← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆) - ကြီးမားသော ရိတ်သိမ်းမှုကြီးနှင့် ကံစီမံရာ အခွင့်အရေး

~“ဒါကို ‘ပိုင်ရှင်ကို အိုးထဲ ဝင်လာအောင် ဖိတ်ခေါ်ခြင်း’ လို့ ခေါ်တယ်... မဟုတ်ဘူး... ‘အထဲ ဝင်လာအောင် မျှားခေါ်ပြီးမှ အပြတ်ရှင်းပစ်လိုက်ခြင်း’ လို့ ပြောရင် ပိုမှန်မယ်...”

ယဲ့ဖုန်း ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ရေရွတ်လိုက်လေ၏။ သို့သော် သူ့ရင်ထဲတွင် စိုးရိမ်စိတ်က အခုထိ မပြယ်သေးချေ။

ဆိုဟွန်းကျန်းရန်၏ ကိုယ်ပွား ပေါက်ကွဲသွားသည့် အချိန်ကျမှသာ တစ်ဖက်လူသည် အစစ် မဟုတ်ဘဲ ကိုယ်ပွား တစ်ခုသာ ဖြစ်ကြောင်း ယဲ့ဖုန်း သဘောပေါက်လိုက်မိသည်။

နာမည် ကြားရုံနှင့် ကြယ်အဆင့် ဂိုဏ်းကြီးများကိုတောင် တုန်လှုပ်စေသည့် ဆိုဟွန်းကျန်းရန်နှင့် ယှဉ်လျှင်.. ယခု တွေ့လိုက်ရသည့် စွမ်းအားက ကွာခြားလွန်းနေတာ မဆန်းပေ။

“ဂိုဏ်းချုပ်ယဲ့... ဒီတစ်ပွဲတော့ မင်း နိုင်သွားပါပြီ... တစ်နေ့ကျရင် ငါ ကိုယ်တိုင် မင်းကို လာတွေ့ဦးမယ်...”

စကားဆုံးသည်နှင့် ဆိုဟွန်းကျန်းရန်၏ ကိုယ်ပွားမှာ နောက်သို့ လဲကျသွားပြီး ပြာပုံအဖြစ် ပြောင်းလဲကာ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားလေ

တော့သည်။

“ဂလွမ်း”

သိုလှောင်အိတ် တစ်ခု ကြမ်းပြင်ပေါ် ပြုတ်ကျလာ၏။ လုံထျန်းရှင်း ကောက်ယူဖို့ ကြိုးစားလိုက်သော်လည်း သူ့အင်အားဖြင့် ဖွင့်၍ မရမှန်း သိလိုက်ရသည်။

“ဒီ သိုလှောင်အိတ်မှာ ဆိုဟွန်းကျန်းရန်ရဲ့ ဝိညာဉ်စွမ်းအား ကျန်နေသေးတယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စွမ်းအား မရှိရင် ဖွင့်လို့ ရမှာ မဟုတ်ဘူး...”

ယဲ့ဖုန်းက သူရဲကောင်းဝိညာဉ်များ၏ စွမ်းအားကို အသုံးပြုပြီး ကျန်ရှိနေသော ဝိညာဉ် အကာအကွယ်လွှာကို ဖျက်ဆီးပစ်လိုက်သည်။ ပိုင်ရှင်မဲ့သွားသော သိုလှောင်အိတ်ထဲမှ ပစ္စည်းများ အားလုံး ပြန့်ကျဲထွက်လာလေ၏။

အလယ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးခန့် တန်ကြေး ရှိသည့် ဝိညာဉ်သတ္တုရိုင်း ပုံတစ်ပုံ။

ရှင်းကွမ်ရွှမ် အသုံးပြုခဲ့ဖူးသည့် လှေနှင့် ဆင်တူသော အဆင့်နိမ့် ဝိညာဉ်လှေ တစ်စင်း။

(ဝိညာဉ်ကျောက်တုံး ထည့်လိုက်သည်နှင့် ပျံသန်းနိုင်သော ယာဉ်ပျံ ဖြစ်ပါသည်။)

“ဆိုဟွန်းကျန်းရန်လို ရန်သူကြီး တစ်ယောက် တိုးလာပေမဲ့... ဒီလို ရတနာတွေ ရလိုက်တော့လည်း မဆိုးလှပါဘူး...”

ယဲ့ဖုန်း တစ်ယောက်တည်း နှုတ်ခမ်းလှုပ်ကာ ရေရွတ်လိုက်ရင်း သူ့ဘေးနား ဝိုင်းအုံနေကြသည့် တပည့်များကို ကျေနပ်အားရစွာ ကြည့်လိုက်လေ၏။

“ခုနက မင်းတို့ သရုပ်ဆောင်တာ သိပ်ကောင်းတယ်... ဒီည အားလုံးအတွက် ကြက်ပေါင် ပိုထည့်ပေးမယ်”

“ဂိုဏ်းချုပ် ဆုံးမတာ ကောင်းလို့ပါ”

တပည့်များအားလုံး ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်ကြသည်။

ယခင်ကတည်းက ယဲ့ဖုန်းသည် သူ့မျက်နှာအမူအရာကို ကြည့်ပြီး လိုက်လုပ်ကြရန် မှာထားခဲ့ဖူး၏။

ထို့ကြောင့် ယဲ့ဖုန်း၏ မျက်နှာတွင် ထိတ်လန့်သည့် ပုံစံပေါ်လာသည်နှင့် တပည့်များကလည်း လိုက်လံတုပကာ ပိုပြီးပင် ချဲ့ကား သရုပ်ဆောင်ပြခဲ့ကြသည်။ ထိုအချက်ကပင် ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီးနှင့် ဆိုဟွန်းကျန်းရန်တို့ကို အပိုင်လှည့်စားနိုင်ခဲ့ခြင်း ဖြစ်ချေသည်။

“ဒါပေမယ့်... ဆိုဟွန်းကျန်းရန်ရဲ့ အစစ်အမှန် ကိုယ်က အသက်ရှင်နေသေးတယ်... မြူခိုးဂိုဏ်းအတွက်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးပဲ...”

မိုယင်က စိုးရိမ်တကြီး ထောက်ပြလာသည်။ ထိုစကားကို ကြားတော့ ကျန်သည့် တပည့်များ၏ မျက်နှာ ငယ်သွားကြသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် သူ့ရင်ထဲမှ အန္တရာယ်အာရုံခံစားမှု အတော်လေး လျော့နည်းသွားပြီး မှေးမှိန်လုနီးပါး ဖြစ်သွားသည်ကို သတိပြုမိလိုက်၏။ ဆိုလိုသည်မှာ ဆိုဟွန်းကျန်းရန်သည် မြူခိုးဂိုဏ်းအပေါ် အငြိုးအတေး ရှိနေဆဲ ဖြစ်သော်လည်း လောလောဆယ်တွင် အခြားကိစ္စ တစ်ခုခုနှင့် ရှုပ်နေပုံ ရသည်။

မကြာမီ ကာလအတွင်း သူတို့ဂိုဏ်းကို လာရောက် တိုက်ခိုက်ဦးမည် မဟုတ်ချေ။

“အားလုံးပဲ... မထိတ်လန့်ကြနဲ့... ထိတ်လန့်နေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး... အဓိက က ကိုယ့်ကျင့်ကြံမှုကို တစ်ဟုန်ထိုး တိုးတက်အောင် လုပ်ဖို့ပဲ... ကဲ... တောင်ထိပ်ပေါ်က နေရာရှင်းကြစို့... မနက်ဖြန်မှ ဆက်တိုင်ပင်တာပေါ့”

ဂိုဏ်းချုပ် ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ တပည့်များလည်း ညတွင်းချင်း ရရှိလိုက်သော ပစ္စည်းများကို သိမ်းဆည်း ရှင်းလင်းလိုက်ကြလေ၏။

တပည့်များ အလုပ်ရှုပ်နေချိန်တွင် ယဲ့ဖုန်းသည် လေပေါ်သို့ ပျံတက်သွားပြီး အောက်ဘက်ကို ငုံ့ကြည့်ကာ တွေးတောနေမိသည်။

‘အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အလောင်းတစ်လောင်း... တစ်ဝက်တစ်ပျက် အသွင်ပြောင်း သားရဲနှစ်ကောင်... အဆင့်မြင့် နတ်ဆိုးစစ်သည် (၃၉) ကောင်... ဒီလောက်ဆိုရင် ငါတို့ မြူခိုးဂိုဏ်းအနေနဲ့ နတ်ဆိုးသတ်ပွဲတော် (နတ်ဆိုးသတ် ညီလာခံ) မှာ ပထမ ရဖို့ ပြဿနာ မရှိလောက်တော့ဘူး...’

‘ဟီးဟီး... ပထမ မရရင်တောင် ဒီပစ္စည်းတွေ ရောင်းလိုက်ရင် အမြတ်အစွန်းက မနည်းဘူးကွ...’

ထိုအကြောင်း တွေးမိသည်နှင့် ယဲ့ဖုန်း၏ ရင်ထဲတွင် ပျော်ရွှင်မှု လှိုင်းလုံးများ ဖြတ်သန်းသွားတော့သည်။

မိုင်ပေါင်းရာချီ ဝေးကွာသော တောင်ထိပ်မြင့် တစ်ခုပေါ်တွင် ဖြစ်လေ၏။

နက်မှောင်သော နံရံ၊ နက်မှောင်သော ကြွေပြားများဖြင့် တည်ဆောက်ထားသည့် တာအိုကျောင်းဆောင် တစ်ခုအတွင်း၌ အဘိုးအို တစ်ဦး မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးများက အေးစက်လွန်းလှသဖြင့် ဘေးပတ်လည်တွင် ထိုင်နေကြသော ဝတ်ရုံနက်ဝတ် လူဒါဇင်ပေါင်းများစွာပင် တုန်လှုပ်သွားကြသည်။

“လုပ်လိုက်တာ မြူခိုးဂိုဏ်း... ငါ့ရဲ့ ကိုယ်ပွားနဲ့ ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီးကိုတောင် သတ်ပစ်လိုက်နိုင်တယ်ပေါ့... ဝင်္ကပါ အကူအညီ ယူထားပေမဲ့... မဆိုးဘူးလို့ ပြောရမယ်...”

ဆိုဟွန်းကျန်းရန်သည် အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့လေသံကြောင့် ဘေးနားရှိ လူများ အားလုံး ကျောချမ်းသွားကြရ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ရှိသော ဝတ်ရုံနက်ဝတ် တစ်ဦး ရှေ့ထွက်လာပြီး ရိုကျိုးစွာ မေးလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ မြူခိုးဂိုဏ်းကို တိတ်တဆိတ် သွားပြီး တပည့်တွေကို လုပ်ကြံလိုက်ရမလား... ဂိုဏ်းချုပ်ရဲ့ ကိုယ်ပွားအတွက် လက်စားချေပေးပါမယ်...”

ဆိုဟွန်းကျန်းရန်က ထိုလူကို စိမ်းစိမ်းကြည့်လိုက်လေ၏။

“ငတုံး... မြူခိုးဂိုဏ်းမှာ အသန်မာဆုံးက ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ... ဝင်္ကပါ အစီအရင်ပြားကလည်း သူ့ဆီမှာ... သူ့တပည့်တွေကို သွားသတ်လို့ ဘာထူးမှာလဲ... အဲ့ဒါက ရောဂါဇာစ်မြစ်ကို မကုဘဲ လက္ခဏာကိုပဲ ကုနေသလို ဖြစ်နေမှာပေါ့ကွ...”

“ကျွန်တော် တုံးအမိပါတယ်...”

ထိုဝတ်ရုံနက်ဝတ်သမား ခေါင်းငုံ့သွားသည်။

ဆိုဟွန်းကျန်းရန် မတ်တတ်ရပ်လိုက်၏။

“ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီး သေသွားပြီ... ဒီ သွေးဝိညာဉ် ဆေးပုလင်း ကို ယူသွား... နန်လု တောင်တန်း ကိုသွားပြီး နတ်ဆိုးဗိုလ်ချုပ် အသစ်တစ်ကောင် မွေးမြူခဲ့... ရေပေါ်ဖြူမြို့တော် ဧရိယာအတွက် ငါတို့ ဝိညာဉ်ဖမ်းဆီးရေးဂိုဏ်းရဲ့ ဆက်သွယ်ရေး တာဝန်ခံ ဖြစ်လာစေရမယ်...”

“အမိန့်အတိုင်းပါ”

ဝတ်ရုံနက်ဝတ်သမား ခေါင်းညိတ်လိုက်သည်။

“နေဦး အဲ့ဒီ နတ်ဆိုးဗိုလ်ချုပ်ကို စောင့်ကြည့်ခိုင်းရုံပဲ လုပ်... ဟိုကောင်တွေကို သွားပြီး မလန့်စေနဲ့... ငါ့စီမံကိန်း ပြီးပြည့်စုံတဲ့အထိ စောင့်... အချိန်တန်ရင် တခြားဒေသတွေနဲ့ ပေါင်းပြီး တစ်ခါတည်း အပြတ်ရှင်းမယ်...”

သူ့လက်အောက်ငယ်သား တုံးအလွန်းသဖြင့် ဆိုဟွန်းကျန်းရန်မှာ စိတ်မချနိုင်ဘဲ အသေးစိတ် ထပ်မံ မှာကြားလိုက်ရသည်။

“နားလည်ပါပြီ”

ထို ဝတ်ရုံနက်ဝတ်သမားသည် ညအမှောင်ကို အကာအကွယ်ယူကာ တောင်ထိပ်ပေါ်မှ ပျံလွှား ထွက်ခွာသွားလေ၏။ သူသည် တောင်ဘက်အရပ်သို့ ဦးတည်ရင်း မြူခိုးတောင်ထိပ် အနီး ကောင်းကင်ယံမှ ဖြတ်ကျော်ကာ နောက်ဆုံးတွင် နန်လု တောင်တန်းသို့ ရောက်ရှိသွား၏။

ထိုအခိုက်အတန့်၌ မိုင်ပေါင်းသိန်းချီ ဖုံးလွှမ်းထားသော မိုးတိမ်တိုက်မည်းကြီးမှာ မကွဲသေးဘဲ လျှပ်စီးများက ကောင်းကင်ကို အဆက်မပြတ် ခွဲစိတ်နေဆဲဖြစ်သည်။

‘ဘယ် မူလ နတ်ဘုရား နယ်ပယ် က ကပ်ဘေး ခံယူနေတာလဲ မသိဘူး... အောင်မြင်သွားရင် ငါတို့ရဲ့ ဆန်းကြယ်သော တိုင်းပြည်က ကြယ်လေးပွင့် အဆင့် ဖြစ်လာမှာ... ကျွတ်... ကျွတ်... ဒါဆိုရင်တော့ တကယ့် ကိစ္စကောင်းပဲ...’

ဝတ်ရုံနက်ဝတ်သမား ကောင်းကင်ကို မော့ကြည့်ရင်း ညည်းတွားလိုက်သည်။

‘ဒါပေမယ့် ဒီ ကောင်းကင်မိုးကြိုးတွေက သိပ်အန္တရာယ် များတယ်... ငါ့ကိုများ ပစ်ချလိုက်ရင်တော့...’

“ဂျိန်း”

လေ မြည်ဟိန်းသံနှင့်အတူ လျှပ်စီးကြောင်းကြီး တစ်ခုသည် ကောင်းကင်မှ ထိုးဆင်းလာပြီး နန်လု တောင်တန်း၏ ပင်မတောင်ထိပ်ကို တည့်တည့်ကြီး ဝင်ဆောင့်လိုက်လေ၏။ လောကငရဲပမာ ဧရာမ ကျောက်တုံးကြီးများ ပြိုကျလာကာ တောင်တန်းတစ်ခုလုံး သိမ့်သိမ့်ခါသွား၏။

ဝတ်ရုံနက်ဝတ်သမားမှာ ရှောင်တိမ်းချိန်ပင် မရလိုက်ချေ။ ကောင်းကင်မိုးကြိုး စွမ်းအားများ ပါဝင်နေသော ကျောက်တုံးကြီး တစ်တုံး သူ့ကို အဟုန်ပြင်းစွာ ဝင်ဆောင့်မိသွားသည်။

တစ်ကိုယ်လုံး မီးကျွမ်းသွားပြီး (၁၀၀၀) မီတာကျော် အမြင့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ကြီးမားသော တွင်းနက်ကြီး ဖြစ်ပေါ်သွားလေ၏။

ထိုတွင်းနက်ကြီး ဘေးနားတွင် မြွေဖြူလေး တစ်ကောင် ခွေနေသည်ကို တွေ့ရ၏။ ကျောက်တုံးပိမည့် ဘေးမှ သီသီလေး လွတ်မြောက်သွားသော်လည်း ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဆွတ်နေရှာသည်။

ထိုမြွေမှာ နန်လု တောင်တန်းသို့ ဒရောသောပါး ထွက်ပြေးလာသော အသွင်ပြောင်း သားရဲ ပင် ဖြစ်လေ၏။

“ဒီနေရာက သိပ်အန္တရာယ်များတယ်... အိမ်ကို ချက်ချင်း ပြန်မှ ဖြစ်မယ်”

အသွင်ပြောင်း သားရဲမှာ ကြောက်လန့်တကြား လှည့်ပြေးရန် ပြင်လိုက်သည်။

“မသွားနဲ့”

အားနည်းသော အသံ တစ်သံ ထွက်ပေါ်လာပြီး မီးကျွမ်းနေသော လက်တစ်ဖက်က ကပျာကယာ လှမ်းတားကာ အသွင်ပြောင်း သားရဲ၏ အမြီးကို လှမ်းဆွဲထားလိုက်လေ၏။

“မင်းက နတ်ဆိုးသားရဲပဲ... ငါ့ဆီမှာ သွေးဝိညာဉ် ဆေးပုလင်း တစ်ပုလင်းလုံး ရှိတယ်... ဒါတွေက မင်းကို နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာစေလိမ့်မယ်...”

သွေးဝိညာဉ်ဆေးလုံး ဆိုသည့် အသံကြားသည်နှင့် အသွင်ပြောင်း သားရဲ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သေမင်းတံခါးဝ ရောက်နေသည့် မီးကျွမ်းနေသော လူကို ပြန်လှည့်ကြည့်လိုက်မိ၏။

ဗိုလ်ချုပ်လေး လက်အောက်တွင် အလုပ်လုပ်စဉ်က အသွင်ပြောင်း သားရဲသည် သွေးဝိညာဉ်ဆေးလုံး တစ်လုံးကို စားသုံးခဲ့ဖူးသည်။ တစ်ညတည်းနှင့် အလယ်အဆင့် နတ်ဆိုးစစ်သည်မှ အဆင့်မြင့် နတ်ဆိုးစစ်သည် ဖြစ်လာခဲ့ဖူးသည် မဟုတ်ပါလော။

ဤသို့သော လောဘသားကောင် ဖြစ်စေမည့် မြူဆွယ်မှုကို သူ ဘယ်လို ငြင်းဆန်နိုင်ပါ့မနည်း။

“တကယ်လား...”

အသွင်ပြောင်း သားရဲ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ငါက ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းရဲ့ အစောင့်အရှောက်ပဲ... ဂိုဏ်းချုပ်က နန်လု တောင်တန်းမှာ နတ်ဆိုးဗိုလ်ချုပ် အသစ်တစ်ကောင် မွေးမြူဖို့ ငါ့ကိုလွှတ်လိုက်တာ... ဒါပေမယ့် မင်းက ရေပေါ်ဖြူမြို့တော် နားမှာ ပုန်းနေပြီး ငါတို့ အမိန့်ကို စောင့်ရမယ်... လုပ်နိုင်မလား...”

ထိုလူက အသွင်ပြောင်း သားရဲ၏ အမြီးကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်။

“လုပ်နိုင်ပါတယ်”

အသွင်ပြောင်း သားရဲ ခေါင်းညိတ်လိုက်လေ၏။

“ကောင်းတယ်... သိပ်ကောင်းတယ်...”

ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းသားမှာ စိတ်သက်သာရာ ရသွားပြီး သူ့ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းနှင့် အမိန့်ပေး တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်၏။

“ဒီထဲမှာ သွေးဝိညာဉ်ဆေးလုံး (၁၀) လုံး ရှိတယ်... မင်းကို နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာဖို့ လုံလောက်တယ်... ဒါကတော့ ဆင့်ခေါ်မယ့် အမိန့်ပေး တံဆိပ်ပြားပဲ... ဒါကို ယူပြီး အမိန့်စောင့်နေ...”

မူလက ထိုဂိုဏ်းသားသည် အသွင်ပြောင်း သားရဲကို ရှာရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် ကောင်းကင်မှ ဘေးအန္တရာယ် ကျရောက်လာပြီး သူ့အသက်မှာ ဖက်နှင့်ထုပ်ထားသလို ဖြစ်နေပြီ ဖြစ်သောကြောင့် တွေ့ကရာ နတ်ဆိုးသားရဲကို ဆွဲထားရခြင်း ဖြစ်သည်။

နောက်ဆုံးစကားများ မှာကြားပြီးနောက် ထိုလူသည် မှောင်မိုက်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေ၏။

“ငါတို့ ဂိုဏ်းချုပ်ကြီး တောင်ဘက် မြစ်ဝှမ်းဒေသ တစ်ခုလုံးကို ပေါင်းစည်းမယ့် နေ့ရက်ကို... ငါ မြင်ချင်သေးတ...”

စကားပင် မဆုံးလိုက်ချေ။ မျက်လုံးကြီး ပြူးကျယ်ကာ သွေးများ ဝေါ့ခနဲ အန်ချပြီးနောက် ထိုနေရာမှာပင် အသက်ထွက်သွားရှာသည်။

“သေသွားပြီလား...”

အသွင်ပြောင်း သားရဲသည် ထိုလူ၏ အသက်ရှူသံကို သေချာ စစ်ဆေးကြည့်လိုက်သည်။ လုံးဝ သေဆုံးသွားကြောင်း သေချာမှ သူ့ကိုယ်ပေါ်ရှိ ရတနာပစ္စည်းများကို သိမ်းယူလိုက်လေ၏။

“ငါ့ကို အခွင့်အရေးကောင်း ပေးခဲ့တာကို ထောက်ထားပြီး... မင်းရဲ့ အလောင်းကိုတော့ မြေမြှုပ် သဂြိုဟ်ပေးလိုက်ပါ့မယ်...”

အသွင်ပြောင်း သားရဲသည် သွေးဝိညာဉ် ဆေးပုလင်းကို ယူလိုက်ပြီး ထိုဂိုဏ်းသား၏ အလောင်းကို မြေမြှုပ်ပေးလိုက်သည်။ ပြီးနောက် အမိန့်ပေး တံဆိပ်ပြားကို သေချာကြည့်ပြီး ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ပြုံးလိုက်၏။

ထို့နောက် ထိုတံဆိပ်ပြားကို မြေပုံပေါ်တွင် အုတ်ဂူကျောက်တိုင်အဖြစ် စိုက်ထူပေးလိုက်လေ၏။

“သူများ ထိန်းချုပ်တာ ခံရအောင် ငါက အရူးမှတ်နေလား...”

ပြောပြောဆိုဆိုနှင့် အသွင်ပြောင်း သားရဲသည် လျှို့ဝှက် လိုဏ်ဂူတစ်ခုကို အမြန်ရှာဖွေလိုက်ပြီး သွေးဝိညာဉ်ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စတင် သုံးစွဲ ကျင့်ကြံလေတော့သည်။

“အား... နာလိုက်တာ...”

မကြာမီအချိန်အတွင်း လိုဏ်ဂူထဲမှ အသွင်ပြောင်း သားရဲ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ ထုနှက် ပုံသွင်းခံနေရသကဲ့သို့ ပြောင်းလဲလာပြီး သူ့အရှိန်အဝါများ တဖြည်းဖြည်း အားကောင်းလာသည်။ (၁၀၀) မီတာ ဝန်းကျင်ရှိ သစ်ပင်များပင် ထိုအရှိန်အဝါကြောင့် ယိမ်းထိုးကုန်ကြရ၏။

မြူခိုးတောင်ထိပ် ပေါ်တွင် ဖြစ်သည်။

ယဲ့ဖုန်းနှင့် တပည့်များသည် ညပိုင်း စာရင်းရှင်းတမ်း လုပ်ပြီးစီးသွားကြပြီ ဖြစ်လေ၏။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးတိမ်တိုက်များ စတင် ကွဲပြယ်သွားသည်ကို တွေ့လိုက်ရ၏။

“နောက်ဆုံးတော့ မိုးစဲသွားပြီပဲ... နေလို့ကောင်းလိုက်တာ...”

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ထိုင်ရင်း ကြည်လင်လာသော လမင်းကြီးကို ငေးမောကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိလေတော့သည်။

အခန်း (၁၀၇) - သားရဲဝိဉာဉ်ဂိုဏ်းခွဲနှင့် ရှဲ့ကျားရင်

~နံနက်ခင်း၏ အလင်းရောင်ခြည်သစ်များက ကမ္ဘာမြေထက်သို့ ဖြာကျလာလေ၏။

“ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ...”

တပည့်များမှာ သူတို့၏ အခန်းအသီးသီးမှ ထွက်လာကြ၏။

လွန်ခဲ့သောညက တိုက်ပွဲမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း ဝိဉာဉ်စမ်းရေတွင်း၌ ရေချိုးသန့်စင်ပြီးနောက် ကောင်းမွန်စွာ အိပ်စက်ခဲ့ကြသဖြင့် အားအင်များ ပြည့်ဝနေကြတော့၏။ သူတို့သည် ဝိဉာဉ်စမ်းရေတွင်းဘေး၌ တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံခြင်းအဆင့်သို့ တစ်စတစ်စ ဝင်ရောက်သွားကြတော့၏။

ချီစုစည်းခြင်း အဆင့်မှာ ကျင့်ကြံသူ တစ်ဦးအတွက် အလွန်နိမ့်ပါးသော အဆင့်သာ ဖြစ်ချေသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့မဟုတ် ထိုထက်မြင့်သော ဝိဉာဉ်ပင်လယ်အဆင့် သို့ ရောက်ရှိသွားသူများမှာ အိပ်စက်အနားယူရန် မလိုတော့ချေ။ တရားထိုင်ရုံမျှဖြင့် သူတို့၏ အနှစ်သာရ၊ အားအင်နှင့် စိတ်ဝိဉာဉ်တို့ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ကြ၏။ ထို့အပြင် အစာအာဟာရကိုလည်း မှီဝဲရန် မလိုအပ်တော့ဘဲ သေမျိုးတို့၏ အာဟာရမှ ကင်းဝေးသွားကြလေ၏။

“အားလုံးပဲ... ကြိုးကြိုးစားစား ကျင့်ကြံကြစမ်း...”

ယဲ့ဖုန်းက တပည့်များကို သတိပေးလိုက်ရင်း ခေါင်းမော့ကြည့်လိုက်လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကျားမိသားစုမှ လက်သမားဆရာကြီး လီ လာရောက်လည်ပတ်ခဲ့ဖူး၏။ ထိုစဉ်က ယဲ့ဖုန်းသည် ဆရာကြီးလီအား သစ်လုံးအချို့ ယူဆောင်လာခိုင်းပြီး ဝိဉာဉ်စမ်းရေတွင်းအထက်တွင် ခမ်းနားသော အဆောင်ငယ်တစ်ခု ဆောက်လုပ်ခိုင်းထားခဲ့သည်။ အဆောင်ပတ်ပတ်လည်တွင်လည်း ပုလဲလုံး လိုက်ကာများဖြင့် စနစ်တကျ အကွက်ချကာ ကာရံထားလေ၏။

သို့ဖြစ်ရာ တစ်စုံတစ်ယောက်သည် နောက်ဖေးခြံထဲသို့ ဝင်လာခဲ့လျှင်ပင် ဝိဉာဉ်စမ်းရေတွင်းဘေး၌ တရားထိုင်နေသော တပည့်များကို တွေ့မြင်ရမည်မဟုတ်သလို စမ်းရေတွင်းတည်ရှိမှုကိုလည်း ရုတ်ချည်း သိရှိနိုင်မည်မဟုတ်ချေ။

‘စမ်းရေတွင်းဘေးက ဝိဉာဉ်စွမ်းအင်တွေက ပိုပြီးတော့တောင် သန့်စင်လာသလိုပဲ...’

ယဲ့ဖုန်း ငုံ့ကြည့်လိုက်သောအခါ သန့်စင်ခြင်း ကြာပန်းစိမ်းလေးမှာ အတော်အတန် ကြီးထွားလာပြီး ပွင့်အာရန် တာစူနေသည်ကို တွေ့ရ၏။ ယင်း၏ သန့်စင်မှုအစွမ်းကြောင့် မြူခိုးဂိုဏ်း၏ ဝိဉာဉ်စွမ်းအင် အရည်အသွေးမှာ အခြားသော ဝိဉာဉ်ကြောငယ်များထက် ပိုမိုမြင့်မားနေခြင်း ဖြစ်ပေသည်။

ခဏအကြာတွင် ယဲ့ဖုန်းသည် မီးဖိုချောင်သို့ သွားကာ လွန်ခဲ့သောညက အမဲလိုက်ခဲ့သော နတ်ဆိုးသားရဲများ၏ အသားများကို စနစ်တကျ ခုတ်ထွင်လေတော့သည်။ အသားများကို ချက်ပြုတ်ပြီးနောက် မြူခိုးဂိုဏ်း၏ ဝိဉာဉ်သားရဲ (၈) ကောင်အား ကျွေးမွေးလိုက်၏။

“ဒါကြီးက အရသာ တော်တော်ဆိုးတာပဲ...”

မြေခွေး တာ့ဟုန်က မဲ့ပြုံးပြုံးရင်း နှာခေါင်းရှုံ့လေ၏။

“ဆရာကြီး... ဒီလိုစားတာက ဘာမှ မထိရောက်ဘူးဗျ။ အသားထဲက အနှစ်သာရနဲ့ သွေးတွေ အများကြီး လေလွင့်ကုန်တယ်...”

ဟု ခွေး အာဟာကလည်း စိုးရိမ်တကြီးဖြင့် ဖွင့်ဟဝန်ခံလာလေ၏။

ယဲ့ဖုန်းက “ဒါဆိုရင် အစိမ်းစားရမယ်လို့ ပြောချင်တာလား...” ဟု ပြန်လည်မေးမြန်းလိုက်၏။

ဝက် စန်းဖန်းက သူ၏ တိုတောင်းသော အမြီးလေးကို ခါယမ်းရင်း “အစိမ်းစားတာလည်း မထိရောက်ပါဘူး။ နတ်ဆိုးသားရဲတွေရဲ့ အသားထဲက သန့်စင်တဲ့ အနှစ်သာရနဲ့ သွေးကို တိုက်ရိုက်ထုတ်ယူနိုင်တဲ့ အထူးကျင့်စဉ်မျိုး ရှိမှပဲ ရမှာ...” ဟု ချေပပြောဆိုလေ၏။

“မင်းတို့ဆီမှာ အဲ့ဒီကျင့်စဉ် မရှိဘူးလား...”

“မရှိပါဘူး...”

ရေပေါ်ဖြူမြို့တော်မှ မသေမျိုး (၅) ပါးမှာ ပြိုင်တူ ခေါင်းခါပြကြ၏။

မြေခွေးဖြူလေးနှင့် သံလက်သည်း နဂါးလင်းယုန်တို့ကလည်း တဆက်တည်းမှာပင် ခေါင်းခါပြကြလေ၏။ အစ်ကိုကြီး ခေါင်းပြားကမူ သန့်စင်ခြင်း ကြာပန်းစိမ်းဘေး၌ လဲလျောင်းနေပြီး ယဲ့ဖုန်း ယူလာသော အသားများကို စိမ်းစိမ်းပင် ကြည့်မနေတော့ချေ။

“ဒါတော့ မဖြစ်သေးဘူး... နတ်ဆိုးသားရဲတွေရဲ့ အသားနဲ့သွေးကို အလဟဿ မဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ စုံစမ်းရမယ်... ဖြစ်နိုင်ရင် ဝိဉာဉ်သားရဲတွေ သူတို့ရဲ့ သွေးမျိုးဆက်ကို သန်မာအောင် လုပ်နိုင်မယ့် ကျင့်စဉ်မျိုးကိုလည်း ရှာပေးရမယ်…”

ယဲ့ဖုန်း သူ့ဘာသာ မသိမသာ ရေရွတ်လိုက်ရင်း ရှင်းကွမ်ရွှမ်နှင့် စကားပြောရန် ရေပေါ်ဖြူမြို့စားမင်း အိမ်တော်ဆီသို့ ခုန်ပျံထွက်ခွာလာခဲ့လေ၏။

ထိုအခိုက်အတန့်၌ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမပျို တစ်ဦး အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမမှာ လျိုယွင်ဂိုဏ်းမှ တပည့်ဖြစ်သူ ဖန်ဟိုင်ယွင် ပင်ဖြစ်လေ၏။

“ညီမလေး ဟိုင်ယွင်... မင်းရဲ့ စီနီယာ အစ်ကိုရှင်း ဘယ်မှာလဲ...”

ယဲ့ဖုန်းက ရင်းနှီးစွာပင် မေးမြန်းလိုက်၏။ ယဲ့ဖုန်း၏ ထိုကဲ့သို့ ရင်းနှီးသော အခေါ်အဝေါ်ကြောင့် ဖန်ဟိုင်ယွင်မှာ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ပါးပြင်လေးများ ရဲတက်လာကာ “ဂိုဏ်းချုပ်ယဲ့... အစ်ကိုရှင်းက အိမ်တော်မှာ မရှိပါဘူး။ သူ အပျော်အိမ်ကို သွားပြီး အနားယူနေတယ်လေ...” ဟု ရှက်ကိုးရှက်ကန်း ပြောရှာသည်။

ယဲ့ဖုန်း၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားကာ “ဘယ် အပျော်အိမ်လဲ...” ဟု ပြန်မေးလိုက်၏။

“အစိမ်းရောင် အစိမ်းရောင် ကျောက်စိမ်းမျှော်စင် ပါ...”

ဖန်ဟိုင်ယွင်၏ စကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်ချည်းပင် တစ်ခုခုကို သတိရကာ သူ့နဖူးကို သူ ပြန်ရိုက်လိုက်မိလေ၏။

ဖန်ဟိုင်ယွင်မှာလည်း ဂိုဏ်းတပည့် တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။ သူမကို မေးကြည့်လျှင်လည်း ရနိုင်ပေသည်။

သို့ဖြစ်ရာ ယဲ့ဖုန်းက “နတ်ဆိုးသားရဲတွေရဲ့ အသားနဲ့ သွေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မင်း သိသလား။ ငါ အခုတလော သားရဲအချို့ အမဲလိုက်ခဲ့လို့ ဂိုဏ်းစောင့် ဝိဉာဉ်သားရဲတွေကို ကျွေးကြည့်တာ အာနိသင် သိပ်မရှိလို့လေ...” ဟု မေးမြန်းလိုက်လေ၏။

ဖန်ဟိုင်ယွင်က ပြုံးလိုက်ရင်း “ဂိုဏ်းချုပ်ယဲ့က လူမှန်ကို မေးမိတာပဲ။ ကျွန်မမှာ ကြယ်အဆင့်ဂိုဏ်း ဖြစ်တဲ့ သားရဲဝိဉာဉ်ဂိုဏ်း က သူငယ်ချင်း တစ်ယောက် ရှိတယ်။ အဲ့တစ်ယောက် ဆိုရင် ဒါကို ဖြေနိုင်လိမ့်မယ် ထင်တယ်...” ဟု ချော့မော့ပြောဆိုလာ၏။

“သူမနဲ့ တွေ့ဖို့ ဖြစ်နိုင်မလား...”

ယဲ့ဖုန်းက စိတ်ဝင်တစား မေးလိုက်လေ၏။

“ခဏလောက် စောင့်ပါဦး ဂိုဏ်းချုပ်ယဲ့...”

ဖန်ဟိုင်ယွင်သည် စက္ကူ ကြိုးကြာလေး တစ်ခုကို ထုတ်ယူကာ ဝိဉာဉ်စွမ်းအင်ဖြင့် မှုတ်လိုက်လေရာ စက္ကူကြိုးကြာလေးမှာ အသက်ဝင်လာသကဲ့သို့ အတောင်ပံများ ခတ်ကာ အဟုန်ပြင်းစွာ ပျံထွက်သွားတော့၏။

“ဒါက သတင်းပို့ စက္ကူကြိုးကြာ မဟုတ်လား...”

ယဲ့ဖုန်း မှတ်ချက်ပေးလိုက်သည်။ လွန်ခဲ့သောတစ်ခေါက် ဝူရွှမ်ဆောင်မှ ထွက်လာစဉ်က လက်နက်တစ်ရာဂိုဏ်းမှ ကျန့်ယောက်ရှိုသည် သူ့အား သတင်းပို့ရန်အတွက် တစ်ခု ပေးခဲ့ဖူးသည်။

ဖန်ဟိုင်ယွင်က ခေါင်းညိတ်ကာ “ဟုတ်ပါတယ်၊ ဒါက သတင်းပို့ စက္ကူကြိုးကြာပါ။ အရမ်းမြန်တယ်၊ မိုင် (၃၀၀) ပတ်လည်အတွင်းကို ပျံသန်းနိုင်တယ်လေ။ ဈေးလည်း မကြီးပါဘူး၊ ဝိဉာဉ်ကျောက်တုံး (၂၀) ပဲ ပေးရတာပါ...” ဟု ရှင်းပြလေ၏။

“တကယ်ပဲ ဈေးမကြီးဘူးပဲ...”

ယဲ့ဖုန်း ရေရွတ်လိုက်၏။

သူတို့နှစ်ဦးမှာ မြို့စားမင်းအိမ်တော်ရှိ အဆောင်တစ်ခုတွင် ထိုင်စောင့်နေကြရင်း ဖန်ဟိုင်ယွင်က ယဲ့ဖုန်းသည် မှော်ပညာ ပါရဂူကညီး တစ်ဦး ဖြစ်သည်ဟု ကြားသိထားသဖြင့် သူမအား သင်ကြားပေးရန် အခွင့်အရေးကို လက်လွှတ်မခံဘဲ တောင်းဆိုလာလေ၏။

ယဲ့ဖုန်းမှာလည်း ဖန်ဟိုင်ယွင်၏ အကူအညီကြောင့် သူမအား စိတ်ရှည်လက်ရှည်ပင် သူ တတ်မြောက်ထားသော သိုင်းပညာ အချို့ကို ရှင်းပြပေးလိုက်ရာ သူမမှာ များစွာ အကျိုးကျေးဇူး ရရှိသွားလေတော့သည်။

နာရီဝက်ခန့်ပင် မပြည့်မီ စက္ကူကြိုးကြာလေး ပြန်လည်ရောက်ရှိလာ၏။ ဖန်ဟိုင်ယွင်သည် စက္ကူကြိုးကြာကို ယူကာ ဝိဉာဉ်စွမ်းအင်များ စီးဆင်းစေလိုက်သောအခါ သူမ၏ မျက်လုံးများမှာ တောက်ပလာလေသည်။

“တကယ်ကို တိုက်ဆိုင်တာပဲ။ ကျွန်မသူငယ်ချင်းက ရေပေါ်ဖြူမြို့တော်ရဲ့ မြောက်ဘက် မိုင် (၁၀၀) အကွာမှာရှိတဲ့ ဂိုဏ်းခွဲတစ်ခုမှာ ရောက်နေတယ်တဲ့...” ဟု သူမက ဝမ်းသာအားရ ပြောလာလေ၏။

“ဒါဆိုရင် အချိန်ဆွဲမနေတော့ဘူး... သွားကြစို့...”

ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ တိုက်ရိုက် ခုန်ပျံ ထွက်ခွာသွားလေတော့သည်။ ဖန်ဟိုင်ယွင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးမှ ဓားပျံကို အသုံးပြုကာ သူ့နောက်မှ လိုက်ပါလာခဲ့၏။

ကျင့်ကြံသူများအတွက် မိုင် (၁၀၀) ခရီးမှာ မဝေးလှချေ။

မကြာမီတွင် ယဲ့ဖုန်းနှင့် ဖန်ဟိုင်ယွင်တို့သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး မြူခိုးများကို ဖယ်ရှားကာ တောင်ကြား တစ်ခုအတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်လာကြလေ၏။

ထိုနေရာမှာ အစိမ်းရောင် တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များ ရှိနေပြီး ဝိဉာဉ်စွမ်းအင်များလည်း ကြွယ်ဝလှပေသည်။

ဝိဉာဉ်သားရဲများ မြက်ခင်းပေါ်တွင် ပြေးလွှားနေကြသည်ကို နေရာအနှံ့ တွေ့မြင်ရလေ၏။

ကောင်းကင်ယံတွင်လည်း ကြိုးကြာဖြူများ ပျံသန်းနေကြကာ ဝိဉာဉ်အရှိန်အဝါများမှာ တုန်ခါနေလေ၏။

“အိုး... ငါ့ရဲ့ ဝတုတ်မလေး... နောက်ဆုံးတော့ ရောက်လာပြီပေါ့...”

ညိုရင့်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးမှာ ဝိဉာဉ်မြင်း တစ်ကောင်ပေါ်တွင် ခန့်ညားစွာ ထိုင်နေရင်း ဖန်ဟိုင်ယွင်အား အဝေးမှ လက်လှမ်းပြလေ၏။

သူမ အနားသို့ ရောက်လာသောအခါ ဖန်ဟိုင်ယွင်၏ ပြည့်ဖြိုးသော ရင်သားအစုံကို မနာလိုစွာ ကြည့်လိုက်ပြီးမှ သူမ၏ ပြားချပ်နေသော ရင်ဘတ်ကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်လေ၏။

“ဝတုတ်မလေး... နင်က ပိုပြီးတော့တောင် ကြီးလာပါလား... ငါ့ဟာကျတော့ ဘာလို့ အခုထိ ကွင်းပြင်ကြီးလို ပြားချပ်နေရတာလဲ...”

စကားအဆုံးတွင် ထိုအမျိုးသမီးမှာ သူမ၏ ပါးပြင်ကို လက်နှစ်ဖက်ဖြင့် အုပ်ကာ နှုတ်ခမ်းစူလိုက်ပြီး အလွန်ပင် စိတ်ပျက်အားငယ်နေသော ပုံစံမျိုး ပြုလုပ်နေလေတော့သည်။

“အော်... ဒါ နင်ပြောတဲ့ မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတာလား...”

ရုတ်တရက် ထိုအမျိုးသမီးမှာ ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ခါးသက်သော အချစ်စိတ်များဖြင့် ပြည့်နှက်သွားတော့၏။

“အိုး... သိပ်ကို ချောမောခန့်ညားတာပဲ... တကယ်ကို ရွေးချယ်ခံရသူ တစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်... ဒီညများ ကျွန်မနဲ့အတူ လရောင်အောက်မှာ ပန်းပွင့်လေးတွေကြား အချိန်ဖြုန်းဖို့ အားမလားရှင်...”

ဤကဲ့သို့ ရဲတင်းသော စကားများကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်းမှာ ခဏမျှ ဆွံ့အသွားရလေ၏။

ဖန်ဟိုင်ယွင်မှာ ကပျာကယာ ထိုအမျိုးသမီး၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ရင်း ယဲ့ဖုန်းအား အားနာတကြီး မျက်နှာဖြင့် ရှင်းပြရှာသည်။

“ဂိုဏ်းချုပ်ယဲ့... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့... ဒီသူငယ်ချင်းက ‘ရှဲ့ကျားရင်’ လို့ ခေါ်ပါတယ်၊ သားရဲဝိဉာဉ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ပါ။ သူမက အမြဲတမ်း ပေါက်ကရတွေ ပြောတတ်ပေမဲ့ ဝိဉာဉ်သားရဲတွေကို ကျွေးမွေး ပြုစုတဲ့ နေရာမှာတော့ သားရဲဝိဉာဉ်ဂိုဏ်းရဲ့ လူငယ်တပည့်တွေထဲမှာ သူမကို ယှဉ်နိုင်သူ မရှိပါဘူး...”

ရှဲ့ကျားရင်သည် ဖန်ဟိုင်ယွင်၏ လက်ကို ဖယ်ထုတ်လိုက်ရင်း

“ငါက အတော်ဆုံးပဲလေ.. သားရဲဝိဉာဉ်ဂိုဏ်းရဲ့ လူငယ်တပည့်တွေထဲမှာ ဘယ်သူက ငါနဲ့ ပြိုင်ရဲမှာလဲ...” ဟု ရင်ကော့ ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ၏။

ဤကဲ့သို့ ကြွားဝါပြောဆိုချက်များကို နားထောင်နေရသော ယဲ့ဖုန်းမှာ စကားပင် မထွက်နိုင်တော့ချေ။

ရှဲ့ကျားရင်မှာ အတော်လေးကို ပါးရည်နပ်ရည် မရှိသလို အားကိုးရမည့်ပုံ မပေါ်ဟု သူ ခံစားလိုက်မိ၏။

ယဲ့ဖုန်းက တည့်တိုးပင် “နတ်ဆိုးသားရဲတွေရဲ့ အသားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို အကြံဉာဏ် တောင်းချင်လို့ပါ...” ဟု သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟဝန်ခံလိုက်လေ၏။

“အဲ့ဒါလား...ကျွန်မက ကျွမ်းကျင်သူပဲ”

ရှဲ့ကျားရင်က သူမ၏ လက်မကို မြှောက်ပြရင်း နှာခေါင်းကို ညွှန်ပြလိုက်သည်။ ထို့နောက် တောင်ကြား တစ်ခုလုံး မြည်ဟိန်းသွားအောင် အော်ဟစ်လိုက်လေ၏။

“တာ့ရှာ... အားရှာ... ရှောင်ရှာ... အားလုံး စုကြစမ်း”

သူမ၏ အသံ ကုန်သွားသည်နှင့် တောင်ကြားအတွင်းရှိ ဝိဉာဉ်သားရဲ အားလုံးမှာ ဒရောသောပါး ပြေးလွှားလာကြပြီး ရှဲ့ကျားရင်၏ ရှေ့တွင် စနစ်တကျ တန်းစီလိုက်ကြလေ၏။ အရေအတွက်မှာ (၁၀၀) ကျော်ရှိပြီး အများစုမှာ အဆင့်နိမ့်နှင့် အလယ်အဆင့် နတ်ဆိုးစစ်သည်များ ဖြစ်ကြ၏။ ထို့အပြင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် အဆင့်မြင့် နတ်ဆိုးစစ်သည် (၁၀) ကောင်ကျော်လည်း ပါဝင်လေ၏။

ဤမျှလောက်သော သားရဲအုပ်ကြီးနှင့်ဆိုလျှင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိသူပင်လျှင် သူတို့ကို ကြောက်လန့်ရပေလိမ့်မည်။

ထိုအခိုက်အတန့်၌ တောင်ကြားအလယ်ရှိ သက်ကယ်မိုးတဲအတွင်းမှ သြဇာညောင်းပြီး အိုမင်းသော အသံ တစ်သံ ထွက်ပေါ်လာလေ၏။

“ရှဲ့ကျားရင်... နင် ဘာတွေ လျှောက် လုပ်နေပြန်ပြီလဲ...”

ဒါဟာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်ရှိသော ပညာရှင်တစ်ဦး ပင်ဖြစ်ချေသည် တကား။

ထိုအရှိန်အဝါ ထွက်ပေါ်လာသည်နှင့် ဝိဉာဉ်သားရဲ အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်စင်းကာ တုန်ရင်ကုန်ကြလေ၏။

ယဲ့ဖုန်း၏ မျက်လုံးများထဲတွင် ချီးကျူးထောပနာပြုသော အရိပ်အယောင်များ ပေါ်လာရင်း သူ၏ စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။

‘ဒါကြောင့်ပဲ ကြယ်အဆင့်ဂိုဏ်းလို့ ခေါ်တာကိုး... ဂိုဏ်းခွဲ တစ်ခုမှာတောင် ဓာတ်ကြီးငါးပါး အဆင့်ရှိတဲ့ အကြီးအကဲ တစ်ယောက် အမြဲ ရှိနေတာ တကယ်ကို အထင်ကြီးစရာပဲ...’

ရှဲ့ကျားရင်သည် လျှာလေး ထုတ်လိုက်ရင်း ယဲ့ဖုန်းအား တိုးတိုးလေး ကပ်ပြောလေ၏။

“အဲ့ဒါက ကျွန်မတို့ ဂိုဏ်းခွဲရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပေါ့။ သူက အမြဲတမ်း ဆေးမှားသောက်ထားသလို လူတွေကို လိုက်ဆူနေတာ။ ဒါပေမယ့် ကျွန်မကိုတော့ သူ မရိုက်ရဲပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မအဘိုးက သားရဲဝိဉာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးလေ။ သူ..ကျွန်မကို ရိုက်ရဲရင် ငါ့အဘိုးက သူ့ကို ပြန်ပြီး အသေရိုက်လိမ့်မယ်... ဟားဟားဟား...”

ရှဲ့ကျားရင်၏ ရယ်သံကို ကြားရသောအခါ ဂိုဏ်းခွဲအကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် သွားများကို တင်းတင်းကြိတ်ထားမိသော်လည်း ဘာမှ မပြောရဲရှာဘဲ မကျေမနပ် နှာမှုတ်သံသာ ထွက်ပေါ်လာလေတော့သည်။

ယဲ့ဖုန်းမှာ ဤမြင်ကွင်းကို ကြည့်ရင်း ကျောက်ရုပ်ကြီးပမာ ငြိမ်သက်သွားရ၏။ သူ့ခေါင်းထဲတွင် အတွေးတစ်မျိုးသာ ရှိနေတော့သည်။

‘ငါ တကယ့် လူထူးလူဆန်း

တစ်ယောက်နဲ့များ တွေ့နေမိပြီလားဟေ…’

အခန်း (၁၀၈) - အစာကျွေးတာက အရေးကြီးတယ်၊ လူတွေအကြောင်း ဘယ်သူသိမှာလဲ

~“ရပါပြီ... နင့်အဘိုးက သားရဲဝိဉာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ နင့်အဖေက ဒုတိယဂိုဏ်းချုပ်၊ နင့်အမေက အကြီးအကဲ ဆိုတာ ငါသိပြီးသားပါ။ နင်က လွဲလို့ နင့်မိသားစုဝင် အားလုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တွေချည်းပဲ မဟုတ်လား...”

ဖန်ဟိုင်ယွင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြန်လည်ချေပပြောဆိုလိုက်လေ၏။

ထိုစကားကို ကြားသောအခါ ရှဲ့ကျားရင်မှာ ခေါင်းလေးငုံ့သွားပြီး...

“အဲ့ဒါက ဘာထူးမှာလဲ... ငါ့ကိုယ်ငါ ငုံ့ကြည့်လိုက်ရင် ခြေချောင်းလေးတွေပဲ မြင်ရတာ။ ဝတုတ်မလေး ကျတော့မှ တစ်ကမ္ဘာလုံးကို မြင်နေရတာလေ။ နင့်ကို ငါ ဘယ်လောက် အားကျနေလဲဆိုတာ နင်မသိပါဘူး...”

ဖန်ဟိုင်ယွင်နှင့် ယဲ့ဖုန်းတို့မှာ ထိုစကားကြောင့် ကျောက်ရုပ်ကြီးပမာ ငြိမ်သက်သွားရတော့၏။

“အဟမ်း ဒီအကြောင်းတွေ ထားလိုက်ပါတော့။ နတ်ဆိုးသားရဲတွေရဲ့ အသားနဲ့ သွေးကို ပြုပြင်ဖို့ နင့်မှာ နည်းလမ်းရှိလို့လား...”

ယဲ့ဖုန်းက သူတို့၏ စကားဝိုင်းကို ကပျာကယာ လှမ်းတားကာ ဖြတ်မေးလိုက်လေ၏။

ရှဲ့ကျားရင်သည် သူမ၏ နှာခေါင်းထိပ်ကို လက်ညှိုးဖြင့် တို့လိုက်ပြီးနောက် ခါးကို ထောက်ကာ ရင်ကော့လျက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ၏။

“ဒါပေါ့... ကျွန်မတို့ သားရဲဝိဉာဉ်ဂိုဏ်းမှာ ရှေးဟောင်းနည်းစနစ် အစုတ်အပြတ်တစ်ခု ရှိတယ်။ အဲ့ဒါကို ကျွန်မကိုယ်တိုင် မွမ်းမံလိုက်တော့ ဝိဉာဉ်သားရဲ အစာပြုလုပ်ဖို့ သိပ်ကို လက်တွေ့ကျတဲ့ နည်းလမ်း ဖြစ်သွားတာပေါ့။ ကုန်ကြမ်းတွေ အနေနဲ့ နတ်ဆိုးသားရဲရဲ့ အသား၊ သွေးနဲ့ ဝိဉာဉ်ဆေးဝါးတွေကို သုံးရတာလေ...”

သူမ၏ အလုပ်အကြောင်း ပြောရသောအခါ ရှဲ့ကျားရင်မှာ ပေါ့ပျက်ပျက်နိုင်လှသော အမူအရာမှ ရုတ်ချည်း ပြောင်းလဲသွားကာ အလွန်ပင် တည်ငြိမ်လေးနက်သွားလေတော့သည်။

“အဟမ်း”

ဝေးကွာလှသော သက်ကယ်မိုးတဲအတွင်းမှ ချောင်းဆိုးသံ တစ်ချက် ထွက်ပေါ်လာပြီး ရှဲ့ကျားရင်၏ စကားကို ဖြတ်တောက်လိုက်၏။

ရှဲ့ကျားရင်မှာ ဂိုဏ်းခွဲအကြီးအကဲ၏ ချောင်းဆိုးသံကို မသိကျိုးကျွံပြုကာ ဆက်လက် ရှင်းပြလေ၏။

“ဒါတွေထဲမှာ နတ်ဆိုးသားရဲရဲ့ အသားနဲ့ သွေးက သွေးမျိုးဆက် စွမ်းအားတွေကို သယ်ဆောင်ထားတာ။ ဒါဟာ ဝိဉာဉ်သားရဲတွေ အဆင့်တက်ဖို့အတွက် မရှိမဖြစ်ပဲ...”

“အဟမ်း... အဟမ်း... အဟမ်း”

ဂိုဏ်းခွဲအကြီးအကဲမှာ အဆက်မပြတ် ကျယ်လောင်စွာ ချောင်းဆိုးနေတော့၏။

ရှဲ့ကျားရင်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး သူမ၏ ဖိနပ်ကို ချွတ်ကာ တောင်ကြားအလယ်ရှိ သက်ကယ်မိုးတဲဆီသို့ အရှိန်ပြင်းစွာ ပစ်လွှင့်လိုက်လေ၏။

“ဘာလို့ ချောင်းဆိုးနေတာလဲ... ရှင်က ကျွန်မကို စကားပြောခွင့် မပေးတော့ဘူးလား...”

ထိုမြင်ကွင်းကို ကြည့်ပြီး ဂိုဏ်းခွဲအကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရ၏။

`တောက်..ငါက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို လွှတ်ခနဲ ပြောမထွက်မိအောင် နင့်ကို တားနေတာလေ။ နင်က ဒီအတိုင်းသာ ဆက်ပြောနေရင် သူစိမ်းတွေက ငါတို့ လျှို့ဝှက်နည်းလမ်းကို ရသွားကုန်မှာပေါ့...`

သို့သော်ငြားလည်း ထိုအကြီးအကဲမှာ စိတ်ထဲတွင်သာ ကျိန်ဆဲနေရပြီး အပြင်သို့ ထုတ်မပြောရဲရှာချေ။

အဘယ်ကြောင့်ဆိုသော် ဝိဉာဉ်သားရဲအစာ ပြုလုပ်သည့် နည်းလမ်းမှာ ရှဲ့ကျားရင် ကိုယ်တိုင် သုတေသနပြုထားခြင်း ဖြစ်သဖြင့် သားရဲဝိဉာဉ်ဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် သူမအား များစွာ ဝေဖန်ခြင်း မပြုနိုင်သောကြောင့် ဖြစ်လေ၏။

ယဲ့ဖုန်းမှာ ရှဲ့ကျားရင်သည် ဓာတ်ကြီးငါးပါး အဆင့်ရှိ အကြီးအကဲ တစ်ဦးကို ဖိနပ်နှင့် လှမ်းပေါက်ရဲသည်အထိ ရဲတင်းလွန်းနေသည်ကို မြင်သောအခါ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်၏။

‘ဒီမိန်းကလေးက လူထူးလူဆန်းတင် မဟုတ်ဘူး... တကယ့် အထူး အဆင့် ရူးကြောင်ကြောင်လေးပဲ...’

ယဲ့ဖုန်းက စိတ်ထဲတွင် ရေရွတ်လိုက်ရင်း “ဆက်ပြောပါဦး...” ဟု တောင်းဆိုလိုက်လေ၏။

ရှဲ့ကျားရင် ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ချောင်းလေးများကို ရေတွက်ကာ ရှင်းပြလေ၏။

“နတ်ဆိုးသားရဲ အသားထဲက သွေးမျိုးဆက် စွမ်းအားက ကြွယ်ဝပေမဲ့ အများအားဖြင့် အရမ်းကြမ်းတမ်းတယ်။ ဒါကြောင့် ဝိဉာဉ်ဆေးဝါးတွေနဲ့ ရောစပ်ပြီး စုပ်ယူရလွယ်အောင် နူးညံ့အောင် လုပ်ပေးရတာ။ သုံးတဲ့ ကုန်ကြမ်းတွေကလည်း အစုံပဲ... နာနတ်ပွင့်၊ ဇီယာ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ...”

ယဲ့ဖုန်း နားထောင်ရင်းနှင့် ပို၍ ပို၍ ဝေဝါးလာလေတော့သည်။

“နေဦး... နေဦး... နာနတ်ပွင့်နဲ့ ဇီယာ ဟုတ်လား။ အဲ့ဒါတွေက ဟင်းချက်တဲ့ နေရာမှာ သုံးတာ မဟုတ်ဘူးလား...”

ရှဲ့ကျားရင်က တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ချေပလိုက်လေ၏။

“ဝိဉာဉ်သားရဲတွေအတွက် ဟင်းချက်ပေးတာပေါ့။ ဒါမှလည်း အရသာရှိမှာလေ။ ဒါ့အပြင် ဝိဉာဉ်ဂျင်ဆင်း၊ သက်စောင့်မြက်၊ ဆီးနှင်းပျော်သီးနဲ့ တခြား ဝိဉာဉ်ဆေးဝါးတွေကိုလည်း ထည့်ရသေးတယ်။ အားလုံးကို ရောပြီး ဝိဉာဉ်အရည်နဲ့ ချက်ရတာ။ ပြီးရင်တော့ ကြိတ်ချေပြီး ဝိဉာဉ်သားရဲအစာ ဖြစ်အောင် လုပ်ရတာပေါ့...”

“အော်... တော်တော်လေးကို ရှုပ်ထွေးတာပဲ...”

ယဲ့ဖုန်း နောက်ဆုံးတွင် သဘောပေါက်သွားလေတော့သည်။ ဖန်ဟိုင်ယွင်ကမူ ဘေးမှ ရပ်ကြည့်နေသော်လည်း သူမသည် ဝိဉာဉ်သားရဲအစာ ပြုလုပ်သည့် ကိစ္စကို စိတ်မဝင်စားသဖြင့် နားထဲ တစ်ဖက်မှဝင် တစ်ဖက်မှ ထွက်သွားပြီး ဘာမှ မှတ်မိမနေချေ။

“ကုန်ကြမ်းတွေက ဘာတွေလဲ ဆိုတာ ငါသိပါပြီ။ ဒါပေမယ့် အချိုးအစားကို ဘယ်လို တွက်ချက်ရမလဲ...”

ကုန်ကြမ်းတွေကို သိရုံနှင့် မလုံလောက်ပေ။ ဥပမာအားဖြင့် သံမဏိ ထုတ်လုပ်ရာတွင် သံနှင့် ကာဗွန် အချိုးအစားပေါ် မူတည်၍ အရည်အသွေး ကွဲပြားသကဲ့သို့ပင် ဖြစ်ချေသည်။ ဟင်းချက်ရာတွင်လည်း ဆီ၊ ဆား၊ အမွှေးအကြိုင် အချိုးအစား မှန်ကန်မှသာ အကောင်းဆုံး အရသာကို ရရှိနိုင်မည် မဟုတ်ပါလော။

ရှဲ့ကျားရင်က ရုတ်ချည်း လက်ဝါးဖြန့်လိုက်ပြီး...

“အချိုးအစားတွေကို လျှို့ဝှက်နည်းလမ်းထဲမှာ မှတ်တမ်းတင်ထားတယ်။ ဒီလျှို့ဝှက်နည်းလမ်းအတွက်ဆိုရင် အလယ်အလတ် အဆင့် ဝိဉာဉ်ကျောက်တုံး (၁၀၀) ပေးရမယ်...”

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့၏။

ဒီဈေးနှုန်းက အဆမတန် များလွန်းလှသည်။ သူ့ကို ရောင်းလိုက်လျှင်ပင် ထိုဈေးရမှာ မဟုတ်ချေ။

သက်ကယ်မိုးတဲအတွင်းမှ ပေါက်ကွဲတော့မတတ် ဖြစ်နေသော အကြီးအကဲမှာ ပြတင်းပေါက်မှ ချောင်းကြည့်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိလေ၏။ ရှဲ့ကျားရင်မှာ ပုံမှန်အားဖြင့် ပေါ့ပျက်ပျက်နေတတ်ပြီး ပြဿနာ ရှာတတ်သော်လည်း အရေးကြီးသည့် အချိန်တွင်မူ လျှို့ဝှက်နည်းလမ်းကို အလကား မပေးသင့်မှန်း သိသည်အထိ ပါးရည်နပ်ရည် ရှိလှပေသည်။

ယဲ့ဖုန်း၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ရှဲ့ကျားရင်က မဲ့ပြုံး ပြုံးလိုက်ရင်း ချော့မော့ပြောဆိုလာ၏။

“ဈေးကြီးတယ်လို့ ထင်နေတာလား။ လျှို့ဝှက်နည်းလမ်းကို မဝယ်ချင်ရင်လည်း ကျွန်မတို့ သားရဲဝိဉာဉ်ဂိုဏ်းက ပြုပြင်ပေးလို့ ရပါတယ်။ အခကြေးငွေပဲ ယူမှာပေါ့...”

ယဲ့ဖုန်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး ဒုတိယနည်းလမ်းက ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။ မြူခိုးဂိုဏ်း၏ လက်ရှိအခြေအနေအရ လျှို့ဝှက်နည်းလမ်းကို ရလျှင်ပင် ထုတ်လုပ်နိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် သူ့ဆီရှိသော နတ်ဆိုးသားရဲ အသားနှင့် သွေးများကို ရှဲ့ကျားရင်အား ပြုပြင်ခိုင်းပြီးမှ မြူခိုးတောင်ထိပ်သို့ ပြန်သယ်သွားခြင်းက ပို၍ စနစ်တကျ ရှိပေလိမ့်မည်။

“ငါ မင်းကိုပဲ ပြုပြင်ခိုင်းမယ်။ ဒါပေမယ့် မင်း လုပ်တဲ့ အစာရဲ့ အရည်အသွေးကို အရင်ကြည့်ချင်တယ်။ ပြီးမှ ဈေးနှုန်းကို ပြန်ညှိကြတာပေါ့...”

ယဲ့ဖုန်းက သဘောတူလိုက်လေ၏။

“ကောင်းပြီလေ... ငါ့နောက် လိုက်ခဲ့...”

ရှဲ့ကျားရင်က ရှေ့မှ ဦးဆောင်ခေါ်သွားတော့၏။ သူတို့ သုံးယောက် ကျောက်သား ခန်းမကြီးအတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း ဂိုဏ်းခွဲအကြီးအကဲမှာ ပြတင်းပေါက်ကို ပိတ်ကာ ညည်းတွားလိုက်လေ၏။

‘ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး။ မဟုတ်ရင် တစ်နေ့ကျရင် အဲ့ဒီ မိန်းကလေးကြောင့် ငါ သေရလိမ့်မယ်။ ဂိုဏ်းချုပ်ဆီကို ငါ့ကို တခြားနေရာ ပြောင်းပေးဖို့ အမြန်ဆုံး တင်ပြရမယ်...’

*

ကျောက်သား ခန်းမကြီးအတွင်း၌...

ယဲ့ဖုန်းသည် အရောင်အသွေးစုံလင်သော အစာအချို့ကို ယူကာ အနံ့ခံကြည့်လိုက်ရာ နာနတ်ပွင့်နှင့် ဇီယာနံ့များ ရနေသည်ကို တွေ့ရ၏။ ယင်း၏ အထိအတွေ့မှာလည်း မပျော့လွန်း မမာလွန်းဘဲ အနေတော်ပင် ဖြစ်လေ၏။ သူ့ကိုပင်လျှင် တစ်လုပ်လောက် မြည်းကြည့်ချင်စိတ် ပေါက်လာစေ၏။

“ဒါတွေကို ဘယ်လို ရောင်းတာလဲ...”

ရှဲ့ကျားရင်က ရှင်းပြလေ၏။

“ဒီအစာတွေက အဆင့်နိမ့် နတ်ဆိုးစစ်သည်တွေရဲ့ အသားနဲ့ သွေးတွေကို အဓိက သုံးထားတာ။ ဒါကြောင့် မဈေးပါဘူး။ အဆင့်နိမ့် ဝိဉာဉ်ကျောက်တုံး တစ်တုံးကို ပေါင် (၁၀၀) ရတယ်...”

“တကယ်ကို ဈေးပေါတာပဲ...”

ယဲ့ဖုန်း မသိမသာ ရေရွတ်လိုက်လေ၏။ ထိုစကားကို ကြားသောအခါ ရှဲ့ကျားရင်က တခစ်ခစ် ရယ်မောလိုက်ပြီး...

“အထဲမှာ ရေတွေ အများကြီး ထည့်ထားတာကိုး၊ အဲ့ဒါကြောင့် ဈေးပေါပေါ ရောင်းတာပေါ့... အဲ... တောင်းပန်ပါတယ်... ပါးစပ်က လွှတ်ခနဲ ထွက်သွားလို့...”

ယဲ့ဖုန်းနှင့် ဖန်ဟိုင်ယွင်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လုံးဝ ဆွံ့အသွားကြရတော့၏။

ဘေးမှ သက်ကယ်မိုးတဲအတွင်းရှိ အကြီးအကဲမှာလည်း နောက်တစ်ကြိမ် ဒေါသထွက်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားပြီး ရှဲ့ကျားရင်အပေါ် ဘယ်တော့မှ မျှော်လင့်ချက် မထားတော့ဘူးဟု ကျိန်ဆိုလိုက်လေတော့သည်။

ယဲ့ဖုန်းသည် ဝိဉာဉ်သားရဲအစာ တစ်အိတ်ကို ယူကာ ဝိဉာဉ်မျက်လုံးဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝိဉာဉ်စွမ်းအင်များစွာ ပါဝင်နေသည်ကို တွေ့ရသဖြင့် ဤအစာမှာ ယုံမှားဖွယ်မရှိ အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ရ၏။ ကံမကောင်းသည်မှာ ယင်းကို ထုတ်လုပ်သော ရှဲ့ကျားရင်မှာ အစစ်အမှန် ဟုတ်မဟုတ် ဆိုသည်ကတော့ မေးခွန်းထုတ်စရာပင် ဖြစ်ချေသည်။

“ဘုန်း”

ယဲ့ဖုန်းသည် နတ်ဆိုးသားရဲ အသားပေါင်ပေါင်း ထောင်ချီကို မြေပြင်ပေါ်သို့ ချလိုက်လေ၏။ ပုံမှန်အားဖြင့် နတ်ဆိုးသားရဲ တစ်ကောင်ကို နှိမ်နင်းပြီးနောက်တွင် ခြေသည်း၊ နတ်ဆိုးအမြုတေနှင့် အစွယ်များသာ တန်ဖိုးရှိပြီး အသားမှာမူ တန်ဖိုး မရှိသဖြင့် စွန့်ပစ်လေ့ရှိကြ၏။ သို့ဖြစ်ရာ ယဲ့ဖုန်းသည် ရှဲ့ကျားရင်က အသားများကို ယူပြေးမည်ကို စိုးရိမ်မနေဘဲ တစ်ခါတည်း အများအပြား အပ်နှံလိုက်ခြင်း ဖြစ်ပေသည်။

“ဝါး.. ဒါတွေ အားလုံးက အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့်ရှိတဲ့ အသားတွေပဲ။ ဂိုဏ်းချုပ်ယဲ့... ရှင်ပဲ ဒါတွေအားလုံးကို သတ်ခဲ့တာ မဟုတ်လား။ ရှင်က အရမ်းသန်မာတာပဲ၊ ကျွန်မ တကယ် သဘောကျသွားပြီ...”

ရှဲ့ကျားရင်၏ မျက်လုံးများမှာ ဝင်းလက်နေတော့၏။

ယဲ့ဖုန်းမှာ ထွက်ပြေးချင်စိတ်များ ပေါက်လာပြီးမှ...

“ဒါတွေကို ဘယ်လောက်ကြာရင် လာယူလို့ ရမလဲ၊ ပြီးတော့ ကုန်ကျစရိတ်ကို ဘယ်လို တွက်မှာလဲ...”

“ဒါတွေက အဆင့်မြင့် နတ်ဆိုးစစ်သည် အသားတွေဆိုတော့ တန်ဖိုးက ပိုမြင့်တယ်။ ဒါကြောင့် ဝိဉာဉ်သားရဲအစာ လုပ်ပြီးရင် ကျောက်တုံး တစ်တုံးကို ပေါင် (၁၀) ပဲ ရမယ်။ ကျွန်မက ဝိဉာဉ်ဆေးဝါးတွေကိုပါ ကုန်ကြမ်းအဖြစ် သုံးရမှာဆိုတော့ ပြုပြင်ခကို ရောင်းဈေးရဲ့ လေးပုံတစ်ပုံ တွက်မယ်လေ...”

ရှဲ့ကျားရင်က ခပ်ပြုံးပြုံးဖြင့် ပြောလေ၏။

“ကောင်းပြီလေ...”

ယဲ့ဖုန်း သဘောတူလိုက်၏။ ခဏအကြာတွင် ယဲ့ဖုန်းသည် တောင်ကြားအတွင်းရှိ ဝိဉာဉ်သားရဲများ ထိုအစာများကို စားနေကြသည်ကို စောင့်ကြည့်နေမိသည်။ အစာစားပြီးသည်နှင့် သားရဲများမှာ လဲလျောင်း အိပ်စက်သွားကြပြီး သွေးမျိုးဆက် စွမ်းအားများကို ချေဖျက်နေကြကာ သူတို့၏ အရှိန်အဝါများမှာလည်း တစ်ဟုန်ထိုး တိုးတက်လာသည်ကို တွေ့ရလေ၏။

‘အကျိုးသက်ရောက်မှုကတော့ တကယ်ကို ကောင်းတာပဲ...’

ယဲ့ဖုန်း စိတ်ထဲမှ ခေါင်းငိတ်လိုက်မိသည်။ ထို့နောက် ယဲ့ဖုန်းသည် ဝိဉာဉ်ကျောက်တုံး (၁၀) တုံး သုံးကာ အဆင့်နိမ့်အစာ ပေါင် (၁၀၀၀) ကို ဝယ်ယူလိုက်လေ၏။ ရှဲ့ကျားရင်၏ နေ့လယ်စာ အတူစားရန် ကမ်းလှမ်းမှုကိုလည်း ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ဖန်ဟိုင်ယွင်ကို ထားရစ်ကာ အရင်ဆုံး ခုန်ပျံထွက်ခွာလာခဲ့လေတော့သည်။

“ဂိုဏ်းချုပ်ယဲ့ကတော့ တကယ်ကို ကဗျာ မဆန်ဘူးပဲ။ ကျွန်မက ရှင်နဲ့ ဘဝအကြောင်းတွေ ပိုပြီး ဆွေးနွေးချင်သေးတာကို...”

ရှဲ့ကျားရင်သည် ဧရာမ ဆင်ကြီး တစ်ကောင်၏ ခေါင်းပေါ်တွင် မတ်တတ်ရပ်ကာ ယဲ့ဖုန်းအား လက်ယမ်းနှုတ်ဆက် ကျန်ရစ်လေ၏။ ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းမှာ သူ၏ အရှိန်ကို အဆပေါင်းများစွာ မြှင့်တင်ကာ ပို၍ မြန်မြန် ထွက်ပြေးလေတော့၏။

“ကျားရင်... နင်ကတော့ လုပ်ပြီ၊ ဂိုဏ်းချုပ်ယဲ့ကိုတောင် နောက်ပြောင်နေသေးတယ်။ ဒါပေမယ့် နင်က အပြောပဲ ရှိတာပါ။ နင် ချိန်းတွေ့ရမယ့် အချိန်ကျရင်တော့ အမြဲတမ်း အကြောင်းပြချက် ပေးပြီး ရှောင်နေတာပဲ မဟုတ်လား...”

ဖန်ဟိုင်ယွင်က မျက်လုံးလှန်ကြည့်ကာ ပြောလေ၏။

ရှဲ့ကျားရင်က ခါးထောက်လိုက်ရင်း...

“အပြောရှိရင် ငါ့အတွက် လုံလောက်ပြီလေ၊ ဘာလို့ လက်တွေ့လုပ်နေရဦးမှာလဲ။ ဒါ့အပြင် ဒီအပျိုကြီးက ပျော်လို့ မဝသေးဘူး။ နောင်ကျရင် ငါက ပင်လယ်ဘုရင် ရဲ့ မိန်းမ ဖြစ်လာမှာ...”

ဖန်ဟိုင်ယွင်မှာ ပြောစရာ စကားပင် ပျောက်ရှသွားရတော့၏။

“ရှဲ့ကျားရင်.. နင်ကတော့ ဒီအဘိုးကြီးကို သေအောင် လုပ်နေတာပဲ။ ဒီနေ့က စပြီး ဒီဂိုဏ်းခွဲကို နင် တစ်ယောက်တည်း စောင့်တော့။ ငါတော့ အခုချက်ချင်း ဂိုဏ်းကို ပြန်ပြီ”

ရှဲ့ကျားရင်၏ ပေါက်ကရ စကားများကို ကြားသောအခါ ဂိုဏ်းခွဲ အကြီးအကဲမှာ ဆက်မနေနိုင်တော့ဘဲ သက်ကယ်မိုးတဲ ခေါင်မိုးကို ထိုးဖောက်ကာ ကြိုးကြာဖြူကြီး တစ်ကောင်ပေါ် စီးနင်းလျက် ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။

“လမ်းမှာ ဘေးကင်းပါစေနော်...”

ရှဲ့ကျားရင်က အကြီးအကဲကို လက်ယမ်းနှုတ်ဆက်လိုက်ရာ ထိုအဘိုးကြီးမှာ ဒေါသထွက်လွန်းသဖြင့် ကြိုးကြာဖြူပေါ်မှ ပြုတ်ကျတော့မတတ် ဖြစ်သွားရှာ၏။

ဖန်ဟိုင်ယွင်သည် ရှဲ့ကျားရင်၏ ပြားချပ်နေသော ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရင်း သူမသည် ပင်လယ်ဘုရင်၏ မိန်းမ ဖြစ်ချင်သည့် စိတ်ထားရှိသော်လည်း ကံမကောင်းစွာဖြင့် ခန္ဓာကိုယ် အချိုးအစားကတော့ မပြည့်စုံရှာဘူးဟု စိတ်ထဲမှ တွေးလိုက်မိလေ၏။

ယဲ့ဖုန်းသည် သူ၏ ခြေထောက်ရှိ သံမဏိဖိနပ်များကို ဝတ်ဆင်ကာ သူရဲကောင်း ဝိညာဉ်များ၏ စွမ်းအားကို အစွမ်းကုန် အသုံးချလျက် ခြေလှမ်းကျဲကျဲဖြင့် ပြေးလွှားနေလေ၏။ ခဏချင်းအတွင်း မီတာ ရာနှင့်ချီ ခရီးကို ဖြတ်ကျော်နိုင်သဖြင့် သူသည် များစွာ စိတ်လှုပ်ရှားနေမိသည်။

မကြာမီတွင် သူသည် မြူခိုးတောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာ၏။

“အစ်ကိုကြီး ခေါင်းပြား... ဒီအစာတွေကို အရင်မြည်းကြည့်စမ်း...”

ယဲ့ဖုန်းသည် ဝိဉာဉ်သားရဲအစာ (၁၀) ပေါင်ခန့်ကို ခွေးခွက် တစ်ခုအတွင်း ထည့်ပေးလိုက်ရင်း ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ပြုံးလိုက်လေ၏။

မွှေးကြိုင်လှသော အနံ့များမှာ ပျံ့လွင့်လာပြီး ဝိဉာဉ်သားရဲများနှင့် တပည့်များ၏ အာရုံကို ရုတ်ချည်း ဖမ်းစားသွားလေတော့သတည်း။

All Chapters