← Chapters

လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီကျင့်စဉ်ရဲ့သုံးနည်း....

Vol. 12 Ch. 139

လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီကျင့်စဉ်ရဲ့သုံးနည်း....

Vol. 12 Ch. 139

တနည်းအားဖြင့် သူက အတွင်းထဲက လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ သူ့ရဲ့အရင်ဘဝမှတ်ဉာဏ်တွေကို အားကိုးလို့ ရနေသည်။ တခြားသူတွေနဲ့ယှဉ်ရင် သူ့မှာ အားသာချက် ပိုရှိနေသည်။ ကျန်းယီမင်က သူ့ရှေ့ကကျင့်စဉ်ကိုကြည့်ပြီး အရင်ဆုံးသူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ကာ အတွင်းထဲကအရှိန်အဝါကို အာရုံခံလိုက်သည်။ ထိုအရာသည် အရိုးရှင်းဆုံးနဲ့ တိုက်ရိုက်အကျဆုံး နည်းလမ်းတစ်ခုဖြစ်သည်။

ကမ္ဘာမကူးပြောင်းလာခင် သူ့မှတ်ဉာဏ်တွေထဲမှာ ဒီလိုလျှို့ဝှက်စာလိပ်တွေက အမျိုးအစားစုံလင်လှတယ်လို့ သတ်မှတ်နိုင်သည်။ အများဆုံးရနိုင်တာကတော့ အဆင့်မြင့်လျှို့ဝှက်ဆေးလုံးတွေ သို့မဟုတ် ကျင့်စဉ်တွေဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က အရမ်းကံကောင်းခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့ခွန်အားကို တိုက်ရိုက်တိုးမြင့်ပေးနိုင်တဲ့ အရာမျိုးကိုတောင် တစ်ခါထဲရရှိနိုင်သည်။

ဒီနေ့လေလံပွဲအပြီးမှာ နာမည်မသိတဲ့မိသားစုတစ်ခုက အကြီးအကဲက သူ့ဘေးနားမှာ ထူးဆန်းတဲ့စကားတွေ အများကြီးပြောသွားခဲ့သေးသည်။ ဒီကျင့်စဉ်ထဲမှာ သူဒါမှမဟုတ်ရင် တခြားသူတွေ လောလောဆယ်မထိန်းချုပ်နိုင်တဲ့ စွမ်းအင်တချို့ပါဝင်နေတာကို ဆိုလိုချင်တာဖြစ်လိမ့်မယ်လို့ ကျန်းယီမင်တွက်ချက်လိုက်သည်။

'အရင်တုန်းက အဘိုးလင်းကို သူရှာတွေ့ခဲ့တဲ့ ကမ္ဘာငယ်တစ်ခုလိုမျိုးများ ဖြစ်နေမလား... အန္တရာယ်များတဲ့ စိတ်ဝိညာဉ်တစ်ခုခုများ ပုန်းကွယ်နေတာများလား... ဒါမှမဟုတ် မိစ္ဆာလမ်းစဉ်ကျင့်စဉ်တစ်ခုခုများ အတွင်းထဲမှာဖွက်ထားတာလား... ဘာပဲဖြစ်ဖြစ် သူသေချာရှာဖွေရမယ်...'

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က ကျင့်စဉ်ကို ဖြည်းဖြည်းချင်းလွှမ်းခြုံသွားသည်။ ကျန်းယီမင်အင်အားသည် မွေးဖွားခြင်းအဆင့်ကို ရောက်နေပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် သာမန်ကျင့်ကြံသူများထက် ကျော်လွန်နေသည်။ အခုချိန်မှာ သူ့အတွက် စိတ်ဝိညာဉ်စွမ်းအင်ဆိုတာ တိုက်ခိုက်ကြီးတစ်ခု သက်သက် မဟုတ်တော့ဘဲ ကောင်းကင်နှင့်မြေကြီးရဲ့ ချီစွမ်းအင်ကိုစုပ်ယူပြီး ထောက်လှမ်းနိုင်စွမ်းလည်း ဖြစ်လာသည်။

ဒီလိုမျိုးကျင့်စဉ်တွေမှာ ပေါ့ပါးပြီးလှပတဲ့ အရှိန်အဝါမျိုး ပါဝင်သင့်ပေမယ့် ဒီတစ်ခုက လူကိုပေးစွမ်းတဲ့ခံစားချက်က အရမ်းထူးဆန်းနေသည်။ ထိုအရာက ကြမ်းတမ်းတဲ့အရှိန်အဝါမျိုး မဟုတ်သလို တခြားဂုဏ်သတ္တိတွေပါဝင်တဲ့ အရှိန်အဝါမျိုးလည်း မဟုတ်နေပေ။ ထိုအစား ဒါကအလွန်သန့်စင်တဲ့ စွမ်းအင်သက်သက်ဖြစ်နေသည်။

ကျန်းယီမင် တစ်ကိုယ်လုံးတုန်ခါသွားသည်။ အတွင်းထဲက သန့်စင်တဲ့စွမ်းအင်က သူ့ရဲ့ခွန်အားကို နောက်တစ်ဆင့်ဆီ တစ်ခါထဲမြှင့်တင်ပေးနိုင်တယ်လို့ သူခံစားလိုက်ရသည်။

'ဒါမှမဟုတ် ဒီစွမ်းအင်ကို လူအများကြီး ခွဲပြီးသုံးလို့ ရတာများလား... တကယ်လို့ သူသာဒါကို ဂိုဏ်းဆီ ပြန်ယူသွားရင် သူ့ဂိုဏ်းထဲက လူအားလုံးရဲ့ခွန်အားကို တိုးမြင့်ပေးနိုင်လောက်လား...'

ကျန်းယီမင် ထိုအကြောင်းတွေးမိတဲ့အခါ တစ်ကိုယ်လုံး မတုန်ဘဲမနေနိုင်တော့ပေ။

'ဘယ်လောက်တောင် ကောင်းလိုက်တဲ့ရတနာလဲ...'

တကယ်လို့ သူသာအတွင်းထဲက နက်နဲမှုတွေကို အောင်မြင်စွာ သဘောပေါက်နားလည်သွားနိုင်ခဲ့ရင် သူ့အတွက်ပဲဖြစ်ဖြစ်၊ သူ့ဂိုဏ်းအတွက်ပဲဖြစ်ဖြစ် ကြီးမားတဲ့ တိုးတက်မှုကြီးဖြစ်လာလိမ့်မည်။

'အတွင်းထဲကနက်နဲမှုတွေကို ဘယ်လိုမျိုး အတိအကျဖော်ထုတ်ရမလဲ...'

သူက ပစ္စည်းကိုဝယ်လိုက်ပေမယ့် ညွှန်ကြားချက်မပါဘဲနဲ့တော့ အနည်းငယ်ခက်ခဲနေဆဲဖြစ်သည်။ တစ်ရက်တည်းအတွင်းမှာ လင်းယွင်ဂိုဏ်းက နာမည်ကြီးသွားခဲ့သည်။ အခုချိန်တွင် လူတိုင်းရဲ့မျက်လုံးထဲမှာ လင်းယွင်ဂိုဏ်းရဲ့ အဆင့်အတန်းက ခွန်အားက ဒုံးပျံလိုတစ်ရှိန်ထိုး တက်လာတဲ့ဂိုဏ်းတစ်ခု သက်သက် မဟုတ်တော့ပေ။ အခုချိန်တွင် လင်းယွင်ဂိုဏ်းမှာ နောက်ထပ် နာမည်တစ်ခုတိုးလာသည်။

-"ချမ်းသာပြီး မောက်မာသူတွေ..."

ရှေးဟောင်း အင်အားကြီးအဖွဲ့အစည်းတွေတောင် ဒီနေ့ ငွေကြေးအရင်းအမြစ်ယှဉ်ပြိုင်မှုမှာ လင်းယွင်ဂိုဏ်းကို မနိုင်ခဲ့ကြပေ။ ထိုအချက်နဲ့တင် လင်းယွင်ဂိုဏ်းက သူ့ဂုဏ်သတင်းကို ဖြန့်ချီနိုင်ခဲ့သည်။ နာမည်ကြီးသွားပြီးတဲ့နောက် တပည့်တွေနဲ့ ကျင့်ကြံသူတွေကို ပိုပြီးစုဆောင်းနိုင်မှာ သေချာလာသည်။ သူတို့က ကျန်းယီမင်ရဲ့ စိတ်ဝိညာဥ်ကျောက်တုံး တွေကြောင့် ဒီကိုရောက်လာတာဆိုရင်တောင် အနည်းဆုံးတော့ ဂိုဏ်းထဲက လိုအပ်တဲ့အပိုင်းအမျိုးမျိုးကို ယာယီထောက်ပံ့ပေးနိုင်သည်။

'ဘာပဲဖြစ်ဖြစ် သူတို့ဂိုဏ်းမှာလုပ်စရာတွေ ထောင်ချီပြီး စောင့်ဆိုင်းနေတာ... အရာအားလုံးက အစကနေ ပြန်စရမှာပဲ...'

ထိုအထိတွေးမိပြီးနောက် ကျန်းယီမင်စိတ်နှလုံးက တော်တော်လေး အေးချမ်းသွားသည်။ သူက နောက်ထပ်လေလံပွဲတွေမှာ စောင့်ကြည့်ပြီး သူလိုအပ်တာလောက်ပဲ ဝယ်ယူရတော့မည်။ ကျင့်စဉ်တစ်ခုလုံးကို သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖြည်းဖြည်းချင်း စိစစ်ပြီးတဲ့နောက် ကျန်းယီမင်အံ့သြသွားသည်။ သူ့ခန္ဓာကိုယ်ထဲက စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်က ထိုကျင့်စဉ်ကို တုံ့ပြန်မှုရှိနေသည်။

ဒီစိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်က အစကတည်းက အလွန်ရှားပါးတဲ့ အဆင့်မြင့်ကျင့်စဉ်တစ်ခုလေ... ဒီကျင့်စဉ်က အဲဒါနဲ့ဆက်နွယ်တာ တစ်ခုခုများရှိနေတာလား...'

ကျန်းယီမင်က နောက်ထပ်ဆက်နွယ်တာတွေ ရှိမရှိသိနိုင်ဖို့ သူ့ရဲ့စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။ သူ့တပည့်တွေက ကျန်းယီမင်အခန်းထဲက အရှိန်အဝါကို အာရုံခံမိလိုက်ကြသည်။

"ဝါး... ဆရာက နောက်ထပ်ကောင်းတာတစ်ခုခု ထပ်ရှာတွေ့သွားပြန်ပြီ..."

တပည့်များသည် ကျန်းယီမင် ဒီနေ့ဝယ်လာတဲ့ပစ္စည်းများကို သူ့အခန်းအပြင်ဘက်တွင် ဝိုင်းစပ်စုနေကြသည်။ သူတို့ဆရာအခန်းထဲမှ ထွက်ပေါ်လာသော လှုပ်ရှားချက်က သူတို့ကို ချက်ချင်းစိတ်လှုပ်ရှားသွားစေသည်။ သူတို့လည်း စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်ကို လေ့ကျင့်ထားကြသူတွေဖြစ်ကြသည်။ သူတို့လည်း အခန်းထဲက အရှိန်အဝါတွေကို အာရုံခံမိလိုက်ကြသည်။

"ဆရာ ဒီနေ့တအားများတဲ့ဈေးနဲ့ ဝယ်ခဲ့တဲ့ကျင့်စဉ် ဖြစ်နိုင်မလား..."

"ဟဲဟဲ... ညီမပြောသားပဲ... ဆရာက ဘယ်လိုလုပ် အလိမ်ခံရမှာလဲလို့... အဲဒါက ပစ္စည်းကောင်းဖြစ်ရမယ်..."

သူ့ခန္ဓာကိုယ်နှင့် ကျင့်စဉ်ကြားမှ ဆက်နွယ်ချက်ကို ခံစားလိုက်ရသောအခါ ကျန်းယီမင်စိတ်နှလုံးက မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ သူ့ထင်မြင်ချက် မမှားယွင်းခဲ့ပေ။

'ကျင့်စဉ်နှစ်ခုကြားမှာ ဆက်နွယ်ချက်တစ်မျိုးမျိုး ရှိကိုရှိရမယ်...'

စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်မှာ ဘယ်တုန်းကမှ တိုက်ခိုက်ရေးအကွက်တွေ မပါဝင်ခဲ့ပေ။ ကျင့်ကြံခြင်းနှုန်းကို များစွာတိုးမြှင့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခု သက်သက်သာဖြစ်သည်။ ကျင့်စဥ်လှည့်ပတ်နေစဉ်အတွင်း ကျင့်စဉ်နှစ်ခုကြားတွင် ဆက်နွယ်ချက် တစ်မျိုးမျိုးရှိနေတာကို ကျန်းယီမင်ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ့ရဲ့ကျင့်ကြံခြင်းနှုန်းက သိသိသာသာတိုးတက်လာတာကို ခံစားလိုက်ရသည်။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်စဉ်ရဲ့ ဖုံးကွယ်ထားတဲ့အာနိသင်က ကြာစိမ်းဖန်ဆင်းခြင်းကျင့်စဉ်နဲ့ တွဲဖက်လိုက်တဲ့အခါ ကျင့်ကြံခြင်းနှုန်းကို ပိုမြန်မြန်တိုးမြင့်ပေးနိုင်တာများလား... ဒါဆိုရင် ပိုမြန်တဲ့အရှိန်ကို ရဖို့အတွက် စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်နဲ့ပဲ တွဲလေ့ကျင့်ရမှာလား... ဒါမှမဟုတ် ဘယ်ကျင့်စဉ်နဲ့မဆို ရတာလား... အဲ့တာမှမဟုတ်လည်း အဆင့်မြင့် ကျင့်စဉ်တစ်ခုခုနဲ့ တွဲလို့လည်း ရတာလား...'

ကျန်းယီမင် ဆက်မစောင့်နိုင်တော့ပေ။ လက်တွေ့ စမ်းသပ်ကြည့်ဖို့ ကျင့်ကြံသူတစ်ယောက်ကို အခုချက်ချင်း ရှာဖွေချင်လာသည်။ ထိုသို့မှမလုပ်ရင် နောက်ရက်အနည်းငယ်လောက် သူအိပ်ပျော်မှာ မဟုတ်ပေ။

........

"လင်းယွင်ဂိုဏ်းရဲ့ နောက်ခံကဘာလဲဆိုတာ စုံစမ်းထား... ငါ မင်းတို့ကို အရင်ထဲက သေသေချာချာ စုံစမ်းဖို့ပြောထားတယ် မဟုတ်လား..."

ကန်းလန်နယ်မြေရှိ အဖွဲ့အစည်းတစ်ခုတွင် လူအနည်းငယ်သည် ခန်းမကျယ်ကြီးထဲမှာ ထိုင်နေကြသည်။ တစ်စုံတစ်ခုကို ဆွေးနွေးနေကြစဉ် သူတို့အားလုံးမျက်နှာများသည်လည်း လေးနက်တည်ကြည်နေကြသည်။

"မမှားနိုင်ဘူး...။ အဲဒီကျင့်စဉ်ပဲ ဖြစ်ကိုဖြစ်ရမယ်...။ ငါတို့က အဲဒါကိုအရယူဖို့ ဆုံးဖြတ်ထားပြီး လေလံပွဲမှာ လေလံဆွဲချင်ခဲ့တာ...၊ ဒါပေမဲ့ ဒီလိုသွေးဆာနေတဲ့ လူတစ်ယောက် ရုတ်တရက်ပေါ်လာမယ်လို့ ဘယ်သူကသိမှာလဲ..."

"ရွေးချယ်စရာ မရှိတော့ဘူး...။ ဒီလူက ငါတို့နဲ့ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားမှတော့ သူကသေလမ်းရှာနေတာပဲ....။ အကုန်လုံးပဲ... ငါတို့ အဲ့ကောင်နဲ့အရင် သွားညှိနှိုင်းကြမလား... ဒါမှမဟုတ် သူတို့ကိုသတ်ပြီး ပစ္စည်းတွေကိုယူလိုက်ကြမလား..."

သူတို့ဆွေးနွေးနေသည့် အကြောင်းအရာမှာ လင်းယွင်ဂိုဏ်းအကြောင်းပင်ဖြစ်သည်။ သူတို့လည်း ဒီနေ့လေလံပွဲက နောက်ဆုံးပစ္စည်းကိုအရယူဖို့ ဆုံးဖြတ်ထားခဲ့ကြသူများဖြစ်သည်။

"ဒီနေ့ သူတို့ရဲ့လုပ်ရပ်ကိုလည်း ကြည့်ဦး...။ သူတို့က ပိုက်ဆံပြတ်လပ်နေတဲ့ပုံ ပေါက်နေလို့လား... ငါတို့မတိုက်ခင် သူတို့ကို ယဉ်ယဉ်ကျေးကျေး အရင်ပြောကြည့်ကြတာပေါ့။ သူတို့လိုအပ်နေတဲ့ တခြားအရာတွေရှိမှာပါ..."

All Chapters