ပြိုင်ပွဲစတင်ပြီ
Vol. 17 Ch. 165
ထျန်းဟွမ်လောကအတွင်းမှာတော့ ပြိုင်ပွဲကြီးတစ်ခု စတင်နေလေသည်။
ထိုပြိုင်ပွဲက ထျန်းဟွမ်လောကတခုလုံး ပါဝင်ယှဥ်ပြိုင်သည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး မဟာယာနအဆင့် နဲ့ ကပ်ဘေးဖြတ်ကျော်အဆင့် ဟူ၍ နှစ်ပိုင်းခွဲထားလေသည်။
မဟာယာနအဆင့်၌ ထိပ်သီးမိသားစုများ ဂိုဏ်းကြီးများမှ ပါရမီရှင်များပါဝင်ကာ ကပ်ဘေးဖြတ်ကျော်အဆင့်မှာတော့ ဒုတိယတန်းစားအင်အားစုများနဲ့ ဂိုဏ်းများစွာ ပါဝင်လေသည်။
ထိုပြိုင်ပွဲကို တလကြာမြင်သည်အထိ ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်၌ ရှုံးထွက်ပွဲများကို စတင်မည်ဖြစ်သည်။ ယန်ချန်က မင်ယုရှန်း ရှုယင် လုလင်းယွဲ့ ကျင်းလုံ မင်ဝမ်နဲ့အခြား သူအချို့နဲ့အတူ ပရိတ်သက်စင်မြင့်ရဲ့ အမြင့်ဆုံးအဆောက်အုံပေါ်မှနေ၍ ပြိုင်ပွဲစတင်နေသည်ကို စိတ်ကျေနပ်စွာ ကြည့်ရှုနေလေသည်။
ပထမအဆင့်၌ ကျင့်ကြံသူများက အုပ်စု တစ်ရာတိတိ ခွဲခြားသက်မှတ်ကာ တအုပ်စုဆီ၌ ဆယ်ဦးတိတိပါဝင်စေသည်။ ထိုဆယ်ဦးမှ ပြိုင်ပွဲ၅ခုဖြင့် ထိပ်တိုက်တွေ့စေသည်။ ထိုသို့ဖြင့် ပထမ၅ဦးမှာ ထုတ်ပယ်ခံရမည်ဖြစ်ပြီး အလုံးစုံ ပြီးဆုံးချိန်၌ ကျင့်ကြံသူ၅၀၀ သာကျန်တော့မည်ဖြစ်ကာ ကပ်ဘေးဖြတ်ကျော်အဆင့် ပြိုင်ပွဲများတွင်လည်း ထိုနည်းတူပင်။
ယန်ချန်က ရှူယင်ထည့်ပေးထားသည့် လက်ဖက်ရည်ကို အရသာခံသောက်ရင်း တဖက်တွင်လည်း ပြင်းထန်လှတဲ့ ယှဥ်ပြိုင်မှုကို စိတ်ပါဝင်စားစွာ ကြည့်နေလေသည်။ လုလင်းယွဲ့နဲ့ မင်ယုရှန်းတို့မှာမူ ပြိုင်ပွဲအတွင်းမှ ပါရမီရှင်များကို လေ့လာနေပြီး ထိုလူငယ်ပါရမီရှင်များသာ ယန်ချန်ရဲ့အကူညီ အပြည့်အဝရခဲ့ပါက နောင်တွင် ပိုမိုမြင့်မားသည့် အဆင့်များ၌ ရပ်တည်နိုင်မည်ဟု သူမတို့ယုံကြည်လေသည်။
လက်ရှိ၌ လောကသုံးခုပေါင်းစည်းထားပြီး အင်မော်တယ်လမ်းစဥ်ကိုသာ သေမျိုးအများပြား ထိတွေ့မိပါက အင်မော်တယ်လောကအတွက် အင်အားများတိုးမြင့်လာမည်မှာ မလွဲပေ။
ယန်ချန်ကတော့ နောက်ဆက်တွဲများကို ထိုမျှထိ မစဥ်းစား။ သူ့အတွေးက ရိုးရှင်းစွာပဲ ရှိနေပြီး ကျင့်ကြံသူများ အင်အားကောင်းမွန်လာပါက သားရဲကပ်ဘေးဖြစ်စေ အခြားမမြင်နိုင်တဲ့ အန္တရာယ်များဖြစ်စေ ကာကွယ်နိုင်မည်ဖြစ်ပြီး သူကတော့ သေမျိုးသက်တမ်း အနှစ်တရာကို ဘေးမသီရန်မခပဲ ဖြတ်သန်းနိုင်မည် ဖြစ်သည်။
“ပထမအဆင့် ယောင်ချန် အနိုင်ရ”
သွေးအလိမ်းလိမ်းဖြင့် စင်မြင်ပေါ်၌ မနည်းမတ်တပ်ရပ်နေရသည့် လူငယ်လေးတစ်ဦးမှာ လက်ထဲမှဓားကို လေထဲပင့်မြောက်လိုက်သည်။ ယခုသူယှဥ်ပြိုင်နေရသည့်အဆင့်က ကပ်ဘေးဖြတ်ကျော်အဆင့်များ တိုက်ပွဲပထမအဆင့်ဖြစ်ကာ နောက်တဆင့်တက်ရောက်နိုင်ပါက ဂိုဏ်းမှဆုလာဒ်အချို့ ရနိုင်မည်ဖြစ်သည်။
ထို့အပြင်ပြိုင်ပွဲ အဆင့်တစ်ခုစီကိုတက်တိုင်း ထူးခြားသည့် ဆုလာဒ်များစောင့်ကြိုနေခြင်းက ပြိုင်ပွဲဝင်များကို အလွန်စိတ်လှုပ်ရှားနေစေသည်။
ယန်ချန်က စိတ်ဓာတ်မာကြောသည့် ထိုလူငယ်ကို ကြည့်၍ ချီးကျူးလိုက်သည်။
“မဆိုးဘူး…”
သူက စိတ်ဓာတ်ကိုသာ ချီးကျူးခြင်းဖြစ်ပြီး အစမှအဆုံးထိ အနိုင်မခံ အရှုံးမပေးပဲ တိုက်ပွဲဝင်ခဲ့သည့် လူငယ်လေးကို အသိမှတ်ပြုလိုက်ခြင်း ဖြစ်သည်။
မင်ယုရှန်းရဲ့အကြည့်က ထိုလူငယ်ဆီ ရောက်သွားသည်။ အခြားသူများကလည်း ထိုနည်းတူပင်။ ယန်ချန်ရဲ့ ချီးကျူးမှုကို ရခြင်းက ထိုလူငယ်အတွက် ဆုလာဒ်ကြီးတခု ရသွားစေသည်ကိုတော့ ထိုလူငယ်သိမည်မဟုတ်ချေ။
လုလင်းယွဲ့က သူမရဲ့ညာဘက်လက်ကို ညင်သာစွာလှုပ်ရှားလိုက်သည်။ ထိုလှုပ်ရှားမှုနဲ့အတူ ဓားရှည်တလက်က တိုက်ပွဲစင်မြင့်ဆီ ညင်သာစွာရောက်ရှိသွားပြီး အကုန်လုံး၏ အကြည့်အောက်မှာပဲ လူငယ်ရဲ့ရှေ့သို့ ရောက်ရှိသွားသည်။
“မင်းနဲ့ထိုက်တန်တယ် ယူလိုက်”
သူမအသံက ပြိုင်ပွဲကွင်းတခုလုံးအား တိတ်ဆိတ်သွားစေပြီး ထိုလူငယ်၏နောက်မှ ဂိုဏ်းငယ်ရဲ့ ဂိုဏ်းချုပ်ဖြစ်သူမှာ လုလင်းယွဲ့နဲ့ ယန်ချန်တို့ရှိရာဘက် လှည့်၍ အဆက်မပြတ်ဦးညွတ်ကာ ကျေးဇူးတင်နေတော့သည်။
လူငယ်မှာ သူရလိုက်သည့် ဓားအား ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ဓားရဲ့အဆင့်မှာ အင်မော်တယ်လက်နက်များ၌ အနိမ့်ဆုံးဖြစ်သော်လည်း ကပ်ဘေးဖြတ်ကျော် အဆင့်၌သာရှိသေးသည့် သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့် ရတနာတခုဖြစ်သည်။ သိထားရမည်မှာ ထျန်းဟွမ်လောက၏ ထိပ်တန်းဂိုဏ်းများ၌ပင် ထိုအဆင့်လက်နက်များ မရှိသေးချေ။
အကုန်လုံး၏ အားကျစွာကြည့်နေသည့် အကြည့်များအောက်၌ပင် လူငယ်က ရဲဝင့်စွာပဲ ဓားကိုဆုပ်ကိုင်လျက် စင်မြင့်ပေါ်မှ ဆင်းသွားတော့သည်။ ယန်ချန်က ထိုအဖြစ်ပျက်ကို အစအဆုံးကြည့်နေခဲ့ပြီး လုလင်းယွဲ့၏ အပြုအမူကို ကောင်းသည်ဆိုးသည် ထုတ်မပြောခဲ့ပေ။
ပြိုင်ပွဲအတွက် ဆုလာဒ်များကို သူတာဝန်ယူထားသော်လည်း အခြားသူများ ဆန္ဒရှိပါက ဝင်ရောက်၍ ဆုပေးနိုင်သည်။ မင်ယုရှန်းမှာမူ လုလင်းယွဲ့၏အပြုအမူအား စူးစိုက်ကြည့်ကာ မျက်နှာလွှဲသွားသည်။
နေ့လည်စာ စားချိန် ရောက်ရှိလာသည်။ ယန်ချန်မှာ ရှုယင်အသင့်ပြင်ထားပေးသည့် စားစရာအချို့ကို မင်ယုရှန်းတို့နဲ့အတူ စိတ်ကျေနပ်စွာ စားသောက်လိုက်ပြီး ပြိုင်ပွဲများကတော့ ဆက်၍ ယှဥ်ပြိုင်နေလေသည်။
အချိန်က တဖြေးဖြေးကုန်လွန်သွားတော့သည်။ မူလက တက်ကြွနေသည့် ယင်ယင်လေးမှာ အစားများသွား၍ထင် ဗိုက်လေးစပြုလာပြီး မကြာခင်မှာပဲ အိပ်ပျော်သွားတော့သည်။
ထိုအချိန် အခြားစင်မြင့်များပေါ်၌ ပြိုင်ပွဲမှာ ဆက်၍ဖြစ်နေပြီး မကြာခင်၌ ပထမအဆင့်ရဲ့ သုံးပုံတပုံ ပြီးဆုံးသွားပြီး တနေ့တာလည်း ကုန်လွန်သွားလေသည်။
ယင်ယင်လေးမှာ ပျင်းရိစွာဖြင့် ရှုယင်၏ကိုယ်ပေါ်၌ မှီကာအိပ်ပျော်နေသည်။ ယန်ချန်က အနည်းငယ်အပျင်းကြောဆန့်ပြီးနောက် ရှုယင်ဆီမှ ယင်ယင့်ကို လက်လွဲယူလိုက်သည်။ လှုပ်ရှားမှုမှာ သိမ်မွေ့လွန်းသောကြောင့် ယင်ယင်လေးမှာ တချက်ပင်လှုပ်ရှားမလာချေ။
ပြိုင်ပွဲစင်မြင့်များ၌ အဆုံးသတ်တိုက်ပွဲများ ပြီးဆုံးပြီးနောက် ကျင့်ကြံသူများစွာမှာ ယန်ချန်ရှိရာဘက် ဦးညွတ်နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ ပထမဆုံးရက်သာရှိသေး၍ နောက်ထပ် စိတ်လှုပ်ရှားစရာကောင်းသည့် ပြိုင်ပွဲများစွာ ထပ်ရှိနေသေးသည်မဟုတ်လား။
ယန်ချန်ထွက်ခွာသွားချိန် ရှုယင်ကအနောက်မှကပ်လျက် လိုက်ပါလာကာ လုလင်းယွဲ့ကတော့ တည်ငြိမ်စွာပဲ သူမနေထိုင်ရာခြံဝန်းဆီ ထွက်ခွာသွားတော့သည်။ ပွဲကြည့်နေရာ၌ မင်ယုရှန်း ကျင်းလုံ မင်ဝမ် ရှယီ ရှောင်ချီနဲ့ အခြားသူတော်စင်များသာ ကျန်နေခဲ့ပြီး ၎င်းတို့က ယန်ချန်တယောက် ပြိုင်ပွဲအပေါ် စိတ်ကျေနပ်မှုရှိမရှိအား တိတ်တဆိတ် ဆက်၍ဆွေးနွေးကြတော့သည်။
ယန်ချန်ကတော့ ထိုအဖြစ်ပျက်များကို မသိချေ။ ယင်ယင်လေးကိုသာ ညင်သာစွာပွေ့ချီထားပြီး အိမ်ထဲပြန်ရောက်ချိန်မှာတော့ ရှုယင်က ပြန်လည်လက်ပြောင်းယူကာ သူမတို့သားအမိ အိပ်စက်သည့်အခန်းထဲ ဝင်ရောက်သွားသည်။
တခဏအကြာ၌ ညစာပြင်ဆင်ရမည်ဖြစ်ပြီး နေ့လည်စာအား ပြိုင်ပွဲကွင်းပြင် ပွဲကြည့်စင်မြင့်ပေါ်၌ အဆင်ပြေသလိုစားခဲ့ရခြင်းက ယန်ချန်ကို မသက်မသာဖြစ်စေသည်။
ယန်ချန်က ညစာကိုစုံလင်စွာပြင်ဆင်ပေးရန် ရှုယင်အားမှာလိုက်ပြီး စာဖတ်ခန်းထဲ ဝင်ရောက်သွားတော့သည်။
……………………………………………