← Chapters

ဖူကျင်းကုန်သည်ကြီးများအသင်းရဲ့ သံသယများ....

Vol. 11 Ch. 134

ဖူကျင်းကုန်သည်ကြီးများအသင်းရဲ့ သံသယများ....

Vol. 11 Ch. 134

ဟွမ်းချောင်ယုနှင့် တုန်းမီကတော့ တည်ငြိမ်နေဆဲဖြစ်သည်။ ဘာကြောင့်ဆို တစ်ယောက်ကမင်းသမီးဖြစ်ပြီး နောက်တစ်ယောက်ကမိသားစုကြီးက လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့က အနည်းငယ်ပဲအံ့အားသင့်သွားကြသည်။ ဘာလို့ဆို သူတို့ဆရာက ဒီလောက်များပြားတဲ့ ငွေပမာဏကိုသုံးပြီး ဒီလိုပစ္စည်းမျိုးကို ဇွတ်အတင်း ဝယ်ချင်နေရတာလဲကို သိချင်နေကြသည်။

"ဟားဟားဟားဟား.... ဒီလိုဖြစ်နေမှတော့ ပွဲကြီးကြီးတစ်ခုစီစဥ်ကြတာပေါ့... တစ်သန်း..."

ကျန်းယီမင်ကပြုံးလိုက်ပြီး ဈေးနှုန်းကို အဆင့်နိမ့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းအထိ တိုက်ရိုက် မြှင့်တင်လိုက်သည်။ ဖေးနောင်ဂိုဏ်းမှ တပည့်မျက်နှာအမူအရာ အနည်းငယ်ပျက်ယွင်းငွားတော့သည်။ ကျန်းယီမင်ခန့်မှန်းတာ မှန်ကန်ခဲ့သည်။ သူ့မိသားစုက ငွေကြေးမပြတ်လပ်ပေမယ့် သာမန်ကစားစရာတွေအတွက် ဒီလောက်များပြားတဲ့ငွေပမာဏကို သုံးစွဲဖို့ဆိုတာ သူစဉ်းစားရမယ့်ကိစ္စဖြစ်သည်။

"ကောင်းပြီလေ... ခင်ဗျားကိုပေးလိုက်ပါ့မယ်..."

သူဆက်ပြီး မဆင်မခြင်မသုံးစွဲနိုင်တော့မှန်း သိလိုက်ရသဖြင့် ဖေးညောင်ဂိုဏ်းမှ တပည့်သည် ဒေါသတကြီး ထိုင်ချလိုက်ပြီး "လင်းယွင်ဂိုဏ်း၊ ဟွန့်... လင်းယွင်ဂိုဏ်း၊ မင်းတို့ကသတ္တိရှိသားပဲ... ကောင်းပြီလေ..." ဟု ကိုယ့်ဘာသာ ကြိမ်းဝါးနေလိုက်သည်။

"အဲ... ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီလိုဆိုရင် ဒီရတနာကို လင်းယွင်ဂိုဏ်းချုပ်ဆီ တစ်သန်းနဲ့ရောင်းချလိုက်ပါပြီ..."

အစီအစဉ်မှူးတောင်မှ အခြေအနေက အတော်လေး အနေခက်စရာဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။ ဖုန်းဟော်လေလံပွဲရဲ့ ပထမဆုံးရက်မှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

'လင်းယွင်ဂိုဏ်းက တကယ့် ဆူးတစ်ချောင်းပဲ...'

ထိုအချိန်မှာ ဖူကျင်းကုန်သည်ကြီးများအသင်းက လူတစ်ယောက် ကျန်းယီမင် ဘေးနား ရောက်လာသည်။

"လင်းယွင်ဂိုဏ်းချုပ်...၊ လေလံပစ္စည်းအတွက် ခင်ဗျားကမ်းလှမ်းထားတဲ့ စိတ်ဝိညာဥ်ကျောက်တုံး ပမာဏက နည်းနည်း..."

ဒီလူဘာဆိုလိုချင်လဲဆိုတာ ကျန်းယီမင် သဘာဝကျစွာ နားလည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူဖုန်းဟော်လေလံပွဲမှာ ပထမဆုံးအကြိမ် ပါဝင်တာဖြစ်ပြီး သူ့ဂိုဏ်းကလည်း အဆင့်လေးဂိုဏ်းတစ်ခုသာ ဖြစ်သည်။ တစ်ဖက်လူက သူ့မှာပေးချေနိုင်မယ့် ငွေကြေးရှိမရှိ သံသယဝင်နေတာထင်ရှားသည်။

"နားလည်ပါပြီ... နားလည်ပါပြီ... ခင်ဗျားတို့ရဲ့ အခြေအနေကိုလည်း ကျွန်တော်တို့နားလည်ပါတယ်..."

ထိုသို့ပြောပြီးနောက် ကျန်းယီမင် ပြုံးလျက် စိတ်ဝိညာဥ်ကျောက်တုံးအိတ်တစ်လုံးကို ထုတ်ယူကာ ထိုလူထံ ပစ်ပေးလိုက်သည်။ အိတ်အရွယ်အစားကို မြင်လိုက်ရသောအခါ ဖူကျင်းကုန်သည်ကြီးများအသင်းမှ စေလွှတ်လိုက်သောသူက အနည်းငယ်အနေခက်သွားသည်။

'ဒီအိတ်က စိတ်ဝိညာဥ်ကျောက်တုံးအများကြီး မဆံ့နိုင်တဲ့ပုံစံ ဖြစ်မနေဘူးလား... လင်းယွင်ဂိုဏ်းချုပ်က တုံးအချင်ယောင်ဆောင်နေတာလား...၊ တကယ်ပဲ တုံးတာလား... သူ ဖူကျင်းကုန်သည်ကြီးများအသင်းမှာ တကယ်ပြဿနာရှာဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်...'

"ဖွင့်ကြည့်လိုက်ပါ..."

ကျန်းယီမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုလူ ခေါင်းညိတ်လိုက်ပြီး အနေခက်သောအပြုံးဖြင့် လက်ထဲမှအိတ်ကို ဖွင့်ကြည့်လိုက်သည်။

ဒါတွေအားလုံးက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတွေပဲ... အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့အိတ်တစ်လုံးကြီး...'

"တခြား ပြဿနာရှိသေးလား..."

ထိုအရာက အာမခံချက်တစ်ခု သက်သက်သာဖြစ်သည်။ လင်းယွင်ဂိုဏ်းချုပ်က အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီးပိုင်ဆိုင်ထားနိုင်မှတော့ သူ့ရဲ့ငွေကြေးတတ်နိုင်စွမ်းက သေချာပေါက် မဆိုးဘူးလို့ တွေးလိုက်သည်။ လူတိုင်းက ကျန်းယီမင်ကိုယ့်ကိုယ်ကို အရူးလုပ်တာမြင်တွေ့ရဖို့ စောင့်နေကြသည်။ အားလုံးက သူကကစားစရာတစ်ခုအတွက် အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သန်း တကယ်တတ်နိုင်ပါ့မလားလို့ တွေးနေကြသည်။

သို့သော် သူတို့မြင်တွေ့လိုက်ရသည်မှာ ဖူကျင်းကုန်သည်ကြီးများအသင်းမှ လူသဘောထား ပြောင်းလဲသွားခြင်းဖြစ်ပြီး သူသည် ကျန်းယီမင်ကို ချက်ချင်းဦးညွှတ်ကာ ကျန်းယီမင်စကားကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

'လင်းယွင်ဂိုဏ်းက ဟန်ပြသက်သက်လုပ်နေတဲ့ အားနည်းသူတစ်စု မဟုတ်ဘူးပဲ... သူတို့မှာ အခြေခံအုတ်မြစ် တချို့ရှိတာပဲဟ...'

ကျန်းယီမင်က လက်ဝှေ့ယမ်းပြီး ထိုလူကိုထွက်သွားခိုင်းလိုက်သည်။ ချက်ချင်းပင် အစေခံအနည်းငယ်ရောက်လာပြီး လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များကို ဝိုင်းရံလိုက်ကြသည်။ သူတို့က အဆင့်မြင့်ဧည့်သည်တော်တစ်ဦးကို ဝန်ဆောင်မှုပေးနေသကဲ့သို့ လက်ဖက်ရည်နှင့် ရေများကိုဆက်သကြသည်။

"လေလံတင်မယ့် ဒုတိယမြောက်ပစ္စည်းကတော့ တော်ဝင်လျှို့ဝှက်နဂါးပန်းအိုးပါ... ဒဏ္ဍာရီတွေအရတော့..."

"ဆရာ... ဒုတိယပစ္စည်းရောက်လာပြီ၊ ဒါပေမဲ့ ပန်းအိုးတစ်လုံး သက်သက်ပဲထငွတယ်။ ခုနက ပစ္စည်းက အသုံးဝင်ကောင်းဝင်နိုင်ပေမယ့် ဒီဟာကတော့ တကယ်ပဲ..." တုန်းမီက သေချာကြည့်ပြီးမှ ဆက်ပြောသည်။

"ကျွန်တော့်မိသားစုလည်း ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတချို့ရှိတယ်၊ ဒါပေမဲ့ ကျွန်တော်လည်း စိတ်မဝင်စားပါဘူး။ ဒီပစ္စည်းအတွက်စဖွင့်ဈေးက ၁၅၀,၀၀၀လောက် ဖြစ်သင့်တယ်"

"စဖွင့်ဈေး... အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး ၁၅၀,၀၀၀..."

ကျန်းယီမင်သည် လက်ထဲမှရှေးဟောင်းစာအုပ်ထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး ခေါင်းပင်မမော့ဘဲ ပြောလိုက်သည်။

"လင်းဖေး...၊ ၃၀၀,၀၀၀...."

သူက ဈေးနှုန်းကို ချက်ချင်းနှစ်ဆတိုးလိုက်သည်။

အခုအချိန်တွင် ဂူလင်းဖေးသည် သူ့ဆရာပုံစံကို တဖြည်းဖြည်း ကျင့်သားရလာသည်။ သူ့ဆရာက ဒီလိုဖြစ်နေမှတော့ သူလည်း ဒီနေ့ပျော်ပျော်ပါးပါး နေလိုက်တာ ပိုကောင်းတာပေါ့....။

"သုံးသိန်း..."

"လင်းယွင်ဂိုဏ်း... လင်းယွင်ဂိုဏ်းက သုံးသိန်း ပေးလိုက်ပြီ..."

ထို့နောက် ဖေးနောင်ဂိုဏ်းမှတပည့်က မတ်တတ်ရပ်လိုက်ပြီး ဈေးနှုန်းကိုမြှင့်တင်လိုက်သည်။

"ငါးသိန်း..."

"ဆရာ... ဟိုကောင်လေးပဲပြန်ရောက်လာပြီ... သူ ငါတို့ကို တကယ်ဆန့်ကျင်ချင်နေတာပဲ..."

ဂူလင်းဖေးက ရှေ့မှရင်းနှီးသောပုံရိပ်ကို မြင်လိုက်ရသောအခါ အနည်းငယ်နားမလည်နိုင် ဖြစ်သွားသည်။

"အော်... သူတို့က ငါတို့ကိုဆန့်ကျင်ချင်နေမှတော့ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့..."

ကျန်းယီမင်မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခုက လက်ခနဲဖြတ်သန်းသွားသည်။

"ခြောက်သိန်း..." သူကိုယ်တိုင် ဈေးနှုန်းခေါ်လိုက်သည်။

"အော်... ဘာလို့ဈေးနည်းနည်းလေးပဲ တိုးရဲတာလဲ... ဟင်... လင်းယွင်ဂိုဏ်းက ဒီလိုသုံးစွဲဖို့မတတ်နိုင်တော့လို့များလား... ခုနစ်သိန်း..."

ထိုလူမျက်နှာတွင် ရန်စသောအမူအရာပေါ်နေပြီး ကျန်းယီမင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ချင်နေသည်။

"ဆရာ..."

"ငါ မအပါဘူး...။ စဉ်းစားကြည့်...၊ ခုနက ဒီကောင်လေးဝယ်ချင်ခဲ့တဲ့ ပစ္စည်းကဘာလဲ... အနည်းဆုံးတော့ သူ့ဂိုဏ်းထဲမှာလေ့ကျင့်တိုက်ခိုက်တဲ့အခါ အသုံးချလို့ရနိုင်သေးတယ်။ ဒါပေမဲ့ ဒီပစ္စည်းက လုံးဝအသုံးမဝင်ဘူး။ သူ တကယ်မလိုချင်ပါဘူး..."

ကျန်းယီမင်စကားကို ကြားသောအခါ လူတိုင်း သဘောပေါက်သွားကြသည်။ သူတို့ဆရာက ဒီဦးနှောက်မရှိတဲ့ကောင်နဲ့ တကယ် ပြိုင်ဆိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် လက်စသတ်တော့ သူတို့ဆရာမှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေတာကိုး...။

"ရွေးချယ်စရာမရှိတော့ဘူး...။ တိုက်ဆိုင်စွာပဲ လင်းယွင်ဂိုဏ်းမှာ ပန်းအိုးတစ်လုံးလိုနေတာ... ရှစ်သိန်း..."

"ဒါဆိုရင်တော့ မင်းကိုဝယ်ခွင့်မပေးနိုင်တော့ဘူး...။ ဂိုဏ်းသေးသေးလေးတစ်ခုက ကိုယ့်တပည့်တွေ ကျင့်ကြံခြင်းတိုးတက်အောင် ဘယ်လိုကူညီရမလဲဆိုတာ မစဉ်းစားဘဲ ဒီမှာပန်းအိုးလာဝယ်နေတယ်... ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့... ကိုးသိန်း..."

ပန်းအိုးတစ်လုံး သက်သက်ဖြစ်သော်လည်း ဈေးနှုန်းက ကိုးသိန်းအထိရောက်သွားခဲ့သည်။

"ဒါက... ကောင်းပြီလေ... ဒီလိုဆိုမှတော့ မင်းကိုပေးလိုက်ပါ့မယ်..."

"မင်း...."

ဖေးနောင်ဂိုဏ်းမှတပည့်က ဈေးနှုန်းဆက်တင်ရန် ပြင်လိုက်သော်လည်း ကျန်းယီမင်က သူ့ကိုဒီလိုမျိုး စကားမပြောနိုင်အောင် လုပ်လိုက်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ လင်းယွင်ဂိုဏ်းမှ တပည့်များကလည်း အော်ဟစ်ရယ်မောလိုက်ကြသည်။

"ဆရာ... နည်းဗျူဟာကောင်းပဲ... ဒီဦးနှောက်မရှိတဲ့ကောင် နောင်တရလွန်းလို့ ရင်ကွဲတော့မယ်..."

"ဟားဟားဟားဟား... ဆရာ... သူနောင်တရနေတာ ကြည့်ပါဦး..."

ကျန်းယီမင်သည် အကူအညီမဲ့သောမျက်နှာထားဖြင့် ပခုံးတွန့်ပြလိုက်သည်။

"ဖေးနောင်ဂိုဏ်းက ပစ္စည်းကိုဝယ်ယူလိုက်ပါပြီ..."

ဖေးနောင်ဂိုဏ်းမှတပည့်သည် ပန်းအိုးတစ်လုံးကို ၉၀၀,၀၀၀ ဖြင့် လေလံဆွဲယူလိုက်ရသည်။ ဖေးနောင်ဂိုဏ်းကတတ်နိုင်သော်လည်း ဈေးနှုန်းက သူတို့ကို လိမ်လည်ခံလိုက်ရသလို ခံစားရစေသည်။ လေလံပွဲရဲ့ပထမရက်က ပစ္စည်းသေးသေးလေးတွေသာဖြစ်သည်၊ လူငယ်တွေကစားဖို့အတွက်ပဲဆိုတာ ကျန်းယီမင်က နောက်ဆုံးမှာနားလည်သွားသည်။ ထို့ကြောင့် လေလံပစ္စည်းများဈေးနှုန်းများသည် နှိုင်းယှဉ်လိုက်ရင် ပျမ်းမျှသာဖြစ်သည်။ တကယ်တမ်းတွင် သိပ်မဈေးကြီးလှပေ။

ထိုအရာက ကျန်းယီမင်ရဲ့ ရှုထောင့်ကကြည့်ရင်ပေါ့။ အခြားအဆင့်လေးဂိုဏ်းများအတွက်မူ ဈေးနှုန်းများသည် မိုးထိအောင်မြင့်မားနေသည်။ လေလံပစ္စည်း ဒါဇင်နီးပါးပြသခဲ့ပြီးဖြစ်ကာ အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံးဆယ်သန်းနီးပါး သုံးစွဲခြင်းဖြင့် ကျန်းယီမင်သည် သူလိုချင်တာအားလုံးကို ဝယ်ယူခဲ့သည်။ ထိုသို့ဖြင့် လင်းယွင်ဂိုဏ်းထိုင်ခုံနေရာများသည်လည်း ဆက်တိုက်အဆင့်မြှင့်တင်ခံနေရသည်။

ကျန်ရှိနေသောအရှေ့တန်းမှ နေရာလွတ်များသည် ရက်ရောသောဝယ်ယူသူများအတွက် ဖြစ်ကြောင်း ကျန်းယီမင်သေချာနေသည်။ လင်းယွင်ဂိုဏ်းက အရှေ့တန်းတွင်ထိုင်ရန် ဖိတ်ကြားချက်မရရှိသေးခြင်းက အချက်တစ်ချက်ကိုသာ ဆိုလိုသည်။

'သူ ပိုက်ဆံအလုံအလောက် မသုံးရသေးဘူး...'

"ကောင်းပါပြီ... ခင်ဗျားတို့အားလုံး ပိုတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြင်ချင်နေကြပြီလို့ ကျွန်တော်ထင်ပါတယ်... နောက်တစ်ကျော့မှာ ပါဝင်တဲ့ပစ္စည်းတိုင်းက ရတနာတွေပါ... လိုချင်စိတ်ရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်လှုပ်ရှားကြပါ..."

ကျန်းယီမင် အိပ်ချင်နေသည်။ ဒီစကားတွေကို ကြားလိုက်ရတော့မှ သူနည်းနည်းအားပြန်တက်လာသလို ခံစားလိုက်ရသည်။

"ပထမဆုံး ပစ္စည်း... သွေးဝါးကျောက်စိမ်းရိုး..."

သွေးဝါးကျောက်စိမ်းရိုးသည် တကယ်တမ်းအရိုးမဟုတ်ပေ။ ၎င်းနာမည်ရဲ့ မူလဇစ်မြစ်သည် ပုံမှန်အားဖြင့် ဒဏ္ဍာရီများထဲတွင်သာတည်ရှိသည်။

All Chapters