မူလဧကရာဇ်ရဲ့ အမှောင်ထုစွမ်းအင်
Vol. 17 Ch. 167
မူလဧကရာဇ်မှာ ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာ ချမှတ်လိုက်သည်။ ထိုအရာက ကျောက်စိမ်းဧကရီတစ်ယောက် မည်သည့်အတွက်ကြောင့် အင်မော်တယ်လောက၌ မရှိသည်ကို သူမသိသော်လည်း အခွင့်ရေးတစ်ခုရချိန်၌ တင်းဟောက်ကိုအမြန်ဆုံး အဆုံးသတ်ရန်ဖြစ်သည်။
“ကောင်းပြီ ငါအချိန်မဆွဲတော့ဘူး”
မူလဧကရာဇ်ရဲ့ နောက်ကျောဘက်မှ ကြီးမားတဲ့ ပုံရိပ်ကြီးတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ထိုပုံရိပ်ကြီးမှာ အမှောင်စွမ်းအင်များ ပြည့်သိပ်စွာပါဝင်နေပြီး ကြမ်းတမ်းခက်ထန်ဟန်ရှိသည့် ပုံရိပ်ကြီးကြောင့် ဘုရင်အဆင့်များမှာ ဖိအားများ ခံစားလိုက်ရတော့သည်။
ပုံရိပ်ကြီးက တင်းဟောက်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး ကြီးမားတဲ့လက်ကြီးနှစ်ဖက်က လက်ဟန်တခု ပြုလုပ်လာသည်။ မကြာခင်မှာပဲ အမှောင်စွမ်းအင်လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလေပွေကြီးက အရာအားလုံးကို ဝါးမြိုမည့်နယ် တွင်းနက်ကြီးတစ်ခုနီးပါး ကျယ်ပြန်သွားချိန်မှာတော့ တင်းဟောက်မှာ ဖိအားတချို့ စတင်ခံစားလာရသည်။
တွင်းနက်မှာ စကြာဝဋာ၏ အဖျက်စီးသင်္ကတခုဖြစ်ပြီး ထိုအရာ၏ ဖျက်စီးနိုင်စွမ်းကလည်း ထိပ်တန်းအဆင့်ဖြစ်သည်။ မူလဧကရာဇ်မှာ တင်းဟောက်ရဲ့အမူအရာ လေးနက်သွားသည်ကိုမြင်လျင် စိတ်ကျေနပ်သွားတော့သည်။
“တင်းဟောက် ငါ့ရဲ့တွင်းနက်အမှောင်စွမ်းအင်နဲ့ အဆုံးသတ်ရမှာကို မင်းဂုဏ်ယူလို့ရပြီ”
“အဆံုးသတ်မယ်တဲ့လား ပြောဖို့စောပါသေးတယ်”
တင်းဟောက်က ဓားရှည်အား ညင်သာစွာ ပင့်မြောက်လိုက်သည်။ ဓားရှည်ဆီမှ စိတ်လှုပ်ရှားနေသည့် ခံစားချက်များ ကူးစက်လာပြီး တင်းဟောက်ကိုယ်တိုင်လည်း ခက်ခဲသည့်အခြေနေကို စိုးရိမ်ခြင်း မရှိတော့ချေ။
“ငါ့ဓားက အရာအားလုံးကို ပိုင်းဖြတ်နိုင်တယ်”
ထိုစကားသံနဲ့အတူ တွင်းနက်ကြီးက တင်းဟောက်ဆီ တိုးဝင်လာပြီး ဖြတ်သန်းလာရာ လမ်းတလျှောက်ရှိ အရာများမှာ တွင်းနက်ကြီး၏ အမှောင်စွမ်းအင်များက တိုက်စားသွားတော့သည်။
“ဓား…”
ပြင်းထန်တဲ့ဖိအားကြီးတစ်ခု တိုးသင်လာသည်ကိုမြင်လျင် တိုက်ခိုက်နေသူများမှာ အလျင်မြန်နောက်သို့ ခုန်ဆုတ်သွားကြပြီး တင်းဟောက်တယောက်သာ ထီးထီးကြီး ကျန်ရှိနေလေသည်။
တင်းဟောက်ရဲ့အမူရာက လေးနက်နေသော်လည်း တစက်ကလေးမှပင် ထိတ်လန့်ဟန်မပြချေ။ တဖက်သူမှာ နတ်ဘုရားတစ်ဝက်အဆင့် ရောက်ရှိနေသော်လည်း သူကကော..။ အဆင့်တူဖြစ်သည်။ ဓားလမ်းစဥ်၌ အဆင့်တူလျင် မည်သူကိုမှကြောက်စရာမလိုချေ။
တင်းဟောက်ရဲ့ဓားက ညင်သာစွာပင့်မြောက်သွားပြီး စက္ကန့်ဝက်အတွင်းမှာပဲ ဓားချက်တစ်ခု ထွက်ပေါ်လာသည်။
“မင်း..မင်းလည်းနတ်ဘုရားတစ်ဝက်အဆင့်ကို ရောက်နေပြီလား”
မူလဧကရာဇ်မှာ မယုံနိုင်ဖြစ်သွားတော့သည်။ တိုက်ပွဲအစဆုံး တင်းဟောက်ရဲ့အဆင့်ကို သူမခန့်မှန်းနိုင်ဖြစ်ခဲ့ရပြီး တင်းဟောက်မှာအစွမ်းကုန်ထုတ်မသုံးသေးဟု ခံစားရသော်လည်း ထိုအရာက ဓားသမားတယောက် ဓားလမ်းစဥ်၌ နတ်ဘုရားတစ်ပါး ဖြစ်လာလုနီးပါးရှိနေသည်ကို သူသတိမပြုမိခြင်း ဖြစ်နေသည်။ မည်မျှ ပေါ့လျောခဲ့လေသနည်း။ ထိုအတွက်ကြောင့် ကျောက်စိမ်းဧကရီမှာ တင်းဟောက်ကို အပြည့်အဝယုံကြည်၍ ဤနေရာ၌ မရှိလေသလော။
ဓားချက်ကြီးက တစတစ ကြီးမားလာပြီး ဓားသဘောတရားများက အလင်းတန်းများသဖွယ် ဓားချက်ပတ်ပတ်လည်၌ ကခုန်နေကာ တိုးဝင်လာသည့် တွင်းနက်ကြီးနဲ့ ထိပ်တိုက်တွေ့သွားတော့သည်။
ဝုန်း……။
ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပတ်ဝန်းကျင်ရှိ ကီလိုမီတာ ရာပေါင်းများစွာထိ ပြန့်ကားသွားပြီး ထိုတိုက်ခိုက်မှုကိုတော့ အခြားသူများမှာ နောက်ထပ်တဖန် ရှောင်တိမ်းရပြန်လေသည်။
“အရမ်းကြောက်ဖို့ကောင်းတယ်”
မိုးမြေဧကရာဇ်တစ်ယောက် တင်းဟောက်ရှိရာ ကြည့်လိုက်ပြီး တီးတိုးရေရွတ်မိသည်။ သူနဲ့အဆင့်တူ သိပ်မကွာခြားတဲ့ ဓားဖြူဧကရာဇ်မှာ ယခုတော့သူ့ထက်သာလွန်တဲ့ ခွန်အားတစ်ခု ထုတ်ပြလာချေပြီ။
ဘယ်ညာလက်ရုံးနှစ်ဆူကလည်း တင်းဟောက်ရဲ့ဓားချက်ကို မိမိတို့သာ ရင်ဆိုင်ရပါက ခုခံနိုင်မည်မှာ မသေချာကြောင်း သတိပြုမိသွားသည်။
တဖက်တွင်တော့ မူလဧကရာဇ်ရဲ့ တွင်းနက်ကြီးမှာ ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရပြီး ဓားချက်ရဲ့စွမ်းအင်များမှာလည်း တိုက်စားခံရမှုကြောင့် ပျောက်ကွယ်သွားတော့သည်။
နှစ်ဖက်စလုံးက သရေ အခြေနေကို ရောက်ရှိသွားခြင်း ဖြစ်သည်။ ထိုတကွက်တည်းနဲ့ပင် လက်ရှိတိုက်ပွဲနေရာ၌ မူလဧကရာဇ်နဲ့ ဓားဖြူဧကရာဇ်တို့မှာ အဆင့်တစ်ခု၌ ရှိနေသည်ကို အခြားသူများ လက်ခံသွားကြရတော့သည်။ ထိုအဆင့်က ကျင့်ကြံဆင့်တူညီသော်လည်း မတူညီတဲ့ နေုက်ထပ်နယ်ပယ်အဆင့်တစ်ခုဖြစ်ပြီး ဓားသမားဖြစ်စေ အမှောင်စွမ်းအင်ဖြစ်စေ နှစ်ခုစလုံးက ထိပ်တန်းအရည်သွေးများကို ပိုင်ဆိုင်ထားသည့် အရာများ ဖြစ်လေသည်။
မူလဧကရာဇ်မှာ တုန်လှုပ်နေမှုကို အတင်းအကြပ် ဖိနှိပ်နေခဲ့ပြီး ဓားဖြူဧကရာဇ်တင်းဟောက်မှာတော့ မူလအတိုင်းတည်ငြိမ်စွာပဲ မတ်မတ်ရပ်လျက် ရှိနေလေသည်။
“မင်းကို ငါအထင်သေးမိခဲ့တာပဲ တင်းဟောက်”
မူလဧကရာဇ်က တီးတိုးပြောသည်။ တင်းဟောက်က
“မင်းလည်း အမှောင်စွမ်းအင်ကို အတော်လေး ပြီးပြည့်စုံအောင် လေ့လာထားပြီးပြီပဲ”
“ဟုတ်တယ် ကိုးဆယ်ရာခိုင်နှုန်းထိ ငါလေ့လာပြီးပြီ”
ထိုစကားက အမှောင်စွမ်းအင်ကို မူလဧကရာဇ် မည်မျှထိ ပိုင်နိုင်နေကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုအခြေနေက မူလလောက အနောက်၌ အမှောင်ထုလောက တည်ရှိနေသည့်အချက်မှာ သိသာသွားစေတော့သည်။ တင်းဟောက်ရဲ့အကြည့်က အမှောင်ထုကျင့်ကြံသူများရှိရာဘက်သို့ ရောက်ရှိသွားသည်။
“မင်းတို့က နောက်ကွယ်ကနေ မီးထိုးနေတာကိုး”
တင်းဟောက်ရဲ့စကားကြောင့် အမှောင်ထုကျင့်ကြံသူများမှာ မျက်နှာပျက်သွားတော့သည်။
“မင်း မဟုတ်တာတွေ စွပ်စွဲနေတာပဲ ငါတို့အမှောင်ထုလောကနဲ့ မူလလောကဆိုတာ အကျိုးတူပူးပေါင်းထားတဲ့ မိတ်ဖက်လောကနှစ်ခုကွ”
အမှောင်ထုကျင့်ကြံသူတစ်ဦးက အပြင်းအထန် တုန့်ပြန်လာသည်။ တင်းဟောက်က အနည်းငယ်ပြုံးလိုက်သည်။ ထိုအမှောင်ထုကျင့်ကြံသူမှာ ဘုရင်အဆင့်သာရှိသောကြောင့် ထိုသူကိုအဆုံးသတ်ရန်မှာ အရမ်းလွယ်ကူသည်။
“မင်းတို့တွေရဲ့အတွေးတွေကို ငါမသိဘူးများထင်နေလား”
တင်းဟောက်ရဲ့ဓားရှည်က ထပ်မံ လှုပ်ရှားလာသည်။ ထိုအချင်းရာကိုမြင်လျင် အမှောင်ထုကျင့်ကြံသူများမှာ ၎င်းတို့တိုက်ခိုက်ခံရပြီးထင်မှတ်ကာ ချက်ချင်းပင် အနောက်ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကြတော့သည်။
“ဟမ့် ကြောက်တတ်လိုက်တာ”
……………………………………………….