← Chapters

အခန်း (၂၂၀)

Vol. 20 Ch. 220

အခန်း (၂၂၀)

Vol. 20 Ch. 220

ပြိုင်ဘက်ကင်းပြီး တားဆီး၍မရတဲ့ စစ်တပ်ကြီးတစ်တပ်…..။

စစ်သူကြီးသုံးဦးတို့အတွက်မူ ဤသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိသော အရာဖြစ်နေသည်။ သူတို့သုံးဦးမှာ ကြက်သွေးထိုးခံထားရသည့်အလား စိတ်လှုပ်ရှားကာ တက်ကြွနေကြသည်။

​ "အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုးတို့ ဒီလမ်းကြောင်းအတိုင်း ဖြစ်မြောက်အောင် အစွမ်းကုန် ကြိုးစားသွားပါ့မယ်"

"ပြိုင်ဘက်ကင်းတဲ့ စစ်တပ်ကြီးတစ်တပ် ဖြစ်လာဖို့အတွက် ဘယ်လိုတန်ကြေးမျိုးပဲ ပေးရပါစေ၊ ကျွန်တော်မျိုးတို့ အစွမ်းကုန် ဆောင်ရွက်သွားပါ့မယ်"

​ လင်းပိုင်ဖန်က အားပေးစကား အနည်းငယ် ထပ်မံပြောကြားပြီးနောက် တိုက်ပွဲဝင်စစ်ဗျူဟာပုံကြမ်းကို ချန်ထားခဲ့ကာ ထွက်ခွာသွားလေသည်။ ထိုစစ်ဗျူဟာပုံကြမ်းမှာ ချိုင်ယွီရှင်း လက်ဝယ်ရှိခဲ့သော မြေပုံနှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ အနည်းငယ် မပြည့်စုံသော်လည်း ဂုရုကြီးတစ်ဦးဖြစ်သည့် လင်းပိုင်ဖန်၏ ဆန်းစစ်ချက်နှင့် တွက်ချက်မှုများကြောင့် လိုအပ်နေသော အစိတ်အပိုင်းများကို နောက်ဆုံးတွင် ဖြည့်စွက်နိုင်ခဲ့ပြီ ဖြစ်သည်။

​ လင်းပိုင်ဖန်သည် ထိုသူသုံးဦးက စစ်ဗျူဟာများတွင် ကျွမ်းကျင်ပြီး ပြိုင်ဘက်ကင်းသည့် စစ်တပ်တစ်ခုကို လေ့ကျင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့သည်။

​

​ တစ်ပတ်အကြာတွင် စစ်သူကြီးသုံးဦးက သတင်းကောင်း ပါးလာခဲ့သည်။

"အရှင်မင်းကြီး၊ ရက်အနည်းငယ်ကြာ စူးစမ်းလေ့ကျင့်လို့ ပြီးတဲ့နောက်မှာ ကျွန်တော်မျိုးတို့မှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါပြီ"

​ စစ်သူကြီးသုံးဦးသည် လင်းပိုင်ဖန်ကို စစ်စခန်းသို့ ခေါ်ဆောင်သွားရာ ကောင်းကင်စစ်သူကြီးက စစ်သည်တစ်ထောင်ပါဝင်သော တပ်ဖွဲ့ငယ်လေးကို ဂုဏ်ယူစွာဖြင့် ညွှန်ပြကာ ဆိုလိုက်သည်။

"ဒါကတော့ စစ်ပွဲမှာ စွမ်းဆောင်နိုင်ဖို့ ကျွန်တော်မျိုးတို့ လေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့ပါ။ သူတို့တွေ တပြိုင်တည်း တိုက်ခိုက်လိုက်ရင် သူတို့ရဲ့ စွမ်းအားက ပထမတန်းစားအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားမှာပါ။ စကားထက် လက်တွေ့က ပိုသက်သေပြနိုင်တာမို့ အရှင်မင်းကြီးရှေ့မှာ စမ်းသပ်ပြခွင့်ပြုပါ"

​ လူသားစစ်သူကြီး၏ ခေါင်းညိတ် အချက်ပေးမှုနှင့်အတူ သူသည် စည်ငယ်တစ်ခုကို ထုတ်ယူကာ စည်းချက်ကျကျ စတင်တီးခတ်လေတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် မန္တန်များကို တိုးတိုးရွတ်ဆိုကာ ဂါထာမန္တန်များဖြင့် မန်းမှုတ်နေသည်။ ခဏအတွင်းမှာပင် ထိုစစ်သည်တစ်ထောင်မှာ နတ်ဝင်နေသကဲ့သို့ မိန်းမောတွေဝေသွားကြသည်။ ထို့နောက် လူသားစစ်သူကြီး၏ အမိန့်ပေးမှုအောက်တွင် သူတို့သည် စစ်ဗျူဟာခင်းကျင်းမှုအတိုင်း လေ့ကျင့်ကြလေသည်။

​ ထိုစဉ် လူသားစစ်သူကြီးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"တိုက်ခိုက်ကြ"

"တိုက်ခိုက်ကြ" စစ်သည်တစ်ထောင်သည် ချက်ချင်းပင် သူတို့၏ဓားများကို မြှောက်လိုက်ကြသည်။ သူတို့၏ ခွန်အားများ စုစည်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူတို့၏ ရှေ့ရှိ လူသုံးယောက်လောက်ပေါင်း၍ မရသော ကျောက်တုံးကြီးမှာ ထိုတိုက်ကွက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့သည်။

​ လင်းပိုင်ဖန်သည် စိတ်ထဲ အံ့အားသင့်သွားခဲ့ရသည်။ ဤစစ်သည်တစ်ထောင်မှာ သာမန်စစ်သားများသာ ဖြစ်ကြသည်။ သိုင်းပညာလည်း မရှိကြသလို ခွန်အားမှာလည်း သာမန်လူထက် အနည်းငယ်သာ ပိုသန်မာကြသူများ ဖြစ်သည်။ သို့သော် သူတို့၏ အင်အားများကို ပေါင်းစပ်လိုက်သောအခါ ပထမတန်းစား ထိပ်တန်းပညာရှင်တစ်ဦး၏ အမြင့်ဆုံးအဆင့်နှင့် ညီမျှသော တိုက်ကွက်ကို ထုတ်ဖော်နိုင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ် အံ့ဩစရာ ကောင်းလှပေသည်။

​ လင်းပိုင်ဖန်က လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

"ကောင်းတယ်၊ ဒါက အမှန်တကယ်ကို စစ်ဗျူဟာခင်းကျင်းမှုပဲ။ တကယ့် စစ်ဗျူဟာကသာ ဒီလိုစွမ်းအားမျိုးကို ထုတ်ဖော်နိုင်တာ။ မောင်မင်းတို့ ငါကိုယ်တော်ကို စိတ်မပျက်စေခဲ့ဘူးပဲ၊ စစ်ဗျူဟာကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့ပြီ၊ အလွန်ကောင်းတယ်"

​

​ "ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" စစ်သူကြီးသုံးဦးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးပျော်နေကြသည်။

​ ထိုစဉ် လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ကာ "ဒါပေမဲ့ အရှိန်က နည်းနည်းနှေးနေသေးတယ်။ စစ်ဗျူဟာကို အကောင်အထည်ဖော်ဖို့ သူတို့မှာ အသက်ရှူချိန် တစ်ဒါဇင်ကျော်လောက် ကြာသွားတယ်။ အဲဒီအချိန်ဆိုရင် ရန်သူက တိုက်ခိုက်ပြီးနေလောက်ပြီ။ ဒါ့အပြင် သူတို့ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် တောင့်တင်းနေပြီး ပြောင်းလွယ်ပြင်လွယ်လည်း ဖြစ်မနေဘူး။ ဒါက ရန်သူ အခွင့်ကောင်းယူသွားနိုင်တဲ့ အားနည်းချက်ပဲ"

​ ကောင်းကင်စစ်သူကြီးကလည်း နောင်တရသလို ခံစားလိုက်ရသည်။

"အရှင်မင်းကြီးရဲ့ မိန့်ကြားချက်က မှန်ကန်ပါတယ်။ ကျွန်တော်မျိုးတို့လည်း ဒါကို သတိထားမိပါတယ်။ လူတိုင်းကို မိန်းမောသွားအောင် စိတ်ညို့အတက်ပညာကို အရင်သုံးရတဲ့အတွက် အမြန်ဆုံး လုပ်ဆောင်ရင်တောင် အသက်ရှူကြိမ် သုံးလေးကြိမ်လောက် ကြာနေပါသေးတယ်"

​ "မိန်းမောသွားစေပြီးမှ စစ်ဗျူဟာကို လေ့ကျင့်ရတာပါ။ ဒီလုပ်ငန်းစဉ်မှာ သူတို့ရဲ့ လှုပ်ရှားမှုအားလုံးက အမိန့်ပေးခံရတာဖြစ်ပြီး ကိုယ်တိုင်ဦးဆောင်တာ မဟုတ်တဲ့အတွက် လှုပ်ရှားမှုတွေ တောင့်တင်းနေတာပါ။ ဒါက အချိန်အတော်ယူရပါလိမ့်မယ်"

"လူဦးရေ များလေလေ၊ အချိန်ပိုကြာလေလေပါပဲ။ လူတစ်သောင်းရှိတဲ့ စစ်တပ်ကို မိန်းမောသွားအောင်လုပ်ဖို့ အသက်ရှူကြိမ် ၃၀ လောက် အနည်းဆုံး ကြာပါလိမ့်မယ်။ အကယ်၍ လူတစ်သိန်းဆိုရင် လက်ဖက်ရည် တစ်ခွက်သောက်ချိန်လောက် ကြာနိုင်ပြီး၊ လူသုံးသိန်းကျော်ဆိုရင်တော့ အမွှေးတိုင်တစ်ဝက်ကျော် အချိန်တောင် လောက်မှာ မဟုတ်ပါဘူး"

​ မြေပြင်စစ်သူကြီးကလည်း ခေါင်းကို ခါကာ သက်ပြင်းချလိုက်သည်။ "စစ်ဗျူဟာကို နားလည်တဲ့ စစ်တပ်တစ်ခုကို လေ့ကျင့်ပေးဖို့က တကယ်မလွယ်ပါဘူး"

လူသားစစ်သူကြီးကလည်း "ဒါက တကယ်ကို ခက်ခဲလွန်းလှပါတယ်" ဟု ညည်းတွားလိုက်သည်။

​ လင်းပိုင်ဖန်က ရယ်မောလိုက်ကာ "မောင်မင်းတို့က တကယ်ကို ကောင်းကောင်းလုပ်နိုင်နေပါပြီ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့။ တခြားလူတွေဆိုရင် စတောင်မစနိုင်ကြသေးဘူး၊ မောင်မင်းတို့ကတော့ လူသစ်တွေကို တစ်ပတ်အတွင်းမှာ စစ်ဗျူဟာ လေ့ကျင့်ပေးနိုင်ခဲ့ပြီပဲ။ ပြဿနာတွေ ရှိနေသေးပေမဲ့ ပြဿနာဆိုတာ ကျော်ဖြတ်ဖို့ပဲလေ။ မောင်မင်းတို့သုံးယောက်ရဲ့ အရည်အချင်းနဲ့ဆိုရင် အနှေးနဲ့အမြန် ဒီကိစ္စတွေကို ဖြေရှင်းနိုင်ပြီး ပြိုင်ဘက်ကင်းတဲ့ စစ်တပ်ကြီးကို ပျိုးထောင်နိုင်မှာပါ။ မောင်မင်းတို့အပေါ် ငါကိုယ်တော် အပြည့်အဝ ယုံကြည်တယ်"

​ "အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" စစ်သူကြီးသုံးဦးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

​

​ နောက်တစ်ပတ်အကြာတွင် သူတို့ ထပ်မံ တိုးတက်လာခဲ့ပြန်သည်။ ထိုစစ်သည်တစ်ထောင်သည် အပြည့်အဝ သတိလွတ်သွားခြင်းမျိုး မဟုတ်ဘဲ သတိတစ်ဝက်ရှိပြီး၊ တစ်ဝက်မိန်းမောနေသော အခြေအနေဖြင့် လေ့ကျင့်နိုင်ခဲ့သည်။ စွမ်းအားမှာ အနည်းငယ် လျော့နည်းသွားသော်လည်း အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး လှုပ်ရှားမှုများမှာလည်း ပိုမိုသွက်လက်လာလေသည်။ ဤသည်မှာ သိသာသော တိုးတက်မှုဖြစ်သဖြင့် လင်းပိုင်ဖန်က အားပေးခဲ့သည်။

​ လင်းပိုင်ဖန် စစ်တပ်ကို လေ့ကျင့်ပေးနေစဉ်မှာပင် သူဖုန်းစားဂိုဏ်းဟုခေါ်သော သိုင်းလောကမှ ဂိုဏ်းကြီးတစ်ခုသည် မဟာရှ နိုင်ငံသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

​ သူဖုန်းစားဂိုဏ်းသည် သိုင်းလောကတွင် အလွန်ကျော်ကြားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သူတို့သည် အင်အားအကြီးဆုံး ဒါမှမဟုတ် အချမ်းသာဆုံး မဟုတ်သော်လည်း အဖွဲ့ဝင်အများဆုံးရှိသည့် ဂိုဏ်းဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် အဖွဲ့ဝင် သန်း ၂၀ ခန့်ရှိပြီး ၎င်းမှာ တိုင်းပြည်တစ်ခု၏ လူဦးရေနှင့် ညီမျှသည်။ သူတို့အား "ကောင်းကင်အောက်တွင် အကြီးမားဆုံးသောဂိုဏ်း" ဟု ခေါ်ဆိုနိုင်ပေသည်။

​ ယခုတစ်ခေါက် မဟာရှနိုင်ငံသို့လာသည့် အဖွဲ့ကို ဦးဆောင်လာသူမှာ သူဖုန်းစားဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သူ လိုင်ချင်း ဖြစ်သည်။ သူသည် အဝေးမှ မဟာရှနိုင်ငံကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် သက်ပြင်းချလိုက်သည်။

"လွန်ခဲ့တဲ့ တစ်နှစ်က ဒီမှာ အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ ငါတို့ညီအစ်ကို ရာဂဏန်းလောက် တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့တယ်။ သူတို့တွေ အသက်ရှင်ဖို့ မျှော်လင့်ချက်က နည်းပါလိမ့်မယ်"

​ "အကြီးအကဲ၊ စိတ်မကောင်းမဖြစ်ပါနဲ့။ ဒီနေရာမှာ စစ်ပွဲတွေ ခဏခဏဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ ကြားမိပါတယ်။ သူတို့တွေလည်း…."

"ငါ့ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး။ သိုင်းလောကသားတွေဆိုတာက သေခြင်းရှင်ခြင်းကို အကြိမ်ကြိမ် တွေ့ကြုံဖူးပြီးသားပါ။ ဒါပေမဲ့ ငါတို့ အဖြေတစ်ခုတော့ သိဖို့လိုတယ်၊ ဒါကြောင့်လည်း ဂိုဏ်းချုပ်က ငါတို့ကို စုံစမ်းဖို့နဲ့ ညီအစ်ကိုတွေအတွက် တရားမျှတမှု ရှာပေးဖို့ လွှတ်လိုက်တာပေါ့"

​ ထို့အပြင် သူတို့တွင် အခြားအရေးကြီးသော တာဝန်တစ်ခုလည်း ရှိသေးသည်။

အကြီးအကဲလိုင်၏ မျက်လုံးများတွင် အံ့ဩရိပ်များ ဖုံးလွှမ်းသွားသည်။ "ဒီ မဟာရှနိုင်ငံက လူဦးရေ ၃ သန်းတောင် မပြည့်တဲ့ နိုင်ငံငယ်လေးကနေ အခု ၂ နှစ်အတွင်းမှာ လူဦးရေ သန်း ၂၀ နီးပါးရှိတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတာက တကယ်ကို အံ့ဩစရာပဲ။ အရင်ကလို နိုင်ငံငယ်လေးဆိုရင် ထားလိုက်ပါတော့၊ အခုလို နိုင်ငံကြီး ဖြစ်လာပြီဆိုရင်တော့ ငါတို့ လျစ်လျူရှုထားလို့ မရတော့ဘူး။ ဒါကြောင့် ဂိုဏ်းချုပ်က ငါတို့ကို ဒီမှာ သူဖုန်းစားဂိုဏ်းရဲ့ ဌာနခွဲတွေ ထပ်တိုးချဲ့ဖို့ စေလွှတ်လိုက်တာပဲ"

​ "ဟုတ်ကဲ့ပါ အကြီးအကဲ"

​ "ဒီအလုပ်သာ အောင်မြင်သွားခဲ့ရင် မင်းတို့အားလုံးဟာ ဂိုဏ်းရဲ့ သူရဲကောင်းတွေပဲ၊ ငါကိုယ်တိုင် ဂိုဏ်းချုပ်ကို မင်းတို့အတွက် ကောင်းကောင်းပြောပေးမယ်။ ဂိုဏ်းချုပ်က ရက်ရောတဲ့သူဆိုတော့ မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ" လူတိုင်းမှာ စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

​ "ကဲ၊ စကားတွေ အများကြီး ပြောမနေကြနဲ့တော့။ မဟာရှနိုင်ငံက ရှေ့တင်မှာတင်ရှိတော့တာ၊ မြန်မြန်သွားကြရအောင်"

All Chapters