← Chapters

တခြားအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု...

Vol. 11 Ch. 136

တခြားအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု...

Vol. 11 Ch. 136

"ဟားဟားဟားဟား... ကောင်းပြီ... သေချာပေါက် ကျွန်တော်မလုပ်ပါဘူး..."

သူ့ရှေ့မှလူသည် သိသာထင်ရှားစွာပင် တည်ငြိမ်နေပြီး ပြောလိုက်သည့်စကားလုံးတိုင်းသည် လေးနက်ပြီး မြင့်မြတ်သောအရှိန်အဝါပါရှိသည်။ ထိုအရာသည် သူ့အရွယ်နှင့် မလိုက်အောင်ပင် ဖြစ်သည်။

"ဒီလိုဆိုရင် ဒီနေ့ ခင်ဗျားလိုလူတော်လူကောင်းတစ်ယောက်နဲ့ သိခွင့်ရတာ ကျွန်တော်ကံကောင်းတယ်လို့ မှတ်ယူရမှာပဲ..."

"မဟုတ်တာဗျာ... ဒီစကားတွေကို စောစောစီးစီး

မပြောပါနဲ့ဦး။ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်လုံး ကြိုက်နှစ်သက်မယ့်အရာ ပါလာမလားဆိုတာ ဘယ်သူသိမှာလဲ..."

"ကောင်းပါပြီ... ခင်ဗျားက တကယ်ပဲ

အမြော်အမြင် ကြီးမားပါပေတယ်... ငယ်ရွယ်တဲ့ ဂိုဏ်းချုပ်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."

"အကြီးအကဲ၊ ခင်ဗျား နောက်နေတာနေမှာပါ။ ကျွန်တော့် လင်းယွင်ဂိုဏ်းမှာ အခြေတည်စိတ်ဝိညာဥ်ကျင့်ကြံသူ ငါးယောက်တောင်မပြည့်ပါဘူး၊ ပြီးတော့ဂိုဏ်းထဲမှာ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူဆိုလို့ ကျွန်တော်တစ်ယောက်တည်းရှိတာပါ။ ကျွန်တော်တို့ကို အဖွဲ့အစည်းကြီးတစ်ခုလို့ သတ်မှတ်လို့ မရပါဘူး"

ကျန်းယီမင်က ခေါင်းခါလိုက်သည်။ ထိုအကြီးအကဲစကားက ဒီတစ်ခေါက် သူဒီကိုလာရတဲ့ အကြီးမားဆုံးရည်ရွယ်ချက်သည် ဂိုဏ်းလူသိများမှုကို မြှင့်တင်ရန်ဖြစ်ကြောင်း သူ့ကိုသတိရသွားစေသည်။ အကယ်၍ သူသာ လေလံပွဲတွင်ရန်သူအများအပြား ဖန်တီးလိုက်လျှင် ကောင်းသောအရာဖြစ်လာမည် မဟုတ်ပေ။ အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံးသာ ကျသင့်သော လေလံပစ္စည်းများကို သူပေါ့ပေါ့ပါးပါးဝယ်ယူနိုင်သော်လည်း ဒီမှာရှိနေတဲ့အဖွဲ့အစည်းအများအပြားမှာ ဒီလေလံပွဲကနေ သူတို့လိုချင်နေတဲ့အရာတွေ ရှိကောင်းရှိလိမ့်မည်။

ထိုသို့ တွေးမိသောအခါ ကျန်းယီမင်က စတင်စဉ်းစားလိုက်သည်။ ဒီလေလံပွဲမှာ သူ့ဂိုဏ်းအတွက် လိုအပ်တဲ့အရာတချို့ ရှိကိုရှိရမည်။ ပထမဦးစွာ သူတို့သည် ဆေးဖက်ဝင်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများနှင့် ဆေးလုံးများလိုအပ်သည်။ ထိုပစ္စည်းများသည် သေချာပေါက်အသုံးဝင်လိမ့်မည်။ သူ ထိုအရာတွေကို လေလံဆွဲသင့်သည်။

နောက်ထပ်အနေဖြင့် သူတို့သည် ဝိညာဉ်လက်နက်များ၊ မှော်ရတနာများနှင့် သိုင်းပညာကျမ်းအမျိုးမျိုးလည်း လိုအပ်သည်။ ထိုပစ္စည်းများသည် သိပ်ပြီးအသုံးမလိုသော်လည်း ဂိုဏ်းထဲတွင် အလှပြရန်အတွက် ထားရှိလျှင်ပိုကောင်းလိမ့်မည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်၊ ကျင့်စဉ်များနှင့် လျှို့ဝှက်နယ်မြေများအတွက်မူ သူလုံးဝမလိုအပ်သော အရာများ ဖြစ်သည်။ လက်ရှိ လင်းယွင်ဂိုဏ်းအသုံးပြုနေသည်ထက် ပိုမိုအားကောင်းသော ဂိုဏ်းကာကွယ်ရေးအစီအရင် သို့မဟုတ် ကျင့်စဉ်တစ်ခုခုကို သူ့မှတ်ဉာဏ်ထဲတွင် ရှာဖွေလို့ပင် မရနိုင်ပေ။

ကျန်းယီမင်သည် သူ့တပည့်များနှင့် ထိုကိစ္စကို ဆွေးနွေးပြီးနောက် သူတို့အားလုံးက သူတို့ဆရာ၏ အမြင်ကို သဘောတူကြသည်။ ဥပမာအားဖြင့် အခြားအဖွဲ့အစည်းများ တကယ်လိုအပ်နေသော ကျင့်စဉ်အချို့ရှိလာသည့်အခါ လင်းယွင်ဂိုဏ်းသည် လူကြီးလူကောင်းဆန်စွာဖြင့် တခြားအဖွဲ့အစည်းများ သူတို့ရည်မှန်းချက်ပြည့်မြောက်အောင် ကူညီပေးနိုင်သည်။

"နောက်ထပ်ရတနာ... စိတ်ဝိညာဉ်စုစည်းဆေးလုံး... ဒီရတနာအကြောင်း ကျွန်တော် အများကြီးပြောစရာမလိုဘူး ထင်တယ်... ဟုတ်တယ်မလား... ဒါက မွေးဖွားခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ရာမှာ အထောက်အကူပြုနိုင်တဲ့ ဆေးလုံးတစ်လုံးပါ... ဒါ့အပြင် ဒီဆေးလုံးက သာမန်စိတ်ဝိညာဉ်စုစည်းဆေးလုံးတွေနဲ့ မတူဘူး... သူ့မှာ အဆင့်မြင့်ကျင့်ကြံသူအများကြီးရဲ့ အရှိန်အဝါတွေပေါင်းစပ်ပါဝင်နေပါတယ် ... ဒါကြောင့် သူ့ရဲ့အာနိသင်နဲ့ အကျိုးကျေးဇူးတွေအကြောင်း ကျွန်တော်ထပ်ပြီး ရှင်းပြနေစရာမလိုတော့ပါဘူး..."

ဆေးလုံးသည် လူတိုင်းရှေ့တွင်ပေါ်လာသောအခါ ကျန်းယီမင်သည် သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ် လှုပ်ရှားလာတာကို ခံစားလိုက်ရသည်။

'အစီအစဉ်မှူးက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ဘူးပဲ...'

စိတ်ဝိညာဉ်စုစည်းဆေးလုံးသည် အမှန်အတိုင်းပြောရရင် သိပ်မရှားပါးလှပေ။ ထိုဆေးကို အဆင့်တိုင်းတွင် ချိုးဖျက်ဝင်ရောက်ရန် အထောက်အကူအဖြစ် အသုံးပြုနိုင်ပြီး အောင်မြင်နိုင်ခြေကို တိုးမြင့်စေသည်။ သို့သော် ကျင့်ကြံခြင်းအဆင့်မြင့်လေလေ၊ အဆင့်တက်ရန် ခက်ခဲလေလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျရှုံးနိုင်ခြေလည်း ရှိနေသည်။ စိတ်ဝိညာဉ်စုစည်းဆေးလုံးနှင့်ဆိုလျှင် ချိုးဖျက်ဝင်ရောက်ရန်ခက်ခဲမှုသည် များစွာလျော့နည်းသွားလိမ့်မည်။

တကယ်တော့ စိတ်ဝိညာဉ်စုစည်းဆေးလုံးသည် ဆေးလုံးအမျိုးအစားတစ်ခုအတွက် ပုံသေနာမည်တစ်ခု မဟုတ်ပေ။ ထိုသို့သော အာနိသင်ရှိသည့်မည်သည့်ဆေးလုံးကိုမဆို စိတ်ဝိညာဉ်စုစည်းဆေးလုံး ဟု ခေါ်ဆိုနိုင်သည်။ စိတ်ဝိညာဉ်စုစည်းဆေးလုံး ပြုလုပ်ပုံနည်းလမ်းများသည် ထပ်တူမကျသော်လည်း များစွာကွဲပြားခြင်းမရှိပေ။ အနည်းငယ် ကွဲပြားသော နည်းလမ်းများဖြင့် မတူညီသော အာနိသင်များကိုရရှိနိုင်သည်။ ဒီစိတ်ဝိညာဉ်စုစည်းဆေးလုံးသည် ကျင့်ကြံသူအများကြီးရဲ့ အရှိန်အဝါကို စုပ်ယူထားသဖြင့် တခြားစိတ်ဝိညာဉ်စုစည်းဆေးလုံးများနှင့်ယှဉ်လျှင် သူ့အာနိသင်က ပိုမိုသိသာထင်ရှားနိုင်သည်။

အခုတော့လေထဲမှာ ထွက်ပေါ်လာရုံနဲ့တင် သူ့ခန္ဓာကိုယ်က အာနိသင်ကို ချက်ချင်းခံစားလိုက်ရသည်။ ဒီပစ္စည်းကို လင်းယွင်ဂိုဏ်းက မဖြစ်မနေ ရယူရမည့်ပုံဖြစ်နေသည်။

'ဒါပေမဲ့ တခြားဂိုဏ်းတွေကရော ဘယ်လိုလုပ် မလိုချင်ဘဲနေမှာလဲ... ဘာပဲဖြစ်ဖြစ် အဆင့်တစ်ခုတက်လာတိုင်း ကောင်းကင်နှင့်မြေကြီး ကွာခြားသလို ဖြစ်သွားတာလေ... မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံသူများအကြား ထိပ်တန်းလို့ သတ်မှတ်နိုင်ပြီဖြစ်သော်လည်း မွေးဖွားခြင်းအဆင့်အထက်သို့ ရောက်ရှိနိုင်ပါက ပိုကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ရလာလိမ့်မည်။

"ဒီဆေးလုံးအတွက် စဖွင့်ဈေးက အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၃၀၀,၀၀၀ ပါ..."

မွေးဖွားခြင်းအဆင့် အထောက်အကူပြုစိတ်ဝိညာဉ်စုစည်းဆေးလုံး...။ ဒီဆေးလုံးရဲ့အဆင့်က သူဖော်စပ်နိုင်တဲ့ ဆေးလုံးတွေရဲ့အဆင့်ထက် နှစ်ဆင့်ပိုမြင့်နေသည်။

'ဒါတောင်စဖွင့်ဈေးက ၃၀၀,၀၀၀ ပဲ ရှိတာလား... ဖူကျင်းကုန်သည်ကြီးများအသင်းက သူတို့တွေတိုက်ခိုက်နေတာ ထိုင်ကြည့်ချင်နေတာ ဖြစ်မယ်၊ ဟုတ်တယ်မလား...'

"ရှစ်သိန်း..."

"လင်းယွင်ဂိုဏ်း... အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၈၀၀,၀၀၀..."

"အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၀,၀၀၀..."

ချက်ချင်းပင်အဖွဲ့အစည်းတစ်ခုက ဝင်ရောက် လေလံဆွဲလိုက်ပြီး ဈေးနှုန်းကို အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၂၀၀,၀၀၀ ဖိုးအထိတိုးမြှင့်လိုက်သည်။ ထို့ကြောင့် လေလံဈေးသည် အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး အတိုင်းအတာကို ကျော်လွန်သွားပြီး အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးအတိုင်းအတာထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၀,၀၀၀ ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးပေ။ နှမြောစရာကောင်းတာက သူကျန်းယီမင်ဆီမှာ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သန်းနီးပါး ရှိနေတာဖြစ်သည်။

"၁၅,၀၀၀...."

လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

'လင်းယွင်ဂိုဏ်းက ဘယ်လောက်တောင် ချမ်းသာတာလဲဟ...'

"ငါကြားတာတော့ လင်းယွင်ဂိုဏ်း အောက်ဆုံးအခြေအနေရောက်နေတုန်းက တစ်နှစ်ကို ကာကွယ်ခ စိတ်ဝိညာဥ်ကျောက်တုံး ၁,၀၀၀တောင် မပေးနိုင်ခဲ့ဘူးတဲ့..."

"တစ်နှစ်ကို အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁,၀၀၀ လား၊ အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၁,၀၀၀ လား...."

"ဘာ အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးလဲ... အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံးကွ... ကာကွယ်ခက တစ်နှစ်ကို အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး ၁,၀၀၀ တည်းပဲ... အဲ့ဒါတောင် သူတို့ မတတ်နိုင်ခဲ့ဘူးတဲ့..."

တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကနေ ပွဲလာကြည့်တဲ့ လူတွေလည်း မနည်းပေ။ လင်းယွင်ဂိုဏ်းအကြောင်းက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာ မှာ ပျံ့နှံ့နေတာကြာပြီဖြစ်ပြီး အဲ့ဒီကလူတိုင်းက လင်းယွင်ဂိုဏ်းနဲ့ ပတ်သက်တဲ့ကောလာဟလတွေကို အနည်းအကျဉ်း သိခားကြသည်။

"မဖြစ်နိုင်ဘူးမလား.. သူတို့ တကယ်ပဲအဲ့ဒီလို အခြေအနေအထိ ကျရောက်ခဲ့တာလား..."

"လုံးဝအမှန်ပဲ... ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ..."

"ဒါဆိုရင် သူတို့ ရုတ်တရက်ဘယ်လိုကံကောင်းမှုမျိုး ရသွားတာလဲ... အခု အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၅,၀၀၀ တောင် ပေးနိုင်နေပြီ... ပြီးတော့ အဲ့ဒီပမာဏကို ဒီလိုပဲလွယ်လွယ်လေး ပေးလိုက်တာလား..."

"ငါလည်းမသိဘူးလေ..."

လေလံဈေးက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၅,၀၀၀ ဖြစ်နေသဖြင့် လူတိုင်းတုံ့ဆိုင်းနေကြသည်။

"လင်းယွင်ဂိုဏ်းက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၅,၀၀၀ ပေးလိုက်ပြီ..."

"နောက်ထပ် ၅,၀၀၀တိုးမယ်... ၂၀,၀၀၀... အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၂၀,၀၀၀..."

တခြားအဖွဲ့အစည်းတစ်ခုက ဈေးနှုန်းမြှင့်လိုက်သည်။ လေလံပွဲဖိတ်ကြားစာကို မနည်းရယူခဲ့ရသော ရှန့်ကွမ်းမိသားစုတောင်မှ သူတို့အထွတ်အထိပ် ရောက်နေချိန်တွင် မွေးဖွားခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်သာ ရှိခဲ့သည်။ ဒီလိုမိသားစုတွေမှာ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ အများအပြားရှိတတ်ကြပေမယ့် မွေးဖွားခြင်းအဆင့်အထက် ကျင့်ကြံသူတွေကတော့ ရှားပါးလှသည်။ မိသားစုထဲမှာ မွေးဖွားခြင်းအဆင့်အထက် ကျင့်ကြံသူတစ်ယောက်ရဖို့အတွက်ဆိုရင် စိတ်ဝိညာဥ်ကျောက်တုံးတချို့ရဲ့ တန်ဖိုးက ဘာမှ မဟုတ်တော့ပေ။

"အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး သုံးသောင်း..."

ကျန်းယီမင်လေသံတွင် ရက်စက်သောအရိပ်အယောင် အနည်းငယ်ပါဝင်နေသည်။ သူ စိတ်ဝိညာဉ်စုစည်းဆေးလုံးကို မရရအောင် ယူဖို့ဆုံးဖြတ်ထားသည်။ တစ်ချိန်တည်းမှာပင် ဒီကမ္ဘာကြီးမှာ ကြွယ်ဝချမ်းသာမှုအပိုင်းနဲ့ ပတ်သက်ရင် သူ့ကို ယှဉ်နိုင်တဲ့သူ အနည်းငယ်သာရှိမယ်လို့ သူယုံကြည်ထားသည်။

"အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၃၅,၀၀၀...."

ကျန်းယီမင် အသံလာရာလမ်းကြောင်းကို ကြည့်လိုက်သည်။ သိသာထင်ရှားစွာပင် ကျင့်ကြံသူတစ်ဦးဖြစ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုလူရဲ့တည်ငြိမ်အေးဆေးသော ပုံစံကို ကြည့်ခြင်းအားဖြင့် သူလည်း ဒီပစ္စည်းကို အရယူဖို့ ဆုံးဖြတ်ထားပုံရသည်။

"လေးသောင်း..."

"လေးသောင်းခွဲ..."

အမှန်အတိုင်းပြောရရင် ကျန်းယီမင်ဆက်လက်ကျင့်ကြံနေမယ်ဆိုရင် ဒီလိုအဆင့်ရှိတဲ့ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့က အချိန်တစ်ခုပဲလိုတော့တယ်ဆိုတာ သူသိနေသည်။

'ဒါပေမဲ့ ဒါကပိုက်ဆံနဲ့ ဒဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စတစ်ခု ဖြစ်နေမှတော့ ဘာလို့မလုပ်ဘဲ နေရမလဲ...'

"ခြောက်သောင်း..."

ကျန်းယီမင်က အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် ဈေးနှုန်းကို ၆၀,၀၀၀ အထိ တိုက်ရိုက်မြှင့်တင်လိုက်သည်။ တကယ်တော့ တစ်ဖက်လူက သူမြင်ရသလောက် တည်ငြိမ်အေးဆေးမနေပေ။ သူက ကျန်းယီမင်ရဲ့ အောက်ဆုံးမျဉ်းကို မပြတ်တမ်းစမ်းသပ်နေရုံသာ ဖြစ်သည်။ သို့သော် ထိုလူကို ကြောက်ရွံ့စေသည့်အချက်မှာ သူ့မျက်နှာချင်းဆိုင်မှလူငယ်လေးသည် အစမှအဆုံးအထိ လုံးဝတုန်လှုပ်ချောက်ချားခြင်း မရှိခြင်းပင် ဖြစ်သည်။

All Chapters