← Chapters

သဘောတူညီချက်....

Vol. 12 Ch. 141

သဘောတူညီချက်....

Vol. 12 Ch. 141

ကျန်းယီမင်သည် တစ်ဖက်လူမျက်လုံးထဲမှ တုံ့ဆိုင်းမှုကိုကြည့်ပြီး အောင်ပွဲသည် သူ့လက်တစ်ကမ်းအကွာတွင်ရှိနေပြီဆိုတာ ချက်ချင်းရိပ်မိလိုက်ရသည်။

'ဒီလူက မြေခွေးအိုကြီးတစ်ယောက်လို ပုံပေါက်နေပေမယ့် ဘာလို့သူ့မျက်လုံးထဲက ခံစားချက်တွေကို မဖုံးကွယ်တတ်ရတာလဲ...'

"ဟင်း... ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းချုပ်ဖြစ်လာတဲ့သူဆိုတော့ တကယ်ပဲအတွေးအခေါ်တွေက ရှင်းလင်းလှပါတယ်။ ကျွန်တော့်ကိုတောင် ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်ပြီး အရှက်ရမိစေတယ်" ဟု အဘိုးကြီးက ခေါင်းခါရင်းပြောလိုက်သည်။

ထိုအချက်က ဒီကျင့်စဉ်သည် သူအရင်ကပြောခဲ့သလို သူတို့မိသားစုဆီကပျောက်ဆုံးနေတဲ့ အရာမဟုတ်ကြောင်း သွယ်ဝိုက်ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ ထိုအစား ဘယ်သူမဆိုအသုံးပြုနိုင်ပြီး တစ်ချိန်တည်းမှာပင် လူတိုင်းကို အကျိုးကျေးဇူးရရှိစေမည့် ကျင့်စဉ်တစ်ခုဖြစ်သည်။

"အခု ဒီကျင့်စဉ်က ကျွန်တော့်လက်ထဲမှာ ရှိနေတယ်။ ခင်ဗျားတို့ ကျွန်တော်နဲ့ပူးပေါင်းချင်တယ်ဆိုရင် သူ့ရဲ့အသုံးဝင်ပုံကို ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ရှင်းပြသင့်တယ်မဟုတ်လား..."

ကျန်းယီမင်က မျက်ခုံးပင့်လိုက်သည်။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်စဉ်က ဘာအတွက်အသုံးဝင်တယ်ဆိုတာ သူလည်းနားမလည်သေးပေ။ ဒါက သူ့အတွက် အရန်တာဝန်တစ်ခုသက်သက်သာ ဖြစ်ပြီး မစ်ရှင်အောင်မြင်ဖို့လိုအပ်ချက်က အရမ်းရိုးရှင်းလှသည်။ သူက အဲဒီအရာကို ဖြေရှင်းနိုင်ဖို့ပဲ လိုအပ်သည်။ အခြားသူများနှင့်ပူးပေါင်းပြီး ဖြေရှင်းခဲ့လျှင်တောင် သူသည်ဆုလာဘ်ကို ရရှိနိုင်သည်။ စနစ်ဆုလာဘ်သည် သေချာပေါက်ရတနာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ရာ သူကထိုကျင့်စဉ်ကိုယ်တိုင်ကိုတောင် ဂရုစိုက်နေစရာမလိုတော့ပေ။

"ဟုတ်တယ်၊ ဂိုဏ်းချုပ်ကျန်း ပြောတာမှန်တယ်။ ကျွန်တော့်မိသားစုက ဒီကျင့်စဉ်ကို တကယ်ပဲ သုတေသနလုပ်ထားတာ ရှိတယ်။ အမှန်တော့ ဒါက ကျင့်ကြံဖို့သက်သက်သုံးတဲ့ အရာမဟုတ်ဘူးဗျ။ ဆန့်ကျင်ဘက်အနေနဲ့ အခြားအစွမ်းထက်တဲ့ ကျင့်စဉ်တချို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အကျိုးကျေးဇူး ဖြစ်စေနိုင်တယ်" လို့ အဘိုးကြီးက သူ့မျက်လုံးထဲတွင် မလိုလားမှုများနဲ့ပြည့်နှက်နေလျက် ဖြည်းဖြည်းချင်းပြောလိုက်သည်။

ကျန်းယီမင်သည် စိတ်ထဲတွင်ကျေနပ်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူရဲ့အရူးအမူးကျင့်ကြံမှုများသည် အလဟဿမဖြစ်ခဲ့ပေ။ ကြည့်ရသည်မှာ တစ်ဖက်လူသည် ထိုကျင့်စဉ်ကို သူ့လက်ထဲမှတိုက်ရိုက်လုယူရန် အကြံအစည်ရှိခဲ့ပုံရသည်။ သို့သော် တစ်ဖက်လူသည် ကျန်းယီမင်ခွန်အားကြောင့် စိုးရိမ်မှုတချို့ရှိနေပြီး ထိုသို့မလုပ်ရဲခဲ့ခြင်း ဖြစ်နိုင်သည်။

"ကျွန်တော့်မိသားစုရဲ့ လေ့လာထားတာ မမှားဘူးဆိုရင် ဒီကျင့်စဉ်ကို တခြားအဆင့်မြင့်ကျင့်စဉ်တစ်ခုခု သုံးပြီး ပြန်ဖြေရှင်းလိုက်မယ်ဆိုရင် အဲ့ဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေဟာ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကို ရလိမ့်မယ်တဲ့... အဲ့ဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းနဲ့ ထိရောက်မှုကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ တိုးမြင့်ပေးနိုင်လိမ့်မယ်..."

တစ်ဖက်လူက ရိုးသားပုံရပြီး ဘာမှဖုံးကွယ်မထားကြောင်း မြင်လိုက်ရသဖြင့် ကျန်းယီမင်မျှော်လင့်ချက်သည် ချက်ချင်းဆိုသလို အနည်းငယ် ကျဆင်းသွားသည်။ တခြားလူတွေက ရတနာတစ်ခုလို သဘောထားနေကြတော့ တကယ်ကြီးကျယ်တဲ့ အရာတစ်ခုလို့ သူထင်ခဲ့လိုက်သည်။

"အော်... ဒါနဲ့...၊ ကျွန်တော့်ဂိုဏ်းက မကြီးပေမယ့် ခင်ဗျားတို့ဆီမှာတော့ လူအများကြီးရှိမယ်ထင်တယ်။ ကျွန်တော် အခုပဲ တစ်ခါထဲပြောလိုက်မယ်ဗျာ... ခင်ဗျားတို့ ဒီကျင့်စဉ်ကို ကျွန်တော်နဲ့ ဝေမျှချင်တယ်ဆိုရင်ရတယ်။ ဒါပေမဲ့ လူ ၁၀ယောက်ပဲ ပါဝင်ခွင့်ရှိမယ်...၊ ပြီးတော့ ဒီအတွက် ကျွန်တော်ပေးခဲ့ရတဲ့ လေလံဈေးရဲ့တစ်ဝက်ကို ခင်ဗျားတို့ ကျွန်တော့်ကိုပြန်ပေးရမယ်..."

သူ့မှာ ပိုက်ဆံမပြတ်လပ်သော်လည်း ဖြုန်းတီးသူတစ်ယောက်တော့ မဖြစ်လိုပေ။ အရာအားလုံးကို တစ်ဝက်စီ ခွဲဝေယူခြင်းမှာ အလွန်ကျိုးကြောင်းဆီလျော်လှသည်။

"ဒါက..."

"ကျွန်တော် ဒီနေ့ပဲဂိုဏ်းကို ပြန်တော့မယ်။ ခင်ဗျားတို့ သဘောတူတယ်ဆိုရင် ဆုံးဖြတ်ချက်ချလိုက်ပါ..."

"ကောင်းပြီ..."

ကျန်းယီမင်က အနည်းငယ်အံ့သြသွားပြီး စိတ်အနည်းငယ်လှုပ်ရှားသွားသည်။ သူ့ရှေ့က အဘိုးကြီးက ဒီလောက်ပြတ်ပြတ်သားသား သဘောတူလိမ့်မည်ဟု မထင်ထားမိပေ။

'သူ့တောင်းဆိုချက်က အရမ်းနည်းသွားတာများလား... ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး... သူလိုချင်တာက စိတ်အေးလက်အေးရဖို့ပဲလေ...'

"ခင်ဗျား ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ခင်ဗျားရဲ့လူတွေကိုခေါ်ပြီး မနက်ဖြန်မနက်ကျရင် ကျွန်တော့်ဂိုဏ်းဆီလိုက်ခဲ့ပါ..."

ကောင်းကင်ကြီး တဖြည်းဖြည်းမှောင်မဲလာပြီး သူ့တပည့်များမှာ ပျော်ရွှင်သောမျက်နှာများဖြင့် တည်းခိုခန်းသို့ ပြန်ရောက်လာကြသည်။ ကျန်းယီမင်သည် သူတို့ကိုကျင့်စဉ်များနှင့် သိုင်းပညာစာအုပ်များ အကုန်ဝယ်ရန် တာဝန်ပေးထားခဲ့သည်။ ဒီစာအုပ်တွေကို ပြန်ယူသွားပြီးရင် သုံးဖြစ်ချင်မှသုံးဖြစ်ပေမယ့် ဂိုဏ်းထဲကခန်းမတွေမှာ ထားထားရင် တပည့်တွေလေ့လာဖို့အတွက် ကောင်းလိမ့်မည်။

"ဆရာ... ဆရာ မသိဘူး၊ ဒီနေ့တပည့်တို့ သွားတော့ ကုန်သည်ကြီးများအသင်းကလူတွေက တပည့်တို့ကို အရမ်းရိုသေကြတာဗျ... တပည့်တို့ကို သူတို့အဖေလိုတောင် ဆက်ဆံချင်နေကြတာ... ဒါပေမဲ့ စိတ်မပူပါနဲ့ ဆရာ...၊ ဆရာမှာထားတဲ့အတိုင်း အကုန်လုံးကို သေချာစီစဉ်ခဲ့ပါတယ်...."

ဂူလင်းဖေး စကားပြောနေစဉ်မှာပင် ဒီနေ့လေလံပွဲမှာ သူတို့ဝယ်ထားတဲ့ ပစ္စည်းတွေကို တစ်ယောက်ယောက်က လာပို့နေကြသည်။

"ကောင်းပြီ...၊ သေချာအနားယူကြ... မနက်ဖြန် ဂိုဏ်းကိုပြန်ကြမယ်..."

"ဟင်... ဆရာ... ဖုန်းဟော်လေလံပွဲက နောက်ထပ် ရက်အနည်းငယ်ကျန်သေးတယ်လို့ ကြားမိတယ်..."

"နောက်ထပ်လေလံပွဲတွေကို ပါဝင်နေဖို့မလိုတော့ဘူး... လေလံပွဲတစ်ခုလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ငါရထားပြီးပြီ..."

တပည့်များက ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် သူတို့ဆရာအလုပ်လုပ်ပုံကို တဖြည်းဖြည်း နေသားကျလာသည်။ ဘာပဲဖြစ်ဖြစ် သူတို့ဆရာ အပြုအမူကို သူတို့လုံးဝနားမလည်နိုင်သဖြင့် နားထောင်လိုက်တာက အကောင်းဆုံးပင်ဖြစ်သည်။ နောက်တစ်နေ့တွင် ကျန်းယီမင်သည် သူ့တပည့်များနှင့်အတူ ဂိုဏ်းသို့ချက်ချင်းပြန်ခဲ့သည်။

သူသည် နာမည်မသိသောမိသားစုအကြီးအကဲနှင့် သဘောတူညီချက် ရရှိထားသောကြောင့် သူ့နောက်တွင် ကျင့်ကြံသူအနည်းငယ်လိုက်ပါလာကြသည်။ ကန်းလန်နယ်မြေနှင့် မြင့်မြတ်ဖီးနစ်နယ်မြေအကြား အကွာအဝေးမှာမဝေးလှပေ။ နာရီအနည်းငယ်အတွင်းမှာပင် လင်းယွင်ဂိုဏ်းသို့ ပြန်ရောက်လာကြသည်။

"ပြန်လာတာကြိုဆိုပါတယ်... ဂိုဏ်းချုပ်..."

အဘိုးလင်းက တံခါးဝတွင် ကြည်ညိုလေးစားသော မျက်နှာဖြင့် စောင့်ကြိုနေသည်။

"ဂိုဏ်းချုပ်၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ...။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့အတွက် သိုင်းကျမ်းတွေ ဖန်တီးပေးဖို့နဲ့ ဆေးလုံးတွေ ဖော်စပ်ပေးဖို့ လင်းယွင်ဂိုဏ်းကို ဝင်ချင်တဲ့သူတွေ အများကြီးပဲ... သခင်သာ မြန်မြန်ပြန်မလာရင် သခင်ရဲ့ တပည့်တွေတောင် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိမှာမဟုတ်ဘူး..."

အဘိုးလင်းပြောတာ မှန်နေသည်။ လင်းယွင်ဂိုဏ်းသို့ ဝင်ခွင့်ရရန် သူ့ကိုလာရောက် ရှာဖွေသူအများအပြားရှိနေသည်။

"လင်ဖေး... ဒီကိစ္စကို ခဏလောက်ကြည့်ပေးထားလိုက်ဦး...။ ငါ့မှာ ဖြေရှင်းစရာကိစ္စတချို့ ရှိသေးတယ်..."

ကျန်းယီမင်က သူ့ရဲ့အကြီးဆုံးတပည့်ပခုံးကို ပုတ်ကာ ပြောလိုက်ပြီး သူ့နောက်ကတခြားဂိုဏ်းက လူတွေကို ခန်းမဆောင်ထဲလိုက်ခဲ့ဖို့ ခေါ်လိုက်သည်။

"ကျွန်တော်တို့က ကန်းလန်နယ်မြေက ဟန်ကုန်းဂိုဏ်းကပါ။ ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက်နဲ့ ဒီကိုလာခဲ့တာပါ..."

တစ်ဖက်လူက ကန်းလန်နယ်မြေက တည်းခိုခန်းမှာတည်းက သူ့ကိုယ်သူမိတ်ဆက်ထားခဲ့သည်။ သို့သော် အဲ့အချိန်မှာကျန်းယီမင်က ရှေးဟောင်းစာအုပ်တွေထဲမှာ စိတ်နှစ်နေတာကြောင့် တစ်ဖက်လူ ပြောတာတွေကို လုံးဝမကြားခဲ့ခြင်းသာ ဖြစ်သည်။

"ဟုတ်ပြီဗျာ... စကားတွေယဉ်ယဥ်ကျေးကျေး ပြောမနေပါနဲ့တော့။ အဓိကအချက်ကိုပဲ တည့်သွားရအောင်..."

အခုအချိန်မှာ ကျန်းယီမင် ပိုစိတ်ဝင်စားနေတာက ထ်ုကျင့်စဉ်ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာဖြစ်သည်။ စနစ်ဆီကနေ သူရမယ့်ဆုလာဘ်တွေကတော့ သေချာပေါက် ညံ့ဖျင်းမှာမဟုတ်ပေ။

"ကောင်းပါပြီ... ပွင့်လင်းတဲ့လူဆိုတဲ့အတိုင်းပါပဲ... အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ဂိုဏ်းမှာ လူအနည်းငယ်ပဲ ဒီကျင့်စဉ်ကို သုံးနိုင်တာပါ... ဂိုဏ်းချုပ်ကျန်း၊ ခင်ဗျား အခုလိုကူညီပေးတဲ့အတွက် နောင်ကျရင် ကျွန်တော်တို့သေချာပေါက် နှစ်ဆပြန်ပေးဆပ်ပါ့မယ်... ခနကဂိုဏ်းထဲကို ဝင်လာတုန်းကတည်းက ခင်ဗျားတို့ဂိုဏ်းရဲ့ ကံတရားနဲ့ စွမ်းအားတွေ စီးဆင်းနေတာက တကယ်ကိုထူးခြားတယ်ဆိုတာ ကျွန်တော်တို့ ခံစားမိတယ်။ ခင်ဗျားရဲ့တပည့်တွေ သုံးနေတဲ့ ကျင့်စဉ်ကလည်း..."

ထိုသူက ရယ်ကျဲကျဲဖြင့် ဆက်ပြောလိုက်သည် ။

"အရည်အသွေးက တကယ်မြင့်မားတယ်။ ကျွန်တော်တို့ဂိုဏ်းထဲက ကျင့်စဉ်တွေတောင် ဒီလိုစွမ်းအားမျိုး မရနိုင်ဘူး..."

"အင်း၊ မနေ့က ဒီကျင့်စဉ်ထဲကစွမ်းအင်တွေကို စမ်းသပ်ဖို့ ကျွန်တော့်ရဲ့ကျင့်စဉ်ကို သုံးကြည့်ခဲ့တယ်၊ တကယ်ပဲထူးဆန်းတာတစ်ခုကို ခံစားမိတယ်... အဲ့ဒီထဲကဆက်နွယ်မှုတွေကို ကျွန်တော့်ကို ရှင်းပြပေးဖို့ ခင်ဗျားတို့ရဲ့အကူအညီလိုတယ်..."

All Chapters