အခန်း (၁၅၀၇-၁၅၀၉)
Vol. 101 Ch. 1507-1509
အခန်း(၁၅၀၇) အနောက်ဘက်နတ်ဆိုးနယ်မြေ ဖျက်ဆီးခံလိုက်ရပြီ
နတ်ဆိုးများသည် တစ်ကိုယ်ကောင်းဆန်ကြသည်။
အေးစက်စက်နှင့် ရက်စက်ကြမ်းကြုတ်ကြသည်။
အခြေအနေများပြောင်းလဲသွားခဲ့ပါက ရွှေခြင်္သေ့ ဘုရင်က အခွင့်အရေး အနည်းငယ်လေး ရှိလျှင်ပင် နောက်တွင် နေခဲ့ရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်း ယခု ပြခဲ့သော စွမ်းအားအရ သူ နောက်တွင်နေပါက နိုင်ရန် အခွင့်အရေးမရှိတော့ဘဲ သေရုံသာ ရှိလိမ့်မည်။ အခွင့်အရေး အနည်းငယ်လေးရှိလျှင်ပင် နောက်တွင် နေရန် ရွေးချယ် လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်း ယခု ပြသခဲ့သော စွမ်းအားအရ သူနောက်တွ၍်ေ နလျှင် နိုင်ရန် အခွင့်အရေးမရှိဘဲ သေရုံသာ ရှိလိမ့်မည်။
သို့သော်လည်း နတ်ဆိုးများ၏ ရက်စက်မှုကို သူနားလည်သောကြောင့်သာ သူ နေ၍ ၎င်းတို့ကို တားခဲ့ရသည်။ သူ၏ မျိုးနွယ်စုကို မည်သူမျှ ဂရုမစိုက်ပါက မည်မျှပင် အင်အားကြီးစေကာမူ အခြားသူများက သိမ်းပိုက်သွားလိမ့်မည်။ မျိုးနွယ်စုကို ကြီးကြပ်ရန် ရွှေအမတေအဆင့်ရှိသူ မရှိသောကြောင့် မျိုးနွယ်စုသည် အနောက်ဘက် နတ်ဆိုးနယ်မြေတွင် အလွန် အားနည်းသည်။ အခြားသူများ၏ သနားကြင်နာမှုကြောင့်သာ
ဖြစ်သည်။ ထို့ကြောင့် အခြားနတ်ဆိုးဘုရင်နှစ်ပါးကို တောင်းဆိုရန် အခွင့်အရေးတစ်ခုရှိသည်။ သူ၏ သေဆုံးမှုကို ၎င်းတို့၏ ဂရုစိုက်မှူနှင့် လဲလှယ်ခဲ့ရသည်။ ၎င်းတို့ လုပ်နိုင်မည်လားဟူသည်ဆိုသော အချက်ကို သူမသိသော်လည်း အနည်းဆုံးအနေဖြင့် အခွင့်အရေးတစ်ခု ရှိသည်။
ချူးယွင်ဖန်းကို ပိတ်ထားသည်က မီးခိုးရောင်မျောက်ဝံဘုရင်နှင့် ကြောင်နတ်ဆိုးဘုရင်တို့သာဆိုပါက သူ့ကို ကြာကြာတားဆီးနိုင်ကြမည်မဟုတ်ပေ။ ချူးယွင်ဖန်းက ရွှေခြင်္သေ့ဘုရင်ကို လိုက်မှီသွားလျှင် သူလည်း သေသွားရလိမ့်မည်။
ဤအကြောင်းကို စဥ်းစားရင်းဖြင့် သူ၏ ကြီးမားသော မျက်နှာတွင် ကိုယ့်ကိုယ်ကိုယ် နှိမ်ချသော အမူအရာတစ်ခုပေါ်လာသည်။ ကျော်ကြား၍ ခမ်းနားထည်ဝါသော ရွှေခြင်္သေ့ဘုရင်သည် ဤသို့သော နေ့မျိုး ကြုံတွေ့ရလိမ့်မည်ဟု သူလုံးဝ မထင်ထားပေ။
ကျန်နတ်ဆိုးဘုရင်နှစ်ပါးသည် အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချလိုက်ကြသည်။ ရွှေခြင်္သေ့ ဘုရင်က ခံတပ်ကို ထိန်းချုပ်ထားသဖြင့် ၎င်းတို့ ထွက်သွားရန် အချိန်အလုံလောက်ရှိမည်မှာ သေချာသည်။ အသက်ရှင်နိုင်လျှင် မည်သူမျှ သေချင်ကြမည်မဟုတ်ပေ။
ချူးယွင်ဖန်းက နတ်ဆိုးတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားသဖြင့် သူ့ကို အနိုင်ယူရန် မဖြစ်နုငိ်ပေ။ ၎င်းတို့ ပူးပေါင်းလျှင်ပင် အနိုင်ရရန် အခွင့်အရေး မရှိပေ။ ယခု ၎င်းတို့ လုပ်နိုင်သည်က ထွက်သွားရန်သာဖြစ်သည်။
၎င်းတို့၏ ယခင် ပစ်မှတ်ကို မည်သူက မှတ်မိဦးမည်နည်း။ ၎င်းတို့ အသက်ရှင်နိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။
ဂျင်ဆင်းဘုရင်နှင့်ပတ်သက်၍မူ ၎င်းတို့က ယင်းကို ထည့်စဥ်းစားရန်ပင် မဝံ့ရဲကြပေ။ ဤအရာကို စဥ်းစားမိသောအခါ နတ်ဆိုးဘုရင်နှစ်ပါးသည် အလျင်အမြန်လှည့်ကာ ထွက်ပြေးရန် အလင်းတန်းတစ်ခုပေါ်သို့ နင်းလိုက်ကြသည်။
"မင်းတို့ ထွက်သွားလို့ ငါပြောပြီးပြီလား"
ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ချက်ချင်းပင် ၎င်းတို့ကို အမှီလိုက်နိုင်ခဲ့သည်။
“ငါက မင်းရဲ့ ပြိုင်ဘက်ပဲ” ရွှေခြင်္သေ့ဘုရင်က ဟိန်းဟောက်လိုက်သည်။
သူသည် ချူးယွင်ဖန်းကို တားရန် ရှေ့သို့ တိုးလာခဲ့သည်။ မူလက ရွှေရောင်အမွေးများသည် ချူးယွင်ဖန်၏ ထပ်ခါတလဲလဲတိုက်ခိုက်မှုများကြောင့် မီးခိုးရောင်သို့ ပြောင်းလဲသွားခဲ့သည်၊ သို့သော် ယခုအချိန်တွင် အနည်းငယ်နီရဲနေပုံရသည်။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့အတွင်းတွင် ဆူပွက်နေသည်။ သူ၏ ခွန်အားကိုမြှင့်တင်ရန် လျို့ဝှက် နည်းလမ်းတစ်ခုကို သူ အသုံးပြုလိုက်သည်။
ချူးယွင်ဖန်းကို သူ အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း အနည်းဆုံးအနေဖြင့် ချူးယွင်ဖန်းကို နှောင်နှေးစေကာ မီးခိုးရောင်မျောက်ဝံဘုရင်နှင့် နတ်ဆိုးကြောင်ဘုရင်အတွက်အချိန်ဆွဲပေးချင်ခဲ့သည်။
အရေးအကြီးဆုံးအရာက တဝေ၏ လူသားများထဲတွင် ဤမျှ အဆင့်မြင့်သော ပညာရှင်တစ်ဦး
ရှိကြောင်း အနောက်ဘက် နတ်ဆိုးနယ်မြေကို သတိပေးရန်ပင်ဖြစ်သည်။ သူ့ကို သတ်ရန် နည်းလမ်းရှာရမည်။
၎င်းတို့ စုဆောင်းထားသည့် အချက်အလက်များအရ ချူးယွင်ဖန်း ပေါ်လာကာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာရန် အချိန် အမြောက်အမြား မကြာခဲ့ပေ။ ထိုသို့သော လူမျိုး ကြီးပြင်းလာသောအခါ သူသည် ဒုံးပျံတစ်စင်းကဲ့သို့ ဖြစ်လာမည်ဖြစ်ကာ အနာဂတ်တွင် အနောက်ဘက်နတ်ဆိုးနယ်မြေအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာမည်မှာ သေချာသည်။
"ငါ့ကို တားနိုင်မလား။ မင်းလုပ်နိုင်လား" ချူးယွင်ဖန်က ကြုံးဝါး၍ နောက်တစ်ချက် နင်းချလိုက်သည်။
ယင်းသည် ငရဲကန်ချက် ကိုးသွယ်ပင်ဖြစ်၏။
ထိုကန်ချက်ကြောင့် လွင့်ထွက်သွားရမည့် ရွှေခြင်္သေ့ဘုရင်သည် ခြေထောက်ကို ခံနိုင်ရည်ရှိခဲ့ကာ မလှုပ်မယှက်ဖြင့်ပင် ချူးယွင်ဖန်းရှေ့တွင် ရပ်နေခဲ့သည်။
ချူးယွင်ဖန်၏ မျက်နှာတွင် နောက်ဆုံးတွင် လေးနက်သော အမူအရာ ပေါ်လာပြီးနောက် သူက
"မင်းက ငါ့မှာ ဒါပဲ ရှိတယ်လို့ ထင်နေတာ ဖြစ်နိုင်တယ်။ ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို မင်းကို ပြမယ်”
သူက လက်သီးကို ပြန်ရုပ်သိမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားသော လက်သီးစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိုက်အတန့်၌ပင် သူသည် မိုးကြိုးနတ်ဘုရားအဖြစ်မှ လက်သီးသိုင်းသမားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ထိုအရှိန်အဝါက ကောင်းကင်ထိ ပျံ့နှံ့သွားကာ မုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
“အံ့ဖွယ် လက်သီး ရှစ်ချက်”
ချူးယွင်ဖန်းက လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ ဤလှုပ်ရှားမှုသည် စွမ်းအင်များစွာ ကုန်ဆုံးသွားစေသည်။ ပုံမှန်အခြေအနေများတွင် ချူးယွင်ဖန်းက ၎င်းကို အသုံးပြုရန် ဆန္ဒမရှိပေ။ သို့သော် ရွှေခြင်္သေ့ဘုရင်သည် အလွန်ဒုက္ခပေးလွန်းသည်။ သူသည် ချူးယွင်ဖန်နှင့် မယှဉ်နိုင်သော်လည်း ချူးယွင်ဖန်ကို တားဆီးရန် လုံလောက်သည်။
သို့သော် ချူးယွင်ဖန်းတွင် ဖြုန်းနေရန် အချိန်မရှိပေ။
ထိုထိုးချက်က ချူးယွင်ဖန်း၏ နောက်မှ ပုံရိပ်ရှစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ယင်းမှာ ကောင်းကင်နဂါး ရှစ်ကောင်ဖြစ်သည်။ ထိုအချိန်မှသာ နဂါးများက ကြောက်မက်ဖွယ်စွမ်းအားတစ်ခုအဖြစ်ပေါင်းစည်း၍ ရွှေခြင်္သေ့ဘုရင်ဆီသို့ ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရွှေခြင်္သေ့ဘုရင်က အရေးကြီးသောအချိန်သို့ရောက်နေပြီဖြစ်ကြောင်းကို သိသည်။ အချိန်ကို ရပ်တန့်နိုင်မည်လားဟူသည့် ဤတိုက်ခိုက်မှုပေါ်တွင် မူတည်သည်။ သူဟိန်းဟောက်လိုက်သောအခါ သူ့ခန္ဓာကိုယ် တစ်ခုလုံး ကြီးမားလာသည်။
နောက်ဆုတ်မည့်အစား ရှေ့သို့တိုးကာ လက်သီးကို တိုက်ခိုက်လိုက်သည်။
ဘမ်း
လက်သီးချက်က ရွှေခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်ပေါ် တည့်တည့်ကျသွားသည်။ သူမလှုပ်သော်လည်း ချူးယွင်ဖန်း၏ လက်သီးအားက လျော့မသွားပေ။ ခဏတာအတွင်း၌င် လက်သီးချက်က သူ့ကို ထိုးဖောက်သွားသည်။ ရွှေခြင်္သေ့ဘုရင်က ချူးယွင်ဖန်းကို တားရန်ကြိုးစားခဲ့သော်လည်း ချူးယွင်ဖန်းကို လျှော့တွက်ခဲ့မိသည်။ ချူးယွင်ဖန်း၏ ခွန်အားက သူ့စိတ်ကူးထက် များစွာကျော်လွန်သွားသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းနှင့်ပြီးဖြစ်ကာ အံ့ဖွယ်လက်သီးရှစ်ချက်ကဲ့သို့ အစွမ်းထက်သော လက်သီးစနစ်ကို ထည့်တွက်ရန်ပင် မလိုပေ။ ထိုထိုးချက်က ရွှေခြင်္သေ့ဘုရင်ကို သွေးမိုးရွာစေခဲ့သည်။ ချက်ချင်းပင် ထိပ်တိုက်တွေ့သောနေရာကို အလယ်ဗဟို၌ထားကာ သွေးများက မိုးတိမ်ကဲ့သို့ အရပ်ရပ်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုတွေးကြည့်နိုင်သည်။
ရတနာသိုက်က အနည်းငယ်တုန်ခါသွားပြီးနောက် အထက်ကောင်းကင်ယံသည်လည်း လှုပ်ခတ်သွားသည်။
ကြောင်နတ်ဆိုးဘုရင်နှင့် မီးခိုးရောင်မျောက်ဝံဘုရင်တို့သည်လည်း နောက်ဘက်မှ တိုက်ပွဲကို ချက်ချင်းခံစားမိလိုက်သည်။ ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခုက ၎င်းတို့ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ ၎င်းတို့သည် လူသားပုံစံများအဖြစ် အလျင်အမြန်ပြောင်းလဲကာ ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်ရန် အတားအဆီးတစ်ခု တည်ဆောက်လိုက်ကြသည်။
၎င်းတို့ ခေါင်းလှည့်လိုက်ကြသောအချိန်တွင် မြင်ကွင်းကိုမြင်လိုက်ကြရသည်။ ၎င်းတို့ပ်င မနှိုးဆရဲသော အလွန်အစွမ်းထက်သည့် ရွှေခြင်္သေ့ဘုရင်သည် ချူးယွင်ဖန်း၏ လက်သီးဖြင့် အပိုင်းပိုင်းကွဲသွားခဲ့သည်။
ချူးယွင်ဖန်က ၎င်းတို့ကို အမှီလိုက်နိုင်ခဲ့သည်။ သူသည် မိုးကြိုးလှိုင်းတစ်ခုပေါ်သို့ နင်းလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဒုံးပျံတစ်စင်းနှယ် အရှိန်မြင့်သွားသည့်အလားခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ချွန်ထက်သောမြားတစ်စင်းကဲ့သို့ ၎င်းတို့ဆီ ဦးတည်သွားသည်။
"လမ်းခွဲလိုက်တော့!"
နတ်ဆိုးဘုရင်နှစ်ပါးသည် ဆံပင်များထောင်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ သူတို့သည် ချက်ချင်းဆုံးဖြတ်ချက်ချပြီး တိတ်ဆိတ်ငြိမ်သက်သော နားလည်မှုဖြင့် ဦးတည်ရာအမျိုးမျိုးသို့ ထွက်ပြေးသွားကြသည်။ ဤအချိန်တွင် တစ်ယောက်ယောက် လွတ်မြောက်နိုင်လျှင် တစ်ယောက်ယောက် လွတ်မြောက်သွားလိမ့်မည်။ ချူးယွင်ဖန်သည် သူတို့ကို မလိုက်လာပါစေနှင့်ဟုသာ မျှော်လင့်နိုင်တော့သည်။
ချူးယွင်ဖန်သည် နှစ်ယောက်ကွဲပြီး ထွက်ပြေးသွားသည်ကိုမြင်သောအခါ လှောင်ပြောင်လိုက်သည်။ မိုးကြိုးစွမ်းအားသည် သူ့ခြေထောက်အောက်ရှိ ကောင်းကင်ကို ပြည့်နှက်သွားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ နတ်ဆိုးကြောင်ဘုရင်ကို လိုက်မီပြီးဖြစ်သည်။
ဘမ်း
ကြောင်နတ်ဆိုးဘုရင်၏ ကျောရိုးသို့ နင်းချလိုက်ရာ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲကျသွားသည်။ ဝမ်းနည်းစွာ အော်ဟစ်သံနဲ့အတူ ချူးယွင်ဖန်း၏ ငရဲကန်ချက် ကိုးချက်က သူမကို အသားစများအဖြစ်ပြောင်းလဲသွားစေခဲ့သည်။
ချူးယွင်ဖန်သည် မီးခိုးရောင်မျောက်ဝံဘုရင်နောက်သို့ ချက်ချင်းလိုက်သွားသည်။ မျောက်ဝံဘုရင်သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး လျင်မြန်စွာထွက်ပြေးနိုင်ခြင်းမရှိပေ။ ချူးယွင်ဖန်သည် ၎င်းကိုလည်း အမှီလိုက်နိုင်ခဲ့ကာ တစ်ချက်တည်းဖြင့်သုတ်သင်ပစ်လိုက်သည်။
အခန်း(၁၅၀၈) ဆေးဖက်ဝင်သစ်ပင်ဘုရင် သုံးပင်ကို အပိုင်သိမ်းခြင်း
ဤအချိန်တွင် အနောက်ဘက်နတ်ဆိုးနယ်မြေမှ စေလွှတ်လိုက်သော တစ်ဦးတည်းသော ကျွမ်းကျင်သူမှာ လင်းနို့နတ်ဆိုးဘုရင်ဖြစ်ကာ မြေပြင်တွင် သံမှိုဖြင့်ရိုက်ခံထားရသည့်နှယ် သေလုမျောပါးဖြစ်နေသည်။ သို့သော် ယခုအချိန်တွင် သူ့၌ေ ရွေ့လျားနိုင်စွမ်းမရှိလှပေ။ ရွှေအမတေပုံစံအဆင့်၏ စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြင့်မားနေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူ ယခုအချိန်ထိ အသက်ရှင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူသည် သေမင်းလက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ လက်ဓားဖြင့် ခေါင်းဖြတ်ခံခဲ့ရသည်။ ထို့နောက် ချူးယွင်ဖန်းသည် တောင်ပုံနှယ် မြင့်မားများပြားလှသော အလောင်းပုံကြီးကို ဗြဟ္မာသစ်ပင်၏ ခြေရင်းသို့ ပစ်ချခဲ့သည်။ သစ်ပင်သည် ဤနတ်ဆိုးများ၏ သွေးအနှစ်ကို စုပ်ယူခဲ့သည်။
၎င်းတို့အားလုံးက ရွှေအမတေများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ အဖိုးတန်မှုကို မြင်ယောင်ကြည့်နိုင်သည်။ အထူးသဖြင့် ရွှေအမတေပုံစံအဆင့်ရှိသူများ၏ အလောင်းများပင်ဖြစ်သည်။ ၎င်းတို့သည် အဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်သူများဟုပင် ပြော၍ ရသည်။ တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်း၏ တောင်မြစ်ပန်းချီကားထဲမှ ဝိဉာဥ်ကျောက်တုံးများသည် မြန်ဆန်သောအမြန်နှုန်းဖြင့် လောင်ကျွမ်းခံနေရသည်။ ၎င်းတို့သည် ကောင်းကင်ကိုပြည့်နှက်ပြီး ဆေးဖက်ဝင်အပင်တောင်ထဲသို့ တစ်ဟုန်ထိုးဝင်ရောက်လာသော ဝိညာဉ်စွမ်းအင်မြစ်ရှည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့ကြောင့်ပင် ချူးယွင်ဖန်းက သူ့တွင် ဝိဉာဥ်ကျောက်တုံးများ မလုံလောက်ဟု မကြာခဏ ခံစားရခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤနတ်ဆိုးဘုရင်များကို သတ်ခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ရခဲ့သည်။ ဤနတ်ဆိုးများက ၎င်းတို့၏ ပစ္စည်းများကို သိုဝှက်ထားသည့်နေရာက လူသားများနှင့်မတူဘဲ ၎င်းတို့၏ အတွင်းစိတ်နယ်မြေထဲတွင်ဖြစ်သည်။
ချူးယွင်ဖန်း၏ လက်ချက်နှင့် ၎င်းတို့ မသေဆုံးခင်တွင် ဤနတ်ဆိုးဘုရင်များသည် အလွန်အစွမ်းထက်ခဲ့ကြသည်။ ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာကို ပေါက်ကွဲစေခဲ့ကာ ထိုအရာများသည် အာကာသလှိုင်းလုံးကြီးထဲ ကျရောက်သွားပြီး ၎င်းတို့၏ အစိတ်အပိုင်းတစ်ခုသာ ကျန်ရှိခဲ့သည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ၎င်းတို့တွင် ဝိဉာဥ်ကျောက်တုံး သန်းရာပေါင်းများစွာကို သိမ်းထားနိုင်ခဲ့သည်။ ဝိဉာဥ်ကျောက်တုံးများ အရေးတကြီးလိုအပ်နေသည့် ချူးယွင်ဖန်းအတွက် ယင်းက သူ၏ အရေးတကြီးလိုအပ်ချက်ကို ဖြေရှင်းပေးခဲ့သည်။
ဝိဉာဥ်ကျောက်တုံး သန်းတစ်ရာသည် ချူးယွင်ဖန်းအတွက် အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုရန် လုံလောက်သည်။ သူ့တွင် အသုံးပြုရန် ကျောက်တုံးမရှိသော အခြေအနေဆိုးထဲသို့ အတင်းအကြပ် ရောက်သွားရန် မလိုအပ်ပေ။
ချူးယွင်ဖန်း ထွက်သွားတော့မည်ဟု ပြင်နေဆဲအချိန်၌ ပတ်ဝန်းကျင်တွင် ရုတ်တရက် လှိုင်းထသွားသည်ကို ခံစားလိုက်ရသည်။ အနည်းအကျဥ်းမျှသာ ဖြစ်သော်လည်း သူ့အာရုံမှ ဖုံးကွယ်၍ မရပေ။
“ချိုးဖျက်”
ချူးယွင်ဖန်းက အော်ဟစ်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဖြတ်ပြေးသွားသော နေရာကို ဆွဲဖျက်လိုက်သည်။ ယင်းက သူ့ရှေ့၌ တစ်ခုလုံးပြိုကျသွားရာ ဤနေရာတွင် နောက်ထပ်နေရာတစ်ခု ရှိနေသည်ကို သူမြင်လိုက်ရသည်။ ဤအခြားနေရာတစ်ခုတွင် ပုံသဏ္ဍာန်ပေါ်လာပြီးဖြစ်သော ဆေးဖက်ဝင်အပင်ဘုရင်သုံးပါး ရှိနေခဲ့သည်။
မှန်သည်။ ၎င်းတို့သည် ဆေးဖက်ဝင်အပင် ဘုရင်များပင်ဖြစ်ကြသည်။
"နှစ်တစ်ထောင်သက်တမ်းရှိ တရုတ်ကန္တာရဆူးပင်ဘုရင်တစ်ပါးနဲ့ ဂျင်ဆင်းဘုရင်နှစ်ပါးပဲ”
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားသည်။
ဤ ဆေးဖက်ဝင်အပင်ဥယျာဥ်ထဲတွင် ဂျင်ဆင်းဘုရင်တစ်ပါးတည်းမဟုတ်ဘဲ အခြား ထိပ်တန်းဆေးဖက်ဝင်အပင် ဘုရင်သုံးပါးရှိနေသည်ကိုသိလိုက်ရသည်။
ချူးယွင်ဖန် အလွန်ပျော်ရွှင်သွားသည်။ သာမန်ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် လွယ်ကူသော်လည်း ဆေးဖက်ဝင်ဘုရင်များကိုမူ သာမန်ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ရတနာများထက် ရှာဖွေရန် အနည်းငယ်ခက်ခဲသည်။ တပ်ဖွဲ့တစ်ခုအနေဖြင့် ဆေးဖက်ဝင်ဘုရင်တစ်ဦးကို ပြုစုပျိုးထောင်ရန် အခြေခံနှင့် ခွန်အားရှိရန်မှာ များသောအားဖြင့် အလွန်ခက်ခဲသည်။ ဤလုပ်ငန်းစဉ်အတွက် လိုအပ်သော ခွန်အားနှင့် စွမ်းအင်ပမာဏမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလွန်းသည်။
ချူးယွင်ဖန်က ၎င်းတို့၏ အသွင်အပြင်ကို ဖော်ထုတ်လိုက်သည်ကို မြင်သောအခါ ဆေးဖက်ဝင်အပင် ဘုရင်သုံးပါးလုံးက ကမ္ဘာမြေလွတ်မြောက်ရေးနည်းစနစ်ကို အလိုလိုအသုံးပြုကာ ထွက်ပြေးခဲ့ကြသည်။ ဤဆေးဖက်ဝင်အပင် ဘုရင်များသည် သစ်ပင်များနှင့် ဆေးဖက်ဝင်အပင်များ၏ အနှစ်သာရဖြစ်ကာ အလွန်အစွမ်းထက်သည့် ကမ္ဘာမြေ လွတ်မြောက်ရေး နည်းစနစ်နှင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သာမန်လူများအတွက် ဤအပင်ဘုရင်များကို ရှာရန် အလွန်ခက်ခဲသည်။ ၎င်းတို့ကို မြင်တွေ့နိုင်လျှင်ပင် ဖမ်းမိမည်မဟုတ်ပေ။ ၎င်းတို့သည် ချက်ချင်းပင် ခြေရာမကျန်တော့ဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ဆေးပညာအစည်းအရုံးကဲ့သို့သော ကျွမ်းကျင်သူများကသာ ၎င်းတို့ကို
ထိန်းချုပ်နိုင်သည့် နည်းလမ်းရှိသည်။ ဆေးပညာအစည်းအရုံးက ဤကိစ္စတွင် ကျွမ်းကျင်သူဟု ပြောပါက ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သော ချူးယွင်ဖန်းက ရိုးရှင်းစွာပင် ဆရာကြီးတစ်ဆူဖြစ်ပေသည်။
ချူးယွင်ဖန်းက မြေပြင်သို့ ဆောင့်နင်းလိုက်ရာ မရေမတွက်နိုင်အောင် များပြားလှသည့် လျှပ်စီးကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။ ဆေးဖက်ဝင်အပင်ဘုရင်သုံးပါးက ကမ္ဘာမြေလွတ်မြောက်ရေးနည်းပညာကို အသုံးပြု၍ မြေပြင်သို့ တူးနေချိန်တွင် ချက်ချင်းပင် လှုပ်ခါခံလိုက်ရသည်။ ၎င်းတို့၏ ကမ္ဘာမြေလွတ်မြောက်ရေးနည်းစနစ်၏ အာနိသင် ဆုံးရှုံးသွားသည်။ ချူးယွင်ဖန်း၏ မိုးကြိုးစွမ်းအားက မြေကြီး၏ တစ်လက်မချင်းစီသို့ ထိုးဖောက်ဝင်ရောက်သွားသောကြောင့် ၎င်းတို့ ထွက်ပြေးရန် မဖြစ်နိုင်ပေ။
“အလို”
ကမ္ဘာမြေလွတ်မြောက်ရေး နည်းစနစ်နှင့် ၎င်းတို့ ထွက်ပြေး၍ မရကြောင်းမြင်သောအခါ ဆေးဖက်ဝင်အပင် ဘုရင်သုံးပါးလုံးက ဆက်မနေရဲကြတော့ပေ။ ၎င်းတို့အားလုံးက ကောင်းကင်ထိ ပျံတက်ကာ ထွက်ပြေးကြသည်။ ခုခံရန်ပင် စိတ်ကူးမရှိကြပေ။ ယခု ချက်ချင်းပင် ချူးယွင်ဖန်းက အနောက်ဘက်နတ်ဆိုးနယ်မြေ၏ နတ်ဆိုဘုရင်အားလုံးကို မည်ကဲ့သို့ အနိုင်ယူကာ သတ်ဖြတ်ခဲ့သည်ကို ၎င်းတို့ကိုယ်တိုင် မြင်တွေ့လိုက်ကြရသည်။
ဤလူ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ၎င်းတို့ နားလည်ကြသည်။
"ထွက်သွားဖို့ နောက်ကျသွားပြီ!" ချူးယွင်ဖန်က အော်ဟစ်ပြီး လက်ဖြင့် လှမ်းလိုက်သည်။
ဂျင်ဆင်းဘုရင်တစ်ပါးဟာ ချက်ချင်းပဲ ဖမ်းမိသွားကာ ရုတ်တရက် လဲကျသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ချိပ်စည်းစာလုံးတစ်လုံးပေါ်လာသည်။ ထိုချိပ်စည်းစာလုံးက သူ၏နတ်ဘုရားစွမ်းအင်ကို စည်းချိပ်ခတ်လိုက်ကာ မြေပြင်ပေါ်သို့ တည့်တည့်လဲကျသွားစေပြီးနောက် မြေပြင်ပေါ်၌ ကြီးမားသော တွင်းကြီးတစ်ခုဖြစ်လာစေသည်။
မကြာခင်၌ပင် တရုတ်ကန္တာရသစ်ပင်ဘုရင်နှင့် အခြားဂျင်ဆင်းဘုရင်တို့လည်း ထွက်ပြေး၍ မရတော့ပေ။ ၎င်းတို့ လွတ်မြောက်နိုင်ခဲ့ပါက ချူးယွင်ဖန်းအတွက် ၎င်းတို့ကို ဖမ်းရန် အလွန်ခက်ခဲသွားပေလိမ့်မည်။ သို့သော် ၎င်းတို့၏ ပျံသန်းမှုနှုန်းက ၎င်းတို့ မြေကြီးတူးသည့် အမြန်နှုန်းထက် များစွာနိမ့်ကျနေသည်။ ချူးယွင်ဖန်းရှေ့တွင် ပို၍ပင် အရေးမပါတော့ပေ။
ချူးယွင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဤခရီးစဥ်က အမှန်ပင် တန်သည်။
ဆေးဖက်ဝင်အပင်ဘုရင်၏ တန်ဖိုးက ကြီးမားလွန်းသောကြောင့် ဆေးပညာအစည်းအရုံးနှင့် အနောက်ဘက် နတ်ဆိုးနယ်မြေကပင် တစ်ပင်အတွက် အသက်လုကာ တိုက်ခိုက်ကြရသည်။ ယခု သူ သုံးပင်လုံးရပြီဖြစ်သောကြောင့် ကြီးမားသော ရိတ်သိမ်းမှုဟု သတ်မှတ်၍ရသည်။
ချူးယွင်ဖန်းသည် ဆေးဖက်ဝင်အပင် ဘုရင်သုံးပါး၏ ဉာဏ်ရည်ကိုဖယ်ရှားကာ ဆေးဖက်ဝင်တောင်ပေါ်တွ၍် ပြန်လည် စိုက်ပျိုးခဲ့သည်။ ဆေးဖက်ဝင်အပင်ဘုရင်သုံးပါးသည် နေရာတစ်ခုစီတွင် နေရာယူထားပြီး ဝိညာဉ်စွမ်းအင်ကို အရူးအမူးစုပ်ယူနေကြသည်။ ဆေးဖက်ဝင်အပင်တောင်၏ အာဟာရအောက်တွင် ၎င်းတို့သည် ကျန်းမာစွာ ကြီးထွားလာကြသည်။
ချူးယွင်ဖန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဆေးဖက်ဝင်အပင်ဘုရင်သုံးပါးတွင် အလွန်ထူးခြားသော ဆေးဖက်ဝင်အာနိသင်များရှိသည်။ တရုတ်ကန္တာရသစ်ပင်သည် ဆေးဖော်စပ်ရာတွင် အသုံးမပြုလျှင်ပင် သေလုမျောပါးဖြစ်နေသူများကို အသက်ပြန်ရှင်စေနိုင်သည်။ အသက်ရှူနေသရွေ့ ၎င်းတို့ကို ကယ်တင်နိုင်သည်။
ဂျင်ဆင်းဘုရင်နှစ်ပါးအတွက်သည်မူ ပို၍ပင် အံ့သြဖွယ်ကောင်းသေးသည်။ သာမန်လူများသည် ဆေးရနံ့တစ်ချက် ရှုရုံဖြင့် ရောဂါဝေဒနာများမှ ပျောက်ကင်းနိုင်သည်။ ဆေးလုံးအဖြစ် မပြုလုပ်လျှင်ပင် သောက်သုံးမည်ဆိုပါက ၎င်းတို့၏ ကျင့်ကြံနိုင်စွမ်းကို မြှင့်တင်နိုင်သည်။ ဂျင်ဆင်းဘုရင်နှစ်ပါးကို ပေါင်းစပ်ခြင်းက ချူးးယွင်ဖန်းအတွက် အလွန်အသုံးဝင်သည်။ သူ့တွင် ဆေးဧကရာဇ်၏ မှဏ်ဉာဏ်ရှိသောကြောင့် ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် ဂျင်ဆင်းဘုရင်၏ ဆေးဖက်ဝင်အာနိသင်ကို အမြင့်ဆုံးဖြစ်စေနိုင်သော ဆေးဖော်စပ်နည်းများစွာရှိသည်။
အထူးသဖြင့် ချူးယွင်ဖန်အတွက် ၎င်းသည် မှန်ကန်သည်။ သူ၏ ကျင့်ကြံရေးအဆင့်နှင့် တိုက်ခိုက်ရေးအစွမ်းသည် အလွန်အမင်း မညီမျှသောကြောင့် အဆင့်တူလူများနှင့်နှိုင်းယှဥ်ပါက သူ့အနေဖြင့် ဖောက်ထွက်ရန် ဆယ်ဆပိုမိုခက်ခဲသည်။
ထိုအချိန်တွင် ဤဂျင်ဆင်းဘုရင်နှစ်ပါးသည် အလွန် အသုံးဝင်ပေလိမ့်မည်။ ချူးယွင်ဖန်ကို နောက်ထပ်အဓိက အဆင့်တစ်ခုကို ဖြတ်ကျော်ရန်ပင် ကူညီပေးနိုင်သည်။ ဤအရာများသည် ငွေနှင့်ဝယ်၍ မရနိုင်သော အရာများဖြစ်သည်။
ဤအရာကိုစဥ်းစားရင်းဖြင့် ချူးယွင်ဖန်း အလွန်ကျေနပ်သွားသည်။ ဤတစ်ကြိမ်တွင် သူ များစွာရရှိခဲ့သည်။ သို့သော် သူ၏ အကြည့်များက ချက်ချင်းအေးစက်သွားသည်။ ဂျင်ဆင်းဘုရင်ကို ဖမ်းဆီးရန် မှော်အတတ်ပညာရှင်အသင်းကို ကူညီပေးပြီးနောက် သူယခုလုပ်ခဲ့သည်မှာ သူ့ကိုယ်ပိုင်ကိစ္စဖြစ်သည်။
ကြွေးမြီကို ဖြေရှင်းရန် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကို ရှာရမည့်အချိန်ရောက်လာပြီဖြစ်သည်။
ချူးယွင်ဖန်သည် အလင်းတန်းတစ်ခုပေါ်သို့ ခြေချလိုက်ပြီး ပျောက်ကွယ်သွားသည်။
အခန်း(၁၅၀၉) ခရမ်းရောင်လျှပ်စီးမက်မွန်သီး
ဘဏ္ဍာတိုက်က ကြီးမားပြီး ကောက်ကွေ့နေသည်။ ချူးယွင်ဖန်သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အမြန်နှုန်းဖြင့် လမ်းကြားများကို ဖြတ်၍ သွားလာနေသည်။ ဤဘဏ္ဍာတိုက်တွင် သူ့တွင် လုပ်စရာများစွာ ရှိနေသေးသည်။
အနောက်ဘက်နတ်ဆိုးနယ်မြေအပြင် သူ့တွင် ရန်သူ အအမြောက်အမြားရှိသည်။ ကြယ်ကိုးပွင့်ဂိုဏ်းခေါင်းဆောင်အပြင် ကျင်းကျန်းဟန်နှင့် မရဏကမ္ဘာဂိုဏ်းတို့နှင့်လည်း ရန်ညှိုးများရှိသည်။
ချူးယွင်ဖန်းက ဆေးပညာခန်းများကို ဖြတ်သွားသော်လည်း အထဲတွင် ဆေးလုံးများမရှိပေ။ ခြောက်သွေ့သော ဆေးဖက်ဝင်အပင်များပင် ပျောက်ကွယ်သွားသည်။ ဝင်ရောက်လာသော ဤဆရာများက ၎င်းတို့ကို ယူသွားခြင်းကြောင့်မဟုတ်ဘဲ ယင်းတို့ ပင်ပန်းနေခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ချူးယွင်ဖန်း စဥ်းစားပြီးနောက် နားလည်သွားခဲ့သည်။ ခရမ်းရောင်မိုးကြိုးဓားများသည် မသိသောနေရာသို့ ၎င်းတို့၏ စူးစမ်းရှာဖွေမှုမအောင်မြင်ပြီးနောက်တွင် ၎င်းတို့ ဆုတ်ယုတ်ရန်န အချိန်မကြာပေ။ ဂိုဏ်း၏ စခန်းနေရာကိုပင် သိမ်းပိုက်ခဲ့သည်။
သို့သော်လည်း သမိုင်းစာအုပ်များတွင် အလွန်တိုတောင်းသောအချိန်ကာလအဖြစ် ဖော်ပြထားသော်လည်း တစ်ညတည်းဖြင့် ပြိုကွဲသွားနိုင်မည်မဟုတ်ပေ။ ၎င်းသည် ရုန်းကန်မှုကာလတစ်ခုကို ဖြတ်သန်းခဲ့ရပေမည်။ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအချိန်တွင် ဤဆေးပြားများနှင့် ဆေးဖက်ဝင်အပင်များရှိပါက ၎င်းတို့ကို အသုံးမပြုဘဲနေရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။ ၎င်းတို့က ဆေးဖက်ဝင်အပင်များကို တစ်ပြိုင်နက်တည်း အသုံးပြုမည်မှာသေချာသည်။ ဆေးဥယာဥ်တွင် မရင့်မှည့်သေးသော ဆေးဖက်ဝင်အပင်များကို မထိခိုက်ဘဲ ထားရှိသည်။
လူတိုင်းထင်ထားသည်နှင့် လုံးဝကွာခြားသည်။ ဆေးလုံးများ ပျောက်သွားရုံသာမက သံချပ်ကာများ၊ ဆေးကိရိယာများလည်း အများအပြားရှိသေးသည်။ ကျန်ခဲ့သည်မှာ ဖုန်ထူထူများနှင့် ဖုံးလွှမ်းနေသော ဗလာစင်များဖြစ်သည်။ ၎င်းတို့ကို ခရမ်းရောင်မိုးကြိုးဓား၏ အကာအကွယ်အတွင်း ထုတ်ယူ အသုံးပြုခဲ့ခြင်းဖြစ်နိုင်သည်။
လမ်းတစ်လျှောက်တွင် ချူးယွင်ဖန်သည် ဤကွေ့ကောက်သောလမ်းကြောင်းများကို ဖြတ်သန်းသွားလာနေကြသော လူများစွာနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ၎င်းတို့သည် အလွန်နှေးကွေးသောကြောင့် သူ့နောက်သို့ မလိုက်နိုင်ခဲ့ပေ။ ၎င်းတို့ပေါ်လာကာ ပျောက်ကွယ်သွားသောအလင်းရောင်တစ်ခုကိုသာ မြင်တွေ့ခဲ့ရသည်။
ချူးယွင်ဖန်နးသည် ဤလူများအားလုံးသည် တူညီသောဦးတည်ရာသို့ ဦးတည်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် ချက်ချင်းပင် အကြံတစ်ခုရပြီး တူညီသောဦးတည်ရာသို့ ပျံသန်းသွားသည်။ ခဏအတွင်းတွင်ပင် သူသည် နောက်ထပ်ကြီးမားသောချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိသွားသည်။ သူရောက်ရှိသောအခါ ထိုနေရာတွင် လူများနှင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်သည်။ ၎င်လာသူ အများအပြားက ဤနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။
ထို့အပြင် ဤလူများကို အုပ်စုနှစ်စု ခွဲထားသည်။ တစ်အုပ်စုကီု ကျင်းကျန်းဟန်၏ လက်ဝဲဘုရင်နှင့် ကျင်းကျန်းဟန်၏ အကြီးဆုံးဂိုဏ်းဖြစ်သော မြေအောက်ကမ္ဘာဂိုဏ်းခေါင်းဆောင်တို့က ဦးဆောင်သည်။ ၎င်းတို့က အခြေခံအားဖြင့် ဤအင်အားစုနှစ်စု၏ ကျွမ်းကျင်သူများဖြစ်ကြသည်။
တစ်ဖက်တွင် ဆန်းကြယ်နန်းဆောင်သခင်ဖြစ်ကာ နောက်တစ်ဖက်တွင် ကျွမ်းကျင်သူ အများအပြားရှိနေသည်။ ၎င်းတို့ အများစုရှိသော်လည်း ၎င်းတို့၏ အင်အားသည် ကျင်းကျန်းဟန်နှင့် မရဏကမ္ဘာဂိုဏ်းတို့၏ မဟာမိတ်များထက် အနည်းငယ် နိမ့်ကျနေသည်။
ဤသည်က ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်သည်။
ဆန်းကြယ်နန်းဆောင်တွင် လူများစွာရှိသော်လည်း အများစုမှာ ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့၏ မူလအစက ရှုပ်ထွေးသော်လည်း ယခုအခါတွင် မရဏ ကမ္ဘာဂိုဏ်းနှင့် ကျင်းကျန်းဟန်နတို့ ထိပ်တိုက်တွေ့နေကြသည်။ ချူးယွင်ဖန်းက အနီးကပ်ကြည့်လိုက်ရာ ချိုင့်ဝှမ်း၏ အနိမ့်ဆုံးနေရာတွင်
လျှပ်စီးများနှင့် မိုးကြိုးပစ်သံများကြားနေရသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်တွင် ထူထပ်သောတိမ်တိုက်များသည် ကောင်းကင်ပြိုကျတော့မည့်အလား ထင်ရသည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် ထိုနေရာမှ ထွက်ပေါ်လာသည်။
"မင်းထွက်သွားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့" လက်ဝဲဘုရင်က ပြောသည်။
"ဟုတ်တယ်။ မင်းမထွက်သွားရင် အိပ်ပြီး ထွက်သွားလို့ရတယ်" မရဏ ကမ္ဘာဂိုဏ်းချုပ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောသည်။
ဤခေါင်းဆောင်နှစ်ဦး ပေါ်လာခြင်းနှင့်အတူ ကျင်းကျန်းဟန်နှင့် မရဏကမ္ဘာဂိုဏ်းမှ ကျွမ်းကျင်သူများသည်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ကာ လူအုပ်ကို ခြောက်လှန့်ရန် ကြိုးစားကြသည်။
"ငါတို့ဒီမှာရှိနေမှတော့ ငါတို့အားလုံး မျှဝေသင့်တယ်။ ကျင်းကျန်းဟန်နဲ့ မရဏကမ္ဘာဂိုဏ်းက တရားလွန်နေပြီ။ ခရမ်းရောင်လျှပ်စီးမက်မွန်သီး ရှိတယ်ဆိုတာ ငါတို့ မသိဘူးထင်နေလား” ဆန်းကြယ်နန်းဆောင်အရှင်က အေးစက်စက်ပြောလိုက်သည်။
"ဟုတ်တယ်။ ငါတို့အားလုံးဒီမှာရှိနေတာဆိုတော့ မျှဝေသင့်တယ်။"
"ဒါက လူတစ်ယောက်ရဲ့ စွမ်းရည်ပေါ်မှာ မူတည်တယ်။ ကျန်းကျင်းဟန်က ဘာလို့ လူတွေကို အဆက်မပြတ် မောင်းထုတ်ချင်နေတာလဲ။"
"ငါတို့ကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ဘူး။"
ထိုအချိန်၌ ဆန်းကြယ်နန်းဆောင်၏ ကျွမ်းကျင်သူများက စတင်စကားပြောလာသည်။ ၎င်းတို့ အမြဲ ဤသို့ပင်ဖြစ်ကာ အလျှော့မပေးချင်ကြပေ။ အခြားအချိန်ဆိုလျှင် ဤဂိုဏ်းကြီးနှစ်ခုကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သို့သော် ၎င်းတို့ဘက်တွင် လူအင်အားအများအပြားရှိသောကြောင့် မည်သည်ကိုမျှ ကြောက်စရာမရှိပေ။
“ဘာ ခရမ်းရောင်မက်မွန်သီးလဲ။ ငါ ဒီလိုဟာမျိုး တစ်ခါမျှ မကြားဖူးဘူး” လက်ယာဘုရင်က လှောင်ပြောင်လိုက်သည်။
“ငါ မင်းကြောင့် ယိမ်းယိုင်မှာမဟုတ်ဘူး။ ဆန်းကြယ်နန်းဆောင် မင်းတို့က လူတွေရဲ့ နှလုံးသားကို ကစားနေတဲ့ ရှေးဟောင်းပစ္စည်းပဲ”
လက်ယာဘုရင်က ဆန်းကြယ်နန်းဆောင်သခင်ကို ရှေးဟောင်းပစ္စည်းဟု ပြောင်ပြောင်ဘွင်းဘွင်းခေါ်ခဲ့သည်။ နန်းဆောင်သခင်၏ အမူအရာက မှောင်မိုက်သွား၏။
"ငါ လိမ်လားမလိမ်လားဆိုတာ လူတိုင်းသိတယ်။ ဒီနေ့အချိန်ကို ငါမတွက်ချက်ခဲ့ရင် မင်းဝင်လို့ရမှာလား"
နန်းဆောင်သခင်က အလွန် တည့်တည့်မတ်မတ်ပြောလိုက်သဖြင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ယင်းက အတုအယောင်ဆိုပါက လက်ဝဲဘုရင်က အဘယ်ကြောင့် ၎င်းတို့ကို တားဆီးမည်နည်း။
“ခရမ်းရောင်မိုးကြိုးမက်မွန်သီးတွေက ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက ရခဲ့တဲ့ ခရမ်းရောင်မိုးကြိုးမက်မွန်ပင်ကနေ သီးတာ။ အဲ့တာကို စားပြီးရင် လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပြောင်းလဲသွားပြီး မိုးကြိုးခန္ဓာကိုယ်တစ်ခုဖြစ်လာလိမ့်မယ်။ မိုးကြိုးနည်းစနစ်တွေကို ကျင့်တဲ့ အမြန်နှုန်းက ခုန်ပျံကျော်လွှားတက်ပြီးတော့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအဖြစ်ပြောင်းလဲပေးလိမ့်မယ်။ အတိတ်မှာ ခရမ်းရောင်မိုးကြိုးဓားရဲ့ ဆက်ခံသူ မျိုးဆက်တိုင်းက ဂိုဏ်းရဲ့ အမြင့်မားဆုံးဓားပညာရပ်ကို ကျင့်ကြံနိုင်ဖို့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ခရမ်းရောင်မိုးကြိုးမက်မွန်သီးကို စားရလိမ့်မယ်။ ဒါပေမယ့် ဒီမက်မွန်ပင်ကတော့ ပျောက်သွားတာ ကြာပြီ။ ဒီအထူးပတ်ဝန်းကျင်မှာ ခရမ်းရောင်မိုးကြိုးမက်မွန်ပင် တစ်ပင်တည်းကိုပဲ အခုချိန်ထိ ထိန်းသိမ်းထားနိုင်တော့တယ်” ဆန်းကြယ်နန်းဆောင်သခင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
လူတိုင်း၏ အသက်ရှုသံများ မြန်လာသည်။ ခရမ်းရောင်မိုးကြိုးမက်မွန်သီးဆိုသည်ကို ၎င်းတို့ ယခင်က မသိခဲ့ကြသော်လည်း ယခု သိသွားကြပြြီဖစ်သည်။
အထူးသဖြင့် နိုင်ငံသုံးနိုင်ငံထက် အဆင့်မြင့်သော ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းအတွက် ယင်းက မှန်သည်။ ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းချုပ်သည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်။ ခရမ်းရောင်မိုးကြိုးဓား မျိုးဆက်တိုင်း၏ ဂိုဏ်းခေါင်းဆောင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြောင်းလဲရန် ဤအရာကို စားသုံးရသည်။ ထိုကြောင့် သဘာဝအတိုင်းပင် ဤအကြောင်း စကားများစွာပြောရန် မလိုပေ။
အထူးသဖြင့် မိုးကြိုးနည်းစနစ်များသည် နတ်ဘုရားစွမ်းအားများစွာကြားတွင် ကျော်ကြားကာ အစွမ်းထက်သော တည်ရှိမှုများဖြစ်သည်။ ၎င်းသည် နတ်ဘုရားစွမ်းအားများစွာကြားတွင် ထိပ်တန်းနတ်ဘုရားစွမ်းအားများထဲမှ တစ်ခုဖြစ်ကြောင်း သေချာပေါက်ပင်ဖြစ်သည်။
သို့သော်လည်း လူတိုင်း မိုးကြိုးစွမ်းအင်ကို ကျင့်ကြံနိုင်ခြင်း မရှိပေ။ သို့သော် အချို့လူများသည် မိုးကြိုးစွမ်းအင်ကို သင်ယူရန် သင့်လျော်သော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့ သင်ယူပြီးသည်နှင့် ၎င်းတို့၏ ကျင့်ကြံမှုသည် အလျင်အမြန် တိုးတက်သွားလိမ့်မည်။
ခရမ်းရောင် မိုးကြိုးမက်မွန်းသီးသည် ဤမျှ အကျိုးသက်ရောက်မှုရှိသည်။ ဤသည်က ၎င်းတို့၏ အသက်ရှုမှုကို မည်ကဲ့သို့ မြန်အောင်လုပ်နိုင်မည်နည်း။ ၎င်းတို့သာ ယင်းကို ရခဲ့ပါက ၎င်းတို့၏ နယ်ပယ်ကို ကျော်လွန်ကာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်ဖွယ်ရှိသည်။
လက်ဝဲဘုရင်နှင့် မရဏကမ္ဘာဂိုဏ်းချုပ်၏ မျက်လုံးများ စူးရှသွားကြသည်။ ဆန်းကြယ်နန်းဆောင်သခင်က သတင်းကြေငြာလောက်အောင် ရက်စက်လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားပေ။ ဤလူများသည် ပြဿနာကို အလွယ်တကူ ဖြေရှင်းခွင့်မပေးသည်မှာ ထင်ရှားသည်။