နတ်ဘုရားများ နိုးထခြင်း
Vol. 17 Ch. 162
ဝေးလံသည့် ဟင်းလင်းပြင်တနေရာမှာတော့ ငွေရောင်ပုံရိပ်ကြီးတစ်ခုက တည်ငြိမ်စွာရှိနေသည်။
ထိုပုံရိပ်ကြီး၏ အရွယ်အစားမှာ ကမ္ဘာတစ်ခုစာမျှရှိပြီး ပုံရိပ်ကြီးက ဟင်းလင်းပြင်ထဲ တည်ငြိမ်စွာမတ်မတ်ရပ်ကာ သွေးမြစ်ကြီးရှိရာသို့ စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။
သွေးမြစ်ကြီး၏ လှုပ်ရှားမှုများက နတ်ဘုရားများကို နိုးထစေခဲ့သလား..။
ထိုပုံရိပ်မှာ စကြာဝဋာ၏ အစောင့်ရှောင့်နတ်ဘုရားလေးပါးထဲမှ ပထမနတ်ဘုရားဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ စာပေသမားပုံစံ ဖြစ်သည်။ ဘယ်ဘက်လက်၌ သေးငယ်သည့် လောကငယ်တစ်ခုကို ဆုပ်ကိုင်ထားပြီး ညာဘက်လက်ကတော့ စုတ်တံ တချောင်းနဲ့အတူ ဟင်းလင်းပြင်နေရာ အနှံ့အပြားသို့ ရှုပ်ထွေးသည့် အစီရင်များ ရေးဆွဲနေလေသည်။
“လောကတွေကြား စစ်ပွဲတွေက သက်ရှိဖြစ်တည်မှုတွေကို အဆုံးသတ်စေလိမ့်မယ်”
ပုံရိပ်ကြီးက တိုးညှင်းစွာရေရွတ်လိုက်ပြီး စုတ်တံကို ပြန်လည်သိမ်းဆည်းကာ ဘယ်ဘက်လက်ထဲ ဆုပ်ကိုင်ထားသည့် လောကငယ်ကိုတော့ တွင်းနက်ကြီး၏ဝေးရာ အရပ်တနေရာသို့ ပို့ဆောင်လိုက်တော့သည်။
“သွားတော့ မင်းရဲ့သက်တမ်းက အရမ်းနုသေးတယ် မင်းအားကောင်းလာမယ့်အချိန်ကို ငါစောင့်နေမယ်”
လောကငယ်က ပုံရိပ်ကြီး၏ ပို့ဆောင်မှုကြောင့် တွင်းနက်ရဲ့အဝေးတနေရာသို့ ရောက်ရှိသွားချိန်မှာတော့ သွေးမြစ်ကြီးထဲမှ ထွက်ပေါ်လာသည့် မျက်နှာကြီးဆီမှ စကားသံအချို့ ထွက်ပေါ်လာသည်။
“ပထမနတ်ဘုရား မင်းကအခုထိ မဆိုင်တဲ့ကိစ္စတွေကို ဝင်ရှုပ်နေတုန်းပဲလား”
ထိုစကားက ပထမနတ်ဘုရားကို လေးနက်သွားစေပြီး ပထမနတ်ဘုရားက ပြန်လည်တုန့်ပြန်လာသည်။
“မင်းလို အဆုံးမဲ့ဆိုးယုတ်ခြင်း နတ်ဘုရားတစ်ပါးကကော အခုထိ စကြာဝဋာတွေကို ဖျက်စီးနေတာ မဝ သေးဘူးလား”
“ဟား….ဟား…ဖျက်စီးတယ် ဟုတ်လား”
အဆုံးမဲ့ ဆိုးယုတ်ခြင်းနတ်ဘုရား ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆက်ပြောသည်။
“ဒီစကြာဝဋာကြီးဆိုတာ ဖျက်စီးပြီးမှ အသစ်တည်ဆောက်ရတာ မင်းတို့နတ်ဘုရားငယ်လေးပါးကတော့ ဖျက်စီးဖို့ တွန့်ဆုတ်နေသရွေ့ ဘာကိုမှ အသစ်တည်ဆောက်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ပထမနတ်ဘုရားက သဘောမတူဟန်ဖြင့် တုန့်ပြန်သည်။
“ဒါက မင်းအကြောင်းရှာနေတာပဲ..မဟုတ်လား မင်းက ငါတို့နတ်ဘုရားလေးပါးရဲ့ ယုံကြည်မှုစွမ်းအင် ဇာစ်မြစ်တွေကိုဖျက်စီးပြီး ငါတို့ရဲ့တည်ရှိမှုကို ဖျက်စီးချင်နေတာပဲ ဒီမယ် မင်းထင်သလို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
“ မင်းပုံစံက တကယ်ကိုသေချာနေတဲ့ပုံပဲ ဘာလဲ အစီစဥ်တွေရှိနေတာလား အဟက် မင်းလိုပဲ ငါ့မှာလည်း အစီစဥ်တွေ ရှိထားပြီးသားပါ မင်းတို့နတ်ဘုရားလေးပါး ဒီစကြာဝဋာလေးကို ဘယ်လောက်ကာကွယ်နိုင်မှာတဲ့လဲ..ဟား…ဟား…”
“ဒါက မင်းစိုးရိမ်ရမယ့် ကိစ္စမဟုတ်ဘူး စိုးရိမ်ရမှာက မကြာခင်မှာ မင်းရဲ့တည်ရှိမှုကို ဖျောက်ဖျက်ပစ်မယ့် နတ်ဘုရားတစ်ပါးကို ငါတို့မွေးထုတ်ပေးနိုင်တော့မယ်ဆိုတာပဲ”
ပထမနတ်ဘုရားရဲ့ အကြည့်က ထျန်းဟွမ်လောက ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး သွေးမြစ်ပေါ်မှ နတ်ဆိုးမျက်နှာကြီးထံ ဆက်၍ ပြောပြန်သည်။
“မင်းရဲ့ထာဝရ တည်ရှိမှု အဆုံးသတ်တော့မှာပါ”
နတ်ဆိုးမျက်နှာကြီးက ကျယ်လောင်စွာရယ်မောလိုက်ပြီး ပထမနတ်ဘုရားရဲ့စကားကို မယုံကြည်ဟန်ဖြင့် အချိန်တော်ကြာသည်အထိ ဆက်တိုက်ရယ်မောနေခဲ့သည်။ အတန်ကြာမှ
“ကောင်းပြီ မင်းတို့ရဲ့ ပြီးပြည့်စုံတဲ့ အစီစဥ်ကဘာလဲဆိုတာ ငါလည်းတွေ့ချင်ပါသေးတယ် အိုး..နတ်ဘုရားငယ်တို့ ဒီစကြာဝဋာကြီးကို မင်းတို့ နောက်ဆုံးချိန်ထိ ကာကွယ်နိုင်ပါစေကွာ”
ထိုစကားသံနဲ့အတူ သွေးမြစ်ထဲမှ မျက်နှာကြီးမှာ တဖြေးဖြေး သွေးမြစ်ထဲသို့ ပြန်လည်ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်မှာတော့ တည်ငြိမ်စွာပဲ ကျန်ရှိနေသေးပြီး ပထမနတ်ဘုရားရဲ့ အမူအရာက ပုံမှန်ထက်ပို လေးနက်နေတာကို မြင်နိုင်သည်။
“ငါတို့ အချိန်ထပ်စောင့်လို့ မရတော့ဘူး”
စကားသံတခုက ဟင်းလင်းပြင်ကို ခွဲထွက်ကာ ပထမနတ်ဘုရားဆီ တိုးဝင်လာပြီး စကားသံနဲ့အတူ နောက်ထပ်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
အတိကျပင် ထိုပုံရိပ်ကြီးမှာ ဒုတိယနတ်ဘုရားပုံရိပ်ဖြစ်ပြီး ထိုနောက်မှာတော့ နောက်ထပ် ပုံရိပ်နှစ်ခု ထပ်မံထွက်ပေါ်လာသည်။
ပုံရိပ်လေးခုက ထောင့်လေးထောင့်ပုံစံ ဟင်းလင်းပြင်ထဲ တည်ရှိနေပြီး မြင့်မြတ်တဲ့ အရှိန်ဝါများက လောကများစွာကို အကာကွယ်ပေးထားလေသည်။
“မင်းမှာ ဘယ်လိုအစီစဥ်တွေရှိသေးလဲ”
တတိယနတ်ဘုရားက မေးခွန်းထုတ်သည်။ ထိုမေးခွန်းကို ပထမနတ်ဘုရားက
“အချိန်..အချိန်တစ်ခုစောင့်ရမယ် မကြာတော့ပါဘူး”
ဒုတိယနတ်ဘုရားနဲ့ စတုတ္ထနတ်ဘုရားတို့က သွေးမြစ်ကြီးဆီ ကြည့်လိုက်ပြီး မလိုလားဟန်ဖြင့် တုန့်ပြန်သည်။
“မဖြစ်နိုင်ဘူး ငါတို့နောက်ထပ် ထပ်စောင့်ရင် သူ့ကိုတားဖို့ ခက်သွားလိမ့်မယ်”
“အမှန်ပဲ ငါတို့ရဲ့မူလအစီစဥ်အတိုင်း ဝင်စားသူကို ဆွဲတင်လိုက်တော့”
ထိုစကားများက အနည်းငယ်အလျင်လိုနေပုံ ပေါက်သော်လည်း ပထမနတ်ဘုရားကတော့ တည်ငြိမ်စွာပဲ ဆက်ရှိနေသေးသည်။
“နည်းနည်းထပ်စောင့်ပေးလိုက်ပါ စကြာဝဋာတွေကြား အဆုံးမဲ့စစ်ပွဲစတင်ဖို့ ပိုင် ၂၀ လောက်လိုပါသေးတယ်”
(၁ပိုင်ကို တနှစ်နဲ့ညီမျှ)
နတ်ဘုရားလေးပါးစလုံးရဲ့အကြည့်က ထျန်းဟွမ်လောကရှိရာကို ရောက်ရှိသွားကြပြီး ထိုအကြည့်များထဲ အစီစဥ်များ နောက်ကြုံတွေ့မည့် စကြာဝဋာဆိုင်ရာ စစ်ပွဲများစွာ ပါဝင်ကာ ထိုအချင်းရာကိုတော့ ယန်ချန်တယောက် အနည်းငယ်မှပင် ခံစားမိခြင်း မရှိပေ။
နတ်ဘုရားတစ်ပါးအတွက် ပိုင်၂၀ ဆိုတာက မျက်တောင်တခတ်စာ သာသာပဲရှိသည်ကို သူတို့သဘောပေါက်ထားကြသည်။ ထို့ကြောင့် အခြေနေများကို သူတို့မထိန်းချုပ်နိုင်ခဲ့လျင်တော့…။
……………………………………………..