ရှည်လျားလှသော နှစ်ကာလများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
Vol. 12 Ch. 112
ဝူလုံ နတ်ဘုရားဘုရင်မှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ကာ ငရဲဘုံအတွင်းရှိ နယ်ပယ်အသီးသီးနှင့် ဝမ်ရှန့် နတ်ဘုရားကုန်းမြေတိုက် အကြား ဆက်နွှယ်မှုများမှာ တဖြည်းဖြည်း ပြန်လည် အားကောင်းလာနေသည်။ မတော်တဆမှုအမျိုးမျိုးဖြင့် ငရဲဘုံ၏ မတူညီသော အလွှာများအတွင်းရောက်သွားခဲ့ကြသည့် သန်မာသော ကျင့်ကြံသူအမြောက်အမြားလည်း ရှိလေသည်။
ယခု ကျုံးရှန်သည် နယ်ပယ်အတားအဆီး အားနည်းနေသော ငရဲဘုံတစ်ခုကို ရှာဖွေပြီး ဝင်ရောက်ရန် ပြင်ဆင်နေသည်။ သူ၏ ရည်ရွယ်ချက်မှာ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ ဝူလုံ နတ်ဘုရားသန္ဓေသား မျိုးစေ့များကို ထိုကမ္ဘာ၏ မူလဇစ်မြစ် အတွင်း၌ အမြစ်တွယ်စေရန် ဖြစ်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တအမှုန်အမွှား များနှင့် ချိတ်ဆက်ကာ ငရဲဘုံ၏ မူလအနှစ်သာရများကို စုပ်ယူမည် ဖြစ်သည်။ ထိုအချိန်ရောက်မှသာ စစ်မှန်သော ကြောက်မက်ဖွယ်ရာ အစွမ်းကို မြင်တွေ့ရပေလိမ့်မည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် အဆုံးမဲ့သော ကမ္ဘာဦး အမြုတေစွမ်းအားများ ကိန်းအောင်းနေမည်ဖြစ်ပြီး အထွတ်အထိပ် နတ်ဘုရားတစ်ပါးကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဝိညာဉ်လွင့်သွားအောင် ရိုက်နှက်နိုင်မည်ဖြစ်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်သည် ကျင့်ကြံခြင်း ယဉ်ကျေးမှုအသစ်တစ်ခုကို ဖန်တီးပေးနိုင်သော အထွတ်အထိပ် ကျင့်စဉ်တစ်ခု ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ကျုံးရှန်၏ သန်းပေါင်းများစွာသော စိတ်အာရုံများသည် စကြဝဠာ ဟင်းလင်းပြင်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားသည်။ ရုတ်တရက် သူ၏ စိတ်အာရုံတစ်ခုမှာ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်နေသည့် နေရာတစ်ခုကို သတိထားမိလိုက်သည်။ ထိုအငွေ့အသက်မှာ အနည်းငယ်မျှ ထိတွေ့မိရုံနှင့်ပင် ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ သွေးဆာခြင်းနှင့် သတ်ဖြတ်လိုခြင်း စသည့် အစွန်းရောက် စိတ်အာရုံများကို ဖြစ်ပေါ်စေသည်။ စိတ်ထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်လိုသော ဆန္ဒများ ပြည့်နှက်လာစေ၏။နယ်ပယ်အတားအဆီး အားနည်းနေသော ငရဲဘုံကမ္ဘာတစ်ခုကို ရှာတွေ့ပြီ ဖြစ်သည်။
"ရွှပ်..."
ကျုံးရှန်၏စိတ်အာရုံသည် ထိုနေရာ၏ ဟင်းလင်းပြင် တည်နေရာကို အသေအချာ မှတ်သားလိုက်ပြီး ကျန်ရှိသော စိတ်အာရုံများကိုပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ဖန်ဆင်းခြင်း ကျောက်သန္ဓေသားပေါ်တွင် ထိုင်နေသော ကျုံးရှန်၏ မျက်လုံးများကို ဖွင့်လာပြီး သူသည် မတ်တပ်ရပ်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် စကြဝဠာ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသည်။
ကျုံးရှန်သည် ကြယ်တာရာများ စီးဆင်းနေသည့် ဟင်းလင်းပြင်အတွင်း အေးအေးလူလူ လျှောက်လှမ်းလျက်တောက်ပသော ကြယ်စုတန်းများနှင့် လှပသော နက်ဗျူလာများကို ကျောခိုင်းကာရှေ့သို့ဆက်နေသည်။ သို့သော် ကျုံးရှန်ကမူ ၎င်းတို့ကို ခံစားကြည့်ရှုလိုစိတ် မရှိပေ။
စကြဝဠာဟင်းလင်းပြင်ထဲ၌ အချိန်ကာလမည်မျှကြာမှန်းမသိဖြတ်သန်းသွားလေသည်။ ကြယ်စုများပင် ရှားပါးသွားသော ဟင်းလင်းပြင် အစွန်းတစ်နေရာသို့ ရောက်သောအခါ ကျုံးရှန် ရပ်လိုက်၏။ သူ၏ ရှေ့တွင် သာမန်မျက်စိဖြင့် ကြည့်လျှင် မမြင်နိုင်လောက်သော အက်ကွဲကြောင်းတစ်ခု ရှိနေပြီး ထိုအက်ကွဲကြောင်းမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေသည်။ ၎င်းသည် သူရှာဖွေတွေ့ရှိခဲ့သော ငရဲဘုံကမ္ဘာ ဖြစ်ပေသည်။ ကျုံးရှန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို သန့်စင်သော အငွေ့အသက်များအဖြစ် ပြောင်းလဲကာ အက်ကွဲကြောင်းအတွင်းသို့ တိုးဝင်သွားသည်။ ထို့နောက် လှုံ့ဆော်မှုတစ်ခုခု ခံလိုက်ရသကဲ့သို့ အက်ကွဲကြောင်းသည် ရုတ်တရက် ပြန်ပိတ်သွားပြီး ဟင်းလင်းပြင်ကြီးသည် မူလအတိုင်းပြန်လည်တိတ်ဆိတ်သွား သည်။
....
ရှီးရွှယ် ငရဲဘုံ…
၎င်းမှာ များပြားလှသော ငရဲဘုံများအနက် တစ်ခုဖြစ်ပြီး ငရဲဘုံကြီးမှ ဆင်းသက်လာသော ငရဲဘုံငယ် သို့ ကမ္ဘာငယ် တစ်ခု ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တည်ရှိသည့်အခြေခံ အဓိကကမ္ဘာကြီးလောက် မကျယ်ဝန်းသော်လည်း သယံဇာတ ပေါကြွယ်ဝပြီး မရေမတွက်နိုင်သော စွမ်းအားရှင်များ ရှိနေသည်။
“ဝှစ်...”
မြူခိုးကဲ့သို့ ဝေဝါးသော ပုံရိပ်တစ်ခုသည် သွေးရောင်လွှမ်းပြီး ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် ပေါ်လာသည်။
“ပြင်းထန်လိုက်တဲ့သတ်ဖြတ်ခြင်း အငွေ့အသက်”
ဤငရဲဘုံတွင် မြေပြင်မှာ သွေးကဲ့သို့ နီရဲနေပြီး ကောင်းကင်မှာလည်း အနီရောင် ဖြစ်သည်။ ကောင်းကင်ထက်ရှိ ကြယ်တာရာများပင်လျှင် နီရဲနေလျက် လေထုအတွင်း၌လည်း အနီရောင် မြူခိုးများ ဖုံးလွှမ်းနေရာ တစ်ကမ္ဘာလုံး သွေးစွန်းကမ္ဘာငယ်တစ်ခုပင်ဖြစ်သည်။
ကျုံးရှန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို အာရုံခံလိုက်သည်။ ပုံမှန်အားဖြင့် ကမ္ဘာငယ်များသည် နန်ယန်စီရင်စု လေးခုမှ ဆယ်ခုစာလောက်အထိ ကျယ်ဝန်းတတ်ကြသည်။ကျုံးရှန်သည်ဟင်းလင်းပြင် အတိုင်းအတာကို အာရုံခံကြည့်လိုက်ကာ ဤငရဲဘုံသည် အလယ်အလတ်အရွယ်အစားရှိသော ကမ္ဘာငယ်တစ်ခု ဖြစ်ပြီး နန်ယန်စီရင်စု ခုနစ်ခုစာခန့် ကျယ်ဝန်းကြောင်း ခန့်မှန်းမိလိုက်သည်။
သူသည် ပတ်ဝန်းကျင်ရှိ အနီရောင်မြူခိုးများကို လက်ဖြင့် ဖမ်းဆုပ်ပြီး လက်ထိပ်ဖြင့် ပွတ်ချေလိုက်သည်။
"ရှုပ်ထွေးပြီး စည်းစနစ်မကျတဲ့ တာအိုနိယာမတွေပဲ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ တာအိုလမ်းစဉ်သုံးထောင်နဲ့ လုံးဝ ကွဲပြားခြားနားနေတယ်"
သူက ရေရွတ်လိုက်ပြီး လက်ချောင်းထိပ်မှ အငွေ့အသက်ကို ဖယ်ရှားလိုက်ကာ သူ၏သိစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
“ဟမ်... ဒီကမ္ဘာက စိတ်အာရုံစွမ်းအားကို တော်တော်လေး ကန့်သတ်ထားတာပဲ.... မိုင်ပေါင်း သန်းတစ်ရာလောက်ပဲ ကြည့်လို့ရတော့တယ်”
ကျုံးရှန် အနည်းငယ် အံ့သြသွားသည်။ သူသည် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်ကို ရရှိထားပြီး နဂါးမဲ့နှလုံးသားကျင့်စဉ်မှ အထွတ်အထိပ် စိတ်စွမ်းအား ကျင့်စဉ်များကိုလည်း ကျင့်ကြံထားသူဖြစ်ရာ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ မှန်းဆ၍မရအောင် သန်မာသည်။ သို့ဖြစ်ရာကောင်းကင်တာအို၏ ကျိန်စာကြောင့် သူ၏ ကျင့်ကြံခြင်းမှာ နိယာမနယ်ပယ် အဆင့် ၂၈ တွင် ရပ်တန့်နေသော်လည်း သူ၏ တကယ့် စွမ်းအားမှာ ထိုအဆင့်ထက် များစွာ သာလွန်နေပြီပင် ဖြစ်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်နှင့် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တို့ ပေါင်းစပ်ပြီး နတ်ဘုရားတံဆိပ်ကို အခြေခံကာ နတ်ဘုရားအဆင့်အတန်း အတုအယောင် တစ်ခုကို ဖန်တီးထားနိုင်ခဲ့သလို သူ၏ စိတ်ဆန္ဒအတိုင်း ဖန်တီးလိုက်သော ကိုယ်ပွားများသည်ပင် နိယာမနယ်ပယ် အဆင့် ၂၈ ရှိသော သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ အကျဉ်းချုပ်ရလျှင် သူ၏ မူလဝိညာဉ် သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ကမ္ဘာငယ်တစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်ပေသည်။
သို့သော် ယခုဤငရဲဘုံရှိ ဆန်းကြယ်သော တာအိုနိယာမများ၏ ဖိနှိပ်မှုကြောင့် သူ၏ စိတ်အာရုံ ဖြန့်ကျက်နိုင်စွမ်းမှာ မိုင်သန်းပေါင်းများစွာ အကွာအဝေးအထိသာ ရောက်ရှိတော့သည်။
"ဒီငရဲဘုံကမ္ဘာက သိပ်ပြီး အဆင့်မြင့်တဲ့ပုံ မပေါ်ဘူး... လွန်ခဲ့တဲ့ ခေတ်ကာလအနည်းငယ်လောက်ကမှ မွေးဖွားလာတဲ့ ကမ္ဘာဖြစ်မယ်"
"ကမ္ဘာ့ဖွဲ့စည်းပုံကလည်း သန့်စင်ပြီး ကြီးမားတဲ့ ကမ္ဘာတွေကို အခြေခံထားတာပဲ"
ကျုံးရှန် ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သောဧရာမကြယ်များသည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ရွေ့လျားနေကြပြီး လက်ဖြင့်ပင် လှမ်းကိုင်၍ ရတော့မည့်အလား နီးကပ်နေသည်။
ကြယ်ကြီး တစ်လုံးစီတိုင်း၏ ပတ်ဝန်းကျင် အနေအထားသည် ကျုံးရှန် ရောက်ရှိနေသော နေရာနှင့် သိပ်မကွာခြားလှပေ။ နေရာတိုင်းတွင် ငရဲဘုံမိစ္ဆာများနှင့် ထူးဆန်းသော ငရဲဘုံဇာတိနေ သတ္တဝါများ ရှိနေကြပြီးသူတို့၏ ရုပ်သွင်များမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ကလေးငယ်များ မြင်လျှင် ငိုကြွေးသွားစေနိုင်လောက်အောင်ထိပင် အရုပ်ဆိုး အကျည်းတန်လှပြီး မျိုးနွယ်စုတိုင်းသည် ဗီဇပြောင်းလဲထားသော သတ္တဝါဆန်းကြီးများနှင့် တူနေသည်။ သူတို့အချင်းချင်းလည်း မရပ်မနား သတ်ဖြတ်တိုက်ခိုက်နေကြပြီး မသေမချင်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။သူတို့၏ ဘဝရည်မှန်းချက်မှာ သတ်ဖြတ်ခြင်းတစ်ခုတည်းသာ ဖြစ်ပုံရသည်။
“အင်း... ဒီဂြိုဟ်ပေါ်ကို အရင်သွားကြည့်ရမယ်”
ကျုံးရှန်က ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ အနီးအနားရှိ ဂြိုဟ်ကြီးတစ်ခုပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏ ရှေ့တွင် ပေတစ်ရာခန့် မြင့်သော မြင်းမျက်နှာနှင့်မိစ္ဆာ နှစ်ကောင်မှာ ဆာလ်ဖာနံ့နံသော မီးခိုးများ မှုတ်ထုတ်ရင်း သွေးသံရဲရဲ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦးလုံး၏ စွမ်းအားမှာ နိယာမနယ်ပယ် အဆင့် ၁၈ ခန့် ရှိကြသဖြင့် သူတို့၏ တိုက်ခိုက်မှုတိုင်းတွင် မြေပြင်များ ပြိုပျက်ကာ ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီ၍ ဖျက်ဆီးခံနေရသည်။ လက်ဝှေ့ယမ်းလိုက်သည်နှင့်ပင် မိစ္ဆာစွမ်းအားများ ဒီရေအလား တိုးထွက်လာပြီး သွေးရောင်မြေပြင် ကွဲအက်သွားသည်။ ထူးဆန်းသော စွမ်းရည်အမျိုးမျိုးကို ထုတ်ဖော်တိုက်ခိုက်နေခြင်းကြောင့် မိုင်တစ်သောင်းပတ်လည်ရှိ အရာအားလုံး လွင့်စင်ကုန်ပြီး အားနည်းသော ငရဲဘုံမိစ္ဆာငယ်လေးများမှာ တုန်ခါမှုကြောင့် အမှုန့်ဖြစ်ကုန်ကြကာ သန့်စင်သော သွေးရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးရောင်စွမ်းအင်များ၏ တစ်စိတ်တစ်ပိုင်းကို မြင်းမျက်နှာနှင့်မိစ္ဆာနှစ်ကောင်က စုပ်ယူလိုက်ကြပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။
"သတ်ဖြတ်ခြင်းနဲ့ စွမ်းအင်ကို လုယူတယ်... သတ်ဖြတ်ခြင်းနဲ့ မူလအနှစ်သာရကို လုယူတယ်..."
"လျင်မြန်စွာ သန်မာလာချင်ရင် မရပ်မနား သတ်ဖြတ်နေရမှာပဲ"
ကျုံးရှန်သည် ဤငရဲဘုံကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်သော ရှင်သန်မှု နိယာမကို ဆင်ခြင်သုံးသပ်ရင်း တွေးလိုက်မိသည်။ထိုအချိန်တွင် မြင်းမျက်နှာရှိသည့်မိစ္ဆာနှစ်ကောင်သည် အစွမ်းထက်သော တိုက်ကွက်တစ်ခုစီကို အပြန်အလှန် ထုတ်ဖော်လျက် တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း"
"ဝုန်း"
စွမ်းအားနှစ်ခုထိပ်တိုက်တွေ့ဆုံသွားပြီး နှစ်ဖက်စလုံး မောပန်းသွားကြကာ မည်သည့်ဘက်မှ အသာမရလိုက်ကြချေ။
"ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်ကြစို့... မနက်ဖြန်ကျမှ မျိုးနွယ်စု တပ်တွေကို ခေါ်ပြီး တစ်ပွဲ ထပ်ချကြတာပေါ့"
မိစ္ဆာတစ်ကောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟမ့်..."
နောက်တစ်ကောင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်စဉ်ရုတ်တရက် ဘေးနားမှ လှောင်ပြောင်ရယ်မောသံ တစ်ခု ထွက်ပေါ်လာလေသည်။