← Chapters

အခြေအနေတွေ ပြောင်းလဲသင့်ပြီ

Vol. 48 Ch. 713

အခြေအနေတွေ ပြောင်းလဲသင့်ပြီ

Vol. 48 Ch. 713

"မစ္စတာကျန်း.. ကျုပ်တို့က ပညာရပ်ဆိုင်ရာညီလာခံတစ်ခုကို တက်မှာလေ။ ဒီလိုခရီးသွားတာကြီးက နည်းနည်းဟိတ်ဟန်ကြီးလွန်းမနေဘူးလား"

တော်ဝင်ပညာရှင်အချို့က ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည်။ အဖြူရောင်ဓာတ်ခွဲခန်းဝတ်စုံများကို ဝတ်ဆင်ကာ သုတေသနအခန်းထဲတွင်သာ တစ်သက်လုံး အချိန်ကုန်ခဲ့ကြပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်သည့် ဤသိပ္ပံပညာရှင်များအတွက် ဤကဲ့သို့သောလေယာဉ်မျိုးမှာ အလွန်ခမ်းနားလွန်းနေပေသည်။

"ဘာဖြစ်လို့လဲ"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"ဘဝကို ပျော်ပျော်မနေဘူးဆိုရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကဲ.. ၈၂ခုနစ်ထုတ် စပရိုက်လေးမြည်းကြည့်ပါဦး"

"မစ္စတာကျန်း… အင်တာနက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေက ဘယ်လောက်ဆိုးလဲဆိုတာ ခင်ဗျားသိမှာမဟုတ်ဘူး။ ကြည့်လိုက်.. စနေကြပြီ"

တော်ဝင်ပညာရှင်ဝမ်က သူ့ဖုန်းကိုကမ်းပေးရင်း ပြောလိုက်သည်။ သတင်းက ဘယ်လိုပေါက်ကြားသွားသလဲမသိသော်ငြား သူတို့၏ခရီစဉ်အသေးစိတ်မှာ လူသိရှင်ကြားဖြစ်သွားလေသည်။

ကျန်းမုန့်လောင်က ဖုန်းကို တစ်ချက်ကြည့်လိုက်လေရာ သူတို့တစ်သိုက်မှာ ရေပန်းအစားဆုံးသတင်းခေါင်းစဉ်အောက်သို့ ရောက်နေပြန်ပြီဖြစ်၏။

သူတို့ ရှာဖွေမှုအများဆုံးစာရင်းထဲသို့ ရောက်နေရသည့် အကြောင်းအရင်းမှာ ကမ္ဘာ့ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်နေရသောကြောင့် မဟုတ်ပါဘဲ ယခုတစ်ခေါက် သူတို့၏ခရီးသွားလာပုံမှာ ဓလေ့ထုံးတမ်းအစဉ်အလာများကို ရိုက်ချိုးလိုက်သလို ဖြစ်သွား၍ပင်။

"ရှင်းဟွာသတင်းအရ ဒီနေ့ နိုင်ငံတော်ရဲ့တော်ဝင်ပညာရှင်များဟာ ကမ္ဘာ့သိပ္ပံညီလာခံကို တက်ရောက်ဖို့အတွက် ကိုင်ဘွန်နိုင်ငံကို ခရီးအတူထွက်ခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာကျန်းမုန့်လောင်က စပွန်ဆာအဖြစ် ပံ့ပို့ပေးထားပြီး သူကိုယ်တိုင်လည်း ဒီသုတေသနအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် လိုက်ပါသွားကြောင်း သိရပါတယ်"

"သူတို့တွေက ဟိုတယ်မှာ တည်းခိုမှာမဟုတ်ဘဲ ဖူဂျီတောင်ခြေက သီးသန့်ဗီလာကြီးတစ်ခုမှာ တည်းခိုမယ်လို့ သိရပါတယ်။ ညီလာခံကို တက်ရောက်ဖို့အတွက်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်ကို အသုံးပြုမှာဖြစ်ပါတယ်"

"ကိုင်ဘွန်နိုင်ငံမှာရှိတဲ့ ဟွာရှားအွန်လိုင်းအသုံးပြုသူတွေရဲ့ စုံစမ်းချက်အရ အဆိုပါဗီလာက ကိုင်ဘွန်နိုင်ငံမှာ အကြီးဆုံးကိုယ်ပိုင်အိမ်ရာဖြစ်ပြီး မြို့ငယ်လေးတစ်ခုစာနီးနီး ကျယ်ဝန်ပြီး ဝိုင်ချက်စက်ရုံနဲ့ သီးသန့်ရေကန်တစ်ကန်လည်း ရှိတယ်လို့ သိရပါတယ်"

"သိပ္ပံသုတေသီတွေက ရိုးရှင်းတဲ့လူနေမှုပုံစံကို စွန့်လွှတ်သင့်သလား။ ဒါက တန်ဖိုးထားမှုအယူအဆအပေါ် အပျက်သဘောဆောင်တဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်သလား"

....

မျက်စိဖမ်းစားဖွယ်ကောင်းသော သတင်းခေါင်းစဉ်များအောက်တွင် မှတ်ချက်များမှာ အလွန်ရိုင်းစိုင်းကြမ်းတမ်းလှသည်။

"သူတို့ကိုယ်သူတို့ သိပ္ပံပညာရှင်တွေ တော်ဝင်ပညာရှင်တွေလို့ ခေါ်နေပြီးတော့ အခုလိုခမ်းနားတဲ့လူနေမှုဘဝမျိုးမှာ မွေ့ပျော်နေတာကြီးက ပညာတတ်တွေရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"

"ဟူး.. အရင်ကလို ရိုးရှင်းတဲ့လူနေမှုဘဝမျိုးကို မမြင်ရတော့ပါဘူး။ ဒီသိပ္ပံပညာရှင်တွေတောင် စည်းစိမ်ခံနေကြပြီဆိုတော့ လူ့အဖွဲ့အစည်းကြီး တိုးတက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး"

"သက်ဆိုင်ရာဌာနတွေအနေနဲ့ သူတို့ကို အသေးစိတ်စုံစမ်းစစ်ဆေးသင့်တယ်။ သူတို့က ညီလာခံတစ်ခုတက်တာတောင် ဒီလောက်စည်းစိမ်ခံစားနေရင် နေ့စဉ်ဘဝမှာဆိုရင် ဘယ်လောက်တောင် ဖြုန်းတီးလိုက်မလဲ။ သုတေသနရန်ပုံငွေတွေကိုများ အလွဲသုံးစားလုပ်နေကြသလားမသိဘူး"

"အမှန်ပဲ။ ငါတို့ပေးထားတဲ့ အခွန်ငွေတွေက ဒီလိုစည်းစိမ်ခံစားနေတဲ့လူတွေကို ထောက်ပံ့ပေးဖို့လား"

...

"အမလေး… လူမှုပတ်ဝန်းကျင်ရဲ့စံနှုန်းတွေနဲ့ တန်ဖိုးတွေက ဘယ်လောက်တောင်လွဲမှားနေပြီလဲ"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။

"ဒါက လူဦးရေတစ်စိတ်တစ်ပိုင်းပဲဆိုပေမဲ့ ကိုးနှစ်မသင်မနေရပညာရေးစနစ်မှာ လွတ်သွားတဲ့လူတွေ အများကြီးရှိနေတာကိုတော့ ဝန်ခံရမယ်။ ဘယ်တုန်းကများ လူနေမှုအဆင့်အတန်းမြင့်မားတာက ကျင့်ဝတ်သိက္ခာမရှိတဲ့လုပ်ရပ်နဲ့ တူသွားရတာလဲ"

သိပ်မကြာခင်က အသက်၆၅နှစ်အရွယ် ပါမောက္ခသိုက်ဆိုသူမှာ အလွန်နာမည်ကြီးရေပန်းစားခဲ့သည်။ သူသည် ဆံပင်ဖြူဖြူ၊ ပိန်ပိန်ပါးပါးနှင့် စကားသံခပ်ဝဲဝဲပြောတတ်သော အဘိုးကြီးတစ်ယောက်ပင်။

သို့သော် ထိုအဘိုးကြီး၏အပြင်သင်တန်းများမှာ အမြဲလူပြည့်နေလေ့ရှိပြီး အွန်လိုင်းအသုံးပြုသူအမြောက်အများကလည်း သူ့အား အင်တာနက်ပေါ်တွင် အရူးအမူးအားပေးကြသည်။ သူ့ဗီဒီယိုအသစ်များကို နေ့တိုင်း မျှော်လင့်စောင့်စားကြသည်။

သို့သော် အွန်လိုင်းအသုံးပြုသူတချို့က သူ့အား လှောင်ပြောင်ကြသည်။

"ဆရာတွေရဲ့ စံပြပုဂ္ဂိုလ်ပါပဲ။ ငွေကြောင့် စုံလုံးကန်းသွားပြီ"

အခြားလူများကလည်း ဝေဖန်ကြလေတော့သည်။

"တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်ပြီး ပညာတတ်တွေရဲ့ဂုဏ်သိက္ခာကို ချနင်းလိုက်တာပဲ"

ပညာတတ်ဂုဏ်သိက္ခာဆိုသည်မှာ အဘယ်နည်း။ စား၍ရသလား။ ထိုအချိန်တုန်းက ပါမောက္ခသိုက်၏ဇနီးသည်က အဆုတ်ကင်ဆာဝေဒနာကို ခံစားနေရသည်။

ကင်ဆာကုသဆေးတစ်ဘူးလျှင် ယွမ်ငါးသောင်းတစ်ထောင်ပေးရပြီး အထဲတွင် အလုံးသုံးဆယ်သာ ပါဝင်သည်။ တစ်လုံးလျှင် ယွမ်၁၇၀၀ကျသင့်ပြီး တစ်ဘူးကို တစ်လပင် မခံပေ။

ထိုကဲ့သို့သော ဆေးဖိုးဝါးခမျိုးကို တက္ကသိုလ်ပါမောက္ခတစ်ယောက်ပင် မတတ်နိုင်ပေ။

ငွေရှာခြင်းမှာ ဘာများအပြစ်ရှိလေသလဲ။ ခိုးဝှက်နေခြင်းလည်း မဟုတ်သလို လုယက်နေခြင်းလည်း မဟုတ်ပေ။ ကိုယ့်အရည်အချင်းနှင့်ကိုယ် ရှာခြင်းပင်။ တက္ကသိုလ်ပါမောက္ခများက တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ငွေမရှာရဘူးဟု မည်သည့်ဥပဒေတွင် ရေးထားလေသလဲ။

ပါမောက္ခသိုက်၏အဖြစ်က ထူးခြားသည်ဆိုလျှင် လူ့လောက၏ရှန်နုန်ဟု တင်စားကြသော ပါမောက္ခယွမ်၏အဖြစ်က ပိုသနားစရာကောင်းလှသည်။

ဤအဘိုးကြီးက မျိုးစပ်စပါးတစ်မျိုးကို တီထွင်ဖန်တီးပြီး တစ်နိုင်ငံလုံးရှိ လူသန်းပေါင်းများစွာကို ကျွေးမွေးခဲ့သူဖြစ်၏။ သူသာမရှိလျှင် ဤနိုင်ငံ၏လူဦးရေတစ်ဝက်ခန့်မှာ ယခုအထိ ငတ်ပြတ်နေဦးမည်သာ။

ကားပြပွဲတစ်ခုတွင် ပါမောက္ခယွ၎င်း်က မာစီးတီးကားတစ်စီးကို လက်ဖြင့် ထိမိရုံမျှဖြင့် လူမှုကွန်ရက်တွင် အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး အဆုံးတွင်မူ လူထု၏ဆွေးနွေးမှုက သူ့တွင် ဇိမ်ခံကားဘယ်နှစီးရှိသလဲဆိုသည်ကို ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။

ကျန်းမုန့်လောင်ကတော့ ဤအခြေအနေကို ရယ်ချင်စရာဟုသာ မြင်သည်။ ထိုသို့သောပုဂ္ဂိုလ်မျိုးအတွက် မာစီးတီးသာမက ဘူဂါတီကဲ့သို့သော စူပါကားများကို မောင်းချင်သလောက် မောင်းပါစေ။ ဧရာမပန်ဒါကြီးကိုစီး၍ နေ့တိုင်းအလုပ်ဆင်းအလုပ်တက်လုပ်နေလျှင်ပင် မည်သူကမှ ကန့်ကွက်စရာအကြောင်းမရှိပေ။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကပင် ပါမောက္ခယွမ်၏ပိုင်ဆိုင်မှုမှာ တစ်ရာဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ရှေးခေတ်တုန်းကဆိုလျှင် ထိုသို့သောပုဂ္ဂိုလ်များအတွက် ဘုရားကျောင်းများနှင့် ရွှေရုပ်တုများကို ဖန်တီးထုလုပ်ပြီး နတ်ဘုရားတစ်ပါးနှယ် ကိုးကွယ်ထားပေလိမ့်မည်။

သို့သော် ယခုခေတ်တွင် သိပ္ပံသုတေသနပညာရှင်များ၏ လူနေမှုပုံစံကို ဝေဖန်တိုက်ခိုက်ကြသူများ ရှိနေဆဲပင်။

ဥပမာအားဖြင့် ပါမောက္ခဝမ်ကိုပင် ကြည့်ပါလေ။ သူ့ပေါ်လီမာကုန်ကြမ်းနည်းပညာက ဒေါ်လာဘီလီယံပေါင်းများစွာတန်သော စက်မှုလုပ်ငန်းစုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူသာ ကိုယ်ပိုင်ကုမ္ပဏီထောင်လျှင် သို့မဟုတ် မူပိုင်ခွင့်ကို ရောင်းစားလျှင် ချက်ချင်းပင် ဘီလျံနာတစ်ယောက်ဖြစ်နိုင်သည်။

သို့သော် သူသည် ထိုမူပိုင်ခွင့်ကို နိုင်ငံတော်အတွက် လှူဒါန်းခဲ့သည်။ ယခုအချိန်တွင် သူသည် နိုင်ငံတော်အတွက် နှစ်စဉ်ဝင်ငွေများစွာရရှိအောင် လုပ်ပေးထားပါသော်လည်း သူ့အခြေခံလစာမှာမူ တစ်လလျှင် ယွမ်တစ်သောင်းပင် မရှိပေ။ ထောက်ပံ့ကြေးများကိုပါ ပေါင်းလိုက်လျှင်ပင် ယွမ်နှစ်သောင်းကျော်ကျော်မျှသာ ရှိသည်။

သူ့လို လူတစ်ယောက်၏လစာကို သုညနှစ်လုံးလော် ထပ်တိုးပေးလိုက်လျှင်ပင် များလွန်းနေမည်လော။ ကျန်းမုန့်လောင်ကတော့ မများဘူးဟု ထင်မိသည်။

နျူကလီးယားပေါင်းစပ်နည်းပညာ၏ ရှေ့ဆောင်လမ်းပြဖြစ်သော တော်ဝင်ပညာရှင်လျိုကလည်း နိုင်ငံ၏လေယာဉ်ထုတ်လုပ်မှုလုပ်ငန်း၏ တိုးတက်မှုအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ဟွာရှားနိုင်ငံက လေကြောင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်မှာ သူ့စွမ်းဆောင်မှုများကြောင့်ပင်။

အခြားတော်ဝင်ပညာရှင်များကလည်း နိုင်ငံတော်အတွက် သိသာထင်ရှားလှသော အကျိုးပြုမှုများကို အသီးသီးလုပ်ဆောင်ခဲ့သည်။

သို့သော် ယခုမူ ဤပုဂ္ဂိုလ်များမှာ ကိုယ်ပိုင်လေယာဉ်စီးခြင်း၊ ဗီလာကြီးများတွင် တည်းခိုခြင်းတို့ကြောင့် စည်းစိမ်ခံစားနေသည်ဟု ယိုးစွပ်ခံရပြီး ရန်ပုံငွေအလွဲသုံးစားလုပ်သည်ဟုပင် သံသယအဝင်ခံနေရသည်။ ဤသည်မှာ စင်စစ်စိတ်ပျက်စရာကောင်းလှသည်။

မင်းသားမင်းသမီးများ ဒေါ်လာသန်းပေါင်းများစွာပေးရသော စံအိမ်တော်ကြီးများတွင် နေထိုင်ခြင်းကိုမူ သဘာဝကျသည်ဟု မြင်နေကြပြီး နိုင်ငံတော်အတွက် ထူးချွန်စွာစွမ်းဆောင်ပေးခဲ့ကြသူများကိုတော့ သူတော်စင်များအလား တစ်သက်လုံး ဆင်းဆင်းရဲရဲနေသွားကြဖို့ မျှော်လင့်နေလေသလား။

"ဒီလိုအတွေးအခေါ်မျိုးကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ"

ကျန်းမုန့်လောင်က သူ့ဝေးပေါ်အကောင့်ကို ဖွင့်လိုက်သည်။

"ဒီကိုယ်ပိုင်လေယာဉ်က ငါထောက်ပံ့ပေးထားတာ။ ဒီဗီလာကလည် ငါ့အပိုင်ပဲ။ သူတို့ကလည်း ဒီလိုခမ်းနားတဲ့စည်းစိမ်မျိုးကို ခံယူထိုက်တဲ့လူတွေ။ မင်းတို့လို ကီးဘုတ်ဖိုက်တာတွေက ဘာတွေဝင်ကန့်ကွက်ချင်နေတာလဲ"

တဲ့တိုးဆန်လှသော ကျန်းမုန့်လောင်၏နည်းလမ်းက တရားမျှတမှုကို လိုလားသော အွန်လိုင်းအသိုင်းအဝိုင်းကို ချက်ချင်းပင် လှုပ်ခတ်သွားစေခဲ့သည်။

"ဟုတ်တယ်။ စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ။ ဒီစကားတွေကိုမြင်တုန်းက ငါလည်း ဆဲချင်နေတာ။ ဘယ်လိုပေါက်ကရစကားတွေမှန်းမသိဘူး။ သူတို့က ဒီလိုစည်းစိမ်မျိုးကို မခံယူထိုက်ဘူးဆိုရင် မင်းတို့လို ကီးဘုတ်ဖိုက်တာတွေကမှ ခံယူထိုက်တာလား"

"သူတို့က နိုင်ငံအတွက် ဒီလောက်အထိ အကျိုးပြုထားတာ။ သူတို့ဘာသာ နေ့တိုင်း ဇိမ်ခံကားတွေစီးပြီး စံအိမ်တော်ကြီးမှာ နေနေလည်း ငါကတော့ စိတ်ထဲမထားဘူး။ မင်းတို့မိသားစုတစ်စုတောင် ကောင်းကောင်းအကျိုးမပြုနိုင်တဲ့ မင်းတို့က သူတို့ကိုဝေဖန်ရအောင် ဘာကောင်တွေမို့လို့လဲ"

"လူမှုကျင့်ဝတ်တွေ ပျက်ပြားတယ်ပေါ့လေ။ မင်းတို့လိုလူတွေရှိနေလို့ လူ့အဖွဲ့အစည်းကြီးက ပျက်ပြားနေတာ။ အရည်အချင်းရှိတဲ့လူတွေအများကြီး နိုင်ငံခြားကို ဘာလို့ထွက်ကုန်လဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ သူတို့ရဲ့အရည်အချင်းကို တန်ဖိုးထားတဲ့နေရာကိုပဲ သွားကြမှာပေါ့။ မင်းတို့က ဆယ်လီတွေနဲ့ အိုင်ဒေါတွေနောက်ပဲ တကောက်ကောက်လိုက်နေကြတာ"

...

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အကြီးအကျယ်ငြင်းခုံနေကြချိန်မှာ ကျန်းမုန့်လောင်က နောက်ထပ်သတင်းတစ်ခုကို ထပ်ကြေညာလိုက်ပြန်သည်။

"ဒီနေ့ကစပြီး သိပ္ပံသုတေသနစွမ်းဆောင်မှုရန်ပုံငွေကို ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ထူးခြားတဲ့အောင်မြင်မှုရတဲ့ ဘယ်သူမဆို ဆုကြေးယူဖို့ လျှောက်ထားနိုင်တယ်။ သဘာဝသိပ္ပံဆု၊ နည်းပညာတီထွင်မှုဆု၊ သိပ္ပံနဲ့နည်းပညာတိုးတက်မှုဆုနဲ့ နိုင်ငံတကာသိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုဆုတွေ ရတဲ့ တော်ဝင်ပညာရှင်တွေကို တစ်ယောက်ကို ငွေသားယွမ်သန်းငါးဆယ်စီ ဆုချမယ်။ နိုင်ငံတော်ရဲ့အမြင့်ဆုံးသိပ္ပံနဲ့နည်းပညာဆုရတဲ့လူတွေကိုတော့ ယွမ်သန်းတစ်ရာဆုငွေလျှောက်ထားနိုင်အောင် စီစဉ်ပေးမယ်"

"သိပ္ပံနည်းပညာနယ်ပယ်တင်မကဘဲ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုခဲ့တဲ့ ဘယ်သူမဆို ဒီဆုကြေးကို လျှောက်ထားနိုင်တယ်။ မနက်ဖြန်ကျရင် အကဲဖြတ်စိစစ်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမယ်။ ကန့်ကွက်ချင်တဲ့လူတွေ ကြိုက်သလောက်ဟောင်လို့ရတယ်။ မင်းတို့တွေကို အရေးလုပ်နေရင် ငါ့အရှုံးလို့သာမှတ်လိုက်"

"ဥက္ကဋ္ဌကျန်းကို လေးစားပါတယ်။ ဒီငွေတွေက သူတို့နဲ့ထိုက်တန်ပါတယ်"

"သောက်ကျိုးနည်း… ငါ ကျောင်းပြန်တက်ပြီး သုတေသနပညာရှင်လုပ်ရင် မီသေးလား"

"သိပ္ပံသုတေသီတွေရဲ့အကျိုးခံစားခွင့်ကို မြှင့်တင်ပေးရမဲ့အချိန်ရောက်ပြီ"

"ဒီနေ့ကစပြီး ဥက္ကဋ္ဌကျန်းက ငါ့အိုင်ဒေါပဲ"

*****************

All Chapters