ဧကရီနှစ်ပါး ရောက်ရှိလာခြင်း
Vol. 17 Ch. 170
မူလဧကရာဇ်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဓားချက်အား ခုခံရန်ကြိုးစားတော့သည်။
ထိုဓားချက်ဆီမှ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်ကို ခံစားမိနေခဲ့ပြီး ထိုဓားချက်သာ ထိမှန်ခဲ့ပါက အသက်မသေခဲ့လျင်တောင် ဒဏ်ရားအပြင်းအထန် ရသွားမည်မှာ သေချာသလောက်ရှိနေသည်။
မူလကဆိုထားသည့်အတိုင်းပင် ဓားချက်ရဲ့အရှိန်ဝါက ထပ်မံတိုးမြင့်သွားပြီး အမှောင်နဲ့မူလ စွမ်းအင်စက်ကွင်းကြီးကို တိုက်ရိုက်ပင် ခုတ်ချသွားတော့သည်။
အုန်း…
ဒီတကြိမ်မှာတော့ ကျယ်လောင်တဲ့ မြည်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်ကြီးနှစ်ခုမှာ အနောက်ဘက်မီတာထောင်ပေါင်းများစွာ ရောက်သည်အထိ လွင့်စင်သွားတော့သည်။
“အား…..”
ပုံရိပ်နဲ့ မူလကိုယ်ကြား ဆက်စပ်မှုကြောင့် ပုံရိပ်နှစ်ခုစလုံး အပြင်းအထန် ထိခိုက်မိသွားချိန်မှာတော့ မူလဧကရာဇ်လည်း ဒဏ်ရာအပြင်းအထန်ရကာ အဝေးသို့ လွင့်စင်သွားရတော့သည်။
“မဟုတ်ဘူး….”
ကျယ်လောင်တဲ့အသံနက်ကြီးနဲ့အတူ လွင့်စင်သွားသည့် ပုံရိပ်ကြီးနှစ်ခုမှာ ပျောက်ကွယ်သွားရပြီး မူလဧကရာဇ်၏ ခန္ဓာကိုယ်နေရာအနှံ့တွင်လည်း ပြတ်ရှရာများစွာ ထွက်ပေါ်လာပြီး ထိုဒဏ်ရာများမှ သွေးများအဆက်မပြတ် ထွက်နေလေသည်။
“မင်း..မင်းကဘယ်လိုလုပ်ပြီး”
မူလဧကရာဇ်မှာ မယုံနိုင်ဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ရေရွတ်လိုက်မိပြီး နတ်ဘုရားတစ်ဝက်အဆင့်တူ တိုက်ခိုက်ရသော်လည်း တင်းဟောက်က သူ့ကိုအသာစီးရရန် ဓားချက်တချက်သာ ထုတ်ဖော်ခဲ့ရသည်။
တင်းဟောက်က ဒဏ်ရာအပြင်းအထန်ရသွားသည့် မူလဧကရာဇ်ကို အလွတ်မပေးလိုတော့။ တဖက်တွင်လည်း အင်မော်တယ်များမှာ အားရဝမ်းသာ ဖြစ်နေကြပြီး မူလကျင့်ကြံသူများကတော့ မျက်စိမျက်နှာ ပျက်ယွင်းနေကြသည်။
မူလဧကရာဇ်မှာ တင်းဟောက်တစ်ယောက် တိုက်ကွက်ထပ်မံထုတ်ဖော်တော့မည်ကို သတိပြုမ်လျင် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
“မင်း ငါ့ကိုဖိအားမပေးနဲ့”
“ဖိအားပေးတယ်တဲ့လား အဟက် ဒီနေ့မင်းရဲ့အဆုံးသတ်ကို ငါပြပေးမယ်”
တင်းဟောက်မှာ နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်မရှိချေ။ သေချာသည်က လောကနှစ်ခုကြား အဆုံးမဲ့စစ်ပွဲကို အဆုံးသတ်လိုပါက မူလဧကရာဇ်ကို အဆုံးသတ်ရမည်ဖြစ်သည်။ ထို့ကြောင့် အခွင့်ရေးရချိန်၌ ထပ်မံတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
မူလဧကရာဇ်မှာတော့ ထိတ်လန့်နေပြီး တင်းဟောက်တစ်ယောက် ထိုမျှထိ ဖိအားပေးလိမ့်မည်ဟု သူမထင်မိခဲ့ချေ။ ထို့ကြောင့် ကြံရာမရသည့်အဆုံး အကူညီလှမ်းခေါ်ရတော့သည်။
“သားရဲသခင် ခင်ဗျားဒီတိုင်း ရပ်ကြည့်နေမှာလား”
မူလဧကရာဇ်ရဲ့စကားကြောင့် မူလကတိုက်ကွက်ဖော်ရန် ပြင်ဆင်နေသည့် တင်းဟောက်မှာ ရပ်တန့်သွားသည်။ အမှောင်ထုသားရဲသခင်က တိုက်ပွဲတခုလုံးကို စောင့်ကြည့်နေမည်မှန်း သိသော်လည်း ပါဝင်ကူညီမည်ဟုတော့ မတွေးထားချေ။ သူ့အထင်ရ နှစ်ဖက်စလုံးအားနည်းချိန်မှသာ ထွက်ပေါ်လာပြီး လောကနှစ်ခုအား အဆုံးသတ်မည်မဟုတ်လော။
“ဟမ့် မင်းက ငါ့လူတွေကိုကျ လျစ်လျူရှုပြီး ငါ့ဆီက အကူညီတောင်းဝံ့တယ်တဲ့လား”
ကျယ်လောင်တဲ့အသံကြီးတစ်ခုက ဟင်းလင်းပြင်လေဟာနယ်တလျှောက် ပဲ့တင်ထပ်လာပြီး မကြာမီအဝေးတနေရာရှိ အမှောင်ထုလောကဘက်မှ ကြီးမားတဲ့ပုံရိပ်ကြီးတစ်ခုက ရွေ့လျားလာတော့သည်။ ထိုအရာက အမှောင်ထုသားရဲသခင်၏ မူလခန္ဓာကိုယ်ကြီးဖြစ်ကာ သားရဲတပိုင်း လူ့အသွင်တပိုင်းဖြစ်ပြီး အရွယ်အစားမှာ မီတာရာပေါင်းများစွာ ရှိလေသည်။
“အဲ့ကိစ္စကို ကျုပ်နောက်မှရှင်းပြမယ် အခုတော့ ဒီဓားသမားကိုသတ်ဖို့ ကျုပ်နဲ့ပူးပေါင်းပါ”
မူလဧကရာဇ်က ရွေ့လျားလာနေသည့် ပုံရိပ်ကြီးရှိရာဘက်အား စူးစိုက်ကြည့်၍ တောင်းဆိုလိုက်သည်။ ထိုစကားကိုကြားလျင် ပုံရိပ်ကြီးက
“မင်းရဲ့တောင်းဆိုမှုအတိုင်း ကူညီမယ် ဒါပေမယ့် ၃၀ ၇၀ ပဲ ဘယ်လိုလဲ”
“ခင်ဗျား…”
မသင့်လျော်သည့် တောင်းဆိုမှုကိုကြားလျင် မူလဧကရာဇ်မှာ သွေးအန်လုနီးပါး ဖြစ်သွားရပြီး လက်သီးများကိုလည်း တင်းကျပ်စွာဆုပ်ထားလိုက်မိသည်။ ယခုအချိန်၌ သူ့အနေထားမှာ အနိမ့်ဘက်ကိုရောက်နေပြီး အမှောင်ထုသားရဲသခင်သာ မကူညီပါက တင်းဟောက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ထို့အပြင် တဖက်သူရဲ့ပြတ်သားမှုအရ မိမိကို မူလလောကအထိ လိုက်လံတိုက်ခိုက်မည်ဖြစ်ပြီး ထိုအခြေနေက မူလဧကရာဇ်ရဲ့ မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို ထိခိုက်စေဦးမည်။
မူလဧကရာဇ်က အချိန်အနည်းငယ်ကြာ တုန့်ဆိုင်းပြီးနောက် တောင်းဆိုချက်အား လက်ခံလိုက်ရတော့သည်။ အချိန်ထပ်မံကြာမြင့်ပါက တင်းဟောက်ဘက်မှ တိုက်ခိုက်လာနိုင်သည်ကို တွေးပူနေခြင်းဖြစ်ပြီး သူမသိတာက တင်းဟောက်မှာ ထိုကဲ့သို့တိုက်ကွက်မျိုး ထပ်မံထုတ်ဖော်ရန် မဖြစ်နိုင်တော့ချေ။
ပန်းချီကားကြောင့်ဖြစ်စေ ကျင့်ကြံဆင့်အရဖြစ်စေ သူတတ်နိုင်သည့်ဓားချက်မှာ ဓားသမားပန်းချီကားထဲမှ ဓားကျင့်ကြံသူ၏ ပထမတကွက်သာဖြစ်ပြီး တိုက်ခိုက်ရန်ဟန်ပြင်နေသည်ကတော့ မူလဧကရာဇ်ကို ဖိအားပေး၍ တောင်းဆိုမှုတချို့ ပြုလုပ်ရန် စဥ်းစားထားခြင်းကြောင့် ဖြစ်သည်။ ယခုတော့ သူကိုယ်တိုင်လည်း ကျဥ်းထဲကြပ်ထဲ ရောက်နေလေပြီ။
“ဟား…..ဟား..ကောင်းပြီ ဒါဆို အခုပဲအဆုံးသတ်လိုက်ရအောင်”
ကြီးမားတဲ့အမှောင်ထုသားရဲသခင်ရဲ့ မူလပုံရိပ်ကြီးမှာ အင်မော်တယ်လောကအပြင်ဘက် တနေရာသို့ ရောက်ရှိလာပြီး မူလဧကရာဇ်ရဲ့ တောင်းဆိုချက်များအား သဘောတူလိုက်တော့သည်။
အင်မော်တယ်များဘက်မှာတော့ မျက်စိမျက်နှာ ပျက်နေကြပြီး ဓားဖြူဧကရာဇ်အနေဖြင့် မူလဧကရာဇ်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း သားရဲသခင်ပါဝင်လာခြင်းက အခြေနေမတူညီတော့ချေ။
“ငါတို့လောကကြီး ပျက်စီးရတော့မှာလား”
အင်မော်တယ်ဘုရင်တစ်ဦးက ပြင်းထန်တဲ့ဒဏ်ရာကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သည်။ ယခုအချိန်၌ပင် ဧကရီမှာ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ ဓားဖြူဧကရာဇ်တစ်ပါးတည်းဖြင့် နတ်ဘုရားတစ်ဝက်အဆင့် အဆင့်တူနှစ်ယောက်အား ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“ကောင်လေး မင်းတို့တော့ အဆုံးသတ်ပြီ”
နတ်ဆိုးပုံရိပ်ကြီးက ခြိမ်းခြောက်နေသော်လည်း ထူးခြားစွာဖြင့် တိုက်ခိုက်လာခြင်းမရှိပဲ သူ့ပုံစံက တစုံတရာအား စိုးရိမ်နေဟန်လည်း ရှိနေသည်။
ထိုစဥ် ဟင်းလင်ပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အက်ကွဲကြောင်းထဲမှ စကားသံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဟုတ်လား သားရဲသခင်ကြီး ရှင့်ဒဏ်ရာတွေကော သက်သာသွားပြီတဲ့လား”
………………………………………………..