← Chapters

အခန်း (၈၇-၈၉)

Vol. 6 Ch. 87-89

အခန်း (၈၇-၈၉)

Vol. 6 Ch. 87-89

အခန်း ၈၇

- အပိုင်း ၁၇ - SSS အဆင့် ပါရမီရှင် (၆)

ပြန်လာသူ။ ၎င်းမှာ 'Ways of survival' ဝတ္ထုထဲ၌ သူတို့အကြောင်း ပထမဆုံး ဖော်ပြထားသည့် စာသားပင် ဖြစ်ချေသည်။

「အချို့သောသူများသည် အချိန်ကို နောက်ပြန်ဆုတ်သွားကြပြီး၊ အချို့မှာမူ အခြားကမ္ဘာတစ်ခုသို့ သွားရောက်ကြကာ အချို့မှာမူ တစ်ဖက်သတ် ပြန်လည်မွေးဖွားလာကြသည်။ နောက်ဆုံးတွင်မူ ပျက်စီးခြင်းနှင့် အသားကျအောင် နေထိုင်သည့် နည်းလမ်းမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားကြပေသည်။ 」

'ပျက်စီးသွားသော ကမ္ဘာကြီးတွင် မည်သို့ ရှင်သန်ရမည်နည်း' ၏ ဒုတိယမြောက် 'နည်းလမ်း' မှာ ရှင်သန်ရန်အတွက် အခြားကမ္ဘာများကို ဖျက်ဆီးပြီး ပြန်လာခြင်းပင် ဖြစ်ချေသည်။

"ငါ့ကို ဖြေစမ်း။ ငါက ဘယ်သူလဲဆိုတာ နင် သိချင်နေတာလား"

ပြန်လာသူ မြုံအီဆန်။ ဤကောင်လေးမှာ ခရိုနော့စ် ကမ္ဘာတွင် စစ်သည်တော်တစ်ဦးအဖြစ် ခေါ်ယူခံခဲ့ရသည့် ကမ္ဘာမြေမှ ပြန်လာသူတစ်ဦး ဖြစ်ပေသည်။

"ဟင်း... ဒီလို အခြေအနေမျိုးမှာ ရှက်သွေးဖြာပြီး မျက်လွှာချထားရမှာ မဟုတ်ဘူးလား။ အမကြီးက ငါ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတာလား"

မေးခွန်းများ၏ ကပ်ဘေး မှာ တကယ့်ကို အသုံးမကျသည့် ကောင်ပင် ဖြစ်ချေသည်။

ယူဆန်းအာ က ပါးစပ်ကို ဖွင့်လိုက်၏။

"ဘာ..."

– ယူဆန်းအာ၊ မေးခွန်းကို မဖြေလိုက်နဲ့

ကျနော့်စကားကြောင့် ယူဆန်းအာ ၏ ခေါင်းမှာ ကျနော့်ဘက်သို့ လှည့်လာသည်။ သို့သော်လည်း ယူဆန်းအာ ၏ မေးစေ့မှာ မြုံအီဆန် ၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရပြီး အတင်းအကျပ် ပြန်လှည့်ကြည့်စေခဲ့၏။

"ဘယ်ကို ကြည့်နေတာလဲ။ ငါ့ကိုပဲ ကြည့်စမ်း။ အဲဒါ မင်းရဲ့ ရည်းစားလား"

"နင့်လက်ကို ဖယ်လိုက်စမ်း"

ယူဆန်းအာ သည် မြုံအီဆန် ၏ လက်ကို ခါထုတ်လိုက်သည်။ ယူဆန်းအာ ၏ ဓားမြှောင်သည် လေထဲတွင် ခြိမ်းခြောက်သည့် အမူအရာဖြင့် လှုပ်ရှားသွား၏။ မြုံအီဆန် က ရယ်မောလိုက်ပေသည်။

[ဒုတိယမြောက် မေးခွန်းကို ဖြေရှင်းပြီးပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ဒုတိယမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

"အာ... ဟုတ်သားပဲ။ ငါက နှစ်ပေါင်း ၁၀၀ လောက် ကလေးမျက်နှာ ဖြစ်နေခဲ့တာပဲ"

ကောင်လေး၏ အေးစက်သော မျက်လုံးများက ကျနော့်ထံသို့ လှည့်လာ၏။ ကျနော်က အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသုံးမပြုခဲ့သော်လည်း ထိုစွမ်းရည်မပါဘဲနှင့်ပင် သိသာလှသည်။

"မင်းက ဒီအေးချမ်းတဲ့ ကမ္ဘာကြီးမှာ ပျော်နေခဲ့တာပေါ့ ဟုတ်လား"

သူ၏ ညာဘက်လက်မောင်းမှာ ကျနော့်ကို ဦးတည်လာ၏။ တစ်ချိန်တည်းမှာပင် ခရမ်းရောင် အမှုန်အမွှားများမှာ သူ၏ လက်ပတ် ပတ်လည်၌ စုစည်းသွားပေသည်။

[ဇာတ်ကောင် ‘မြုံအီဆန်’ သည် ‘မဟူရာမီးလျှံ အသေးစားအမြောက်’ ကို အသက်သွင်းလိုက်ပါပြီ။]

မဟူရာမီးလျှံအမြောက်။ ၎င်းမှာ ခရိုနော့စ် ကမ္ဘာ၏ အရှေ့ပိုင်းဒေသကို ဖျက်ဆီးခဲ့ပြီး တောအုပ်အတွင်းရှိ ပိုးကောင်ဘုရင်များအားလုံးကို လောင်ကျွမ်းစေခဲ့သည့် သေခြင်းတရား၏ မီးလျှံပင် ဖြစ်ချေသည်။

ပတ်ဝန်းကျင် လေထုတစ်ခုလုံးမှာ လောင်ကျွမ်းနေပြီး မီးလျှံများ၏ ဝိုင်းရံခြင်းကို ကျနော်ခံလိုက်ရသည်။ နာကျင်မှုများမှာ ကျနော့်အရေပြားပေါ်သို့ ပျံ့နှံ့သွား၏။ ကျနော် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

ချီး။ နာလိုက်တာ။ တကယ်ကို နာတယ်။ နာတယ်ဟ...

...ငါ ထင်ထားတာလောက်တော့ မနာသလိုပဲ။

ခဏအကြာတွင် မီးလျှံများ ငြိမ်းသွားပြီး ကျနော့်အရေပြားကို ပြန်ကြည့်လိုက်ပေသည်။ နေရာတိုင်းမှာ လောင်ကျွမ်းပြီး နာကျင်နေသော်လည်း ခံနိုင်ရည်ရှိသည့် နာကျင်မှုမျိုးသာ ဖြစ်ချေ၏။

ဤသည်က ပိုးကောင်ဘုရင်တွေကို ကြောက်လန့်စေခဲ့တဲ့ မဟူရာမီးလျှံအမြောက် ဆိုသည်လော။ မဟူရာမီးလျှံ အသေးစားအမြောက် က... သိပ်မနာလှချေ။

ကျနော် မော့ကြည့်လိုက်သောအခါ ယူဆန်းအာ သည် ဓားမြှောင်ကို ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို မြင်လိုက်ရ၏။ ထင်မှတ်မထားဘဲ ယူဆန်းအာက အသာစီးရနေပေသည်။ မေးခွန်းများ၏ ကပ်ဘေး ပင်လျှင် ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် ဇဝေဇဝါ ဖြစ်နေ၏။

"...ဘာလဲ။ နင်က ဘာလို့ ဒီလောက်တောင် သန်မာနေတာလဲ။ အမကြီးကလည်း ပြန်လာသူလား။ ဒါမှမဟုတ် ငါကပဲ အားနည်းနေတာလား"

ကျနော် နားမလည်နိုင် ဖြစ်သွားသည်။ မူလအတိုင်းဆိုလျှင် ချိပ်တံဆိပ်နှစ်ခု ပွင့်သွားသည့် မေးခွန်းများ၏ ကပ်ဘေး မှာ ဤထက်ပို၍ သန်မာသင့်ပေသည်။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်း ကို အသက်သွင်းလိုက်ပါပြီ။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် - မြုံအီဆန်

အသက် - ၁၇ နှစ် (၁၂၇ နှစ်)

ထောက်ပံ့သူ - ထုတ်လုပ်ရေး လုပ်ငန်းရှင်

ဝိသေသ လက္ခဏာ - SSS အဆင့် စစ်သည်တော်

(သူရဲကောင်း)၊ မေးခွန်းများ၏ ကပ်ဘေး

(ဒဏ္ဍာရီလာ)

သီးသန့်စွမ်းရည်များ - SSS အဆင့် တိုးတက်ကြီးထွားမှု

အရှိန်မြှင့်တင်ခြင်း အဆင့် ၁၀

(လက်ရှိ အဆင့် ၁)၊ SSS အဆင့်

ဓားရေးလေ့ကျင့်မှု အဆင့် ၁၀

(လက်ရှိ အဆင့် ၁)၊

မဟူရာမီးလျှံအမြောက် အဆင့် ၉

(လက်ရှိ အဆင့် ၁)၊ SSS အဆင့်

ခြေလှမ်းကျွမ်းကျင်မှု အဆင့် ၁၀

(လက်ရှိ အဆင့် ၁)...

အထူးစွမ်းရည် - အဖြေက သတ်မှတ်ပြီးသားမို့လို့ နင်

ဖြေဖို့ပဲ လိုတယ် အဆင့် ၇ (အဆင့် ၂)။

စွမ်းရည်အလုံးစုံ - ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၉၉

(လက်ရှိ အဆင့် ၅၅)၊

ခွန်အား အဆင့် ၉၉ (လက်ရှိ အဆင့် ၅၅)၊

လျှင်မြန်မှု အဆင့် ၉၉

(လက်ရှိ အဆင့် ၆၀)၊

မှော်စွမ်းအင် အဆင့် ၉၉

(လက်ရှိ အဆင့် ၅၅)

ခြုံငုံအကဲဖြတ်ချက် - ခရိုနော့စ် ကို ဖျက်ဆီးခဲ့သည့်

မေးခွန်းများ၏ ကပ်ဘေး။ လက်ရှိ

ဇာတ်ဝင်ခန်း၏ ဒဏ်ခတ်ချက်ကြောင့်

စွမ်းရည်အားလုံးမှာ ချိပ်တံဆိပ်ခတ်ခံ

ထားရသည်။ ချိပ်တံဆိပ်တစ်ခု ပွင့်သွားတိုင်း

စွမ်းရည်များမှာ မြင့်တက်လာလိမ့်မည်။

ချိပ်တံဆိပ်အားလုံး ပွင့်သွားသည်နှင့်

ကပ်ဘေး၏ အစစ်အမှန် စွမ်းအားမှာ

နိုးထလာလိမ့်မည်။ အကယ်၍ သင်

ရှင်သန်လိုပါက သူ၏ မေးခွန်းများကို

မဖြေပါနှင့်။ သို့သော်လည်း သင်သည်

သေရဦးမည်သာ ဖြစ်သည်။

မြင်ကွင်းတစ်ခုလုံး 'SSS' တွေနှင့် ပြည့်နေသဖြင့် ကျနော် စိုးရိမ်သွားသော်လည်း အသေးစိတ် ဖတ်ကြည့်လိုက်သောအခါ သူ အဘယ်ကြောင့် အားနည်းနေသလဲဆိုသည်ကို ကျနော် နားလည်သွားပေတော့သည်။

ဒိုကဲဘီများမှာ တရားမျှတကြပေသည်။ ယခုအချိန်၌ သူသည် မူလကပ်ဘေးထက် ပို၍ အားနည်းနေသေး၏။

"ဟန်ဆိုယောင်း။ ယူဆန်းအာ"

ဘီဟွန်းက သူ၏ အစွမ်းကို အသုံးပြုပေးနေသလားတော့ ကျနော် မသိသော်လည်း ယခုအချိန်မှာ ကျနော်တို့အတွက် အခွင့်အရေးပင် ဖြစ်ချေသည်။

"ရှိသမျှ အင်အားအကုန်သုံးပြီး တိုက်ခိုက်ကြ။ သူ့ကို အခုချက်ချင်း သတ်ရမယ်"

အကယ်၍ သူ၏ လက်ရှိအခြေအနေက ဤမျှသာဆိုလျှင် လေ၏လမ်းစဉ် မပါဘဲနှင့်ပင် ကျနော်တို့ အနိုင်ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။ ကျနော်သည် ကျန်ရှိနေသော ဒင်္ဂါးများကို ကျနော့်၏ စွမ်းရည်များထဲသို့ ပုံအောထည့်လိုက်ပေသည်။

[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၅၀ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၆၀]

[လျှင်မြန်မှု အဆင့် ၅၀ -> လျှင်မြန်မှု အဆင့် ၆၀]

[မှော်စွမ်းအင် အဆင့် ၂၅ -> မှော်စွမ်းအင် အဆင့် ၆၀]

[ဒင်္ဂါး ၃၉,၅၀၀ ကို အသုံးပြုလိုက်ပါပြီ။]

[စွမ်းရည်အားလုံးမှာ ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပါပြီ။]

မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို အသက်သွင်းလျက် ပြင်းထန်စွာ ကျနော်ပြေးထွက်လိုက်သည်။

"မှတ်ထားကြ။ သူ မေးသမျှကို ဘယ်တော့မှ ပြန်မဖြေနဲ့"

ကျနော့်၏ ဓားစွမ်းအင်ကို မြင်သောအခါ မြုံအီဆန် က စိတ်ဝင်စားသွားပုံ ရ၏။

"ဘာလဲဟ... စွမ်းအင်ဓား လား"

သူ၏ မြင့်မားလှသော လျှင်မြန်မှုကြောင့် ကျနော့်၏ တိုက်ကွက်မှာ ကပ်သီးလေး လွဲချော်သွားသည်။ မြုံအီဆန် က ဆက်တိုက် စကားပြောနေ၏။

"ဦးလေးကြီးက သိုင်းပညာရှင်လား။ စွမ်းအင်ဓားကို ဘယ်လိုလုပ် အခုကတည်းက သုံးနိုင်နေတာလဲ။ ဒါက ရူးချင်စရာကြီး မဟုတ်ဘူးလား"

ကျနော်က သူ့ကို လျစ်လျူရှုပြီး အထူးစွမ်းရည် တစ်ခုကို အသက်သွင်းလိုက်သည်။

[အထူးစွမ်းရည် ‘ဓါးတေးသံ’ ကို အသုံးပြုလိုက်ပါပြီ။]

[သင်၏ ဓားသည် သစ္စာရှင်စစ်သူကြီး ချန်ထားရစ်ခဲ့သော စကားလုံးများဖြင့် ပြည့်နှက်သွားပါသည်။]

သစ္စာရှင်စစ်သူကြီး ၏ ဇာတ်လမ်းထဲမှ ကျပန်းကဗျာတစ်ပုဒ်မှာ ကျနော့်ရှေ့၌ ပေါ်လာပြီးနောက် သတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။

「 ၂၈ ရက်မြောက်နေ့။ မိုးကောင်းကင် ကြည်လင်နေသည်။ ကျွန်ုပ်သည် ရုံးကိစ္စများကို လုပ်ဆောင်ရန် သွားခဲ့သည်။ 」

ထို့နောက်တွင် ဘာမှ ဖြစ်မလာပေ။

ချီး...

သစ္စာရှင်စစ်သူကြီး က ယခုအချိန်တွင် ကျနော့်ကို မကူညီချေ။

နန်ဂျွန်အီဂီ (စစ်မှတ်တမ်း) ထဲ၌ ရန်သူကို တိုက်ခိုက်သည့် အကြောင်းအရာများ အမြဲတမ်း ပါဝင်နေသည်တော့ မဟုတ်ချေ။ အမှန်စင်စစ် အကြောင်းအရာ အများစုမှာ သာမန်ကိစ္စရပ်များသာ ဖြစ်ပေသည်။

မိုးကောင်းကင် ကြည်လင်နေသည်။ သစ္စာရှင်စစ်သူကြီး က ရုံးကိစ္စများ လုပ်ဆောင်ရန် သွားခဲ့သည်။

အကယ်၍ ကျနော်သာ 'ဖျက်ဆီးခြင်း မှတ်တမ်း' တစ်ခုကို ရေးသားမည်ဆိုပါက ကျနော့်မှတ်တမ်းမှာ ခပ်ကြမ်းကြမ်း ဤသို့ ဖြစ်ပေလိမ့်မည်။

မိုးကောင်းကင် မှောင်မိုက်နေသည်။ ကင်ဒေါ့ဂျာ က မှန်ကန်နေခဲ့သည်။

မြုံအီဆန် ၏ ကန်ချက်ကို ရှောင်ရှားရန် မြေပြင်ပေါ်၌ ကျနော်လိမ့်လိုက်သည်။ မြုံအီဆန် ၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လာ၏။ သူသည် ကျနော့်၏ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို သေချာကြည့်ရှုပြီးနောက် သက်ပြင်းတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်တော့သည်။

"ဟူး... ဟုတ်သားပဲ။ ဒါက တကယ့် စွမ်းအင်ဓား မဟုတ်ဘူး။ ဦးလေးကြီးက ဘာလို့ အစစ်လိုမျိုး ဟန်ဆောင်နေတာလဲ။ ကျုပ်ကို တော်တော် လန့်သွားအောင် လုပ်နိုင်တာပဲ"

"ကောင်လေး... နင်စကားအရမ်းများတာပဲ"

အေးစက်လှသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။ ကျနော် အချိန်ဆွဲနေစဉ်မှာပင် ဟန်ဆိုယောင်းက ကိုယ်ပွား ပေါင်းများစွာကို ဖန်တီးလိုက်ပြီး သူ၏ထံသို့ ပြေးဝင်သွားလေသည်။

"သေလိုက်စမ်း"

လှုပ်ရှားမှုများ ပိတ်ဆို့ခံထားရသော ကောင်လေးပေါ်သို့ ဟန်ဆိုယောင်း၏ တိုက်ကွက်များ ကျရောက်သွားတော့သည်။

သို့သော်လည်း ဟန်ဆိုယောင်း၏ တိုက်ခိုက်မှုများမှာ မြုံအီဆန် ၏ ခန္ဓာကိုယ်ကို ထိခိုက်စေလောက်အောင် မပြင်းထန်ချေ။ ထို့ထက် ပိုဆိုးသည်မှာ ကိုယ်ပွား အရေအတွက် များပြားလွန်းသဖြင့် ယူဆန်းအာ ပင်လျှင် ထိရောက်သော တိုက်ခိုက်မှုမျိုး မလုပ်နိုင် ဖြစ်နေ၏။

ဟန်ဆိုယောင်း၏ သေးငယ်သော လက်ဖြင့် အထိုးခံရသော်လည်း မြုံအီဆန် က ရယ်မောနေ၏။

"နင်ကလည်း တော်တော် လှတာပဲ။ အသက် ဘယ်လောက်လဲ။ ကျောင်းသူလား"

"ပါးစပ်ပိတ်ပြီး သေလိုက်စမ်း"

ဆက်တိုက် အထိုးခံရသဖြင့် မြုံအီဆန် ၏ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာများ ရသွား၏။

"...အားလုံးက ဘာဖြစ်နေကြတာလဲ။ ငါ ဘာမှားလို့လဲ။ ငါ့လိုမျိုး ရုပ်ဖြောင့်တဲ့ ပြန်လာသူကို မြင်ရင် လက်ကမ်းကြိုဆိုသင့်တာ မဟုတ်ဘူးလား။ ငါက အခုကစပြီး မိစ္ဆာတွေအားလုံးကို ရှင်းပစ်သင့်လား"

"ရူးနေတဲ့ ခွေးပဲ"

"အာ... ငါ့စကားတွေက ရယ်စရာကောင်းနေတာလား။ ခဏလေး... ဖြစ်နိုင်တာက နင်တို့က..."

မြုံအီဆန် ၏ အမူအရာ ပြောင်းလဲသွား၏။

"နင်တို့က မုဆိုးများအသင်းက မလား။ ဟုတ်တယ်မလား။ ပုံမှန်ဆိုရင် ဒီလိုမျိုးပဲ ဖြစ်တတ်တာ မဟုတ်လား။ ပြန်လာသူတစ်ယောက် ပြန်ရောက်လာရင် သူတို့က အမြဲတမ်း ပထမဆုံး ပေါ်လာတတ်တဲ့သူတွေပဲလေ။ ဟုတ်တယ်မလား"

"ဒီမအေဘေးကတော့ကွာ။ ဟာ…မဟုတ်ဘူး။ ချီးပဲ”

[တတိယမြောက် မေးခွန်းကို ဖြေရှင်းပြီးပါပြီ။]

[စတုတ္ထမြောက် မေးခွန်းကို ဖြေရှင်းပြီးပါပြီ။]

[ပဉ္စမမြောက် မေးခွန်းကို ဖြေရှင်းပြီးပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ တတိယမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

မြုံအီဆန် က ပြုံးလျက် ခေါင်းညိတ်လိုက်၏။

"နင်တို့က မုဆိုးများအသင်း ကပဲ"

ဒါကတော့ တကယ့်ကို ရူးစရာပင်။ သူ၏ အရှိန်အဝါမှာ ပို၍ပင် အားကောင်းလာချေပြီ။ မြုံအီဆန် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသော စွမ်းအင်လှိုင်းကြောင့် ပတ်ဝန်းကျင်ရှိ ကိုယ်ပွားများမှာ ပျက်စီးသွားကြသည်။

မြုံအီဆန် က ကျယ်လောင်စွာ ရယ်မောလိုက်၏။

"အခုတော့ အနှိုင်းမဲ့စွမ်းအားရှင်ရဲ့ အချိန်ရောက်ပြီ"

ဟန်ဆိုယောင်းသည် နောက်သို့ ဆုတ်လိုက်ပြီး ကျနော့်ကို မယုံနိုင်စရာကောင်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

"အဲဒီကောင်က ဘာဖြစ်နေတာလဲ"

ကျနော် စိတ်တိုတိုဖြင့် အမောတကော ပြောလိုက်ရ၏။

"သူ့ကို ပြန်မဖြေပါနဲ့လို့ ကျနော် ပြောခဲ့တယ်မလား။ နင်က အဲဒီကောင်စုတ်ကို အင်အားဖြည့်ပေးနေတာပဲ"

"ငါ ပြန်မဖြေပါဘူး။ ငါ ဆဲလိုက်ရုံတင်ပါ"

"စကားမပြောပါနဲ့တော့"

မေးခွန်းများ၏ ကပ်ဘေး မေးသော မေးခွန်းများ၏ ရည်ရွယ်ချက်မှာ အဖြေကို လိုချင်၍ မဟုတ်ပေ။ အဖြေက မည်သို့ပင်ဖြစ်စေကာမူ သူသည် ထိုအဖြေကို အသုံးချ၍ သူ၏ စွမ်းရည်များကို အားကောင်းအောင် ပြုလုပ်မည်သာ ဖြစ်ချေသည်။

မြုံအီဆန် က ဆက်တိုက် စကားပြောနေ၏။

"ဒါဆိုရင် ငါ ဘယ်သူ့ကို အရင်သတ်ရမလဲ"

သို့သော်လည်း သူ၏ စကားများမှာ ကြာရှည်မခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယူဆန်းအာ က ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လျက် သူ၏ နောက်ကျောဘက်တွင် ပေါ်လာသောကြောင့် ဖြစ်ပေသည်။

[ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်]

[သီးစီးယပ်စ်၏ ပြတ်သားမှု]

[အရီယက်ဒ်နီ၏ ပင့်ကူအိမ်]

စနစ်သတိပေးချက်များ ပေါ်မလာသော်လည်း ကျနော်သည် ဤစွမ်းရည်များကို မှတ်မိနေပေသည်။ လွနာရော့ခ် ဟု ခေါ်သော အနာဂတ် ဇာတ်ဝင်ခန်းတစ်ခုတွင် ဤစွမ်းရည်များကို ရှင်းလင်းစွာ ဖော်ပြထားပေသည်။ ၎င်းတို့မှာ အိုလံပတ်စ်နှင့် ပတ်သက်သော နက္ခတ်များ၏ အထူးစွမ်းရည်များ ဖြစ်ကြပေသည်။

အံ့အားသင့်သွားသော မြုံအီဆန် သည် ယူဆန်းအာ ကို တားဆီးရန်အတွက် မဟူရာမီးလျှံ အသေးစားအမြောက် များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။

သို့သော်လည်း ယူဆန်းအာ သည် မဟူရာမီးလျှံအမြောက်များကို ဂရုမစိုက်ဘဲ မြုံအီဆန် ထံသို့ တိုးဝင်သွား၏။

"ဒီလိုမျိုးကြီးက..."

၎င်းမှာ မဖြစ်နိုင်ပေ။

အထူးဇာတ်ဝင်ခန်း ဖြစ်ရပ်တစ်ခုကို မကြုံတွေ့ရသရွေ့ ကိုယ်စားလှယ် တစ်ဦးအနေနှင့် မတူညီသော နက္ခတ်များစွာ၏ အထူးစွမ်းရည်များကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်စရာ အကြောင်းမရှိချေ။

ကျနော့်မှာပင် အထူးစွမ်းရည် နှစ်ခုသာ ရှိသည့် အခြေအနေမျိုးတွင် ယူဆန်းအာ သည် ဤမျှများပြားသော အထူးစွမ်းရည်များကို မည်သို့ ပိုင်ဆိုင်ထားနိုင်သနည်း။

"စမ်းကြည့်ရအောင်။ နာလားလို့"

ယူဆန်းအာ ၏ နဖူးတွင် ချွေးများ စိုရွှဲနေပေသည်။

မှော်စွမ်းအင် ကြိုးမျှင်မှာ ဆက်တိုက် ဆန့်ထွက်လိုက် ကျုံ့ဝင်လိုက် ဖြစ်နေ၏။ ယူဆန်းအာသည် လေထဲတွင် လွတ်လပ်စွာ ခြေလှမ်းလှမ်းနေလေသည်။ ဟာကွက်တစ်ခု တွေ့လိုက်သည်နှင့် ဓားမြှောင်မှာ တုံ့ဆိုင်းမှုမရှိဘဲ ထိုးဖောက်ဝင်ရောက်သွား၏။ ယူဆန်းအာ၏ ခန္ဓာကိုယ်အတွင်းရှိ ဇီဝစွမ်းအားမှာ လောင်ကျွမ်းနေပေသည်။

နှစ်ရက်အတွင်းမှာပင် ထူးခြားလှသော ပြောင်းလဲမှု ဖြစ်ပေသည်...

ထိုအချိန်တွင် ကျနော် တစ်စုံတစ်ခုကို သတိပြုမိသွား၏။ ကိုယ်စားလှယ် တစ်ဦးတည်းတွင် နက္ခတ်အမျိုးမျိုး၏ အထူးစွမ်းရည်များ ရှိနေခြင်း။

'Ways of survival' ထဲ၌ ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ အမေရိကန်မှ ပရောဟိတ် အန်နာခရော့ဖ်ပင် ထိုသို့အခြေအနေမျိုး မကြုံခဲ့ရချေ။ ဒါဆိုရင် ယူဆန်းအာ က...

"ဒေါ့ဂျာ။ အခုလုပ်လိုက်တော့"

ယူဆန်းအာ က အချက်ပေးလိုက်သဖြင့် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး ဖြင့် ယူဆန်းအာ၏ ပြင်းထန်သော တိုက်ကွက်ကို ဝိုင်းဝန်းကူညီပေးလိုက်ပေသည်။ ဟန်ဆိုယောင်း လည်း ပါဝင်လာ၏။ တဖြည်းဖြည်းနှင့် မြုံအီဆန် မှာ ဝိုင်းဝန်းတိုက်ခိုက်မှုများကြောင့် မူးဝေလာပေသည်။

သူ၏ လှုပ်ရှားမှုများ ခဏတာ နှေးကွေးသွားချိန်တွင် ကျနော့်၏ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး မှာ ဟာကွက်ကို ပစ်မှတ်ထားလျက် သူ၏ ပခုံးနှင့် ဝမ်းဗိုက်ကို ပိုင်းဖြတ်လိုက်တော့သည်။

"ချီးပဲ..."

သွေးများ စီးကျလာ၏။ မြုံအီဆန် သည် နောက်သို့ ဆုတ်လိုက်ပြီး တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ပေသည်။

[ဇာတ်ကောင် ‘မြုံအီဆန်’ သည် ‘မျက်စိတစ်မှိတ်အတွင်း ရွေ့လျားခြင်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါပြီ။]

မြုံအီဆန် ၏ ပုံရိပ်မှာ ဝေဝါးသွား၏။ ကျနော့်စိတ်ထဲတွင် အလွန် လောသွား၏။ သူ့ကို လွတ်သွား၍ မဖြစ်ပေ။

ဓားကို သူ၏ ခါးဆီသို့ ကျနော်ဦးတည်လိုက်သည်။ သို့သော်လည်း ဓားထိမှန်ချိန်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။ ကျန်ရှိခဲ့သည်မှာ လွင့်စင်နေသော သွေးစက်များသာ ဖြစ်တော့သည်။

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ် က ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပါသည်။]

[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ် သည် အားမလိုအားမရဖြစ်သွားခြင်းကြောင့် ရူးမတတ် ဖြစ်နေပါသည်။]

[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ် က သင်၏ နှလုံးသားဆီသို့ လက်ညှိုးထိုးပြနေပါသည်။]

[အချို့သော နက္ခတ်များ၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပါပြီ။]

ဟန်ဆိုယောင်းက အော်ပြောလိုက်၏။

"ချီးပဲ... ငါတို့ လက်ကနေ သူလွတ်သွားပြီ"

"ရပါတယ်၊ သူ ဒဏ်ရာရထားတာဆိုတော့ မကြာခင် ပြန်ဖမ်းမိမှာပါ"

[အချို့သော နက္ခတ်များမှာ ပြန်လည် တည်ငြိမ်သွားကြပါပြီ။]

"ယူဆန်းအာ။ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်... ယူဆန်းအာ"

ယူဆန်းအာ ထံမှ ပြန်ထူးသံ မကြားရချေ။ ထူးဆန်းသောအရာ တစ်ခုကို အာရုံခံမိသဖြင့် ကျနော် သွားကြည့်လိုက်သောအခါ ယူဆန်းအာမှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းနှင့် ရပ်နေလေသည်။

ဟန်ဆိုယောင်း က မေးလိုက်၏။

"သူ ဘာဖြစ်နေတာလဲ"

ကျနော် နောက်ကျမှ သဘောပေါက်သွားသည်။

'သီးစီးယပ်စ်၏ ပြတ်သားမှု' ဆိုသည်မှာ ကိုယ်စားလှယ် ၏ အင်အားအားလုံးကို ထုတ်သုံးရသည့် စွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်ကို အသုံးပြုခြင်းက ယူဆန်းအာ အား မိစ္ဆာတစ်ကောင်ကို ခေတ္တမျှ ရင်ဆိုင်နိုင်စရာ အစွမ်း ပေးခဲ့ခြင်းပင်။

ကျနော် ယူဆန်းအာ ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ဟန်ဆိုယောင်း ထံသို့ လွှဲပေးလိုက်ပေသည်။

"တခြားလူကို ငါ့ဆီ လာပေးနေတာလား။ ငါက ကလေးထိန်း မဟုတ်ဘူးနော်"

"ကပ်ဘေးကို ငါတို့ အမြန် ရှာဖို့ လိုတယ်။ နင်လည်း ကိုယ်ပွားတွေ ထပ်ပြီး ဖြန့်ထားသင့်တယ် မဟုတ်လား"

"သူ ဘယ်ကို သွားတယ်ဆိုတာ ငါ အကြမ်းဖျင်း သိသလိုပဲ"

"လမ်းပြပေးပါ"

ဤနေရာတွင် ထိုကောင်ကို လွတ်သွား၍ မဖြစ်ပေ။ ဟန်ဆိုယောင်းက ထပ်ပြီး ပြောလိုက်ပြန်၏။

"ငါ သိပ်မမှတ်မိတော့လို့... သူက မေးခွန်းတစ်ခုကို ဖြေလိုက်တိုင်း ပိုပြီး သန်မာလာတာ မဟုတ်လား"

"မှန်တယ်၊ အစမှာ သူက အားနည်းပေမဲ့ အဖြေတစ်ခုကို ကြားလိုက်တိုင်း ပိုပြီး သန်မာလာတာ။ ပြန်လာသူတွေက အရမ်း သန်မာလွန်းလို့ ဒီကမ္ဘာထဲကို ကျဆင်းလာတဲ့အခါ ဒဏ်ခတ်ချက်တွေ ရှိနေတာလေ။ ချိပ်တံဆိပ်တွေ ပွင့်သွားတာကို နင် မမြင်ဘူးလား"

"အဲဒီကောင်မှာ... ချိပ်တံဆိပ် ဘယ်နှခု ရှိတာလဲ"

"အခုလောလောဆယ်တော့ အများကြီး ရှိနေနိုင်တယ်။ တကယ်လို့ သူသာ အားလုံးကို ဖွင့်နိုင်သွားရင်တော့ ဖြေရှင်းစရာ နည်းလမ်း ရှိမှာ မဟုတ်တော့ဘူး"

ယခုအချိန်အထိ ချိပ်တံဆိပ် ငါးခု ပွင့်သွားခဲ့ပြီ ဖြစ်ပေသည်။

ကံကောင်းသည်မှာ ဒိုကဲဘီများ၏ ထပ်ဆောင်း ဇာတ်ဝင်ခန်းများ ကျမလာသေးခြင်းပင်။

အကယ်၍ ထပ်ဆောင်း ဇာတ်ဝင်ခန်းသာ ထွက်ပေါ်လာခဲ့လျှင် လူများစွာသည် ထိုကောင်ကို လိုက်လံ အမဲလိုက်ကြမည် ဖြစ်ပြီး၊ လူမိုက်များစွာက သူ၏ မေးခွန်းများကို ပြန်လည် ဖြေဆိုကြမည် ဖြစ်ရာ သူ၏ ချိပ်တံဆိပ်များမှာ မျက်စိတစ်မှိတ်အတွင်း ပွင့်သွားပေလိမ့်မည်။

...ကျနော် စိတ်သက်သာရာ ရနေမိသည့် အချိန်မှာပင်။

[ဟင်း... အားလုံးပဲ တော်ကြသားပဲ။ ဒဏ်ခတ်ချက် ရှိနေတာတောင် ဒါက ကပ်ဘေးတစ်ခုပဲလေ။ လူသုံးယောက်တည်းနဲ့ သူ့ကို ဖိအားပေးနိုင်တယ်ဆိုတော့...]

ဟန်ဆိုယောင်း နှင့် ကျနော်သည် လေထုထဲသို့ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြပေသည်။

[ဒါနဲ့... နင်တို့တွေ အရမ်း လောဘကြီးမနေကြဘူးလား။ ရှေးလူကြီးတွေ ပြောသလိုပေါ့၊ ပဲစေ့ရှိရင်လည်း ခွဲဝေစားကြရမယ်လေ]

"ချီးပဲ..."

ဟန်ဆိုယောင်း က ကျိန်ဆဲလိုက်စဉ်မှာပင် စောင့်ဆိုင်းနေသည့်အလား သတိပေးချက်များ ရောက်ရှိလာပေသည်။

[ဇာတ်ဝင်ခန်းအသေး အသစ်တစ်ခု ရောက်ရှိလာပါပြီ။]

[ဇာတ်ဝင်ခန်းအသေး - SSS အဆင့် အမဲလိုက်ခြင်း စတင်ပါပြီ။]

မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး ၏ လက်ကိုင်ကို တင်းတင်းကြပ်ကြပ် ကျနော်ဆုပ်ကိုင်လိုက်သည်။ အခြေအနေမှာ အဆုံးစွန်သို့ ရောက်ရှိနေချေပြီ။

အခန်း ၈၈

- အပိုင်း ၁၈ - စာဖတ်သူတစ်ဦး၏ တိုက်ပွဲ (၁)

ဒိုကဲဘီ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။

အဆင့်နိမ့် ဒိုကဲဘီ အုပ်စုတစ်စုသည် မီးလောင်နေသည့် အိမ်တစ်လုံးကို ကြည့်နေကြသည့်အလား အပေါ်မှ ငုံ့ကြည့်နေကြသည်။ ဘီဟွန်း ၏ ပုံရိပ်ကိုလည်း မြင်တွေ့နိုင်ပေသည်။ သူသည် ကျနော်နှင့် မျက်လုံးချင်းဆုံသောအခါ လေချွန်လိုက်၏။

လူအုပ်အလယ်ရှိ ဒိုကဲဘီသည် ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဆိုးလ်တစ်ခုလုံးသို့ စကားပြောလိုက်သည်။

[ ဆိုးလ်မြို့မှ ကိုယ်စားလှယ်တို့။ မင်းတို့ကို စိတ်မကောင်းစရာ သတင်းတစ်ခု ပြောပြပါမည်။ ကံမကောင်းစွာနဲ့ပဲ လူတချို့ရဲ့ လုပ်ရပ်များကြောင့် ဂန်ဒေါင်းဂူမှာကပ်ဘေးတစ်ခု နိုးထလာခဲ့ပါပြီ။ ]

ထိုဒိုကဲဘီသည် ကျနော်နှင့် မျက်လုံးချင်းဆုံသောအခါ ပြုံးပြလိုက်သည်။

မအေဘေးကတော့ကွာ...။

[ အာ... မင်းတို့ရဲ့ သက်ပြင်းချသံတွေကို ဒီနေရာကနေတောင် ကြားနေရတယ်။ ဂန်ဒေါင်းဂူကနေ ထွက်သွားနေကြတဲ့သူတွေကိုလည်း ငါ မြင်နေရတယ်ကွ။ ဟားဟား... အားလုံးပဲ အဆုံးအထိ နားထောင်ကြပါဦး။ အခု ထွက်ပြေးသွားမယ်ဆိုရင် နောက်မှ နောင်တရကြမယ်နော်။

ဒီကပ်ဘေးက မင်းတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်မှာ သေချာတယ်ကွ။]

ဒိုကဲဘီသည် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

[မင်းတို့ တွေ ဒင်္ဂါးစုဆောင်းရတာ ခက်ခဲနေကြတယ်မလား။ ငါ အားလုံးကို သိပါသည်ကွ။ မင်းတို့ရဲ့ ဘဝဟာ တစ်ညတည်းနှင့် ပြိုလဲသွားခဲ့ပြီး ယခုအခါ ထူးဆန်းတဲ့ တည်ရှိမှုများက မင်းတို့ရဲ့ ဒင်္ဂါးတွေကို သိမ်းယူနေကြတာလေ။ မနေ့က သူငယ်ချင်းဖြစ်ခဲ့သူတွေက ဒီနေ့မှာတော့ ရုတ်တရက်ဆိုသလို နောက်ကျောဓါးနဲ့ထိုးကုန်ကြတယ်။ ငါက မင်းတို့နေရာမှာ ဟုတ်မနေတာ တော်သေးတယ်လို့ပြောရမယ်ကွ။ အခုအချိန်မှာ မိုးကောင်းကင်က ကြယ်တာရာတွေက မင်းတို့ကို "ဟေး... မင်း ဖင်ကို ပိုပြီး ယမ်းပြစမ်းပါ။ ငါ ဒင်္ဂါး ၁၀၀ ပေးမယ်" လို့ ပြောနေကြလောက်တယ် ]

[ နက္ခတ်များစွာသည် တခိခိ ရယ်မောနေကြပါသည် ။]

ဒိုကဲဘီသည် ရယ်မောခြင်း မရှိပေ။

[ မင်းတို့အနေနဲ့ စိတ်ပျက်စရာကောင်းတယ်လို့ ခံစားရပြီး အဲ့ဒီမအေဘေးတွေကို မုန်းတီးနေမှာကိုလည်း ငါ နားလည်ပါတယ်။ ကမ္ဘာကြီး ပျက်စီးသွားတာမလို့ မင်းတို့တွေ စိတ်ကြိုက် နေထိုင်လိုကြမှာပဲ။ မင်းတို့ဟာ အရမ်း သတ္တိရှိကြပေမဲ့ ဒီကမ္ဘာကြီး နှစ်ခြမ်းကွဲသွားသည်ကို သိလိုက်ရတဲ့အခါမှာတော့ အားကိုးရာမဲ့မှုကို ခံစားကြရတယ်။ မင်းတို့ရဲ့ ဖင်ကို ယမ်းပြပြီးမှ ခဲရာခဲဆစ် ရရှိထားတဲ့ မင်းတို့ရဲ့ နက္ခတ်ဟာ အောင်မြင်သောသူတစ်ဦးရဲ့ နက္ခတ်ထက် နိမ့်ကျနေသည်ကို သိလိုက်တဲ့အခါမှာလည်း စိတ်ပျက်မိကြမှာပဲ။ မတရားတဲ့ ကမ္ဘာကြီးအပေါ် မင်းတို့တွေ ဒေါသထွက်နေကြတယ်။ ငါ ကောင်းကောင်း သိပါတယ်ကွ ]

[ အချို့သော နက္ခတ်များက ဒိုကဲဘီ၏ မိန့်ခွန်းကို ကန့်ကွက်နေကြပါသည်။]

ပြောရမည်ဆိုပါက ဤဒိုကဲဘီသည် သာမန်မဟုတ်ချေ။ သတ္တိနည်းသော အဆင့်နိမ့် ဒိုကဲဘီတစ်ကောင်မှာ ဤသို့ ပြောနိုင်မည် မဟုတ်။ နက္ခတ်များထံမှ ပြင်းထန်သော တုံ့ပြန်မှုများ ရှိလာပါက သူတို့၏ ချန်နယ်မှာ ပျက်စီးသွားနိုင်ပေသည်။

သို့သော်လည်း ၎င်းမှာ လူနည်းစု ချန်နယ်များအတွက်သာ ဖြစ်သည်။ ချန်နယ် ပိုကြီးလေလေ၊ ထိုဒိုကဲဘီမှာ ပို၍ ကွဲပြားလေလေ ဖြစ်ပေသည်။

သူတို့သည် ဇာတ်လမ်း၏ နိယာမများကို သိကြသည်။ အကယ်၍ သူတို့သည် စာရင်းသွင်းသူ အရေအတွက်အပေါ်၌သာ အာရုံစိုက်နေမည်ဆိုပါက ကြီးကျယ်သော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနိုင်မည် မဟုတ်ချေ။

စကားပြောနေဆဲဖြစ်သော ဒိုကဲဘီကို အသေအချာ ကျနော် လေ့လာကြည့်လိုက်သည်။

[ မင်းတို့အားလုံးအတွက် ငါတစ်ခုပြင်ပေးထားတယ်။ ကံမကောင်းသူ ဖြစ်စေ၊ ကံကောင်းသူ ဖြစ်စေ ဒါမှမဟုတ် ကြိုးစားအားထုတ်သူ ဖြစ်စေ၊ မင်းတို့အားလုံးမှာ တစ်ညတည်းနှင့် 'တစ်စုံတစ်ဦး' ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါပြီ။]

ထိပ်ပေါ်တွင် ချွန်ထွက်နေသော ဦးချို။ ဖြူဆွတ်သော ဦးထုပ်အောက်မှ မြင်နေရသော ခြေထောက်မှာ ခြေတစ်ဖက်တည်းရှိသော ကျီးကန်းနှင့် တူပေသည်။

ခဏနေဦး….မဟုတ်မှလွဲရော ဒီမအေဘေးက... ဒိုဂက် မလား။

ထိုအချိန်တွင် လေထဲ၌ ကြီးမားသော မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ထွက်ပြေးနေသော သွေးသံရဲရဲနှင့် ကောင်လေးတစ်ယောက်ကို မျက်နှာပြင်ပေါ်တွင် ပြသထားလေသည်။

[ ကဲ... မင်းတို့ မြင်တွေ့နေရတဲ့ ဒီကောင်လေးဟာ လမ်းလျှောက်နေတဲ့ SSS အဆင့် ပစ္စည်းတစ်ခုပဲ ဖြစ်တယ်။ သူ့ကို ခြေဆုံးခေါင်းဆုံး မြင်ကြလား။ သူရဲ့နာမည်က မြုံအီဆန်လို့ခေါ်တယ်။ သူဟာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုကနေ ရွေးချယ်ခံရပြီး အခြားကမ္ဘာသို့ သွားရောက်ခဲ့တဲ့ ကံကောင်းသူလည်း ဖြစ်တယ်။ မင်းတို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ အခြားကမ္ဘာတစ်ခုဆီ ခေါ်ဆောင်ခံရပြီး၊ ရုတ်တရက်ဆိုသလို ပြင်းထန်တဲ့ ခွန်အားတွေ ရရှိတဲ့အပြင်၊ ချစ်စရာကောင်းတဲ့ နတ်သူငယ်မလေးတွေ၊ ရည်းစားလေးနဲ့အတူ ပူပြင်းသော ညတစ်ညကို ကုန်လွန်စေပြီး၊ ကမ္ဘာကြီးကို ကယ်တင်ကာ စစ်သည်တော်တစ်ဦးအဖြစ် ချစ်ခင်မြတ်နိုးခံရတာကို စိတ်ကူးကြည့်လိုက်။ ဟုတ်ပါတယ်... ဒီကောင်စုတ်က မင်းတို့တွေ ဒီနေ့ ဖမ်းဆီးရမည့် 'ကပ်ဘေး' ပဲ ]

တစ်နည်းအားဖြင့် ထူးဆန်းနေသည်။

အဆင့်နိမ့် ဒိုကဲဘီတစ်ကောင်အား အလယ်အလတ်အဆင့် ဒိုကဲဘီ၏ နေရာတွင် အဘယ်ကြောင့် အစားထိုးလိုက်သနည်းဟု ကျနော် တွေးတောနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အဓိက ချန်နယ်ကြီးတစ်ခု၏ ဒိုကဲဘီ ဖြစ်နေသောကြောင့်ပင်။

[ မင်းတို့ရဲ့ မကျေနပ်သံတွေကို ငါ ကြားနေရတယ်။ SSS အဆင့်ရှိသူကို ဘယ်လိုသတ်နိုင်မလဲဆိုပြီးတော့ပေ့ါလေ။ ဟားဟား... စိုးရိမ်စရာ မလိုဘူး။ ဒီကောင်ဟာ အခုလောလောဆယ် ဒဏ်ခတ်ချက် ခံထားရတယ်။ သူရဲ့စွမ်းအားတွေဟာ ချိတ်ပိတ်ခံထားရတယ်။ သူဟာ အစွမ်းထက်ပေမဲ့ မင်းတို့အားလုံး တပြိုင်ထဲ ဝိုင်းတိုက်ခိုက်မယ်ဆိုရင် သူဟာ ရတနာသေတ္တာတစ်လုံးသာသာဆိုတာ မင်းတို့တွေ သိသွားမှာပါ။]

"...သူက ကြောက်စရာကြီးပဲ"

ဟန်ဆိုယောင်း က တောက်တစ်ချက် ခေါက်က်လိုက်သည်။ စာရေးဆရာတစ်ဦးဖြစ်သည့် ဟန်ဆိုယောင်းသည် ဒိုကဲဘီ၏ ရည်ရွယ်ချက်ကို သဘောပေါက်ပြီး ဖြစ်ချေပြီ။

အကယ်၍ ကပ်ဘေးကို ကပ်ဘေးဟု ခေါ်မည်ဆိုပါက မည်သူမျှ လာလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် ကပ်ဘေးမှာ ရတနာသေတ္တာတစ်လုံး ဖြစ်နေမည်ဆိုပါက မည်သို့ဖြစ်ပျက်သွားနိုင်မည်နည်း။

[ မင်းတို့ရဲ့ဘဝတွေက လုံးဝပျက်ဆီးသွားသေးတာမဟုတ်ဘူး။ မင်းတို့တွေဟာ ကံကောင်းတယ်လို့တောင် ငါပြောချင်တယ်။ ငါအခုပေးတဲ့ ဇာတ်ဝင်ခန်းအသေးက မင်းတို့ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်လာလိမ့်မယ်။ ကဲ…အခွင့်အရေးက တစ်ရက်ပဲ ရှိတာနော်။ အခုချက်ချင်း လှုတ်ရှားကြတော့။ အမြန်ဆုံးလှုတ်ရှားနိုင်သူသာ SSS အဆင့် ပစ္စည်းရဲ့ ပိုင်ရှင် ဖြစ်လာနိုင်လိမ့်မယ်။ ]

ဤစကားကို ကြားလိုက်သည်နှင့် ဆိုးလ်မြို့အနှံ့တွင် ပျံ့နှံ့နေသော ကိုယ်စားလှယ်များမှာ ဂန်ဒေါင်းဂူ သို့ စုပြုံရောက်ရှိလာကြပေလိမ့်မည်။

[ ဇာတ်ဝင်ခန်းအသေးကို အပ်ဒိတ် လုပ်လိုက်ပါပြီ။]

[ ဇာတ်ဝင်ခန်းအသေး - SSS အဆင့် အမဲလိုက်ခြင်း ]

အမျိုးအစား - အသေး

ခက်ခဲမှု - B ~ ???

ပြီးမြောက်ရန် အခြေအနေ - SSS အဆင့် မြုံအီဆန် ကို

ရှင်းလင်းပါ။

အချိန်ကန့်သတ်ချက် - မရှိပါ

ဆုလာဘ် - ဒင်္ဂါး ၅၀,၀၀၀၊ ???

ကျရှုံးမှု - ဆိုးလ်ဒေသ ပြိုလဲခြင်း။

အဆိုးဝါးဆုံး ဇာတ်ဝင်ခန်းမှာ စတင်ချေပြီ။

ဇာတ်ဝင်ခန်း၏ ရှုံးနိမ့်ခြင်းရလဒ်ကို အနီရောင်ဖြင့် ပြထားခြင်းမှာ လေထဲတွင် ရဲရဲတောက်နေပြီး တစ်ခါမျှ မမြင်ဖူးသော ကြီးမားလှသည့် ဆုလာဘ်စာသားမှာပင် အရေးမပါသကဲ့သို့ ဖြစ်နေလေသည်။

"အားလုံး မသေခင် သူ့ကို အမြန်ရှာရမယ်"

"...သူက ဖြစ်နိုင်စွမ်း ရဲ့ သက်ရောက်မှုကို မခံရဘူးလား"

"ဖြစ်နိုင်စွမ်း ဆိုတာကို နက္ခတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ အတိုင်းအတာတစ်ခုအထိ ခုနှိမ်လို့ ရတယ်"

ဤသည်မှာ ဒိုကဲဘီများက စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းများကို အဘယ်ကြောင့် ပိုနှစ်သက်ကြသနည်းဟူသော အကြောင်းပြချက်ပင် ဖြစ်ချေသည်။ နက္ခတ်များစွာ လိုလားကြသော ဇာတ်လမ်းများသည် ဖြစ်နိုင်စွမ်း များကို ခုနှိမ်ပေးနိုင်လေသည်။ အကယ်၍ ရှုံးနိမ့်သွားပါက ဒိုကဲဘီများ၏ တာဝန်သာ ဖြစ်လိမ့်မည် ဖြစ်သော်လည်း ဤအခြေအနေမှာမူ ကွဲပြားပေသည်။

[ နက္ခတ်များစွာ၏ မျက်လုံးများမှာ တောက်ပနေပါသည်။]

အကယ်၍ ဒိုဂက် ကြံစည်ထားသည့်အတိုင်းသာ ဖြစ်သွားမည်ဆိုပါက ပဉ္စမမြောက် ဇာတ်ဝင်ခန်း မစတင်မီမှာပင် ဆိုးလ်မြို့မှာ အဆုံးသတ်သွားပေလိမ့်မည်။ ဟန်ဆိုယောင်း သည် မှော်စွမ်းအင်အားလုံးကို အသုံးပြု၍ ရှာဖွေရန်အတွက် ကိုယ်ပွားများကို ချက်ချင်း ခေါ်ယူလိုက်သည်။

ငါးမိနစ်ခန့် ကြာပြီးနောက် ဟန်ဆိုယောင်း က အော်ပြောလိုက်သည်။

"တွေ့ပြီ။ သူက ဒီနေရာရဲ့ အနောက်မြောက်ဘက် ၂ ကီလိုမီတာ အကွာမှာ ရှိနေတယ်"

ဟန်ဆိုယောင်း နှင့်အတူ လမ်းမအတိုင်း ကျနော်ပြေးသွားခဲ့ပြီး မကြာမီမှာပင် အသံများကို ကြားလိုက်ရသည်။

"ဒီမှာဟေ့။ သူ ဒီမှာ ရှိနေတယ်"

"အဲဒီမအေဘေးက ဒီဘက်ကို သွားတယ်ဟေ့"

ထိုနေရာသို့ လူများစွာ စုပြုံရောက်ရှိနေကြပြီ ဖြစ်ပေသည်။ မြုံအီဆန်သည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရစဉ်မှာပင် ရယ်မောနေ၏။

"အာ... ဟုတ်တယ်။ ငါ ဒီမှာ ရှိတယ်"

"ချီးထုတ်ကောင်။ နင်က ပျော်နေတာလား"

"ငါက အများကြီးကို ပျော်နေတာပါ..."

"ဒီကောင်ကတော့ကွာ... ဟေ့… သူ့ကို သတ်ကြ"

နိမ့်ကျသည့် ခံစားချက်များ ရှိနေကြသော လူသားများစွာကို မြင်တွေ့ရသည်မှာ အံ့သြစရာပင် ဖြစ်သည်။ မြုံအီဆန် သည် လေထဲတွင် ဝေ့ယမ်းနေသော ဓားများကို ရှောင်ရှားလျက် မေးလိုက်၏။

"နင်တို့က ငါ့ကို မနာလိုဖြစ်လို့ အဲဒီ အခြားကမ္ဘာဆီ ပို့ပေးစေချင်တာလား"

"ဘာ... နင်က ငါ့ကို အဲဒီကို ပို့ပေးမှာလား"

"ဒါပေါ့။ ငါ ပို့ပေးမှာပါ။ နင် တကယ် သွားချင်တာလား"

"ငါ သွားလို့ရမယ်ဆိုရင်တော့ သွားချင်တာပေါ့။ ဒီလို အစုတ်ပလုတ် ကမ္ဘာကြီးထက်စာရင်တော့ အများကြီးပိုကောင်းမှာလေ"

မြုံအီဆန် သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ညာဘက်လက်မောင်းကို လူအုပ်ထံသို့ ဆန့်ထုတ်လိုက်ပေသည်။

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ရှစ်ခုမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ကိုးခုမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

·····။

"ဒါဆိုရင်လည်း ကောင်းကောင်းသွားတော့။ အဲဒီနေရာက ဒီထက် ပိုကောင်းမကောင်းတော့ ငါလည်း မသိဘူး"

"ဘာ..."

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ၁၂ ခုမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ၁၃ ခုမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ၁၄ ခုမြောက် ချိပ်တံဆိပ်ကို ဖွင့်လိုက်ပါပြီ။]

·····။

မိုးကောင်းကင်တွင် ပေါ်လာသော သတိပေးချက်များကို ကြည့်ရှုရင်း အားကိုးရာမဲ့မှုကို ကျနော်ခံစားလိုက်ရပေသည်။ နောက်ကျသွားခဲ့ချေပြီ။

"ဘာလို့လဲဆိုတော့ အဲဒီနေရာကို ငါကိုယ်တိုင် ဖျက်ဆီးခဲ့လို့ပဲ"

[ဇာတ်ကောင် ‘မြုံအီဆန်’ သည် ‘မဟူရာမီးလျှံ အသေးစားအမြောက် အဆင့် ၃’ ကို အသုံးပြုလိုက်ပါပြီ။]

ဟန်ဆိုယောင်း ကို ဆွဲခေါ်လျက် အဆောက်အအုံ တစ်ခု၏ နောက်ကွယ်သို့ ကျနော်ပြေးဝင်လိုက်သည်။

ခရမ်းရောင် အလင်းတန်းတစ်ခုသည် အဆောက်အအုံ တောအုပ်ကြီးကို လွှမ်းမိုးသွား၏။ မြင့်မားလှသော အဆောက်အအုံ ခြောက်လုံးခန့်မှာ ထိမှန်သွားခဲ့ပြီး လမ်းမတစ်ခုလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ထံသို့ ပြေးဝင်သွားသူများမှာ အရိုးပြာပင် မကျန်တော့ဘဲ ပျက်စီးသွားကြ၏။

ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သော တည်ရှိမှုတစ်ခုဆိုသည်မှာ ပြန်လာသူတစ်ဦး၏ စစ်မှန်သော အစွမ်းပင် ဖြစ်ချေသည်။

ဟန်ဆိုယောင်း သည် ကျနော့်ဘေးတွင် လဲကျသွားသည်။

"ရူးနေတာပဲ... ငါတို့ အဲဒါကို ဘယ်လို အနိုင်တိုက်မှာလဲ"

၎င်းမှာ စစ်မှန်သော ကြောက်လန့်မှုပင် ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် စွမ်းရည်တစ်ခုကြောင့် မဟုတ်ဘဲ ကျနော်တို့၏ ခန္ဓာကိုယ်များကို တုန်ယင်သွားစေသော ကြောက်ရွံ့မှုပင် ဖြစ်ချေသည်။ ထိုအရာကို ခုခံရန် ကြိုးစားရင်း ကျနော်ပြောလိုက်၏။

"ငါတို့ နိုင်မှာပါ"

"အဓိပ္ပာယ်မရှိတာတွေ မပြောဘဲ ပြန်ရအောင်။ အဲဒီကောင်ကို ငါတို့ ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး"

"မဟုတ်ဘူး။ ငါ သူ့ကို ဖမ်းနိုင်တယ်။ အခု သူ့ကို ငါ သတ်လိုက်နိုင်ရင် ငါတို့အတွက် ပိုကောင်းလိမ့်မယ်"

[ဇာတ်ကောင် ‘ဟန်ဆိုယောင်း’ သည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၂’ ကို အသုံးပြုလိုက်ပါပြီ။]

[ဇာတ်ကောင် ဟန်ဆိုယောင်း သည် ထိုစကားမှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါပြီ။]

ဟန်ဆိုယောင်း ၏ မျက်လုံးများမှာ ဝိုင်းစက်သွားပေသည်။

"...တကယ်လား။ နင် အရင်က သူ့ကို မသတ်နိုင်ခဲ့ဘူးလေ"

"အရာတစ်ခုတည်းကိုပဲ တွေးနေတဲ့သူက ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်မှာလဲ"

အမှန်တရား၏ တစ်ဝက်ကိုသာ ကျနော်ပြောလိုက်ခြင်း ဖြစ်သည်။

အမှန်စင်စစ် မူလအစီအစဉ်မှာ မေးခွန်းများ၏ ကပ်ဘေး ကို အနိုင်ယူပြီး ဒုတိယမြောက် ဒဏ္ဍာရီလာ ဇာတ်လမ်းကို တည်ဆောက်ရန်ပင် ဖြစ်၏။ ပြဿနာမှာ ကျနော့် အစီအစဉ်သည် လေ၏လမ်းစဉ် ကို သင်ယူခြင်းအပေါ်တွင် အခြေခံထားသောကြောင့်ပင်။

"တခြားကမ္ဘာကို သွားချင်တဲ့သူ ရှိသေးလား။ လက်ထောင်ကြစမ်း။ ငါ ပို့ပေးမယ်"

လူများမှာ အော်ဟစ်လျက် ထွက်ပြေးနေကြပေပြီ။ မြုံအီဆန် မှာ ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်၏။ ထိုစဉ်မှာပင် ဝေဝါးသော မျက်နှာပြင်တစ်ခုမှ ယူဂျွန်ဟော့ ၏ အသံကို ကြားလိုက်ရပေသည်။

– သူနဲ့ ထိပ်တိုက်တိုက်ရင် အခွင့်အရေး မရှိဘူး။

– ငါ သိပါတယ်။ ဒါပေမဲ့ ငါ ကြိုးစားကြည့်ရမယ်လေ။

– မင်း ဘာလို့ အခြေအနေကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာလဲ။

– ဘာပြောတာလဲ။

– မင်းမှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ လီဆောဟွာ ကို မင်း သတ်လိုက်လို့ ရတယ်လေ။ ဒါမှမဟုတ် လိုင်ခါယွန် နဲ့အတူ အန်တီနပ်စ် ကို သတ်ခဲ့မယ်ဆိုရင်လည်း ကပ်ဘေးကို မင်း တားဆီးနိုင်ခဲ့မှာပဲ။

ကျနော် မည်သည့် ဆင်ခြေမျှ မပေးနိုင်ခဲ့ပေ။ ယူဂျွန်ဟော့ ကြောင့် ကျနော် လီဆောဟွာ ကို မသတ်ခဲ့ခြင်း ဖြစ်ပြီး၊ လိုင်ခါယွန် နှင့်အတူ မတိုက်ခိုက်ခဲ့ခြင်းမှာလည်း ဟာကွက်ကို မတွေ့ရှိခဲ့သောကြောင့် ဖြစ်လေသည်။

– ငါက မင်းလို နောက်ပြန်ဆုတ်သူ မဟုတ်ဘူး။ ရှုံးနိမ့်သွားမှာ စိုးလို့ ငါ ဂရုစိုက်ရမယ်လေ။ အကယ်၍ ငါသာ အဆုံးအထိ မစဉ်းစားခဲ့ဘူးဆိုရင်...

– ဂရုစိုက်တယ် ဟုတ်လား။ အရမ်း မာနမကြီးစမ်းပါနဲ့။ မင်းကိုမင်း နက္ခတ် တစ်ပါးလို့ ထင်နေတာလား။ အနာဂတ်ကို သိနေတာက အရာအားလုံးကို ထိန်းချုပ်နိုင်တယ်လို့ မဆိုလိုဘူး။

တစ်စုံတစ်ဦးက ကျနော့်ကို လက်သီးနှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ရယ်စရာကောင်းသည်မှာ ယူဂျွန်ဟော့ ၏ စကားများမှာ မှန်ကန်နေသည်ဟု ကျနော် တွေးမိခြင်းပင်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ ကို အသုံးပြုနေပါသည်]

၎င်းမှာ အနာဂတ်ကို သိနေခြင်းကြောင့် ဖြစ်ပေါ်လာသော မာနပင် ဖြစ်ချေသည်။ ဇာတ်လမ်းမှာ ပုံပျက်သွားလျှင်တောင် ကျနော် တစ်နည်းနည်းနှင့် လုပ်ဆောင်နိုင်လိမ့်မည်ဟု ကျနော် ထင်ခဲ့ပေသည်။ ထိုအချက်ကပင် လက်ရှိ အခြေအနေသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

– ဒါဆိုရင်လည်း မင်း ဘာလို့ အနည်းငယ်လောက်တောင် မတိုက်ခိုက်တာလဲ။

ကျနော် မဖြေနိုင်ခဲ့ပေ။

– အရည်အချင်းမရှိတာကို ဆင်ခြေအဖြစ် အသုံးမချနဲ့။ လေ၏လမ်းစဉ် မရှိတာက မင်း မနိုင်နိုင်ဘူးလို့ မဆိုလိုဘူး။

– ငါ နိုင်မှာလား။

ယူဂျွန်ဟော့ ခဏမျှ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းရန် ကျနော်ပြင်လိုက်စဉ်မှာပင် ယူဂျွန်ဟော့ ၏ အသံမှာ ဆက်လက် ထွက်ပေါ်လာသည်။

– ငါ့ရဲ့ ဝိသေသ လက္ခဏာ က ‘ပရိုဂိမ်းမား’ ပဲ။ မင်းကရော ဘာလဲ။

– ဘာ...။

– မင်း ဘာကို ကောင်းကောင်း လုပ်နိုင်လဲလို့ ငါ မေးနေတာ။

...ငါ ဘာကို ကောင်းကောင်း လုပ်နိုင်သလဲ။

ကျနော့် ဦးနှောက်အတွင်းပိုင်း တစ်နေရာမှ ယားကျိကျိ ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။ အရေးကြီးသော အရာတစ်ခုကို ကျနော် လွတ်သွားသည်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း စဉ်းစားနေရန် အချိန်မရှိချေ။

"တွေ့ပြီဟေ့။ နင် မထွက်သွားသေးဘူးပဲ"

မြုံအီဆန် သည် လမ်းထောင့်ကို ကွေ့ဝင်လာရင်း လေချွန်လိုက်သည်။ ဟန်ဆိုယောင်း မှာ ညည်းညူလိုက်ပြီး ကျနော်ကတော့ နောက်သို့ ဆုတ်လိုက်၏။

"...ဟမ်။ စောစောက မုဆိုးများအသင်း က လူတွေလား"

မြုံအီဆန် က ရယ်မောလိုက်၏။

"ကောင်းတယ်။ ငါ နင်တို့နဲ့ တကယ် တွေ့ချင်နေတာ။ ငါ့ရဲ့ ကောင်းမွန်လှတဲ့ ပွဲဦးထွက် အစီအစဉ်တွေက နင်တို့ကြောင့် ပျက်စီးသွားတာကို မသိဘူးလား"

"..."

"ငါက ကောင်းကောင်း ရှင်သန်ဖို့ ကြိုးစားနေတာ။ အဆင့်-S ကိုယ်စားလှယ် အချို့ကို သတ်မယ်၊ ဆိုးသွမ်းတဲ့ အုပ်စုတွေကို နှိမ်နင်းမယ်၊ ပြီးတော့ ချောမောတဲ့ အမကြီးတွေကို ချစ်မယ်ပေါ့။ ဒါပေမဲ့ ဒါက ဘာလဲ။ ငါက လုံးဝ ဗီလိန်တစ်ယောက် ဖြစ်သွားပြီ။ ငါ ဘာလုပ်သင့်လဲ"

ကျနော်သည် ပြန်ဖြေမည့်အစား ကျနော့်၏ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပေသည်။

[အထူးစွမ်းရည် ‘ဓါးတေးသံ အဆင့် ၁’ ကို အသုံးပြုလိုက်ပါပြီ။]

[သင်၏ ဓားသည် သစ္စာရှင်စစ်သူကြီး ချန်ထားခဲ့သော စကားလုံးများနှင့် ပြည့်နှက်သွားပါပြီ။]

「 ယနေ့တွင် ငါသည် သေခြင်းအတွက် ပြင်ဆင်ထား၏။ ကောင်းကင်ဘုံရှိ နတ်ဘုရားထံ ငါဆုတောင်းပါ၏၊ ငါသည် ရန်သူကို သုတ်သင်ပါရစေ။ 」

၎င်းမှာ သစ္စာရှင်စစ်သူကြီး ၏ စစ်မှတ်တမ်းတွင် ရေးထိုးထားသော စကားလုံးများ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် သစ္စာရှင်စစ်သူကြီး က ကျနော့်ဘက်မှ ရပ်တည်ပေးခဲ့ချေပြီ။

[အထူးစွမ်းရည် ‘ဓါးတေးသံ’ ကို အသုံးပြုလိုက်ပါပြီ။]

[သေရန် ဆုံးဖြတ်ချက်က သင်၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးလိုက်ပါသည်။]

ကျနော့်၏ မှော်စွမ်းအင်အားလုံးကို တစ်ပြိုင်နက်တည်း ညှစ်ထုတ်လိုက်သည်။

[မကျိုးပဲ့နိုင်သောယုံကြည်မှု ကို အသက်သွင်းလိုက်ပါပြီ။]

မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးမှာ ပေါက်ကွဲထွက်လာ၏။ မြုံအီဆန်ထံသို့ ကျနော် ပြေးဝင်လိုက်၏။ မြုံအီဆန် ၏ လက်များက မကျိုးပဲ့နိုင်သောယုံကြည်မှု ကို ပေါ့ပါးစွာ ရိုက်ချလိုက်သည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် ကျနော့် လက်မှာ လျော့ရဲသွား၏။ တစ်ချက်တည်းသော တိုက်ခိုက်မှု ဖြစ်သော်လည်း ကျနော် ရှင်းရှင်းလင်းလင်း သိလိုက်ရလေသည်။ မြုံအီဆန် ၏ စွမ်းရည်အလုံးစုံ မှာ ဤဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့ချေပြီ။

"ဘာလဲ၊ မင်းက တိုက်ချင်တာလား။ တကယ်လား။ ငါ တိုက်ခိုက်နေတာကို စောစောကပဲ မြင်ခဲ့တာ မဟုတ်ဘူးလား"

ကျနော်သည် ရယ်မောနေသော သူ့ကို ကြည့်ရင်း Ways of Survival ကို ပြန်လည် သတိရလိုက်သည်။ ကျနော် ဘာကို ကောင်းကောင်း လုပ်နိုင်သလဲ။ ၎င်းမှာ ‘ဖတ်ရှုခြင်း’ ပင် ဖြစ်၏။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၁’ ကို အသက်သွင်းလိုက်ပါပြီ။]

ထို့နောက် ကျနော်သည် သူ၏ လှုပ်ရှားမှုများကို ကြားလာရသည်။

「 ညာဘက်ပခုံး။ 」

「 ဘယ်ဘက်ပေါင်။ 」

လှုပ်ရှားမှုများကို ကျနော် ကြိုတင်ဖတ်ရှုနိုင်သော်လည်း တိုက်ခိုက်မှုများမှာ ကျနော့်ထံသို့ ကျရောက်လာဆဲပင် ဖြစ်သည်။ ခရမ်းရောင်အလင်းတန်းများ လွှမ်းခြုံထားသော လက်သီးများမှာ ကျနော့်ထံသို့ ရက်ရက်စက်စက် ကျရောက်လာတော့သည်။

「 ဝမ်းဗိုက်၊ ဝမ်းဗိုက်၊ ဝမ်းဗိုက်၊ ဝမ်းဗိုက်။ 」

ကျနော့် ပါးစပ်မှ သွေးများ ထွက်လာပြီး အမြင်အာရုံများမှာ ဝေဝါးသွားသည်။ ကျနော် အရှုံးမပေးခဲ့ပေ။ ကျနော် ထပ်ခါတလဲလဲ စဉ်းစားလိုက်၏။

[ဇာတ်ကောင် ‘မြုံအီဆန်’ သည် သင်၏ စိတ်ဓာတ်ကို အထင်ကြီးသွားပါသည်။]

[ဇာတ်ကောင် ‘မြုံအီဆန်’ အပေါ် သင်၏ နားလည်မှု မြင့်တက်လာပါသည်။]

Ways of Survival ထဲရှိ အချက်အလက်များ သက်သက်ဖြင့် သူ့ကို အနိုင်မယူနိုင်ချေ။ ၎င်းမှာ အမှောင်စောင့်ကြပ်သူ ကို အမဲလိုက်စဉ်ကနှင့် ကွဲပြားပေသည်။ အရာအားလုံးကို တွက်ချက်ထားသော်လည်း ကျနော် မတိုက်ခိုက်နိုင်ခဲ့ပေ။

「 အပြင်း၊ အပျော့၊ ကိုယ်ထည်၊ ခေါင်း... 」

အချက်အလက်များစွာမှာ တစ်ပြိုင်နက်တည်း စီးဝင်လာသောကြောင့် ကျနော့်၏ မူးဝေမှုမှာ ပိုမို ဆိုးရွားလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ အထူးစွမ်းရည် ၏ စွမ်းအားကို ငှားရမ်းထားခြင်းကြောင့်ပင်။ ဤအတိုင်းဆိုလျှင် တိုက်ပွဲမှာ မကြာမီ အဆုံးသတ်သွားပေတော့မည်။ ကျနော် ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။

...ငါ ဂန်ပြောင်းဝီ ကို သုံးရမှာလား။

ကျနော့်တွင် နောက်ဆုံး နည်းလမ်းအဖြစ် နက္ခတ်များ ၏ စွမ်းအားကို ငှားရမ်းရန်သာ ရှိတော့သည်မှာ ခါးသီးလှ၏။ အကယ်၍ အစွမ်းထက်သော နက္ခတ် တစ်ခုခုကို ကျနော်ခေါ်ယူလိုက်လျှင် ကျနော် အနိုင်ရနိုင်လောက်သည်။

သို့ပေသိ လွန်ခဲ့သော အဖြစ်အပျက်ပြီးနောက် ဖြစ်နိုင်စွမ်း ၏ ဝန်ထုပ်ဝန်ပိုး ရှိနေပြီး အဓိကအားဖြင့် နက္ခတ်များ အပေါ် အကြွေးတင်နေမည်ကို ကျနော်မလိုလားချေ။

ချီးပဲ။ ငါ့မှာသာ အရည်အချင်း ရှိခဲ့မယ်ဆိုရင်ကောင်းမှာပဲ။ တစ်စုံတစ်ယောက်ရဲ့ အရည်အချင်းကို ခိုးယူနိုင်မယ်ဆိုရင် ပိုတောင်ကောင်းဦးမယ်။

...ဟမ်။ နေဦး။ ခိုးယူမယ်ဟုတ်လား။

ထုံထိုင်းလှသော တုန်လှုပ်မှုတစ်ခု ကျနော့် ဦးနှောက်ထဲသို့ ပြည့်နှက်သွားသည်။ ယခုအချိန်အထိ ကျနော့် အဓိက လက်နက်မှာ ‘အချက်အလက်’ ပင် ဖြစ်သည်။ သို့သော်လည်း ‘အချက်အလက်’ များလွန်းသဖြင့် ကျနော် အချို့ကို အမှန်တကယ် မေ့လျော့နေခဲ့၏။

စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ငါဘာလို့အဲ့ဒီစွမ်းရည်ကို မေ့နေခဲ့ရတာလဲ။ အဲ့ဒါက ငါ အရင်ဆုံး လုပ်ဆောင်သင့်တဲ့ အရာ မဟုတ်ဘူးလား။

[သီးသန့်စွမ်းရည် ‘စာမှတ်ကတ်’ ကို ယခု အသက်သွင်းနိုင်ပါပြီ။]

[‘ဇာတ်ကောင် စာမှတ်ကတ်များ’ ကို အသက်သွင်းလိုက်ပါပြီ။]

[အသုံးပြုနိုင်သော စာမှတ်ကတ် နေရာလွတ် : ၄]

[အသုံးပြုနိုင်သော စာမှတ်ကတ်စာရင်းကို ထုတ်ယူနေပါသည်...]

[စာမှတ်ကတ် နေရာလွတ်များတွင် စာရင်းသွင်းထားသူများ]

၁။ ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန် (နားလည်မှု ၃၅)။

၂။ သံမဏိဓား လီဟန်းဆောင် (နားလည်မှု ၇၅)။

၃။ လှုံ့ဆော်သူ ချွန်အင်ဟို (နားလည်မှု ၂၀)။

၄။ အလွတ်နေရာ။

အပိုနေရာလွတ် တစ်ခုမှလွဲ၍ အပြောင်းအလဲ မရှိချေ။ အလွတ်နေရာကို ကျနော် ရွေးချယ်လိုက်သည်။

[စာမှတ်ကတ်များတွင် မှတ်ပုံတင်နိုင်သော လူစာရင်း]

၁။ အဆိပ်ခတ်သူ လီဆောဟွာ (နားလည်မှု ၁၀)။

၂။ အလှဘုရင်မ မင်ဂျီဝန် (နားလည်မှု ၂၅)။

၃။ မင်းဆိုးမင်းညစ် ဂျောင်ယောင်ဟို (နားလည်မှု ၁၀)။

၄။ အရိပ်တွေ၏ရသေ့ဘုရင်ကြီး ဟန်ဒုံဂွန် (နားလည်မှု ၃၀)။

၅။ ပရောဟိတ် အန်နာ ခရော့ဖ် (နားလည်မှု ၁)။

၆။ လက်နက်ခံတပ်သခင် ဂုံဖီဒူ (နားလည်မှု ၃၀)။ . .

မျှော်လင့်ထားသည့်အတိုင်း ယူဂျွန်ဟော့ ၏ နာမည်မှာ စာရင်းတွင် မရှိချေ။ အဓိကဇာတ်ကောင် မှာ အဓိကဇာတ်ကောင် ပင် ဖြစ်ပေသည်။ သူ၏အမည် ပွင့်လာရန်အတွက် အထူး အခြေအနေများနှင့် ကိုက်ညီရမည် ဖြစ်၏။

ထို့အပြင် ဟန်ဆိုယောင်း၊ ယူဆန်းအာ နှင့် လီဂီယောင် ကဲ့သို့သော ဇာတ်ကောင် မဟုတ်သူများမှာလည်း စာရင်းတွင် မရှိကြချေ။

အရေးမကြီးချေ။ သူတို့တွေသည် ယခုအချိန်တွင် ကျနော် လိုအပ်နေသော လူများ မဟုတ်ကြပေ။ ကျနော် ခဏမျှ ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် ကျနော် လိုချင်သော လူကို တွေ့ရှိသွားသည်။

ထိုနေရာမှာပင် ရှိနေလေသည်။ သူသည်လည်း ‘ဇာတ်ကောင်’ တစ်ဦး ဖြစ်ကြောင်း ကျနော် အဘယ်ကြောင့် မေ့နေခဲ့ရသနည်း။ သူ့ကို စတုတ္ထမြောက် စာမှတ်နေရာတွင် ထည့်ရန် ကျနော် ဝန်မလေးခဲ့ပေ။

[စာမှတ် စွမ်းရည်၏ အဆင့်မှာ နိမ့်နေသဖြင့် အသက်ဝင်ချိန်ကို တိုတောင်းစေပါသည်။]

[အသက်ဝင်ချိန် : မိနစ် ၃၀]

[သင်၏ ဇာတ်ကောင်အပေါ် နားလည်မှုမှာ သိသာထင်ရှားလှပါသည်။ သင်သည် သူ၏ စွမ်းရည်အချို့ကို ရွေးချယ် ရယူနိုင်ပါသည်။]

စွမ်းရည်တစ်ခုကို ကျနော်ရွေးချယ်လိုက်သည်။ နောက်တစ်စက္ကန့်အကြာတွင် ကျနော့် ခန္ဓာကိုယ်ပတ်လည်၌ ငွေရောင် မုန်တိုင်းတစ်ခု ပေါ်ထွက်လာသည်။ ကျနော့် ခန္ဓာကိုယ်အတွင်း၌ ဝံပုလွေတစ်ကောင်၏ သတ္တိများ ကိန်းဝပ်သွားသည်ကို ခံစားလိုက်ရ၏။

ချီးပဲ။

ကျနော်ကိုယ်ကျနော် ငတုံးတစ်ယောက်လို ခံစားလိုက်ရသည်။ ကျနော် ယခုအချိန်အထိ ဘာတွေကို သင်ယူဖို့ ကြိုးစားနေခဲ့သနည်း။ ကျနော်သည် နောက်ပြန်ဆုတ်သူ သို့မဟုတ် ပြန်လာသူ မဟုတ်ချေ။

[ဇာတ်ကောင် ‘အီမြွန်တာတို့၏ မင်းသား လိုင်ခါယွန်’ ကို စာမှတ် ၄တွင် မှတ်ပုံတင်လိုက်ပါပြီ။]

[စတုတ္ထမြောက် စာမှတ်ကို အသက်သွင်းလိုက်ပါပြီ။]

ကျနော်သည် ‘စာဖတ်သူ’ တစ်ဦး ဖြစ်ပေသည်။

[လေ၏လမ်းစဉ် အဆင့် ၈ ကို အသက်သွင်းလိုက်ပါပြီ။]

ဤသည်မှာ ကျနော် တိုက်ခိုက်သော နည်းလမ်းပင် ဖြစ်ချေ၏။

အခန်း (၈၉)

- အပိုင်း ၁၈ - စာဖတ်သူ၏ တိုက်ပွဲ (၂)

ကျနော့် ခန္ဓာကိုယ်ပတ်လည်တွင် လန်းဆန်းသော လေပြေများ ဝန်းရံလာသည်နှင့်အမျှ Ways of Survival ထဲတွင် ပေါ်လာခဲ့သော စာကြောင်းများကို ကျနော် ပြန်လည် အမှတ်ရမိသည်။

ဟန်ဆိုယောင်း သည် ကိုယ်ပွားများကို ခေါ်ယူနေစဉ် ကျနော် အသုံးပြုတော့မည့် စွမ်းရည်ကို သတိပြုမိသွား၏။

"ဘာလဲဟ။ ရှင် ဒါကို မသင်ရသေးဘူး မဟုတ်လား။"

"နောက်ဆုတ်နေပါ"

လေ၏လမ်းစဉ်။

「 ညာလက်တွင် လေပြင်းရှိ၍ ဘယ်လက်တွင် မုန်တိုင်းရှိ၏။ မျဉ်းဖြောင့်နှင့် မျဉ်းကွေးတို့ ဆုံစည်းသောအခါ လေ၏လမ်းစဉ် ပွင့်လန်းလာလိမ့်မည်။ 」

ကျနော် နားမလည်ခဲ့သော ထိုစာကြောင်းသည် ကျနော့်၏ ခြေချောင်းများတွင် လေလှိုင်းများကို ခံစားလိုက်ရသည့် ခဏ၌ လက်တွေ့ ဖြစ်လာသည်။

မြုံအီဆန် ၏ လက်သီးမှာ ကျနော့်၏ နှာခေါင်းနားသို့ ရုတ်တရက် ချဉ်းကပ်လာသည်။

ထိမှန်သင့်သော ထိုတိုက်ခိုက်မှုမှာ အဓိပ္ပာယ်မဲ့စွာ လွဲချော်သွား၏။ ဤစွမ်းရည်၏ လွှမ်းမိုးထားသော စွမ်းအားမှာ ကျနော့်တွင် လိုအပ်နေသော စွမ်းရည်များကို ဖြည့်ဆည်းပေးလိုက်သည်။ ၎င်းမှာ အီမြွန်တာ တို့၏ လျှို့ဝှက်နည်းစနစ်ပင် ဖြစ်သည်။

မြုံအီဆန် ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

"…ဟင်။ မင်း ပိုမြန်လာတာလား။"

သိမြင်နားလည်မှုအပေါ်၌သာ အာရုံစိုက်ထားသဖြင့် ကျနော်ပြန်မဖြေခဲ့ပေ။ ယခုအချိန်မှစ၍ အချိန်နှင့် တိုက်ပွဲဝင်ရနေပြီဖြစ်သည်။ စာမှတ် အတွက် ကျန်ရှိသော အချိန်မှာ မိနစ် ၃၀ သာ ဖြစ်သည်။

"အဟား၊ ငါ နားလည်ပြီ။ ဟို ဝံပုလွေတွေရဲ့ စွမ်းရည်တွေမလား"

မြုံအီဆန် က ကျနော့်ကို လှောင်ရယ်လိုက်သည်။

"ဒီလို အမှိုက် စွမ်းရည်ကို သုံးနိုင်ဖို့အတွက် မင်းက အကြီးအကျယ် သိမြင်နားလည်သွားတာပေါ့လေ"

"..."

"မင်း သိလား။ အဲ့ဒီကောင်တွေရဲ့ ဘုရင်ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ခဲ့တာကွ"

ကျနော် သေချာပေါက် သိပေသည်။ သေဆုံးသွားခဲ့ကြသော ခရိုနော့စ် မှ သတ္တဝါများကို ကျနော် မှတ်မိနေ၏။ အီမြွန်တာ တို့၏ မင်းသား လိုင်ခါယွန်၊ ကပ်ပါးမိဖုရား အန်တီနပ်စ်…

ပျက်စီးသွားသော ကမ္ဘာမှ လွတ်မြောက်လာသူများ၏ ကံကြမ္မာမှာ အခြားဂြိုဟ်တစ်ခုပေါ်ရှိ ဇာတ်ဝင်ခန်းများတွင် အသုံးချခံရရန်သာ ဖြစ်သည်။ အကယ်၍ ကမ္ဘာမြေ ပျက်စီးသွားလျှင် ကျနော်သည်လည်း သူတို့နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

မြုံအီဆန် ၏ ညာလက်မှ မဟူရာမီးလျှံ အလတ်စားအမြောက် တစ်ချက် ပစ်လွှတ်လိုက်သည်။

「 လေတစ်ခုသည် အခြားလေတစ်ခုနှင့် ဆုံစည်း၍ ယင်နှင့်ယန်ကို ဖြစ်စေမည်။ ထပ်မံ၍ လေတစ်ခုသည် အခြားလေတစ်ခုနှင့် ဆုံစည်းကာ အနှုတ်လက္ခဏာနှင့် အပေါင်းလက္ခဏာတို့၏ နိယာမများကို ဖြစ်ပေါ်စေလိမ့်မည်။ 」

ကျနော်သည် ထိုစကားလုံးများကို ပုံရိပ်များအဖြစ် ပြောင်းလဲရန် ကျနော့် စိတ်ကူးစိတ်သန်းအားလုံးကို အသုံးပြုလိုက်သည်။

ပူနွေးသောလေနှင့် အေးမြသောလေတို့မှာ ကျနော့်ရှေ့တွင် ဝဲဖြည့်လာပြီး လေ၏ ဦးတည်ချက်မှာ စတင် လိမ်ယှက်သွားတော့သည်။

မဟူရာမီးလျှံမှာ လေလှိုင်းများနှင့် ထိတွေ့သည်နှင့် လမ်းကြောင်းပြောင်းသွားကာ စွမ်းအင်များမှာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

အာကာသဓါတ် တိုက်ခိုက်မှုအားလုံးမှာ ကြားခံနယ်မှတစ်ဆင့် ပျံ့နှံ့ခြင်း ဖြစ်သည်။ အကယ်၍ ကြားခံနယ်၏ အရင်းအမြစ်ကို ခွဲထုတ်လိုက်လျှင် တိုက်ခိုက်မှုမှာ နောက်သို့ ပြန်လှည့်သွားရန်သာ ရှိတော့သည်။

မြုံအီဆန် မှာ အံ့အားသင့်သွားပုံရသည်။

"…တော်တော်လေး ကောင်းသားပဲ။ မင်းမှာ အရည်အချင်း တချို့တော့ ရှိပါတယ်"

မြုံအီဆန် သည် နောက်တစ်ကြိမ် ထပ်မံ ထွက်ပြေးရန် ပြင်လိုက်သည်။

[ဇာတ်ကောင် ‘မြုံအီဆန်’ က ‘မျက်စိတစ်မှိတ်အတွင်း ရွေ့လျားခြင်း အဆင့် ၄’ ကို အသုံးပြုလိုက်ပါပြီ။]

နောက်ထပ် မျက်စိတစ်မှိတ်အတွင်း ရွေ့လျားခြင်းကို သုံးတော့မည်ပင်။ သို့ပေသိ သူ့နောက်သို့ လိုက်ရန် ကျနော့်အတွက် မခက်ခဲလှပေ။ ကျနော် မျက်လုံးမှိတ်၍ လေလှိုင်းများအပေါ် အာရုံစိုက်လိုက်သည်နှင့် ကျနော့်အနီးနားရှိ အရာအားလုံးကို ကျနော် ဖတ်ရှုနိုင်ခဲ့သည်။

ယူဂျွန်ဟော့ ၏ ဖီးနစ်နီအလျှင် နှင့် ယှဉ်နိုင်သော အရှိန်ဖြင့် လမ်းအတိုင်း ကျနော်ပြေးသွားကာ မြုံအီဆန် ကို တွေ့ရှိခဲ့သည်။ သူသည် လူများကို ကျပန်း ဖမ်းဆီးကာ မေးခွန်းများ မေးမြန်းနေ၏။

အဆောက်အအုံတစ်ခု၏ သံမဏိဘောင်ကို ကန်ကာ မြုံအီဆန် ထံသို့ ကျနော်ပျံသန်းဝင်ရောက်လိုက်သည်။ ကျနော့်အရှိန်မှာ အရိုးကို ကြေမွစေနိုင်သော တိုက်ခိုက်မှု ဖြစ်သော်လည်း သူကတော့ ပြန်လည် မတ်တပ်ရပ်လာသည်။

[ပြန်လာသူ ‘မြုံအီဆန်’ ၏ နှစ်ဆယ့်လေးခုမြောက် ချိပ်တံဆိပ် ကို ဖြေလျှော့လိုက်ပါပြီ။]

သူ၏ နောက်ထပ် ချိပ်တံဆိပ်မှာ ကပ်သီးကပ်သတ်ဖြင့် ပွင့်သွားချေပြီ။

"…ယားကျိကျိလောက်ပါပဲ"

မြုံအီဆန် က နောက်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ နိုင်လိမ့်မည်ဟု သူ ယုံကြည်နေ၏။ သူ၏ ဒဏ်ရာများသည် ချိပ်တံဆိပ် ဖြေလျှော့ခြင်းကြောင့် ပြန်လည် သက်သာလာပြီး အချိန်ကြာလာသည်နှင့်အမျှ ကျနော့် မှော်စွမ်းအင်များမှာ ပိုမို ကုန်ဆုံးလာသည်။

"ဟားဟားဟား၊ ငါ့ကို တားကြည့်စမ်း"

အမှန်စင်စစ် လေ၏လမ်းစဉ် ကို ခုခံအားမြှင့်တင်သည့် စွမ်းရည်အဖြစ်သာ အသုံးပြုနေလျှင် ကျနော် သူ့ကို မသတ်နိုင်ချေ။ အကယ်၍ ဤအရာတစ်ခုတည်းနှင့် မေးခွန်းများ၏ ကပ်ဘေး ကို အနိုင်ယူနိုင်မည်ဆိုလျှင် ခရိုနော့စ် သည် ပထမဆုံးအကြိမ်ကတည်းက ပျက်စီးသွားမည် မဟုတ်။

ကျနော် ‘အဲ့ဒါ’ ကို လုပ်ရမည် ဖြစ်သည်။ ပြဿနာမှာ… ကျနော် ဤနည်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် တစ်စုံတစ်ဦးက အချိန်ဆွဲပေးရန် လိုအပ်နေခြင်းပင်။

…ဟင်။

ကျနော့် အပေါ်ဘက် မျက်စောင်းထိုးတစ်နေရာမှ တစ်စုံတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ၎င်းမှာ မြုံအီဆန် ထံသို့ လေထုကို ထိုးဖောက်ကာ ဆင်းသက်လာသော သိန်းငှက်တစ်ကောင်နှင့် တူနေလေသည်။

ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခုနှင့်အတူ မြေပြင်တွင် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွား၏။ မြုံအီဆန် လဲကျနေသော နေရာတွင် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ကျနော်သည် ထိုသူကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ရင်း ရေရွတ်မိလိုက်သည်။

"… ယူဂျွန်ဟော့"

ဒီကောင်က ပြန်ကောင်းဖို့ နှစ်ရက်ကြာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

ချဉ်းကပ်လာသော ယူဂျွန်ဟော့ ကို ကြည့်ပြီး ကျနော် အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။

သူက ငါ့ကို အခုချက်ချင်း ထိုးဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်။

သို့ပေသိ ယူဂျွန်ဟော့ သည် ကျနော့်ရှေ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး လှည့်ကြည့်လာသည်။

"စတော့"

ယူဂျွန်ဟော့ က ကျနော် ဘာလုပ်ဖို့ ကြံစည်နေသည်ကို သိနေသည့်အလား ကျနော့်ရှေ့တွင် ရပ်လိုက်သည်။

"ငါ သူ့ကို တားထားမယ်"

အနားတွင် လဲကျနေသော ဟန်ဆိုယောင်း က ကျနော့်ကိုယ်စား ရေရွတ်လိုက်သည်။

"ဟား….ချီးပဲ။ အဓိကဇာတ်ကောင် ဆိုတော့လည်း ထုံးစံအတိုင်းပဲပေါ့…"

သို့သော်လည်း ဟန်ဆိုယောင်း ပြောသလိုမဟုတ်ဘဲ ယူဂျွန်ဟော့ ၏ အခြေအနေမှာ အန္တရာယ်ရှိပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပြီး ကိုယ်ပေါ်ရှိ သွေးကြောများမှာလည်း ဖောင်းကြွနေဆဲ ဖြစ်သည်။

ထိုအချိန်တွင် မြုံအီဆန် သည် ကျင်းထဲမှ ပြန်ထလာပြီး သွေးများ အန်ရင်း ရယ်မောနေလေသည်။

"အာ… ဒါက နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ…"

ထိုမျှပြင်းထန်သော ရိုက်ခတ်မှုရှိသော်လည်း သူကတော့ ကြီးကြီးမားမား ထိခိုက်ပုံမရပေ။ နောင်တွင် ပေါ်လာမည့် ‘ပြန်လာသူများ’ ထဲတွင် သူက အားအနည်းဆုံး အုပ်စုထဲမှ ဖြစ်သည်ဆိုသည်မှာ ယုံနိုင်စရာ မရှိချေ။ မြုံအီဆန် က ရှေ့သို့ ပြေးဝင်လာပြီး ယူဂျွန်ဟော့ နှင့် ထိပ်တိုက်တွေ့လေသည်။

ထို့နောက် လေ၏လမ်းစဉ် ကို ကျနော်အသက်သွင်းလိုက်သည်။

「 လေလေးခု ဆုံစည်း၍ အကာအကွယ်တစ်ခု ဖြစ်စေမည်။ ထို့နောက် အခြား လေလေးခု ထပ်မံပေါင်းစပ်၍ ရှစ်မြှောင့်ကွက်ကို ဖြစ်ပေါ်စေလိမ့်မည်။ ထို့ကြောင့် လေသည် နေရာတိုင်းတွင် ရှိနေသော်လည်း မည်သည့်နေရာတွင်မျှ တည်ရှိနေမည် မဟုတ်ပေ။ 」

လိုင်ခါယွန် ကို သိမြင်နားလည်မှု ပေးခဲ့သော ထိုကဗျာစာသားကို ကျနော် အသုံးပြုရမည့် အလှည့်ပင် ဖြစ်သည်။ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော နက်နဲလှသည့် လေအကာအရံကြီးမှာ စတင် ဝဲဖြည့်လာသည်။

ထိုချိပ်ပိတ်အကာအရံသည် သေးငယ်သော အာကာသ အမိုးခုံးတစ်ခုပင် ဖြစ်သည်။ တင်းကျပ်လှသော ချိပ်ပိတ်မှုကြောင့် ကျနော့်မှာ အသက်ရှူပင် ကျပ်လာ၏။

ယူဂျွန်ဟော့ မှာ တိုက်ခိုက်မှုတစ်ခုကြောင့် နောက်သို့ လွင့်ထွက်သွားစဉ် မြုံအီဆန် ၏ မျက်နှာမှာ တင်းမာသွားသည်။ ၎င်းမှာ ကစားပွဲတစ်ခု မဟုတ်တော့ကြောင်း သူ နောက်ဆုံးတွင် သိရှိသွားချေပြီ။

"ဘာလဲဟ…"

နောက်တစ်စက္ကန့်တွင် အမိုးခုံးအတွင်းရှိ လေထုအားလုံးမှာ ဖယ်ရှားခြင်း ခံလိုက်ရသည်။ ကျနော့်၏ နားများမှာ ပိတ်သွားပြီး အသံအားလုံး ပျောက်ကွယ်သွား၏။ လေမှာ ပြင်းထန်စွာ တိုက်ခတ်နေသော်လည်း အမိုးခုံးအတွင်းပိုင်းမှာတော့ မုန်တိုင်းဗဟိုချက်ကဲ့သို့ ငြိမ်သက်နေပေသည်။

မြုံအီဆန် က ပါးစပ်ကိုဟကာ စကားပြောလိုက်သည်။

"…"

"…"

သူသည် ပါးစပ်ကို အကြိမ်ကြိမ် လှုပ်ရှားသော်လည်း သူ၏ အသံမှာ ထွက်မလာပေ။ ကြားခံနယ် မရှိသောကြောင့် အသံမှာ ဖြစ်ပေါ်နိုင်ခြင်း မရှိပဲဖြစ်နေ၏။

သူသည် လုံးဝဥဿုံ လေဟာနယ်အတွင်းသို့ ရောက်ရှိသွားခြင်းပင်။ လေဖိအား ကွာခြားချက်ကြောင့် ကျနော့် အဆုတ်ထဲရှိ လေများမှာလည်း ခဏမျှ ထွက်သွားသဖြင့် ကျနော် အမြန် ပြန်လည် ရှူသွင်းလိုက်ရသည်။

အမိုးခုံး အပြင်ဘက်တွင် ဟန်ဆိုယောင်း က တစ်စုံတစ်ခုကို အော်ဟစ်နေ၏။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂’ ကို အသက်သွင်းလိုက်ပါပြီ။]

「 ဒါက ဘာလဲဟ။ 」

ကျနော်သည် မြုံအီဆန် ၏ အတွေးများကို ကြားနေရသည်။

「 ငါ့ဆီက ဘာလို့ အသံထွက်မလာတာလဲ။ မှော်အစွမ်းလား။ 」

မြုံအီဆန် သည် ဇဝေဇဝါဖြစ်ကာ အော်ဟစ်နေသည်။ ထိုသို့ဖြစ်နေခြင်းမှာ သဘာဝပင်။ ပြန်လာသူ အားလုံးတွင် ပြစ်ဒဏ် တစ်ခု ရှိပေသည်။ ထိုပြစ်ဒဏ်မှာ အချို့သော အခြေအနေများအောက်တွင် မူလအစွမ်းများကို လျင်မြန်စွာ ပြန်လည်ရရှိနိုင်သော ပြန်လာသူများအတွက် ပို၍ သိသာပေသည်။

[မေးခွန်းများ၏ ကပ်ဘေး ၏ ပြစ်ဒဏ်ကို အသက်သွင်းလိုက်ပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ စွမ်းအားမှာ အားနည်းသွားပါပြီ။]

[ပြန်လာသူ ‘မြုံအီဆန်’ ၏ နှစ်ဆယ့်လေးခုမြောက် ချိပ်တံဆိပ် ကို ပြန်လည် ချိပ်ပိတ်လိုက်ပါပြီ။]

「 အား… မဟုတ်ဘူး 」

သူတို့တွေသည် လွယ်လွယ် ‘အစွမ်းထက်’ နိုင်သကဲ့သို့ပင် အခြေအနေနှင့် မကိုက်ညီလျှင် ‘အားနည်း’ သွားရန်လည်း လွယ်ကူလှ၏။

[ပြန်လာသူ ‘မြုံအီဆန်’ ၏ နှစ်ဆယ့်သုံးခုမြောက် ချိပ်တံဆိပ် ကို ပြန်လည် ချိပ်ပိတ်လိုက်ပါပြီ။]

မေးခွန်းများ၏ ကပ်ဘေး က အဘယ်ကြောင့် မေးခွန်းတွေပဲ တောက်လျှောက် မေးနေရတာလဲ။ ရိုးရှင်းပါသည်။ အကယ်၍ သူသာ မေးခွန်းများ မမေးနိုင်တော့လျှင် သူ၏ စွမ်းရည်များမှာ အားနည်းသွားမည် ဖြစ်သည်။

「 ချီးပဲ။ ဒါကို လွှတ်စမ်း။ အခုချက်ချင်း လွှတ်ပေးစမ်း 」

သူ၏ လက်သီးမှာ လေအကာအရံကို အကြိမ်ကြိမ် ထိုးနှက်သော်လည်း ထိုတံတိုင်းမှာ လွယ်လွယ်နှင့် မကျိုးပျက်ချေ။ ကြားခံနယ် မရှိသော နေရာတွင် မဟူရာမီးလျှံများမှာလည်း မလောင်ကျွမ်းနိုင်ခြင်းဖြစ်သည်။

[ပြန်လာသူ ‘မြုံအီဆန်’ ၏ နှစ်ဆယ့်နှစ်ခုမြောက် ချိပ်တံဆိပ် ကို ပြန်လည် ချိပ်ပိတ်လိုက်ပါပြီ။]

လေ၏လမ်းစဉ် ကို အသုံးပြု၍ ဖန်တီးနိုင်သော လေဟာနယ် အကျဉ်းထောင်။ ထိုအကျဉ်းထောင်မှာ ကျနော် သိထားသော မေးခွန်းများ၏ ကပ်ဘေး ကို ဆန့်ကျင်သည့် အကောင်းဆုံး မဟာဗျူဟာပင် ဖြစ်သည်။

「 အား… 」

မြုံအီဆန် သည် နောက်ကျစွာဖြင့် ကျနော့်ထံသို့ ပြေးဝင်လာသည်။ ကျနော် သေဆုံးသွားလျှင် လေဟာနယ် အကျဉ်းထောင်ကြီး ပျက်စီးသွားမည်ဟု သူ ထင်မှတ်နေသော်လည်း ထိုသို့ မဟုတ်ပေ။ ဤနေရာမှာ ကျနော် ဖန်တီးထားသော နေရာ ဖြစ်သည်။

ကျနော်သည် လေ၏လမ်းစဉ် ကို အသုံးပြု၍ သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး အကျဉ်းထောင်၏ ဧရိယာကို အမြန် လျှော့ချလိုက်သည်။

တံတိုင်းမှာ ကျုံ့ဝင်လာသည်နှင့်အမျှ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုကို ကျနော်ဖန်တီးကာ ယူဂျွန်ဟော့ နှင့်အတူ အမိုးခုံး အပြင်ဘက်သို့ ထွက်လိုက်သည်။ ယခုအခါ မြုံအီဆန် တစ်ဦးတည်းသာ အမိုးခုံးအတွင်း ကျန်ရှိတော့သည်။

「 …မင်းလိုကောင်က… 」

ပြန်လာသူ ဆိုသည်မှာ အလကား အမည်တပ်ထားခြင်း မဟုတ်ပေ။ အမိုးခုံးမှာ သူ၏ စွမ်းအားအောက်တွင် အနည်းငယ် အက်ကွဲသွားသည်။ ကျနော် လက်မြှောက်လိုက်သည်နှင့် လေလှိုင်းများမှာ အားနည်းသော နေရာကို ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။ ထို့နောက် အမိုးခုံး၏ အရွယ်အစားမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပေတော့သည်။

အာရုံစူးစိုက်မှု လွန်ကဲသွားသောကြောင့် ကျနော့်နှာခေါင်းမှ သွေးများ စီးကျလာသည်။ ကျနော့်၏ နောက်ဆုံးပန်းတိုင်မှာ လေဟာနယ်အကျဉ်းထောင်ကို သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်၌သာ ကန့်သတ်ထားရန် ဖြစ်သည်။

သို့ပေသိ ၎င်းကို ထိန်းချုပ်ရန်မှာ မလွယ်ကူချေ။

ချီး။ ယူဂျွန်ဟော့ကျတော့ အလွယ်တကူ လုပ်နိုင်ခဲ့တာလေ။ ငါ့ကျမှ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။

"ထိန်းချုပ်ဖို့ မကြိုးစားနဲ့။ လေကို ဦးဆောင်ရမယ်"

ယူဂျွန်ဟော့ ၏ အသံကို ကြားလိုက်ရသည်။

ထိုခဏ၌ ကျနော် သိမြင်နားလည်မှုတစ်ခု ရရှိခဲ့သည်။ ‘တံတိုင်း’ တစ်ခု ဖန်တီးခဲ့မိခြင်းမှာ ကျနော့်၏ အမှား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အရေးကြီးဆုံးအချက်မှာ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ကြားခံနယ်ကို ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။

「 အား… အား… ငါ… အသက်ရှူကျပ်နေပြီ 」

မြုံအီဆန် သည် သူ၏လည်ပင်းကို အသည်းအသန် ကုတ်ခြစ်နေသဖြင့် သွေးများပင် ထွက်လာသည်။

"…တော်တော်လေး ကောင်းသားပဲ။ မင်းမှာ အရည်အချင်း သိပ်မရှိသေးပေမဲ့ပေါ့လေ"

ယူဂျွန်ဟော့ ၏ အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။

ထို့နောက် မြုံအီဆန် သည် သူ၏ နောက်ဆုံးလက်ကျန်အစွမ်းဖြင့် အားထုတ်လိုက်သည်။

[ဇာတ်ကောင် ‘မြုံအီဆန်’ က ‘မဟူရာမီးလျှံ မဟာအမြောက် အဆင့် ၃’ ကို အသုံးပြုလိုက်ပါပြီ။]

မြုံအီဆန် ၏ ညာလက်မောင်းတွင် မှောင်မိုက်သော မီးလျှံများ ဝန်းရံလာသည်။ ကျနော် အံ့အားသင့်သွားရသည်မှာ ထိုမဟာမီးလျှံကြီးမှာ လေအမိုးခုံးကို ထိုးဖောက်၍ ထွက်ပေါ်လာခြင်းပင်။

ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ကို ကာကွယ်ရင်း ကျနော်လဲကျသွားသည်။

ထိုင်းမှိုင်းသော ရိုက်ခတ်မှုတစ်ခုက ကျနော့်ဦးနှောက်ထဲ ပြည့်နှက်သွား၏။ မဟူရာမီးလျှံအမြောက်မှာ ဆက်တိုက် ထွက်ပေါ်နေသဖြင့် မြုံအီဆန် သည် သူ၏ ကျန်ရှိသမျှ မှော်စွမ်းအင်အားလုံးကို ညှစ်ထုတ်နေပုံရသည်။

သို့သော်လည်း လေမှာ ငြိမ်သက်မနေချေ။ မဟူရာမီးလျှံအမြောက်မှာ အမိုးခုံးကို ထိုးဖောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် လေလှိုင်းများက ချက်ချင်း ပြန်လည် ပြည့်နှက်သွားသည်။

သူ၏ နောက်ဆုံးအားထုတ်မှုမှာ ဘာကိုမျှ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

ပြဿနာမှာ မဟူရာမီးလျှံများကြောင့် လူများ သေဆုံးနေရခြင်း ဖြစ်၏။

ယူဂျွန်ဟော့ က ကျနော့်မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။

"ကင်ဒေါ့ဂျာ၊ အဲ့ဒါတွေကို ထည့်မစဉ်းစားနဲ့။ မင်း သေသွားရင်တောင် အဲ့ဒီလူတွေက ဂရုစိုက်မှာ မဟုတ်ဘူး"

"အဲ့ဒီလို လူစားတွေလည်း ရှိတာမှန်ပါတယ်"

သို့သော်လည်း လူတိုင်းက ထိုသို့ မဟုတ်ကြချေ။ ကျနော် ပြန်ထလိုက်ပြီး မဟူရာမီးလျှံများကို ရင်ဆိုင်လိုက်သည်။

ပြင်းထန်စွာ လည်ပတ်နေသော အမိုးခုံး၏ စွမ်းအားကြောင့် မဟူရာမီးလျှံများမှာ လွင့်စင်ကာ လိမ်ယှက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုတစ်ခု နောက်ဆက်တွဲ ပေါ်ပေါက်လာ၏။ ထိုနာကျင်မှုမှာ မဟူရာမီးလျှံ အများစုကို ကျနော် ကြားဖြတ် ဟန့်တားလိုက်သောကြောင့် ပေါ်လာခြင်းဖြစ်သည်။

မဟူရာမီးလျှံများက ကျနော့်အရေပြားကို လောင်ကျွမ်းစေပြီး အရိုးထဲအထိ ခံစားချက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ငါလုပ်နိုင်တယ်။

ယခုအချိန်တွင် သူသည် အစွမ်းမထက်တော့ချေ။ ဤအခိုက်အတန့်တွင် ကျနော်သည် ကျနော့်၏ အကန့်အသတ်များကို ကျော်လွန်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည်။ ကျနော့်၏ အာရုံခံစားမှုများမှာ ဝေဝါးလာသည်နှင့်အမျှ ကျနော့်ခန္ဓာကိုယ်မှာ လေလှိုင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။

[ကြိုးစားမှုကို ချစ်မြတ်နိုးသော နက္ခတ်တစ်ခုက သင်၏ နာကျင်မှုကို သဘောကျနေပါသည်။]

[သင်၏ ဝိညာဉ်အတွင်း၌ အိပ်မောကျနေသော ပါရမီဓာတ်တစ်ခု ပွင့်လန်းလာပါပြီ။]

ဘယ်လက်ဖြင့် လေဟာနယ်အကျဉ်းထောင်ကို ကျနော် ထိန်းချုပ်ထားပြီး ညာလက်ဖြင့် လေကို လှုပ်ရှားစေကာ မဟူရာမီးလျှံများ၏ စွမ်းအင်ကို ခွဲထုတ်ပစ်လိုက်သည်။ စိတ်လွတ်ကိုယ်လွတ် အခြေအနေသို့ ရောက်ရှိသွားကာ လေ၏လမ်းစဉ် ၏ အဆင့်အတန်းအသစ်ကို ကျနော် မြည်းစမ်းလိုက်ရသည်။ ကျနော့်လက်ချောင်းများထိပ်ရှိ လေလှိုင်းများမှာ ကျနော် ယခင်က မသိရှိခဲ့ဖူးသော ရှုခင်းတစ်ခုကို ဖန်တီးနေ၏။

[သီးသန့်စွမ်းရည် ‘Fourth Wall’ ၏ အထူမှာ ယာယီအားဖြင့် ပါးလွှာသွားပါပြီ။]

ထူးဆန်းသော ခံစားချက်တစ်ခုပင် ဖြစ်သည်။ ‘ဇာတ်ကောင်များ’ ကမ္ဘာကြီးကို မြင်တွေ့ရပုံမှာ ဤသို့ပင် ဖြစ်ပေလိမ့်မည်။

စာသားများကို မည်မျှပင် ကြိုးစားဖတ်ရှုခဲ့ပါစေ၊ မည်သို့ ခံစားရမည်ကို ကျနော် မသိခဲ့ချေ။ ကျနော့်လက်ချောင်းထိပ်နှင့် ထိတွေ့နေသော စာမျက်နှာများမှတစ်ဆင့် ခံစားခဲ့ရသည့်၊ မည်သည့်အခါမျှ အပြည့်အဝ မရောက်ရှိနိုင်ခဲ့သော ဇာတ်လမ်း၏ အစိတ်အပိုင်းတစ်ခုကို ယခုအခါ လုံးဝဥဿုံ နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

စာဖတ်ခြင်းနှင့် နားလည်ခြင်းမှာ ကွဲပြားပေသည်။ ဤကမ္ဘာကြီး၏ တစ် ရာခိုင်နှုန်းကိုပင် ကျနော် နားမလည်နိုင်သေးခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မကြာမီတွင် မြုံအီဆန် ၏ မဟူရာမီးလျှံများ စွမ်းအား လျော့နည်းလာသည်ကို ကျနော် ခံစားလိုက်ရသည်။

「 ချီးပဲ။ အမှိုက်ကောင်။ သေစမ်း။ သေစမ်း 」

မဟူရာမီးလျှံများ၏ အရှိန်မှာ လျင်မြန်စွာ ကျဆင်းသွားသည်။ ထို့အပြင် ကျနော့်၏ မှော်စွမ်းအင်မှာလည်း ပြည့်ဝနေဆဲ ဖြစ်သည်။

တကယ်ကို ထူးဆန်းသော ခံစားချက်တစ်ခုလိုခံစားနေရပေသည်။ စိတ်လွတ်ကိုယ်လွတ် အခြေအနေသို့ ကျနော် ရောက်နေသည်ဆိုဦးတော့၊ မှော်စွမ်းအင်များ ဤမျှလောက် မည်သို့ ကျန်ရှိနေနိုင်သနည်း။

ကျနော့်နောက်မှ ယူဂျွန်ဟော့ က ပြောလိုက်သည်။

"…ငါ မင်းကို သတ်ပစ်မယ်"

…တစ်နည်းနည်းနှင့် ကျနော်သည် ယူဂျွန်ဟော့ ၏ မှော်စွမ်းအင်များကို စုပ်ယူလိုက်မိခြင်း ဖြစ်ပေလိမ့်မည်။

ခဏအကြာတွင် မြုံအီဆန် ၏ တိုက်ခိုက်မှုများ ရပ်တန့်သွားသည်။

[ပြန်လာသူ ‘မြုံအီဆန်’ ၏ ချိပ်တံဆိပ်အားလုံးကို ပြန်လည် ချိပ်ပိတ်လိုက်ပါပြီ။]

ယူဂျွန်ဟော့ နှင့် ကျနော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

[သီးသန့်စွမ်းရည် ‘လေ၏လမ်းစဉ် အဆင့် ၈’ ကို ထုတ်လွှတ်လိုက်ပါပြီ။]

ကြောက်လန့်တုန်ရီနေသော မြုံအီဆန် က ကျနော်တို့အား စိုက်ကြည့်နေသည်။

"အဟွတ်… အဟွတ်…"

အသက်ရှူရန် အသည်းအသန် ကြိုးစားရင်း ထွက်ပြေးရန် ပြင်နေသော ထိုလူထံသို့ မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး ကို ကျနော်လှမ်းပစ်လိုက်သည်။

"အု"

ဓားက သူ၏ကျောပြင်တွင် စိုက်ဝင်သွားကာ သူ လဲကျသွားသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း ရွေ့လျားခြင်း ဖြင့် ထပ်မံ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။ ကျနော် ပြေးသွားပြီး သူ၏လည်ပင်းကို ဆွဲညှစ်လိုက်သည်။

"…ဟား… စကားမပြောနိုင်တာက တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ။ မင်းရဲ့ မေးခွန်းတွေ ပြီးသွားပြီလား။"

"အု…"

"မင်း အခု ငါ့ကို မေးခွန်းတစ်ခုခု မေးတာနဲ့ ငါ မင်းကို သတ်ပစ်မယ်။ ဘာမှ မမေးနဲ့"

ပြန်လာသူများ။ Ways of Survival ထဲတွင် အောက်တန်းကျ၍ အရက်စက်ဆုံး တည်ရှိမှုများပင်။ ပြန်လာသူများထဲတွင် မြုံအီဆန် မှာ အဆိုးဆုံးထဲမှ တစ်ယောက် ဖြစ်သည်။

"အခုတော့ မင်းဆီက အသံတစ်သံတောင် မကြားချင်တော့ဘူး။"

ဗုန်း။ ဗုန်း။

"အား…"

မြုံအီဆန် သည် မတရားခံနေရသကဲ့သို့ ကျနော့်ကို မော့ကြည့်လာသည်။ ကြောက်လန့်မှုများ လုံးဝ ခြေမှုန်းခံရသည်အထိ သူ့ကို အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ အရိုက်ခံထားရသော မြုံအီဆန် က အားယူကာ ပြောလိုက်၏။

"ဒါ… ဒါမျိုးက မဖြစ်သင့်ဘူး…"

ဤကောင်ကို ကြည့်ရင်း သူသည် စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့စဉ်က အချိန်ကို ကျနော် ပြန်လည် အမှတ်ရမိသည်။

「 "ကျနော်… ကျနော်က စစ်သည်တော်လား။ တကယ့် စစ်သည်တော်လား။ တကယ်လား" 」

၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား မြုံအီဆန်။ ကမ္ဘာကြီးကို ကယ်တင်ရန် စစ်သည်တော်အဖြစ် ရွေးချယ်ခံရပြီး ခရိုနော့စ် ပေါ်သို့ ရောက်ရှိသွားခဲ့သော အပြစ်ကင်းစင်သည့် ကောင်လေး။

သူသည် သေချာပေါက် ဤကဲ့သို့ မဖြစ်ချင်ခဲ့ပေ။ တိုက်ကြီးတစ်ခုလုံးရှိ သက်ရှိများကို မျိုးတုံးစေခဲ့သော လူသတ်သမားတစ်ယောက် မဖြစ်ချင်ခဲ့ပေ။ သို့ပေသိ သူ လုပ်ခဲ့သည်။

"ကပ်ဘေးတစ်ခု ဖြစ်လာဖို့ ရွေးချယ်ခဲ့တာက မင်းကိုယ်တိုင်ပဲ"

ယခုအခါ ထိုအမှန်တရားကို သူ ပြောင်းလဲနိုင်ခြင်း မရှိတော့ပေ။

[ဇာတ်ကောင် ‘မြုံအီဆန်’ အပေါ် သင်၏ နားလည်မှု တိုးလာပါပြီ။]

မြုံအီဆန် ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

"ငါက… သေချာပေါက်… အဓိက… ဇာတ်လိုက်ပဲ… ဒီ… ကမ္ဘာ…"

အဓိကဇာတ်ကောင် ဖြစ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရသော လူသား။ တကယ့် အဓိကဇာတ်ကောင်မှာ ခဏအကြာတွင် ချဉ်းကပ်လာပြီး သူ၏ဦးခေါင်းထဲသို့ ဓားတစ်လက် ထိုးစိုက်လိုက်သည်။

ယူဂျွန်ဟော့ ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော ထိုလူ၏ မျက်လုံးများကို ကျနော် စိုက်ကြည့်နေမိသည်။ ကမ္ဘာတစ်ခုကို ဖျက်ဆီးခဲ့သော ကပ်ဘေးတစ်ခုအတွက်တော့ ဒါက အချည်းနှီးဖြစ်သော သေဆုံးခြင်းပင်။

[ဇာတ်ဝင်ခန်းအတွင်း ‘ပြန်လာသူ’ တစ်ဦးကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ပါပြီ။]

[ပါဝင်ကူညီသူများ - ကင်ဒေါ့ဂျာ၊ ယူဂျွန်ဟော့]

[အောင်မြင်မှုဆုလာဘ်အဖြစ် ဒင်္ဂါး ၄၀,၀၀၀ ရရှိခဲ့ပါပြီ။]

[သင်၏ ဇာတ်လမ်းထဲတွင် ပစ္စည်းအသစ်တစ်ခု ပေါင်းထည့်လိုက်ပါပြီ။]

[‘နိမိတ်ကို ဆန့်ကျင်သူ’ ဇာတ်ကြောင်းကို ပေါင်းထည့်လိုက်ပါပြီ။]

[အထူးစွမ်းရည် အသစ်တစ်ခု ရရှိနိုင်မည့် ဖြစ်နိုင်ခြေကို ရရှိခဲ့ပါပြီ။]

All Chapters