← Chapters

အခန်း (၂၁၈၁-၂၁၈၂)

Vol. 159 Ch. 2181-2182

အခန်း (၂၁၈၁-၂၁၈၂)

Vol. 159 Ch. 2181-2182

အခန်း(၂၁၈၁)

“ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေလား”

ကျန်းချန်က သူ၏ မျက်ခုံးများကို အနည်းငယ် တွန့်ကွေးမိလိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် သူတော်စင်နဂါးဘုရင် အုပ်စိုးခဲ့သည့် မဟာနဂါးကောင်းကင်နယ်မြေ၏ ဗဟိုချက်မနယ်မြေ ဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် ချိတ်ပိတ်ထားသော အခြေအနေတွင်သာ ရှိနေခဲ့ပြီး ထိုနယ်မြေ တည်ရှိကြောင်းကို လူအများအပြား မသိရှိကြပေ။

ယခုအခါတွင်မူ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေအကြောင်းသည် သွေးနတ်ဆိုးကောင်းကင်နယ်မြေတွင် ပျံ့နှံ့နေခဲ့ချေပြီ။

“ကြည့်ရတာ သွေးနတ်ဆိုးနတ်ဘုရင်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ပြန်လည်ပေါ်ထွက်လာအောင် လုပ်လိုက်တာပဲ ဖြစ်မယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ပြန်လည်ပေါ်ထွက်လာအောင် လုပ်နိုင်သူသည် ထိုနယ်မြေကနေ ဆင်းသက်လာပြီး နတ်ဘုရင်အဆင့်ကို ထိုးဖောက်ထားသည့် သွေးနတ်ဆိုးနတ်ဘုရင် သာလျှင် ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။

“ရှေးခေတ်ကာလတုန်းက ကပ်ဘေးတစ်ခုနဲ့ အတူ မဟာနဂါးနန်းတော်နဲ့ မဟာနဂါးကောင်းကင်နယ်မြေက ပြိုကွဲသွားခဲ့တယ်.. ဒီရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက မဟာနဂါးကောင်းကင်နယ်မြေရဲ့ ဗဟိုနယ်မြေ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုကြတယ်.. သွေးနတ်ဆိုးနတ်ဘုရင်က ပျောက်ကွယ်နေတဲ့ အစိတ်အပိုင်းကို နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်အောင် လုပ်ခဲ့တာပဲ"

"အခုဆိုရင် သွေးနတ်ဆိုးနတ်ဘုရင်က ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို သွေးနတ်ဆိုး ကောင်းကင်နယ်မြေရဲ့ပင်မနယ်မြေအဖြစ် တည်ထောင်ဖို့ လုပ်‌ဆောင်နေခဲ့ပြီ.. ဘာလို့လည်းဆိုတော့ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက အနည်းဆုံး နှစ်သန်းပေါင်းရာချီ တည်တံ့ခဲ့တဲ့ ရတနာမြေဖြစ်နေတာကြောင့်ပဲ.. အခုဆိုရင် အနီးနားက အင်အားစု အများအပြားကလည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်ပြီး အကျိုးအမြတ်ရယူဖို့ ကြိုးစားနေကြပြီ”

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အကြောင်းကို စိတ်ဝင်တစား နားထောင်နေသော ကျန်းချန်ကို လော့ရုံက အံ့အားသင့်သွားခဲ့ပြီး အသေအချာ ရှင်းပြခဲ့သည်။

လော့ရုံ၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် တစ်ခဏအတွင်း အေးစက်သွားခဲ့သည်။

သွေးနတ်ဆိုးနတ်ဘုရင်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ပြန်လည် ပေါ်ပေါက်လာအောင် လုပ်သည့်ကိစ္စအား ကျန်းချန် ဂရုမစိုက်ပေ။

သို့သော်လည်း သွေးနတ်ဆိုးနတ်ဘုရင်က ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို သွေးနတ်ဆိုးကောင်းကင်၏ ပင်မနယ်မြေအဖြစ် တည်ထောင်မည်ဆိုလျှင် တစ်ချိန်က မဟာနဂါးနန်းတော် တည်ရှိခဲ့သည့် မဟာနဂါးတောင်ကို သိမ်းပိုက်နိုင်ခြေ အလွန်များပြီး မဟာနဂါးကျောက်တိုင်၏ ထူးခြားမှုကိုလည်း သေချာပေါက် ရှာဖွေတွေ့ရှိသွားလိမ့်မည် ဖြစ်၏။

အကယ်၍ ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးကျောက်တိုင်ကို ရရှိသွားပြီး ဖြစ်လောက်သည်။

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး လော့ရုံကို ပြောလိုက်သည်။

“ခန်းမသခင်လော့.. ကျွန်တော်အခု ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ ဆီကို သွားတော့မယ်.. ကျွန်တော့်အမေကို ခဏလောက် စောင့်ရှောက်ပေးထားပါဦး”

“အရှင်ကျန်းချန်.. စိတ်မပူပါနဲ့”

လော့ရုံက ခေါင်းညိတ်လိုက်သည်။

ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင်ထဲတွင် သာမန်တည်ရှိမှုမျိုး မဟုတ်၍ သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ထာဝရဘုရားကျောင်း၏ ဌာနခွဲကို မည်သည့်အရာမျှ မလုပ်ဆောင်ရဲပေ။

ထို့ကြောင့် ကျီဝူရွှယ်၏ ဘေးကင်းလုံခြုံရေးသည် သဘာဝကျစွာပင် ပြဿနာများစွာ ရှိမည် မဟုတ်ချေ။

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ကျီဝူရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

“အမေ ကျွန်တော့်ကို ထာဝရဘုရားကျောင်းကနေ စောင့်နေပါ.. ကျွန်တော်မကြာခင် ပြန်လာခဲ့ပါမယ်”

“ချန်အာ.. သား.. အစစရာရာ ဂရုစိုက်ပါ”

ကျီဝူရွှယ်က စကား များများစားစား မပြောခဲ့ပေ။

သွေးနတ်ဆိုးကောင်းကင်နယ်မြေသို့ မလာခင်ကတည်းကပင် ဤခရီးစဥ်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသို့ သွားရောက်ပြီး အ‌ရေးကြီး ပစ္စည်းတစ်ခုကို ရယူရန် ဖြစ်သည်ဟု ကျန်းချန် သူမကို ပြောခဲ့ဖူးသည်။

ယခု ကြည့်ရသည်မှာ ထိုပစ္စည်းသည် ရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေဟု ခေါ်သည့် နေရာတွင် ရှိနေပုံရ၏။

သူမ၏ စွမ်းရည်ဖြင့်သာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို လိုက်သွားခဲ့လျှင် အကူအညီဖြစ်နိုင်မည် မဟုတ်ဘဲ ကျန်းချန်အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤနေရာတွင် နေထိုင်ပြီး ကျန်းချန်ကို စောင့်ဆိုင်းနေခြင်းသည် အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်ပါလော။

ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထွက်ပေါ်လာသည့် တည်နေရာ အတိအကျကို မေးမြန်းပြီးနောက်တွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်‌ရှေးဟောင်း အရှိန်အဝါများထွက်ပေါ်နေသော နယ်မြေတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ဝင်ရောက်လာခဲ့သည်။

ဤနယ်မြေသည် မကြာသေးမီကမှ ပြန်လည် ပေါ်ထွက်လာခဲ့သော ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖြစ်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ပေါ်ထွက်လာပြီးနောက်တွင် သွေးနတ်ဆိုးနတ်ဘုရင်သည် သွေးနတ်ဆိုးကောင်းကင်နယ်မြေကို တည်ထောင်ခဲ့ပြီး ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို သွေးနတ်ဆိုး ကောင်းကင်နယ်မြေ၏ ပင်မနယ်မြေ အဖြစ် တည်ထောင်ရန် ရည်ရွယ်ထားသည့် သတင်းသည် သွေးနတ်ဆိုး ကောင်းကင်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။

ထိုအကြောင်းကြောင့်ပင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေအနီးရှိ ထာဝရဟင်းလင်းပြင်သည် သိသိသာသာပင် အလွန်တရာ စည်ကားနေခဲ့သည်။

သွေးနတ်ဆိုးကောင်းကင်နယ်‌မြေမှ အင်အားစုများစွာသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် နယ်မြေများသိမ်းပိုက်ကာ အကျိုးအမြတ်များ ရယူချင်ခဲ့ကြသည်။

ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ရန် ကြိုးစားနေကြသော ကျင့်ကြံသူများကို လျစ်လျူရှုလိုက်ပြီး တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ ရှေးဟောင်း နဂါးအမွေအနှစ် နယ်မြေထဲတွင် ပေါ်လာခဲ့သည်။

ကျန်းချန်က အလွန်ပင် လျင်မြန်လွန်းပြီး သူ၏ ခြေလှမ်းတိုင်းသည် မိုင်ပေါင်းသန်းချီ အကွာအဝေးကို ဖြတ်ကျော်နိုင်စွမ်း ရှိနေခဲ့ရာ အမွှေးတိုင်တစ်တိုင်‌ လောင်ကျွမ်းစာခန့် အချိန်မကုန်ခင်မှာပင် ကျန်းချန်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ၏ ခရီးထက်ဝက်ကို ဖြတ်ကျော်လာခဲ့ပြီး ဗဟိုချက်နေရာမှ မဟာနဂါးတောင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ မဟာနဂါးတောင်သည် လျှို့ဝှက်ဆန်းကြယ်သော နတ်လမ်းစဥ် မှော်စွမ်းအားများဖြင့် ဖုံးအုပ်ခံထားရသည်ကို ကျန်းချန် အဝေးကနေ မြင်တွေ့လိုက်ရသည်။

“ငါ ထင်ထားတဲ့အတိုင်း မဟာနဂါးတောင်က သွေးနတ်ဆိုးနတ်ဘုရင်ရဲ့ သိမ်းပိုက်တာကို ခံလိုက်ရပြီပဲ”

ကျန်းချန်၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

ထို့နောက် သူက လေထုထဲသို့ ခြေလှမ်း လှမ်းလိုက်ကာ မဟာနဂါးတောင်ထိပ် ဆီသို့ လျှောက်လှမ်းသွားခဲ့၏။

ထိုအချိန်မှာပင် မဟာနဂါးတောင်မှ သွေးရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော သွေးရောင်ပုံရိပ် နှစ်ခုသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်နှင့် အတူ ရုတ်တရက် သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

သူတို့က မဟာနဂါးတောင်ဆီသို့ တိုက်ရိုက်ပင် ဦးတည်လာသော ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့ကြ၏။

သူတို့၏ သွေးနီရောင်မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

“ကောင်လေး မသေချင်ရင် ချက်ချင်းထွက်သွားစမ်း”

“ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့နယ်မြေထဲကို ခြေတစ်လှမ်းဆက်တိုးရဲတာနဲ့ မင်းကို ငါတို့ သတ်ပစ်မယ်”

ကျန်းချန်က ထိုနှစ်ဦးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ဒီမဟာနဂါးတောင်က မဟာနဂါးနန်းတော် တည်ရှိတဲ့နေရာပဲ.. ဘယ်အချိန်ကစပြီး မင်းတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ နေရာဖြစ်သွားရတာလဲ”

“ကောင်လေး မင်းဘယ်သူလဲ”

ကျန်းချန်၏ စကားကို ကြားလျှင် သွေးရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော သူနှစ်ဦး၏ အမူအရာများသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

“မဟာနဂါးနန်းတော်ရဲ့ တစ်ဦးတည်းသော တပည့် ကျန်းချန်”

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဟန်ပါပါရပ်နေရင်း အေးစက်စက် ပြောလိုက်သည်။

“ဒီနေရာက ငါ့ရဲ့နယ်မြေပဲ.. ဘယ်အချိန်ကစပြီး မင်းတို့သွေးနတ်ဆိုးနန်းတော်ကလူတွေ ဒီမှာလာပြီး ရမ်းကားလို့ ရသွားတာလဲ”

“ဒီကောင်က မဟာနဂါးနန်းတော်ရဲ့ တပည့်လား”

ကျန်းချန်၏ စကားကို ကြားလျှင် သွေးရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ဦးသည် တုန်လှုပ်သွားခဲ့ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့က သွေးနတ်ဆိုးနန်းတော်သို့ ဝင်ရောက်လာသည်မှာ မကြာသေးသော်လည်း ဤနေရာသည် မဟာနဂါးနန်းတော်၏ နေရာ ဖြစ်ကြောင်းကို သိထားခဲ့ကြသည်။

သို့သော်လည်း မဟာနဂါးနန်းတော်သည် ပျက်စီးသွားသည်မှာ နှစ်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မဟာနဂါးနန်းတော်တွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် တပည့်များ ရှိနေဦးမည်ဟု သူတို့ မထင်ထားခဲ့သလို ထိုတပည့်က သူတို့ဆီ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကောင်လေး မင်းဘယ်သူပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး.. အခု ဒီနေရာက ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ နယ်မြေ ဖြစ်နေခဲ့ပြီ.. မင်းနောက်ထပ် ခြေတစ်လှမ်း ထပ်တိုးရဲမယ်ဆိုရင် ငါတို့ ယဥ်ကျေးနေတော့မှာ မဟုတ်ဘူး”

သွေးရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသည့် သူတစ်ဦးက ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက နတ်ဘုရင်အဆင့် အင်အားစုဖြစ်ခဲ့သော်လည်း သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် သူတို့ သွေးနတ်ဆိုးနန်းတော်သာလျှင် ဤနယ်မြေ၌ တစ်ခုတည်းသော နတ်ဘုရင်အင်အားစု ဖြစ်၏။

သူတို့ရှေ့မှ ကောင်လေးက မဟာနဂါးနန်းတော်၏ တပည့်အမှန်တကယ် ဖြစ်နေခဲ့လျှင်ပင် သူတို့ သွေးနတ်ဆိုးနတ်ဂိုဏ်းကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

ကျန်းချန်က အပိုစကားများကို ပြောမနေတော့ဘဲ သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်း နှစ်ခုသည် သွေးရောင်သံချပ်ဝတ်စုံ ဝတ်ဆင်ထားသူ နှစ်ဦးကို တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ အပိုင်းပိုင်း ဖြတ်တောက်ကာ သွေးမြူများအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သွေးရောင်သံချပ် ဝတ်စုံဝတ်ဆင်ထားသူ နှစ်ဦးကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် လက်ချောင်းမှ ဓားစွမ်းအင်ကို ထုတ်ဖော်ကာ မဟာနဂါးတောင်ကို ဖုံးအုပ်ထားသော နတ်လမ်းစဥ် စွမ်းအားများကို ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် နတ်လမ်းစဥ် စွမ်းအားများသည် တစ်ခဏအတွင်း ပြိုကွဲသွားခဲ့ပြီး မဟာနဂါးတောင်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် မဟာနဂါးတောင်ထိပ်ရှိ အခြေအနေများကို ကျန်းချန်သည် သူ၏ အမြင်အာရုံကနေ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

“တော်သေးတယ်.. သွေးနတ်ဆိုးနတ်ဘုရင်က မဟာနဂါးကျောက်တိုင်ကို ယူမသွားနိုင်သေးဘူးပဲ”

မဟာနဂါးတောင်ထိပ်တွင် ရှိနေဆဲဖြစ်သော ပေပေါင်းများစွာ မြင့်မားသည့် မဟာနဂါးကျောက်တိုင်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက် ချကာ ရေရွတ်လိုက်သည်။

ဤမဟာနဂါးကျောက်တိုင်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု ငမ်းငမ်းတက် လိုချင်သော ပစ္စည်းဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။

ကြည့်ရသည်မှာ သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးကျောက်တိုင်ကို ရယူနိုင်စွမ်း မရှိသေးပုံရ၏။

“ငါ့ရဲ့သွေးနတ်ဆိုးနန်းတော်မှာ ဘယ်သူလာပြီး ရမ်းကားနေတာလဲ”

ကျန်းချန်၏ အကြည့်က မဟာနဂါးကျောက်တိုင်ပေါ်သို့ ကျရောက်သွားသည့် အချိန်မှာပင် ဒေါသတကြီး ကြုံးဝါးသံတစ်သံသည် မဟာနဂါး‌တောင်ထိပ်ပေါ်တွင် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးကိုပင် လွှမ်းမိုးထားနိုင်သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် သွေးရောင် နတ်လမ်းစဥ် စွမ်းအားတစ်ခုသည် ကျန်းချန်ကို ဖိနှိပ်ရန် သက်ရောက်လာခဲ့သည်။

အခန်း(၂၁၈၁)ပြီး၏။

အခန်း(၂၁၈၂)

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ့ကို ဖိနှိပ်ရန် သက်ရောက်လာသော နတ်လမ်းစဥ်စွမ်းများသည် တစ်ခဏအတွင်းမှာ လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ထိုခဏဝယ် သူ၏ အကြည့်သည် လေထုအထက်ရှိ သွေး‌ရောင်ပုံရိပ် တစ်ခုဆီသို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။

ထိုအခါ သူနှင့် အလွန်ရင်းနှီးနေသော သွေးရောင် ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့သည်။

“ကျွမ်းရှန့်ယန်ပါလား”

သွေးနတ်ဆိုးနန်းတော်နှင့် သွေးနတ်ဆိုး ကောင်းကင်နယ်‌မြေကို တည်ထောင်ခဲ့သည့် သွေးနတ်ဆိုး နတ်ဘုရင်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ နဂါးအစောင့်အရှောက် တစ်ယောက် ဖြစ်သည့် ကျွမ်းရှန့်ယန် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် ကျွမ်းရှန့်ယန်ကို သတ်ဖြတ်ခဲ့သော်လည်း ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

ထိုစဥ်ကတည်းကပင် ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲတွင် ထူးခြားသော ကံကြမ္မာတစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဟု ကျန်းချန် ခန့်မှန်းမိခဲ့သည်။

ယခုအခြေအနေအရ ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲတွင် ပုန်းအောင်းနေသည့် သွေးနတ်ဆိုးနန်းတော်နှင့် ပတ်သက်ခဲ့ပုံရ၏။

သို့သော်လည်း ကျွမ်းရှန့်ယန်သည် ဤမျှ တိုတောင်းသောအချိန်အတွင်းမှာပင် နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် သွေးနတ်ဆိုးနတ်ဘုရင် ဖြစ်လာလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

“ကောင်လေး.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး”

သွေးနတ်ဆိုးနတ်ဘုရင်က သူ၏ ဆန်းကြယ်သော သွေးရောင်မျက်ဝန်းတစ်စုံဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

“ငါ အမှတ်မမှားဘူးဆိုရင် မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ပါရမီရှင် မဟုတ်လား”

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းက ကျွမ်းရှန့်ယန် မဟုတ်ဘူးလား”

သူ့ရှေ့မှ လူသည် ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ကျွမ်းရှန့်ယန် ကိုယ်တိုင် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။

ကြည့်ရသည်မှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲတွင် ကျွမ်းရှန့်ယန်သည် သွေးနတ်ဆိုးနန်းတော်၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူတစ်ဦး၏ ဝါးမျိုခြင်းကို ခံလိုက်ရပုံရ၏။

“ဟုတ်တယ်.. ငါက သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ သွေးနတ်ဆိုးနတ်ဘုရင်ပဲ”

သွေးနတ်ဆိုးနတ်ဘုရင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ငါက သူ့ကို ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ဖို့အတွက် သွေးနတ်ဆိုးနတ်ဘုရား ကျင့်စဥ်ကို သင်ပေးခဲ့တယ်”

“မင်းဆီမှာ ခန္ဓာကိုယ်ကို တည်ဆောက်တဲ့ သွေးနတ်ဘုရားကျင့်စဥ် ရှိနေမှတော့ ဘာလို့ မင်းကိုယ်တိုင် မကျင့်ကြံဘဲ တခြားသူကို ကျင့်ကြံခိုင်းနေရတာလဲ”

"ငါက ကံကောင်းပြီး ဝိညာဥ်အစအနလေးပဲ ကျန်ရစ်ခဲ့တာလေ.. ဘယ်လိုလုပ်ပြီး ဒီကျင့်စဥ်ကို ကျင့်ကြံနိုင်မှာလဲ”

“မင်းလို အသိအကျွမ်းဟောင်းနဲ့ ဆုံရခဲတယ် ဆိုတော့ ဒီနေ့ငါ စကားနည်းနည်း ပြောဦးမယ်”

သွေးနတ်ဆိုးနတ်ဘုရင်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ပါရမီ အရမ်းကောင်းတယ်.. မင်းသာ သွေးနတ်ဆိုးနန်းတော်ကို ဝင်မယ်ဆိုရင် ငါမင်းကို သွေးနတ်ဆိုးနန်းတော်ရဲ့ နတ်ဘုရားသားတော် အဆင့် ငါပေးနိုင်တယ်”

“စိတ်မကောင်းပါဘူး.. မင်းရဲ့ သွေးနတ်ဆိုးနန်းတော်ကို ဝင်ဖို့ ငါစိတ်မဝင်စားဘူး”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“သွေးနတ်ဆိုးနတ်ဘုရင်.. မင်း သွေးနတ်ဆိုးနန်းတော်တည်ထောင်ချင်တာကို ငါမနှောင့်ယှက်လိုဘူး.. ဒါပေမဲ့ မဟာနဂါးတောင်ကတော့ မင်းနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ်ဘူး.. မင်းရဲ့ သွေးနတ်ဆိုးနန်းတော်နဲ့ အတူ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း”

“မင်းက တကယ်ပဲ မဟာနဂါးနန်းတော်ရဲ့ အမွေဆက်ခံသူ ဖြစ်နေတာကိုး”

သွေးနတ်ဆိုးနတ်ဘုရင်၏ မျက်ဝန်းထဲတွင် သွေးရောင် အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

“ကြည့်ရတာ မဟာနဂါးနန်းတော်ကို ဆက်ခံပြီး ယူသွားတဲ့သူက မင်းပဲ ဖြစ်လိမ့်မယ်”

သူက သွေးနတ်ဆိုးနန်းတော်၏ အရင်းအမြစ်များကို အသုံးပြုကာ ကျွမ်းရှန့်ယန်၏ စွမ်းရည်ကို မြှင့်တင်ပေးနေသည့် အချိန်အတွင်းမှာပင် သူ၏ ဝိညာဥ်အပိုင်းအစကို ပြန်လည် ကုစားခဲ့သည်။

ကျွမ်းရှန့်ယန် ကြယ်တစ်ပွင့်အရှင်သခင် အဆင့်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းပြီးမှသာ သူက ကျွမ်းရှန့်ယန်ကို ဝါးမျိုသိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။

သွေးနတ်ဆိုးနတ်ဘုရင်သည် ကျွမ်းရှန့်ယန်ကို ခန္ဓာကိုယ်တည်ဆောက်သည့် သွေးနတ်ဘုရား ကျင့်စဥ် သင်ကြားပေးနေသည့် အချိန်အတွင်း အစီအစဥ်တချို့ ပြုလုပ်ထားခဲ့သဖြင့် ကျွမ်းရှန့်ယန်၏ ဝိညာဥ်ကို အလွယ်တကူပင် ဝါးမျိုကာ ခန္ဓာကိုယ်ကို လုယူနိုင်ခဲ့သည်။

သို့သော်လည်း ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်နှင့် သူ၏ ဝိညာဥ်ကို အပြည့်အဝ ပေါင်းစည်းနိုင်ရန် အတွက် သွေးနတ်ဆိုးနတ်ဘုရင်သည် ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ကို လုယူပြီးနောက်တွင် လျှို့ဝှက်ကျင့်စဥ် တစ်ခုကို အသုံးပြုကာ ခဏမျှ အိပ်စက်နေခဲ့ရသည်။

အိပ်စက်ရာမှ နိုးထလာသောအခါတွင် သွေးနတ်ဆိုး နတ်ဘုရင်သည် မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း မဟာနဂါးတောင်သို့ ရောက်လာသောအခါတွင် မဟာနဂါးနန်းတော် မရှိတော့ကြောင်း တွေ့ရှိခဲ့ရ၏။

ဤနောက်ပိုင်းတွင် သွေးနတ်ဆိုးနတ်ဘုရင်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲတွင် သွေးအဆီအနှစ် အမျိုးမျိုးကို ရှာဖွေကာ ရူးသွပ်စွာ ကျင့်ကြံခဲ့သည်။

သူက အသက်ရှင်စဥ်အချိန်က ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ကြယ်တစ်ပွင့် အရှင်သခင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ သူ၏ စွမ်းရည်သည် သဘာဝကျစွာပင် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သူက အလွန်လျင်မြန်စွာပင် ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့ပြီး အခွင့်အလမ်း တစ်ခုကို ရရှိခဲ့၍ နတ်ဘုရင် ဒုတိယအဆင့်သို့ ကံကောင်းထောက်မစွာဖြင့် တစ်ထိုင်တည်း ရောက်ရှိသွားခဲ့သည်။

မူလက သွေးနတ်ဆိုး နတ်ဘုရင်သည် မဟာနဂါးနန်းတော်ကို မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။

သို့ရာတွင် မထင်မှတ်ဘဲ မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို ရရှိထားသော ကောင်လေးသည် သူ၏ ရှေ့သို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုအချိန်က မဟာနဂါးကောင်းကင်နယ်မြေတွင် သွေးနတ်ဆိုးနန်းတော်သည် မဟာနဂါးနန်းတော် ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အင်အားစုကြီး ဖြစ်ခဲ့သည်။

သွေးနတ်ဆိုးနန်းတော်၏ ဘိုးဘေးတစ်ဦး အနေဖြင့် သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးကောင်းကင်နယ်မြေကို စိုးမိုးထားသည့် မဟာနဂါးနန်းတော် အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

ယခုအခါတွင် သူက နတ်ဘုရင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း သွေးနတ်ဆိုးနတ်ဘုရင်သည် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို အလွန်တရာ မက်မောနေဆဲ ဖြစ်၏။

သူ့ရှေ့မှ ကောင်လေးက မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို သူ့ထံသို့ ယူဆောင်လာပေးနေသည် ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် လက်မခံဘဲ နေနိုင်ပါအံ့နည်း။

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“မင်းက ငါ့ကို မဟာနဂါးနန်းတော်ရဲ့ အမွေဆက်ခံသူ ဆိုတာ သိနေမှတော့ မင်းရဲ့ သွေးနတ်ဆိုးနန်းတော်ကို ခေါ်ပြီး မဟာနဂါးတောင်ကနေ အခုထိ မထွက်သွားသေးဘူးလား”

“ကောင်လေး.. မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်က မင်းနဲ့ မထိုက်တန်ဘူး”

သွေးနတ်ဆိုးနတ်ဘုရင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“မင်းသာ အခြေအနေကို နားလည်မယ်ဆိုရင် မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို ငါ့ဆီ လွှဲပြောင်းပေးသင့်တယ်”

“မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်ရာ လေထုထဲတွင် မမြင်နိုင်အောင် သိမ်မွေ့လှသည့် ဓားအလင်းတန်း တစ်ခု ဖြစ်‌ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် သာမန်ဟုသာ ထင်ရသော်လည်း သွေးနတ်ဆိုးနတ်ဘုရင်သည် ပင်ကိုဗီဇအရ ထိုဓားအလင်းထံကနေ သေမင်း၏ အရိပ်အ‌ငွေ့များကို ခံစားမိခဲ့သည်။

ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်မှန်း သူသိသော်လည်း ကျန်းချန်၏ ပေါ့ပါးစွာ ထုတ်ဖော်လိုက်သော ဓားအလင်းက ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူက နတ်ဘုရင်အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း ကြယ်တစ်ပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင် ဒုတိယအဆင့်ကို တစ်ထိုင်တည်း ရောက်ရှိသွားသော နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်နေခြင်းကြောင့်ပင်။

သွေးနတ်ဆိုးနတ်ဘုရင်က သွေးလမ်းစဥ် နတ်စွမ်းအားများကို ထုတ်ဖော်ကာ အကာအကွယ် အလွှာများကို အထပ်ထပ် တည်ဆောက်လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ဓားအလင်းအောက်တွင် ထိုအကာအကွယ် အလွှာများသည် စက္ကူကဲ့သို့ ဖြစ်နေခဲ့ပြီး ထိတွေ့လိုက်သည်နှင့် ပြိုကွဲသွားခဲ့သည်။

ကျန်းချန်၏ ဓားအလင်းကို မည်သည့်အရာမျှ မတားဆီးနိုင်ခဲ့ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်းသည် သွေးနတ်ဆိုးနတ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ် အလွှာအားလုံးကို ခုတ်ပိုင်းသွားခဲ့ပြီး သွေးနတ်ဆိုးနတ်ဘုရင်၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် သွေးနတ်ဆိုးနတ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် သွေးနတ်ဆိုးနတ်ဘုရင်၏ ခန္ဓာကိုယ်သည် ဓားအလင်း၏ လက်ချက်ဖြင့် ပေပေါင်းထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။

သူ၏ အဝတ်အစားများက အပိုင်းပိုင်း စုတ်ပြတ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ဓားဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။

အကယ်၍သာ အရေးကြီးသော အစိတ်အပိုင်းများကို အကာအကွယ်ပေးထားသည့် သွေး‌ရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသော သံချပ်ဝတ်စုံသာ မရှိခဲ့လျှင် သွေးနတ်ဆိုးနတ်ဘုရင်၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ဓားအလင်းဖြင့် အပိုင်းပိုင်း ပြတ်ထွက်သွားလောက်ချေပြီ။

သူ့ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။

သူ၏ နတ်ဘုရင် ဒုတိယအဆင့် ခွန်အားဖြင့်ပင် မည်သို့မျှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

သွေးနတ်ဆိုးနတ်ဘုရင်က ထိတ်လန့်သွားခဲ့ပြီး အလောတကြီး အော်ဟစ်လိုက်သည်။

“ငါ.. ငါ သွေးနတ်ဆိုးနန်းတော်နဲ့ အတူ မဟာနဂါးတောင်ကနေ ထွက်သွားဖို့ သဘောတူပါတယ်”

သွေးနတ်ဆိုးနတ်ဘုရင်သည် ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ကို ဝါးမျိုကာ ဘဝသစ် တစ်ခုကို ရရှိခဲ့ပြီးနောက်တွင် နတ်ဘုရင်အဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် သူ၏ အသက်ကို ပို၍ တန်ဖိုးထားနေခဲ့၏။

သူက ကျန်းချန်၏ ပြိုင်ဘက်မဟုတ်မှန်း သိလိုက်သောကြောင့် ချက်ချင်းဆိုသလို အညံ့ခံလိုက်ခြင်း ဆိုလည်း မမှားပေ။

“နောက်ကျသွားပြီ.. ငါမင်းကို ခုနက အခွင့်အရေးပေးခဲ့တယ်.. ဒါပေမဲ့ စိတ်မကောင်းစရာက မင်း အဲဒီအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်တစ်ဖက်ကိုမြှောက်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါသည် သူ၏ လက်ဖဝါးထက်တွင် စုစည်းလာခဲ့သည်။

အခန်း(၂၁၈၂)ပြီး၏။

All Chapters