← Chapters

စကြာဝဋာရဲ့ အပြောင်းအလဲ

Vol. 17 Ch. 161

စကြာဝဋာရဲ့ အပြောင်းအလဲ

Vol. 17 Ch. 161

အပြင်ဘက်လောကများစွာ တည်ရှိပြီး သက်ရှိများ သန်းထရီလီယမ်များစွာ ရှိနေတဲ့ စကြာဝဋာကြီးတလျှောက် ကျယ်လောင်တဲ့ မြည်သံကြီးက ပျံ့နှံ့သွားသည်။

ဂြိုလ်များ လောကများ စတင်အသက်ဝင်လာတာနဲ့အတူ လေဟာနယ်အက်ကြောင်းများစွာက နေရာအနှံ့ ထွက်ပေါ်လာတော့သည်။

ထိုအချင်းအရာက မတူညီတဲ့ လောကများစွာ အသက်ဝင်လာခြင်းရဲ့ ပြယုဂ်ဖြစ်ပြီး ဂြိုလ်အဖွဲ့စည်းများ ကြယ်တာရာများ မရေတွက်နိုင်အောင် များပြားတဲ့ ဟင်းလင်းပြင်ထဲမှာတော့ ယန်ချန်တို့ ခေတ်သစ်ကမ္ဘာမှ နားလည်ထားသည့် အယူဆများထက် ကျော်လွန်သည့် ဖြစ်တည်မှုများစွာ တည်ရှိနေသေးသည်။

တွင်းနက်ကြီးများက လက်ယာရစ် အရှိန်တခုဖြင့် လည်ပတ်နေသည်။ ထိုတွင်းနက်ကြီးအနီးမှ အရာအားလုံးမှာတော့ စုပ်ယူခံလိုက်ရပြီး လောကဟင်းလင်းပြင်များ အက်ကြောင်းကြီးများက ကြောက်မက်ဖွယ် အပြောင်းအလဲများကို ဖော်ပြနေသည်။

သွေးမြစ်က စတင် ပြန့်ကားလာသည်။ အက်ကြောင်းကြီးများစွာကလည်း အရေတွက် သန်းချီ ပေါ်ထွက်လာပြီး အက်ကြောင်းတစ်ခုစီက လောက ထောင်ချီ ထည့်သွင်းရန် လုံလောက်သည့် အရွယ်အစားများဖြစ်ကာ ထိုအက်ကြောင်းကြီးတစ်ခုဆီမှာ ပြင်းထန်တဲ့ ဖိအားကြီးများ အဆက်မပြတ် ထုတ်လွှတ်နေသေးသည်။

ဟူး……

တိုးညှင်းတဲ့ သက်ပြင်းချသံကြီးတစ်ခု…။

ထိုအသံက သွေးမြစ်ကြီးဆီမှ ကျယ်လောင်တဲ့ အသံကိုဖုံးလွှမ်းသွားပြီး မူလက အပြင်းအထန် လှုပ်ရှားစပြုနေသည့် သွေးမြစ်ကြီးမှာ တဖြေးဖြေး ငြိမ်သက်သွားသည်။

ထိုအချင်းအရာများကိုတော့ ယန်ချန်သတိမပြုမိပေ။ ထို့အတူ အခြားလောကများရှိ သက်ရှိများလည်း သတိထားမိခြင်းမရှိခဲ့။

သွေးမြစ်ကြီးက ငြိမ်သက်သွားသော်လည်း သွေးမြစ်မှ ထိတ်လန့်ဖွယ်ဖိအားများ ဆက်လက်ပြန့်နှံ့နေပြီး ထိုဖိအားက လေဟာနယ်အက်ကြောင်းကြီးများကိုတောင် စတင်ပျက်စီးစ ပြုလာစေသည်။

“တော်လောက်ပြီ”

တည်ငြိမ်အေးချမ်းတဲ့ စကားသံတခုက သွေးမြစ်ကြီးရဲ့ ဖိအားများကိုတိုက်ရိုက်ပင် ထပ်မံ ဖျက်ဆီးလိုက်ပြန်သည်။ ထိုစကားသံက ပဲ့တင်ထပ်နေသကဲ့သို့ အဆုံးမဲ့ စကြာဝဋာကြီးထဲ ပျံ့လွင့်နေပြီး စကားသံနဲ့အတူ မူလက စုပ်ယူနေသည့် တွင်းနက်ကြီးများရဲ့ အရှိန်များက စတင်နှေးကွေးသွားသည်။

ထိုအတွက် စုပ်ယူခံနေရသည့် လောကအများပြား ပြန်လည်လွတ်မြောက်လာပြီး ထိုလောကများဆီမှ အရှိန်ဝါအချို့ စတင်ပြန့်ကားထွက်လာပြီး ထိုအရှိန်ဝါများက အမည်မသိနေရာတခုဆီ တိုးဝင်ကာ ပျောက်ကွယ်သွားကြသည်။

စကြာဝဋာ၌ အမျိုးအမည်မသိ သက်ရှိများစွာ တည်ရှိပြီး အဆုံးမဲ့ရှင်သန်ခြင်း နတ်ဘုရားများစွာ တည်ရှိနေသည့် လောကဟင်းလင်းပြင်ကြီး တစ်ခုဟုလည်း ဆိုနိုင်သည်။

နတ်ဘုရားများဆိုသည်ကား လောကများစွာကို စောင့်ရှောက်ရပြီး နတ်ဘုရားတစ်ပါးတည်ရှိမှုက အနှစ်သန်းပေါင်းများစွာထိ တည်ရှိတတ်ကြသည်။ ထိုနှစ်သန်းပေါင်းများစွာကြားထဲ နတ်ဘုရားအချင်းချင်း တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားရသည့် လောကများလည်းရှိကာ ထိုသို့ပျက်စီးသွားကြသည့် လောကများကိုတော့ တွင်းနက်ကြီးများက စုပ်ယူကာ အဆုံးသတ်လိုက်ကြသည်။

တွင်းနက်ကြီးများကို မည်သူက ထိန်းချုပ်နေသနည်း။ ထိုအရာများကို နတ်ဘုရားများပင် မထိန်းချုပ်နိုင်ချေ။ အသက်ရှိနေသကဲ့သို့ တည်ရှိနေသည့် အဆုံးမဲ့ ဖြစ်တည်မှုများက ဖျက်စီးရန်ခက်ခဲပြီး ၎င်းတို့ကိုတားဆီးရန်သာ တတ်နိုင်လေသည်။

နတ်ဘုရားများသာ ထိုအခြေနေများကို မတားဆီးထားပါက နေအဖွဲ့စည်းကြီးဖြစ်စေ ပို၍ကြီးမားသည့် နဂါးငွေ့တန့်အဖွဲ့စည်းကြီးများဖြစ်စေ အဆုံးမဲ့ ဟင်းလင်းပြင်ဖြစ်စေ အရာအားလုံးက အဆုံးသတ်ရမည်ဖြစ်ပြီး သေးငယ်တဲ့သက်ရှိများကတော့ ထည့်ပြောစရာပင် မလိုတော့။

နတ်ဘုရားများ မည်သည့်အတွက်ကြောင့် ကာကွယ်ရသနည်းဆိုလျှင် အဖြေက ရှင်းသည်။ ယုံကြည်မှုစွမ်းအင်ကြောင့်ဖြစ်ပြီး သက်ရှိများပျက်သုန်းသွားခြင်းက နတ်ဘုရားများ ဆက်လက်တည်ရှိရန် မထောက်ပံ့နိုင်တော့ပဲ နတ်ဘုရားပျက်သုန်းခြင်း အခြေနေကို ဖြစ်ပေါ်စေနိုင်သည်။

နတ်ဘုရားဟူသည်ကား သန်းပေါင်းများစွာ အသက်ရှင်နိုင်သည့် သူများဖြစ်သော်လည်း ယုံကြည်မှုစွမ်ူအင်မရှိလျင်တော့ သာမန်အင်မော်တယ်များနဲ့ မခြားနားပေ။

သွေးမြစ်ကြီး ငြိမ်သက်သွားပြီးနောက် သွေးမြစ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ကီလိုမီတာ သန်းရာချီကြီးမားသည့် ဦးခေါင်းကြီးတစ်ခုက သွေးမြစ်ရဲ့ မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသည်။

ထိုမျက်နှာကြီးက ကြောက်မက်ဖွယ် နတ်ဆိုးတကောင်၏ ကြီးမားတဲ့မျက်နှာကြီးတစ်ခုဖြစ်ကာ ထိုနတ်ဆိုးကြီးကတော့ စကြာဝဋာအတွင်း အဆုံးမဲ့တည်ရှိနေသည့် တွင်းနက်များနည်းတူ အဆုံးမဲ့ ဆိုးယုတ်ခြင်းနတ်ဘုရား ဖြစ်သည်။

စကြာဝဋရဲ့ လှုပ်ရှားမှုများက ပြန်လည်တည်ငြိမ်သွားသည်။ အရာအားလုံး မည်သို့မှ မဖြစ်ခဲ့သည့်နှယ် ပြန်လည်ငြိမ်သက်သွားခြင်းဖြစ်ကာ ထိုအဖြစ်ပျက်က မှင်သက်ဖွယ်ရာ ဖြစ်သည်။

………………………………………………

All Chapters