အခန်း (၁၅၀၄-၁၅၀၆)
Vol. 101 Ch. 1504-1506
အခန်း( ၁၅၀၄) ငါ့စစ်မှန်တဲ့ပုံစံကို နောက်ဆုံးတော့ ထုတ်ပြလို့ရပြီ
လူသားများ အံ့သြသွားကြသည်။ မည်သို့ပင်ဖြစ်စေကာမူ နတ်ဆိုးဘုရင်များသည် အဆင့်မြင့်သတ္တဝါများဖြစ်ကြသည်။ ၎င်းတို့သာဆိုပါက ဤနတ်ဆိုးများ၏ ခန္ဓာကိုယ်အစစ်အမှန်များကို တွန်းထုတ်ရန် မဖြစ်နိုင်ပေ။ ဤသို့လုပ်ရန် ချူးယွင်ဖန်းတွင် ကမ္ဘာပေါ်၌ ယှဥ်နိုင်စရာမရှိသော အရည်အချင်းများ ရှိခဲ့သည်။
"ဒီကျန်းဝူချန်က ဘယ်သူလဲ။ သူက ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းနေတာလဲ"
လူသားတစ်ယောက်က မည်ကဲ့သို့ ဤမျှ ကြောက်စရာကောင်းနိုင်သည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ကမ္ဘာပေါ်တွင် ဓားပညာရှင် အမြောက်အမြား ရှိကြောင်း ၎င်းတို့ ကြားဖူးကြသော်လည်း ချူးယွင်ဖန်းကဲ့သို့ လူမျိုးမူ မရှိကြပေ။
သို့သော်လည်း သူတို့သည် လျင်မြန်စွာ စိတ်အေးလက်အေးဖြင့် ဂျင်ဆင်းဘုရင်နှင့် ဆက်ဆံရန် အာရုံစိုက်လာကြသည်။ ဂျင်ဆင်းဘုရင်သည် အသိဥာဏ်ရပြီးဖြစ်ပြီး သိုင်းပညာနည်းစနစ်အမျိုးမျိုးကို အသုံးပြုနိုင်ပြီဖြစ်သည်။ ဂျင်ဆင်းဘုရင်၏ မြေကြီးရှောင်ကွင်းနည်းစနစ်ကို တံဆိပ်ခတ်ထားသော အစုအဝေးကြောင့်သာ မဟုတ်ပါက ဂျင်ဆင်းဘုရင်သည် ယခုအချိန်တွင် လွတ်မြောက်သွားလောက်ပြီဖြစ်သည်။ ဤကဲ့သို့သောကိစ္စသည် ဆေးပညာရှင်အသင်းအတွက် ပထမဆုံး သို့မဟုတ် ဒုတိယအကြိမ်မဟုတ်ပေ။ ၎င်းတို့ကလည်း အတွေ့အကြုံများစွာရှိသည်။
တစ်ဖက်တွင်မူ နတ်ဆိုးများကို တစ်ယောက်တည်း တွန်းလှန်ခဲ့သော ချူးယွင်ဖန်းကမည်သည့်ဖိအားကိုမျှ မခံစားရပေ။ သူသည် သူ၏ဓားကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းပြီး နတ်ဆိုးဘုရင်များကို တွန်းလှန်နိုင်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်သုန်သည် ဂျင်ဆင်းဘုရင်ကို မရယူနိုင်သေးသည်ကို သူမြင်ပြီး စိတ်မရှည်ဖြစ်လာသည်။ ဂျင်ဆင်းဘုရင်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး ရွှေအမတေပုံစံအဆင့် ကျင့်ကြံမှုရှိသော်လည်း ဝမ်သုန်၏ တိုက်ခိုက်ရေးအစွမ်းမှာ မကောင်းလှပေ။ မှန်သည်။ ဝမ်သုန်က အလွန် အားနည်းလွန်းသောကြောင့်မဟုတ်ပေ။ အဆင့်တူ ပညာရှင်များကြား၌ ဝမ်သုန်၏တိုက်ခိုက်ရေးစွမ်းအားက အောက်ဆုံးအဆင့်၌ ရှိနေသည်။ ဆေးပညာရှင်တစ်ဦး၏ အဓိက ဦးတည်ချက်မှာ တိုက်ခိုက်ရေးမဟုတ်ဘဲ ဆေးပညာသာဖြစ်သည်။
ထို့ကြောင့်ပင် ချူးယွင်ဖန်းက ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို ရခဲ့သည့်တိုင် ဆေးပညာလမ်းကြောင်းကို မလျှောက်နိုင်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူသာ ဆေးဧကရာဇ်လမ်းကြောင်းကို မှတ်ဉာဏ်အားကိုး၍ ဆေးဧကရာဇ်၏ ကျင့်ကကြံရေးကို အတုယူလုပ်ဆောင်နိုင်မည်ဆိုပါက ဆေးဧကရာဇ်၏ ကျင့်ကြံရေးလမ်းကြောင်းကို ပြန်လည် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သူ၏ ဆေးပညာစွမ်းရည်သည် ဆေးပညာနယ်ပယ်တွင်ရှိသော ပညာရှင်အားလုံးထက် သာလွန်သွားမည်ဖြစ်၏။
သို့သော် ဤသို့ဖြစ်ခဲ့ပါက အဆင့်တူ သိုင်းပညာရှင်များကြားတွင် သူ အားနည်းပေလိမ့်မည်။ နောက်ထပ် ဆေးဧကရာဇ်ဖြစ်လာနိုင်သော်လည်း ယင်းက သူလိုချင်သည့် ရည်မှန်းချက်မဟုတ်ပေ။
"ဘာလို့ အဲ့လောက်နှေးနေတာလဲ။ ငါကူညီပါရစေ။"
ချူးယွင်ဖန်၏ ကြီးမားသောလက်က ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး တံဆိပ်တုံးသင်္ကေတတစ်ခု လေထဲတွင် ပေါ်လာသည်။ ထို့နောက် ဤသင်္ကေတသည် ဂျင်ဆင်းဘုရင်ထံသို့ တည့်တည့်ပျံသန်းသွားသည်။
ဂျင်ဆင်းဘုရင်သည် ဝမ်သုန်နှင့် အခြားသူများနှင့် တိုက်ခိုက်နေစဉ်တွင် ရုတ်တရက် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသည်။ သူ ဆုတ်ခွာလိုသော်လည်း ဝမ်သုန်နှင့် အခြားသူများက သူ့ကို လွှတ်မပေးခဲ့ပေ။ ၎င်းတို့က အလျင်အမြန်ပင် တပ်ဖွဲ့ကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး သူ့ကို အထဲတွင် ပိတ်လှောင်ထားလိုက်ကြသည်။
ချက်ချင်းပင် ထိုသင်္ကေတက သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂျင်ဆင်းဘုရင်၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားသည်။ ဂျင်ဆင်းဘုရင်ရဲ့ ခန္ဓာကိုယ်ထဲက မြင့်တက်လာသည့် နတ်ဘုရားစွမ်းအားက ချက်ချင်း ချိပ်စည်းပိတ်ခံလိုက်ရသည်။ သူသည် အကြီးအကဲတစ်ဦးမှ
တစ်မီတာကျော်မြင့်ကာ ရှည်လျားသော အဖြူရောင်မုတ်ဆိတ်မွှေးများနှင့် ဖုံးအုပ်သွားသည့် ဂျင်ဆင်းအဖြစ်ပြောင်းလဲသွားသည်။
ဤသည်က သူ၏ စစ်မှန်သော ပုံစံပင်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် လူမျက်နှာနှင့်တူသော အမူအရာတစ်ခုကိုပင် ဖန်တီးနိုင်သည်။ ဤသည်က ဝိဉာဥ်အဖြစ်ဖြစ်လာခဲ့သော ဆေးဖက်ဝင်အပင်ဘုရင်တစ်ပါးပင်ဖြစ်သည်။ ထို့ကြောင့် သူသည် သာမန်ဆေးဖက်ဝင်အပင်များနှင့် များစွာကွာခြားသည်။
"ဒါကောင်းလိုက်တာ!"
ဝမ်သုန်၏ မျက်နှာက အံ့အားသင့်မှုများနှင့် ပျော်ရွှင်မှုတို့နှင့်ပြည့်နှက်နေသော်လည်း တစ်ချိန်တည်း၌ပင် သူ အလွန် အံ့သြသွားသည်။ ၎င်းတို့ ပေါင်းလျှင်ပင် ဤဂျင်ဆင်းဘုရင်ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းနှင့်ရင်ဆိုင်ရသောအခါ ဂျင်ဆင်းဘုရင်က လုံးဝ မယှဥ်နိုင်ပေ။ သူ၏ နတ်ဘုရားစွမ်းအားက ချက်ချင်း ချိပ်စည်းပိတ်ခံလိုက်ရကာ သူ၏ မူလပုံစံသို့ ပြောင်းလဲသွားသည်။
နတ်ဘုရားစွမ်းအား၏ အထောက်အပံ့မပါဘဲ ဂျင်ဆင်းဘုရင်သည် သူ၏ မူလပုံစံသို့ ပြန်ရောက်သွားခဲ့သည်။
ဝမ်သုန်ကို မည်သို့ တားနိုင်မည်နည်း။
ဝမ်သုန်က ဂျင်ဆင်းဘုရင်ကို လေဟာနယ်အိတ်ထဲသို့တိုက်ရိုက်ထည့်လိုက်သည်။ ဂျင်ဆင်းဘုရင်က တုန်လှုပ်၍ လွတ်မြောက်ရန် ရုန်းကန်နေရသော်လည်း ချူးယွင်ဖန်းက သူ့အပေါ်ချထားသည့် စည်းချိပ်အဆောင်လက်ဖွဲ့မှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သူ၏ ခွန်အားက ချူးယွင်ဖန်းထက် များစွာ နိမ့်ကျနေသည်။
ဂျင်ဆင်းဘုရင်ကို ရရှိပြီးနောက် ဝမ်သုန်က အော်လိုက်သည်။
"ဓားသခင်လေး ငါကူညီဖို့ အသင့်ဖြစ်နေပြီ”
ဝမ်သုန်က အော်၍ တိုက်ပွဲဝင်ချင်သော်လည်း ချူးယွင်ဖန်းက ပြောလိုက်သည်။
“ခင်ဗျားတို့က ကျုပ်ကို ဘာကူညီပေးနေတာလဲ။ ကျုပ် သူတို့ကို တားဖို့ ကူညီပေးမယ်”
ဝမ်သုန်နှင့် အခြားသူများသည် ၎င်းတို့၏လမ်းကြောင်းပေါ်တွင် ရပ်တန့်သွားကြသည်။ ချူးယွင်ဖန်သည် အထူးသဖြင့် ဝမ်သုန်၏ အကူအညီကို လုံးဝမလိုအပ်ဟု သူတို့ မမျှော်လင့်ထားပေ။ သူ၏ခွန်အားသည် အဆင့်တူကျွမ်းကျင်သူများကြားတွင် အားနည်းသော်လည်း သူသည် ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းက ၎င်းတို့ကို လုံးဝ မုန်းတီးလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။
သို့သော် ၎င်းတို့သည် တုံ့ဆိုင်းခြင်းမရှိပေ။ ချူးယွင်ဖန်းက တိုက်ပွဲတွင် ဘယ်ညာချီတက်နေသည်ကို ၎င်းတို့ မြင်တွေ့ခဲ့ရသည်။ သူသည် အားနည်းချက် လုံးဝမရှိပုံပေါ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ အကူအညီ မလိုအပ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်ကြသည်။ ချူးယွမ်ဖန် ထွက်သွားလိုပါက သူ့ဘာသာ ထွက်သွားနိုင်သည်။
ဤအရာကိုစဥ်းစားရင်းဖြင့် ဝမ်သုန်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ချူးယွင်ဖန်း၏ ကြိုးပမ်းအားထုတ်မှုများကို အလဟဿ မဖြစ်စေရပေ။
"သွားကြရအောင်”
သူပြောနေစဥ်၌ အကြီးအကဲဘိုးဘေးက ခြေထောက်ပေါ် ပြန်တက်နိုင်အောင် ကူညီပေးလိုက်သည်။ ထို့အပြင် အခြားသူများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရနေသည့် ဆေးပညာအစည်းအရုံးမှ ကျွမ်းကျင်သူများကို ကူညီပေးခဲ့ကြသည်။ ဤလူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားခဲ့ကြသည်။
နတ်ဆိုးဘုရင်များသည် ဤမြင်ကွင်းကိုမြင်သောအခါ အော်ဟစ်ပြီး ဒေါသထွက်ကြသည်။ သူတို့သည် ဂျင်ဆင်းဘုရင်အတွက် ဤနေရာသို့လာခဲ့သော်လည်း ယခုအခါ ဂျင်ဆင်းဘုရင်သည် ၎င်းတို့၏လက်မှ လွင့်စင်တော့မည်ဖြစ်သည်။ ၎င်းတို့အားလုံး ဒေါသထွက်နေကြသော်လည်း ချူးယွင်ဖန်က ၎င်းတို့ကို အဆက်မပြတ်တားဆီးနေသောကြောင့် သူ့နောက်သို့ မလိုက်နိုင်ခဲ့ပေ။
၎င်းတို့၏ အစွမ်းနှင့် ချူးယွင်ဖန်း၏ ခံစစ်ဝိုင်းကို မဖောက်ထွက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းက ၎င်းတို့ကို လွယ်လွယ်နှင့် အနိုင်ယူခဲ့ခြင်းကြောင့်မဟုတ်ပါက အမြန်ပြေးနိုင်ခဲ့မည်မဟုတ်ပေ။ မဟုတ်ပါက ၎င်းတို့ ဖောက်ထွက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ချူးယွင်ဖန်းက သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်ကာ သူ၏ရှေ့မှ နတ်ဆိုးများကိုကြည့်လိုက်သည်။ ၎င်းတို့က နတ်ဆိုးဘုရင်များဖြစ်ကာ ၎င်းတို့၏ ပုံစံအစစ်အမှန်များက ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ နတ်ဆိုးစွမ်းအင်များက ကောင်းကင်ယံထိ ထိုးတက်သွားကာ လိပ်ပြာများကဲ့သို့ လိပ်နေသည့် နတ်ဆိုးတိမ်တိုက်များကို ဖွဲ့စည်းလိုက်သည်။
ချူးယွင်ဖန်းက ပြုံးလိုက်သော်လည်း နတ်ဆိုးဘုရင်များအားလုံး အနည်းငယ်ကြောက်သွားကြသည်။ ၎င်းတို့က ယခင်က သူ၏ အပြုံးကို တစ်ခါမျှ မမြင်ဖူးကြပေ။ နောက်ကွယ်တွင် တစ်ခုခုကြံစည်မှုရှိသည်ဟု ခံစားလိုက်ကြရသည်။ ၎င်းတို့က ချက်ချင်းပင် သတိထားလိုက်ကြ၏။
"အချိန်အတော်ကြာ ဟန်ဆောင်ပြီးတဲ့နောက်မှာ ဘယ်သူမှ မကျန်တော့ဘူး။ ငါ စစ်မှန်တဲ့အရောင်ကို ဖော်ထုတ်နိုင်ပြီ!" ချူးယွင်ဖန် ပြုံးလိုက်ပြီး သူ၏ မူလအသွင်အပြင်ကို ပြန်သွားလိုက်သည်။
နတ်ဆိုးဘုရင်များသည် ချူးယွင်ဖန်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။ ဤဓားပညာရှင်သည် အသွင်ပြောင်းနည်းစနစ်ကို အသုံးပြု၍ တစ်စုံတစ်ဦးသော သတ္တဝါအဖြစ်သို့ ပြောင်းလဲသွားသည်မှာ မယုံနိုင်စရာပင်ဖြစ်သည်။
ဒါမဖြစ်နိုင်ဘူး။
၎င်းတို့အားလုံးက သိုင်းပညာကျွမ်းကျင်သူများဖြစ်ကြကာ ၎င်းတို့ တစ်ဦးဆီသည် ၎င်းတို့၏ နတ်ဘုရားမျက်လုံးကို အသက်သွင်းထားကြသည်။ သာမန် အသွင်ပြောင်းနည်းစနစ်များသည် ၎င်းတို့၏ မျက်လုံးများမှ ပုန်းအောင်း၍ မရနိုင်ပေ။ ၎င်းတို့ထဲမှ တစ်ယောက်ဆီမှ ဖုံးကွယ်ထား၍ ရသည်ဟုပြောလျှင်ပင် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ အမြောက်အမြားသည် ဤအရာကို မမြင်ခဲ့ကြပေ။ လူသားများကပင် ဤအရာကို မမြင်နိုင်ကြပေ။ ယင်းက အလွန် အံ့သြဖွယ်ကောင်းလွန်းသည်။
“မင်းက ချူးယွင်ဖန်းပဲ”ရွှေခြင်္သေ့ဘုရင်က ချူးယွင်ဖန်၏ အမည်ကို ချက်ချင်းပြောလိုက်သည်။
အခန်း(၁၅၀၅) စစ်မှန်သော ခွန်အားက နတ်ဆိုးများကို တုန်လှုပ်စေသည်။
ရွှေခြင်္သေ့ဘုရင်၏ မျက်လုံးများက အံ့အားသင့်မှုများနှင့်ပြည့်နေသည်။ သူက ချူးယါင်ဖန်းကို ချက်ချင်းမှတ်မိလိုက်သည်။ မွန်းစတားသုတ်သင်သူများဂိုဏ်းက အနောက်ဘက်နယ်စပ်ကိုစောင့်ကြပ်ကာ နတ်ဆိုးများကို ပစ်မှတ်ထားခဲ့ကြသည်။ အနောက်ဘက် နတ်ဆိုးနယ်မြေကလည်း မွန်းစတတားသုတ်သင်သူများအပေါ် အလွန် စိုးရိမ်ပူပန်ခဲ့သည်။
တစ်ချိန်က ချူးယွင်ဖန်းသည် မွန်းစတားသုတ်သင်သူများဂိုဏစ်း၏ အစွမ်းထက်ဆုံးပညာရှင်နှစ်ဦးကို တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့သည်။ ဤသည်က တစ်ချိန်က ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့သည်။ နတ်ဆိုးများက မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။ အထူးသဖြင့် တဝေတွင် နံပါတ်တစ်ကျွမ်းကျင်သူဖြစ်လာသော ချူးယွင်ဖန်းဖြစ်သည်။ အနီးနားတွင်ရှိနေသော အနောက်ဘက် နတ်ဆိုးနယ်မြေအတွက် သူသည် အာရုံစိုက်ရန် လိုအပ်သော ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
ချူးယွင်ဖန်က ကျန်းဝူချန်ဟူသော ပုံစံဖြင့်ရှိနေချိန်၌ ၎င်းတို့ ဤသို့တွေ့ရမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ကြပေ။ ရွှေခြင်္သေ့ဘုရင်က ကျန်းဝူချန်ကို အဘယ်ကြောင့် ဆက်ဆံရခက်ခဲသည်ဆိုသည်ကို ၎င်းတို့ နောက်ဆုံးတွင် နားလည်သွားကြသည်။ သူသည် မွန်းစတားသုတ်သင်သူများဂိုဏ်းကို ဖျက်ဆီးခဲ့သည့် တဝေ၏ နံပါတ်တစ်ကျွမ်းကျင်သူ ချူးယွင်ဖန်ဖြစ်နေကြောင်း သိလိုက်ရသည်။
ဤအချိန်တွင် ရွှေခြင်္သေ့ဘုရင်၏ အမူအရာသည် ပို၍ပင် အေးစက်လာသည်။ သူ့နောက်ကွယ်ရှိ နတ်ဆိုးဘုရင်များလည်း ချူးယွင်ဖန်ကို မှတ်မိကြသည်။ သူတို့အားလုံးသည် သူ့ကို အလွန်ရင်းနှီးကြသည်။
ချူးယွင်ဖန်၏ မူလအသွင်အပြင်ကို ပြန်ရောက်လာသည်ကို မြင်သောအခါ ၎င်းတို့က သူ့ကိို ပို၍ပင် မုန်းတီးကြသည်။ သူ့ကို အပိုင်းပိုင်းဆွဲဖြဲပစ်လိုကြသည်။ ချူးယွင်ဖန် ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့ကို အထင်သေးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
"သူ့ကိုသတ်!" ရွှေခြင်္သေ့ဘုရင်ရဲ့မျက်လုံးများက ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်နှင့်ပြည့်နေသည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးက အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူ့တွင် ယခင်က ရှိခဲ့သော သတ်ဖြတ်ချင်စိတ်နှင့်မတူပေ။ ယခင်က ချူးယွင်ဖန်းကို မနှိမ်နင်းသောကြောင့် ဒေါသထွက်နေခဲ့ခြင်းဖြစ်ကာ ယခု အရိုးထိအောင် အေးစက်သော သတ်ဖြတ်ချင်စိတ်သာရှိသည်။
ချူးယွင်ဖန်းက အနောက်ဘက်နတ်ဆိုးနယ်မြေအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
"ငါ့ကိုသတ်ဖို့ကြိုးစားနေတာလား။ ဟားဟား၊ မင်းတို့ထဲက နည်းနည်းပဲလား။ အရင်က ငါ့လက်တွေကို မချွေတာနိုင်ခဲ့ပေမယ့် အခုတော့ ငါစိတ်ပူစရာ သိပ်မရှိတော့ဘူး။ မင်းတို့အားလုံး အခုသေလို့ရပြီ!" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
သူ၏ ဓားကျင့်စဥ်က အလွန် အံ့အားသင့်ဖွယ်ကောင်းသော်လည်း သူ၏ ခွန်အား၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဓားကို ဝှေ့ယမ်းနေချိန်၌ သူ့ခြေထောက်များကို ချည်ထောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိပေ။ သို့သော် ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ အခြား မည်သူမျှ မရှိသောကြောင့် သူပုန်းနေရန် မလိုတော့ပေ။
“သူ့ကို ဖမ်း”
ဤနတ်ဆိုးဘုရင်များသည် ၎င်းတို့၏ အစွမ်းထက်ဆုံး နတ်ဆိုးရောင်ဝါကို ထုတ်လွှတ်လိုက်ကြသည်။ စုပေါင်းရောင်ဝါသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ဘောလုံးတစ်လုံးအဖြစ် စုစည်းသွားသည်။ ဤနတ်ဆိုးဘုရင်များသည် တိုက်ပွဲပုံစံတစ်ခုကို ဖွဲ့စည်းပြီး တောင်ငယ်လေးတစ်လုံးခန့်ရှိသော ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ကို ဖွဲ့စည်းလိုက်သည်။ ထိုပုံသဏ္ဌာန်သည် အံ့အားသင့်ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်သည် ရှုံးနိမ့်လိုခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံး ဆူပွက်လာကာ ချက်ချင်းပင် မိုးကြိုးများအဖြစ် ကောင်းကင်ယံ၌ ပြည့်နှက်သွားသည်။ ချူးယွင်ဖန်းကို ဗဟိုပြု၍ မရေမတွက်နိုင်အောင် များပြားလှသော မိုးကြိုးများသည် ပင့်ကူအိမ်ကဲ့သို့ ပြန့်ကျဲသွားပြီး မိုးကြိုးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤမိုးကြိုးမုန်တိုင်း၏အလယ်ဗဟိုတွင် ချူးယွင်ဖန်သည် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ မိုးကြိုးတစ်ချက်စီသည် မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ဖြစ်သည်။ ၎င်းက ရေစည်ကြီးများကဲ့သို့ ထူထဲကာ နတ်ဆိုးဘုရင်များထံ ဗုံးများကဲ့သို့ ကျလာသည်။
နတ်ဆိုးဘုရင်များ ဟိန်းဟောက်လိုက်ကြသည်။ နတ်ဆိုးများ အကြောက်ဆုံးမှာ ကမ္ဘာပေါ်တွင် အသန့်စင်ဆုံး ယန်စွမ်းအင်ကို ကိုယ်စားပြုသည့် မိုးကြိုးစွမ်းအားဖြစ်သည်။ မိုးကြိုးစွမ်းအား ပေါက်ကွဲသွားသောအခါ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည်။ ၎င်းက ၎င်းတို့ကဲ့သို့သော နတ်ဆိုးများအတွက် ကြီးမားသော တားဆီးမှုများဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်တွင် မိုးကြိုးးစွမ်းးအားကို အနည်းနှင့် အများ ခုခံနိုင်သော်လည်း ဤတားဆီးမှုမှာ ယနေ့တိုင် ရှိနေသည်ကို ငြင်းမရပေ။
နတ်ဆိုးဘုရင်များ ဖွဲ့စည်းထားသော အစုအဝေးသည် ပြင်းထန်စွာ တုန်ခါလာသည်။ ချူးယွင်ဖန်းက ၎င်းကို တစ်ယောက်တည်း လှုပ်ခါခဲ့သည်။
ဤအချိန်တွင် သူ၏အစွမ်းအစအားလုံးကို ထုတ်လွှတ်လိုက်သော ချူးယွင်ဖန်းက ၎င်းတို့အား
ယခင်ကထက် များစွာပို၍ ကြောက်စရာကောင်းသော ဖိအားတစ်ခု ပေးလိုက်သည်။
“ဝေါင်း”
ရွှေခြင်္သေ့ဘုရင်သည် ပါးစပ်ကို ကျယ်ကျယ်ဟပြီး ချူးယွင်ဖန်းဘက်သို့ ခုန်အုပ်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ့ထက် များစွာပိုမြန်သည်။ ချက်ချင်းပင် ချူးယွင်ဖန်း၏ လက်ကြီးသည် ကောင်းကင်တစ်လျှောက် ပျံ့နှံ့နေသော မိုးကြိုးကို ဆုပ်ကိုင်ကာ ဓားရှည်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဓားအလင်းက ထိတ်လန့်ဖွယ်အလင်းတန်းတစ်ခုဖြင့် လင်းလက်သွားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
နောက်တစ်ခဏအတွင်း၌ပင် ချူးယွင်ဖန်းက အစုအဝေးထဲသို့ဝင်လာသည်။ အစုအဝေးမှ ပျံ့နှံ့လာသည့်
နတ်ဆိုးစွမ်းအင်က နေရာတစ်ခုလုံးကို ရွှံ့နွံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေကာ လူများ ရွေ့လျားရန် ခက်ခဲစေသည်။ သို့သော် ဤသည်က ချူးယွင်ဖန်းအတွက် ပြဿနာမရှိပေ။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကို ထုတ်လွှတ်လိုက်ပြီးနောက် ချွန်ထက်သည့် ဓားတစ်ချောင်းကဲ့သို့ ပတ်ပတ်လည်ကို လှည့်ပတ်နေသည်။ နတ်ဆိုးစွမ်းအင်က သူ့ကို မည်သို့ ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။
သူ့ခြေထောက်အောက်က မိုးကြိုးကို နင်းလိုက်သောအခါ ထိုနယ်မြေသည် သူပိုင်ဆိုင်သော နယ်မြေတစ်ခုအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။ ခဏတာအတွင်း၌ပင် သူသည် နတ်ဆိုးဘုရင်တစ်ပါး၏ ရှေ့မှောက်သို့ရောက်သွား၏။
ဤရွှေအမတေနတ်ဆိုဘုရင်က ချူးယွင်ဖန်းကိုရှောင်၍ ဆုတ်ခွာရန် ကြိုးစားသော်လည်း သူ၏ အမြန်နှုန်းက ယှဥ်၍ မရပေ။ ချူးယွင်ဖန်းက သူ၏ ဓားဖြင့် ခုတ်ပိုင်းချလိုကသ်ည်။ တောင်ကုန်းငယ်လေးတစ်ခုစာမျှ ကြီးမားသော နတ်ဆိုးဘုရင်က အော်ဟစ်ကာ ထက်ခြမ်းကွဲသွားခဲ့သည်။ ဒဏ်ရာက ချောမွေ့နေကာ လုံးဝလောင်ကျွမ်းနေသည်။ ယင်းက မိုးကြိုးပစ်ခံရသောကြောင့် ပြတ်ရှသွားသည့် ရလဒ်ပင်ဖြစ်သည်။
ထိုအခြေအနေ၌ ချူးယွင်ဖန်းက ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်သည်။
“သူ့ကို ဝိုင်းထားကြ။ သူ့ကို မလွတ်စေနဲ့” ရွှေခြင်္သေ့ဘုရင်က ဟိန်းဟောက်လိုက်သည်။
သူအလွန် ဒေါသထွက်နေသည်။ သူ့ခြေထောက်ကို နင်းလိုက်သောအခါ မြေပြင်၏ မရေမတွက်နိုင်သော အပိုင်းအစများ ကွဲအက်သွားပြီး ချူးယွင်ဖန်၏ ဦးတည်ရာသို့ တည့်တည့်မတ်မတ် ပျံ့နှံ့သွားသည်။
နတ်ဆိုးဘုရင်များသည် ဟိန်းဟောက်ကာ ချူးယွင်ဖန်းကို ဝိုင်းရံထားပြီး သူ၏လှုပ်ရှားမှုကို ကန့်သတ်ထားသည်။ ချူးယွင်ဖန်း၏ အမြန်နှုန်းက အလွန်မြန်လွန်းသည်။ ၎င်းတို့ တစ်ဦးချင်းလာပါက သူ့ကို လိုက်မီနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထားရသည်။
"ငါ့ကို ချုပ်နှောင်ဖို့ ကြိုးစားနေတာလား။ ဟားဟား၊ မင်း လုပ်နိုင်လား" ချူးယွင်ဖန်း အလွန်ကျေနပ်သွားသည်။
ဤသည်မှာ သူ၏ စစ်မှန်သော တိုက်ခိုက်ရေး အစွမ်းဖြစ်သည်။ အစောပိုင်းက ကျန်းဝူချန်အဖြစ် ဟန်ဆောင်ရန် ၎င်းကို မပြသနိုင်ခဲ့ပေ။
"ချိုးဖျက်လိုက်! ပထမဆုံး ငရဲကန်ချက်!" ချူးယွင်ဖန်းက ဟိန်းဟောက်လိုက်သည်။
ဤနတ်ဆိုးများက သူ့ကို သတ်ချင်ကြသော်လည်း သူလည်း ၎င်းတို့ကို သတ်ချင်ခဲ့သည်။ အစပိုင်းတွင် သူသည် အနောက်ဘက်နတ်ဆိုးနယ်မြေကို အလေးအနက်မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ မွန်းစတားသုတ်သင်သူများ နှိမ်နင်းခဲ့သော တပ်ဖွဲ့တစ်ခုက အစွမ်းထက်လှမည်မဟုတ်ပေ။ သို့သော် ယခု သူ၏ ယခင် အတွေးအခေါ်က ကြီးမားသော အမှားတစ်ခု ဖြစ်နိုင်ကြောင်း သဘောပေါက်လာသည်။
အနောက်ဘက်နတ်ဆိုးနယ်မြေက အနောက်ဘက်တွင် အဘယ်ကြောင့် ပုန်းအောင်းနေသည်ကို မသိရသော်လည်း ရှိနေသရွေ့ တဝေနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဤသို့ဖြစ်သောကြောင့် ဤအခွင့်အရေးကို အသုံးချကာ ၎င်းတို့၏ အတောင်များကို ဖြတ်ပစ်လိုက်ခြင်းကး အကောင်းဆုံးဖြစ်သည်။ လူမျိုးများကြားမှ ရန်ပွဲက အခြား မည်သည့် အရာထက်မဆို အဆတစ်ရာ ပိုမို ရက်စက်သည်။
အခန်း(၁၅၀၆) တစ်ဖက်သတ် သုတ်သင်ခြင်း
ဘမ်း!
ချူးယွင်ဖန်သည် ကြမ်းပြင်ကို ဖိနင်းလိုက်သည်။ သူသည် ငရဲရေများကို အဆုံးမရှိသယ်ဆောင်လာသော ဧရာမဓမ္မရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခြေထောက်သည် နတ်ဆိုးဘုရင်များဖွဲ့စည်းထားသော အစုအဝေးပေါ်သို့ ရက်စက်စွာကျရောက်သွားသည်။
အစုအဝေးက ပြင်းထန်စွာ တုန်ခါသွားပြီး နတ်ဆိုးဘုရင်များကလည်း အံ့အားသင့်သွားပုံရသည်။ အစုအဝေးက သူတို့ စုစည်းထားသည့် အင်အားနှင့် ဖွဲ့စည်းထာခြင်းဖြစ်သည်။
တစ်နှင့်တစ် ပေါင်းလျှင် နှစ်နှင့် ညီမျှသည်ဟု မဆိုနိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏ ကန်ချက်အောက်၌ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
"ဒါက သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းသတ္တိ ဖြစ်နိုင်လား" နတ်ဆိုးအများစုက တွေးလိုက်ကြသည်။
"ချိပ်စည်းကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး”
ရွှေခြင်္သေ့ဘုရင်က ဟိန်းဟောက်လိုက်သည်။ သူသည် အစီအစဥ်၏ စွမ်းအားကို လည်ပတ်စေပြီး သူ့ခန္ဓာကိုယ်ကို မြှင့်တင်လိုက်သည်။ ကောင်းကင်ယံထိ မြင့်တက်နေသော တောင်ကြီးတစ်တောင်ကဲ့သို့ အပြေးအလွှားမြင့်တက်လာသည်။ အပေါ်ကို ကြည့်လိုက်သောအခါ အံ့အားသင့်သွားကြသည်။
"ဆင်း”
ချူးယွင်ဖန်က "ဒုတိယ ငရဲကန်ချက်” ဟုအော်လိုက်သည်။
သူ တစ်ဖန် ခြေဆောင့်နင်းပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် နောက်တစ်ဆင့်သို့ မြင့်တက်လာသည်။ သာမန်လူများ စိတ်ကူးနိုင်သောအရာ မဟုတ်ပေ။
ဘမ်း!
ရွှေခြင်္သေ့ဘုရင်သည် လေထဲတွင် နင်းခြေခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သံတုံးကြီးတစ်ခုနှင့် ထိမိသွားသယောင်ဖြစ်ပြီး မယုံနိုင်လောက်အောင် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် ဥက္ကာပျံတစ်စင်းကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဘမ်း!
လူတိုင်း မှင်သက်သွားကြသည်။ တပ်ဖွဲ့ဖြင့် ခွန်အားပေးခံထားရသော ရွှေခြင်္သေ့ဘုရင်ကို ချူးယွင်ဖန်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေနေသကဲ့သို့ မြေပြင်ပေါ်သို့ နင်းချေနေသည်ကို သူတို့ ကြည့်နေကြသည်။
ချူးယွင်ဖန်က တွန့်ဆုတ်ခြင်းမရှိပေ။
"ချိုးဖျက်လိုက်! တတိယမြောက် ငရဲကန်ချက်”
ဤကန်ချက်က ယခင်ကထက် များစွာ ပိုမိုပြင်းထန်သည်။ အဆုံးမဲ့ငရဲရေများသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့် အစုအဝေးဆီကို ရိုက်ခတ်သွားသည်။
ဘမ်း!
အစုအဝေးက ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေအမတေ ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အစုအဝေးသည် ပြင်းထန်စွာ တုန်ခါသွားသည်။
အဖွဲ့ကို အုပ်ချုပ်နေသည့် နတ်ဆိုးဘုရင်များသည် ပါးစပ်ထဲမှ သွေးအပြည့် အန်ထုတ်လိုက်ကြသည်။ ၎င်းတို့၏
ရင်ဘတ်ကို ထိမှန်သွားသည့် ပြင်းထန်သော ဒဏ်ရာတစ်ခု ခံရသကဲ့သို့ ခံစားလိုက်ရသည်။ အဖွဲ့က မပျက်စီးသွားသော်လည်း ၎င်းတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။
ဤအစုအဝေးက လူတစ်ဦးချင်းစီ၏ ခွန်အားကို မြှင့်တင်ပေးရုံသာမက လူတိုင်း၏ ခွန်အားကို မျှဝေခံစားနိုင်စေမည်ဖြစ်သည်။
တစ်ချိန်တည်း၌ပင် ပျက်စီးဆုံးရှုံးမှုများကိုလည်း လျှော့ချပေးနိုင်သည်။ တိုက်ခိုက်မှုအားလုံးကို ညီတူညီမျှ ခွဲဝေပေးနိုင်သည်။ ထို့အပြင် ပိုင်းခြားမှု၏ ရလဒ်က ၎င်းတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်ခံရသကဲ့သို့ သွေးများ အန်ထုတ်သွားစေလောက်အောင် လုံလောက်သည်။ ၎င်းတို့ကို နင်းခြေလိုက်ပါက ချက်ချင်းသေသွားနိုင်သည်။
သို့သော် ၎င်းတို့ ဆက်မတွေးနိုင်ခင်တွက် ချူးယွင်ဖန်းက ထပ်အော်လိုက်သည်။
“စတုတ္ထမြောက် ငရဲကန်ချက်”
အမှန်တကယ် ကြောက်စရာကောင်းသော မြေကြီးကို တုန်လှုပ်စေသော ခြေဆောင့်သံ ရောက်ရှိလာတော့မည်။ ယခင် သုံးလှမ်းနှင့် စတုတ္ထလှမ်းကြား ကွာခြားချက်က အလွန်ကြီးမားလွန်းသည်။ ယခင် သုံးလှမ်းသည် စတုတ္ထလှမ်းအတွက် အခြေခံအုတ်မြစ်တစ်ခုမျှသာ ဖြစ်သကဲ့သို့ပင်ဖြစ်သည်။
ဘမ်း
ခြေဆောင့်သံ ဆင်းသက်လာသည်။
ယခင့်ယခင် ခြေဆောင့်သံများကိုပင် မခံနိုင်သော အစုအဝေးသည် ချက်ချင်းပင် ပြိုလဲသွားသည်။ အစုအဝေးကို တာဝန်ယူထားသော နတ်ဆိုးဘုရင်များကို လွင့်ထွက်စေခဲ့သည်။
လေးကြိမ်ဆက်တိုက် ခြေဆောင့်ခြင်းသည် ချူးယွင်ဖန်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူသည် ရွှေအမတေအဆင့်တွင် မရှိတော့ပေ။ အလယ်အလတ် အမတေမဲ့အဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ခွန်အားသည် အဆင့်တစ်ခုတိုးလာခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်သည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိခဲ့သည်။ ဤစွမ်းအင်သုံးစွဲမှုအဆင့်သည် သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်ကို လုံးဝကုန်ဆုံးစေရန် မလုံလောက်ပေ။
သဘာဝအတိုင်းပင် သူသည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်မခံပေ။ သူ ပျောက်ကွယ်သွားပြီးနောက် တောင်ငယ်လေးတစ်တောင်ခန့်ရှိသော နတ်ဆိုးဘုရင်ရှေ့တွင် ပေါ်လာသည်။ တောင်ကုန်းတစ်တောင်ခန့်ရှိသော နတ်ဆိုးဘုရင်နှင့် နှိုင်းယှဉ်ပါက ၁.၈ မီတာသာရှိသော ချူးယွင်ဖန်သည် ဧရာမလူကို ရင်ဆိုင်နေသော ကလေးငယ်တစ်ဦးကဲ့သို့ ထင်ရသည်။
သို့သော် ဤကလေးသည် သူ့လက်သီးကို မြှောက်ကာ ထိုးလိုက်သည်။
ဘမ်း!
တောင်ကဲ့သို့သော နတ်ဆိုးဘုရင်သည် တိုက်ရိုက်ထိမှန်ခံခဲ့ရသည်။ သူသည် ယခင်ကလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ သူ တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပင် သူ့ခေါင်းကို ထိုးခံလိုက်ရသည်။ သူ့ခေါင်း ပေါက်ကွဲသွားပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်မှ ကျောက်တုံးကြီးတစ်ခုကဲ့သို့ ပြုတ်ကျသွားသည်။
သတ်ဖြတ်မှုက အမှန်တကယ် စတင်ခဲ့ပြီဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်းသည် နည်းစနစ်အမျိုးမျိုးကို အသုံးပြုခဲ့သည်။ ဓားရှည်ဖြစ်စေ၊ ဓားဖြစ်စေ၊ လက်သီးဖြစ်စေ ဤနတ်ဆိုးဘုရင်များသည် ခုခံနိုင်စွမ်းမရှိဘဲ တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ကြသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်သော နတ်ဆိုးဘုရင်များသည် ခုခံနိုင်စွမ်း မရှိတော့ပေ။ ခဏတာအတွင်း ချူးယွင်ဖန်သည် ဤနတ်ဆိုးဘုရင် ၂၀ ကို သတ်ဖြတ်ခဲ့သည်။
မြေပြင်ပေါ် တွယ်ကပ်ခံထားရသည့် လင်းနို့ဘုရင်က အံ့အားသင့်သွားသည်။ ယခင်က ယင်းကို
လက်မခံချင်ခဲ့သော်လည်း ယခု လက်ခံရန် ဘာမှမကျန်တော့ပေ။ သူအလွန် ကြောက်နေခဲ့သည်။ သတ်ဖြတ်မှုအမျိုးမျိုးကို သူ မြင်ဖူးသော်လည်း ထိုအရာများအားလုံးက ၎င်းတို့ကဲ့သို့ မြင့်မြတ်ကာ
အင်အားကြီးမားသော ရွှေအမတေများသည် သာမန် သတ္တဝါများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသာဖြစ်သည်။
ဤရွှေအမတေများကို ဂေါ်ဖီထုပ်များကဲ့သို့ အလွယ်တကူ ရိတ်သိမ်းနိုင်သည်ကို သူတစ်ခါမှ မမြင်ဖူးျပ။ ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးသော ဤအစွမ်းထက်သော ရွှေအမတေများသည် ချူးယွင်ဖန်၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်ပေ။
ဤသည်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု၊ တစ်ဖက်သတ်သတ်ဖြတ်မှုတစ်ခုပင်ဖြစ်သည်။
ပျံသန်းနေသော လင်းနို့ဘုရင်သာ မျက်မြင်ကိုယ်တွေ့မဖြစ်ခဲ့ဘူးဆိုရင် တစ်ယောက်ယောက်က ဤသို့လုပ်နိုင်လိမ့်မည်ဟု သူမယုံနိုင်ပေ။ ခဏတာအတွင်း၌
ရွှေအမတေပုံစံအဆင့် နတ်ဆိုး လေးကောင်သာ ကျန်တော့သည်။ ကြောင်နတ်ဆိုးဘုရင်၊ မီးခိုးရောင်မျောက်ဝံဘုရင်၊ ရွှေခြင်္သေ့ဘုရင် နှင့်
လင်းနို့ပျံဘုရင်တို့ဖြစ်ကြကာ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသည်။
အခြား အမတေမဲ့ နတ်ဆိုးများသည် ချူးယွင်ဖန်း၏
လှုပ်ရှားမှုတစ်ခုကိုပင် မခံနိုင်ဘဲ လုံးဝပျောက်ကွယ်သွားကြသည်။ မြင်ကွင်းတစ်ခုလုံးသည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေကာ ဤနတ်ဆိုးများ၏ အသက်ရှူသံသာ ကျန်တော့သည်။
"မင်းရဲ့ ဖွဲ့စည်းပုံက သိပ်မကောင်းပုံပဲ။ ရွှေခြင်္သေ့ဘုရင်၊ မင်းသေဖို့ အဆင်သင့်ဖြစ်ပြီလား" ချူးယွက်ဖန်းက လှောင်ပြောင်၍ ရွှေခြင်္သေ့ဘုရင်ကို လက်ညှိုးထိုးလိုက်သည်။
"အခု အခြေအနေတွေ ဒီအခြေအနေရောက်လာပြီဆိုတော့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ညီအစ်ကိုတို့၊ အခုကစပြီး ငါ့မျိုးနွယ်စုက ဒီကိစ္စကို ဖြေရှင်းဖို့ မင်းတို့ကို အားကိုးရတော့မယ်။ ငါ သူ့ကို တားမယ်။ မင်းတို့ ဒီကနေ ထွက်သွား။ ဒီသားရဲက အရမ်းရက်စက်တယ်။ ငါတို့က သူ့ကို မယှဉ်နိုင်ဘူး”
ရွှေခြင်္သေ့ဘုရင်သည် သူ့ရင်ခုန်မှုကို ခံစားလိုက်ရသည်။ သူသည် ယခင်က သွေးတပ်သားများကို သတိထားခဲ့သော်လည်း၊ ဤကဲ့သို့ မည်သူမျှ သူတို့ကို ရိုက်နှက်နိုင်လိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။ လူ့လောကမှ အဆင့်မြင့်ဆုံး သွေးတပ်သားများနှင့် ကြုံတွေ့ရလျှင်ပင် သူတို့ မကြောက်ကြပေ။ နတ်ဆိုးများက ၎င်းတို့ကို သတ်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။
သို့သော် ယခု ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို
တစ်ယောက်တည်း အနိုင်ယူလိုက်နိုင်ခဲ့ပြီဖြစ်ကာ ဤသည်က တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူသိသည်။