တုန်းမိသားစုက ဆေးဖော်စပ်နည်းတွေ....
Vol. 11 Ch. 127
ကျန်းယီမင်စဉ်းစားနေတုန်းပဲ ဂူလင်းဖေးနှင့် တုန်းမီ တို့ထံမှ မိုင်ထောင်ချီလေညင်းအစီအရင်ကို အသုံးပြုပြီး ပေးပို့လာတဲ့သတင်းစကားတစ်ခုကို လက်ခံရခဲ့သည်။
"ဆရာ... ဒီတစ်ခေါက် ဖုန်းဟော်လေလံပွဲက ဘယ်မှာကျင်းပမလဲဆိုတာ ခန့်မှန်းကြည့်ပါဦး... ဟဲဟဲ... ကန်းလန်နယ်မြေမှာ ကျင်းပမှာတဲ့... ဆရာ၊ ဒီတစ်ခေါက် ကျွန်တော်တို့ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကန်းလန်နယ်မြေက လူတွေကို နောက်တစ်ကြိမ် သိအောင် ပြရမယ်..."
သတင်းစကားထဲတွင် ဂူလင်းဖေးလေသံသည် အတော်လေး ပေါ့ပေါ့ပါးပါးရှိနေသည်။ ကန်းလန်နယ်မြေဆိုသည့်နာမည်ကို ကြားလိုက်ရသည့်အခါ ကျန်းယီမင်ရင်ထဲတွင် တင်းကျပ်သွားသလို ခံစားလိုက်ရသည်။ သူ့တပည့်များဖြစ်သော ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့သည် မကြာသေးခင်ကမှ ထိုနယ်မြေသို့ ပြန်ပေးဆွဲခံခဲ့ရသည်။ သူတို့သည် ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ကြုံတွေ့ပြီးမှသာ ဂိုဏ်းသို့ပြန်ရောက်လာနိုင်ခဲ့ကြသည်။ သို့သော် ပြန်စဉ်းစားကြည့်လိုက်ရင် ရှန့်ကွမ်းမိသားစုသည် သူ့လက်ချက်ဖြင့်ရှုံးနိမ့်ခဲ့ပြီး သူတို့အင်အားသည်လည်း အကြီးအကျယ် ထိခိုက်ခဲ့ပြီဖြစ်၍ ကျန်းယီမင်နှင့် လင်းယွင်ဂိုဏ်းကို သတိထားနေသင့်သည်။
ထိုအချက်နှင့် တစ်ဖက်လူရဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ငါးယောက်အနက် နှစ်ယောက်သေဆုံးခဲ့ရပြီး ရှန့်ကွမ်းမိသားစုအဆောက်အအုံများအားလုံးကိုလည်း သူမီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း တွေးမိသောအခါ ကျန်းယီမင်က အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ တစ်ဖက်လူက ပြန်တိုက်ခိုက်ချင်တယ်ဆိုရင်တောင် လက်ရှိအခြေအနေမှာ လုပ်နိုင်စွမ်း မရှိလောက်တော့ပေ။
သူ့စိတ်က ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်နိုင်ဖြစ်နေတာမို့လို့ သူ့အဆောင်ကနေ ခဏလောက် ထွက်သွားလိုက်သည်။ ထို့နောက် သူသည်သူ့အဆောင်မှ ထွက်လာခဲ့ပြီး သူ့တပည့်များလေ့ကျင့်နေတာကို ခဏကြာစောင့်ကြည့်ပြီးနောက် ဆေးခန်းမက်ု သွားလိုက်သည်။
"ဟင်... ရှောင်ယု..."
"ဆရာ..."
ဆေးခန်းမတွင် ဂိုဏ်းဂုဏ်သတင်းကြောင့် စောစောစီးစီး ဝင်ရောက်လာခဲ့တဲ့ဆေးဖော်စပ်သူ နှစ်ဦးသည် တပည့်တချို့ကို ဆေးလုံးဖော်စပ်နည်းကို သင်ကြားပေးနေကြသည်။
"ဆရာ..."
"ဂိုဏ်းချုပ်...."
"ဟားဟားဟားဟား... ကောင်းတယ်... ဆေးဖော်စပ်တဲ့နည်းပညာက မရိုးရှင်းဘူး..."
"ဆရာ... ကျေးဇူးပြုပြီး ကျွန်မတို့ကိုနောက်ထပ် စိတ်ဒဏ်ရာတွေ မပေးပါနဲ့တော့... မရိုးရှင်းဘူးလို့ ဆရာပြောနေပေမယ့်...." ဟွမ်းချောင်ယုက အားကျတဲ့အကြည့်ဖြင့် ကြည့်ကာဆက်ပြောလိုက်သည်။
"ဆရာကတော့ အရင်တုန်းကတစ်ရက်တည်းနဲ့ ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တယ်လေ..."
"ငါ ကံကောင်းသွားရုံပါ... မင်းတို့တစ်ယောက်ချင်းစီက တစ်ယောက်ထက်တစ်ယောက် အလားအလာ ပိုကောင်းကြပါတယ်..." ကျန်းယီမင်ကပြုံးလျက် သူတို့ရဲ့တိုးတက်လာတာကို အကြမ်းဖျင်းကြည့်ရင်း ပြောလိုက်သည်။
ဂိုဏ်းဂုဏ်သတင်းကြောင့် ဆွဲဆောင်ခံရပြီး ဝင်ရောက်လာခဲ့တဲ့ဆေးဖော်စပ်သူ နှစ်ယောက်စလုံးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိကြသည်။ သူတို့သည် သူတို့ကိုယ်ပိုင်ဆေးဖော်စပ်နည်း တချို့ကို ယူလာခဲ့ကြသည်။ ထိုဆေးဖော်စပ်နည်းများသည် အဆင့်နိမ့်သော်လည်း သူ့တပည့်များအတွက် အလွန်သင့်လျော်သည်။ သူ့မှာသာစနစ်မရှိခဲ့ရင် ထိုဆေးလုံးတွေကို တစ်ရက်တည်းနဲ့ အောင်မြင်အောင် ဖော်စပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်သည်။
သူ ဒီတစ်ခေါက်ဆေးခန်းမကို လာခဲ့ရခြင်းမှာ တုန်းမိသားစုပေးခဲ့တဲ့ ဆေးဖော်စပ်နည်းတချို့ကြောင့် ဖြစ်သည်။ တပည့်များအခြေအနေကို အကြမ်းဖျင်း စစ်ဆေးပြီးနောက် ကျန်းယီမင်သည် စနစ်ကအဆင့်မြှင့်တင်ပေးထားတဲ့ သူ့ဆေးအိုးကြီးရှေ့တွင် ထိုင်လိုက်သည်။ အဆင့်မြှင့်တင်ပြီးနောက် သူတစ်ယောက်တည်းကသာ ဒီဆေးအိုးကြီးကို အသုံးပြုနိုင်သည်။ တခြားသူများက အထဲထဲက စွမ်းအင်အမျိုးမျိုးကို ဟန်ချက်ညီအောင်မထိန်းညှိနိုင်ကြပေ၊ အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ခြင်းအတတ်ပညာသည် ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားမြှင့်တင်ဖို့ လိုအပ်သောကြောင့်ဖြစ်သည်။
ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းတွင် စိတ်ဝိညာဉ်စွမ်းအားလိုအပ်ပြီး ဆေးအိုးထဲသို့ လောင်းထည့်ပေးရသည်။ အခုအချိန်တွင် ကျန်းယီမင်သည် မွေးဖွားခြင်းအဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်နှင့် သဘာဝကျစွာ ပိုရင်းနှီးကျွမ်းဝင်နေသည်။
"ဟူး... တုန်းမိသားစုပေးလိုက်တဲ့ ဆေးဖော်စပ်နည်း အနည်းငယ်ကို ငါအရင်ကြည့်သင့်တယ်..."
ကျန်းယီမင်က စိတ်ကိုအာရုံစိုက်ပြီး တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူသည် သူ့ရှေ့ရှိဆေးဖော်စပ်နည်းတစ်ခုကို မတင်ရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ ရှေးဟောင်းမိသားစုတစ်ခုက ဖန်တီးထားတဲ့ဆေးဖော်စပ်နည်းသည် တကယ်ပင်ကွဲပြားခြားနားလှသည်။ ဖွင့်ကြည့်လိုက်ရုံဖြင့် ကျန်းယီမင်က ဆေးလုံးရဲ့နက်နဲမှုကို ခံစားနိုင်သည်။ သူအခုဖတ်နေတဲ့ ဆေးဖော်စပ်နည်းမှာ လျင်လျင်မြန်မြန်ကုသခြင်းဆေးလုံးအတွက် ဖြစ်သည်။
ဆေးလုံးသည် နာမည်ပေးထားသကဲ့သို့ ဒဏ်ရာများကို မြန်မြန်ဆန်ဆန်ကုသပေးတာ မဟုတ်ဘဲ တိုက်ပွဲတွင် ဒဏ်ရာရသူများကို တိုက်ပွဲသို့အမြန်ပြန်ဝင်နိုင်စေရန် ခေတ္တပြန်လည်သက်သာစေခြင်းဖြစ်သည်။ ဟွမ်ယွမ်ဆေးလုံးကဲ့သို့ပင်၊ ဒီဆေးသည် တိုက်ပွဲတွင် အသုံးပြုရမည့်ဆေးလုံးဖြစ်သည်။
"မဆိုးပါဘူး..."
ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူ အခုလိုမျိုးဆေးလုံးကို လိုအပ်နေခဲ့သည်။ လင်းယွင်ဂိုဏ်းတစ်ခုလုံးမှာ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူဆိုလို့ သူတစ်ယောက်တည်း ရှိသည်။ သူထိန်းချုပ်ထားတဲ့ အဘိုးအိုလင်းကို ထည့်တွက်ရင်တောင် အခြေတည်စိတ်ဝိညာဥ်အဆင့်က နှစ်ယောက်သာ ရှိသေးသည်။ အကယ်၍ သူ့ဂိုဏ်းသာ အခုအချိန်မှစပြီး မကြာမီကာလအတွင်း တခြားသူများရဲ့ အကြီးစားကျူးကျော်တာကို ခံရပါက ခံတပ်ကိုထိန်းသိမ်းရန် သူ့ကိုယ်သူအားကိုးရဦးမည်ဖြစ်သည်။
လင်းယွင်ဂိုဏ်းက အဆင့် ၄ အင်အားစုဖြစ်လာကတည်းက ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်းများသည် အဆုံးမဲ့နီးပါးရောက်လာသည်။ ကျန်းယီမင်သည် ကာကွယ်ခလက်မခံသောကြောင့် ကုန်သည်များသည် ကျန်းယီမင်မျက်နှာသာပေးမှုကို ရရှိရန်အတွက် လင်းယွင်ဂိုဏ်းလိုအပ်တာမှန်သမျှ အရာအားလုံးနီးပါးကို ပို့လာကြသည်။ ကျန်းယီမင်သည် အစပိုင်းတွင်ဘယ်အရာကိုမျှ လက်မခံချင်ခဲ့သော်လည်း ထိုလူများရဲ့စိတ်အားထက်သန်မှုကို မလွန်ဆန်နိုင်ဘဲ ပစ္စည်းများကိုလက်ခံလိုက်ရသည်။
ဆေးလုံးအဆင့်အတန်းသည် သူအရင်ကဖော်စပ်ခဲ့သောဆေးလုံးတချို့နှင့် အတူတူပင်ဖြစ်သည်။ သူ့ယခင်အတွေ့အကြုံများဖြင့် ကျန်းယီမင်သည် သူ့ဆေးဖော်စပ်တဲ့ ကျွမ်းကျင်မှုကို အလွန်ယုံကြည်ချက်ရှိသည်။ မျှော်လင့်ထားသည့်အတိုင်း အရေးမပါတဲ့ကျရှုံးမှုအနည်းငယ်ကိုသာ ကြုံတွေ့ပြီးနောက် သူသည်ဒီဆေးလုံးဖော်စပ်တာကို အခြေခံအားဖြင့် ကျွမ်းကျင်သွားသည်။ သူ့လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများသည် ဆေးအိုးထဲသို့ ဖြည်းညှင်းစွာစီးဝင်သွားပြီး မကြာမီဆေးလုံးရနံ့သည် ဆေးခန်းမတစ်ခုလုံးကို ပြည့်နှက်သွားသည်။ မကြာမီမှာပင် ကျန်းယီမင်သည် လျင်လျင်မြန်မြန်ကုသခြင်းဆေးလုံး ဆယ်လုံးနီးပါးဖော်စပ်ပြီးစီးသွားသည်။
"ဒီလိုပဲလုပ်နေလို့ မဖြစ်ဘူး။ ဒီလိုဆေးလုံးမျိုးပဲ ဖော်စပ်နေတာက စိန်ခေါ်မှုမရှိဘူး..."
ထိုသို့ဖြင့် နောက်ထပ်ဆေးဖော်စပ်နည်းတစ်ခုက သူ့လက်ထဲရောက်လာပြန်သည်။ ဒါကတုန်းမိသားစု ပေးလိုက်တဲ့ ဆေးဖော်စပ်နည်းတွေ အားလုံးထဲမှာမှ အဆင့်အမြင့်ဆုံး ဆေးဖော်စပ်နည်းဖြစ်သည်။ ၎င်းသည် ဟွမ်ယွမ်ဆေးလုံး၊ ဝိညာဉ်သက်သာရေးဆေးလုံးနှင့် လျင်လျင်မြန်မြန်ကုသခြင်းဆေးလုံးတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်သည်။ စနစ်က ဆုချီးမြှင့်ထားတဲ့ဆေးဖော်စပ်နည်းသုံးခုသည် အဆင့် ၄ အင်အားစုအများစု ဘယ်တော့မှရနိုင်ရန် မမျှော်လင့်နိုင်သောအရာများဖြစ်ကြသည်။
ဆေးလုံးဈေးကွက်ထဲ တင်လိုက်မယ်ဆိုရင် ဆေးလုံးရောင်းပြီး သူဌေးဖြစ်သွားနိုင်သည်။ ကျန်းယီမင်သည် ဟောင်းနွမ်းနေပုံရတဲ့ကျမ်းလိပ်တွင် ရေးသားထားသည့်ဆေးဖော်စပ်နည်းပေါ်သို့ လက်ချောင်းထိပ်ဖြင့် ပေါ့ပါးစွာတို့ထိလိုက်သည်။ သူမျက်လုံးမှိတ်ပြီး စကားလုံးများကိုနားလည်သဘောပေါက်အောင် လုပ်လိုက်သည်။ သူ့လက်ချောင်းထိပ် ဖြတ်သန်းသွားတဲ့နေရာတိုင်းတွင် စကားလုံးများသည် အသက်ဝင်လာသကဲ့သို့ဖြစ်နေသည်။ သူ့မျက်လုံးများမှိတ်ထားသော်လည်း သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
'အကာကွယ်ဆေးလုံး...'
ဤဆေးလုံးအကျိုးသက်ရောက်မှုသည် ကာကွယ်ရေးသက်သက်အတွက်သာ ဖြစ်သည်။ ဆေးလုံးသောက်ပြီးနောက် ဆေးလုံးသည် သောက်သုံးသူရဲ့အတွင်းကလီစာများတစ်လျှောက် စီးဆင်းသွားပြီး ဆေးအာနိသင်သည် ဒြပ်ထုအဖြစ် ပြောင်းလဲလာမည်။ ၎င်းသည် အသုံးပြုသူခန္ဓာကိုယ်မှ လျှံကျလာပြီး ခန္ဓာကိုယ်ပတ်လည်တွင် အကာကွယ်တစ်ခု ဖွဲ့စည်းလိမ့်မည်ဖြစ်သည်။
အသုံးပြုသူခန္ဓာကိုယ်က သန်မာလေလေ၊ ပိုထိရောက်လေလေ ဖြစ်သည်။ ဆေးဖော်စပ်နည်းဖော်ပြချက်များကို ဖတ်ပြီးနောက် ကျန်းယီမင်က အံ့ဩဝမ်းသာစွာ မျက်လုံးဖွင့်လိုက်သည်။ အကာအကွယွဆေးလုံးက သူ့အတွက်သီးသန့်စီစဉ်ပေးထားသလို ဖြစ်နေသည်။ ဆေးလုံးများအဆင့်အတန်း မြင့်မားလာပြီးနောက် ဆေးအာနိသင်သည် အသုံးပြုသူရဲ့ခွန်အားအပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်လို့ တွေးမိလိုက်သည်။ ကျန်းယီမင်သည် ကောင်းကင်နတ်ဆိုးခန္ဓာပိုင်ရှင် ဖြစ်သည်။
သူ့ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ သူ့ခန္ဓာကိုယ်က ပိုသန်မာလေလေ ဖြစ်သည်။ ထို့ကြောင့် ဒီဆေးလုံးရဲ့အကျိုးသက်ရောက်မှုများကို သူအပြည့်အဝထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။
စိတ်အတွေးတစ်ခုဖြင့် ဆေးလုံးအတွက် လိုအပ်တဲ့ဆေးဖက်ဝင်ပစ္စည်းအနည်းငယ်က သူ့မျက်စိရှေ့သို့ ရောက်လာသည်။ တခြားဆေးလုံးများထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ဆေးလုံးခက်ခဲမှုသည် အနည်းငယ်မျှသာ တိုးလာခြင်းမဟုတ်ပေ။ ဒီဆေးလုံးအတွက် လိုအပ်တဲ့ဆေးဖက်ဝင်ပစ္စည်းများသည် ဒါဇင်နှင့်ချီပြီး အမယ် ၂၀ နီးပါးရှိသည်။ ကျန်းယီမင်ပင်လျှင် အနည်းငယ်ဒုက္ခများလွန်းသည်ဟု ခံစားလိုက်ရသည်။