အခန်း (၁၁၁-၁၁၂)
Vol. 6 Ch. 111-112
အပိုင်း (၁၁၁) သန္ဓေပြောင်း ကြယ်ငါးနှင့် စိတ်စွမ်းအင်ဖြင့် ငါးသတ်နည်း
ဝူယင်ရော၊ ဝမ်အန်းနှင့် ဟွမ်ဟန်ပါ သုံးဦးစလုံး အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားကြသည်။
ပေါ့ပါးသော စကားတစ်ခွန်း ဖြစ်သော်လည်း လင်းယွမ်၏ ယုံကြည်မှုနှင့် ခိုင်မာသော အခြေခံရှိကြောင်းကို သူတို့ ခံစားမိလိုက်ကြသည်။
ဝူယင်က အလျင်အမြန်ပင် "ဟုတ်... ဟုတ်ကဲ့ပါ... အခု တိုက် ၇၆ တစ်ခုလုံးမှာ ဆရာလင်းကပဲ အာဏာရှိတာ ဘယ်သူမသိဘဲ နေမှာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး "အာဏာရှိတာ မရှိတာ အရေးမကြီးပါဘူး... ငါက တခြားသူတွေ ငါ့အပေါ် လာဗိုလ်ကျတာကို မကြိုက်ရုံပဲ"
"အဲ့ဒီတော့လည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးရတော့တာပေါ့"
"ကဲ... ဒီနေ့ မင်းကို အသိပေးဖို့ လာခဲ့တာ... ဒီနေ့ကစပြီး အလုပ်စလုပ်လို့ရပြီ"
"ကင်းလှည့်အဖွဲ့ရဲ့ တာဝန်က ပထမဆုံးအနေနဲ့ တိုက်ခန်းတွင်း လုံခြုံရေးကို ထိန်းသိမ်းဖို့... လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပဲ"
"ဘယ်သူမှ အကြမ်းဖက်နည်းသုံးပြီး တခြားသူတွေကို ခြိမ်းခြောက်တာမျိုး မလုပ်ရဘူး"
"ပုံမှန် အရောင်းအဝယ် လုပ်တာကိုတော့ ဝင်မပါနဲ့... ဒါပေမဲ့ မတရား အနိုင်ကျင့်ခံရလို့ နောက်ဆုံး ငါ့ဆီ လာတိုင်ရင်တော့ ငါကိုယ်တိုင် ဖြေရှင်းပေးမယ်"
ဤနေရာတွင် သူက သုံးဦးစလုံးကို တစ်ချက်ကြည့်လိုက်ပြီး "မှတ်ထားနော်... ငါသာ ကိုယ်တိုင် ဖြေရှင်းရရင်တော့ လုံးဝညှာမှာ မဟုတ်ဘူး"
ဝူယင်က တရားမျှတစွာ ဆောင်ရွက်ပါမည်ဟု အထပ်ထပ် ကတိပေးလေသည်။
"ကဲ... အခု ငါ မင်းကိုခေါ်ပြီး တစ်ပတ်လောက် လိုက်ပြမယ်... လူတွေနဲ့ မိတ်ဆက်ပေးရင်း အသိပေးတာပေါ့"
ပြောရင်းဆိုရင်း လင်းယွမ်က ထိုင်ရာမှ ထလိုက်သည်။
ဝူယင်လည်း အလျင်အမြန်ထကာ ဝမ်အန်းနှင့် ဟွမ်ဟန်ကိုပါ လိုက်ခဲ့ရန် အချက်ပြပြီး လင်းယွမ်နောက်မှ လိုက်ပါသွားတော့သည်။
လင်းယွမ်ကတော့ ဒါတွေကို ဂရုမစိုက်ဘဲ ဝူယင်ကိုခေါ်၍ တိုက်တွဲ ၅ တစ်ဝိုက် လိုက်ပြလေသည်။
တွေ့သမျှ လူတိုင်းကို နောက်ပိုင်း တစ်ခုခုကိစ္စရှိလျှင် ဝူယင်နှင့် ပြောရန် မှာကြားသည်။
ဝူယင်ကို ကင်းလှည့်ခေါင်းဆောင်အဖြစ် တရားဝင် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
တခြား တိုက်ခန်းများအတွက်လည်း အလားတူပင် စီစဉ်ပေးလိုက်သည်။
ထိုသို့ တိုက်တွဲ ၆ လုံးကို လှည့်လည်ကြည့်ရှုပြီး ကင်းလှည့်အဖွဲ့များကို နေရာချပေးလိုက်ရာ မနက်ခင်း တစ်ပိုင်းလုံး အချိန်ကုန်သွားလေသည်။
လင်းယွမ် အိမ်ပြန်ရောက်သောအခါ ရန်မေက နေ့လယ်စာ ချက်ပြုတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
အစ်မဝူနှင့် ငါးကူရွေးပေးသော အမျိုးသမီးနှစ်ယောက်လည်း ရှိနေကြသည်။
"မောင်လေး... ပြန်ရောက်ပြီလား... လာ... ဟင်းတောင် ကျက်ခါစ ရှိသေးတယ်... အရက်သောက်ဦးမလား"
ရန်မေက လင်းယွမ်ကို လှမ်းခေါ်ရင်း အရက်သောက်မလားဟု မေးလိုက်သည်။
လင်းယွမ် ခေါင်းခါလိုက်ပြီး"မသောက်တော့ဘူး"
သူ့စိတ်စွမ်းအင်က ၇.၇ အထိ ရှိနေသဖြင့် အရက်က သူ့ကို ထုံထိုင်းသွားစေရန် ခက်ခဲလှသည်။
အရက်က ယခုအချိန်တွင် ဇိမ်ခံပစ္စည်း ဖြစ်နေပြီဖြစ်ရာ လင်းယွမ်ကလည်း အရက်စွဲသူ မဟုတ်သဖြင့် မသောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဒီနေ့ ငါးဘယ်လောက် ရလဲ"
သူ ဧည့်ခန်းထဲသို့ တန်းဝင်သွားရာ ငါးပုံးများ အပြည့်စီထားသည်ကို တွေ့လိုက်ရသဖြင့် အပြုံးများ ဖြစ်ပေါ်လာသည်။
အစ်မဝူက စာရွက်တစ်ရွက် ထုတ်ပြရင်း "ဒီနေ့ တော်တော်များတယ်... သန္ဓေပြောင်းငါးချည်းပဲ ၇၂၁ ကောင် ရှိတယ်"
"ပြီးတော့ ပင်လယ်ခရု ၂၀၁ကောင်၊ ဂဏန်း ၄၃ကောင်၊ ပုစွန် ၃၃ကောင်၊ ခုံးကောင် ၁၂ကောင်၊ ပင်လယ်မျှော့ ၅ကောင်၊ ပင်လယ်လိပ် ၃ကောင်နဲ့ ကြယ်ငါး ၄ကောင်"
လင်းယွမ် ကြားလိုက်ရသော် အပြုံးများ ပိုပီပြင်လာသည်။
ဒါက တကယ့်ကို အကြီးစား ရိတ်သိမ်းမှုကြီးပါလား။
"ပင်လယ်မျှော့တွေ ထပ်ရတာလား"
ထိုအကောင်တွေက ကော်လိုမျိုး စေးကပ်တဲ့ အရည်တွေ ထုတ်ပေးနိုင်ပြီး ပစ္စည်းတွေကို ဖာထေးရာမှာ သုံးဝင်သည်ကို သူမှတ်မိနေသည်။
အရင်တစ်ခေါက် ဖမ်းမိထားသည့် ပင်လယ်မျှော့ တစ်ကောင်ကိုတောင် သေချာ ဂရုစိုက် မွေးထားရာ ယခု ၅ ကောင် ထပ်ရသည်ဆိုတော့ ကော်အတွက် ပူစရာ မလိုတော့ပေ။
ရရှိထားသော ပင်လယ်မျှော့များကို ကြည့်လိုက်ရာ အကောင်အရွယ်အစားက အရင်တစ်ခေါက်ကထက် မသေးပေ။
တစ်ကောင်ဆိုလျှင် အရင်ကောင်ထက် နှစ်ဆလောက် ပိုကြီးသေးသည်။
သူ ရယ်မောလိုက်ပြီး "ဒီပင်လယ်မျှော့တွေက အသုံးဝင်တယ်... မသတ်နဲ့ဦး... သေချာ မွေးထားလိုက်"
ထို့နောက် တခြားအရာများကို ကြည့်လိုက်ရာ ပင်လယ်ခရု၊ ဂဏန်း၊ ပုစွန်များကိုတော့ အကြိမ်ကြိမ် သတ်ဖူးပြီးသား ဖြစ်သည်။
သူ သာမန်ကာလျှံကာသာ ကြည့်လိုက်သည်။ ဤအကောင်တွေက အမှတ်ရတာ မနည်းသဖြင့် ပစ္စည်းကောင်းများ ဖြစ်သည်။
ပင်လယ်လိပ်များကို လှမ်းကြည့်လိုက်ရာ အကောင်အရွယ်အစား မသေးကြပေ။ ထို့နောက် ကြယ်ငါးများကို လေ့လာရန် ပြင်လိုက်သည်။
ရုတ်တရက် သူ့အကြည့်က တစ်နေရာတွင် ရပ်တန့်သွားပြီး "ဟင်" ခနဲ ရေရွတ်လိုက်မိသည်။
ပင်လယ်လိပ်များထဲတွင် တစ်ကောင်က တခြားလိပ်များနှင့် သိသိသာသာ ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။
၎င်း၏ လိပ်ခွံပေါ်တွင် နက်မှောင်သော အင်းကွက်လို အရာများ ပေါ်နေသည်။
လင်းယွမ်က မူလက ထိုအင်းကွက်များကို သတိမထားမိသော်လည်း စိတ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ သူ့စိတ်စွမ်းအင်ကို တုံ့ပြန်မှု ရှိသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းပင် သူစိတ်ဝင်စားသွားပြီး ထိုလိပ်ကို လှမ်းဖမ်းလိုက်သည်။
လက်လှမ်းလိုက်ရုံ ရှိသေးသည်၊ ထိုလိပ်က ခေါင်းမော့လာပြီး ပါးစပ်ဟကာ ခေါင်းကို ဆတ်ခနဲ လှုပ်လိုက်ရာ ချက်ချင်းပင် ၎င်း၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် အကာအကွယ် အလွှာပါးတစ်ခု ဖြစ်ပေါ်လာသည်။
လင်းယွမ်၏ လက်ဖဝါးက ထိုအကာအကွယ် အဆီးအတားနှင့် တိုက်မိသလို ခံစားလိုက်ရသည်။
သူက လိပ်ကို ဖမ်းဆွဲနိုင်ခဲ့သော်လည်း တကယ်တမ်းတွင် လိပ်ခွံကို ကိုင်ထားရခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
သူ့အရေပြားနှင့် လိပ်ခွံကြားတွင် ကြည်လင်သော စိတ်စွမ်းအင် အကာအကွယ် တစ်ခု ခြားနေသည်။
လင်းယွမ် စိတ်ထဲတွင် တွေးလိုက်မိသည်။ "ဒီလိပ်က စိတ်စွမ်းအင် အစွမ်း တစ်ခုခုများ နိုးထသွားတာလား"
လင်းယွမ် စိတ်ဝင်စားသွားပြီး စိတ်စွမ်းအင် ထုတ်လွှတ်ကာ ထိုလိပ်ကို သေချာ လေ့လာကြည့်လိုက်သည်။
စိတ်စွမ်းအင်ဖြင့် ကြည့်ရှုလိုက်ရာ ပြဿနာ၏ အရင်းအမြစ်ကို ချက်ချင်း တွေ့လိုက်ရသည်။
လိပ်၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် စိတ်စွမ်းအင် အကာအကွယ် တစ်ခုဖြင့် တင်းကျပ်စွာ ဖုံးအုပ်ထားခြင်း ဖြစ်သည်။
ထိုစိတ်စွမ်းအင် အကာအကွယ်က မမြင်ရသော လိပ်ခွံတစ်ခုကဲ့သို့ ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းကို မြင့်တက်စေသည်။
လင်းယွမ် အံ့သြသွားပြီး တွေးလိုက်မိသည်။ တကယ်လို့ ဒီအကောင်က အစားမက်ပြီး ငါးမျှားချိတ်ကို မဟပ်မိခဲ့ဘူးဆိုရင် ဒီလိပ်ကို ဖမ်းဖို့ တော်တော် ခက်ခဲမှာပဲ။
"စိတ်စွမ်းအင်နဲ့ ဒီလို မာကျောတဲ့ အကာအကွယ်မျိုး ဖန်တီးနိုင်တာ... သူ ဘယ်လို လုပ်လိုက်တာလဲ"
"ငါ့စိတ်စွမ်းအင်ကလည်း မနိမ့်ဘူး... ဒီလိုမျိုး လုပ်လို့ရမလား"
လင်းယွမ် အံ့သြရာမှ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိသည်။
အမှန်အတိုင်း ပြောရရင် သူ့စိတ်စွမ်းအင်က မနိမ့်သော်လည်း ယနေ့အချိန်ထိ စိတ်စွမ်းအင်ကို ထိန်းချုပ်ရာတွင် အားနည်းနေသေးသည်။
သူ့တွင် စိတ်စွမ်းအင် အစွမ်းရှိသော်လည်း ဘယ်လို အသုံးချရမလဲ ဆိုတာကို မသိသေးပေ။
လောလောဆယ် ပစ္စည်းများကို ထိန်းချုပ်ရုံလောက်သာ တတ်ကျွမ်းသည်။ ထိုနည်းလမ်းက ရိုးရှင်းကြမ်းတမ်းပြီး ဘာနည်းစနစ်မှ မရှိပေ။
ဤလိပ်ရဲ့ စိတ်စွမ်းအင်က တကယ်တော့ မမြင့်လှ။ အများဆုံး ၄ မှတ်၊ ၅ မှတ် လောက်ပဲ ရှိတာကို လင်းယွမ် အာရုံခံမိသည်။
သို့သော် ထိုမျှလောက် စိတ်စွမ်းအင်လေးနှင့် လိပ်ကလေး ဖန်တီးလိုက်သည့် အကာအကွယ်က သူ့၏ စိတ်စွမ်းအင်ဖြင့်ပင် လုံးဝဖျက်စီး၍မရပေ။
လက်က အားထည့်လိုက်ရင်တောင် ဤစိတ်စွမ်းအင် လိပ်ခွံကို ဖျက်ဆီးလို့ မရချေ။
လင်းယွမ် အလွန် စိတ်ဝင်စားသွားပြီး အရေးကြီးသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလို ခံစားလိုက်ရသည်။
ခေတ္တမျှ လေ့လာကြည့်သော်လည်း သန္ဓေပြောင်း လိပ်ကလေးက မည်သို့ လုပ်ဆောင်သည်ကို သူ သဘောမပေါက်သေးပေ။
လောလောဆယ် မတတ်နိုင်သေးသဖြင့် ဘေးဖယ်ထားလိုက်ရသည်။
"လောစရာမလိုဘူး... နောက်မှ ဖြည်းဖြည်းချင်း လေ့လာတာပေါ့... တခြား သန္ဓေပြောင်း ကောင်တွေကို အရင် ရှင်းရမယ်"
အလုပ်ကိစ္စတွင် အရေးကြီးတာကို အရင်လုပ်ရမည်။ သုတေသန လုပ်တာက နောက်မှ လုပ်လို့ရသည်။ အရင်ဆုံး အမှတ်ရှာရမည်။
ဤငါးတွေ အောက်ဆီဂျင်ပြတ်ပြီး သေကုန်ရင် သူအကြီးအကျယ် ဆုံးရှုံးလိမ့်မည်။
လိပ်ကို ချထားပြီး ကြယ်ငါး လေးကောင်ကို ကြည့်လိုက်သည်။
လေ့လာကြည့်ရာ ရေမကြီးခင်က ကြယ်ငါးများနှင့် ယှဉ်လျှင် အရောင်နှင့် အရွယ်အစား ပြောင်းလဲနေသည်။
ခန္ဓာကိုယ် မာကျောမှုကလည်း မိုးနှင့်မြေလို ကွာခြားသွားပြီ။
ဤကြယ်ငါးကို ကိုင်လိုက်လျှင် ကျောက်တုံးကို ကိုင်ထားရသလိုပင်။ သစ်သား ကြမ်းခင်းနှင့် ရိုက်ကြည့်လျှင်လည်း ဒေါက်ဒေါက်မြည်ပြီး မာကျောနေသည်။
လင်းယွမ် သဘောကျသွားသည်။ ပင်လယ်ထဲက သန္ဓေပြောင်း သတ္တဝါတွေက မတူညီတဲ့ လမ်းကြောင်းတွေအတိုင်း ဆင့်ကဲပြောင်းလဲနေကြပြီ။
"ဒီကြယ်ငါးရဲ့ ထောင့်ငါးထောင့်က လက်နက်ပစ်ရာမှာ သုံးလို့တောင် ရတယ်"
"အနားသတ်တွေက ထက်ရှပြီး ကျောက်တုံးလို မာကျောနေတော့ တိုက်ခိုက်စွမ်းအားရော ခုခံစွမ်းအားပါ မသေးလှဘူး"
"တစ်ကောင်လောက် သတ်ကြည့်ရမယ်"
လင်းယွမ်က ဘာမှမပြောဘဲ ဘေးနားရှိ သံတူရွင်းကို ယူကာ အားကုန် ထုရိုက်လိုက်သည်။
သူ့လို ခွန်အားမျိုးနဲ့တောင် ဆယ်ချက်လောက် ဆက်တိုက် ထုရိုက်မှ ကြယ်ငါး၏ လက်တံတစ်ခု ကျိုးသွားသည်။
သူစိတ်ထဲတွင် အံ့သြသွားသည်။ ဒီခုခံနိုင်စွမ်းကတော့ ရှယ်ပဲ။
ထို့နောက် ကြယ်ငါးကို လှန်လိုက်ပြီး အားနည်းချက် ရှာကြည့်သည်။
မကြာခင်မှာပင် ကြယ်ငါး တစ်ကောင်လုံးတွင် ဝမ်းဗိုက်ပိုင်းရှိ ပါးစပ်ပေါက်ကသာ ပျော့ပျောင်းကြောင်း တွေ့လိုက်ရသည်။
သံတူရွင်းဖြင့် ထိုးစိုက်လိုက်ရာ "ဗွပ်" ခနဲ မြည်ပြီး ပေါက်ထွက်သွားသည်။
ချက်ချင်းပင် စနစ်ထံမှ အသံထွက်ပေါ်လာသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသည်... ၃၈ မှတ် ရရှိပါသည်]
လင်းယွမ် စိတ်ပျက်သွားသည်။ "ခုခံနိုင်စွမ်းက ဒီလောက်ကောင်းတာကို ရတဲ့အမှတ်က ခုံးကောင်လောက်ပဲ ရှိတယ်"
သူ ခေါင်းခါလိုက်ပြီး နောက်ထပ် ကြယ်ငါး တစ်ကောင်ကို ယူလိုက်သည်။
ဒီတစ်ခါတော့ သူက အားသုံးပြီး ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းဖြင့် မသတ်တော့ပေ။
သူ့စိတ်စွမ်းအင်ကို အသုံးပြုပြီး တစ်ဖက်သား၏ အသိစိတ်ကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
အရင်ကတည်းက စိတ်စွမ်းအင်ဖြင့် ငါးသတ်နည်းကို သူရှာဖွေချင်နေခဲ့တာ ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ခါ အချိန်နည်းနည်း ပိုပေးရလျှင်ပင် ဤစွမ်းရည်ကို ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ချင်သည်။
ဒါမှမဟုတ်ရင် တစ်ကောင်ချင်း လိုက်သတ်နေတာက အရမ်း ကြာလွန်းသည်။
စိတ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ကြယ်ငါးဆီသို့ အမြန် စေလွှတ်လိုက်သည်။
လင်းယွမ် တွေ့ရှိလိုက်ရသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခံစစ် အလွန်ကောင်းမွန်သော ကြယ်ငါးသည် စိတ်ပိုင်းဆိုင်ရာတွင်မူ သနားစရာ ကောင်းလောက်အောင် အားနည်းနေသည်။
လုံးဝ အကာအကွယ် မရှိသကဲ့သို့ ဖြစ်နေပြီး လင်းယွမ်၏ စိတ်စွမ်းအင်က အလွယ်တကူပင် ဝင်ရောက်သွားသည်။
သူ့စိတ်စွမ်းအင်ကို စုစည်းပြီး တစ်ဖက်သား၏ သိစိတ်နယ်ပယ်ကို အရှိန်ဖြင့် ဝင်ဆောင့်လိုက်သည်။
"ဘုန်း"
အသံအုပ်အုပ်လေး တစ်ချက် ကြားလိုက်ရပြီး ကြယ်ငါး၏ ပါးစပ်ပေါက်မှ အရည်များ စီးကျလာသည်။
နောက်တစ်ခဏတွင် စနစ်ထံမှ အသံထွက်ပေါ်လာသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသည်... ၃၇ မှတ် ရရှိပါသည်]
"ဟမ်... ဒီလောက် လွယ်တာလား"
လင်းယွမ် အနည်းငယ် အံ့သြသွားသည်။
ကြယ်ငါးက ဘာလို့ အမှတ်နည်းလဲဆိုတာ သူ အခုမှ နားလည်သွားသည်။
စိတ်စွမ်းအင် အားနည်းချက်က သိသာလွန်းနေတာကိုး။
ထို့နောက် လင်းယွမ်က တခြား ငါး၊ ပုစွန်၊ ဂဏန်းများကို ယူလာပြီး စိတ်စွမ်းအင်ဖြင့် တိုက်ခိုက် စမ်းသပ်ကြည့်သည်။
စမ်းသပ်မှုများအရ သန္ဓေပြောင်း ငါးများသည် စိတ်စွမ်းအင် တိုက်ခိုက်မှုကို တချို့က ခံနိုင်ရည်ရှိပြီး တချို့က လုံးဝ မခံနိုင်ကြပေ။
ပုစွန်၊ ဂဏန်းလို အခွံမာ သတ္တဝါများကတော့ စိတ်စွမ်းအင်ပိုင်းတွင် အားနည်းကြပြီး သူ့၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် မရှိကြပေ။
သို့သော် ခရုနှင့် ခုံးကောင်လို သတ္တဝါများကတော့ မတူပေ။ သူတို့၏ စိတ်စွမ်းအင် ခံစစ်က မဆိုးလှပေ။ လင်းယွမ်က အကြိမ်ကြိမ် တိုက်ခိုက်မှသာ သူတို့ ထိခိုက်မှု ရှိကြသည်။
ပင်လယ်လိပ်များကလည်း ခုံးကောင်များလိုပင် စိတ်စွမ်းအင် ခံစစ်ပိုင်းတွင် ထူးခြားမှု ရှိကြသည်။
လင်းယွမ်က ဤသည်မှာ မျိုးစိတ် ကွာခြားချက်လား၊ တစ်ကောင်ချင်းစီရဲ့ ကွာခြားချက်လား ဆိုတာကို သေချာ မသိသေးပေ။
သို့သော် ဤစမ်းသပ်မှုကြောင့် သန္ဓေပြောင်း သတ္တဝါများ၏ သဘာဝကို အပြည့်အဝ နားမလည်သေးသော်လည်း သူ့စိတ်စွမ်းအင် အသုံးပြုနည်းနှင့် ပတ်သက်ပြီး အကြံသစ်များ ရရှိလိုက်သည်။
"စိတ်စွမ်းအင် အားကောင်းလာရင် ပစ္စည်းတွေကို ထိန်းချုပ်ပြီး ရွှေ့လျားနိုင်တယ် ဆိုပေမဲ့"
"ဒီနည်းလမ်းက အားကုန်တာ အရမ်းများတယ်... ပင်ပန်းသလောက် အရာမထင်ဘူး"
"အကောင်းဆုံး နည်းလမ်းကတော့ စိတ်နဲ့တိုက်ခိုက်တာပဲ"
"ဆိုလိုတာက ငါ့စိတ်စွမ်းအင်နဲ့ တစ်ဖက်သားရဲ့ စိတ်ကို တိုက်ရိုက် တိုက်ခိုက်ပြီး ဦးနှောက်သေသွားအောင် လုပ်တာ အကောင်းဆုံးပဲ... ခဏတဖြုတ် မူးဝေသွားတာမျိုး... သတိလစ်သွားတာမျိုး ဖြစ်ရင်တောင် တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားပြီ"
လင်းယွမ် စဉ်းစားခန်း ဝင်နေသည်။ သို့သော် ဒီလိုလုပ်ဖို့အတွက် ကိုယ့်စိတ်စွမ်းအင်က တစ်ဖက်သားထက် သာလွန်နေမှ ဖြစ်မည်။
ဒါမှမဟုတ်ရင် ရန်သူကို မနိုင်တဲ့အပြင် ကိုယ်တိုင် ပြန်ပြီး ထိခိုက်သွားနိုင်သည်။
"အင်း... စိတ်စွမ်းအင်ချင်း တိုက်တာက အန္တရာယ် မသေးဘူး... ကိုယ်နဲ့ မယှဉ်နိုင်တဲ့ ရန်သူနဲ့ တွေ့ရင်တော့ သတိထားမှ ရမယ်"
လင်းယွမ် ကောက်ချက်ချလိုက်သည်။
စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းကို ရန်သူက မသိအောင် ခိုးတိုက်သည့် နေရာမျိုးတွင်သာ သုံးသင့်သည်။ တလွဲသုံးမိလျှင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပြန်ပေးသလို ဖြစ်သွားနိုင်သည်။
သို့သော် လောလောဆယ် ဒီသန္ဓေပြောင်း ငါးတွေကို သတ်ရာမှာတော့ စိတ်ပူစရာ မလိုပေ။
သူ့စိတ်စွမ်းအင် ၇.၇ နဲ့ ဤငါးတွေကို ဖျက်ဆီးပစ်ဖို့က မခက်ခဲချေ။
"နောက်ပြီး ငါ့ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်ပုံက အရမ်း ရိုးရှင်းလွန်းနေတယ်"
"ဒီတိုင်း ဝင်တိုက်ရုံလောက်နဲ့တော့ ထိရောက်မှာမဟုတ်ဘူး"
"တကယ်လို့ စိတ်စွမ်းအင်ကို ဖိသိပ်ပြီး ဓားသွားလို ထက်မြက်အောင် လုပ်နိုင်ရင် ရန်သူရဲ့ စိတ်ကမ္ဘာကို ပိုပြီး လွယ်လွယ်ကူကူ ခွဲစိတ်ဖြတ်တောက်နိုင်မှာပဲ"
ဒါကို တွေးမိတော့ လင်းယွမ်က ဤနည်းလမ်း ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။
တစ်ခုတည်းသော အခက်အခဲက စိတ်စွမ်းအင်ကို မည်သို့ ဖိသိပ်မလဲ ဆိုသည်ပင်။
၎င်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်ပြီး နှစ်ရှည်လများ လေ့ကျင့်မှ ရနိုင်မယ့် ကိစ္စဖြစ်ကာ စိတ်စွမ်းအင်ကို ကိုယ့်လက်ချောင်းတွေလို လိုသလို ထိန်းချုပ်နိုင်မှ ရနိုင်မည်။
ဒါမှသာ စိတ်စွမ်းအင်ကို ဖိသိပ်ပြီး ထိရောက်တဲ့ တိုက်ခိုက်မှု ပုံစံ ဖန်တီးနိုင်ပေလိမ့်မည်။
"လောစရာမလိုဘူး... ဖြည်းဖြည်းချင်း လေ့ကျင့်ရမှာပေါ့"
လင်းယွမ် တွေးလိုက်ပြီး သန္ဓေပြောင်း ငါးများကို ကြည့်ကာ ပြုံးလိုက်သည်။ "အခုတော့ မင်းတို့ကနေ စရမယ်"
ဒီတစ်နေ့တော့ လင်းယွမ်သည် စိတ်စွမ်းအင်သုံး ငါးသတ်သမားကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
မျက်လုံးပြူးကာ စိတ်စွမ်းအင်ဖြင့် ငါးသတ်နေသော သူ့ပုံစံက ရန်မေ၊ ဝူချင်းနှင့် တခြားသူများကို အံ့သြစေခဲ့သည်။
သူတို့က တစ်ခဏမျှ ဝိုင်းကြည့်နေကြပြီး နောက်ပိုင်း ပျင်းလာသဖြင့် လူစုခွဲသွားကြသည်။
လင်းယွမ်က ၁၀ ကောင်လောက် သတ်ပြီးတိုင်း ၁၀ မိနစ်လောက် နားရသည်။
ယခုလို လုပ်ခြင်းက စိတ်စွမ်းအင် ကုန်ခမ်းမှု များသည်။
အဓိကက သူ မကျွမ်းကျင်သေးသောကြောင့် ဖြစ်သည်။ လုပ်ဆောင်နေစဉ်အတွင်း စိတ်စွမ်းအင် အများစုက အလဟဿ ဖြစ်သွားရသည်။
ငါးကို ထိထိရောက်ရောက် သတ်နိုင်ဖို့အတွက် သူကြိုးစားရဦးမည်။
တစ်ဘက်တွင် အမဝူနှင့် ရန်မေတို့က ငါးရွေးနေရင်း စကားစမြည် ပြောနေကြသည်။
ပြောရင်းဆိုရင်း ခေါင်းစဉ်က ယောကျ်ား၊ မိန်းမ ကိစ္စဘက်သို့ ရောက်သွားကြသည်။
ဝူချင်းက တိုးတိုးလေး မေးသည်။ "ရန်မေ... တင်းယန် ပြောတာ ကြားဖူးတယ်... သန္ဓေပြောင်း အစွမ်းရရင် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးလာသလို အဲဒီကိစ္စမှာလည်း ပိုကြာရှည်ခံတယ်ဆို... တကယ်လား"
ရန်မေက လင်းယွမ်နှင့် ညဘက်တိုင်း သန်းခေါင်ကျော်သည်အထိ နေခဲ့ရသည်များကို တွေးမိပြီး မျက်နှာရဲသွားကာ "ဟုတ်... ဟုတ်မှာပေါ့"
ဘေးနားရှိ အခြားအမျိုးသမီး တစ်ဦးဖြစ်သော ကျန်းလန်ကျွမ်းကလည်း အသက် ၄၀ ကျော်ပြီဖြစ်ပြီး ဝူချင်း၏ သူငယ်ချင်းဟောင်း ဖြစ်သည်။
ဝူချင်းက ငါးရွေးဖို့ လူခေါ်ရာတွင် သူ့သူငယ်ချင်းကို အရင်ဆုံး သတိရပြီး ခေါ်လာခြင်း ဖြစ်သည်။
ကျန်းလန်ကျွမ်းက အစပိုင်းတွင် လင်းယွမ်နှင့် ရန်မေကို ကြောက်ရွံ့နေသော်လည်း ရင်းနှီးသွားသောအခါ သဘောကောင်းမှန်း သိလိုက်ရသည်။
အပြင်မှာ လျှိုအားလုံတို့လို လူတွေက တိရစ္ဆာန်တွေလို ဖြစ်ကုန်ကြပေမဲ့ မူလစိတ်ရင်း မပျောက်တဲ့ အိမ်နီးချင်းတွေလည်း ရှိပါသေးသည်။
သူမကလည်း အတင်းအဖျင်း ပြောရတာ ဝါသနာပါသူမို့ ဒီခေါင်းစဉ် ကြားတော့ စိတ်ဝင်စားသွားသည်။
အဝေးက လင်းယွမ်ကို တစ်ချက် လှမ်းကြည့်ပြီး မျက်နှာရဲနေသော ရန်မေကို ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်ပြီး "ရန်မေရယ်... တို့တွေကို ဖုံးကွယ်မနေပါနဲ့... အမဝူနဲ့ အစ်မတို့က ဒီလမ်းကြောင်းကို ဖြတ်သန်းဖူးပြီးသားတွေပါ"
"ပြောရရင် ကျွမ်းကျင်သူတွေ ပြောတာကတော့ တို့နိုင်ငံက အမျိုးသားတွေက အဲဒီကိစ္စ သိပ်မစွမ်းကြဘူးတဲ့... သုံးမိနစ်ဆိုရင် အောင်မှတ်ပဲ... အများစုက သုံးမိနစ်လောက်ပဲ ခံကြတာ"
ရန်မေက အံ့သြသွားသည်။ "မဖြစ်နိုင်တာ... သုံးမိနစ်ပဲလား"
သူမက ကိုယ့်အကြောင်းကိုယ် သိသည်။ မောင်လေးက သုံးမိနစ် မပြောနှင့်၊ သုံးနာရီတောင် မကပေ။
သူသာ တကယ် စိတ်ပါလက်ပါ လုပ်ရင် သူမ တစ်ညလုံး အိပ်ရမည်မဟုတ်။
ဝူချင်းက ခေါင်းညိတ်ထောက်ခံပြီး "ကျန်းလန်ကျွမ်း ပြောတာ မမှားဘူး... ငါလည်း အဲဒီလိုမျိုး ဖတ်ဖူးတယ်... ငါတို့အိမ်က အစ်ကိုချိုင်ဆို... အဲ... အရင်က တိုင်းရင်းဆေး သွားပြဖူးတယ်"
"ဟင်... အစ်ကိုချိုင်ကလား... သူက အသက် ၄၀ ကျော်ပဲ ရှိသေးတာ မဟုတ်ဘူးလား" ကျန်းလန်ကျွမ်းက အံ့သြစွာ မေးသည်။
ဝူချင်းက "အခုခေတ်က ယောကျ်ားတွေ ဖိအားများတယ်လေ... အထူးသဖြင့် သက်လတ်ပိုင်းတွေက အဲဒီကိစ္စ ပြဿနာ ရှိတတ်ကြတယ်... ဒါပေမဲ့ ငါတို့ အစ်ကိုချိုင်ကတော့ မဆိုးပါဘူး... အောင်မှတ်တော့ မီပါတယ်... အရင်က ပြဖူးတဲ့ တိုင်းရင်းဆေးဆရာက တော်တယ်"
ဒီကိစ္စကို သူမက မရှက်ဘဲ ပြောပြသည်။ အစ်ကိုချိုင်က အောင်မှတ်မီတယ်ဆိုတော့ ရှက်စရာ မရှိပေ။
ကျန်းလန်ကျွမ်းက မနေနိုင်ဘဲ မေးသည်။ "ဘယ် ဆေးခန်းလဲ... အရင်က တိုက်ခန်းရှေ့က လေယွင်ထင် ဆေးခန်းလား"
"ဟယ်... နင်လည်း သိတာလား... လန်ကျွမ်း... နင်တို့အိမ်ကလူလည်း သွားပြဖူးတာလား"
"ဟာ... အဲဒါ... မဟုတ်ပါဘူး... ငါ့သားပါ"
"ဟိ... နင့်သားကလား... သူက အသက် ၂၀ လောက်ပဲ ရှိသေးတယ် မဟုတ်လား" ဝူချင်းက ရယ်ချင်သွားသည်။
ဘေးနားက ရန်မေကတော့ မျက်နှာတွေ နီရဲနေပြီး ရယ်ချင်စိတ်ကို အောင့်ထားကာ ခေါင်းငုံ့နေသော်လည်း နားစွင့်နေမိသည်။
မိန်းမတွေ အချင်းချင်း စုမိရင် ယောကျ်ားတွေထက် ပိုကြမ်းတတ်ကြသည်။
ကျန်းလန်ကျွမ်းက မျက်စောင်းထိုးလိုက်ပြီး "လူငယ်တွေက အထိန်းအကွပ်မှ မရှိတာ... ပုံမှန်ပါပဲ... ပြီးတော့ သူက အရုပ်တွေ ဘာတွေ ဆော့ရတာ ဝါသနာပါသေးတယ်... အဲဒီအရုပ်တွေက ကြည့်ရတာ ထူးထူးဆန်းဆန်းတွေ... လူပုံစံ လုပ်ထားပြီး အဝတ်အစားမပါ ဘာမပါနဲ့"
ရန်မေက သည်းမခံနိုင်တော့ဘဲ ''ခစ်'' ခနဲ ရယ်မောလိုက်သည်။
"တောင်း... တောင်းပန်ပါတယ်... မအောင့်နိုင်တော့လို့ပါ... အမလန်ကျွမ်း စိတ်မဆိုးပါနဲ့နော်... မောင်လေး ပြောတာတော့ လူတိုင်းမှာ အစွမ်းနိုးထဖို့ အခွင့်အရေး ရှိတယ်တဲ့... အမ သားလေးလည်း အစွမ်းနိုးလာရင် အစွမ်းထက်လာမှာပါ"
ကျန်းလန်ကျွမ်းက ခေါင်းညိတ်ပြီး "ငါလည်း အဲဒီလိုပဲ တွေးထားပါတယ်"
ပြောပြီးသည်နှင့် သူမက ရန်မေကို အကဲခတ်သလို မေးလိုက်သည်။ "ရန်မေ... လင်းယွမ်က နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေတာဆိုတော့ သူက တော်တော် စွမ်းတယ်မလား"
"အာ... အဲဒါ" ရန်မေ မျက်နှာ ပူထူသွားသည်။
ဝူချင်းက သဘောပေါက်လိုက်ပြီး ရယ်မောကာ "မစွမ်းဘဲ နေပါ့မလား... ဒီမနက် ရန်မေတောင် ကုတင်ပေါ်က မဆင်းနိုင်လို့ ငါးတွေကို ငါတို့ ဝိုင်းကူသိမ်းပေးလိုက်ရတာ နင်မေ့သွားပြီလား"
"ဘုရားရေ... အဲဒီလောက်တောင်လား" ကျန်းလန်ကျွမ်းက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထို့နောက် သူမက ဘောင်းဘီအိတ်ကပ်ထဲမှ အပြာရောင် ဘူးလေးတစ်ဘူးကို ထုတ်ကာ ရန်မေကို ပေးလိုက်ပြီး "ရန်မေ... အမမှာ ပေးစရာ တခြားပစ္စည်း မရှိဘူး... ဒါလေးက ညီမအတွက် အသုံးဝင်လောက်တယ်... သေချာ သုံးနော်... ဒီအချိန်ကြီး ဗိုက်ကြီးသွားရင် ဒုက္ခရောက်လိမ့်မယ်"
ရန်မေ ကြည့်လိုက်တော့ ဂျပန်လုပ် အဖော်ဘူး ဖြစ်နေသည်။
ဝူချင်းက "အလကားတော့ မပေးလောက်ပါဘူး... လန်ကျွမ်း ရေ... နင် ရန်မေ့ဆီမှာ အကူအညီ တောင်းစရာ ရှိလို့မလား"
ကျန်းလန်ကျွမ်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး "ကြည့်ပြောနေတာက... ငါက ညီမလေးရန်မေကို စိတ်ပူလို့ပါ"
ပြောပြောဆိုဆိုနှင့် သူမက အဖော်ဘူးကို ရန်မေ အိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။
ရန်မေ မျက်နှာရဲနေသော်လည်း မငြင်းလိုက်ပေ။
ဒီပစ္စည်းက တကယ် အသုံးဝင်သည်။ နောက်ပိုင်း မောင်လေးက အပြင်မှာ ပြီးပေးပေမဲ့ ဒီကိစ္စက ပြောလို့မရဘူးလေ။
တကယ်လို့ ဗိုက်ကြီးသွားရင် ဒီလို အခြေအနေကြီးမှာ ကလေးမွေးဖို့ မလွယ်ဘူး။
ဒါပေမဲ့ အဲဒီကိစ္စ ငြင်းပြန်ရင်လည်း သူမက လင်းယွမ်အတွက် ဘာတန်ဖိုး ရှိတော့မှာလဲ။
ဒီအချက်ကို သူမ ကောင်းကောင်း သိသည်။
ဝူချင်းက ရန်မေဘက်က ဝင်ပြောပေးသည်။ "လန်ကျွမ်း... နင့်မှာ တကယ် ကိစ္စမရှိရင် ဒီကိစ္စကို ဆက်မပြောတော့ဘူးနော်"
ဒီတော့မှ ကျန်းလန်ကျွမ်းက အားနာသွားပြီး "တကယ်တော့ ကိစ္စလေး ရှိလို့ပါ... ရန်မေကနေတစ်ဆင့် လင်းယွမ်ကို ပြောပေးစေချင်လို့ပါ"
ရန်မေက မေးလိုက်သည်။ "ဘာကိစ္စများလဲ"
"ဟို... လင်းယွမ်က ကင်းလှည့်အဖွဲ့ ဖွဲ့ထားတယ်ဆို"
"အစ်မ ယောကျ်ားက အသက် ၄၀ လောက်ပဲ ရှိသေးတာ... ကျန်းမာရေးလည်း ကောင်းတယ်... ခန္ဓာကိုယ်လည်း သန်မာတယ်... သူ့ကို ကင်းလှည့်အဖွဲ့ထဲ ဝင်လို့ရမလားလို့ ပြောပေးပါလား"
ရန်မေ တိတ်ဆိတ်သွားသည်။ အမှန်အတိုင်း ပြောရရင် သူမ ဒီအကူအညီကို မပေးချင်ပေ။
လင်းယွမ်ကို ဒီလိုကိစ္စတွေနဲ့ စိတ်မရှုပ်စေချင်။
မောင်လေးက သူမကို ကောင်းကောင်းထားသည်။ အစားအသောက်ဆို အကောင်းဆုံး ကျွေးသည်။
သူမကလည်း ကိုယ့်နေရာကိုယ် သိသည်။ လင်းယွမ်ရဲ့ အပြင်ကိစ္စတွေကို ဘယ်တော့မှ ဝင်မမေးဘဲ ဇနီးကောင်း ပီသအောင် နေခဲ့သည်။
အခု ကျန်းလန်ကျွမ်း တောင်းဆိုတဲ့ ကိစ္စက သူမရဲ့ စည်းကျော်နေသလို ခံစားနေရသည်။
သူမ မလုပ်ပေးချင်ပေ။
ဝူချင်းက ရန်မေ အခက်တွေ့နေမှန်း သိသဖြင့် တိုးတိုးလေး ပြောသည်။ "ရန်မေ... လန်ကျွမ်း ယောကျ်ားကို အစ်မလည်း သိတယ်... စွန်းတ လို့ ခေါ်တယ်"
"အစ်ကိုစွန်းက ရိုးသားပြီး အလုပ်ကြိုးစားတဲ့သူပါ... တင်းယန်ဘက်မှာလည်း လူလိုနေတယ်မလား"
"ကင်းလှည့်အဖွဲ့မှာ လူစိမ်းတွေထက် ကိုယ့်လူရင်းတွေ ရှိတာ ပိုစိတ်ချရတာပေါ့... လန်ကျွမ်းက ငါတို့နဲ့ ငါးရွေးနေတာ ကြာပြီ... သူဘယ်လိုလူလဲ ညီမလည်း သိတာပဲ"
"သူ့ယောကျ်ားက သူနဲ့ ပေါင်းသင်းနေမှတော့ လူစိတ်ရှိတဲ့သူ ဖြစ်မှာပါ"
ရန်မေ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် အိတ်ကပ်ထဲမှ အဖော်ဘူးကို ထုတ်ကာ ကျန်းလန်ကျွမ်းကို ပြန်ပေးလိုက်သည်။
"အမလန်ကျွမ်း... ဒီပစ္စည်းကို ပြန်ယူသွားပါ"
ကျန်းလန်ကျွမ်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာပျက်သွားသည်။
ဝူချင်းလည်း ကြောင်သွားပြီး ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
ထိုစဉ် ရန်မေက ဆက်ပြောသည်။ "အမလန်ကျွမ်း... ဒီကိစ္စကို ညကျရင် မောင်လေးကို ပြောပြပေးမယ်... ဒါပေမဲ့ ရမရတော့ မသိဘူးနော်"
သူမက နားရွက်နားမှ ဆံစကို သပ်တင်လိုက်ပြီး တိုးတိုးလေး ပြောသည်။ "အပြင်ကိစ္စတွေကို အမ ဝင်မပါဘူး... မောင်လေး သဘောအတိုင်းပဲ"
"အမ ကူပြောပေးမယ်... ဒါပေမဲ့ ဒီပစ္စည်းကို ယူပြီး အပေးအယူ မလုပ်ချင်ဘူး"
"မောင်လေး အထင်လွဲမှာ စိုးလို့ပါ"
ဆက်ရန်...
အပိုင်း (၁၁၂) ချိုင်ကြည် မိန်းမကို ဆုံးမခြင်း၊ စွန်းတတို့ သားအဖနှင့် အမှတ် တစ်သောင်းကျော်ခြင်း
ရန်မေ၏ စကားကြောင့် ဝူချင်းနှင့် ကျန်းလန်ကျွမ်းတို့ စိတ်မကောင်း ဖြစ်သွားကြ၏။
ဝူချင်းက "ရန်မေရယ်... ဒီတိုက်ထဲမှာ မိန်းမတွေ အများကြီး ရှိပေမဲ့ လင်းယွမ်က ဘာလို့ ညည်းတစ်ယောက်တည်းကိုပဲ ချစ်တာလဲဆိုတာ အမ နားလည်သွားပြီ... ညည်းရဲ့ စိတ်ထားက အမတောင် သဘောကျမိတယ်" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
ကျန်းလန်ကျွမ်းကလည်း ရယ်ရခက် ငိုရခက် မျက်နှာဖြင့် "အမကို ကြည့်ပါဦး... ဒီကိစ္စ လုပ်မိတာ တကယ်ပဲ ကိုယ်ကျိုးကြည့်ရာ ကျလွန်းပါတယ်... အားနာလိုက်တာ ရန်မေရယ်" ဟု ပြောရှာသည်။
ရန်မေက ပြုံး၍ ခေါင်းခါလိုက်သည်။ "ကိစ္စမရှိပါဘူး"
ကျန်းလန်ကျွမ်းက ဟန်ဆောင်နေတတ်သူ မဟုတ်ပေ။ စားပွဲပေါ်သို့ အဖော်ဘူးကို တင်ပေးလိုက်ပြီး "ရန်မေ... အဆင်ပြေပြေ မပြေပြေ ဒီပစ္စည်းကိုတော့ ညည်းပဲ ယူလိုက်ပါ" ဟု ပြောလိုက်သည်။
ရန်မေက ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ကျန်းလန်ကျွမ်းက တားမြစ်လိုက်သည်။
"မငြင်းပါနဲ့တော့... အမတို့ လင်မယားက ဒီပစ္စည်းကို သုံးဖို့ မလိုတော့ပါဘူး"
"အမ သားဆိုရင် ပိုဆိုးသေး... ရည်းစားတောင် မရှိတာ သုံးဖို့ ဘယ်လိုလုပ် လိုမှာလဲ"
"အမဆီမှာ ထားလည်း အလကား ဖြစ်နေမှာ... ညည်းပဲ ယူထားလိုက်ပါ"
"အစ်ကိုစွန်း ကိစ္စကိုတော့ သူ့ဘာသာ လင်းယွမ်ဆီ သွားပြောခိုင်းလိုက်ပါ့မယ်"
ရန်အေမှာ အားနာသွားပြီး ထပ်ငြင်းချင်သော်လည်း ကျန်းလန်ကျွမ်း၏ သဘောထားက ပြတ်သားလွန်းပြီး ရိုးသားနေသဖြင့် သူမ ဘာလုပ်ရမှန်း မသိတော့ပေ။
သူများ ပစ္စည်းကို ယူထားပြီး သူများကိစ္စကို မကူညီပေးဘဲ နေရမှာလည်း အဆင်မပြေလှ။
ရန်မေ ဘေးကျပ်နံကျပ် ဖြစ်နေစဉ် ဧည့်ခန်းထဲမှ လင်းယွမ်၏ အသံ ထွက်ပေါ်လာသည်။
"အမကျန်း... ပြန်ရောက်ရင် ခင်ဗျားယောင်္ကျားကို တင်းယန်ဆီ သွားခိုင်းလိုက်ပါ... ကျွန်တော် တင်းယန်ကို ပြောထားလိုက်မယ်"
အမျိုးသမီး သုံးယောက်လုံး လန့်သွားကြပြီး လင်းယွမ်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
ကျန်းလန်ကျွမ်းမှာ ပျာယာခတ်သွားပြီး ထိုင်ရာမှ အမြန်ထကာ "လင်းယွမ်... အမ... အမက"
လင်းယွမ်က ပြုံးလိုက်ပြီး "အမဝူ ပြောတဲ့စကား မှန်ပါတယ်... ကိုယ့်လူကို သုံးရတာက ပြင်ပလူကို သုံးရတာထက် ပိုစိတ်ချရတယ်"
"ဒါပေမဲ့ ကျွန်တော် ကြိုပြောထားမယ်နော်... ခင်ဗျားယောင်္ကျား အလုပ်ကို သေချာမလုပ်ဘဲ ကင်းလှည့်အဖွဲ့ ခေါင်းစဉ်တပ်ပြီး တခြားလူတွေကို အနိုင်ကျင့်တာမျိုး လုပ်ရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့"
ကျန်းလန်ကျွမ်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး "သူ မလုပ်ရဲပါဘူး... လင်းယွမ် စိတ်ချပါ... ပြန်ရောက်ရင် အမ သူ့ကို သေချာ မှာလိုက်ပါ့မယ်... သူသာ မဟုတ်တာ လုပ်ရဲရင် အမကိုယ်တိုင် သူ့ကို အသေသတ်မှာ" ဟု ကတိပေးလေသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "အမမေ... နောက်ဆို ဒီလို ကိစ္စသေးသေးမွှားမွှားတွေကို အားနာနေစရာ မလိုပါဘူး... ကျွန်တော့်ကို တဲ့တိုးသာ ပြောပါ... အမက ကျွန်တော့် မိန်းမလေ... အပြင်မှာဆိုရင် အမက ကျွန်တော့်ကို ကိုယ်စားပြုတာပဲ" ဟု ရန်မေကို ပြောလိုက်သည်။
ရန်မေ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာပြီး ရင်ထဲ၌ နွေးထွေးမှု တစ်ခု စီးဆင်းသွားတော့သည်။
မောင်လေးက သူမအပေါ် တကယ် ကောင်းလွန်းသည်။
ဘေးတွင် လူရှိနေ၍သာ မဟုတ်လျှင် သူမ သူ့ရင်ခွင်ထဲ ပြေးဝင်သွားမိမည်မှာ သေချာသည်။
ဝူချင်းလည်း မနေသာတော့ဘဲ မတ်တတ်ရပ်လိုက်ကာ "လင်းယွမ်ရယ်... အမလည်း... ပါးစပ်သရမ်းမိသွားတယ်" ဟု ရှက်ရွံ့စွာ ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ "အမဝူ... ကိုယ့်လူတွေပဲဟာ... နောက်ဆို ကိစ္စရှိရင် ကျွန်တော့်ကို တိုက်ရိုက် လာပြောလို့ ရပါတယ်... အမမေကို ကြားခံ ခိုင်းစရာ မလိုပါဘူး"
ဝူချင်းက "အေးပါ... အေးပါ... နောက်ဆို မလုပ်တော့ပါဘူး" ဟု ကတိပေးလိုက်သည်။
လင်းယွမ်၏ စကားထဲတွင် အဓိပ္ပာယ် ပါနေသည်ကို သူမ နားလည်သဖြင့် နေရခက်သွားမိသည်။
လင်းယွမ်က ထရပ်လိုက်ပြီး "ကဲ... ငါးတွေလည်း ကိုင်လို့ ပြီးသလောက် ရှိနေပြီ... လောလောဆယ် ဒီမှာပဲ ထားခဲ့လိုက်ပါ... မိုးလည်း ချုပ်တော့မယ်... မနက်ဖြန်ကျမှ လာကင်ကြတော့"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒါဆို အမတို့ ပြန်တော့မယ်နော်"
ကျန်းလန်ကျွမ်းနှင့် ဝူချင်းတို့ အမြန် နှုတ်ဆက်ကာ ပြန်သွားကြတော့သည်။
ရန်မေက သူတို့ကို လိုက်ပို့ပေးပြီးနောက် လင်းယွမ်က သန့်စင်ပြီးသား ငါးအားလုံးကို ပစ္စည်းသိုလှောင်ခန်း ထဲသို့ ထည့်သိမ်းလိုက်သည်။
အခန်းတံခါး ပိတ်လိုက်သည်နှင့် ရန်မေက လင်းယွမ်ဘက် လှည့်လာသည်။
"မောင်လေး"
သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲနေပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ခုနက ဝူချင်းတို့ရှေ့တွင် လင်းယွမ်က သူမကို မျက်နှာသာ ပေးခဲ့သည် မဟုတ်ပါလော။
ချွဲနွဲ့သော အသံလေးနှင့်အတူ သူမ၏ မျက်ဝန်းများတွင် အချစ်များ ပြည့်လျှံနေသည်။
လင်းယွမ်က ပြုံးကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
ရန်မေက ပေါ့ပါးသော ငှက်ငယ်လေးတစ်ကောင်နှယ် သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာတော့သည်။
လင်းယွမ်က လက်နှစ်ဖက် ဆန့်တန်းကာ သူမကို ပွေ့ဖက်လိုက်သည်။
သူမ၏ ထွားကြိုင်းသော ရင်သားအစုံက ရေဗုံးများပမာ သူ့ရင်ဘတ်ကို လာရောက် ရိုက်ခတ်လေ၏။
လင်းယွမ်၏ စိတ်နှလုံးများ တုန်ခါသွားပြီး သူမ၏ တင်ပါးကို ဖွဖွလေး ရိုက်ကာ မေးလိုက်သည်။
"အဲဒီလောက်တောင် ပျော်နေတာလား"
ရန်မေက သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားရင်း ခေါင်းညိတ်ပြသည်။ "အင်း... အမ ပျော်တယ်... မောင်လေးကို အရမ်း သဘောကျတယ်... အရမ်း ချစ်တယ်"
သူမသည် ရှေးရိုးဆန်သော အမျိုးသမီး ဖြစ်သဖြင့် ဤမျှ ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်းမှာ ရှားပါးလှသည်။ သူမ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သိသာလှပေ၏။
လင်းယွမ်က သူမနားနား ကပ်၍ တိုးတိုးလေး မေးလိုက်သည်။ "ဟုတ်လား... ဘယ်လို ချစ်တာလဲ"
ရန်မေ မျက်နှာရဲသွားပြီး ရုတ်တရက် ညှို့ဓာတ်ပြင်းသော အမူအရာလေး လုပ်ပြလိုက်သည်။
သူမက လင်းယွမ် နားနားကပ်၍ လေသံလေးဖြင့် ပြောလိုက်၏။
"ဒီည အမ အပေါ်က နေပေးမယ်"
လင်းယွမ် မျက်ခုံးပင့်သွားပြီး ရမ္မက်မီးများ တောက်လောင်လာကာ အားရပါးရ ရယ်မောလိုက်သည်။
"လာ... ရေချိုးရအောင်"
"ဟင်... အခု... အခုလား"
ရန်မေ အာမေဋိတ်သံ ထွက်သွားပြီး လင်းယွမ်က သူမကို ပွေ့ချီကာ ရေချိုးခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ခေါ်သွားလေတော့သည်။
"အခု မဟုတ်သေးဘူးလေ... ညစာတောင် မစားရသေးဘူး" ဟု သူမ အော်ဟစ်နေသံကို သဲ့သဲ့ကြားလိုက်ရပြီး...
"ဟားဟား... ဒီည အမကိုပဲ စားတော့မယ်"
ဝူချင်း အိမ်ပြန်ရောက်သည့်အခါ စဉ်းစားလေ စိတ်မသန့်လေ ဖြစ်နေမိသည်။
သူတို့ စကားပြောနေသည်ကို လင်းယွမ် ကြားသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
လျှိုအားလုံတို့ကို သတ်ဖြတ်စဉ်က လင်းယွမ်၏ ပြတ်သားပုံကို ပြန်တွေးမိပြီး သူမ စိုးရိမ်လာသည်။
ချိုင်ကြည် ပြန်လာသည်ကို စောင့်ပြီး သူမ အခန်းထဲသို့ အမြန် ဆွဲခေါ်သွားလိုက်သည်။
"ဘာဖြစ်တာလဲ... ပျာယာခတ်လို့"
ချိုင်ကြည်က နားမလည်စွာ မေးလိုက်သည်။
ဝူချင်းက "ဒီနေ့ ကျွန်မ အမှားတစ်ခု လုပ်မိလိုက်ပြီ... ဟင်း" ဟု ပြောရင်း ခြေဆောင့်လိုက်မိသည်။ ထို့နောက် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်လေ၏။
ပြောပြပြီးနောက် သူမက "လင်းယွမ် ဧည့်ခန်းထဲမှာ ထိုင်နေမယ်လို့ ကျွန်မ မထင်ထားဘူးလေ... ဒီလောက် ဝေးတာကို သူ ကြားသွားတာ" ဟု ပြောလိုက်သည်။
ချိုင်ကြည် မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား တင်းမာသွားသည်။
သူက လင်းယွမ်၏ သဘောထားကို မမေးဘဲ သူ့မိန်းမ ဝူချင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကျန်းလန်ကျွမ်းက မင်းကို ဘာပေးလိုက်လဲ"
ဝူချင်း မျက်နှာပျက်သွားပြီး ပါးစပ်အနည်းငယ် လှုပ်ရွသွားကာ တိုးတိုးလေး ဖြေသည်။
"ဘာ... ဘာမှ မဟုတ်ပါဘူး... အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ တစ်ရှူးလိပ် နည်းနည်းပါ"
"ရှင်လည်း သိတာပဲ... ကျွန်မတို့အိမ်မှာ စားစရာ မလိုပေမဲ့ ဒီလို လူသုံးကုန်ပစ္စည်းတွေက စားစရာနဲ့ မတူဘူးလေ"
"သမီးလေး ပြီးခဲ့တဲ့လက ရာသီလာတုန်းက သုံးစရာ ဂွမ်းထုတ် မရှိလို့ ကျွန်မအင်္ကျီအစုတ်တွေ ညှပ်ပြီး လုပ်ပေးခဲ့ရတာ"
"အဲဒီ အဝတ်စတွေက ဂွမ်းထုတ်လောက် ဘယ်သန့်ပါ့မလဲ"
"ပြီးတော့ တစ်ရှူး... တစ်ရှူးမရှိတော့ အိမ်သာတက်တိုင်း ရေနဲ့ပဲ ဆေးနေရတာ"
သူမ ပြောရင်း မျက်ရည်ကျလာသည်။
သို့သော် ချိုင်ကြည်က နားလည်မပေးသည့်အပြင် ဒေါသပါ ထွက်လာသည်။
သူက မိန်းမဖြစ်သူ၏ လက်မောင်းကို ဆောင့်ဆွဲလိုက်ပြီး ဒေါသကို ထိန်းကာ ပြောလိုက်သည်။
"မင်းက ဒီပစ္စည်းလေးတွေ လိုချင်တာနဲ့ ရန်မေကို သွားပြီး နားပူနားဆာ လုပ်ရလား"
"ဒီပစ္စည်းတွေက မရှိမဖြစ် လိုအပ်လို့လား... ရာသီလာတာနဲ့ ဂွမ်းထုတ် သုံးမှ ဖြစ်မှာလား... ချည်ထည်စ သုံးလို့ မရဘူးလား"
"တစ်ရှူးမရှိတော့ ရေနဲ့ဆေးတာ ဘာဖြစ်လဲ"
"အခု ဘယ်လိုအချိန် ရောက်နေပြီလဲဆိုတာ မင်း မကြည့်ဘူးလား... ဒီလို အခြေအနေမှာ ဒီပစ္စည်းတွေကို မက်မောနေတုန်းလား"
"သမီးကို အကြောင်းပြချက် မလုပ်နဲ့... ငါ မင်းကို ပြောလိုက်မယ်... လင်းယွမ်က စိတ်ရင်းကောင်းလို့ မင်းကို အပြစ်မပြောတာ"
"ငါတို့ တစ်မိသားစုလုံး လင်းယွမ်ကြောင့် ထမင်းစားနေရတာ... မင်း အခု လုပ်ရပ်က ဘာသဘောလဲ"
"လင်းယွမ် ပေးထားတဲ့ အခွင့်အရေးကို သုံးပြီး မင်း ကိုယ်ကျိုးရှာတာပဲ... တကယ်လို့ လျှိုအားလုံတို့ ဝမ်ကျဲတို့သာ ဆိုရင် မင်း ဒီလို လုပ်ရဲမလား"
"သူများရဲ့ စေတနာကို အနိုင်ကျင့်လို့ရတယ် မထင်နဲ့... သူ လူသတ်ရင် ဘယ်လိုသတ်တယ် ဆိုတာ မင်း မြင်ဖူးတယ်မလား"
ချိုင်ကြည်က သူ့မိန်းမကို မျက်လုံးပြူးကာ အော်ငေါက်လေသည်။
စင်္ကြံလမ်းမှ အိမ်ခန်းထဲ ပြောင်းလာပြီး ထမင်းနပ်မှန်အောင် စားနိုင်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။
သူ့မိန်းမက ဒီလို မိုက်မဲသည့် ကိစ္စကို စလုပ်နေပြီဟု သူ ထင်မထားခဲ့ပေ။
ဝူချင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်ရီစွာ ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ အဲဒီလောက်ထိ မတွေးမိဘူး... ကျန်းလန်ကျွမ်း ယောင်္ကျားက လူကောင်းဆိုတော့... စွန်းတကို ရှင်လည်း သိသားပဲ... ရိုးရိုးအေးအေးပါ"
"တင်းယန်ဆီမှာလည်း လူလိုနေတာပဲ ဆိုတော့ ဘယ်သူ့ခေါ်ခေါ် အတူတူပဲ ဆိုပြီး... ကျွန်မ ဝင်ပြောပေးလိုက်တာပါ"
ချိုင်ကြည်က "အဓိပ္ပါယ်မရှိတာ... မင်း ဝင်ပြောလိုက်လို့ တစ်ဘက်လူ စိတ်ခုသွားနိုင်တယ် ဆိုတာ မင်း မတွေးမိဘူးလား" ဟု ဆဲရေးလိုက်သည်။
"မင်းအပေါ် အမြင်မကြည်လင်တော့ရင် နောက်ဆို ကောင်းကျိုး ရှိပါ့ဦးမလား"
"ဟင်... ဒါဆို အခု ဘယ်လိုလုပ်မလဲ... လင်းယွမ် ကျွန်မကို မုန်းသွားမလား" ဝူချင်း ထိတ်လန့်တကြား မေးလိုက်သည်။
ချိုင်ကြည်က သက်ပြင်းချလိုက်ပြီး "အဲဒီလောက်တော့ မဖြစ်လောက်ပါဘူး... လင်းယွမ်က ရန်သူ့အပေါ် ရက်စက်ပေမဲ့ ကိုယ့်လူတွေအပေါ် ဘယ်တော့မှ မရက်စက်ဘူး"
"ဒီလောက် ကိစ္စလေးနဲ့တော့ ပြဿနာ ဖြစ်မှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ ငါ သတိပေးလိုက်မယ်... နောက်တစ်ခါ ဒီလိုကိစ္စမျိုး ထပ်လုပ်ရင် ငါးသွားမကိုင်နဲ့တော့... အိမ်မှာပဲ ငြိမ်ငြိမ်လေးသာ ထိုင်နေ"
ဝူချင်း ငိုရှာသည်၊ သို့သော် ပြန်မပြောရဲပေ။
ဒီနေ့ ကိစ္စတွင် သူမ ပါးစပ်သရမ်းမိသည်ကို သူမ သိသည်။
ကျန်းလန်ကျွမ်း ပစ္စည်းကို မယူခဲ့လျှင် ဝင်ပြောပေးရုံဖြင့် ကိစ္စမရှိ။
သို့သော် ပစ္စည်းယူပြီး ဝင်ပြောပေးခြင်းက သဘောသဘာဝ ပြောင်းသွားလေသည်။
ချိုင်ကြည် ပြောသလိုပင် လင်းယွမ်၏ ပစ္စည်းကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်း ဖြစ်သည်။
မည်သူမဆို သိလျှင် စိတ်ထဲ ဘဝင်ကျမည် မဟုတ်ပေ။
ထို့ကြောင့် သူ့မိန်းမ မိုက်မဲမှုကို ချိုင်ကြည် ဒေါသထွက်ခြင်း ဖြစ်သည်။
သူတို့မိသားစု ကံကောင်းလွန်း၍ ရွှေဘုံစံနေရခြင်း ဖြစ်သည်။
ယခု လင်းယွမ်က အရှိန်အဝါ ကြီးမားလာပြီ ဖြစ်သည်။ သူက စိတ်ထားကောင်းပြီး အရင်က လျှိုအားလုံကို အတူတူ တိုက်ခိုက်ခဲ့သည့် သံယောဇဉ်ကြောင့်သာ သူတို့မိသားစုကို ဂရုစိုက်နေခြင်း ဖြစ်သည်။
မဟုတ်လျှင် အစွမ်းမရှိသော ချိုင်ကြည်ကို မည်သူက ကင်းလှည့်ခေါင်းဆောင် ခန့်မည်နည်း။
မည်သူက သူ့မိန်းမကို ငါးကိုင်ခိုင်းပြီး တစ်နေ့ ထမင်းသုံးနပ် ကျွေးမည်နည်း။
ဘေးလူ၏ အသေးအဖွဲ ပေးကမ်းမှုကို မက်မောပြီး လင်းယွမ်၏ အကျိုးစီးပွားကို ထိပါးလျှင် ဆက်ဆံရေး ပျက်ပြားသွားနိုင်သည်။
ထိုအခါမှ တကယ် ဒုက္ခရောက်ကြမည် ဖြစ်သည်။
ထို့ကြောင့် ချိုင်ကြည် ဒေါသထွက်နေခြင်း ဖြစ်၏။
"မနက်ဖြန် ငါ လင်းယွမ်ဆီသွားပြီး တောင်းပန်လိုက်မယ်... ဒါဆို ပြီးသွားလောက်ပါတယ်"
"နောက်ဆို ရန်မေဆီသွားရင် ပါးစပ်ကို စောင့်ထိန်း... ဘာပြောသင့်တယ် ဘာမပြောသင့်ဘူး ဆိုတာ ဦးနှောက်နဲ့ အရင်စဉ်းစား"
ဝူချင်းက ဘာမှပြန်မပြောရဲဘဲ မျက်ရည်သုတ်ကာ ခေါင်းညိတ်လိုက်သည်။
ယခုခေတ်က အရင် ရေမကြီးခင် ခေတ်နှင့် မတူတော့ပေ။
အရင်တုန်းကဆိုလျှင် သူမ မှားလျှင်တောင် ချိုင်ကြည် ဒီလို ပြောရဲမည် မဟုတ်။
အခုတော့ လောကကြီး ရက်စက်ကြောင်း သူမ နားလည်သွားပြီ ဖြစ်သည်။
အရင်ခေတ်ကလို ပုံစံမျိုးနှင့် ယောင်္ကျားကို ဆက်ဆံလျှင် အပြင်က မိန်းမတွေ ဝိုင်းရယ်ကြပေလိမ့်မည်။
သူမ အသက် ၄၀ ကျော်ပြီ။ အလှအပတွေ မရှိတော့။ ခန္ဓာကိုယ်လည်း ပျက်စီးနေပြီ။ ငယ်ရွယ်သော မိန်းကလေးများနှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။
ချိုင်ကြည်က လင်းယွမ်နောက် လိုက်နေလျှင် မိန်းမ ရှားမည် မဟုတ်။
သူမသာ ပြဿနာရှာနေလျှင် အချိန်မရွေး အစွန့်ပစ်ခံရနိုင်သည်။
မိန်းမအလိုလိုက် အကြိုက်ဆောင်သောခေတ်က ကုန်ဆုံးသွားခဲ့ပြီ။
ယခု ကမ္ဘာပျက်ကပ် ကာလတွင် အင်အားရှိသူသာ ဘုရင် ဖြစ်လေသည်။
ကျန်းလန်ကျွမ်း အိမ်ပြန်ရောက်သည့်အခါ ယောင်္ကျားဖြစ်သူ စွန်းတက ထမင်းဟင်း ချက်ပြုတ်ထားသည်။
ထမင်းဟင်း ဆိုသော်လည်း ဆန်အနည်းငယ်နှင့် ငါးတစ်ကောင် ပြုတ်ထားခြင်းသာ ဖြစ်၏။
"မိန်းမ... ပြန်လာပြီလား"
စွန်းတက အပြေးအလွှား ဆီးကြိုလိုက်သည်။
ယခု အခြေအနေက အရင်နှင့် မတူတော့ပေ။ အရင်တုန်းက စက်ရုံမှာ ဆရာကြီးအဆင့် လုပ်ခဲ့တဲ့ စွန်းတက တစ်လ ယွမ် ၇၀၀၀၊ ၈၀၀၀ လောက် ဝင်ငွေရှိခဲ့သည်။
ထိုစဉ်က ကျန်းလန်ကျွမ်းမှာ စူပါမားကတ် တစ်ခုတွင် အရောင်းဝန်ထမ်းသာ လုပ်ခဲ့ရသည်။
ထိုစဉ်က စွန်းတသည် အိမ်ထောင်ဦးစီး ဖြစ်ခဲ့၏။
သို့သော် ယခုအခါ အရာအားလုံး ပြောင်းပြန် ဖြစ်ကုန်ပြီ။ ကျန်းလန်ကျွမ်းက ဝူချင်း၏ ထောက်ခံမှုဖြင့် ငါးကိုင်သည့် အလုပ် ရရှိထားသည်။
တစ်နေ့ ထမင်းသုံးနပ် စားရရုံသာမက တစ်ခါတလေ ထမင်းကျန် ဟင်းကျန်လေးများပါ သယ်လာတတ်သေးသည်။
စွန်းတမှာမူ ငါးဖမ်းထွက်ရသော်လည်း အတွေ့အကြုံ မရှိသဖြင့် တစ်နေ့လျှင် ၃ ကောင်၊ ၅ ကောင်လောက်သာ ရတတ်သည်။
ပိုက်ဆံရှိမှ စကားပြောရဲသည် ဆိုသည့်အတိုင်း ယခုအခါ စွန်းတတစ်ယောက် သူ့မိန်းမရှေ့တွင် ခေါင်းမဖော်ရဲပေ။
မိသားစု စားဝတ်နေရေးကို သူ့မိန်းမကသာ ရှာဖွေကျွေးမွေးနေရသည် မဟုတ်ပါလော။
ကျန်းလန်ကျွမ်းက ဝမ်းသာအားရ မျက်နှာဖြင့် "အဆင်ပြေသွားပြီ... မနက်ဖြန်ကျရင် တင်းယန် ဆိုတဲ့ အမျိုးသမီးကို သွားရှာပါတဲ့... ရှင့်ကို ကင်းလှည့်အဖွဲ့ထဲ ထည့်ပေးမယ်လို့ လင်းယွမ် ပြောလိုက်တယ်"
စွန်းတ ဝမ်းသာသွားပြီး "တကယ်လား... ဟဟ... ဒီလောက် လွယ်တာလား" ဟု အံ့သြတကြီး မေးလိုက်သည်။
ကျန်းလန်ကျွမ်းက "လင်းယွမ်က ဒီလောက် သဘောကောင်းမယ်လို့ ကျွန်မလည်း မထင်ထားဘူး" ဟု ပြောလိုက်သည်။
စွန်းတက "ဒါဆို သားကိုရော ကင်းလှည့်အဖွဲ့ထဲ ထည့်လို့ မရဘူးလား" ဟု ကပ်မေးလိုက်သည်။
သားဆိုသည်မှာ သူတို့၏ သား စွန်းရှုကို ပြောခြင်း ဖြစ်သည်။
ကျန်းလန်ကျွမ်း၏ အပြုံး ပျက်သွားပြီး "အဲဒါတော့... အခု ပြောလို့ မကောင်းသေးဘူး... နောက်ကျရင်တော့ အခွင့်အရေး ရှိလောက်ပါတယ်"
"အခုမှ ရှင့်ကို ထည့်ပေးဖို့ တောင်းဆိုထားတာ... ချက်ချင်း နောက်တစ်ယောက် ထပ်ထည့်ပေးပါ ဆိုရင် သူ ဘယ်လောက် သဘောကောင်းကောင်း စိတ်ခုသွားလိမ့်မယ်"
"ဒါဆို ငါမလုပ်ဘဲ သားကို ပေးလုပ်လိုက်ရင်ရော" စွန်းတက ထပ်မေးပြန်သည်။
စွန်းတက ရိုးသား ကြိုးစားသူ ဖြစ်သော်လည်း အဆိုးဆုံး အချက်မှာ သားဖြစ်သူကို အလိုလိုက်လွန်းခြင်းပင်။
သူ့မျိုးရိုးတွင် တစ်ဦးတည်းသော သားဖြစ်သဖြင့် အရာရာ သားကို ဦးစားပေးသည်။
စားစရာ၊ ဝတ်စရာ အကောင်းဆုံးများကို သားအတွက် ဝယ်ပေးသည်။
သူ့သားက တက္ကသိုလ် ဘွဲ့ရထားသော်လည်း အလုပ်မလုပ်ဘဲ အိမ်တွင် အားနေသည်မှာ နှစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။
နေ့တိုင်း ဂိမ်းဆော့လိုက်၊ ကာတွန်းဖတ်လိုက်၊ တစ်ခါတလေ တိုက်ရိုက်ထုတ်လွှင့်လိုက်ဖြင့် အချိန်ဖြုန်းနေသည်။
အပြင်လူ မေးလျှင်တော့ အွန်လိုင်းအလုပ် လုပ်သည်ဟု ဖြေတတ်၏။
ယခုခေတ်တွင် အွန်လိုင်းအလုပ် ခေတ်စားနေသဖြင့် ထိုအဖြေက သူ့အတွက် အဆင်ပြေနေသည်။
သို့သော် စွန်းတကမူ သူ့သား ပိုက်ဆံတစ်ပြားမှ မရှာနိုင်သည်ကို သိသည်။ လစဉ် သူတို့လင်မယားဆီမှ ပိုက်ဆံတောင်းသုံးနေရသည် မဟုတ်ပါလော။
ဒါပေမဲ့ သူကတော့ လူငယ်တွေ အလုပ်ရဖို့ ခက်ခဲသည်၊ သူ့သား အပြစ်မဟုတ်၊ ခေတ်အခြေအနေ မကောင်းလို့ပါဟု ဖြေသိမ့်တတ်သည်။
ရေကြီးပြီးနောက်တွင် သူတို့အိမ်၌ ယောက်ျားသား နှစ်ယောက် ရှိသဖြင့် မည်သူမှ လာရောက် အနိုင်မကျင့်ကြပေ။
သို့သော် အနိုင်ကျင့်မခံရရုံဖြင့် စားစရာ ရမလာနိုင်။
စွန်းတက ငါးဖမ်းထွက်ရန် ခေါ်သော်လည်း သူ့သား စွန်းရှုက အိမ်ထဲအောင်းပြီး ကာတွန်းဖတ်ကာ လုံးဝ မလိုက်ပေ။
မတတ်သာသည့် အဆုံး သူတစ်ယောက်တည်း ထွက်ရှာရသည်။
ယခု ကင်းလှည့်အဖွဲ့ အလုပ်က ထမင်းသုံးနပ် စားရမည့်အပြင် လင်းယွမ်၏ အဖွဲ့ထဲ ဝင်ရမည် ဖြစ်သဖြင့် သူ့စိတ်ထဲတွင် ပထမဆုံး သားကို ထည့်ပေးချင်စိတ် ပေါက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် သားကို သူ့အစား ဝင်လုပ်ခိုင်းချင်နေခြင်း ဖြစ်၏။
ကျန်းလန်ကျွမ်းက မျက်မှောင်ကြုတ်ကာ "မလုပ်နဲ့... ရှင့်သား အကြောင်း ရှင်မသိတာလည်း မဟုတ်ဘူး... တော်ကြာ သူများ အငြိုအငြင် ခံနေရပါဦးမယ်"
သူမက အမှားအမှန် ခွဲခြားသိမြင်သူ ဖြစ်သဖြင့် ကိုယ့်သား အကြောင်း ကိုယ်သိသည်။
စွန်းတ မကျေမနပ် ဖြစ်သွားပြီး "မင်း ဘာစကား ပြောတာလဲ... ဒါ မင်းသား မဟုတ်လို့လား... ကိုယ့်သားကိုယ် ဘယ်လို ပြောလိုက်တာလဲ"
"ငါ့သားက ဘာဖြစ်လို့လဲ... အရပ်က ၆ ပေလောက် ရှိတယ်... ဗလတောင့်တောင့်နဲ့ လူငယ်လေး... ကင်းလှည့်တဲ့ အလုပ်လောက်တော့ လုပ်နိုင်ပါတယ်"
ကျန်းလန်ကျွမ်း ပြန်ပြောရန် ပြင်လိုက်စဉ် စွန်းရှုက အခန်းထဲမှ ထွက်လာသည်။
ဆံပင်ဖွာလန်ကြဲနှင့် အိပ်မှုန်စုန်ဖွား မျက်နှာပေးဖြင့် အခုမှ အိပ်ရာထလာပုံ ရသည်။
"အမေ... ပြန်ရောက်ပြီလား... အဖေ... ကျွန်တော် ဗိုက်ဆာပြီ"
စွန်းတက အလျင်အမြန်ပင် "ဆာပြီလား... ထမင်းကျက်ပါပြီ" ဟု ပြောလိုက်သည်။
"ဒီနေ့ ဘာဟင်းလဲ"
စွန်းရှုက စားပွဲဆီ လျှောက်သွားပြီး ငါးဟင်းကို မြင်လိုက်သည့်အခါ ဒေါသထွက်သွားသည်။
"ငါးဟင်းကြီးပဲလား... နေ့တိုင်း ငါးစားရတာ ငါးရုပ်တောင် ပေါက်တော့မယ်"
သူက တူကို ပစ်ချလိုက်ပြီး စိတ်ပျက်လက်ပျက် အော်ပြောလိုက်သည်။
ကျန်းလန်ကျွမ်း ဒေါသထွက်သွားပြီး "နင်က ဂျီးများနေသေးတယ်... အပြင်မှာ ထမင်းမစားရတဲ့လူတွေ ဘယ်လောက်များလဲ နင်သိလား"
"နေ့တိုင်း ငါးအရိုးပဲ ကိုက်နေရတဲ့လူတွေ အများကြီး... နင် တခြားဟာ စားချင်ရင် ကိုယ်တိုင် ငါးသွားဖမ်းပြီး လင်းယွမ်ဆီမှာ သွားလဲချေ"
စွန်းတက သူ့မိန်းမကို ဆွဲထားပြီး "မင်းကလည်းကွာ... သူက ကလေးပဲ ရှိပါသေးတယ်... ငါးဘယ်လို ဖမ်းတတ်မှာလဲ... ငါတောင် မနည်းဖမ်းနေရတာ"
ထို့နောက် သားဘက်လှည့်ကာ "သား... မင်းအမေ ပြောတာ ဂရုမစိုက်နဲ့... အဖေ မနက်ဖြန် ကင်းလှည့်အဖွဲ့ထဲ ဝင်ရတော့မယ်... တစ်နေ့ ထမင်းသုံးနပ် အပြင် မုန့်နှစ်ထုတ်တောင် ရဦးမှာ... အဲဒီကျရင် သားဖို့ ပြန်သယ်လာခဲ့မယ်" ဟု ပြောလိုက်သည်။
စွန်းရှု မျက်လုံး အရောင်လက်သွားပြီး "ဘာ... အဖေ ကင်းလှည့်အဖွဲ့ထဲ ဝင်ရတော့မယ် ဟုတ်လား... မုန့်တွေပါ ရမှာလား" ဟု မေးလိုက်သည်။
စွန်းတက ပြုံး၍ "အဖေ မနက်က ငါးမျှားတဲ့ လူတွေ ပြောနေတာ ကြားခဲ့တယ်... ဟုတ်တယ်မလား မိန်းမ"
ကျန်းလန်ကျွမ်းက နှာခေါင်းရှုံ့လိုက်ပြီး "အခွင့်အရေးကတော့ ပြောစရာ မလိုပါဘူး... အသေးစိတ် အမမေးခဲ့ပေမဲ့ သူများရရင် ကိုယ်လည်း ရမှာပါပဲ"
စွန်းရှုက မျက်လုံး ကလည်ကလည် လုပ်လိုက်ပြီး "အမေ... ကျွန်တော်ရော ကင်းလှည့်အဖွဲ့ထဲ ဝင်လို့ မရဘူးလား" ဟု မေးလိုက်သည်။
ကျန်းလန်ကျွမ်း ဒေါသထွက်သွားပြီး "နင့်လို နေ့တိုင်း နေဖင်ထိုးမှ အိပ်ရာထတဲ့ကောင်က ဘာကင်းလှည့်မှာလဲ" ဟု အော်ငေါက်လိုက်သည်။
စွန်းရှုကလည်း မကျေမနပ်ဖြင့် "အဖေတောင် ရသေးတာ... ကျွန်တော်က ဘာလို့ မရရမှာလဲ" ဟု ပြန်ပြောလေသည်။
စွန်းတက ခေါင်းညိတ်ထောက်ခံပြီး "ဟုတ်တယ်... ဟုတ်တယ်... ငါ့သားလည်း လုပ်နိုင်မှာပါ... မိန်းမရာ... မင်း ဝူချင်းတို့ ရန်မေတို့ကို နောက်တစ်ခါ ထပ်ပြောကြည့်ပါဦး... ရန်မေက လင်းယွမ်ရဲ့ မိန်းမပဲ... သူ နည်းနည်းလောက် ပြောပေးလိုက်ရင် လင်းယွမ်က ခွင့်ပြုမှာပါ"
ကျန်းလန်ကျွမ်း ဒေါသထွက်လွန်း၍ "တော်စမ်းပါ... သူများတွေက ပါးနပ်တယ်... ဒီနေ့ လင်းယွမ်က ရန်မေကို မျက်နှာသာပေးလို့သာ ရှင် ဒီနေရာ ရတာ"
"ဟေ... ဘယ်လိုဖြစ်တာလဲ... မင်း ပစ္စည်းပေးလိုက်တယ် မဟုတ်ဘူးလား"
"ဟွန်း... သူများတွေက အ,နေတယ် မှတ်လို့လား... ပစ္စည်းပေးရုံနဲ့ ကိစ္စပြီးရောလား"
မိသားစု သုံးယောက် ဆူညံစွာဖြင့် ထမင်းစားနေကြသည်။
စွန်းရှုက ထမင်းစားနေရင်း မျက်လုံးများ ကလည်ကလည်ဖြင့် စိတ်ထဲ၌ မကောင်းသော အကြံအစည်တစ်ခု ပေါ်လာလေတော့သည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် အမမေတစ်ယောက် လင်းယွမ်ဘေး၌ မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေရှာသည်။
လင်းယွမ်ကမူ မျက်လုံးမှိတ်ထားသော်လည်း အာရုံက သူ့မျက်စိရှေ့မှ စနစ်မျက်နှာပြင် ဆီသို့ ရောက်နေ၏။
"ဒီတစ်ခေါက် ရတဲ့ အမှတ်တွေက တစ်သောင်းတောင် ကျော်သွားပြီပဲ"
မျက်လုံးမှိတ်ထားသော်လည်း သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်အထိ ပြုံးလိုက်မိသည်။
သူ့တွင် စုစုပေါင်း အမှတ် ၁၄,၃၈၆ မှတ် ရှိနေပြီ ဖြစ်သည်။
ပင်လယ်ငါး ၇၂၁ ကောင်နှင့် ပင်လယ်ခရု ၂၀၁ ကောင်တို့မှ အမှတ် တစ်သောင်းကျော် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ခရုခွံများထဲမှ ပုလဲ ၄ လုံး ရရှိခဲ့သေးသည်။
သို့သော် ထိုပုလဲများထဲတွင် ဆုန့်ဝမ် စားလိုက်သော အစိမ်းရောင် ပုလဲမျိုး မပါဝင်ပေ။
အများစုမှာ အဖြူရောင်များ ဖြစ်ပြီး တစ်လုံးသာ အဝါရောင် သမ်းနေသည်။
လင်းယွမ်က ထိုပုလဲများ၏ အာနိသင်ကို မသိသဖြင့် သူများတွေကိုလည်း လျှောက်မကျွေးရဲပေ။
ထို့ကြောင့် သိမ်းဆည်းထားလိုက်ပြီး နောင်တွင် အဆင်မခြင်သော လူယုတ်မာများနှင့် တွေ့သည့်အခါ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ဒီလောက် အမှတ်တွေ အများကြီးဆိုရင် သတ်မှတ် မဲ ၁၄ ကြိမ်လောက် နှိုက်လို့ ရပြီ"
"၁၄ ကြိမ် ဆိုတာ အမှတ် ၁၄ မှတ် တိုးလာမှာ... ငါ့ရဲ့ စွမ်းရည်တွေ အများကြီး တိုးတက်လာတော့မယ်"
လင်းယွမ် ရင်ခုန် စိတ်လှုပ်ရှားသွားပြီး အချိန်မဆွဲတော့ဘဲ စနစ်ကို ခေါ်လိုက်လေသည်။
"စနစ်... မဲနှိုက်မယ်"
ဆက်ရန်...