← Chapters

ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

Vol. 12 Ch. 142

ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

Vol. 12 Ch. 142

"ကျွန်တော်တို့ဂိုဏ်းက ကံကောင်းထောက်မစွာနဲ့ ဒီကျင့်စဉ်ကို ဖြေရှင်းနိုင်မယ့်နည်းလမ်းပါတဲ့ ရတနာတစ်ခုကို မတော်တဆရထားခဲ့တာ။ အရင်တစ်ခေါက်ကနဲ့ ဆင်တူတယ်။ ဂိုဏ်းချုပ်လည်း မွေးဖွားအဆင့် ခွန်အားရှိတယ် မဟုတ်လား... ခင်ဗျားမှာ ဒီလိုပါရမီရှိနေမှတော့ ကျွန်တော်တို့ကိုကူညီပေးပါလား..."

ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။

'ဒီလူရဲ့တောင်းဆိုချက်ချက်တွေက သူ့အတွက် အန္တရာယ်ဖြစ်စေနိုင်မလား...'

သူအသုံးပြုနေတဲ့ စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်က လင်းယွင်ဂိုဏ်းအတွက် သူပြင်ဆင်ထားတဲ့ ကျင့်စဉ်ဖြစ်ပြီး တခြားသူတွေ မက်မောတိုင်း ပေးလို့မရတဲ့အရာမျိုးဖြစ်သည်။ ကျန်းယီမင်ဗက အများကြီး စဉ်းစားမနေတော့ဘဲ သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ကျင့်စဉ်ကို ချက်ချင်းပဲ အတူတူ စတင်ဖြေရှင်းလိုက်ကြသည်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေ စီးဆင်းမှုအောက်မှာ ကျင့်စဉ်စာလိပ်ဟာ တဖြည်းဖြည်းဝေဝါးလာခဲ့သည်။ အတွင်းထဲက အဆုံးမရှိတဲ့စွမ်းအင်တွေဟာ ပွင့်ထွက်လာဖို့ အသင့်ဖြစ်နေပြီဆိုတာ သူခံစားလိုက်ရသည်။

ကြည့်ရတာ တစ်ဖက်လူက သူ့ကိုလိမ်ပြောခဲ့တာ မဟုတ်ခံ့ပေ။ ဒီကျင့်စဥ်က ဂိုဏ်းတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိပုံပေါ်နေသည်။ သိပ်မကြာခင် သူ့ရဲ့ စွမ်းအားက ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်းရဲ့ကျင့်ကြံခြင်းနှုန်းက တိုးလာစေလိမ့်မည်။

ထိုအချိန်မှာပဲ လင်းယွင်ဂိုဏ်းထဲက ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ တပည့်တချို့ဟာ သူတို့ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတချို့ကို စတင်ခံစားနေရသည်။ အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းတော့မယ့်သူတွေဖြစ်ကြသည်။ အခုလိုသန့်စင်တဲ့ စွမ်းအင်တွေဟာ အဆင့်တက်တော့မယ့် အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် အကောင်းဆုံးဆေးစွမ်းတစ်လက်ဖြစ်သည်။

"ခင်ဗျားတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အစီရင်စုကလည်း တကယ်ကို အံ့သြစရာကောင်းအောင် နက်နဲတာပဲ... ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အာနိသင်အောက်မှာ အဲ့တာလည်း တုံ့ပြန်မှုရှိနေတယ်...."

တစ်ဖက်လူက လင်းယွင်ဂိုဏ်းထဲကို ခြေချလိုက်ကတည်းက ဒီဂိုဏ်းကာကွယ်ရေးအစီရင်ဟာ တစ်လောကလုံးမှာ လက်ချိုးရေတွက်လို့ရတဲ့ အစွမ်းထက်အစီရင်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အာရုံခံမိထားခဲ့သည်။

"တက်လာစမ်း..."

ခန်းမထဲက လူအားလုံးရဲ့အမိန့်ပေးမှုအောက်မှာ နက္ခတ်အစီအရင်က စတင်တုံ့ပြန်လာခဲ့သည်။ ထိုအခိုက်အတန့်မှာပဲ ကျင့်စဉ်စာလိပ်ဟာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပြီး ရေတွက်လို့မရအောင် များပြားတဲ့အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားလိုက်သည်။

လူ ၁၀ယောက်ပဲ ပါလို့ရမယ်လို့ ကန့်သတ်ထားတာတောင် သူတို့ကဘာလို့ သူ့ကိုဝိုင်းပြီး ကူညီပေးဖို့ သဘောတူခဲ့ကြတာလဲဆိုတာ အံ့သြစရာမရှိတော့ဘူး ဖြစ်သည်။ တကယ့်အကြောင်းရင်းက သူ့ရဲ့ခွန်အားကို ကြောက်တာကြောင့်တင်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲက စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ် ကြောင့်လည်း ဖြစ်နိုင်သည်။

အစောပိုင်းတွင် လူတိုင်းက အရာအားလုံးက အဆင်ပြေပြေပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပေမယ့် တစ်ခုခုကေတာ့ ကျင့်စဉ်ထဲကနေ လွတ်မြောက်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ထိုအရာဟာ လင်းယွင်ဂိုဏ်းထဲကနေ ထွက်ပြေးဖို့ အသင့်ဖြစ်နေသည်။ ခန်းမအပြင်ဘက်မှာတော့ အဘိုးလင်းက ထိုအရာကို ကြိုတင်ပြင်ဆင်ထားခဲ့လိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး အဲ့ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်ကို တားဆီးလိုက်သည်။

"သခင်... မြန်မြန်ထွက်လာခဲ့ပါဦး... ကျွန်တော်လည်း အကြာကြီးတောင့်မခံနိုင်တော့ဘူး..."

အဘိုးလင်းရဲ့ စကားကိုကြားတော့ ကျန်းယီမင်က မပေါ့ဆရဲတော့ပေ။ သူ့ခန္ဓာကိုယ်ဟာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ခန်းမထဲကနေ ပြေးထွက်လာခဲ့သည်။ တခြားလူတွေကတော့ ဘာတွေဖြစ်နေမှန်း နားမလည်သလို တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြသည်။ လင်းယွင်ဂိုဏ်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုက အဘိုးလင်းနဲ့ တိုက်ခိုက်နေသည်။

"သခင်... ဒါက တကယ်တော့ သခင်ဝယ်လာတဲ့ ကျင့်စဉ်ထဲက အရေးကြီးဆုံးအရာပဲ... သူ့ကို ထွက်ပြေးခွင့်ပြုလို့ မဖြစ်ဘူး..."

ကျန်းယီမင်က ခဏလောက်ဆွံ့အသွားပေမယ့် အဲ့ဒါက ဘာလဲဆိုတာ ချက်ချင်းနားလည်သွားခဲ့သည်။

'ကျစ်... သူကိုယ်တိုင်ပေါ့ဆမိသွားတာကိုပဲ အပြစ်တင်ရမယ်... ဒီလိုအရာမျိုးရှိနေတာကို သူမေ့သွားခဲ့တယ်... ဒီကျင့်စဉ်က သေချာပေါက် ကျွမ်းကျင်သူတစ်ယောက် ချန်ထားခဲ့တာပဲ...'

ထိုကျွမ်းကျင်သူ သေဆုံးသွားပြီးတဲ့နောက် သူက အဘိုးလင်းလိုမျိုး သူ့ရဲ့မူလဝိညာဉ်ကို ထိန်းသိမ်းဖို့ မိစ္ဆာလမ်းစဉ် နည်းလမ်းတွေကို မသုံးခဲ့ပေ။ ထိုအစား သူ့ရဲ့စိတ်ဝိဉာဥ်စွမ်းအင်တွေကို ကျင့်စဉ်ထဲမှာ အများကြီး ဖုံးကွယ်ကျန်ရစ်ခဲ့လိုက်သည်။ ကျင့်စဉ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ထိုစွမ်းအင်တွေကပဲ တဖြည်းဖြည်းနဲ့ လူတစ်ယောက်ရဲ့ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလာခဲ့သည်။

ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ ဉာဏ်ရည်ဉာဏ်သွေးမှ မရှိနေပေ။ သူက ထွက်ပြေးဖို့နဲ့ လူသူမရှိတဲ့နေရာမှာ တိတ်တိတ်လေး ရှင်သန်နေဖို့သာ သိနားလည်ထားသည်။ သို့သော် သူ့ဆီမှာ ပါဝင်တဲ့စွမ်းအင်ကတော့ စိတ်ကူးကြည့်လို့ မရနိုင်အောင် အစွမ်းထက်လွန်းနေသည်။ ကျန်းယီမင်ကတော့ ထိုစိတ်ဝိညာဥ်နောက်ကို တခြားဘယ်သူမ လိုက်မဖမ်းတာကို သတိထားမိလိုက်သည်။

'သူတို့က ကျင့်စဉ်ထဲမှာ ဒီလိုကောင်းမွန်တဲ့အရာ ပါနေမှန်း မသိကြတာများလား...'

"လင်ဖေး... ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်စမ်း..."

ကျန်းယီမင်က ဒီတိုက်ပွဲကို ဂိုဏ်းအပြင်ဘက်ဆီရွှေ့ဖို့ စီစဉ်လိုက်သည်။ ဘာကြောင့်ဆို ရှန့်ကွမ်းမိသားစု တိုက်ပွဲတုန်းက တိုက်ပွဲတွေကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးတာတွေကို သူ မျက်မြင်တိတိကျကျ မြင်ခဲ့ဖူးသည်။

"ပျက်သုဥ်းခြင်းလက်ဝါး..."

သူ့ဂိုဏ်းနယ်မြေမှာ ဒီလက်ဝါးသိုင်းကွက်ကို ထုတ်သုံးလိုက်တဲ့အခါ ကျန်းယီမင်က သူ့ခန္ဓာကိုယ်ထဲမှာ အဆုံးမရှိတဲ့ ချောမွေ့တဲ့ချီစွမ်းအင်တွေကို ခံစားလိုက်ရသည်။ ထိုချီစွမ်းအင်က တခြားနေရာတွေမှာ သုံးရတာထက် အများကြီး ပိုပြီးနေလို့ကောင်းနေသည်။ အဆုံးမရှိတဲ့ ဖျင်စီးခြင်းစွမ်းအားတွေက အရပ်မျက်နှာအနှံ့ကနေ ရောက်ရှိလာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအားတွေ ပါဝင်နေသည်။

ထိုအချက်က သဘာဝကျသည်။ ကျန်းယီမင်က မွေးဖွားခြင်းအဆင့်မှာ ရှိနေခဲ့သလို သူ့ရဲ့ကိုယ်ပိုင်ဂိုဏ်းထဲမှာ ဒီလက်ဝါးအကွက်ကို ထုတ်သုံးနေတာဆိုတော့ ထိုအရာက ကလေးကစားစရာလို လွယ်ကူနေခဲ့သည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်က သူနဲ့ လုံးဝမတိုက်ခိုက်ခဲ့ပေ။ သူက စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အဝေးကို ထွက်ပြေးသွားသည်။

"ဟွန်း... မင်းက ငါ့လက်ထဲရောက်နေပြီ... လွယ်လွယ်နဲ့ ထွက်ပြေးဖို့က လွယ်မယ်ထင်နေလား..."

ကျန်းယီမင်က လက်နှစ်ဖက်နဲ့ လက်ဟန်တစ်ခုကို မြန်မြန်လုပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ရိုက်ချကာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိတ်လှောင်လိုက်သည်။

"မဆိုးဘူး... ဒီလိုအပိုဆုလာဘ်မျိုးရလိမ့်မယ်လို့ မထင်ထားဘူး..."

စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိတ်လှောင်ထားပြီးတာနဲ့ ပျက်သုဥ်းခြင်းလက်ဝါးက ချက်ချင်းကိရောက်လာခဲ့သည်။

"ဝုန်း..."

စိတ်ဝိညာဉ်စွမ်းအင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းဂယက်တွေ လုံးဝပျောက်ကွယ်သွားတဲ့အခါ ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ အနည်းငယ်မျှတောင် ဒဏ်ရာမရသွားတာကို ကျန်းယီမင်သတိထားမိလိုက်သည်။ သူက ထိုနေရာမှာပဲ ရှိနေတုန်းဖြစ်ပြီး ထွက်ပြေးဖို့ အစွမ်းကုန် ကြိုးစားနေဆဲဖြစ်သည်။

'ကြည့်ရတာ အခြေအနေတွေက ထင်ထားသလောက် မရိုးရှင်းဘူးပဲ...'

ထို့အပြင် ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ သူ့ရဲ့ ဂိုဏ်းအစီအရင်ကတစ်ဆင့် ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကိုစုပ်ယူပြီး သူ့ကိုယ်သူ အမြဲတမ်းအားဖြည့်နေသည်။

'မဖြစ်ဘူး... ငါ သူ့ကိုမြန်မြန်ဖျက်ဆီးရမယ်...'

"သခင်... အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ကြွင်းကျန်ဝိညာဉ်ကို အတင်းအဓမ္မပိတ်လှောင်ထားလို့ မရဘူး... အစကနေပဲပြန်စရမယ်...၊ ကျင့်စဉ်စာအုပ် ဘယ်မှာလဲ... သခင်..."

အဘိုးလင်းရဲ့ စကားက အချက်ကျနေသည်။ ကျန်းယီမင်က ချက်ချင်းသတိဝင်လာသည်။ သူ့နောက်မှာ လူအနည်းငယ်ကလည်း ပြေးထွက်လာပြီး ကျန်းယီမင်နဲ့အတူ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဝိုင်းပိတ်ထားလိုက်ကြသည်။

"မင်းတို့ တောင့်ခံထားကြ... ငါ အဲ့ဒီကျင့်စဉ်ကို သွားယူလိုက်ဦးမယ်..."

သူ ခန်းမဆောင်ဆီပြန်ရောက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ အစုပ်ခံနေရသလို ခံစားလိုက်ရသည်။ ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။

'ဒါဘယ်လိုဖြစ်နိုင်မှာလဲ...'

ဘာအရှိန်အဝါမှမရှိတော့တဲ့ ကျင့်စဉ်စာအုပ်ကို ယူပြီး လေ့ကျင့်ရေးကွင်းဆီ သူ ချက်ချင်းပြန်ပြေးလာခဲ့သည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ လင်းယွင်ဂိုဏ်းက လူအားလုံးနဲ့ ဟန်ကုန်းဂိုဏ်းက လူတွေရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတာကို တွေ့လိုက်ရသည်။ ခုနက ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အမှတ်အသားနဲ့ ကတိကဝတ်တစ်ခု သက်သက်ပဲ ဖြစ်ပုံပေါ်နေသည်။

'အခု သူကလူတိုင်းဆီကနေ နှစ်ဆပြန်တောင်းနေတာပဲ... အဲ့လိုတော့ မဖြစ်ဘူး... ဒီအတိုင်းသာဆက်သွားနေရင် သူက ဘယ်လိုမိစ္ဆာမျိုး ပြောင်းလဲသွားမလဲ ဘယ်သူသိမှာလဲ...'

"တပည့်တို့... စိမ်းမြကြာဖန်ဆင်းခြင်းကျင့်စဉ်ကို သုံးပြီး ခုခံကြ... ကျင့်ကြံအဆင့်မြင့်တဲ့သူတွေက ငါနဲ့အတူ ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ချိပ်ပိတ်ကြစမ်း..."

မမြင်နိုင်တဲ့စွမ်းအင်တွေရဲ့ အမှတ်အသားအလုပ်ခံထားရတဲ့သူတွေ အကုန်လုံးအတူတူ လှုပ်ရှားမှသာ ဒီကောင်ကို နှိမ်နင်းနိုင်မှာ ဖြစ်မည်။

All Chapters