← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 6 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 6 Ch. 109-110

အပိုင်း (၁၀၉) ကင်းလှည့်အဖွဲ့ ရွေးချယ်ခြင်းနှင့် စိတ်စွမ်းအင် လေ့ကျင့်နည်း

အရက် သုံးပတ်လောက် သောက်ပြီးကြချိန်တွင် လူတိုင်း၏ မျက်နှာထက်၌ အပြုံးပန်းများ ဝေဆာနေကြပြီ ဖြစ်သည်။

လင်းယွမ်က စကားစလိုက်သည်။ "လက်ရှိ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က လှေဖောင်ကို အမြန်ဆုံး ပြီးအောင် လုပ်ဖို့ပဲ"

"ဒီအဆောက်အအုံနားမှာ ပင်လယ်ရေသတ္တဝါတွေ ပိုများလာပြီ... ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး"

"နောက်ပိုင်းကျရင် ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ပိုများလာလိမ့်မယ်"

"ဒုတိယအချက်ကတော့ ရိက္ခာပြဿနာပဲ... ဝမ်ကျဲကို သတ်ပြီး ပစ္စည်းတွေ အများကြီး ရလိုက်ပေမယ့် ဒီပမာဏလောက်က ဘာမှ မဟုတ်ဘူး"

"နောက်ပိုင်း တောင်ပေါ်ရောက်သွားရင် အဲဒီမှာ ပိုလျှံတဲ့ ရိက္ခာတွေ ရှိမှာ မဟုတ်ဘူး... ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ပြီး ရိက္ခာတွေ ပိုစုဆောင်းထားမှ ဖြစ်မယ်"

"လောလောဆယ် ကျွန်တော်အစီအစဉ်က သန္ဓေပြောင်း ငါးတွေ အများကြီး ဖမ်းပြီး ငါးခြောက်လုပ်မယ့်အပြင် ရိက္ခာရှာဖွေရေး လမ်းကြောင်းအသစ်တွေပါ ချဲ့ထွင်ရမယ်"

လင်းယွမ် ပြောလိုက်သည်နှင့် ကျန်လူများကလည်း တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံကြသည်။

"ဟုတ်တယ်... တောင်ပေါ် တကယ်သွားနေရမယ်ဆိုရင် ရိက္ခာက ပြဿနာအကြီးကြီး ဖြစ်လာမှာ" ဦးလေးမာက ထောက်ခံပြောဆိုသည်။

ချိုင်ကြည်ကလည်း ဝင်ပြော၏။ "ကံကောင်းလို့ လင်းယွမ်မှာ ပစ္စည်းသိုလှောင်နိုင်တဲ့ အစွမ်းရှိနေတာ... မဟုတ်ရင် ငါတို့ ပစ္စည်းတွေ ရှာတွေ့ရင်တောင် သိမ်းထားလို့ ရမှာ မဟုတ်ဘူး"

"လင်းယွမ်... နင့်မှာ ဘာအကြံ ရှိလို့လဲ" တင်းယန်က မေးလိုက်သည်။

"ငါ့အကြံကတော့ ငါတို့ အိမ်ရာထဲက တခြားတိုက်တွေမှာလည်း ရိက္ခာ နည်းနည်းပါးပါး ကျန်ဦးမယ် ထင်တယ်"

"ဒါပေမဲ့ အများကြီးတော့ မဟုတ်လောက်ဘူး... ရေကြီးတာ နှစ်ဝက်လောက် ရှိနေပြီဆိုတော့ အများစုက စားလို့ ကုန်ရင်ကုန်... မကုန်ရင်လည်း လျှိုအားလုံတို့ ဝမ်ကျဲတို့လို လူတွေ လက်ထဲ ရောက်နေလောက်ပြီ"

"နောက်လူတွေ လက်ထဲ ရောက်နေတာက တော်သေးတယ်... စားလို့ ကုန်သွားပြီ ဆိုရင်တော့ ငါတို့အတွက် ဘာမှ ကျန်မှာ မဟုတ်ဘူး"

"အဲဒီတော့ တခြားတိုက်တွေမှာ ရိက္ခာသွားရှာတာက နည်းလမ်းတစ်ခုပဲ... အဓိကက အဲဒီဘက်ကို သွားပြီး ငါးနဲ့ လဲဖို့ပဲ"

"ဆန်တို့ ဂျုံမှုန့်တို့က ရှားတယ်... ဒါပေမဲ့ သန္ဓေပြောင်းငါးတွေက နေရာတိုင်းမှာ ရှိတယ်"

"ငါတို့ တတ်နိုင်သမျှ ငါးခြောက်တွေ အများကြီး လုပ်ပြီး ငါးအသားတွေ အများကြီး သိုလှောင်ထားရမယ်"

"ဒါဆိုရင် တောင်ပေါ်ရောက်တဲ့အခါ အဲဒီမှာ စားစရာ မရှိရင်တောင် ရေတိုကာလအတွက် အစားအသောက် ပူစရာ မလိုတော့ဘူး"

ထိုအချိန်တွင် အဒေါ်ကြီးလီက ဝင်ပြောလိုက်သည်။ "ဒါနဲ့... နင်တို့ ပစ္စည်းသွားရှာရင် ဟင်းသီးဟင်းရွက် မျိုးစေ့တွေ ပါမပါ ကြည့်ခဲ့ကြဦး... ပြီးတော့ ဂျုံ၊ စပါး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ အာလူးတွေကိုလည်း အဓိကထား ရှာခဲ့ကြ... တောင်ပေါ်ရောက်လို့ ဒါတွေ စိုက်နိုင်ရင် ငါတို့ စားစရာ မပူရတော့ဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... အဲဒါကို ကျွန်တော်တို့ အဓိကထားပြီး ရှာပါ့မယ်"

တကယ်တမ်းတွင်မူ အာလူးနှင့် ပြောင်းဖူး အနည်းငယ်ကို လင်းယွမ် စုဆောင်းထားပြီး ဖြစ်သည်။ သူကိုယ်တိုင်လည်း အစပိုင်းကတည်းက အာလူး စားနေခဲ့ခြင်း ဖြစ်သည်။

သို့သော် အခွံပါသော စပါး၊ ဂျုံနှင့် ကန်စွန်းဥများကိုမူ သူ လုံးဝ မတွေ့ဖူးသေးပေ။

ဒါကတော့ နည်းနည်း ဂရုစိုက် ရှာဖွေရမည့် ကိစ္စဖြစ်သည်။

အမှန်တကယ်တော့ အစားအသောက်အတွက် သူ သိပ်မပူပန်လှပေ။

ကံစမ်းမဲစနစ် ရှိနေသရွေ့ အစားအသောက်များကို မဲနှိုက်ရယူနိုင်သည်။

အမှတ် ၁၀၀ တန် ကံစမ်းမဲဘီးထဲမှ အစားအသောက်များသည် တန်နှင့်ချီ၍ ပါဝင်ကြောင်း သိထားရမည်။

ထို့ကြောင့် လက်ရှိ အရေးတကြီး လိုအပ်နေသည်မှာ အမှတ် ရှာဖွေရေးသာ ဖြစ်သည်။

သို့သော် ဒီကိစ္စကို ထုတ်ပြော၍ မဖြစ်သဖြင့် လင်းယွမ်က ငါးခြောက်လုပ်ခြင်းကို အကြောင်းပြချက် ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ရှားပါးပစ္စည်းများ မဲပေါက်ခဲ့လျှင်လည်း အပြင်ထွက်ရှာရင်း တွေ့လာသည်ဟု ပြော၍ ရနိုင်လေသည်။

အပြင်ထွက်ပြီး ပစ္စည်းရှာခြင်းက အကြောင်းပြချက်ကောင်း တစ်ခုပင်။

ထူးဆန်းသော ပစ္စည်းများကို အပြင်က ရှာတွေ့လာသည်ဟု သူ ပြောလိုက်ရုံသာ။

"အဒေါ်ကြီးလီ... အမမေ... အမဝူ... ခင်ဗျားတို့ လိုအပ်တဲ့ ပစ္စည်းစာရင်း လုပ်ထားလိုက်... အဓိက လိုအပ်တာတွေပေါ့... ကျွန်တော်တို့ ရှာဖို့ ကြိုးစားကြည့်မယ်"

လင်းယွမ်က အမျိုးသမီးများကို တာဝန်ခွဲဝေပေးလိုက်သည်။

သူတို့လည်း စိတ်အားထက်သန်စွာဖြင့် ချက်ချင်း လက်ခံကြသည်။

ထို့နောက် လင်းယွမ်က ဦးလေးမာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဦးလေးမာနဲ့ အစ်ကိုချိုင်တို့ တာဝန်ကတော့ လှေဖောင် လုပ်ဖို့ပဲ... ဒါက အရေးအကြီးဆုံးပဲ"

"ကျွန်တော် မျှော်မှန်းထားတာက ရေတက်တာ အထပ် ၂၀ကို မရောက်ခင် လှေဖောင် အပြီးလုပ်ဖို့ပဲ... ဖြစ်နိုင်မလား"

ဦးလေးမာက မျက်မှန်ကို ပင့်တင်လိုက်ရင်း ပြောသည်။ "အခု ရေက ၁၃ ထပ်ပဲ ရှိသေးတာ... အထပ် ၂၀ မရောက်ခင်ဆိုရင်တော့ စိတ်ချ... အချိန်လောက်ပါတယ်"

ချိုင်ကြည်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ "ဒါကို ငါတို့ တာဝန်ထားလိုက်ပါ"

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောသည်။ "ဒါနဲ့... ဝမ်ကျဲအဖွဲ့လည်း အရင်က လှေဖောင် လုပ်နေကြတာ... တစ်ချို့တစ်ဝက်တောင် ပြီးနေပြီ... တိုက်တွဲ ၆ ခေါင်မိုးပေါ်မှာ ရှိတယ်... ခင်ဗျားတို့ အဲဒါကို အရင် သွားလုပ်လိုက်"

"အဲဒီ လှေဖောင်က နည်းနည်း သေးတော့ ပိုမြန်မြန်ပြီးလောက်တယ်... ပြီးသွားရင် ကျွန်တော် အဲဒီလှေဖောင်နဲ့ အနီးအနားကို အရင် သွားပြီး ကင်းလှည့်ကြည့်မယ်"

သူတို့နှစ်ဦး ဝမ်းသာသွားကြပြီး ထမင်းစားပြီးသည်နှင့်တိုက်တွဲ ၆ ခေါင်မိုးပေါ်သို့ သွားကြည့်ရန် ချိန်းဆိုလိုက်ကြသည်။

ထို့နောက် လင်းယွမ်က ဆက်ပြောသည်။ "နောက်ဆုံးကိစ္စ တစ်ခုကတော့... ယုံကြည်ရတဲ့ လူတချို့ကို ရွေးပြီး ကင်းလှည့်အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းရမယ်...တိုက်တွဲ တစ်ခုစီရဲ့ လုံခြုံရေးအတွက်ပေါ့"

"ခင်ဗျားတို့ စိတ်ထဲမှာ ဘယ်သူတွေ သင့်တော်လဲ ပြောပြကြပါဦး"

တင်းယန်က လက်ထောင်လိုက်သည်။ "ကျွန်မတိုက်တွဲတစ်ခု တာဝန်ယူနိုင်တယ်"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ... နင်က ငါတို့တိုက်တွဲနှစ်ခုစလုံးရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်... နင့်ကိုတိုက်တွဲ ၁ မှာပဲ နေစေချင်တယ်...တိုက်တွဲ ၁ ကင်းလှည့်ခေါင်းဆောင်ပေါ့... နောက်မှ နင့်ကို ကူညီဖို့ လူနှစ်ယောက်လောက် ထပ်ရှာလိုက်"

တင်းယန်က သံသယဖြင့် မေးလိုက်သည်။ "ကျွန်မကတိုက်တွဲ ၁ ကို တာဝန်ယူရမယ်... ဒါဆို ကျောက်ခိုင်ကရော"

မူလက ကျောက်ခိုင်သည်တိုက်တွဲ ၁ ၏ စင်္ကြံလမ်းဝင်ပေါက်ကို တာဝန်ယူထားသူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျောက်ခိုင်က သန္ဓေပြောင်းအစွမ်း နိုးထထားသူ ဖြစ်သဖြင့်တိုက်တွဲ ၁ လုံခြုံရေးကို သူ့အား ပေးအပ်သင့်သည်။

ထို့ကြောင့် တင်းယန် နားမလည် ဖြစ်သွားခြင်း ဖြစ်သည်။

လင်းယွမ် ပြုံးလိုက်သည်။ "ကျောက်ခိုင်ရဲ့ အစွမ်းက ထူးခြားတယ်... မိုးရေထဲမှာ အရမ်းအသုံးဝင်တယ်... သူ့ကို ငါနဲ့အတူ ပစ္စည်းအရှာထွက်ဖို့ ခေါ်သွားမလို့"

အားလုံး အံ့သြသွားကြပြီး ကျောက်ခိုင် ရေကို ရေခဲဖြစ်အောင် လုပ်ခဲ့သည့် မြင်ကွင်းကို ပြန်သတိရသွားကြကာ မျက်လုံးများ အရောင်လက်လာကြသည်။

"မောင်ကျောက်ခိုင်က အပြင်က ရေကြီးနေတာတွေကို ခဲသွားအောင် လုပ်နိုင်လို့လား"

"ကျောက်ခိုင်... မင်း ဘယ်လောက်ကျယ်တဲ့ ဧရိယာအထိ ရေခဲအောင် လုပ်နိုင်လဲ... ရေခဲအထူကရော ဘယ်လောက်ရှိလဲ... လူရပ်လို့ ရလား"

လူတိုင်းက ဉာဏ်ကောင်းကြသူများ ဖြစ်သဖြင့် ချက်ချင်း ဝိုင်းမေးကြတော့သည်။

ကျောက်ခိုင်က အလျင်အမြန် ဖြေရှင်းပြသည်။ "ကျွန်တော်က ၃ ပေ... ၆ ပေ လောက် အကျယ်အဝန်းကိုပဲ လူရပ်လို့ရတဲ့ အထူရအောင် ခဲနိုင်တာပါ... ဧရိယာ ပိုကျယ်သွားရင် ရေခဲလွှာက ကွဲလွယ်သွားတယ်"

ဦးလေးမာက မနေနိုင်ဘဲ ပြောလိုက်သည်။ "၃ ပေ... ၆ ပေ လောက်ပဲလား... ဒါဆို နည်းနည်း သေးတာပေါ့... လူနှစ်ယောက်လောက်ပဲ ရပ်လို့ ရမှာ"

ဘေးမှ တင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမသည်လည်း လင်းယွမ်နှင့်အတူ အပြင်ထွက် ပစ္စည်းရှာချင်သည်။

သို့သော် အခြေအနေအရ ကျောက်ခိုင်၏ အစွမ်းက လင်းယွမ်နှင့် လိုက်ပါရန် ပိုသင့်တော်နေသည်။

ဒါက သူမကို စိတ်အလိုမကျ ဖြစ်စေသည်။

လင်းယွမ်က ပြုံး၍ ဆက်ပြောသည်။ "တိုက်တွဲ ၂ ကတော့ အရင်အတိုင်းပဲ... ကျန်းဖန် နဲ့ ဝမ်လီလီ ကိုပဲ ဆက်ပေးထားမယ်"

ဒီအချက်ကိုတော့ ဘယ်သူမှ ကန့်ကွက်စရာ မရှိ၊ သဘောတူကြသည်။

"တိုက်တွဲ ၃ အတွက်ကိုတော့ ဆုန့်ဝမ် ကို တာဝန်ပေးချင်တယ်"

လင်းယွမ် ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။

ဆုန့်ဝမ်သည် သန္ဓေပြောင်းအစွမ်း နိုးထထားပြီးဖြစ်၍ သာမန်လူများထက် ပိုသန်မာသည်။ ထို့အပြင် ကိုယ်တိုင် ကုစားနိုင်သော အစွမ်းလည်း ရှိသဖြင့် ကင်းလှည့်ခေါင်းဆောင် လုပ်ရန် အရည်အချင်း ပြည့်မီသည်။

ချိုင်ကြည်က ဝင်ပြောသည်။ "ညီမလေးဆုန့်က သန္ဓေပြောင်းအစွမ်း ရှိပြီးသားဆိုတော့ ခွန်အားက ပြောစရာ မလိုတော့ဘူး... သူတိုက်တွဲ ၃ ခေါင်ဆောင် ဖြစ်တာ ပြဿနာ မရှိပါဘူး"

"ဒါပေမဲ့ ညီမလေးဆုန့်တောင် ခေါင်းဆောင် ဖြစ်ပြီဆိုတော့... သန္ဓေပြောင်းအစွမ်း ရှိတဲ့ ညီမလေးလျှိုကိုလည်း ခေါင်းဆောင်နေရာ ပေးသင့်တယ် မဟုတ်လား"

သူ၏ အကြံပြုချက်ကို အားလုံးက သဘောတူကြသည်။

ထို့ကြောင့် လင်းယွမ်က ဆုံးဖြတ်ချက်ချပြီး လျှိုဖိန်ဖိန်ကိုတိုက်တွဲ ၄ ၏ ကင်းလှည့်တာဝန် ပေးလိုက်သည်။

ကျန်ရှိသောတိုက်တွဲ ၅ နှင့် ၆ အတွက်မူ ချက်ချင်း လူရွေးမရ ဖြစ်နေကြသည်။

လင်းယွမ်က ပြောလိုက်သည်။ "တိုက်တွဲ ၅ ကိုတော့ ဝူယင် ဆိုတဲ့ လူတစ်ယောက်ကို ပေးဖို့ စိတ်ကူးထားတယ်"

"ဝူယင်... အဲဒါ ဘယ်သူလဲ"

အားလုံးက လင်းယွမ်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။

လင်းယွမ်က ထိုလူ၏ နောက်ကြောင်းကို ရှင်းပြလိုက်သည်။

လင်းယွမ်က ဝမ်ကျဲအဖွဲ့ကို သတ်ဖြတ်နေစဉ် ထိုလူက အခွင့်ကောင်းယူကာတိုက်တွဲ ၅ ရှိ ချန်ဟုန်၏ အခန်းကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း ကြားသောအခါ အားလုံးက ဒေါသထွက်သွားကြသည်။

သို့သော် ထိုလူသည် အခန်းနှင့် ပစ္စည်းများကို ရရှိပြီးဖြစ်သော်လည်း လင်းယွမ်၏ အဖွဲ့ထဲ ဝင်လိုသဖြင့် ပစ္စည်းအားလုံးကို လင်းယွမ်အား လာရောက် ဆက်သကြောင်း ကြားသောအခါ...

အားလုံးက ထိုလူအပေါ် အမြင်ပြောင်းသွားကြတော့သည်။

အခန်းအပြည့် ပစ္စည်းများကို မျက်စိရှေ့တွင် တွေ့ရလျက်နှင့် မတပ်မက်သောသူ ရှားပါးလှသည်။

လင်းယွမ်၏ အဖွဲ့ထဲ ဝင်ရောက်နိုင်ရန်အတွက် ထိုမျှများပြားသော အကျိုးအမြတ်ကို စွန့်လွှတ်ရဲသည်မှာ တော်ရုံ သတ္တိမဟုတ်ပေ။

လင်းယွမ်က ပြောသည်။ "သူက တကယ် ဝင်ချင်စိတ် ရှိနေတော့လည်း အခွင့်အရေး တစ်ခုလောက်တော့ ပေးလိုက်မယ်... သူ့ကို စမ်းသပ်တဲ့အနေနဲ့ တာဝန်ပေးကြည့်တာပေါ့"

တိုက်တွဲ ၅ ခေါင်းဆောင် နေရာ ရသွားပြီဆိုတော့တိုက်တွဲ ၆ တစ်ခုသာ ကျန်တော့သည်။

အားလုံး အချင်းချင်း ကြည့်နေကြစဉ် ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "တိုက်တွဲ ၆ ကိုတော့ ဦးလေးမာနဲ့ အစ်ကိုချိုင်တို့ကိုပဲ ပေးလိုက်ပါလား... လှေဖောင်ကလည်းတိုက်တွဲ ၆ မှာ ရှိနေတာဆိုတော့ သူတို့လည်း အဲဒီမှာပဲ အချိန်ကုန်ရမှာလေ"

လင်းယွမ် စဉ်းစားလိုက်ပြီး "အင်း... ကောင်းသားပဲ... ဒါပေမဲ့ ဦးလေးမာနဲ့ အစ်ကိုချိုင်က လှေဖောင် ဆောက်တဲ့ဘက်မှာ အာရုံစိုက်ထားရမှာဆိုတော့... ကင်းလှည့်ဖို့အတွက် တခြားလူကို ရှာခိုင်းရင် ပိုကောင်းမယ်... ခင်ဗျားတို့က ကြီးကြပ်ရုံပဲ လုပ်"

ဦးလေးမာနှင့် ချိုင်ကြည်တို့ ပြုံးလိုက်ကြသည်။

ကင်းလှည့်ခေါင်းဆောင် ဖြစ်ခြင်း မဖြစ်ခြင်းက အဓိက မဟုတ်ပေ။

သို့သော် လင်းယွမ်က သူတို့ကို ပေးအပ်လိုက်ခြင်းက သူတို့ကို ညီအစ်ကိုလို သဘောထားကြောင်း ပြသရာ ရောက်သည်။

ချိုင်ကြည်က စဉ်းစားပြီး ပြောသည်။ "ဒါဆို ဒီလိုလုပ်ဗျာ... ကျွန်တော်တို့ လျှိုတနန် နဲ့ ဟူဝေမင် တို့ကို သွားပြောကြည့်မယ်"

"ဟုတ်တယ်... သူတို့နှစ်ယောက်စလုံးကတိုက်တွဲ ၁ ကပဲ... လျှိုတနန် က လျှိုဖိန်ဖိန်ရဲ့ အဖေဆိုတော့... ပိုပြောဆိုလို့ကောင်းတာပေါ့" ဦးလေးမာကလည်း ထောက်ခံသည်။

လင်းယွမ် သဘောတူလိုက်ပြီး ကိစ္စအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားသည်။

ထမင်းစားဝိုင်းသည် စကားပြောလိုက်၊ အရက်သောက်လိုက်ဖြင့် ပြီးဆုံးသွားခဲ့သည်။

လင်းယွမ်က ဧည့်သည်များကို ပြန်ပို့ပြီးနောက် ယနေ့ ဝူယင်နှင့် ဝမ်အန်းတို့ လာပို့သော ငါးများကို ရှင်းလင်းလိုက်သည်။

ငါး သိပ်မများ၊ စုစုပေါင်း ၂၃ ကောင်နှင့် ကဏန်း ၂ ကောင်သာ ရှိသည်။

စုစုပေါင်း ၂၁၉ မှတ် ရရှိသည်။

လင်းယွမ်က စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ အမှတ်များက ၅၀၃ မှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စောစောက ငါးနှင့် ကဏန်းသတ်၍ ရသော ၂၁၉ မှတ်အပြင် ကျန်အမှတ်များမှာ ဝမ်ကျဲအဖွဲ့ကို သတ်ဖြတ်ခြင်းမှ ရရှိခြင်း ဖြစ်သည်။

ထိုအထဲတွင် သန္ဓေပြောင်းအစွမ်းရှိသူ ဝမ်ကျဲ တစ်ယောက်တည်းက အမှတ် ၆၀ နီးပါး ပေးသည်။

ကျန်လူများက ပျမ်းမျှ ၆ မှတ်စီသာ ရသည်။

လူလူချင်း ကွာခြားချက်က အတော် ကြီးမားလှသည်။

လင်းယွမ်က သန့်စင်ပြီးသား ငါးများကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်ပြီး အချိန်ကြည့်လိုက်ရာ နာရီဝက်ကျော် ကြာသွားသည်ကို တွေ့လိုက်ရသည်။

ငါး ၂၀ ကျော်ကို သတ်ပြီး သန့်ရှင်းရေး လုပ်ရသည်မှာ ဤမျှလောက် ကြာသည်။

ပုံမှန်ဆိုလျှင် သူက သန့်ရှင်းရေး လုပ်စရာ မလို၊ သတ်ရုံသာ သတ်ရသည်။

သို့သော် ငါးသတ်ရသည့် အလုပ်က အနည်းငယ် ရှုပ်ထွေးကြောင်း သူ သတိထားမိလာသည်။

လက်ရှိတွင် ငါးနည်းသဖြင့် တစ်ကောင်ချင်း သတ်ရသည်မှာ မြန်ဆန်သေးသည်။

သို့သော် နောက်ပိုင်းတိုက်တွဲတွေဘက်သို့ ကူးပြီး ငါးတွေ လိုက်သိမ်းလျှင် ရာချီ ထောင်ချီ ရှိလာနိုင်သည်။

"အဲဒါတွေ အကုန်လုံး ငါ့ဘာသာ တစ်ကောင်ချင်း လိုက်သတ်နေရမှာလား"

"ဟင်းရွက်လှီးဓားတောင် အကြိမ်ရေ ရာချီ ထောင်ချီ ခုတ်ရမှာ"

"မောတာ မမောတာ အပထား... သတိထားတတ်တဲ့လူတွေဆိုရင် သံသယ ဝင်လာကြလိမ့်မယ်... ဘာလို့ ဒီကိစ္စကို ကိုယ်တိုင်မှ လုပ်ချင်နေရတာလဲ ဆိုပြီးတော့"

"တကယ်ဆို ဒီအလုပ်က သူများကို ခိုင်းလို့ ရတာပဲ"

လင်းယွမ် တွေးတောလိုက်သည်။ "ငါးသတ်ဖို့ ပိုမြန်တဲ့ နည်းလမ်း ရှာမှ ဖြစ်မယ်"

"အဆိပ်ခတ်ရင်ရော"

လင်းယွမ် ခေါင်းထဲ အကြံတစ်ခု ဝင်လာသော်လည်း ချက်ချင်း ခေါင်းခါလိုက်သည်။

အဆိပ်များများခတ်လိုက်လျှင် ငါးတွေ အတုံးအရုံးသေကုန်နိုင်သော်လည်း ထိုငါးတွေကို စားလို့ ရတော့မည်မဟုတ်ချေ။

ထို့အပြင် အဆိပ် ဘယ်က သွားရှာမည်နည်း။

ဤနည်းလမ်းက မဖြစ်နိုင်ပေ။

"ကြိတ်စက်တစ်ခုလောက် ရှာပြီး အကုန် ထည့်ကြိတ်လိုက်ရင်ရော"

ဒါလည်း သိပ်မဖြစ်နိုင်... ကြိတ်စက်ထဲ ထည့်လိုက်လျှင် ငါးတွေက အကြေးခွံတွေ အူတွေနဲ့ ရောကုန်ပြီး ဘယ်လို စားကြမည်နည်း။

စဉ်းစားရင်းနှင့် လင်းယွမ်က မဖြစ်နိုင်သော အကြံများကို တစ်ခုပြီး တစ်ခု ပယ်ဖျက်နေသည်။

နောက်ဆုံးတွင် သူ၏ အကြည့်က စနစ်ဆီသို့ ရောက်သွားသည်။

စနစ်မျက်နှာပြင်ကို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်သည် စိတ်စွမ်းအင် အရည်အသွေးမှတ် နေရာတွင် ရပ်တန့်သွားသည်။

"ငါ့ရဲ့ အမြင့်ဆုံးဖြစ်တဲ့ စိတ်စွမ်းအင်ကို သုံးပြီး ဒီငါးတွေကို စိတ်စွမ်းအင်နဲ့ သတ်လို့ မရဘူးလား... ပြီးမှ လူတွေကို အကောင်ဖျက်ခိုင်းမယ်လေ"

လင်းယွမ် စိတ်လှုပ်ရှားသွားသည်။ ထိုအကြံ ဝင်လာသည်နှင့် ရင်ခုန်စိတ်လှုပ်ရှားမှုက ထိန်းမရ ဖြစ်လာသည်။

"ဟုတ်တယ်... ဒါသာ အောင်မြင်ရင် ငါးတွေကို ပိုမြန်မြန် သတ်နိုင်မယ့်အပြင် ငါ့ရဲ့ စိတ်စွမ်းအင် အသုံးပြုမှုကိုလည်း လေ့ကျင့်ရာ ရောက်တယ်"

"စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တဲ့နည်းအသစ်တောင် တီထွင်နိုင်ဦးမယ်"

လင်းယွမ် စိတ်အားထက်သန်လာပြီး ငါးတစ်ကောင်လောက် စမ်းသတ်ကြည့်ချင်လာသည်။

သို့သော် ကံဆိုးသည်မှာ အိမ်တွင် ငါးများ ကုန်နေပြီ ဖြစ်သည်။

"မောင်လေး... အမ ရေချိုးပြီးပြီ... အိပ်ခန်းထဲ အရင်ဝင်နှင့်တော့မယ်နော်"

ထိုအချိန်တွင် အမမေက ရေချိုးခန်းထဲမှ ထွက်လာသည်။ သူမသည် ဆွဲဆောင်မှုရှိသော ဇာအိပ်ဝတ်စုံ ပါးပါးလေးကို ဝတ်ဆင်ထားသည်။

လင်းယွမ်၏ အာရုံက ချက်ချင်း ပြောင်းသွားသည်။

သူ့မျက်လုံးများ အရောင်လက်သွား၏။ "စိတ်စွမ်းအင် လေ့ကျင့်ဖို့က ငါးသတ်မှ ရတာမှ မဟုတ်တာ"

သူ ချက်ချင်း အကြံရသွားပြီး ပြောလိုက်သည်။ "သိပြီ... အမ အရင်သွားနှင့်... ကျွန်တော် ရေချိုးပြီး လိုက်လာခဲ့မယ်"

အလျင်အမြန် ရေချိုးပြီးနောက် လင်းယွမ် အခန်းထဲ ပြန်ဝင်လာသည်။

ရန်မေက အိပ်ယာပေါ် ရောက်နေပြီ ဖြစ်ပြီး ဖုန်းကိုင်ကာ ဂိမ်းကစားနေသည်။

လင်းယွမ် အိမ်တွင်သာ မီးလာသဖြင့် ဖုန်းအားသွင်းပြီး ဂိမ်းကစားနိုင်ခြင်း ဖြစ်သည်။ အခြားအိမ်များတွင် လျှပ်စစ်မီး ပြတ်တောက်နေပြီ ဖြစ်သည်။

လင်းယွမ်က ပြုံးဖြဲဖြဲဖြင့် ကုတင်ပေါ် တက်လိုက်သည်။ သူက ဘာမှ မလုပ်သေးဘဲ ရန်မေ ဘေးနားတွင် ဝင်လှဲကာ သူမကို ဖက်လိုက်သည်။

"မောင်လေး... အမ ဒီတစ်ပွဲ ပြီးအောင် ဆော့လိုက်ဦးမယ်နော်"

အမမေက ခေါင်းမော့ကာ ချွဲလိုက်သည်။

လင်းယွမ်က ပြုံးလိုက်၏။ "ကစားလေ... ရပါတယ်"

သူ၏ စိတ်စွမ်းအင်များက ဖြန့်ကျက်ထွက်ပေါ်လာပြီး ရန်မေ၏ ဇာစကတ် အနားစဆီသို့ အာရုံစိုက်လိုက်သည်။

စိတ်ကို စုစည်းကာ စိတ်စွမ်းအင်ဖြင့် ထိုဇာစကတ်လေးကို ထိန်းချုပ်ပြီး အပေါ်သို့ ဖြည်းဖြည်းချင်း မတင်ရန် ကြိုးစားလိုက်သည်။

ဤလုပ်ငန်းစဉ်က သွားကြားထိုးတံ တစ်ချောင်းကို ထိန်းချုပ်ရတာထက် ပိုခက်ခဲသည်။

စိတ်စွမ်းအင် အတိုးအလျှော့ မတတ်လျှင် သွားကြားထိုးတံကို ချိုးမိသလို ဖြစ်သွားနိုင်သည်။

ဇာစကတ်အောက်တွင် ရန်မေ၏ ပေါင်တံများ ရှိနေသဖြင့် အားပြင်းသွားလျှင် အညိုအမဲစွဲသွားနိုင်သည်။

လင်းယွမ်က အရှိန်ကို တတ်နိုင်သမျှ လျှော့ချပြီး စိတ်စွမ်းအင်ကို ဖြည်းဖြည်းချင်း စီးဆင်းစေသည်။ နူးညံ့သော လက်ဖဝါးတစ်ခုဖြင့် အမမေ၏ ပေါင်ကို ပွတ်သပ်နေသကဲ့သို့ပင်။

ရန်မေသည် ပေါင်တံတွင် ယားယံသလို ခံစားလိုက်ရပြီး သွယ်လျသော ခြေထောက်နှစ်ချောင်းကို စုစည်းကာ ပွတ်သပ်လိုက်မိသည်။

သူမက ညည်းညူလိုက်သည်။ "မောင်လေး ကလိ မထိုးနဲ့လေ... ဒီအဆင့် ပြီးခါနီးပြီ"

လင်းယွမ်က ပါးစပ်မှ ပြောလိုက်သည်။ "အမ ဘာသာ ဆက်ကစားလေ... ကျွန်တော့်ကို ဂရုမစိုက်နဲ့"

"အ..."

စကားမဆုံးခင်မှာပင် လင်းယွမ်၏ စိတ်စွမ်းအင်က အမှတ်တမဲ့ အားလွန်သွားပြီး ဇာစကတ်အနားစကို ဆွဲဖြဲလိုက်သလို ဖြစ်သွားကာ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခု ပေါ်လာတော့သည်။

လင်းယွမ် မျက်လုံး ပြူးသွားသည်။

"ဘုရားရေ... ဒီနေ့ အမမေက အတွင်းခံ ဝတ်မထားပါလား"

"ဒါဆို ဘယ်လိုလုပ် စိတ်စွမ်းအင် ဆက်လေ့ကျင့်ရတော့မလဲ"

................................................................................................................................................

နောက်တစ်နေ့ မနက်ခင်းတွင်လည်း လင်းယွမ်ကပင် မနက်စာ ထချက်ရသည်။

မတတ်နိုင်... ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုကောင်းလာသော သူ့အဖို့ စိတ်ရှိလက်ရှိ မဖြစ်ခဲ့ရပေ။

သနားစရာ အမမေမှာမူ ညတစ်ဝက်လောက် အိပ်မပျော်ဘဲ အနှိပ်စက်ခံခဲ့ရသဖြင့် ယခု ကုတင်ပေါ်မှ မဆင်းနိုင်တော့ပေ။

လင်းယွမ်က ရန်မေလောက် ဟင်းချက် မကောင်း။

ကြက်ဥပြုတ်၊ အမဲသားကင်နှင့် နွားနို့ပူပူ တစ်ခွက်ဖြင့် ရိုးရိုးရှင်းရှင်းပင် ပြီးလိုက်သည်။

အားလုံးပေါင်း ၁၀ မိနစ်ပင် မကြာလိုက်။

စားသောက်ပြီးနောက် ရန်မေအတွက် ချန်ထားခဲ့ပြီး နှုတ်ဆက်လိုက်သည်။ "ကျွန်တော် အောက်ထပ်ဆင်းပြီး ဆုန့်ဝမ်တို့နဲ့ ကင်းလှည့်ဖို့ ကိစ္စ သွားဆွေးနွေးလိုက်ဦးမယ်... အမ အိမ်မှာပဲ ကောင်းကောင်း အနားယူနေနော်"

ရန်မေက ခေါင်းညိတ်ပြသည်။ ကြောင်ပေါက်လေးကဲ့သို့ လိမ္မာနေပြီး မျက်လုံးပင် မဖွင့်နိုင်ဘဲ ပြန်အိပ်သွားတော့သည်။

လင်းယွမ် တံခါးဖွင့်ပြီး အပြင်သို့ ကြည့်လိုက်ရာ အံ့သြသွားသည်။

အပြင်တွင် လူ ၁၀ ယောက်ကျော်ခန့် ပြည့်ကျပ်စွာ ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရ၏။

ထိုလူများသည် တံခါးပွင့်လာသည်ကို မြင်သောအခါ အလိုလိုက် အကြိုက်ဆောင်သော အပြုံးများဖြင့် နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ ဆရာလင်း"

"ဆရာလင်း နိုးပြီလား"

"ဆရာလင်း... မင်္ဂလာနံနက်ခင်းပါဗျာ"

....................................................................................

ထိုလူများက မျက်နှာချိုသွေးကာ လင်းယွမ်ကို နှုတ်ဆက်နေကြသည်။

လင်းယွမ်က ဝေ့ဝဲကြည့်လိုက်ရာ ထိုသူများ၏ မျက်လုံးများတွင် ညက ကောင်းကောင်း မအိပ်ထားရသော အကွင်းများ ရှိနေပြီး လက်ထဲတွင် ရေပုံးများ ကိုယ်စီ ဆွဲထားကြသည်ကို တွေ့လိုက်ရသဖြင့် မျက်ခုံးပင့်လိုက်သည်။

"ဘာလဲ... စားစရာ လာလဲကြတာလား"

တစ်ယောက်က ချက်ချင်း ဝင်ပြောသည်။ "ဟုတ်ပါတယ် ဆရာလင်း... ဒီငါးတွေကို မနေ့ည သန်းခေါင်လောက်က ဖမ်းထားတာပါ... ဆရာလင်းက အရှင်မှ လက်ခံတာဆိုတော့ အမြန်ဆုံး လာပို့တာပါ"

"ဆရာလင်း... မနေ့ညက အောက်က ရေကြီးတဲ့အထဲမှာ ငါးတွေ အများကြီးပဲ... လူတိုင်း အများကြီး ဖမ်းမိကြတယ်... ကြည့်ပေးပါဦး"

"ဆရာလင်း... ကျွန်တော် ကဏန်းတောင် ဖမ်းမိတယ်... ကြည့်ပါဦး... ဒီအရွယ်အစား... ဒီလက်မကြီးတွေ"

"ကျွန်တော့် ခရုတွေ ကြည့်ပါဦး... လတ်လတ်ဆတ်ဆတ်တွေပါ"

လူအုပ်ကြီးက သူတို့ပစ္စည်းများကို အလုအယက် ကြော်ငြာနေကြပြီး လင်းယွမ်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

လင်းယွမ်က ဂရုမစိုက်ဘဲ စင်္ကြံလမ်းဘက်ရှိ ကျောက်ခိုင်ကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက်မှ အေးဆေးစွာ ပြောလိုက်သည်။

"မနေ့က ခင်ဗျားတို့ကို တစ်ယောက်ယောက် ပြောလိမ့်မယ် ထင်တယ်... စားစရာ လဲလို့ရတယ်... ဒါပေမဲ့ လျှိုချန်ဖာရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကြောင့် ကျွန်တော့်ဆီမှာ လဲလှယ်နှုန်းထားက နှစ်ဆ တက်သွားပြီ"

ထိုလူများ၏ မျက်နှာများ မဲ့ကျသွားသည်။ အချို့က စိတ်ထဲတွင် လင်းယွမ်ကို ရန်သွားစသည့် လျှိုချန်ဖာဆိုသော အကောင်ကို ကျိန်ဆဲနေကြသည်။

အချို့ကလည်း လင်းယွမ် ရက်စက်သည်ဟု စိတ်ထဲတွင် ပြောဆိုနေကြလောက်သည်။

သို့သော် မည်သူမှ ထုတ်မပြောရဲကြပေ။ လင်းယွမ်ကလည်း ဂရုမစိုက်။

သူတို့ ဘာတွေးနေလဲ စိတ်ဝင်စားစရာ မလိုပေ။

တကယ်တော့ တချို့လူတွေက အသားနာမှ ကောင်းတာမျိုး။ ကိုယ်က ကောင်းပေးရင် အနိုင်ကျင့်ချင်ကြသည်။

ကိုယ်က ပြန်ကြမ်းပြလိုက်မှ ကြောက်ပြီး ငြိမ်သွားကြသည်။

ဒါက လူ့သဘော သဘာဝပင်တည်း။

လင်းယွမ်က လျှိုအားလုံနှင့် ဝမ်ကျဲအဖွဲ့ကို သတ်ဖြတ်ခဲ့သည်မှာ သူတို့ကို လူကောင်းတစ်ယောက်၊ အနိုင်ကျင့်လို့ရတဲ့လူတစ်ယောက်ဟု ထင်စေချင်၍ မဟုတ်ပေ။

ဒါကြောင့် လျှိုချန်ဖာ ကိစ္စဖြစ်ပြီးနောက် အပြစ်ပေးသည့်အနေဖြင့် တစ်ခုခု လုပ်ပြရမည်။

မဟုတ်ရင် လူတွေက နောက်ဆို သူ့ခေါင်းပေါ် တက်နင်းကြလိမ့်မည်။

"ကျွန်တော် အရင်ပြောထားတဲ့အတိုင်းပဲ... လဲချင်ရင် နေခဲ့... မလဲချင်ရင် ပြန်ကြတော့"

"ဒါပေမဲ့ ကြိုပြောထားမယ်... ကျွန်တော့်လက်ထဲမှာလည်း ရိက္ခာ သိပ်မကျန်တော့ဘူး... လဲချင်ရင် မြန်မြန်လဲ... နောက်ရက်နည်းနည်းကြာလို့ ကျွန်တော့်မှာ ရိက္ခာမရှိတော့ရင် ခင်ဗျားတို့ ငါးလာပေးလည်း လဲပေးနိုင်မှာ မဟုတ်တော့ဘူး"

သူ့စကား ကြားသောအခါ လူအုပ်ကြီး မျက်နှာပျက်သွားကြသည်။

လင်းယွမ်လက်ထဲ ရိက္ခာမရှိတော့ရင် သူတို့ ဘယ်မှာသွားလဲကြမှာလဲ။

ဒီလောက် ရေကြီးနေတဲ့အထဲမှာ ဆန်တွေ ဂျုံတွေ မရှိဘဲ ပင်လယ်ငါးချည်း စားပြီး ဘယ်သူ အသက်ရှင်နိုင်မှာလဲ။

ထို့ကြောင့် ငါးဆယ်ကောင်မှ ဆန်တစ်ခွက် ရမည့် ဈေးနှုန်းကြီးမြင့်မှုကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ယောက်က အော်ပြောလိုက်သည်။ "ကျွန်တော် လဲမယ်... ဆရာလင်း... ကျွန်တော် လဲမယ်... ဒီမှာ ငါး ၄၂ ကောင်... အကုန် လဲမယ်"

ဘေးကလူကလည်း ချက်ချင်း သတိဝင်လာသည်။ "ကျွန်တော်ရော လဲမယ်... ဆရာလင်း... ခရု ၁၂ ကောင်၊ ငါး အကောင် ၃၀... အကုန်လုံး လဲမယ်"

ထိုနှစ်ယောက် အော်လိုက်သည်နှင့် ကျန်လူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

ဟုတ်တာပေါ့... အခု လင်းယွမ်ဆီမှာ ရိက္ခာရှိတုန်း လဲထားမှ...

နောက်ပိုင်း လင်းယွမ်ဆီမှာ ရိက္ခာမရှိတော့ရင် သူတို့မှာ ငါးရှိလည်း လဲလို့ရမှာ မဟုတ်တော့ဘူး။

လင်းယွမ်ဆီမှာ ရိက္ခာရှိတုန်း... ကိုယ့်လက်ထဲမှာ ငါးရှိတုန်း... မြန်မြန် စုဆောင်းထားမှ။

မူလက ကိုယ်တိုင်စားရန် နှစ်ကောင်လောက် ချန်ထားချင်သူများလည်း မချန်တော့ဘဲ အကုန်ထုတ်လဲကြတော့သည်။

ငါးက အချိန်မရွေး ရနိုင်တယ်... အပြင်က ရေကြီးနေတဲ့အထဲမှာ နေ့တိုင်း ငါးတွေ ရေပေါ်တက် အသက်ရှူနေတာပဲ...

ဒါပေမဲ့ ရိက္ခာကျတော့ရော...

လင်းယွမ်ဆီကလွဲရင် ဘယ်နေရာမှာမှ ရှာလို့မရနိုင်တော့ဘူး။

မည်သူမှ မတုံးကြပေ။ လင်းယွမ်လက်ထဲရှိ ရိက္ခာသည် ရှားပါးပစ္စည်း ဖြစ်နေသည်။

သူ ဘယ်ဈေးခေါ်ခေါ် အဲဒီဈေးနဲ့ လဲရမှာပဲ။

မင်း မဝယ်ရင် ဝယ်မယ့်သူတွေ အများကြီး ရှိတယ်။

ဆူညံပွက်လောရိုက်နေသော လူအုပ်ကို လင်းယွမ်က ဟောက်လိုက်ပြီး တန်းစီခိုင်းလိုက်သည်။

ထို့နောက် တံခါးဝတွင်ပင် တိုက်ရိုက် လဲလှယ်ပေးလိုက်သည်။

ဒီတစ်ခါတွင် ရန်မေ နားနေရသဖြင့် ဘေးခန်းမှ အမဝူက သမီးဖြစ်သူ ချိုင်ယောင် ကို ခေါ်ပြီး လာကူပေးသည်။

လင်းယွမ်က ဒီမှာ စောင့်ကြည့်မနေတော့ဘဲ အမဝူကို စာရင်းမှတ်ခိုင်းပြီး ချိုင်ယောင်ကို ရိက္ခာချိန်တွယ်ခိုင်းလိုက်သည်။

စင်္ကြံလမ်းမှာ ကျောက်ခိုင် ရှိနေသဖြင့် ပြဿနာရှာမည့်သူ ရှိမည်မထင်။

အရာအားလုံး စီစဉ်ပြီးနောက် ငါးများကို သူကိုယ်တိုင် သတ်မည်ဖြစ်၍ ချန်ထားရန် အမဝူကို မှာကြားခဲ့ပြီး အောက်ထပ်ရှိ ဆုန့်ဝမ်တို့ဆီသို့ ထွက်လာခဲ့တော့သည်။

ဆက်ရန်...

အပိုင်း (၁၁၀) အဖွဲ့လိုက် ဆွေးနွေးခြင်း

"လျှိုဖိန်ဖိန်... နင် ဘယ်လိုနေသေးလဲ"

အခန်း (၃၁၀၂) ထဲတွင် လင်းယွမ်က လျှိုဖိန်ဖိန် ကမ်းပေးလာသော ရေနွေးခွက်ကို လှမ်းယူလိုက်ရင်း ပြုံးကာ မေးလိုက်သည်။

လျှိုဖိန်ဖိန်၏ မျက်နှာက ရဲခနဲ ဖြစ်သွား၏။ စိတ်ဝင်္ကပါထဲမှ ကမ္ဘာသည် သူမ၏ ငယ်ဘဝ အရိပ်မည်းကြီး ဖြစ်သလို သူမဘဝ၏ အသိမ်းဆည်းရဆုံး လျှို့ဝှက်ချက်လည်း ဖြစ်သည်။

သို့သော် ယခု သူမရှေ့မှ အမျိုးသားက သူမ၏ စိတ်ဝင်္ကပါထဲသို့ ဝင်ရောက်ခဲ့ပြီး သူမ၏ ရင်ထဲမှ လျှို့ဝှက်ချက်အားလုံးကို အကုန်အစင် မြင်တွေ့သွားခဲ့ပြီ မဟုတ်ပါလား။

ထို့ကြောင့် လင်းယွမ်နှင့် ရင်ဆိုင်ရသည့်အခါ သူမ၏ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး ရှိတတ်သော ပုံစံများ ပျောက်ကွယ်သွားပြီး ရှက်သွေးဖြာနေသည့် မိန်းမငယ်လေးတစ်ဦး၏ ပုံစံသာ ကျန်ရစ်တော့သည်။

လင်းယွမ် မေးလိုက်သည်ကို ကြားသောအခါ သူမ၏ မျက်နှာက နီရဲသွားပြီး ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလေသည်။ "ဘာ... ဘာမှမဖြစ်တော့ပါဘူး... ဟို... ဟို... ရှင်တို့ပဲ ပြောကြတော့နော်... ကျွန်မ ဆုန့်ဝမ်ဆီ သွားလိုက်ဦးမယ်"

သူမက ထွက်ပြေးရုံတမယ် ဧည့်ခန်းထဲမှ အမြန်ထွက်ခွာသွားတော့သည်။

လင်းယွမ် ကြောင်အသွား၏။ လျှိုတနန်က ရယ်ချင်မောချင် ဖြစ်သွားပြီး လှမ်းအော်လိုက်သည်။ "ဒီကောင်မလေးကတော့... ဘာလို့ ပြေးရတာလဲ... နင့်အစ်ကိုလင်းကို ကျေးဇူးတောင် မတင်ရသေးဘူး"

"ကျေးဇူးတင်ပါတယ် အစ်ကိုလင်းရေ"

လျှိုဖိန်ဖိန်က မျက်နှာချင်းဆိုင် ဆုန့်ဝမ်၏ အိမ်ထဲသို့ ရောက်သွားပြီးမှ အသံက ခပ်ဝေးဝေးမှ ပျံ့လွင့်လာသည်။

လျှိုတနန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး လင်းယွမ်ကို အားနာစွာ ကြည့်လိုက်သည်။ "ဒီကောင်မလေး ပုံမှန်ဆို ဒီလို မဟုတ်ပါဘူးဗျာ... ဘာတွေ ဖြစ်နေမှန်းကို မသိဘူး... ဆရာလင်း စိတ်မရှိပါနဲ့ဗျာ"

လင်းယွမ် ပြုံးလိုက်သည်။ လျှိုဖိန်ဖိန်၏ စိတ်အခြေအနေကို သူ အကြမ်းဖျင်း ခန့်မှန်းမိသဖြင့် အပြစ်မယူပါချေ။

လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... ကျွန်တော် ဒီတစ်ခေါက် လာတာ ခင်ဗျားတို့နဲ့ တိုင်ပင်စရာ ကိစ္စလေး ရှိလို့ပါ"

အလုပ်ကိစ္စ ကြားလိုက်ရသဖြင့် လျှိုတနန်က ကိုယ်ကို မတ်လိုက်ပြီး လေးနက်သော ပုံစံဖြင့် ပြောလေသည်။ "ပြောပါ ဆရာလင်း"

လင်းယွမ်က ဆက်ပြောသည်။ "အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့... ဒီလိုဗျ... တိုက် (၇၆) ကို အရင်က လျှိုအားလုံတို့ ဝမ်ကျဲတို့ သိမ်းပိုက်ထားတုန်းက တိုက်ပေါ်က တိုက်တွဲ (၆) ခုလုံးမှာရှိတဲ့ အိမ်တိုင်းလိုလို သောကရောက်ခဲ့ရတယ်... လူတိုင်း လုယက်ခံရမှာ ကြောက်ပြီး စိုးရိမ်ထိတ်လန့်နေခဲ့ကြရတယ်လေ"

"အခု လျှိုအားလုံနဲ့ ဝမ်ကျဲတို့ကို ကျွန်တော်တို့ ရှင်းပစ်လိုက်ပြီ ဆိုပေမယ့် တိုက်ပေါ်က လုံခြုံရေးကိုတော့ ပစ်ထားလို့ မရဘူး"

"အဲ့ဒါကြောင့် ကျွန်တော်က တိုက်တွဲ (၆) ခုစာအတွက် ကင်းလှည့်ဖို့ အဖွဲ့ (၆) ဖွဲ့ ဖွဲ့ စီစဉ်ထားတယ်... ကင်းလှည့်အဖွဲ့ တစ်ဖွဲ့စီက သက်ဆိုင်ရာ တိုက်တွဲအလိုက် လုံခြုံရေးနဲ့ စည်းကမ်းပိုင်းကို တာဝန်ယူပေးရမယ်"

"ဒီလို လုပ်ရတာကလည်း တိုက်ပေါ်က အိမ်နီးချင်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ပါပဲ... ဒါမှ လူတိုင်း စိတ်ချလက်ချ အပြင်ထွက်ပြီး ငါးဖမ်းနိုင်ကြမှာ"

ထိုစကားကို ကြားသောအခါ လျှိုတနန်က ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါ ကောင်းတဲ့ကိစ္စပဲဗျ... ကျွန်တော်တို့က ဆရာလင်းကို အပြည့်အဝ ထောက်ခံပါတယ်"

ဘေးနားမှ ဟူဝေမင်ကလည်း ဝင်ပြောရှာသည်။ "ဆရာလင်းရယ်... ခင်ဗျားရဲ့ ဒီအစီအစဉ်က တကယ့်ကို ကောင်းလွန်းပါတယ်ဗျာ... အရင်တုန်းက လျှိုအားလုံတို့ တိုက်တွဲ (၁) ကို သိမ်းပိုက်ထားတုန်းကဆို ကျွန်တော်တို့ တစ်ယောက်တည်း အပြင်မထွက်ရဲကြဘူး"

"အခုလို ကင်းလှည့်အဖွဲ့ ဖွဲ့ပြီး လုံခြုံရေး ယူပေးမယ်ဆိုရင် လူတိုင်းက ခင်ဗျားကို ကျေးဇူးတင်ကြမှာပါ"

လင်းယွမ်က ပြုံးလိုက်သည်။ "ခင်ဗျားတို့ရဲ့ ထောက်ခံမှုအတွက် အရင်ဆုံး ကျေးဇူးတင်ပါတယ်... ဒီနေ့ ခင်ဗျားတို့ကို လာရှာရတာက ဦးလေးမာနဲ့ အစ်ကိုချိုင်က ခင်ဗျားတို့နှစ်ယောက်ကို ထောက်ခံပေးလိုက်လို့ပဲ"

"ခင်ဗျားတို့ နှစ်ယောက်က ကျွန်တော်တို့နဲ့ အစောဆုံး ရင်းနှီးခဲ့တဲ့ အိမ်နီးချင်းတွေလို့ ပြောလို့ရတယ်"

"ဆုန့်ဝမ် ဆိုရင်လည်း... လျှိုအားလုံ မသေခင်ကတည်းက သူက ကျွန်တော်နဲ့ ဒရုန်း အရောင်းအဝယ် လုပ်ခဲ့ဖူးတယ်"

"ခင်ဗျားတို့ နှစ်ယောက်ကလည်း ကျွန်တော်နဲ့ အစောဆုံး အိမ်နီးချင်း ဖြစ်ခဲ့ကြသလို... ခင်ဗျားတို့ မိသားစုတွေက လူရိုးလူကောင်းတွေလို့ ကျွန်တော်ယူဆတယ်"

"ဦးလေးမာနဲ့ အစ်ကိုချိုင်က လောလောဆယ် တိုက်တွဲ (၆) ရဲ့ ကင်းလှည့်အဖွဲ့ခေါင်းဆောင် တာဝန်ကို ယူထားကြတယ်... သူတို့က ခင်ဗျားတို့ကို အကြံပြုပြီး သူတို့ကို ကူညီပေးဖို့ ဖိတ်ခေါ်ချင်နေကြတာ"

"ဒါကြောင့် ကျွန်တော် မျက်နှာပူပူနဲ့ပဲ ဒီကို ရောက်လာရတာ... ခင်ဗျားတို့ နှစ်ယောက် ဘယ်လို သဘောရလဲ မသိဘူး"

လင်းယွမ်က နှစ်ယောက်စလုံးကို ပြုံး၍ ကြည့်လိုက်သည်။

လျှိုတနန်နှင့် ဟူဝေမင်တို့၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာဟန်များ ပေါ်လာ၏။ လင်းယွမ်က သူတို့ကို ဤမျှ အလေးထားလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ဟူဝေမင်က အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်ကတော့ ဘာပြဿနာမှ မရှိပါဘူးဗျာ... ဆရာလင်းတို့နဲ့အတူ လုံခြုံရေး တာဝန်ယူရမယ်ဆိုတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

"ကျွန်တော့်အိမ်က ပေါက်စီ လုပ်တယ်လေ... နေ့တိုင်း ငါးဆင်းဖမ်းစရာ မလိုဘူး... ကျွန်တော့်မိန်းမ တစ်ယောက်တည်းနဲ့တင် ပေါက်စီ လုပ်နိုင်တယ်... ကျွန်တော်က အားနေတာ"

လျှိုတနန်ကတော့ အနည်းငယ် တွေဝေသွားပြီး ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်လည်း ခင်ဗျား ဖွဲ့စည်းတဲ့ ကင်းလှည့်အဖွဲ့ထဲ ဝင်ချင်ပါတယ်... ဒါပေမဲ့ ကင်းလှည့်အဖွဲ့ထဲ ဝင်လိုက်ရင် ငါးဖမ်းဖို့ အချိန်မရှိတော့မှာ စိုးတယ်"

သူ့အိမ်တွင် ငါးဖမ်းသည့် တာဝန်ကို သူက အဓိက ယူထားရခြင်း ဖြစ်သည်။ လျှိုဖိန်ဖိန်က ရံဖန်ရံခါ ကူညီပေးသည် ဆိုသော်လည်း အကယ်၍ သူသာ ကင်းလှည့်အဖွဲ့ထဲ ဝင်လိုက်ပါက သမီးဖြစ်သူကို တစ်ယောက်တည်း ငါးလွှတ်ဖမ်းဖို့ သူ စိတ်မချပေ။

လင်းယွမ်က ရယ်မောလိုက်ပြီး ပြောသည်။ "အဲ့ဒီကိစ္စအတွက် မပူပါနဲ့... ကင်းလှည့်အဖွဲ့ထဲ ဝင်တာနဲ့ ကျွန်တော့်ဆီကနေ နေ့တိုင်း အစားအသောက် ထောက်ပံ့ပေးမှာပါ... ပြီးတော့ ထောက်ပံ့ကြေးလည်း သီးသန့် ရှိပါသေးတယ်"

"ဘာ"

"အစားအသောက် ပေးမယ်"

"ထောက်ပံ့ကြေးလည်း ရှိသေးတယ် ဟုတ်လား"

နှစ်ယောက်သား အံ့သြသွားကြပြီး ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ကင်းလှည့်အဖွဲ့က ကျွန်တော့်အတွက် အလုပ်လုပ်ပေးတာလေ... အလကား ခိုင်းလို့တော့ ဘယ်ဖြစ်မှာလဲ"

"ကင်းလှည့်အဖွဲ့ဝင်တိုင်း ကျွန်တော့်ဆီကနေ နေ့တိုင်း ဆန် ဒါမှမဟုတ် ဂျုံမှုန့် ချိန်ခွက် ၂ ခွက်နဲ့ ကျပန်း သရေစာမုန့် ၂ ထုပ် ထုတ်ယူနိုင်တယ်"

"ကင်းအဖွဲ့ခေါင်းဆောင် ဆိုရင်တော့ ဆန် ဒါမှမဟုတ် ဂျုံမှုန့် တစ်ခွက် ပိုရမယ်... မုန့်လည်း တစ်ထုပ် ပိုရမယ်"

"ဒါ့အပြင် နေ့တိုင်း ငါးအသား ၂ ပေါင် ထောက်ပံ့ကြေး ပေးဦးမှာ"

ထိုကမ်းလှမ်းချက်ကို ကြားလိုက်ရသည့်အခါ လျှိုတနန်နှင့် ဟူဝေမင်တို့၏ စိတ်များ ချက်ချင်း ယိမ်းယိုင်သွားကြသည်။

တခြားဟာ မပြောနှင့်ဦး၊ ဆန်ချိန်ခွက် ၂ ခွက် ဆိုသည့် အချက်ကပင် သူတို့ကို ဆွဲဆောင်နေပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် လင်းယွမ်က ကုန်ပစ္စည်းလဲလှယ်နှုန်းကို မြှင့်တင်ထားသည်ကို သူတို့ သိကြသည်။

ဆန်ချိန်ခွက် ၁ ခွက်ရဖို့ ငါး ၁၀ ကောင်နှင့် လဲရသည်။

ဆန် ၂ ခွက်ဆိုလျှင် ငါး အကောင် ၂၀ နှင့် ညီမျှသည်။

သူတို့ဘာသာ ငါးဖမ်းထွက်လျှင်တောင် နေ့တိုင်း ငါး အကောင်၂၀ ဖမ်းမိဖို့ မသေချာပေ။

လင်းယွမ် ပေးမည့် အခွင့်အရေးထဲတွင် သရေစာမုန့်များပင် ပါလိုက်သေးသည်။

သရေစာမုန့်ကို အထင်မသေးနှင့်။ ယခုလို အချိန်မျိုးတွင် ငါးကို အီနေအောင် စားထားရသဖြင့် သရေစာမုန့်က ပို၍ တန်ဖိုးရှိနေသည်။

သရေစာမုန့်များတွင် ဆားဓာတ်၊ ကယ်လိုရီများ ပါဝင်သလို အချို့ အချိုမုန့်များတွင် သကြားဓာတ်များ ပါဝင်သဖြင့် အားလုံးက တန်ဖိုးရှိ ပစ္စည်းများ ဖြစ်ကြသည်။

လျှိုတနန်က ချက်ချင်းပင် တွေဝေမနေတော့။ "ဆရာလင်း... ခင်ဗျားက ကျွန်တော့်ကို အထင်ကြီးမှတော့ ကျွန်တော် လုပ်ပါ့မယ်ဗျာ... ဖိန်ဖိန် ပြန်လာရင် ကျွန်တော် ပြောလိုက်မယ်"

လင်းယွမ် ပြုံးလိုက်ပြီး ဟူဝေမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟူဝေမင်ကတော့ ပို၍ပင် လိုလိုလားလား ရှိနေသည်။ ကင်းလှည့်အဖွဲ့ထဲ ဝင်လိုက်ရုံဖြင့် နေ့တိုင်း ဂျုံမှုန့် ၂ ခွက် ရမည်၊ ပြန်ရောက်လျှင် ပေါက်စီ လုပ်စားမည်။ ဒါက အမြတ်ကြီးစားသည့် အလုပ်ပင်။

"ဆရာလင်း... ကျွန်တော် ဝင်မယ်... သေချာပေါက် ဝင်မယ်ဗျာ... တခြားကြောင့် မဟုတ်ဘူး... ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလို့ လာကမ်းလှမ်းတာကိုက ကျေနပ်စရာပါ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ပြောသည်။ "ကဲ... ဒါဆို ဒီကိစ္စကို အတည်ပြုလိုက်ပြီနော်"

"ဟုတ်ကဲ့ အတည်ပါဗျာ... အတည်ပါ"

ဟူဝေမင်နှင့် လျှိုတနန်တို့ အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

"ဒါဆို ဒုတိယကိစ္စကို ဆွေးနွေးကြရအောင်"

"ဗျာ... ဒုတိယကိစ္စ"

နှစ်ယောက်သား ကြောင်သွားသည်။ ဘာကိစ္စ ရှိသေးလို့လဲ။

လင်းယွမ်က ရှင်းရှင်းဘွင်းဘွင်းပင် ပြောလိုက်သည်။ "ဦးလေးလျှို... ဦးလေးသမီးက အခု သန္ဓေပြောင်းအစွမ်း နိုးလာပြီ... လက်ရှိ ကျွန်တော်တို့ဆီမှာ လူအင်အား လိုအပ်နေတယ်... ကျွန်တော့်အစီအစဉ်က လျှိုဖိန်ဖိန်ကို တိုက်တွဲတစ်ခုရဲ့ ကင်းလှည့်အဖွဲ့ခေါင်းဆောင် ပေးလုပ်ချင်တယ်... နောက်ကျရင် လူနှစ်ယောက်လောက် ခေါ်ပြီး တိုက်တွဲ (၄) ကို တာဝန်ယူ ခိုင်းမလို့"

"ဟေ... ဒါ... ဒါက... ဆရာလင်း... ဖိန်ဖိန်က လုပ်နိုင်ပါ့မလား"

ရုတ်တရက် ရောက်လာသော ထိုသတင်းကြောင့် လျှိုတနန် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။

အဖေလုပ်သူ သူတောင်မှ ရိုးရိုး အဖွဲ့ဝင်ပဲ ဖြစ်ရမှာ၊ သမီးဖြစ်သူက အဖွဲ့ခေါင်းဆောင် ဖြစ်တော့မှာလား။

လင်းယွမ်က ပြုံးလိုက်သည်။ "သန္ဓေပြောင်းအစွမ်း နိုးလာပြီဆိုရင် သာမန်လူနဲ့ မတူတော့ဘူးလေ"

"ဦးလေးလျှို... ဦးလေးသမီးရဲ့ လက်ရှိအစွမ်းကို အထင်မသေးနဲ့... တကယ်တမ်း လက်တွေ့ ယှဉ်တိုက်မယ်ဆိုရင် ဒီ (၇၆) ဆောင်လုံးမှာ သူ့ကို နိုင်မယ့်သူ သိပ်မရှိဘူး"

လျှိုတနန်မှာ ဝမ်းသာအားရ ဖြစ်သွားသော်လည်း အံ့သြနေဆဲပင်။

"ဖိန်ဖိန်က ဒီလောက် စွမ်းလား... သူ ပြောတာလည်း မကြားမိပါဘူး"

လင်းယွမ်က ရယ်မောလိုက်သည်။ "သူအစွမ်းကို သူ့ဘာသာတောင် ကောင်းကောင်း နားမလည်သေးလို့ နေမှာပေါ့... တကယ်တော့ ဦးလေးသမီးတင် မဟုတ်ဘူး... ဆုန့်ဝမ်ကိုလည်း ကင်းလှည့်အဖွဲ့ခေါင်းဆောင် ခန့်မလို့ စဉ်းစားထားတယ်... ဒါပေမဲ့ ဒီကိစ္စကိုတော့ သူတို့နဲ့ ကိုယ်တိုင် သွားဆွေးနွေးမှ ရမယ်"

"ဦးလေးသမီးကိစ္စကိုတော့ ဦးလေးကို အရင် အသိပေးတဲ့ သဘောပါ... ခဏနေရင် သူနဲ့လည်း အသေးစိတ် ပြောကြည့်ဦးမယ်"

လျှိုတနန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်... ဒီကိစ္စက ဖိန်ဖိန် ကိုယ်တိုင် သဘောတူမှ ဖြစ်မှာ... ကျွန်တော်က အဖေ ဆိုပေမယ့် သူ့အစား ဆုံးဖြတ်ပေးလို့ မရဘူးလေ... ဆရာလင်း... ကျွန်တော့်သဘောကတော့ သူ့ကို အတွေ့အကြုံ ရစေချင်တာပါပဲ... ဒါပေမဲ့ သူ့ဆန္ဒကိုလည်း မေးကြည့်ရဦးမယ်"

လင်းယွမ်က မတ်တတ်ထရပ်လိုက်ပြီး လျှိုတနန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ဟုတ်ပြီ... ဒါဆို ကျွန်တော် မျက်နှာချင်းဆိုင်ခန်း သွားပြီး သူတို့နှစ်ယောက်နဲ့ စကားပြောလိုက်ဦးမယ်"

ဟူဝေမင်က အလျင်အမြန် ပြောသည်။ "ကျွန်တော် လိုက်ပို့ပေးမယ်"

လင်းယွမ်က ပြုံး၍ တားလိုက်သည်။ "ရပါတယ်... မျက်နှာချင်းဆိုင်ပဲဟာ... နောက်ဆို အဲ့လောက် အားနာမနေပါနဲ့... ကိုယ့်လူတွေပဲလေ"

ဟူဝေမင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။

''ကိုယ့်လူတွေပဲ'' ဟူသော စကားတစ်ခွန်းက သူ့ကို အဖွဲ့အစည်းတစ်ခု ရှိသွားပြီဟု ခံစားလိုက်ရစေသည်။

လျှိုတနန်လည်း ထိုနည်းတူ ခံစားလိုက်ရပြီး နှစ်ယောက်သား ပါးစပ်စေ့မရအောင် ပြုံးပျော်နေကြတော့သည်။

လင်းယွမ်က (၃၁၀၁) တံခါးကို ခေါက်လိုက်သည်။

အထဲမှ ဆုန့်ဝမ်၏ အသံထွက်လာသည်။ "ဘယ်သူလဲ"

"ကျွန်တော်ပါ လင်းယွမ်"

"အာ... အစ်ကိုလင်းလား"

ချက်ချင်းပင် အလျင်စလို ခြေသံများ ကြားလိုက်ရပြီး တံခါး ပွင့်သွားသည်။

ဆုန့်ဝမ်ကို ဆံပင်အစိုဖြင့် တွေ့လိုက်ရပြီး ခေါင်းတွင် တဘက်တစ်ထည် ပတ်ထားသည်။

ခေါင်းလျှော်နေသည် ထင်၏။

သူမ၏ အင်္ကျီလည်ပင်းပေါက် ရွှဲနေပြီး မူလက ပွယောင်းယောင်း ဖြစ်နေသော ညအိပ်ဝတ်စုံက ညှပ်ရိုးအောက်တွင် ကပ်နေသည်။

ပြည့်ဖြိုးသော ရင်သားအုံက ချက်ချင်းပင် အထင်းသား ပေါ်လာသည်။

သူမ၏ လှပသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ညှို့ဓာတ်ပြင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

လင်းယွမ်က သူမ၏ ရင်ဘတ်ကို မသိမသာ ဝေ့ကြည့်လိုက်ပြီးနောက် မျက်လုံးချင်း ဆုံအောင် ကြည့်ကာ မေးလိုက်သည်။ "လျှိုဖိန်ဖိန်ရော ဒီမှာပဲလား"

ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး လှမ်းအော်ခေါ်လိုက်သည်။ "ဖိန်ဖိန်... အစ်ကိုလင်း နင့်ကို လာရှာတယ်"

"အစ်ကိုလင်း... အထဲ ဝင်ပါဦး... ထိုင်ပြီး အနားယူဦးလေ... ကျွန်မ ရေသွားငှဲ့ပေးမယ်"

သူမက လင်းယွမ်ကို ပျူငှာစွာ ဧည့်ခံနေသော်လည်း မိမိကိုယ်တိုင် ညအိပ်ဝတ်စုံနှင့် ဖြစ်နေသည်ကို မေ့နေပုံရသည်။

သူမ၏ ညအိပ်ဝတ်စုံမှာ ပွယောင်းယောင်း တီရှပ်အကြီးစားနှင့် တူပြီး အောက်ပိုင်းတွင်တော့ ပန်းရောင် ဘောင်းဘီတိုလေး ဝတ်ထားသည်။

တီရှပ်က ရှည်လွန်းသဖြင့် စကပ်တိုလေး သဖွယ် ဘောင်းဘီတိုကို ဖုံးအုပ်ထားရာ ပေါင်တံနှစ်ချောင်းက ဝက်အူချောင်းနှစ်ချောင်းလို ဖြောင့်စင်း ချောမွတ်နေသည်ကို တွေ့ရသည်။

ရုတ်တရက် ကြည့်လိုက်လျှင် အောက်ပိုင်း ဘာမှ မဝတ်ထားသလိုပင်။

လင်းယွမ်က အကြည့်ကို မသိမသာ ပြန်ရုတ်သိမ်းလိုက်ပြီး နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် ပီသပါပေတယ်ဟု စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူမတွင် လူတစ်ဘက်သားကို ဆွဲဆောင်နိုင်သော အရင်းအနှီး ရှိပေသည်။

လျှိုဖိန်ဖိန်ကို ဆုန့်ဝမ်က အခန်းထဲမှ ဆွဲခေါ်လာသည်။ လင်းယွမ်နှင့် တွေ့သောအခါ လျှိုဖိန်ဖိန်က သိပ်ပြီး သက်တောင့်သက်သာ မရှိလှ။

မျက်နှာတစ်ခုလုံး နီရဲနေပြီး ရှက်ရွံ့တွန့်ဆုတ်စွာဖြင့် တံခါးဝတွင် ရပ်ကာ ထစ်အငေါ့ငေါ့ မေးလေသည်။ "အစ်... အစ်ကိုလင်း... ကျွန်... ကျွန်မကို ရှာတာလား"

လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ "အတိအကျ ပြောရရင် နင်တို့နှစ်ယောက်လုံးကို ရှာတာ"

"ဟင်... ကျွန်မလည်း ပါသေးတာလား"

ဆုန့်ဝမ် အံ့သြသွားပြီး ပြောလိုက်သည်။ "အစ်ကိုလင်း... ဘာကိစ္စရှိလဲ ပြောပါ"

သူမက အလွန်ဖော်ရွေနေသည်။ အရင်က သူမ ငတ်ပြတ်ပြီး သေလုမျောပါး ဖြစ်နေချိန်တွင် လင်းယွမ်နှင့် ရန်မေတို့က သူမကို အခန်းထဲမှ ထွက်လာရန် တွန်းအားပေးခဲ့သည်ကို ရင်ထဲတွင် အမြဲ မှတ်ထားသည်။

ထိုအချိန်မှစ၍ သူမ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့ပြီး တခြားသူများနှင့်အတူ ငါးလိုက်ဖမ်းခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ အစ်ကိုလင်းဆီ ငါးသွားလဲတိုင်း သူမကို အစားအသောက် ပိုပေးတတ်သည်ကိုလည်း သူမ သိသည်။

ဒါတွေအားလုံးကို သူမ မှတ်ထားသည်။

ထို့ကြောင့် လင်းယွမ်က သူမကို ရှာသည်ဆိုလျှင် စိတ်မရှုပ်သည့်အပြင် ပျော်ရွှင်ဝမ်းသာ ဖြစ်ရသည်။

လင်းယွမ်က ပြုံး၍ ပြောသည်။ "ဒါဆိုရင်တော့ တဲ့တိုးပဲ ပြောလိုက်တော့မယ်... ကျွန်တော်က ကင်းလှည့်အဖွဲ့ (၆) ဖွဲ့ ဖွဲ့ဖို့ စီစဉ်ထားတယ်... နင်တို့နှစ်ယောက်ကို တစ်ဖွဲ့စီ ခေါင်းဆောင် လုပ်စေချင်တယ်"

"ရှင်"

"ဟင်"

နှစ်ယောက်သား ကြောင်အသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကင်းလှည့်အဖွဲ့...

သူတို့ကို ခေါင်းဆောင် လုပ်ခိုင်းမယ် ဟုတ်လား။

ဘုရားရေ... ဆုန့်ဝမ်ဆိုတာ အမာခံ ပရိသတ်ဂရု ကို စီမံတာကလွဲရင် ဒီတစ်သက် ဘယ်သူ့ကိုမှ မအုပ်ချုပ်ဖူးချေ။

အခု သူမကို ကင်းလှည့်အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းမယ်တဲ့လား။

သူမ ချက်ချင်း တုန်လှုပ်သွားသည်။

လျှိုဖိန်ဖိန် ဆိုလျှင် ပိုဆိုးသည်။ သူမက ဂရု တစ်ခု၏ အက်ဒမင် ပင် မလုပ်ဖူးသူ ဖြစ်သည်။

သူမက အပေါ်ယံတွင် ပွင့်လင်းလွတ်လပ်သူဟု ထင်ရသော်လည်း ဒါက ဟန်ဆောင်ထားခြင်းသာ။

တကယ်တမ်းတွင် ငယ်ဘဝ မိသားစု အခြေအနေများကြောင့် သူမက အလွန် အမင်းစိတ်အားငယ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသူ ဖြစ်သည်။ အလယ်တန်း ကျောင်းသူဘဝတုန်းကဆိုလျှင် အလွန်အမင်း ရှက်တတ်သူ ဖြစ်ခဲ့သည်။

အထက်တန်းရောက်မှ ဖခင်၏ ပင်ပန်းဆင်းရဲမှုကို နားလည်လာပြီး သူမကိုယ်သူမ ပြုပြင်ပြောင်းလဲကာ လူမှုအသိုင်းအဝိုင်းနှင့် ဝင်ဆံ့အောင် နေခဲ့ခြင်း၊ ဖခင်၏ ဝန်ထုတ်ဝန်ပိုးကို မျှဝေထမ်းပိုးခဲ့ခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် မည်သူနှင့်မဆို အဆင်ပြေပြေ ပေါင်းသင်းတတ်သည့် ပေါ့ပေါ့ပါးပါး ပုံစံမျိုးကို လေ့ကျင့်ယူခဲ့ရသည်။

တကယ်တမ်းတွင် သူမသည် ပျော်ပျော်နေတတ်သူ စစ်စစ် မဟုတ်ပေ။

ယခု သူမကို ကင်းလှည့်အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းသည် ဆိုတော့ အပြောင်းအလဲက ကြီးလွန်းနေသည်။

နှစ်ယောက်စလုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ ''မဖြစ်နိုင်ဘူး'' ဟူ၍သာ။

လျှိုဖိန်ဖိန်က ခေါင်းကို ဆက်တိုက်ခါနေသလို ဆုန့်ဝမ်ကလည်း လက်ကာပြနေသည်။

လျှိုဖိန်ဖိန် ။ ။ "အစ်ကိုလင်း... နောက်မနေပါနဲ့... ကျွန်မက ဘယ်လိုလုပ် ကင်းလှည့်ခေါင်းဆောင် လုပ်နိုင်မှာလဲ... မဖြစ်ဘူး... ကျွန်မ မလုပ်တတ်ဘူး"

ဆုန့်ဝမ် ။ ။ "အစ်ကိုလင်း... ကျွန်မလည်း မလုပ်တတ်ဘူး... အမာခံ ပရိသတ်ဂရု တောင် ကောင်းကောင်း မစီမံတတ်လို့ အရင်တုန်းက သီးသန့် ဝန်ထမ်းတွေ ခန့်ထားရတာ... ကျွန်မ ဘယ်တုန်းကမှ လူတွေကို မအုပ်ချုပ်ဖူးဘူး"

သူတို့နှစ်ယောက်၏ ပုံစံကို ကြည့်ပြီး လင်းယွမ် သက်ပြင်းချလိုက်မိသည်။

ပြီးမှ ပြုံး၍ ပြောလိုက်သည်။ "ကင်းလှည့်အဖွဲ့ခေါင်းဆောင် ဆိုတာ လုပ်ရတာ လွယ်လွယ်လေးပါ... နင်တို့ ဘယ်သူ့ကိုမှ လိုက်ထိန်းနေစရာ မလိုဘူး"

"နင်တို့နှစ်ယောက် တိုက်ခိုက်နိုင်ရင် ပြီးတာပဲ"

ထိုစကားကြောင့် နှစ်ယောက်သား ပို၍ ကြောင်သွားကြသည်။

တိုက်ခိုက်နိုင်ရမယ် ဟုတ်လား။

သူတို့လို မိန်းကလေးနှစ်ယောက်က ဘယ်တုန်းက ရန်ဖြစ်ဖူးလို့လဲ။

ကပ်ဘေးရေကြီးပြီးနောက်ပိုင်း နှစ်ယောက်စလုံးက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ကာကွယ်ခဲ့ကြသူများ ဖြစ်သည်။ အနိုင်ကျင့် မခံခဲ့ရသလို ရန်လည်း မဖြစ်ခဲ့ကြပေ။

ထို့ကြောင့် နှစ်ယောက်သား နောက်တစ်ကြိမ် ခေါင်းခါ လက်ကာပြကြပြန်သည်။

"အစ်ကိုလင်း... ကျွန်မ ရန်မဖြစ်တတ်ဘူး... ငယ်ငယ်တုန်းကဆို အနိုင်ကျင့် ခံခဲ့ရတာချည်းပဲ" လျှိုဖိန်ဖိန်က မဲ့ရွဲ့ကာ ပြောရှာသည်။

ငယ်ဘဝ အရိပ်မည်းကြောင့် သူမက ငယ်စဉ်ကတည်းက အားငယ်ပြီး အပယ်ခံ ဖြစ်ခဲ့ရသူမို့ အနိုင်ကျင့် ခံခဲ့ရသည်မှာ မဆန်းပေ။

ဆုန့်ဝမ်ကလည်း အလျင်အမြန် ဝင်ပြောသည်။ "ကျွန်မလည်း ရန်မဖြစ်တတ်ဘူး အစ်ကိုလင်း... ကျွန်မက တိုက်ရိုက်ထုတ်လွှင်သူ တစ်ယောက်ပါ... ချစ်ဖို့ကောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်သူလေ... တစ်ခါတလေ ကပြတာလောက်ပဲ ရှိတာ... တကယ် ရန်မဖြစ်တတ်ဘူး"

လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ ဒီနှစ်ယောက် သန္ဓေပြောင်းအစွမ်း နိုးထနေပြီ ဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် သာမန်လူဟု မှတ်ယူနေကြတုန်းပင်။

သူက စိတ်ရှည်လက်ရှည်ဖြင့် သူမတို့၏ လက်ရှိ အင်အားအစစ်အမှန်ကို ရှင်းပြပေးရတော့သည်။

မိန်းကလေးနှစ်ယောက်မှာ တိုက်ခိုက်သည့် အတွေ့အကြုံ မရှိသဖြင့် ယုံတဝက် မယုံတဝက် ဖြစ်နေကြသည်။

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒီလိုလုပ်... နောက်ဆို နင်တို့ နေ့တိုင်း တစ်ယောက် တစ်နာရီစီ ခေါင်မိုးပေါ် တက်ခဲ့... နင်တို့ရဲ့ အစွမ်းတွေနဲ့ ရင်းနှီးလာအောင်... နင်တို့ရဲ့ အစွမ်းတွေကို မြန်မြန် အသားကျအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို ငါ ကိုယ်တိုင် သင်ပေးမယ်"

ဆုန့်ဝမ်၏ မျက်နှာလေး ဝင်းလက်သွားသည်။ "အစ်ကိုလင်း... အစ်ကိုက ကျွန်မတို့ကို အစွမ်းတွေ အသုံးပြုနည်း သင်ပေးမှာလား"

လျှိုဖိန်ဖိန်လည်း မျက်နှာ အနည်းငယ် ရဲသွားသော်လည်း မျှော်လင့်ချက်များ ပြည့်ဝသွားသည်။

လင်းယွမ်က ပြုံး၍ ပြောသည်။ "နင်တို့က ဉာဏ်ကောင်းကြပါတယ်... များများ လေ့ကျင့်ရင် ကိုယ့်အစွမ်းကို ဘယ်လိုသုံးရမလဲ ဆိုတာ မကြာခင် တတ်မြောက်သွားမှာပါ"

သူ၏ အားပေးစကားကြောင့် နှစ်ယောက်သား ယုံကြည်မှုများ တိုးပွားလာကြသည်။

ထို့နောက် အချိန်ညှိကြရာ တစ်ယောက်က မနက်ပိုင်း၊ တစ်ယောက်က ညနေပိုင်း ခွဲပြီး ခေါင်မိုးပေါ်တွင် လင်းယွမ်နှင့် လေ့ကျင့်ရန် သဘောတူလိုက်ကြသည်။

ထိုကောင်မလေး နှစ်ယောက်ကိစ္စ ပြီးသွားသောအခါ လင်းယွမ်က တိုက်တွဲ (၅) ဘက်သို့ ထွက်လာခဲ့သည်။

ဝူယင် ပြောထားသော အခန်းရှေ့သို့ ရောက်သော် တံခါးခေါက်လိုက်သည်။

မကြာမီ အခန်းထဲမှ သတိထားနေသော အသံတစ်ခု ထွက်လာသည်။ "ဘယ်သူလဲ"

လင်းယွမ် ပြုံးလိုက်သည်။ ဝူယင်ဆိုတဲ့လူက တော်တော် သတိကြီးတာပဲ။ ဝမ်ကျဲတို့အဖွဲ့ ပြုတ်သွားတာတောင် သူက ပေါ့ပေါ့ဆဆ မနေဘူး။

"ငါပါ လင်းယွမ်"

ချက်ချင်းပင် အခန်းထဲမှ ခြေသံများ ကြားလိုက်ရပြီး တံခါးပွင့်လာသည်။

အရပ်ပုပုနှင့် ဝူယင်က လင်းယွမ်ကို မြင်သောအခါ အပြုံးဖြင့် ဆီးကြိုလေသည်။ "ဆရာလင်း... ရောက်လာပြီလား... အထဲ ဝင်ပါဦးဗျ"

သူက ကိုယ်ကို စောင်းပေးပြီး လင်းယွမ်ကို အထဲ ဖိတ်ခေါ်သည်။

လင်းယွမ် အခန်းထဲ ရောက်ပြီး ဧည့်ခန်းကို တစ်ချက် ဝေ့ကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားသည်။

အခန်းထဲတွင် ဝူယင် တစ်ယောက်တည်း ရှိနေခြင်း မဟုတ်။ ဟိုတစ်နေ့က ဗီတာမင်ဆေး လာလဲသွားသော ဝမ်အန်း ဆိုသူလည်း ရှိနေသည်။

ဝမ်အန်းတင် မဟုတ်၊ ရင်းနှီးနေသော ပုံရိပ်တစ်ခုလည်း ဧည့်ခန်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ အခြားသူ မဟုတ်၊ ရွှေစပါးအုံးမြွေ မွေးထားသော မိန်းကလေးပင်။

လင်းယွမ် မှတ်မိသလောက် ထိုမိန်းကလေး နာမည်က ဟွမ်ဟန် ဖြစ်ပြီး သူမ၏ မြွေနာမည်က "အားဟွမ်" ဖြစ်သည်။

သူ အနည်းငယ် အံ့သြမိသည်။ ဒီနှစ်ယောက်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ။

အထူးသဖြင့် ဟွမ်ဟန် ဆိုသော အမျိုးသမီးက ဝူယင်နဲ့ သိနေတာလား။

လင်းယွမ်က မျက်နှာအမူအရာ မပျက်စေဘဲ သူ့စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ထိုရွှေစပါးအုံးမြွေကို မတွေ့ရပေ။

ထိုအချိန်တွင် ဟွမ်ဟန်နှင့် ဝမ်အန်းတို့ မတ်တတ်ရပ်လိုက်ကြပြီး လင်းယွမ်ကို အလျင်အမြန် နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ ဆရာလင်း"

"မင်္ဂလာပါ ဆရာလင်း... ကျွန်မ ဟွမ်ဟန်ပါ... ကျွန်မကို မှတ်မိသေးလားဟင်... ရွှေစပါးအုံးမြွေ မွေးထားတဲ့တစ်ယောက်လေ"

လင်းယွမ်က မျက်နှာထား မပျက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဝူယင်ကို ကြည့်ကာ မေးလိုက်သည်။ "ဒါ ဘယ်လို ဖြစ်တာလဲ"

ဝူယင်က အလျင်အမြန် ရှင်းပြသည်။ "ဆရာလင်း... ကျွန်တော့် အခြေအနေကို ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ... အရပ်က ပု၊ လူက ပိန်ညောင်ညောင်နဲ့ဆိုတော့ တစ်ယောက်တည်း လှုပ်ရှားရင် အားနည်းချက်တွေ များတယ်လေ... အဲ့ဒါကြောင့် စိတ်ချရမယ့် လူတွေနဲ့ စုပေါင်းထားချင်တာ"

"အစ်ကိုဝမ် နဲ့ အမဟွမ်ဟန်တို့ကလည်း အဲ့လိုပဲ စဉ်းစားထားတာနဲ့ ကျွန်တော်တို့ ပေါင်းဖြစ်သွားကြတာပါ"

လင်းယွမ် သဘောပေါက်လိုက်သည်။ ယခုလို အချိန်တွင် ဉာဏ်ရှိသူတိုင်း အုပ်စုဖွဲ့ နေကြစမြဲ။

တစ်ကိုယ်တော် လှုပ်ရှားဖို့ မဖြစ်နိုင်မှန်း လူတိုင်း သိကြသည်။

သန္ဓေပြောင်းအစွမ်း နိုးထလာသူ၊ အဲ့ဒီအထဲမှ စွမ်းအားကြီးသူ ဆိုလျှင်တော့ တစ်မျိုးပေါ့။

မဟုတ်ရင် ရှုလိဟွာလို လူမျိုးတောင် လင်းယွမ် လက်ချက်နဲ့ သေခဲ့ရသည် မဟုတ်ပါလား။

လင်းယွမ်က ဝူယင်ကို အပြစ်မတင်သည့်အပြင် ပို၍ပင် အထင်ကြီးသွားသည်။

ဤလူက ကိုယ့်အားနည်းချက်ကို ကိုယ်သိသလို ဘယ်လို ဖြည့်ဆည်းရမလဲ ဆိုတာလည်း သိသည်။ ဉာဏ်ရှိသောသူ ဖြစ်သည်။

ဝူယင်က တခြားလူတွေကို ဘယ်လို စည်းရုံးထားလဲ ဆိုတာလည်း လင်းယွမ် ခန့်မှန်းမိသည်။

တကယ်တမ်း ပြောရရင် ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ သူ့နောက်လိုက်မယ့်သူ သိပ်မရှိနိုင်ပေ။

အရပ်ပုပြီး ခွန်အားမရှိသဖြင့် တကယ်တမ်း လက်နက်ချင်း ယှဉ်တိုက်ရလျှင် အသာလေး အသတ်ခံရမည့်သူ ဖြစ်သည်။

ဒါဆို ဝူယင်က ဝမ်အန်းနှင့် ဟွမ်ဟန်ကို မည်သို့ စည်းရုံးခဲ့သနည်း။ နည်းလမ်း တစ်ခုသာ ရှိသည်။

အရှိန်အဝါကို ငှားယူခြင်း...

ဘယ်သူ့ အရှိန်အဝါလဲ။

လင်းယွမ်၏ အရှိန်အဝါပင်။

လင်းယွမ်က ဒါကို သဘောပေါက်သော်လည်း ဒေါသမထွက်ဘဲ ထိုလူကို သဘောကျသွားသည်။

ဒါက ဦးနှောက်ရှိတဲ့ လူတစ်ယောက်ပဲ။ သူကိုယ်တိုင်လည်း ဝူယင်ကို သူ့အဖွဲ့ထဲ ဝင်ခွင့်ပေးမယ်၊ ကင်းလှည့်ခေါင်းဆောင် ပေးလုပ်မယ်လို့ ကတိပေးထားပြီးသားပဲလေ။

ဝူယင်က သူ့အရှိန်အဝါကို သုံးပြီး အဖွဲ့ဝင် စုဆောင်းတာက မမှားပေ။

သူ ပြုံးလိုက်ပြီး ဝူယင်ကို ပြောလိုက်သည်။ "လုပ်တာ ကောင်းတယ်... အခုလို အခြေအနေမျိုးမှာ စည်းလုံးမှ ရေရှည် ခရီးဆက်နိုင်မှာ"

သူ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပြောသည်။ "အားလုံး ထိုင်ကြပါ"

ဟွမ်ဟန်က မျက်နှာချင်းဆိုင်သို့ ရွှေ့ထိုင်လိုက်ပြီး ဝမ်အန်း၊ ဝူယင်တို့နှင့် အတူတူ ထိုင်လိုက်သည်။

သူတို့သုံးယောက်၏ ပုံစံမှာ ရုံးခန်းထဲ ရောက်နေသော ဝန်ထမ်းများသဖွယ် အလွန် တင်းမာပြီး ကြောက်ရွံ့နေကြသည်။

လင်းယွမ် ပြုံးလိုက်သည်။ သူ ဘာမှ မပြောပေ။ ဝူယင်တို့ သုံးယောက်က သူ့လူရင်းတွေ မဟုတ်ကြ။

အတိုင်းအတာ တစ်ခုအထိ ခပ်ခွာခွာနေပြီး သူတို့ဖက်က လေးစားကြောက်ရွံ့မှု ရှိနေမှ အဆင်ပြေမည် ဖြစ်သည်။

သူ စကားစလိုက်သည်။ "ဝူယင်... မနေ့က မင်းကို ကတိပေးထားတဲ့ ကိစ္စ ဒီနေ့ အကောင်အထည် ဖော်ကြတာပေါ့"

"ဒီနေ့က စပြီး တိုက်တွဲ (၅) ရဲ့ ကင်းလှည့်အဖွဲ့ကို မင်း တာဝန်ယူ ဖွဲ့စည်းရမယ်... မင်းက ကင်းလှည့်အဖွဲ့ခေါင်းဆောင်ပဲ... လူအင်အားကို မင်းဘာသာ ရွေးချယ်"

"ကင်းလှည့်အဖွဲ့ဝင်တွေအတွက် ခံစားခွင့်က နေ့တိုင်း ဆန် ဒါမှမဟုတ် ဂျုံမှုန့် ချိန်ခွက် ၂ ခွက်... ကြိုက်ရာ ရွေးလို့ရတယ်... ပြီးတော့ သရေစာ ၂ ထုပ်"

"ခေါင်းဆောင် ဆိုရင်တော့ ဆန် သို့မဟုတ် ဂျုံမှုန့် တစ်ခွက် ပိုရမယ်... မုန့်လည်း တစ်ထုပ် ပိုရမယ်"

"နေ့တိုင်း ငါ့ဆီ လာပြီး ရန်မေဆီမှာ ထုတ်ယူနိုင်တယ်"

ထိုအချက်များကို ကြားလိုက်ရသောအခါ သုံးယောက်သား၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လာသည်။

အထူးသဖြင့် ဝမ်အန်းနှင့် ဟွမ်ဟန်တို့မှာ ဝမ်းသာလွန်း၍ မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည်။

သူတို့နှစ်ယောက်အတွက် ဒါက အကြိမ်တစ်ထောင်လျှင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးမျိုးပင်။

ဝမ်အန်းက တော်သေးသည်။ သူ့ဘာသာ ငါးဖမ်းထွက်နိုင်သေးသည်။

သို့သော် ဟွမ်ဟန်လို မိန်းမသား တစ်ယောက်အဖို့ ငါးဖမ်းဖို့အတွက် ရွှေစပါးအုံးမြွေကိုသာ အားကိုးနေရပြီး အစာရေစာ ပြတ်လပ်လုနီးပါး ဖြစ်နေရှာသည်။

ယခု ကင်းလှည့်အဖွဲ့ထဲ ဝင်ခွင့်ရခြင်းက အမြတ်ကြီး မြတ်သွားခြင်းပင်။

ဝူယင်က သူမကို ဘာကြောင့် အဖွဲ့ထဲ ခေါ်ထားသလဲ ဆိုတာလည်း သူမ သိသည်။

အကြောင်းမှာ သူမ၏ အချစ်တော် ရွှေစပါးအုံးမြွေကြောင့်ပင်။

သူမကိုယ်တိုင် တိုက်ခိုက်အစွမ်း မရှိသော်လည်း ရွှေစပါးအုံးမြွေ ဒေါသထွက်လာလျှင် အလွန် ကြောက်စရာကောင်းသည်။

ဒါက ဝူယင် သူမကို ရှာတွေ့ရသည့် အကြောင်းရင်းပင်။

လင်းယွမ် ပြောပြီးသည်နှင့် ဝူယင်က စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး ကတိပေးလေသည်။ "ဆရာလင်း... စိတ်ချပါ... တိုက်တွဲ (၅) ရဲ့ လုံခြုံရေးကို ကျွန်တော် သေချာ တာဝန်ယူပါ့မယ်"

"အသက်နဲ့ ရင်းရရင်တောင် ဒီမှာ ဝမ်ကျဲလို လူမျိုး ထပ်မပေါ်လာစေရပါဘူး"

လင်းယွမ်က ပြုံးလိုက်သည်။ "အသက်နဲ့တော့ ရင်းစရာ မလိုပါဘူး... တကယ်လို့ မကျေနပ်တဲ့ကောင်... ပြဿနာရှာတဲ့ကောင် ရှိလာရင် ငါ့ကို လာပြော... အချိန်မမီရင် ဘေးက တိုက်တွဲ (၆) ဒါမှမဟုတ် တိုက်တွဲ (၄) ကို သွားပြီး လူခေါ်လိုက်"

သူက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "အခုလောက်ဆိုရင် တိုက် (၇၆) တစ်ခုလုံးမှာ မျက်ကန်းတစ္ဆေမကြောက် ပြဿနာရှာရဲတဲ့ကောင် ရှိတော့မယ် မထင်ပါဘူး"

ဆက်ရန်...

All Chapters