို့ဆီက ဘာရခဲ့တာလဲ ? နင် ဘာနဲ့ လဲလှယ်ချင်တာလဲ” လျန်ဟော့ကျီသည် စိတ်အလောဆုံးဖြစ်သည်။

ထို့နောက် သူသည် စုကျိုရှေ့ရှိ ရောင်စုံပစ္စည်းပုံ တစ်ဒါဇင်ခန့်ကို မြင်လိုက်ရလေသည်။

စုကျို နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

“အဆုံးသတ်မှာ ဝိညာဉ်စွမ်းအင် မလုံလောက်လို့၊ ကျွန်မ အစ်ကိုကြီးတို့အပေါ် မတော်တဆ ပြုတ်ကျသွားခဲ့တယ်၊ ပြီးတော့ ကျွန်မ ရခဲ့တဲ့ အစိတ်အပိုင်းတွေက အရည်အသွေးမမြင့်ဘူး၊ ဘယ်လောက် ပေးချင်တယ်ဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ပါတယ်”

“...”

သူမသည် သူမရှေ့ရှိ ဖြတ်တောက်ထားသော ခြေလက်များနှင့် တူသော လက်များနှင့် ခြေထောက်များကို ညွှန်ပြလိုက်သည်။

“ဒီအစိတ်အပိုင်းတွေ၊ စီနီယာအစ်ကိုကြီးလဲ့ကျယ် နဲ့ စီနီယာအစ်ကိုကြီးလျန်ဟော့တို့ရဲ့ ယွမ်သန့်စင်ခန္ဓာကိုယ်တွေက၊ အခု အစ်ကိုကြီးတို့နဲ့ ကျွန်မအတွက် အသုံးမဝင်တော့ဘူး”

“ကျွန်မ ဝိညာဉ်စွမ်းအင်လုံလောက်တဲ့အခါ၊ အစ်ကိုကြီးတို့ရဲ့အခြေတည်အဆင့် ခန္ဓာကိုယ်တွေကိုရနိုင်အောင် နောက်ထပ် အခွင့်အရေး တစ်ကြိမ်ထပ်ပေးတာကို ကျွန်မ ပိုလိုလားတယ်”

“နောက်မနေပါနဲ့၊ ငါတို့က ဘာကိစ္စ အဲဒီလိုလုပ်ပေးရမှာလဲ” လျန်ဟော့ကျီ ငြင်းဆန်လိုက်သည်။

“အော်”

စုကျို ခေါင်းညိတ်လိုက်သည်။

“ရပါတယ်၊ ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးတို့ကို တွေးပေးနေတာပါ၊ အကယ်၍ အစ်ကိုကြီးတို့ ထိပ်သီးဆယ်ဦး နတ်လမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရင်၊ ခြေထောက်တစ်ဖက် ဒါမှမဟုတ် လက်တစ်ဖက် ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ”

“ကျွန်မတို့မှာ အပိုအနေနဲ့ လက်ကိုးစုံ နဲ့ ခြေထောက်ကိုးစုံ မလိုအပ်ဘူးလား”

လဲ့ကျယ် မျက်လုံးများတောက်ပလာလေသည်။

လျန်ဟော့ကျီသည် စုကျိုလက်ထဲမှ ပစ္စည်းများကို တစ်ချက် ကြည့်လိုက်သော်လည်း လှောင်ပြောင်လိုက်သည်။

[လျန်ဟော့ကျီ၏ ယွမ်သန့်စင် ညာလက်မောင်း ၁-၉]

[လျန်ဟော့ကျီ၏ ယွမ်သန့်စင် ဒန်ထျန် ၁-၉]

“ဒါက နင်ရထားတဲ့ ငါ့ရဲ့ အစိတ်အပိုင်းအကုန်ပဲလား ? တခြားဟာ မပါဘူး၊ ပြီးတော့ မုန်ညင်းစေ့အိတ်ထဲမှာလည်း ဘာမှမရှိဘူးပေါ့” လျန်ဟော့ကျီသည် စုကျိုကို ကြည့်လိုက်ရာ၊ သူ့မျက်လုံးများ တုန်ခါသွားလေသည်။

သူ ဒီမှာနေပြီး သူမနဲ့ စကားပြောဖို့ ဆန္ဒရှိရတဲ့ အကြောင်းရင်းက၊

သူ ကျင်းချန်လိုမျိုး အရှက်ကွဲမှာ ကြောက်လို့ဖြစ်သည်။

ဘယ်သူ့မှာများ မဲမှောင်တဲ့ လုပ်ရပ်တစ်ခု နှစ်ခု၊ ရှက်စရာကောင်းတဲ့ အစိတ်အပိုင်းတွေ မရှိဘဲ နေမလဲ။

စုကျိုရဲ့ စွမ်းရည်တွေကြောင့် ဖွင့်ချခံရမှာကို သူ ကြောက်နေခြင်းဖြစ်သည်။

ဒါပေမဲ့ သူမ ပုံတူကူးယူခဲ့တာက သူ့ရဲ့ယွမ်သန့်စင် ညာလက်မောင်းနဲ့ ယွမ်သန့်စင် ဒန်ထျန်ပဲ ဆိုတော့၊ ကိစ္စမရှိပေ။

လျန်ဟော့ကျီ စုကျိုကို ကြည့်လိုက်သည်။

“ဂျူနီယာညီမလေး၊ ငါ နင်နဲ့ အပေးအယူကနေနှုတ်ထွက်တယ်”

“ငါက လျန်ဟော့ မျိုးနွယ်ရဲ့ သားစဉ်မြေးဆက်တစ်ယောက်၊ ပြီးတော့ ဝိညာဉ်လက်မှုပညာရှင် ကျင်းမိသားစုရဲ့ တစ်သက်တာ နောက်လိုက် ပဲ၊ ကျင်းချန်ရဲ့အတိတ်က ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ သူက နင့်ကြောင့်ဝေဖန်ခံနေရတယ်၊ ပြီးတော့ နင်က အခု ကျင်းမိသားစုနဲ့ ရန်ငြိုးဖွဲ့လိုက်ပြီ”

“လျန်ဟော့ မျိုးနွယ်ရဲ့သားစဉ်မြေးဆက် အနေနဲ့၊ ငါ နင်နဲ့ အကွာအဝေး တစ်ခုထားသင့်တယ်” “

ဒီအစိတ်အပိုင်းက ငါ့ရဲ့ ယွမ်သန့်စင်တုန်းက အတိတ်တွေပဲ၊ ငါ မလိုအပ်ဘူး!”

လျန်ဟော့ကျီသည် စုကျိုကို သူ့အား နောက်ထပ် ဘယ်တော့မှ အထိမခံတော့ဟု ဆုံးဖြတ်လိုက်လေသည်။

သူမ ပါရမီစွမ်းရည်က အခြားသူများကို ထိတွေ့ရန်လိုအပ်ကြောင်း သူ သိပြီးဖြစ်သည်။

သူမ ညာလက် မထိသမျှ ကာလပတ်လုံး၊ အရာအားလုံး အဆင်ပြေလိမ့်မည်။

လျန်ဟော့ကျီသည် လောလောဆယ်ရွှေရောင် ခြောက်ထောင့်ပုံသော့ခလောက် ခတ်နှောင်ခံထားရသော စုကျို၏ ညာလက်ကို တစ်ချက်ကြည့်လိုက်ပြီး၊ စုကျိုကိုမကြောက်လောက်အောင် လုံခြုံသည်ဟု ခံစားလိုက်ရလေသည်။

“ဂျူနီယာညီမလေး၊ နင့်ကို သတိထားဖို့နဲ့ ကျင်းချန်ကို နောက်ထပ် အခက်မတွေ့စေဖို့ ငါ အကြံပေးချင်တယ်”

“သူ မှားရင်တောင်မှ၊ သူ့နောက်က ကျင်းမိသားစုက နင် ကစားလို့ရတဲ့ လူတွေ မဟုတ်ဘူး”

ပြောပြီးနောက်၊ သူသည် လဲ့ကျယ်နှင့် အခြားနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်လေသည်။

“မင်းတို့ စုကျိုနဲ့ စကားပြောချင်ရင် ပြောကြ”

ထို့နောက် လျန်ဟော့ကျီ ဆက်သွယ်ရေး ဖန်သားပြင်မှ ပျောက်ကွယ်သွားလေသည်။

“နေပါဦး၊ ခေါင်းဆောင် လျန်ဟော့ကျီ” စုကျိုလှမ်းပြောလိုက်သည်။

သူမ မျက်နှာထားသည် မရေမရာ ဖြစ်နေသည်။

“အစ်ကိုကြီးက ဒီယွမ်သန့်စင်ခန္ဓာကိုယ်နဲ့ ဒန်ထျန်ကို တကယ်မလိုချင်ဘူးလား”

“ကျွန်မတို့ အချင်းချင်းရန်ငြိုးမရှိဘဲနဲ့၊ ဘာလို့ ကျွန်မကို ပစ္စည်းတွေ ပေးနေတာလဲ”

သူမ အားနာမိလိမ့်မည်။

ချက်ချင်းဆိုသလို စုကျိုသည် ကျင်းကန်ပေါင် ပြုလုပ်ထားသော ကြေးဝါ သော့ခလောက်ခတ် အတွင်းခံဘောင်းဘီတစ်ထည်ကို သူ့ထံ ပစ်ပေးလိုက်သည်။

“ယူသွားလိုက်၊ ကျမတို့ သရေပဲလို့ သတ်မှတ်လိုက်မယ်”

လျန်ဟော့ကျီ မျက်နှာထား တစ်ခဏမျှအေးခဲသွားပြီး၊ ထို့နောက် သူသည် ကြေးဝါသော့ခလောက်ခတ် အတွင်းခံဘောင်းဘီကို ပြာကျသွားအောင် တိုက်ရိုက်မီးရှို့ပစ်လိုက်လေသည်။

“ငါ ဒါ မလိုဘူး... ငါက ကျင်းချန် မဟုတ်ဘူး”

“...” လဲ့ကျယ်နှင့် အခြားနှစ်ယောက်သည် သူ့စိတ်လိုက်မာန်ပါ ဒေါသကို ရင်းနှီးပြီးသားဖြစ်ကြသည်။

သို့သော် တောက်ဟယ်က လက်လှမ်းလိုက်ဆဲ ဖြစ်ပြီး၊ သူ့ကိုနေခဲ့ရန် ကြင်နာစွာဖြင့် ဖျောင်းဖျဖို့ ကြိုးစားသည်။

“အစ်ကိုကြီးလျန်ဟော့၊ ဒါအစ်ကိုကြီးနာမည်ပါတဲ့ ညာလက်မောင်းလေ၊ ပြီးတော့ အစ်ကိုကြီးရဲ့ဒန်ထျန်လည်း ပါတယ်၊ တကယ် မလိုချင်ဘူးလား...”

တစုံတရာလွဲချော်နေသည်ဟု သူ ခံစားရသည်။

သူ ဒီအတိုင်း လက်မခံနိုင်ပေ။

ပြီးတော့ ဒီ ဒန်ထျန်ပုံတူက ဘာလဲ...?

တောက်ဟယ်သည် ကမ်းစပ်ရှိ လက်ဖဝါးအရွယ်အစားလှည့်ပတ်နေသော အနီရောင် ဝိညာဉ်မြူခိုးကိုးခုကို ကြည့်လိုက်သည်၊ သူ့နှုတ်ခမ်းများ တွန့်သွားပြီး၊ စိတ်မသက်မသာ ခံစားလိုက်ရလေသည်။

“ကိစ္စမရှိပါဘူး”

သို့သော် လျန်ဟော့ကျီသည် သူ့စေတနာကောင်းဖြင့် သတိပေးမှုကို လှောင်ပြောင်လိုက်လေသည်။

ငယ်စဉ်ကတည်းက ဝိညာဉ်လက်မှုပညာရှင်များနှင့် ဆက်ဆံခဲ့ရသဖြင့်၊ သူသည် ဝိညာဉ်ပစ္စည်း ကိရိယာအမျိုးမျိုးနှင့် မှော်ရတနာများ၊ ထို့အပြင် ဝိညာဉ်လက်မှုပညာရှင် အမျိုးမျိုး၏ထူးဆန်းသော စိတ်သဘောထားများကိုမြင်ဖူးခဲ့ပြီး၊ သူ လုံးဝတည်ငြိမ်နေလေသည်။

“ကမ္ပည်းထိုးထားတာပဲလေ၊ ဘာ အရေးကြီးလို့လဲ၊ ငါ့ညာလက်မောင်း ပုံသဏ္ဍာန်က ဘာမှရှက်စရာမရှိပါဘူး”

“အဲဒါတွေကို ပုံသဏ္ဍာန် ထူးဆန်းတဲ့ မှော်လက်နက်တွေလို့ပဲ သဘောထားလိုက်၊ ဘာမှ ကိစ္စမရှိဘူး”

သူ အတော်လေး လက်ခံနိုင်စွမ်းရှိသည်။

အဲဒါ အကောင်းဆုံးပဲဟု စုကျို တွေးလိုက်လေသည်။

“ကောင်းပြီ၊ အဲဒါ အရမ်းကောင်းတယ်၊ စီနီယာအစ်ကိုကြီးတို့က ဒါကို လိုလိုလားလား လုပ်တာ မဟုတ်လို့ ကျွန်မ တကယ် စိတ်ပူနေခဲ့တာ၊ ပြီးတော့ ကျွန်မ ဒီပစ္စည်းတွေကို ယူလိုက်ရင်၊ ကျွန်မရဲ့ တာအိုနှလုံးသားက အလွယ်တကူညစ်နွမ်းသွားနိုင်တယ်”

“အဲဒါကြောင့် ကျွန်မ လဲ့အော်ကို အစ်ကိုကြီးတို့ကိုဆက်သွယ်ခိုင်းတာ” “

အစ်ကိုကြီးတို့ရဲ့ဒဏ်ရာတွေအတွက် ခြေတုလက်တုတွေ အတုလုပ်ပေးဖို့ ကမ်းလှမ်းခြင်းအားဖြင့် ကျွန်မ စိတ်အေးချမ်းမှုရချင်လို့ပါ”

“...”

“အခု စီနီယာအစ်ကိုကြီးတို့က အရမ်းရက်ရောနေမှတော့၊ အဆင်ပြေသွားပါပြီ၊ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကိုကြီး လျန်ဟော့”

“ဒီနေ့ ကျွန်မ အစ်ကိုကြီးရဲ့ယွမ်သန့်စင် ဒန်ထျန်ကို တကယ်လိုအပ်နေတာ”

စုကျိုသည် ယွမ်သန့်စင်အဆင့်မှ အခြေတည်အဆင့်သို‌ေကူးပြောင်းခြင်း ခံယူနေသော ရေပူကန်ထဲတွင် ထိုင်နေလေသည်။

သူမ ရှေ့တွင် “မဟာကျင့်ကြံသူလု၏ အခြေတည်ခြင်းဆိုင်ရာ လမ်းညွှန်” စာအုပ်ကို ဖွင့်ထားလေသည်။

'သင့်ခန္ဓာကိုယ် ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များကို ယွမ်သန့်စင် ဒန်ထျန်ဆီသို့ စုစည်းပါ။'

'လုံလောက်သော သည်းခံမှုကို ထိန်းသိမ်းပြီး သင့်ဒန်ထျန်မှ အညစ်အကြေးများကို အတင်းအဓမ္မထုတ်ပစ်ရန် သင့်ဝိညာဉ်အာရုံကို အသုံးပြုပါ။ အညစ်အကြေးများကို သန့်စင်ပြီးနောက်၊ သင်သည် အခြေတည်ခြင်းကို အောင်မြင်စွာတည်ဆောက်နိုင်သည်။'

'သတိထားပါ၊ အညစ်အကြေးများကို အတင်းအဓမ္မထုတ်ပစ်သည့် လုပ်ငန်းစဉ်ကို မလောပါနှင့်၊ သို့မဟုတ်ပါက သင့် ချီပင်လယ်ပျက်စီးသွား လိမ့်မည်။'

'ဂိုဏ်းသား တစ်ဦး ပထမအကြိမ်ကြိုးပမ်းမှုတွင် အခြေတည်ခြင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခြေသည် ၃၀% အောက်သာ ရှိသည်။ သတိထားခြင်းသည် အဓိကဖြစ်သည်။'

စုကျိုသည် အခြား ဂိုဏ်းသားများနှင့် မတူပေ။

သူမသည် ဤကျင့်ကြံခြင်း ကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်လသာ ရှိသေးသည်။

သူမသည် ယွမ်သန့်စင် ဒန်ထျန်၏အသေးစိတ် ထိန်းချုပ်မှုများနှင့် လုံးဝ မရင်းနှီးပေ။

အခြားသူများသည် နှစ်ပေါင်းများစွာကျင့်ကြံကြသော်လည်း ၃၀% သာ အောင်မြင်မှုနှုန်း ရှိသည်။

သူမ၊ စုကျိုအတွက်မူ၊ ဝိညာဉ်စွမ်းအင် အသေးစိတ် ထိန်းချုပ်မှုနှင့် ပတ်သက်လာလျှင် လုံးဝ လူသစ်ဖြစ်သောကြောင့်၊ သူမ၏ အောင်မြင်မှုနှုန်း သည် ပိုနိမ့်ကျမည်မှာ သေချာသည်။

“ဟင်း၊ ငါ အခြေတည်အဆင့်ကိုရောက်ဖို့ ကြိုးစားတဲ့ ပထမအကြိမ်အနည်းငယ်မှာ ကျရှုံးဖို့ သေချာသလောက်ပဲ”

စုကျိုသည် သူ့ မှတ်စုများကို ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။

“ကျရှုံးမှုတိုင်းက ဒန်ထျန်ကိုပျက်စီးစေတယ်၊ အခြေတည်အဆင့်ကိုရောက်ဖို့ ထပ်မံမကြိုးစားခင် သုံးလ အနားယူဖို့ လိုအပ်တယ်”

စုကျိုသည် တရားသဖြင့်ပြောလိုက်ပြီး၊ ခေါင်းငုံ့ကာ ကမ်းစပ်မှ လက်ဖဝါးအရွယ်အစား လှည့်ပတ်နေသော ချီပင်လယ် [လျန်ဟော့ကျီ၏ ယွမ်သန့်စင် ဒန်ထျန် ၁] ကို ကောက်ယူလိုက်လေသည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကိုကြီး လျန်ဟော့ကျီ”

သူမ လျန်ဟော့ကျီကို ကျေးဇူးတင်စွာပြုံးပြလိုက်သည်။

“ကျမကို ကျရှုံးဖို့ အခွင့်အရေး ကိုးကြိမ် ထပ်ပေးလို့လေ”

“ကျမ အခု အစ်ကိုကြီးရဲ့ဒန်ထျန်ကို သုံးပြီး လေ့ကျင့်လိုက်မယ်”

လျန်ဟော့ကျီ : “?”

ဘုန်းခနဲအသံနှင့်အတူ၊ သူ့ ပုံတူ ဒန်ထျန် ၁ သည် စုကျိုလက်ထဲတွင် ပေါက်ကွဲသွားလေသည်။

မဲနက်သော မီးခိုးလုံးကြီးတစ်ခု လိပ်တက်လာလေသည်။

“!”

လျန်ဟော့ကျီ ခန္ဓာကိုယ်ယိမ်းယိုင်သွားလေသည်။

သွေးစီးကြောင်းတစ်ခုသည် သူ့ပါးစပ်ထောင့်မှ စီးကျလာလေသည်။

လဲ့ကျယ်နှင့် အခြားနှစ်ယောက် : “!?”

“???

ဘာ။ သူမက ပါရမီစွမ်းရည်ကို သုံးပြီး သူတို့ရဲ့ အစိတ်အပိုင်းတစ်ခုကို ရယူခဲ့တယ်၊ ပြီးတော့ အဲဒါ ပျက်စီးသွားရင်၊ သူတို့အပေါ် အမှန်တကယ် သက်ရောက်မှု ရှိတာလား?!

“သက်ရောက်မှု မရှိပါဘူး”

အတွေ့အကြုံရှိသော လဲ့အော်က စုကျိုဘေးမှ ပြောလိုက်သည်။

“ရံဖန်ရံခါ ခံစားရမှုလောက်ပါပဲ”

“...”

လဲ့အော်သည် လျန်ဟော့ကျီကိုကြည့်လိုက်ပြီး သူ့ဒန်ထျန်တွင် ထိုင်းမှိုင်းသောနာကျင်မှုကို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့်၊ စုကျိုလက်ထဲရှိ သူ့ဒန်ထျန်သည် အခြေတည်အဆင့်သို့ရောက်ရှိပြီးသားဖြစ်သည်!

“စီနီယာအစ်ကိုကြီး လျန်ဟော့ကျီက နာကျင်မှုကိုတောင့်ခံပြီး နှုတ်ခမ်းကို ကိုက်ထားရုံပါပဲ၊ မလန့်ပါနဲ့ အစ်ကိုကြီး”

လဲ့အော်သည် သူ့အစ်ကိုကြီး လဲ့ကျယ်ကို နှစ်သိမ့်ရန် လက်လှမ်းလိုက်လေသည်။

လဲ့ကျယ်နှင့် အခြားနှစ်ယောက် : “...”

ထိုအခါမှသာ သူတို့ သဘောပေါက်လိုက်သည်မှာ၊ ကျင်းချန်သည် ဒေါသကြောင့် မေ့လဲသွားခြင်း မဟုတ်ဘဲ၊ နာကျင်မှုကြောင့်ဖြစ်သည်။

သူ ကိုယ်ခန္ဓာထုံဆေးလိုအပ်နေခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။

တခဏအတွင်း၊ လျန်ဟော့ကျီသည် စုကျိုရှေ့တွင် ဒူးတစ်ဖက်ထောက်လျက် ကျသွားလေသည်။

သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး၊ မျက်နှာ ဖြူဖျော့ကာ၊ အသက်ရှူမဝဖြစ်နေသည်၊ ပြီးတော့ သူ့အသံ တုန်ရီနေလေသည်။

“ဂျူနီယာညီမလေး... ဂျူနီယာညီမလေးစု၊ ခဏလေး...”

“ရပ်လိုက်ပါ၊ အခြေတည်အဆင့်ကိုဖောက်ထွက်တာ ဒီလိုလုပ်ရမှာ မဟုတ်ဘူး...”

“ငါ နင့်ကို သင်ပေးပါရစေ... နော်…”

All Chapters