← Chapters

လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်စဉ်...

Vol. 12 Ch. 138

လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်စဉ်...

Vol. 12 Ch. 138

လေလံခန်းမကြီးတစ်ခုလုံးက မရေမတွက်နိုင်အောင်များတဲ့လူတွေလည်း ဒီမေးခွန်းမျိုး မေးချင်နေကြသည်။ ကျင့်စဉ်က စုတ်ပြတ်နေတဲ့စာလိပ်တစ်ခုနဲ့ တူနေသည်။ ထုတ်လွှတ်နေတဲ့ အရှိန်အဝါကြောင့်ပဲဖြစ်ဖြစ်၊ သူ့ရဲ့ အသွင်အပြင်ကြောင့်ပဲဖြစ်ဖြစ်၊ ဒါက တကယ့် တန်ဖိုးရှိတဲ့အရာတစ်ခုလို့ မထင်ရပေ။ သို့သော် တစ်ချိန်တည်းမှာပဲ ဒီကျင့်စဉ်ပေါ်လာတဲ့အခါ ရှေ့တန်းကအဖွဲ့အစည်းအများစုက ဂနာမငြိမ် ဖြစ်ကုန်ကြတာကို လူတိုင်းသတိထားမိလိုက်ကြသည်။

“အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး နှစ်သိန်း...”

ကျန်းယီမင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။ သူအခု လိုချင်နေတာတစ်ခုတည်းက ဒီကျင့်စဉ်ကို မြန်မြန်ဆန်ဆန်ရရှိဖို့သာဖြစ်သည်။ သူပေးရမယ့် ဈေးနှုန်းအတွက်တော့ သူထည့်စဉ်းစားစရာမလိုပေ။ ထိုပမာဏက ဒီနေ့သူသုံးစွဲခဲ့တဲ့ စုစုပေါင်းပမာဏထက်တောင် ပိုများနေသည်။ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၂၀၀,၀၀၀ ဆိုတာ ဘယ်သူ့အတွက်မဆို နည်းတဲ့ပမာဏတော့ မဟုတ်ပေ။ ထိုပမာဏက သူ့ပြိုင်ဘက်တချို့ကို လက်လျှော့သွားစေဖို့ လုံလောက်မယ်လို့ သူမျှော်လင့်ထားလိုက်သည်။

“လေးသိန်း...”

ထိုအရာကို ကြားလိုက်ရတော့ လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များ ထိတ်လန့်သွားကြသည်။ ကျန်းယီမင်က အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ၂၀၀,၀၀၀ ပေးထားပြီးသားဖြစ်သည်၊ သို့သော် တခြားတစ်ယောက်က ထိုပမာဏထက် နှစ်ဆတိုးလိုက်သည်။ သူတို့က ထိုကျင့်စဉ်ရဲ့တန်ဖိုးကို လျှော့တွက်မိခဲ့သည်။

“ငါးသိန်း...”

အဆင့်မြင့် စိတ်ဝိညာဥ်ကျောက်တုံးတွေက လေလံဆွဲဖို့ မလုံလောက်တော့ပေ။ သူတို့က အထွတ်အထိပ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးအဆင့်အတန်းထဲ ဝင်ရောက်ခါနီးဖြစ်လာသည်။

“ခြောက်သိန်း...”

ကျန်းယီမင်က ဆက်လေလံဆွဲလိုက်သည်။ သူ ဒီဈေးနှုန်းကို လုံးဝတတ်နိုင်သည်။ သူ့အတွက်တော့ ဒါက ကိန်းဂဏန်းအနည်းငယ် ပြောင်းလဲသွားရုံသာဖြစ်သည်။ ထို့အပြင် လူတိုင်းရဲ့တုံ့ပြန်မှုတွေကိုအရ ဒီကျင့်စဉ်က သေချာပေါက်ထူးခြားနေသည်။ အထက်တန်းစားအဖွဲ့အစည်းတွေက သတင်းအချက်အလက်ကို ကြိုတင်ရရှိထားပုံရနေသည်။ သူတို့အားလုံး ဒီပစ္စည်းအတွက် ရောက်လာကြတာဖြစ်သည်။

“ဆ-ဆရာ၊ ဒါက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး ခြောက်-ခြောက်သိန်းအထိ ရောက်နေပြီလား...”

ဟွမ်းချောင်ယုအသံ အနည်းငယ်တုန်ရီနေသည်။ ဒီဈေးနှုန်းက တကယ်ပဲလွန်လွန်းနေသည်။ ပထမတော့ သူမဆရာက နောက်နေပြီး အပျော်သဘောနဲ့ ဈေးနှုန်းတင်နေတာလို့ သူမထင်ခဲ့သည်။ သူမဆရာက ဒီလောက်အလေးအနက်ထားမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

‘ဆရာက ဒီကျင့်စဉ်ကို မရရအောင်ယူဖို့ ဆုံးဖြတ်ထားပုံရတယ်...’

တုန်းမီလည်း အနည်းငယ်ဆွံ့အသွားသည်။ ဈေးနှုန်းက သူ့နားလည်နိုင်စွမ်းရဲ့ကန့်သတ်ချက်ကို ရောက်ရှိနေသည်။

“တပည့်တို့...၊ စိတ်မပူပါနဲ့ကွ...။ ဒီကျင့်စဉ်က မင်းတို့ မြင်နေရသလို မရိုးရှင်းတာ သေချာတယ်။ တကယ်လို့ ငါဒါကိုရလိုက်ရင် သူ့ဆီကရလာမယ့် အကျိုးကျေးဇူးတွေက မင်းတို့ထင်ထားသလို ရိုးရှင်းမှာမဟုတ်ဘူး”

ကျန်းယီမင်ကိုယ်တိုင်တောင် ဒီကျင့်စဉ်ရဲ့ အကျိုးကျေးဇူးက ဘယ်လောက်ထိရမလဲဆိုတာ မသေချာပေမယ့် စနစ်က သူ့ကိုပေးအပ်ထားတဲ့ တာဝန်တစ်ခုဖြစ်နေမှတော့ ဒါက သေချာပေါက်မှားစရာမရှိနိုင်ပေ။

‘ဘာပဲဖြစ်ဖြစ် သူ့မှာစိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီး ရှိနေတာပဲ... တကယ်လို့ သူအကုန်သုံးလိုက်ရင်တောင် နှမြောစရာမလိုဘူး... သူ့နောက်မှာ စနစ်ရှိနေတယ် မဟုတ်လား... စိတ်ဝိညာဥ်ကျောက်တုံးဆိုတာ ဘာမှမဟုတ်ဘူး...’

“အထွတ်အထိပ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်း...”

မိသားစုအချို့သည် ကျင့်စဉ်ကိုလုယူရန် ရူးသွပ်နေကြပြီး ဈေးနှုန်းသည် အထွတ်အထိပ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းအထိ ရောက်သွားသည်။ ဒါက ဖုန်းဟော်လေလံပွဲဖြစ်ပြီး မည်သည့်ဈေးနှုန်းမဆို ဖြစ်နိုင်သော်လည်း၊ ဒါကလေလံပွဲရဲ့ ပထမရက်သာရှိသေးပြီး သူတို့လုယူနေကြတာက စုတ်ပြတ်နေတဲ့ ကျင့်စဉ်တစ်ခုဖြစ်နေသည်။

‘ကြည့်ရတာ ဘာထူးခြားမှုမှမရှိတဲ့ ဒီကျင့်စဉ်မှာ ဘယ်လိုမှော်စွမ်းအားတွေ ရှိနေလို့လဲဟ...’

ကျန်းယီမင်က ရှင်းရှင်းလင်းလင်း သိနေသည်။ ဒါက စနစ်က သူ့ကိုပေးအပ်ထားတဲ့ တာဝန်ဖြစ်သည်။

‘ဒါကို ဝယ်ရမယ်...’

လူတိုင်းက အနည်းငယ်စိုးရိမ်စပြုလာကြသည်။ ကျန်းယီမင်က ဈေးနှုန်းကို အထွတ်အထိပ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးနဲ့ ပေးချေရတဲ့အထိ မြှင့်တင်လိုက်သည်။ အခုတော့ အထက်တန်းစားမိသားစုတွေတောင် သူတို့မှာ ဝယ်နိုင်စွမ်းရှိမရှိကို စဉ်းစားရတော့မည်။

ကျန်းယီမင်က ဈေးနှုန်းကို အထွတ်အထိပ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ၁၅,၀၀၀အထိ မြှင့်တင်လိုက်သောအခါ လင်းယွင်ဂိုဏ်းကို ယှဉ်ပြိုင်လိုသော အဖွဲ့အစည်းများက ရပ်တန့်သွားကြသည်။ ထူးထူးခြားခြားဘာမှနာမည်မရှိတဲ့ ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်က အရမ်းချမ်းသာလွန်းလို့ သူ့ရဲ့အမှန်တကယ်အင်အားကို သူတို့ လုံးဝမခန့်မှန်းနိုင်ကြတော့ပေ။

“ကောင်းပြီ... ဒီကျင့်စဉ်ကိုလည်း လင်းယွင်ဂိုဏ်း က အောင်မြင်စွာလေလံဆွဲနိုင်ခဲ့ပါပြီ... လူကြီးမင်းတို့... ဒီနေ့ ခင်ဗျားတို့ရဲ့ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ပါတယ်...”

ဖူကျင်းကုန်သည်ကြီးများအသင်းမှ အဖွဲ့ဝင်များသည်လည်း အံ့သြမှင်သက်နေကြသည်။ ကမ္ဘာပေါ်ရှိ ကုန်သည်ကြီးများအသင်းကြီးတစ်ခုအနေဖြင့် သူတို့သည် ချမ်းသာပြီးအင်အားကြီးသော အဖွဲ့အစည်းအားလုံးနီးပါးကို သိကြသည်။ သို့သော် ဒီလို သွေးပျက်စရာကောင်းတဲ့ လင်းယွင်ဂိုဏ်းက ဘယ်ကရောက်လာတာလဲဆိုတာ သူတို့မတွေးတတ်ဖြစ်နေကြသည်။

ပထမတော့ သူ့အင်အားက အများကြီးတိုးတက်လာတယ်လို့ သူတို့ကြားခဲ့ရသည်။ အစက အဆင့်ငါးဂိုဏ်းတစ်ခုသာ ဖြစ်သော်လည်း ကန်းလန်နယ်မြေသို့ရောက်လာပြီး အဆင့်သုံးမိသားစုတစ်ခုကို ကမောက်ကမဖြစ်အောင် မြေလှန်ပစ်ခဲ့သည်။ ထို့အပြင် အခုသူတို့ဖုန်းဟော်လေလံပွဲကို ပါဝင်ဖို့ ရောက်လာပြီး သူတို့ရဲ့သုံးစွဲနှုန်းက တကယ့်ကိုထူးကဲလွန်းနေသည်။

“ဒီနေ့ ဖုန်းဟော်လေလံပွဲ ပြီးဆုံးပါပြီ... လူကြီးမင်းတို့... ကျေးဇူးပြုပြီး ပြန်အနားယူကြပါ... မနက်ဖြန် ပြန်လာခဲ့ကြပါဦးဗျာ...”

လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များ မတ်တတ်ရပ်ရန် ပြင်လိုက်စဉ် သူတို့ဘေးမှတစ်ယောက်က ကျန်းယီမင် ဖြတ်သွားချိန်တွင် လှောင်ပြောင်လိုက်ပြီး

“ဟီးဟီး...၊ မင်းလိုချင်ပေမယ့် ထိန်းသိမ်းမထားနိုင်တဲ့ အရာတချို့ရှိတယ်ကွ...” ဟု တိုးတိုးလေးပြောလိုက်သည်။

ကျန်းယီမင်က လှည့်ကြည့်လိုက်သည်။ ထိုသူမှာ ကျင့်စဉ်အတွက် သူနှင့်အတော်ကြာအောင် ယှဉ်ပြိုင်ခဲ့သောမိသားစုတစ်ခုမှ အကြီးအကဲတစ်ဦး ဖြစ်နေသည်။

“ဒီမှာ သတ်မှတ်ထားတဲ့စည်းကမ်းချက် တစ်ခုခုရှိပုံမရဘူးနော်... ခင်ဗျား တကယ်ပစ္စည်းလိုချင်ရင် ဈေးနှုန်းခေါ်လိုက်လို့ ရတာပဲလေ... ခင်ဗျား ဈေးမခေါ်နိုင်အောင် ကျွန်တော်တားထားတာ မရှိဘူး... ဟုတ်တယ်မလား...”

“ဟားဟားဟား... ငါက မင်းကိုသတိပေးရုံ သက်သက်ပါ...။ မင်းပေးတဲ့ဈေးက ပိုမြင့်တော့ အမြင့်ဆုံးပေးတဲ့လူရသွားတာ သဘာဝကျပါတယ်... ငါ့မှာ ကန့်ကွက်စရာမရှိပါဘူး...”

ထိုအဘိုးကြီးသည် သူ့ကို ခြိမ်းခြောက်လိုသည့် ပုံစံမျိုးမရှိပေ။ ထိုအစား သူကပြုံးထားသဖြင့် ကျန်းယီမင်က နားမလည်နိုင် ဖြစ်သွားသည်။

“အော်... ဒါဆို ခင်ဗျားမှာကျွန်တော့်အတွက် အကြံဉာဏ်တစ်ချို့ရှိလို့လား...”

ကျန်းယီမင် မျက်ခုံးပင့်လိုက်သည်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်စဉ်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ပါဝင်နေလဲဆိုတာကို သူလည်းမသေချာသေးပေ။

“မရှိပါဘူး...၊ မရှိပါဘူး...။ ငါ့မိသားစုလည်း အဲဒီကျင့်စဉ်ကို လိုချင်ခဲ့ပေမယ့် ငါတို့က ငွေကြေး တကယ်ပြတ်လပ်နေတော့ လက်လျှော့လိုက်ရတာပါ။ မင်းလည်း ဒီကျင့်စဉ်ကို တော်တော်စိတ်ဝင်စားနေပုံရတော့ အဲဒီအကြောင်း ဗဟုသုတတချို့ရှိမှာပါ...”

အဘိုးကြီးသည် ဒီအတိုင်းစကားနည်းနည်း လာပြောရုံ သက်သက်ဖြစ်သည်။ သူက ဘယ်လိုအသုံးပြုရမလဲဆိုတာ တကယ်မပြောပြခဲ့ပေ။ ကျန်းယီမင် အရာအားလုံးကို ကိုယ့်ဘာသာကိုယ် စူးစမ်းလေ့လာရေတာ့မည်။ ဒီနေ့အတွက် ဖုန်းဟော်လေလံပွဲ ပြီးဆုံးသွားခဲ့သည်။ ကျန်းယီမင် ပြန်ရောက်ပြီးနောက် သူဒီနေ့ လေလံဆွဲထားသောပစ္စည်းများကို လက်ခံရရှိခဲ့သည်။

ဒီနေ့အတွက် သူ အများဆုံးအထွတ်အထိပ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး အနည်းငယ်သာ သုံးစွဲခဲ့ရသည်။ သူ့ပစ္စည်းတွေ အိမ်တိုင်ရာရောက်ပို့လာပြီးနောက် သူတည်းခိုခန်းထဲမှာ ကျင့်စဉ်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားဖို့ကြံစည်လိုက်သည်။ သူ့တပည့်တွေအမြင်မှာ မိုးထိအောင် မြင့်မားတဲ့ဈေးနှုန်းကို ပေးချေပြီးနောက် သူတို့လေလံပစ္စည်းများကို စိတ်အားထက်သန်စွာ လက်ခံရယူလိုကွကြသည်။ ကျန်းယီမင်သည် စုတ်ပြတ်နေသော ကျင့်စဉ်ကို ယူဆောင်သွားပြီး ကျန်တာများကို သူ့တပည့်များလေ့လာရန် ထားပေးခဲ့သည်။

သူ အခန်းထဲတွင်တံခါးပိတ်ပြီး သေချာလေ့လာရန် ပြင်ဆင်လိုက်သည်။ စနစ်က သူ့ကိုဒီလိုတာဝန်မျိုး ပေးအပ်ထားမှတော့ မှားယွင်းစရာအကြောင်းမရှိပေ။ မိုးထိအောင် မြင့်မားတဲ့ဈေးနှုန်းနဲ့ ဝယ်ယူထားရတဲ့ ကျင့်စဉ်တစ်ခုဖြစ်တဲ့အတွက် ကျန်းယီမင်သည် သူ့စိတ်ထဲတွင် ထိုကျင့်စဉ်၏အသုံးပြုပုံများကို စဉ်းစားနေသည်။ သူ့အရင်ဘဝက ကစားခဲ့တဲ့ဂိမ်းထဲမှာ ဒီလိုအခြေအနေမျိုးက မကြားဖူးတဲ့အရာ မဟုတ်ပေ။ ဒါက အခြေခံအားဖြင့် လျှို့ဝှက်ဆုလာဘ်တွေ ရှိတတ်တဲ့ ပုံစံမျိုးဖြစ်သည်။

All Chapters