← Chapters

သိုင်းနတ်ဘုရားနယ်မြေ၏ ရန်သူ၊ သွေးကမ္ဘာ ကျူးကျော်ခြင်း

Vol. 29 Ch. 410

သိုင်းနတ်ဘုရားနယ်မြေ၏ ရန်သူ၊ သွေးကမ္ဘာ ကျူးကျော်ခြင်း

Vol. 29 Ch. 410

ပြာလဲ့သော ကောင်းကင်အောက်တွင် ကောင်းကင်မြစ်တစင်းတည်ရှိနေပြီး ပိုးသားကဲ့သို့ တိမ်ပင်လယ်များကြားတွင် စီးဆင်းနေသည်။ ရေခူနှင့်တူသော သတ္တဝါ အမြောက်အမြားသည်ကား ပန်းချီကား တစ်ချပ်အလား လှပစွာ ကောင်းကင်တွင် ကူးခတ်နေကြသည်။

ဤလှပသော မြင်ကွင်း၏ အောက်တွင် ကုန်းမြေကို မမြင်နိုင်သော အဆုံးမဲ့သမုဒ္ဒရာ ရှိနေသည်။ ထိုစဉ် သမုဒ္ဒရာထဲသို့ ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ ၎င်းမှာ တုနှိုင်းမဲ့ခွန်းလွန် ဖြစ်သည်။ သူသည် အဝေးမှ တွေ့မြင်နေရသော ကျွန်းငယ်လေး တစ်ကျွန်း ရှိရာသို့ ပျံသန်းသွားသည်။

တုနှိုင်းမဲ့ခွန်းလွန်က သူ့ပုံရိပ်ကိုပင် ရောင်ပြန်ဟပ်နိုင်စေသော ကျောက်စိမ်းဖြူ ရင်ပြင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကာ သူ့အကြည့်က သူ့ရှေ့တွင် တရားထိုင်နေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

"ဘာလို့ ကျွန်တော့်ကို လွှတ်မပေးတာလဲ... ကျွန်တော်က တာအိုဘိုးဘေးရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေတာလား..."

တုနှိုင်းမဲ့ခွန်းလွန်၏လေသံတွင် ခံစားချက် မပါရှိသော်လည်း မျက်လုံးများက အေးစက်နေသည်။

သိုင်းနတ်ဘုရားနယ်မြေရှိ ပြည်တွင်းစစ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် နတ်ဘုရား ၇၂ ပါးနှင့် တုကူးထောင် အသတ်ခံရကြောင်း သူ ဖွင့်ချခဲ့သည်။ သူ အောင်မြင်ခဲ့သော်လည်း သိုင်းနတ်ဘုရားနယ်မြေက သူ တာအိုဘိုးဘေး လက်ချက်ဖြင့် သေဆုံးသွားမည်ကို ကြောက်ရွံ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသည်ကို သူ လက်ခံရန် ခက်ခဲနေသည်။

နတ်ဘုရား ၇၂ ပါးသည် သူ ပျိုးထောင်ထားသော အင်အားစု ဖြစ်ပြီး မရေမတွက်နိုင်သော နှစ်ကာလများစွာ အားထုတ်ခဲ့ရသည်။ လက်စားမချေဘူးဆိုလျှင် တုနှိုင်းမဲ့ခွန်းလွန် ဟူသော ဂုဏ်သတင်းကို ဘယ်လို ထိန်းသိမ်းနိုင်မည်နည်း။

ဤသည်မှာ တုနှိုင်းမဲ့ခွန်းလွန်က တာအိုဘိုးဘေးလောက် မတော်ကြောင်း သိုင်းနတ်ဘုရားနယ်မြေ တစ်ခုလုံးကို ပြောပြနေခြင်းနှင့် တူညီနေသည်...

သူ့ရှေ့တွင် တရားထိုင်နေသူမှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး တုနှိုင်းမဲ့ခွန်းလွန် ဝတ်ဆင်ထားသည့် ဝတ်ရုံနှင့် ဆင်တူသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ရှည်များက နှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း မျက်နှာမှာ အိုမင်းရင့်ရော်ခြင်း မရှိပေ။ ထိုအစား သူမ၏ရုပ်ရည်က ဂုဏ်ကျက်သရေ ရှိပြီး ကျော့ရှင်းလှပနေသည်။သူမ၏ မျက်ခုံးနှစ်ခုကြားတွင် အစိမ်းရောင် အရိပ်အမြွက် တစ်ခု ရှိသည်။ သူမ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး တုနှိုင်းမဲ့ခွန်းလွန်ကို ကြည့်လိုက်သည်။

"အဲဒါဆို ကျွန်မ ရှင့်ကို မေးမယ်... ရှင် တုကူးထောင်နဲ့ နတ်ဘုရား ၇၂ ပါးကို သတ်နိုင်လား..."

ဆံပင်ဖြူ အမျိုးသမီးကလည်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"သေချာတာပေါ့... သိုင်းနတ်ဘုရားနယ်မြေက နိယာမ စွမ်းအားတွေကို ဖျက်ဆီးတဲ့ နေရာမှာ ကျွန်တော့်ရဲ့ ပါရမီကို တန်ဖိုးထားလို့ ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တာ မဟုတ်လား..."

"ကျွန်မက ယူဆချက် အခြေအနေ တစ်ခုကို မေးနေတာ... သူတို့ ထွက်ပြေးချင်ရင် ရှင် သူတို့ အားလုံးကို သတ်နိုင်မလား..."

ဆံပင်ဖြူ အမျိုးသမီး၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ တုနှိုင်းမဲ့ခွန်းလွန် မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်သွားသည်။

"တာအိုဘိုးဘေးရဲ့ နောက်ခံကို မစုံစမ်းရသေးဘူး... ဒါကြောင့် ကျွန်မတို့ မဆင်မခြင် မလုပ်နိုင်ဘူး... သိုင်းနတ်ဘုရားနယ်မြေက ရှင့်ကို ယုံကြည်မှု ရှိပါတယ်... ဒါပေမဲ့ ရှင်က ရှင့်ရဲ့ ကန့်သတ်ချက်ကို မရောက်သေးဘူး... ဒါဆို ဘာလို့ မသိရသေးတဲ့ ရန်သူကို တိုက်ခိုက်မှာလဲ..."

"တာအိုဘိုးဘေးနဲ့ ပတ်သက်ရင် သိုင်းနတ်ဘုရားနယ်မြေက သူ့ကိုအထူးတလည် အလေးထားပါတယ်... သူ ပေါ်လာတာနဲ့ သေချာပေါက် အဖမ်းခံရမှာပါ... ပြီးတော့ သိုင်းနတ်ဘုရားနယ်မြေက ရှင့်ကို လေးစားတဲ့အတွက် ကိုယ်တိုင် လက်စားချေဖို့ အခွင့်အရေး ပေးပါလိမ့်မယ်..."

ထိုစကားများကြားလိုက်ရသောအခါ တုနှိုင်းမဲ့ခွန်းလွန် မျက်မှောင်ကြုတ်လိုက်ပြီး ပို၍ပင် မကျေမနပ် ခံစားလိုက်ရသည်။

"အဲဒါဆို သိုင်းနတ်ဘုရားနယ်မြေမှာ တာအိုဘိုးဘေးနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ရှိလား... သူ ဒီလောက်ထိ စွမ်းအားကြီးနေတာ နာမည်မရှိတဲ့သူတော့ မဟုတ်လောက်ဘူး..."

"ရှည်လျားတဲ့ နှစ်တွေ တစ်လျှောက် ကျွမ်းကျင်သူတွေ အများကြီး ပျောက်ဆုံးသွားခဲ့တယ်... ပြီးတော့ သိုင်းနတ်ဘုရားနယ်မြေမှာ ရန်သူတွေ အများကြီး ရှိတယ်... တာအိုဘိုးဘေးရဲ့ သရုပ်မှန်ကို ရှာဖွေဖို့ အရမ်း ခက်ခဲတယ်... ဒါပေမဲ့ သူက တုကူးထောင်နဲ့ နတ်ဘုရား ၇၂ ပါးကို သတ်နိုင်ခဲ့တယ်... သူက သိုင်းပညာရှင် မဟုတ်ဘဲ မတူညီတဲ့ မဟာတာအို နောက်ကို လိုက်နေတာ ဖြစ်နိုင်တယ်... မတူညီတဲ့ မဟာတာအိုတွေက တစ်ခုနဲ့တစ်ခု သည်းမခံနိုင်ကြဘူး... တစ်ဖက်က နောက်တစ်ဖက်ထက် သန်မာနေသရွေ့ သူတို့ အချင်းချင်း သတ်ဖြတ်ကြလိမ့်မယ်..."

တုနှိုင်းမဲ့ခွန်းလွန်လည်း အတွေးနက်သွားသည်။

တာအိုဘိုးဘေးဆိုသူက အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ထိုသူသည် အထောက်အထားသာမက ခွန်အားအရာ၌လည်း လျှို့ဝှက်ဆန်းကြယ်လှသည်။ထို့အပြင် သူ့ရည်ရွယ်ချက်များကလည်း လျှို့ဝှက်ဆန်းကြယ်သည်။

သူတို့တွင် တာအိုဘိုးဘေးနှင့်ပတ်သက်သည့် သတင်းအချက်အလက် အလွန်နည်းပါးပြီး သူတို့ အသိဆုံးမှာ ယခင်က လုရှန်ကျိုး ပေးအပ်ခဲ့သော ထောက်လှမ်းရေး သတင်းများပင် ဖြစ်သည်။ထိုသတင်းများတွင် တာအိုဘိုးဘေး၏ လှုပ်ရှားမှုများကို ဖော်ပြထားသော်လည်း စကားလုံးများကိုသာ အားကိုးပြီး သူ အသုံးပြုခဲ့သည့် အဆုံးစွန် နည်းစနစ်ကို သူတို့ မခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပေ။

"သိုင်းနတ်ဘုရားနယ်မြေက တာအိုဘိုးဘေးကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ... အဲဒီလူတွေကို ဖိတ်ခေါ်လို့ ရမလား..."ဟု တုနှိုင်းမဲ့ခွန်းလွန်က မေးလိုက်တော့ဆံပင်ဖြူ အမျိုးသမီး မျက်လုံးမှိတ်ပြီး ပြန်ဖြေလိုက်သည်။

"မပူပါနဲ့... သိုင်းနတ်ဘုရားနယ်မြေက နောက်ထပ် အမှားတွေ လုပ်တော့မှာ မဟုတ်ပါဘူး..."

တုနှိုင်းမဲ့ခွန်းလွန် ချက်ချင်း လှည့်ထွက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"နတ်ဘုရား ၇၂ ပါး သေကုန်ပြီ ဆိုတော့ ရှင် အင်အားစုသစ် တစ်ခု ရှာသင့်တယ်... ရှင့်ရဲ့ အဆင့်အတန်းက အင်အားစုကို လှုပ်ရှားဖို့ လိုအပ်ပေမဲ့ စံချိန်စံညွှန်းကို လျှော့ချလို့ မရဘူး..."

ဆံပင်ဖြူ အမျိုးသမီး၏ စကားကို ကြားလိုက်ရသောအခါ တုနှိုင်းမဲ့ခွန်းလွန် ပြန်မဖြေဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကမ္ဘာကြီး တိတ်ဆိတ်ငြိမ်သက်သွားပြန်ကာ ပင်လယ်လေပြင်းတသုတ်က ကျွန်းပေါ်ရှိ ပန်းများနှင့် သစ်ပင်များကို တိုက်ခတ်သွားသည်။ အနည်းငယ်မျှသော အသံပင် မရှိသောကြောင့် တိတ်ဆိတ်မှုက စိတ်ဓာတ်ကျစရာ ကောင်းလှသည်။

………………………

သွေးရောင်လွှမ်းသော လေဟာနယ် တစ်ခုတွင် သွေးချီစွမ်းအင်များက ထူထဲသော မြူခိုးကဲ့သို့ ဖြစ်နေသည်။ အရိုးဝိဉာဉ်ဧကရီက လေဟာနယ်တွင် ခြေချိတ်ထိုင်ကာ အဝေးမှ ပုံရိပ်တစ်ခုကို ကြည့်နေသည်။ ၎င်းမှာ ကျန်းရှန် ဖြစ်သည်...

နှစ်ပေါင်းများစွာ သတ်ဖြတ်ပြီးနောက် ကျန်းရှန်၏ စိတ်နေသဘောထား ပြောင်းလဲသွားပြီဖြစ်သဖြင့် အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ဆံပင်နက်များသည်လည်း အနီရင့်ရောင် ဆိုးထားသကဲ့သို့ ဖြစ်နေပြီး နှုတ်ခမ်းများလည်း သွေးကဲ့သို့ နီရဲနေသည်။လက်ရှိ သူ့ရဲ့ပုံစံက ရူးသွပ်သွားသကဲ့သို့ အလွန် ကြောက်စရာ ကောင်းနေသည်။

ကျန်းရှန်၏ နဖူးပေါ်မှ တတိယမျက်လုံးက ဘယ်ညာ ရွေ့လျားနေပြီး လျင်မြန်၍ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဒီကောင်လေးက... သူက တကယ်ပဲ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်လား..."

အရိုးဝိဉာဉ်ဧကရီ အံ့သြသွားသည်။

ကျန်းရှန်၏ ကြီးထွားနှုန်းက မြန်ဆန်လွန်းလှသည်။ သူမ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် အကြောင်း ကြားဖူးသော်လည်း ကျန်းရှန်၏ ကြီးထွားနှုန်းမှာ ကောလာဟလများထက် ပို၍ ကြောက်စရာ ကောင်းနေသည်။

သူမကို အတုန်လှုပ်ဆုံး ဖြစ်စေသည်မှာ ကျန်းရှန်က ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ခြင်းပင်။ ကောလာဟလများ ပြောသလို သူ စိတ်လွတ်မသွားခဲ့ပေ။ သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း သိုင်းပညာ နည်းစနစ်များကိုပင် ဖန်တီးခဲ့သေးသည်။

သူမအနေနှင့် တာအိုဘိုးဘေး၏ သွေးမျိုးဆက်ကိုသာ အပြစ်တင်နိုင်တော့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးဆိုသူက မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး ဖြစ်တည်မှု တစ်ခု ဖြစ်သည်။

ထိုအချိန်တွင်…..

သူမ နောက်ကျောဘက်ရှိ သွေးမြူခိုးများထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။ သူတို့ နှစ်ယောက်စလုံးမှာ အရိုးစုများ ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

အရပ်ပိုရှည်သူမှာ လောဘကြီးသောချန်းဧကရာဇ် ဖြစ်ပြီး အခြားတစ်ယောက်မှာ အမုန်းဧကရာဇ် ဖြစ်သည်။ သူတို့ သုံးဦးကို သွေးကမ္ဘာ၏ မဟာဧကရာဇ် သုံးပါးဟု ခေါ်ဆိုကြပြီး ရွှမ်ဟွမ်းကမ္ဘာကြီးတွင် နက်ရှိုင်းသော နာမည်ဆိုး ကျန်ရစ်ခဲ့သည်။

"ဒီကောင်လေးရဲ့ သတ်ဖြတ်လိုစိတ်က ဘိုးဘေးနယ်မြေထဲက အဘိုးကြီးတွေကို ထိတ်လန့်သွားစေတယ်... မင်း သူ့ကို တကယ် ကာကွယ်ပေးမှာလား..."

လောဘကြီးသောချန်းဧကရာဇ်က မေးလိုက်ခြင်းဖြစ်ပြီး သူ့အသံမှာ အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

အရိုးဝိဉာဉ်ဧကရီက သူတို့ကို ကျောခိုင်းလျက် ပြန်ဖြေလိုက်သည်။

"ဒါပေါ့... ငါ သူ့ကို ကာကွယ်ပေးရမှာပေါ့... မင်းတို့တွေ ငါ့ကို မထောက်ခံချင်ဘူးလို့တော့ မပြောနဲ့..."

အမုန်းဧကရာဇ်က လက်နှစ်ဖက် ဖြန့်ကာ ထူးဆန်းသော အပြုံးဖြင့် ….

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့က သွေးကမ္ဘာမှာ ရှိနေပေမဲ့ အဲဒီကောင်တွေနဲ့ အခြေခံအားဖြင့် ကွဲပြားတယ်... သူတို့က ငါတို့ကို ငြင်းပယ်ကြတယ်ဆိုတော့ ငါတို့က နွေးထွေးမှု ရဖို့ အတူတူ စုပေါင်းနေရမှာပေါ့... ဟုတ်တယ် မဟုတ်လား..."

လောဘကြီးသောချန်းဧကရာဇ်က…

"သွေးကမ္ဘာက ငါတို့ကို သိုင်းနတ်ဘုရားနယ်မြေကို အတူတူ ကျူးကျော်ဖို့ စေလွှတ်လိုက်တယ်... ဒီကာလအတွင်း ဒီကောင်လေးက သူ့ကိုယ်သူပဲ ကာကွယ်နိုင်လိမ့်မယ်..."

အရိုးဝိဉာဉ်ဧကရီ မတ်တတ်ရပ်လိုက်ပြီး လက်ထဲတွင် ငါးမန်းစွယ် ဓားမကြီးကို ကိုင်ဆောင်ထားပြီး မေးလိုက်ပြန်သည်။

"သိုင်းနတ်ဘုရားနယ်မြေကို ကျူးကျော်မယ် ဟုတ်လား... အဲဒီအဘိုးကြီးတွေ ဘယ်တုန်းက ဒီလောက် သတ္တိရှိသွားတာလဲ..."

အမုန်းဧကရာဇ်က ရက်စက်စွာ ပြုံးပြီး….

"ဟုတ်တယ်... သူတို့ ရုတ်တရက် သတ္တိကောင်းပြီး မဆင်မခြင် ဖြစ်လာကြတယ်... သူတို့ နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်ကြတယ်လို့ ငါ ကြားတယ်... ဘာပဲဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်လို့လဲ... ငါတို့ ထွက်ပြီး သတ်ကြတာပေါ့... ငါတို့ အဲဒီကို မရောက်ဖူးတာမှ မဟုတ်တာ... ပြီးခဲ့တဲ့ အကြိမ်တုန်းက ငါတို့ အသက်မရှင်ခဲ့ဘူးလား..."

အရိုးဝိဉာဉ်ဧကရီက ကျန်းရှန်ကို ကြည့်ပြီး အမုန်းဧကရာဇ်တို့ကိုထပ်မေးလိုက်သည်။

"သွေးကမ္ဘာက အင်အားအကုန် ထွက်လာမှာလား..."

"မဟုတ်ဘူး... ဒါပေမဲ့ အတော်လေး နီးစပ်တယ်... ကျန်ခဲ့တဲ့ ကောင်တွေက မသန်မာဘူး... ဒါပေမဲ့ ဒါက သွေးနတ်ဆိုးတွေကို ရုန်းရင်းဆန်ခတ် ဖြစ်စေလိမ့်မယ်... ဒီကောင်လေး အသက်ရှင်နိုင်မလားဆိုတာ သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတဲ့အပေါ် မူတည်လိမ့်မယ်..."

လောဘကြီးသောချန်းဧကရာဇ်က ထိုသို့ဖြေလိုက်ပြီးသည်နှင့် လှည့်ထွက်သွားပြီး သွေးမြူခိုးများထဲတွင် ပျောက်ကွယ်သွားလေသည်။

အမုန်းဧကရာဇ်ကတော့ အရိုးဝိဉာဉ်ဧကရီ အနားသို့ တိုးကပ်လာသည်။ သူ့ ဦးခေါင်းခွံပေါ်မှ မီးတောက်များ တုန်ခါသွားပြီး ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး…

"မြန်မြန် ပြင်ဆင်တော့... အိမ်ပြန်ပြီး သတ်ဖြတ်ရမယ့် အချိန် ရောက်ပြီ..."

သူ့အသံ ဆုံးသည်နှင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြန်သည်။

အရိုးဝိဉာဉ်ဧကရီကတော့ ကျန်းရှန်ကို စိုက်ကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။

စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ၌….

ကျန်းထျန်းမင်နှင့် ကျန်းရှန်တို့ ချောက်ကမ်းပါး ဘေးတွင် ထိုင်နေကြသည်။ သူတို့ရှေ့တွင် ကြီးမားသော ရေတံခွန်ကြီး တစ်ခုရှိပြီး ကမ္ဘာ့အဆုံးရှိ ကြယ်တာရာ ကောင်းကင်ကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။ ဤသည်ကို တာအိုဘိုးဘေး၏ ယုံကြည်သူများ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အဆုံးအထိ ဆန့်တန်းနေပုံရသော်လည်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေပြင်က အဆုံးမရှိပေ။ သို့သော် ယုံကြည်သူများက အံ့ဖွယ်အမျိုးမျိုးကို ဖန်တီးနိုင်ကြသည်။

ကျန်းရှန် သွေးကမ္ဘာသို့ သွားကတည်းက လူမြင်ကွင်းတွင် မပေါ်လာတော့ဘဲ ဤနေရာတွင် တစ်ယောက်တည်း ပုန်းအောင်းနေခဲ့သည်။ ဒါကလည်းအခြားသူများ သူ့ပုံစံကို မြင်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။သူ ဒီနေရာမှာ ရှိနေကြောင်း ကျန်းထျန်းမင် တစ်ယောက်သာ သိသည်။

ကျန်းရှန်၏ သွေးရောင် ဆံပင်များ လေထဲတွင် လွင့်ပျံနေကာ သူ့မျက်လုံးများ ဖြူဖွေးနေပြီး တတိယမျက်လုံးထဲတွင် သွေးများ ဆူပွက်နေသည်မှာ သွေးပင်လယ် တစ်ခု ပုန်းအောင်းနေသကဲ့သို့ ရှိသည်။

"မင်း အခု ဘယ်လောက် သန်မာနေပြီလဲ... မင်း ငါ့ကို ကျော်တက်သွားပြီလို့ ဘာလို့ ခံစားနေရတာလဲ..."

ကျန်းထျန်းမင်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် လူတိုင်း၌ အရှိန်အဝါ မရှိကြသဖြင့် တစ်ဖက်လူ မည်မျှ သန်မာသည်ကို အကဲမခတ်နိုင်ကြပေ။ ဤသည်က သူတို့ကြားမှ အကွာအဝေးကို ပိုနီးကပ်စေပြီး သူတို့၏ နယ်ပယ်ကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို လျော့နည်းစေသည်။

"ငါ ဘယ်လောက် သန်မာလဲ ဆိုတာ ငါ မသေချာဘူး... ငါ ဒီကို လာတာက စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို အချိန်အကြာကြီး ဝင်လာတော့မှာ မဟုတ်ဘူးလို့ ပြောဖို့ပဲ... ဒါကြောင့် ငါ့အတွက် စိတ်မပူနဲ့..."

"ဘာလို့လဲ..."

"သွေးကမ္ဘာက သိုင်းနတ်ဘုရားနယ်မြေကို တိုက်ခိုက်တော့မှာ... ဒါကြောင့် စီနီယာ အရိုးဝိဉာဉ် ငါ့ကို ဆက်ပြီး မကာကွယ်ပေးနိုင်တော့ဘူး..."

"အော်... သွေးကမ္ဘာက အရမ်း စွမ်းအားကြီးတာပဲ... သူတို့က သိုင်းနတ်ဘုရားနယ်မြေကို တကယ် တိုက်ခိုက်ရဲကြတယ်... သူတို့က ရှေးဟောင်းဂိုဏ်းတွေထက် ပိုသတ္တိရှိတာပဲ..."

သူတို့နှစ်ယောက်သား ညီအစ်ကိုများကဲ့သို့ စကားစမြည် ပြောနေကြသည်။ ကျန်းရှန်က အေးစက်ပုံရသော်လည်း ကျန်းထျန်းမင်နှင့် ရင်ဆိုင်ရချိန်တွင် နှုတ်ခမ်းထောင့်များ မသိစိတ်ဖြင့် ကွေးညွှတ်သွားသည်။

ခေတ္တမျှ စကားပြောပြီးနောက် သူတို့၏ နောက်ကျောဘက်မှ လေလှိုင်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။ ရောက်လာသူကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားပြီး ဒူးထောက်ရန် အလျင်အမြန် လှည့်လိုက်ကြသည်။

"ဂါရဝပြုပါတယ် ဘိုးဘေး..."

"ဂါရဝပြုပါတယ် အဘိုး..."

၎င်းမှာ ကျန်းချန်ရှန်း ဖြစ်သည်။ ဒီတစ်ကြိမ်တွင် သူသည် မဟာတာအိုမူလ နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်မနေဘဲ ခြေလျင် လာခဲ့ခြင်း ဖြစ်သည်။

"ထကြ... ထျန်းမင် ဒီမှာ ရှိနေမှတော့ ငါ မင်းတို့နှစ်ယောက်ကို လမ်းညွှန်ပေးပြီး အဆုံးစွန်သော နည်းစနစ်တစ်ခု သင်ပေးမယ်..."

သူသည် ကျန်းရှန်၏ အတွေးများကို အာရုံစိုက်နေခဲ့သည်။ ဤအခြေအနေကို သိလိုက်ရသောအခါ ကျန်းရှန် သေဆုံးခြင်းမှ ကာကွယ်ရန် အဆုံးစွန်သော နည်းစနစ်တစ်ခု လာသင်ပေးခြင်း ဖြစ်သည်။

ကျန်းချန်ရှန်းသည်လည်း နှစ်များတစ်လျှောက် အရာများစွာကို တွေ့ကြုံခဲ့ရသည်။ ယခုအခါ သိုင်းပညာ နည်းစနစ်များကို ဖန်တီးရာတွင် ယခင်ကထက် များစွာ ပိုမို လွယ်ကူလာသည်။ ဤသည်က အင်မော်တယ်တာအိုက သိုင်းတာအိုထက် ပိုမို နက်ရှိုင်းကြောင်း သက်သေပြရန် လုံလောက်သည်။ သိုင်းတာအိုဖြင့် အဘယ်ကြောင့် အစားထိုးခံခဲ့ရသည် ဆိုသည့် အကြောင်းရင်းကိုမူ လောလောဆယ် မသိရသေးပေ။

သူသည် ကိုယ်ပိုင် နတ်ဘုရားစွမ်းအားများကို အဆုံးစွန်သော နည်းစနစ်များ အဖြစ် ပြောင်းလဲနိုင်သည်။ မူလ နတ်ဘုရားစွမ်းအားလောက် အံ့ဖွယ်မကောင်းသော်လည်း ၎င်း၏ ဖျက်ဆီးအားက သာမန် သိုင်းပညာ နည်းစနစ်များကို များစွာ ကျော်လွန်နေသည်။

ထိုစကားကိုကြားလိုက်ရသောအခါ ကျန်းထျန်းမင်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်လို အဆုံးစွန်သော နည်းစနစ်လဲ... သန်မာလား..."

ကျန်းချန်ရှန်းက အဓိပ္ပာယ်ပါပါပြုံးပြီး…

"ဒါက အရမ်း သန်မာတဲ့ နည်းစနစ် တစ်ခုဖြစ်ပြီး ရန်သူ အမြောက်အမြားကို တိုက်ခိုက်ဖို့ အရမ်း သင့်လျော်တယ်..."

ကျန်းရှန် ထိုအဖြေကို ကြားလိုက်ရသောအခါ ပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူ ထိုပြဿနာ အတွက် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သွေးနတ်ဆိုးများ များလွန်းသဖြင့် သူ့နည်းစနစ်များတွင် အကြီးစား ဖျက်ဆီးနိုင်စွမ်း မရှိချေ။ စစ်မှန်သော ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်လျှင်ပင် သွေးနတ်ဆိုး အမြောက်အမြားကို တစ်ချိန်တည်း သတ်ဖြတ်ရန် ခက်ခဲလိမ့်မည်။

ကျန်းချန်ရှန်း သူတို့ရှေ့တွင် ထိုင်လိုက်ပြီး အဆုံးစွန်သော နည်းစနစ်ကို စတင် သင်ကြားပေးလိုက်သည်။

အချိန်အကြာကြီး ကြာပြီးနောက်..

ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌….

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် အရိပ်အမြွက် တစ်ခု လက်ခနဲ ဖြစ်သွားသည်။

ဤတံခါးပိတ်ကျင့်ကြံမှုက နှစ်ပေါင်း နှစ်ဆယ်ကျော်သာ ကြာမြင့်ခဲ့ပြီး ကျန်းရှန်၏ ကိစ္စကြောင့် ပြတ်တောက်သွားခဲ့ရသည်။ သူ မကျင့်သားသော်လည်း သူ့မြေးနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

"ငါ အဆင့်တက်ဖို့ အရမ်း နီးစပ်နေပြီ... ဒါပေမဲ့ တစ်ခုခု လိုနေသလို ခံစားရတယ်..."

ကျန်းချန်ရှန်း အတွေးနက်သွားသည်။ တာအိုနည်းစနစ်၏ ၁၁ ဆင့်မြောက် အလွှာသည် တာအိုအသီး ပြုစုပျိုးထောင်ခြင်း အကြောင်း ဖြစ်နေဆဲပင်။ သူသည် တာအိုအသီးကို အစွန်းဆုံးအထိ ပြုစုပျိုးထောင်ခဲ့သော်လည်း တစ်စုံတစ်ခုက သူ့ကို တားဆီးနေသည်ဟု ခံစားနေရသည်။

ဤသည်မှာ သူ စတင် ကျင့်ကြံကတည်းက ကြီးမားသော အခက်အခဲ တစ်ခုကို ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ယခုချိန်က ယခင် အဆင့်တက်ခြင်းများနှင့် လုံးဝ ကွဲပြားခြားနားသည်။

အတန်ကြာ စဉ်းစားပြီးနောက် ကျန်းချန်ရှန်း တာအိုကို နားလည်သဘောပေါက်ရန် လူထုကို လေ့လာကြည့်ရှုဖို့ ဆုံးဖြတ်လိုက်သည်။

အင်မော်တယ်ကျင့်ကြံခြင်းဆိုသည်မှာ ကမ္ဘာပေါ်ရှိ အရာအားလုံးနှင့် မဟာတာအို ၃၀၀၀ ကို နားလည်သဘောပေါက်ရန် ဖြစ်ပြီး ပြင်းထန်သော ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေရန် မဟုတ်ပေ။

သူသည် ဦးစွာ ရွှမ်ဟွမ်းကမ္ဘာကြီး၏ အဝေးတစ်နေရာတွင်ရှိသော ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို ရှာဖွေလိုက်သည်။ အကန့်အသတ်မဲ့ ကောင်းကင်နှင့်မြေပြင် မျက်လုံးများကို မထုတ်သုံးမီ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်၏ တည်နေရာကို သူ အာရုံခံနိုင်သည်။

သူ့အမြင်အာရုံ တိုးတက်လာသည်နှင့်အမျှ ဖုန်းယွီကို မြင်လိုက်ရသောအခါ မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ…

All Chapters