← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

​သို့သော်လည်း ကျန်းညီအစ်ကိုသုံးယောက်မှာ လုံးဝမယုံကြည်ကြဘဲ ကျန်းချိုက်ရှကို ရွာထဲရှိသမားတော်အိမ်သို့ ပို့ဆောင်ရန်သာဇွတ်အတင်း လုပ်နေကြသည်။ထင်မထားသည်မှာ ကျိုးရှန့်ဖျင်အိမ်သို့ ရောက်ရှိသွားသောအခါ ကျိုးရှန့်ဖျင်လည်း ကျန်းချိုက်ရှအခြေအနေကို ကြည့်ပြီး ကျိုးတချမ်းပြောခဲ့သည့်အတိုင်း ထပ်တူပြောလာလေ၏။

​"ကျုပ်က သူ့ကိုကုမပေးနိုင်ဘူး၊သူကနတ်ဆိုးဆိုးဝိညာဉ် ပူးကပ်ခံထားရတာ၊ထောင်ဟွားကိုသာ သွားရှာကြ၊သူပဲနှင်ပေးနိုင်မှာ"

​ကျန်းညီအစ်ကိုသုံးယောက်မှာတော့ သံသယဖြစ်နေကြဆဲပင်။​တစ်ကယ်တမ်းတွင် ကျိုးရှန့်ဖျင်၏ဆေးပညာမှာ ရွာနီးချုပ်စပ်များထိ ကျော်ကြားလှသည်။သို့သော် ညီအစ်ကိုသုံးယောက်မှာ နတ်ဆိုးဝါးဝိညာဉ်များ သို့မဟုတ် မသန့်ရှင်းသောအရာများကို လုံးဝမယုံကြည်ကြပေ။​ကျန်းကန်သည် ကျိုးတချမ်းနှင့်ကျိုးစန်းရှီတို့ထံ စိုက်ကြည့်ပြီး ဆူငေါက်တော့သည်။

"ခင်ဗျားတို့နှစ်ယောက်ကြောင့် ကျွန်တော့်ညီမလေး မူးလဲသွားရတာ"

​ကျန်းချိုက်ရှမှာ မိခင်မှိုနတ်ဆိုး၏ တတိယမြောက်စွမ်းအားကို အသုံးပြုရန် သဘောတူလိုက်သောအခါ မိခင်မှိုနတ်ဆိုးအလွန်ဝမ်းသာသွားရ၏။​နောက်ဆုံးတွင်တော့ သူမသည်ကျန်းချိုက်ရှခန္ဓာကိုယ်ကို အလုံးစုံထိန်းချုပ်ခွင့်ရရှိတော့မည်ပင်။

​"အာ အား"

​မိခင်မှိုနတ်ဆိုးသည် အသံထွက်နိုင်ရန်ကြိုးစားလိုက်သည်။​ထွက်ပေါ်လာသောအသံကြောင့် ကျန်းကန်လန့်ဖြန့်သွားရသည်။အသံမှာအက်ကွဲနေပြီး ထူးထူးဆန်းဆန်းစူးရှနေသောကြောင့်ပင်။

​"ချိုက်ရှ ချိုက်ရှ သတိရလာပြီလား"

​ကျန်းကန် ကျန်းချိုက်ရှထံသို့ငုံ့ကိုင်းကာ ခေါ်လိုက်သည်။​ကျန်းချိုက်ရှသည် သူမခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ရန် အသည်းအသန်ကြိုးစားနေပြီး အကူအညီတောင်းရန် အော်ဟစ်ချင်သော်လည်း အရာအားလုံးအချည်းနှီးသာဖြစ်နေ၏။သူမသည် သူမခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လက်လွှတ်ဆုံးရှုံးနေရလေပြီ။​ကျန်းကန် စိုးရိမ်တကြီးခေါ်နေစဉ်မှာပင် ကျန်းချိုက်ရှသည် ရုတ်ချည်းမျက်လုံးဖွင့်လာပြီးပြန်ဖြေလာ၏။

"အစ်ကို"

​ထိုအသံသည် ယခင်ကထက်ခြောက်ခြားဖွယ်ပိုကောင်းပြီး အက်ကွဲနေသဖြင့် ကျန်းကန်လန့်ဖြန့်သွားကာ မြေကြီးပေါ်သို့လဲကျသွားလေသည်။

​"မင်းကဘယ်သူလဲ မင်းကချိုက်ရှမဟုတ်ဘူး"

​သူမထံတွင် မသန့်ရှင်းသည့်အရာတစ်ခုကပ်ငြိနေသည်ဟု ကျိုးတချမ်းနှင့်ကျိုးရှန့်ဖျင်တို့ပြောစဉ်၌ သူမယုံခဲ့သော်လည်း ယခုကျန်းချိုက်ရှ၏စကားသံကို ကြားလိုက်ရသောအခါ သူယုံသွားပြီပင်။

​"ညီလေးတို့ သူ့ကိုကျိုးထောင်ဟွားအိမ် အမြန်ခေါ်သွားရအောင်၊ငါ့ညီမလေးကို ထိရဲတဲ့မသန့်ရှင်းတဲ့အကောင်က ဘာကောင်လဲဆိုတာသွားကြည့်ကြတာပေါ့"

​နောက်ဆုံးတော့ သူယုံကြည်သွားသည်ကို မြင်လိုက်ရသောအခါ ကျိုးတချမ်းသည် ညီအစ်ကိုသုံးယောက်ကို ဦးဆောင်ကာ ထောင်ဟွားအိမ်သို့အလျင်အမြန် ခေါ်ဆောင်သွားလာသည်။​ကျိုးထောင်ဟွားသည် ဆေးပင်စိုက်ခင်းထဲတွင်ကူညီပေးနေ၏။ကျိုးမိသားစု၏ဆယ်မူရှိသော စိုက်ခင်းမှကောက်ရိုးဖျာများကို အမြန်ဆုံးဖယ်ရှားပေးရန်လိုအပ်နေသည်။

​"ထောင်ဟွား ကျန်းချိုက်ရှကိုလာကြည့်ပေးပါဦး၊သူကရှောင်ဖုန်းကို ကျိန်စာထပ်တိုက်ဖို့လုပ်ရင်း မူးလဲသွားလို့"

​ကျိုးတချမ်း စိုက်ခင်းစပ်မှနေ၍ကျိုးထောင်ဟွားကို လှမ်းခေါ်လိုက်သည်။​ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးထောင်ဟွား လှည့်ကြည့်လိုက်၏။ကျန်းချိုက်ရှ ဟုတ်လား။မိခင်မှိုနတ်ဆိုးများ ဖြစ်နေမလား။​နတ်ဆိုးလေးကောင်စလုံးသည် မိခင်မှိုနတ်ဆိုး၏အငွေ့အသက်ကို ပြိုင်တူအာရုံခံမိလိုက်ကြသည်။

​သူတို့အားလုံး စိုက်ခင်းစပ်သို့လှည့်ကြည့်လိုက်ကြရာ ကျန်းကန်ပွေ့ချီထားသော မိန်းကလေး၏မျက်လုံးများနေရာတွင် ထူးဆန်းသောအဖြူရောင်အလွှာတစ်ခု အစားထိုးဝင်ရောက်နေသည်ကို တွေ့လိုက်ရ၏။ထို့ပြင် သူမအရေပြားတစ်ခုလုံးတွင် သေးငယ်သောအဖြူရောင်မှိုအမျှင်များ ဖုံးလွှမ်းနေပြီး မျက်နှာ၏တစ်လက်မတိုင်းထိ နေရာယူထားလေသည်။

​ကျိုးထောင်ဟွားမျက်လုံးများကျဉ်းမြောင်းသွားပြီး စိုက်ခင်းစပ်သို့အမြန်ပြေးသွားလိုက်၏။​ကျန်းချိုက်ရှပါးစပ်ထဲမှ မှိုအမျှင်တစ်ခုထွက်ကျလာသည်ကိုပင် သူမမြင်လိုက်ရသည်။​ကျိုးထောင်ဟွားရောက်လာသည်နှင့် ကျန်းကန်မှာ အလျင်အမြန်တောင်းပန်လာလေ၏။

​"ညီမလေးကျိုး အရင်တစ်ခေါက်က မင်းအိမ်မှာပြဿနာရှာခဲ့မိတာ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်အမှားပါ၊အခု ကျွန်တော်တို့ ခင်ဗျားကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်၊ပြီးတော့ ကျွန်တော်တို့ချိုက်ရှကို ကြည့်ပေးပါဦး၊သူ ဘာဖြစ်နေတာလဲ"

​ကျိုးထောင်ဟွား တည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။

"ညီမက အဲ့လောက်သဘောထားမသေးသိမ်ပါဘူး၊ဒါပေမယ့်ညီမရဲ့ပညာအတွက်တော့ ပိုက်ဆံယူပါတယ်၊သူက မိခင်မှိုနတ်ဆိုးရဲ့စွမ်းအင်ကူးစက်ခံထားရတာ၊အခုအဲ့စွမ်းအင်တွေက ကျန်းချိုက်ရှခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဝင်ရောက်စီးနင်းထားပြီးပြီ၊တစ်ကယ်လို့သာ မတားဆီးရင်အဲ့စွမ်းအင်တွေက သူ့ခန္ဓာကိုယ်နဲ့ လုံးဝပေါင်းစပ်သွားလိမ့်မယ်၊နောက်ပိုင်းမှ တားဆီးဖို့ကြိုးစားရင်တော့ သူ့မူလဝိညာဉ် ထိခိုက်သွားနိုင်တယ်၊တစ်ကယ်လို့အခုသူ့ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကို ဖယ်ရှားပေးစေချင်တယ်ဆိုရင် ညီမကိုငွေနှစ်တေးပေးပါ"

​ထိုစကားကိုကြားလိုက်ရသောအခါ ကျန်းညီအစ်ကိုသုံးယောက် အချင်းချင်းကြည့်လိုက်ကြပြီး နောက်ဆုံးတွင်ငွေနှစ်တေးထုတ်ကာ ကျိုးထောင်ဟွားအား ပေးလိုက်ကြသည်။သူတို့အနေဖြင့် ချိုက်ရှကိုအရင်ကယ်တင်လိုကြ၏။အကယ်၍ ကျိုးထောင်ဟွားသာ ချိုက်ရှခန္ဓာကိုယ်ထဲမှစွမ်းအင်များကို မဖယ်ရှားပေးနိုင်ခဲ့လျှင် ငွေပြန်အမ်းရန်တောင်းဆိုမည်ဟုတွေးထားကြသည်။

​သို့သော်ကံဆိုးသည်မှာ ငွေသည်ကျိုးထောင်ဟွားအိတ်ကပ်ထဲ ရောက်သွားပြီးဖြစ်ရာ ပြန်အမ်းရမည့်ကိစ္စမျိုးလုံးဝရှိလာမည် မဟုတ်ပေ။​ကျိုးထောင်ဟွားသည် အင်္ကျီရင်ဘတ်ထဲမှ စုတ်တံတစ်ချောင်းကိုထုတ်ယူလိုက်ပြီး ဟင်္သာပြဒါးရိုင်းတို့လိုက်သည်။ထို့နောက် ကျန်းချိုက်ရှခေါင်းနှင့်မျက်နှာပေါ်တွင် စုတ်တံကို ရွေ့လျားရင်း မန္တန်များရွတ်ဆိုလိုက်လေ၏။

​သူမစကားဆုံးသည်နှင့် အနီရောင်အဆောင်ကြီးတစ်ခုသည် ကျန်းချိုက်ရှကိုလုံးဝလွှမ်းခြုံသွားလေသည်။​အဆောင်မှနေ သန့်စင်သောစွမ်းအားများ ထွက်ပေါ်လာပြီး ခြောက်ခြားဖွယ်ကောင်းသော မှိုအမျှင်များကိုတွန်းလှန်ကာ ရေထဲသို့ဆီပူလောင်းချလိုက်သကဲ့သို့ တစီစီမြည်သံများထွက်ပေါ်လာစေ၏။

​မှိုအမျှင်များသည် ပြင်းထန်စွာလှုံ့ဆော်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ကျန်းချိုက်ရှခန္ဓာကိုယ်ပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်လာကာ အဆောင်၏စွမ်းအားမှ လွတ်မြောက်ရန်ကြိုးစားနေကြသည်။​ကျိုးထောင်ဟွားလက်ကိုမြှောက်ကာ ကျန်းချိုက်ရှခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်အဆောင်တစ်ခု ထပ်ဆွဲလိုက်ရာ ယခင်အဆောင်နှင့်ပေါင်းစပ်သွားပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။​အဆောင်၏စွမ်းအားများသည် ဒီရေအလား တက်လာပြီး ကျန်းချိုက်ရှခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေတော့သည်။

​"အား"

​ကျန်းချိုက်ရှထံမှ နာနာကျင်ကျင်အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။အသံမှာ အက်ကွဲပြီးခြောက်ခြားဖွယ်ကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းအသံထဲရှိ နာကျင်မှုများကိုရှင်းရှင်းလင်းလင်းကြားနေရ၏။​မှိုအမျှင်များသည် စတင်ညှိုးနွမ်းပြတ်တောက်လာပြီး နောက်ဆုံးတွင်အနက်ရောင်ပြာမှုန်များအဖြစ် ပြောင်းလဲကာလေထဲတွင် ပျောက်ကွယ်သွားကြလေသည်။

​ရုတ်တရက် ကျိုးထောင်ဟွားလက်ဖဝါးထဲတွင် ဝိညာဉ်ဓားတစ်လက်ပေါ်လာလေ၏။သူမသည် ကျန်းကန်ကိုကျန်းချိုက်ရှအား တွဲထူခိုင်းလိုက်ပြီးနောက် ဓားကိုကျန်းချိုက်ရှခေါင်းထိပ်တည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။​ကျန်းညီအစ်ကိုသုံးယောက် လန့်ဖြန့်သွားကြတော့၏။ဤကျိုးမိသားစုမှကောင်မလေးသည် အတော်ကိုလက်ရဲဇက်ရဲနိုင်လှပေသည်။

​ကံကောင်းသည်မှာ ကျန်းချိုက်ရှထံမှသွေးထွက်မလာခြင်းပင်။သို့မဟုတ်လျှင် သူမသေသွားပြီလားဟုပင် သူတို့စိုးရိမ်နေကြရမည်။​ဝိညာဉ်ဓားသည် စွမ်းအားကြီးမားပြီး သန့်စင်သောအင်အားကို သယ်ဆောင်လျက် ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်နေသော မိခင်မှိုနတ်ဆိုးကို မညှာမတာဖြတ်တောက်လိုက်လေသည်။​သူမသည် ဓားကိုကိုင်လျက် ကျန်းချိုက်ရှခေါင်းမှအောက်သို့ ဆွဲချလိုက်ရာ သူမခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲလိုက်သည့်အလားပင်။

​ကျိုးထောင်ဟွားလှုပ်ရှားမှုများနှင့်အတူ ကျန်းချိုက်ရှခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး တိုးညှင်းသောငြီးငြူသံနှင့်အတူ ထူးဆန်းသောပုံစံဖြင့်မှိုတစ်ပွင့်သည် သူမခန္ဓာကိုယ်ထဲမှနေလွင့်စင်ထွက်လာလေ၏။​၎င်းသည် ကြီးမားသော ထိပ်ဖူးပါရှိပြီး အဝါနုရောင်ရှိကာ မျက်နှာပြင်ပေါ်တွင် သေးငယ်သော အဖုအထစ်များ ဖုံးလွှမ်းနေပြီး ခြောက်ခြားဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။​ကျန်းလီမှဒေါသတကြီးဆူဆဲတော့၏။

"ငါ့ညီမလေးဒီလိုဖြစ်သွားတာ ဒါကြောင့်လား"

​သူသည် ထိုထူးဆန်းသောမှိုကို နင်းခြေပစ်ရန် ခြေထောက်ကိုမြှောက်လိုက်သော်လည်း ကျိုးထောင်ဟွားမှအရင်ကောက်ယူလိုက်သည်။

​"ကဲ ပြီးသွားပြီ၊သူ့ခန္ဓာကိုယ်ထဲက မိခင်မှိုနတ်ဆိုးရဲ့စွမ်းအားတွေကို အကုန်မောင်းထုတ်ပြီးသွားပြီ၊သူ့ကိုပြန်ခေါ်သွားပြီး ကောင်းကောင်းသာအနားယူခိုင်းလိုက်၊နေရောင်များများ ပေးထိထား၊သုံးရက်မပြည့်ခင် သူပြန်ကောင်းသွားလိမ့်မယ်"

​ကျိုးထောင်ဟွား ပြောလိုက်သည်။​ကျိုးထောင်ဟွားမှ မန္တန်ဖြင့်ကျန်းချိုက်ရှခန္ဓာကိုယ်ထဲရှိ မိခင်မှိုနတ်ဆိုးကိုမောင်းထုတ်ပေးလိုက်သည်ကို မြင်လိုက်ရမှသာ ကျိုးတချမ်းလည်းစိတ်သက်သာရာရသွားလေသည်။ဤနည်းနှင့်ဆိုလျှင် ကျန်းချိုက်ရှမှာ သူတို့ရှောင်ဖုန်းကို နောက်ထပ် ကျိန်စာတိုက်၍မရနိုင်တော့ပေ။​ကျန်းကန်သည်အိပ်ပျော်နေသော ကျန်းချိုက်ရှကိုကြည့်ပြီး စိုးရိမ်တကြီးမေးလိုက်၏။

"ညီမလေးကျိုး ကျွန်တော်တို့ချိုက်ရှက ဘယ်တော့လောက် သတိရလာမလဲ"

​"မကြာခင် သတိရလာမှာပါ"

​ကျန်းချိုက်ရှသတိရလာသောအခါ ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။​ယခု သူမလိုချင်သည်မှာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သာပိုင်ဆိုင်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်ချင်ခြင်းသာဖြစ်၏။သူမခန္ဓာကိုယ်ကို အခြားသူထိန်းချုပ်နေသည်မျိုး၊အခြားသူမှ သူမခန္ဓာကိုယ်ကိုသုံးနေသည်မျိုးအား သူမအသိစိတ်တွင်းဘာမှမတတ်နိုင်ဘဲရပ်ကြည့်နေရသည်မျိုးကို လုံးဝမလိုချင်တော့ပေ။

​ကျိုးထောင်ဟွားကို ကျေးဇူးတင်စကားဆိုပြီးနောက် မောင်နှမလေးယောက်ကျိုးကျားရွာမှ ထွက်သွားကြလေသည်။​လူတိုင်းထွက်သွားပြီးမှသာ ကျိုးထောင်ဟွားသည် သူမလက်ထဲမှမှိုကိုထုတ်ကြည့်လိုက်လေ၏။​နတ်ဆိုးလေးကောင်သည် ချက်ချင်းပင်ခေါင်းချင်းဆိုင်ပြီး သူမလက်ထဲမှမှိုကို ဝိုင်းကြည့်လာကြသည်။​ရာသီသွေးမိစ္ဆာမှပြောလာ၏။

"သခင်မလေးကျိုး ဒီမိခင်မှိုနတ်ဆိုးက ကျင့်ကြံတဲ့သက်တမ်းနှစ်ခြောက်ဆယ်ပဲ ရှိသေးတာကိုး၊ဒါကြောင့်ပဲ လူအသွင်ဖန်ဆင်းနိုင်ဖို့ သူများခန္ဓာကိုယ်ကို ပူးကပ်ဖို့လိုနေတာနေမှာ"

​ဒူးရင်းသီးနတ်ဆိုးသည် မှိုပေါ်ရှိမညီညာသောအဖုအထစ်လေးများကို တို့ထိကြည့်လိုက်ပြီး ပြောလာ၏။

"အစ်မကျိုး သူ့ကိုကြည့်ရတာလှသားပဲနော်"

​လူသန်ကြီးနှင့်ခရုနတ်ဆိုးတို့လည်း သဘောတူကြောင်း ခေါင်းငြိမ့်လိုက်ကြသည်။​ကျိုးထောင်ဟွားနှင့် အခြားသော စွမ်းအားကြီးနတ်ဆိုးများ ဝိုင်းရံထားခြင်းခံလိုက်ရသဖြင့် မိခင်မှိုနတ်ဆိုးသည် သူမ၏မူလပုံစံထဲတွင်ပင် ထိန်းချုပ်မရအောင်တုန်ယင်နေရှာ၏။

​သူမ ဤနေရာသို့ရောက်လာစဉ်၌ လူဆိုးအများကြီးရှိနေမှန်းမသိခဲ့ပေ။

All Chapters