← Chapters

အစွမ်းကုန် စုံစမ်းကြ...

Vol. 25 Ch. 247

အစွမ်းကုန် စုံစမ်းကြ...

Vol. 25 Ch. 247

ချင်းယွန်ဘုံ၊ ယောင်ချီ မြင့်မြတ်နယ်မြေ၌။

“နင်ပြောချင်တာက... ဘယ်ကမှန်းမသိတဲ့ ဓားကျောင်းတော်ဘိုးဘေးဆိုတဲ့ တစ်ယောက်က ငါ့ရဲ့ ဟင်းလင်းပြင်ထွင်းဖောက်အဆင့် အကြီးအကဲ လေးယောက်နဲ့ ယောင်ချီ နတ်မိမယ်လေးကို သတ်လိုက်တဲ့အပြင်ကို ငါတို့ရဲ့ မြင့်မြတ်တဲ့ စခန်းကိုပါ ပိုင်းဖြတ်သွားတယ်ပေါ့လေ။”

ယွိယောင်ကျန်းရင်က ကျင့်ကြံခြင်းမှ ထွက်လာကာစသာ ရှိသေးသည်။ သူက အေးစက်စွာ ရယ်မောလိုက်၏။

“နင် ငါ့ကို လာနောက်နေတာလား။”

“သခင်မ၊ ကျွန်မပြောတဲ့ စကားတိုင်းဟာ အမှန်တွေပါလို့ ကျိန်ဆိုရဲပါတယ်။”

သူ့ရှေ့တွင် ဒူးထောက်နေသော ယွိနင်မှာ တုန်ရီနေ၏။

သူတို့ နှစ်ယောက်စလုံးသည် “ယွိ”ဟူသည့် မျိုးရိုးအမည်ကို ယူထားကြပြီး ယောင်ချီ မြင့်မြတ်နယ်မြေအတွင်း အဆင့်အတန်း တူညီသယောင်ရှိသော်လည်း၊ လက်တွေ့တွင်မူ သူက ယွိယောင်ကျန်းရင်၏ရှေ့၌ နိမ့်ကျသော အစေခံတစ်ဦးသာ ဖြစ်သည်။

ယွိယောင်၏ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံမှုကြောင့်သာ မဟုတ်ဘဲ ကြောက်မက်ဖွယ် ကောင်းပြီး ခန့်မှန်းရခက်သော စိတ်နေစိတ်ထားကြောင့်လည်း ဖြစ်သည်။ အနည်းငယ်မျှ စိတ်အလိုမကျရုံဖြင့် သေခြင်းထက်ဆိုးသော ကံကြမ္မာကို ကြုံရနိုင်သည်။ မည်သို့ဆိုစေ သူ၏ လျို့ဝှက်အတတ်ဖြင့်ဆိုလျှင် အခြားသူများ၏ ရုပ်ခန္ဓာများက အလွယ်တကူ အစားထိုးနိုင်သော အရာများသာ ဖြစ်သည်။ သူ စကားနားထောင်မည့်သူ၊ ကောင်းကောင်း ဝပ်တွားတတ်မည့်သူနှင့် အချိန်မရွေး အစားထိုးနိုင်၏။

“ဓားကျောင်းတော်မှာ ဒီလောက် အစွမ်းထက်တဲ့ ဘိုးဘေးရှိနေရင် ဘာလို့ အရင်က တစ်ခါမှ သတင်းအစအန မကြားရတာလဲ။” ယွိယောင်၏မျက်နှာ အုံ့မှိုင်းသွား၏။

လျို့ဝှက်နယ်မြေတံခါး ပွင့်လာသည်နှင့် သူ ယောင်ချီမြင့်မြတ်နယ်မြေသို့ ပြန်လာကာ တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။

အပြင်လောကတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ မသိလိုက်ပေ။

သို့သော် ယခုကဲ့သို့ အထိနာလှသော ဆုံးရှုံးမှုကြီးနှင့် ကြုံလိုက်ရ၏။

“သူက ဓားကျောင်းတော်ကနေ ထွက်သွားပြီလို့ သိရပါတယ်...”

“အဲဒါက ဘာဖြစ်လဲ။ နင်တို့ ဘာလို့ သူ့နောက်ကို လိုက်မဖမ်းကြတာလဲ။”

ယွိနင် ခေတ္တတွန့်ဆုတ်သွားပြီးမှ ခေါင်းငုံ့ကာ ပြန်ဖြေသည်။

“သခင်မ၊ ကျွန်မတို့ သူ့ကို ရှာမတွေ့လို့ပါ။ နက္ခတ်ဖတ်ကိရိယာနဲ့တောင် ရှာလို့မရဘူး။ သူ့ရဲ့ ကံကြမ္မာ လမ်းကြောင်းက လုံးဝကို ဖုံးကွယ်ခံထားရတယ်။ ကျွန်မထင်တာတော့... သခင်မလို မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူမျိုးမှပဲ သူ့ကို ခြေရာခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

“အသုံးမကျတဲ့ ကောင်မတွေ... သူ့ကို ရှာမတွေ့ရင်တောင် ဓားကျောင်းတော်ကို ဘာဖြစ်လို့ သွားမတိုက်ကြတာလဲ။”

အသုံးမကျသူဟု ဆဲဆိုခံနေရသော်လည်း ထိုဟင်းလင်းပြင်ထွင်းဖောက်အဆင့် ကျင့်ကြံသူမှာ တစ်ခွန်းမှ ပြန်မပြောရဲရှာပေ။ သူက ကျိုးနွံစွာပင် ပြန်လည်၍ လျှောက်တင်လိုက်သည်။ “ဓားကျောင်းတော်ကလည်း... ပျောက်ကွယ်သွားပါတယ်။ ကျွန်မတို့ နေရာအနှံ့ ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။ အဲဒီလူက ဓားကျောင်းတော်တစ်ခုလုံးကို ကမ္ဘာငယ်လေး တစ်ခုအဖြစ် သန့်စင်လိုက်တယ်လို့ သံသယရှိပါတယ်။ အဲဒါကြောင့် သူရော ဂိုဏ်းတစ်ခုလုံးပါ သတင်းအစအန မရှိဘဲ ပျောက်ကွယ်သွားတာပါ။”

ယွိယောင် မတ်တပ်ရပ်လိုက်ရာ သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လျှပ်ခနဲ ပေါ်လာ၏။

သူက ဒဏ်ရာများ အရှင်းမပျောက်သေးသလို အခြေခံအုတ်မြစ် ပျက်စီးသွားမှုမှာလည်း ပြန်လည် ပြုပြင်၍ မရနိုင်တော့ပေ။

ကံကောင်းသည်မှာ အမြင့်မြတ်ဆုံး ဓာတ်ငါးပါးခန္ဓာကိုယ် ရုပ်ခန္ဓာ အဆင်သင့်ဖြစ်သည်နှင့် သူ ချက်ချင်း သိမ်းပိုက်လိုက်ရုံပင်။

ထိုအချိန်ကျလျှင် ယခု ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ် မည်မျှပင် ဆိုးရွားနေပါစေ အရေးမကြီးတော့ပေ။

“ငါ့ဆီ နက္ခတ်ဖတ်ကိရိယာ ယူလာခဲ့။”

ယွိနင် သက်ပြင်းချနိုင်သွားပြီး ကိရိယာကို အမြန်သွားယူသည်။

မကြာခင် ၎င်းကို ယွိယောင်၏ ရှေ့သို့ ယူဆောင်လာခဲ့၏။

၎င်းမှာ တန်ဖိုးကြီးလှသော တာအိုရတနာတစ်ခု ဖြစ်သည်။ ချောမွေ့သော မှန်မျက်နှာပြင်ကို နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိ မိစ္ဆာလိပ်ခွံဖြင့် ပြုလုပ်ထားပြီး ၎င်း၏အောက်ခြေတွင်မူ အသက်ရှင်စဉ်က တာအိုကို ထိုးထွင်းသိမြင်ခဲ့သော ပါရမီရှင်ကျင့်ကြံသူ ကိုးဦး၏ ဦးခေါင်းခွံများကို အောက်ခံအဖြစ် အသုံးပြုထားသည်။

ယွိယောင်က ကံကြမ္မာလျို့ဝှက်ချက်များကို ဟောကိန်းထုတ်ရန် ထိုကိရိယာကို သုံးသည်။

သူ၏ ကိုယ်ပိုင်သွေးကို ကြားခံအဖြစ် အသုံးပြုကာ လက်ချောင်းများဖြင့် တံဆိပ်များပြုလုပ်၍ နဖူးပေါ်တွင် ကောင်းကင်မျက်စိကို ဖွင့်ရန် အမှတ်အသားတစ်ခု ရေးဆွဲလိုက်၏။

ပထမဦးစွာ သူက ထိုဓားကျောင်းတော်ဘိုးဘေးက မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် တည်နေရာကို ဖော်ထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ကိရိယာ၏ မှန်ပြင်ပေါ်တွင် ထူထပ်သော မြူခိုးများကိုသာ မြင်တွေ့ရသည်။

မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ အံကြိတ်ကာ ဓားကျောင်းတော်၏ တည်နေရာကို တွက်ချက်ရန် ကြိုးစားပြန်သည်။

ကျယ်ပြောလှသော ချင်းယွန်ဘုံတစ်ခွင် လေပြင်းများ တိုက်ခတ်ကာ လျှပ်စီးများ လက်လာ၏။

ကံကြမ္မာ၏ ဖုံးကွယ်ထားသော လျို့ဝှက်ချက်များက တိုက်ကြီးငါးတိုက်စလုံးကို လွှမ်းခြုံသွားရာ ကျန့်ဝူမြင့်မြတ်နယ်မြေပင် သူ့ရှေ့တွင် အတိုင်းသား ပေါ်လာတော့သည်။

သို့သော် ဓားကျောင်းတော်ကိုမူ...

လုံးဝ မတွေ့ရပေ။

ယွိနင်က စိုးရိမ်တကြီး မေးလိုက်သည်။ “သခင်မ၊ အဲဒီလူ ဒါမှမဟုတ် ဓားကျောင်းတော် အကြောင်း တစ်ခုခု သိရပြီလား။”

သူ့တွင်လည်း အတိုင်းအဆမရှိသော အငြိုးအတေးများ ရှိနေ၏။

အကယ်၍ ထိုဓားကျောင်းတော်ဘိုးဘေးသာ ဝင်မရှုပ်ခဲ့လျှင် ကျုံးကျိုး လျို့ဝှက်နယ်မြေအတွက် သူတို့၏ အစီအစဉ်မှာ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံနေမည် ဖြစ်သည်။

ယခုတွင်မူ ယောင်ချီနှင့် ဖန်ကျင်း မြင့်မြတ်နယ်မြေ နှစ်ခုစလုံးသည် အထိနာလှသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။

ထိုဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရန် အရင်းအမြစ်များကို မည်သူ့ဆီက ယူရမည်ဟု ထင်သနည်း။

သူတို့ဆီမှပင် ဖြစ်သည်။

ယွိယောင်က မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသော သွေးများကို သုတ်လိုက်ရင်း အေးဆေးစွာ ပြန်ပြောသည်။ “အဲဒီလူက သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားနိုင်တာပဲ... ဒါပေမဲ့ ငါ သဲလွန်စ အချို့ကိုတော့ ရှာတွေ့ခဲ့တယ်။ ဘဏ္ဍာတိုက်ထဲက နတ်ဘုရားအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို သွားယူခဲ့။ ငါတို့ အဆင်သင့် လုပ်ထားတဲ့ ရုပ်ခန္ဓာရဲ့ ဒန်တျန်ကို အမြင့်ဆုံးအရည်အသွေး ရောက်အောင် သန့်စင်လိုက်။ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်ကို ရှာတွေ့တာနဲ့ ငါတို့ ချက်ချင်း အစီအရင်ကို စတင်ကြမယ်။”

“သခင်မဆိုတဲ့ အတိုင်းပါပဲ...” ယွိနင်၏ ကြည်ညိုမှုမှာ အတိုင်းအဆမရှိတော့ပေ။ “သခင်မ တစ်ယောက်တည်းပဲ သူ့တည်နေရာကို တွက်ချက်နိုင်မယ်ဆိုတာ ကျွန်မ သိပြီးသားပါ...”

ယွိယောင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွား၏။ သူ ယွိနင်ကို ဘေးစောင်းကြည့်လိုက်သည်။

“စကားလျှော့ပြောပြီး ခိုင်းတာ သွားလုပ်တော့။”

ယွိနင်က လိမ္မာစွာပင် အမြန်ထွက်သွား၏။

ထိုအခါမှသာ ယွိယောင်၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားကာ နောက်ထပ် သွေးတစ်လုပ် ထွေးထုတ်လိုက်ရပြန်သည်။

“သာမန် ဟင်းလင်းပြင်ထွင်းဖောက်အဆင့် ကျင့်ကြံသူ တစ်ယောက်က... ငါ့ကို ကံကြမ္မာ လျို့ဝှက်ချက်တွေရဲ့ ပြန်ကန်မှုကို ခံရအောင် လုပ်နိုင်တယ်ပေါ့လေ...”

သူက နက္ခတ်ဖတ်ကိရိယာပေါ်ရှိ သွေးစက်များကို စိတ်ဆိုးမာန်ဆိုးနှင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

ကျန်းယိပိုင်၏ သံသရာတာအိုကြောင့် သူ၏ ခန္ဓာအတွင်း ကျိန်စာတစ်ခု ကျန်ရစ်နေခဲ့ပြီးသား ဖြစ်သည်။

ယခုမူ ဓားကျောင်းတော်ကို ရှာဖွေရန် ကြိုးစားမှုက သူ၏ ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေ၏။

လျို့ဝှက်နယ်မြေထဲ မဝင်ခင်က သူသည် မဟာတက်လှမ်းခြင်းအဆင့်၏ ဒုတိယမြောက် အတိဒုက္ခကို ရင်ဆိုင်ရန် နီးကပ်နေခဲ့သူ ဖြစ်သည်။

အခုတွင်တော့...

သူက ပထမဆုံးအတိဒုက္ခကို ကျော်ဖြတ်ရုံလေးသာရှိသော အဆင့်အထိ ကျဆင်းသွားခဲ့၏။

ထိုသို့ ကျင့်ကြံမှုအဆင့် ကျဆင်းသွားခြင်းမှာ အပြီးအပိုင် ဆုံးရှုံးသွားခြင်းပင်။

ကျန်းယိပိုင်၏ သံသရာတာအိုမှာ ကျိန်စာတစ်ခုကဲ့သို့ သူ၏ တိုးတက်နိုင်စွမ်းကို ပိတ်ဆို့ထား၏။

သူက အဆင့် ကျဆင်းသွားရန်သာ ရှိတော့သည်။

တစ်နည်းအားဖြင့် ပြောရလျှင်...

ထိုခန္ဓာကိုယ်မှာ ပျက်စီးသွားလေပြီ။

“ငါသာ အတိဒုက္ခသုံးခုကို ကျော်ဖြတ်ပြီး အင်မော်တယ်တစ်ပိုင်းအဖြစ် တက်လှမ်းနိုင်ရင် ဒီကိရိယာတောင် မလိုတော့ဘူး။ ငါကိုယ်တိုင် သူ့ကိုရော ဓားကျောင်းတော်ကိုရော ရှာတွေ့ နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ဒီအကြွေးကို ငါ လုံးဝ ပြန်ဆပ်မယ်။”

ယွိယောင်က ဒေါသကို ထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်၏။

လောလောဆယ်တွင် သူက မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ကို ရရှိရန်နှင့် အမြင့်မြတ်ဆုံး ဓာတ်ငါးပါးခန္ဓာကိုယ်ကို အချောသတ်ရန်သာ အာရုံစိုက်ရပေမည်။

ထိုအရာ ပြီးသွားသည်နှင့် သူ့တွင် အသန်မာဆုံး ဒန်တျန်၊ အသန်မာဆုံး စိတ်ဝိညာဉ်အမြစ်၊ အသန်မာဆုံး တာအိုခန္ဓာကိုယ် ရှိလာမည်ဖြစ်ပြီး နှစ်ပေါင်းတစ်သောင်းနီးပါး စုဆောင်းထားသော ကျင့်ကြံမှုနှင့် ရတနာများ ပေါင်းစပ်လိုက်ပါက...

သူ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်လိမ့်မည်။

ကောင်းကင်ဘုံတာအိုက သူကို တားနိုင်ပါမည်လား။

“သခင်မ၊ မကောင်းတော့ဘူး...”

ယွိနင်က ထိတ်လန့်တကြား အပြေးအလွှား ပြန်ဝင်လာသည်။

“ဘဏ္ဍာတိုက်ထဲက နတ်ဘုရားအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ပျောက်နေတယ်...”

“ဘာပြောတယ်...”

ယွိယောင်၏မျက်လုံးများ ပြူးကျယ်သွား၏။

ယခုလေးတင် သူ ဖိနှိပ်ထားသော သွေးများ ပြန်လည် ဆူပွက်လာပြန်သည်။

“အဲဒါတင် မကသေးဘူး။” ယွိနင်၏ အသံမှာ တုန်ရီနေ၏။

“လျှပ်စီးသီးသန့်စိတ်ဝိညာဉ်အမြစ်တစ်ခု၊ ချင်းလော်ဖုန်းရဲ့ သန့်စင်သောယန်ဓားအရိုး၊ သခင်မ အရင်က သိမ်းထားတဲ့ မဟာယင်ဓားအရိုး... ပြီးတော့... ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ် ပုံဆောင်ခဲ အချို့လည်း ပျောက်နေပါတယ်...”

“ဘယ်သူက ယောင်ချီမြင့်မြတ်နယ်မြေဆီကနေ ခိုးရဲတာလဲ...”

ယွိယောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက စုံစမ်းရန်အတွက် နက္ခတ်ဖတ်ကိရိယာကို ချက်ချင်း လှမ်းကိုင်လိုက်၏။

ကံကြမ္မာလျို့ဝှက်ချက်များ ချင်းယွန်ဘုံတစ်ခွင် လှုပ်ခတ်သွားလေသည်။

သို့သော် ကိရိယာ၏ မှန်ပြင်တွင် အမှောင်ထုကိုသာ ပြန်လည် ထင်ဟပ်နေသည်။

ယွိယောင် ယိုင်သွားသည်။ သူ၏ အမြင်အာရုံများ ဝေဝါးသွားကာ...

သတိလစ် လဲကျသွားတော့သည်။

ဖန်ကျင်းမြင့်မြတ်နယ်မြေ၌။

“အရှင်မြတ်၊ ယောင်ချီမြင့်မြတ်နယ်မြေရဲ့ ဘဏ္ဍာတိုက်ကို ဘယ်ကမှန်းမသိတဲ့ အင်အားစု တစ်ခုက လုယက်သွားတယ်လို့ သတင်းရပါတယ်။ ယွိယောင်ကျန်းရင် ကိုယ်တိုင် တွက်ချက် ကြည့်တာတောင် ဘာမှ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။”

“အော်မီတော်ဖော်။ ဒါက တကယ်ကို ဝမ်းမြောက်စရာ သတင်းပါပဲ။”

ဖန်ယဲ့က ကျေနပ်စွာ ရယ်မောလိုက်ရင်း လက်အုပ်ချီကာ ဆုတောင်းလိုက်သည်။

“ယောင်ချီမြင့်မြတ်နယ်မြေက ကျုံးကျိုးလျို့ဝှက်နယ်မြေက အကျိုးအမြတ် အားလုံးနီးပါးကို ယူသွားပြီး ငါတို့ဆီမှာ အကြွင်းအကျန်လေးတွေပဲ ချန်ထားခဲ့တာ။ သူတို့ရဲ့ ကံဆိုးမှုဆိုတာ ဝဋ်လည်တာပါပဲ။ တကယ်ကို စိတ်ချမ်းသာစရာပဲ။”

“အရှင်မြတ်...” ဘုန်းတော်ကြီးတစ်ပါး အပြေးအလွှား ဝင်လာကာ အသံကို နှိမ့်၍ လျှောက်တင်သည်။

“ဆရာတော်ရဲ့ အမိန့်အတိုင်း တပည့်တော်တို့ရဲ့ ဘဏ္ဍာတိုက်ကို စစ်ဆေးကြည့်တော့... တပည့်တော်တို့လည်း ခိုးခံထားရပါတယ်။”

“...ဘာပြောတယ်။”

ဖန်ယဲ့၏ ကိုယ်ဟန်မှာ တောင့်တင်းသွား၏။

“ဘာတွေ အခိုးခံရတာလဲ။”

“နွီဝါးမြေ၊ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ... ပြီးတော့ ဓာတ်တော်အချို့နဲ့ ဝိညာဉ်ပုံဆောင်ခဲတွေ ပါသွားပါတယ်။”

“ဘာ...”

ဖန်ယဲ့၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွား၏။ ပုတီးကို ကိုင်ထားသော သူ၏လက်မှာ တုန်ရီနေသည်။

“စုံစမ်းကြ... ရှိသမျှ အစွမ်းကုန်ထုတ်ပြီး စုံစမ်းကြစမ်း...”

“အဲဒါတွေက နွီဝါးမြေနဲ့ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွတွေကွ။ သူခိုးက မြင့်မြတ်နယ်မြေထဲမှာ ရှိနေသေးမှာ သေချာတယ်။ မြေပြင်ကို တစ်လက်မမကျန် တူးထုတ်ရရင်တောင် အဲဒီလူကို ရှာအောင်ရှာကြ...”

...

All Chapters