တစ်ချက်ထဲနဲ့ အရေးနိမ့်သွားခြင်း...
Vol. 12 Ch. 144
တစ်ဖက်လူကလည်း မွေးဖွားခြင်းအဆင့်မှာ ရှိနေသည်။ အင်အားသက်သက်ကိုပဲ ယှဉ်ကြည့်မယ်ဆိုရင် သူက ကျန်းယီမင်ထက်တောင် ပိုသာလွန်ကောင်း သာလွန်နိုင်သည်။ အဘိုးကြီးက သူ့ဝတ်ရုံလက်ထဲကနေ အလံငယ်လေးတစ်လက်ကို ထုတ်လိုက်သည်။ ထိုအလံကို ကျန်းယီမင် ရင်းနှီးနေသည်။ ဂိုဏ်းအသီးသီးကြားထဲမှာ တိုက်ခိုက်ကြတဲ့အခါ အစီအရင်တွေဖန်တီးဖို့ အလံတွေကို အသုံးပြုလေ့ရှိကြတာမို့ ဒီလိုပစ္စည်းမျိုးနဲ့ သူမစိမ်းပေ။
သို့သော် တစ်ဖက်လူဆီကနေပေါက်ကွဲထွက်လာတဲ့ အရှိန်အဝါက တစ်မျိုးဖြစ်နေသည်။ ဒီအရာက တိုက်ခိုက်ဖို့အသုံးပြုတဲ့ အစီအရင်အမျိုးအစား မဟုတ်ပေ။ တစ်နည်းပြောရရင် အလံကနေဖန်တီးလိုက်တဲ့အရာက တကယ်တမ်းကျတော့ အစီအရင်တစ်ခု မဟုတ်နေခဲ့ပေ။ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အဘိုးလင်းနဲ့ မတူဘူးဖြစ်နေသည်။ အဘိုးလင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ရေတွက်လို့မရတဲ့မိစ္ဆာချီတွေနဲ့ ရောနှောနေလို့ ကျန်းယီမင်က တိုက်ရိုက်အာရုံခံနိုင်သည်။
အခုချိန်တွင် တစ်ဖက်ရန်သူက အသန့်စင်ဆုံးစိတ်ဝိညာဉ်စွမ်းအင်ကို သုံးထားတာ ဖြစ်ရမည်၊ ထို့ကြောင့်သာ သူက တိုက်ရိုက်အာရုံမခံနိုင်ဘူး ဖြစ်နေသည်။
'ကြည့်ရတာ တစ်ဖက်လူရဲ့မှော်ရတနာက သာမန်ပစ္စည်း မဟုတ်ဘူးပဲ...'
ထိုအချက်ကို မြင်လိုက်တော့ ကျန်းယီမင်က အမှန်တကယ်အံ့သြဝမ်းသာသွားသည်။
'ဒါ အခွင့်ကောင်းပဲ... ဒီကောင်က ကိုယ့်သဘောနဲ့ကိုယ် အိမ်တံခါးဝအထိ လာပို့ပေးနေမှတော့ သူ့ကို ကောင်းကောင်းဆုံးမပေးရုံပဲ ရှိတော့တာပေါ့...'
ကျန်းယီမင်က ဒီလောက်ယုံကြည်ချက်ရှိနေရတဲ့ အကြောင်းရင်းက သူက ဝှက်ဖဲအသစ်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်လို့ဖြစ်သည်။ အဲ့ဒီလိုနဲ့ ကျန်းယီမင်ရဲ့ပတ်ဝန်းကျင်က အရှိန်အဝါတွေ မိုးထိအောင်ထိုးတက်သွားခဲ့သည်။ သူ့တပည့်တွေဆိုရင် ရှန့်ကွမ်းမိသားစုတုန်းကတောင် အခုလိုစိတ်ဝိညာဉ်စွမ်းအင်မျိုးကို မမြင်ဖူးခဲ့ကြပေ။
"ဒါက... မင်း... မဟုတ်မှလွဲရော..."
ထို့နောက်မှာတော့ အဘိုးကြီးလက်ထဲက မှော်ရတနာဟာ ကျန်းယီမင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေအောက်မှာ တိုက်ရိုက်ဝါးမြိုခံလိုက်ရပြီး ချိပ်ပိတ်ခံလိုက်ရသလိုမျိုး ဘာအစွမ်းမှမရှိတော့ပေ။
"မင်းမှာ ဒဏ္ဍာရီလာ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ရှိနေတာတော့ မဟုတ်ပါဘူးနော်..."
အဘိုးကြီးက သဲလွန်စတွေကို သတိထားမိသွားလိုက်သည်။ ကျန်းယီမင်က ခုလေးတင် ရှာတွေ့လိုက်တာက သူ့ရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်က ထိုရတနာကို နိုမ်နင်းနိုင်တယ်ဆိုတာ ဖြစ်သည်။
"ဒီမှာ လာပြီးပေါက်ကရတွေ ပြောမနေနဲ့တော့...ခင်ဗျား ကျုပ်ရဲ့ခွန်အားကို သိသွားပြီဆိုတော့ ခင်ဗျားကို မြန်မြန်ဆန်ဆန်သေဆုံးခွင့် ပေးလိုက်မယ်...."
လူတိုင်းရဲ့ မယုံကြည်နိုင်တဲ့ အကြည့်တွေအောက်မှာပဲ စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ ကျန်းယီမင်ဆီကို ချဉ်းကပ်ချင်တဲ့ အရိပ်အယောင် ပြလာခဲ့သည်။ ထိုစိတ်ဝိဉာဥ်က ကျန်းယီမင်ကို ဝါးမြိုချင်တာမဟုတ်ဘဲ ကျန်းယီမင်က စိတ်ဝိညာဉ်ခန္ဓာကိုယ်ထဲက စွမ်းအားအားလုံးကို သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုချင်နေတာဖြစ်သည်။ ဒီအရာအားလုံးက သူ့ရဲ့ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ် ကြောင့်သာဖြစ်သည်။
မူလကဆိုရင် စိတ်ဝိညာဉ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေက သူ့နယ်ပယ်ထဲမှာ ရှိတဲ့လူတိုင်းဆီကို အညီအမျှ ခွဲဝေရောက်ရှိသွားမှာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ထိုစွမ်းအားကို လက်ခံရယူချင်တယ်ဆိုရင် လက်ခံတဲ့သူရဲ့ ခန္ဓာကိုယ်ကလည်း တုံ့ပြန်မှုတချို့ရှိလာမှာဖြစ်သည်။ သို့သော် စနစ်ကြောင့် ကျန်းယီမင်ရဲ့ခန္ဓာကိုယ်က အလွန်အမင်းစွမ်းအားကြီးလာတယ်လို့ ပြောလို့ရနိုင်သည်။
ဥပမာအနေနဲ့ပြောရရင် သူ့ရှေ့ကအဘိုးကြီးက မွေးဖွားခြင်းအဆင့်မှာ ရှိနေပေမယ့် သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကို စုပ်ယူနိုင်ဖို့ ထောက်ပံ့မပေးနိုင်ပေ။ သူ့ရှေ့က လူငယ်လေးက ဒီလိုရူးသွပ်တဲ့ အပြုအမူမျိုးလုပ်ရဲတာ ရှင်းပြချက် တစ်ခုပဲ ရှိသည်။ သူ ရူးနေတာဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူ့မှာဒဏ္ဍာရီလာ မြင့်မြတ်ကောင်းကင်ခန္ဓာကိုယ် ရှိနေတာပဲ ဖြစ်ရမည်။
အကယ်၍ နောက်တစ်ခုသာမှန်ခဲ့ရင် ကျန်းယီမင်က အတွင်းထဲကစွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်ရင်တောင် သူ့ကိုဘာမှထိခိုက်စေမှာ မဟုတ်ပေ။ ဖုန်းဟော်လေလံပွဲကနေ ယူလာတဲ့ကျင့်စဉ်ထဲကနေ ရုတ်တရက်ပေါ်ထွက်လာတဲ့ ထူးဆန်းတဲ့စိတ်ဝိညာဉ်ခန္ဓာကိုယ်က သူ့တပည့်တွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တချို့ကိုစုပ်ယူခဲ့ပေမယ့် ကျန်းယီမင်အနေနဲ့ သူ့ဂိုဏ်းကို ကာကွယ်ချင်တယ်ဆိုရင် တစ်ဖက်လူကို လုံးဝ ချေမှုန်းနိုင်မယ့်ခွန်အားမျိုးကို ထုတ်သုံးမှရလိမ့်မည်။
လက်ရှိကျန်းယီမင်မှာ အဲ့ဒီလိုလုပ်နိုင်မယ့် အင်အား လုံလောက်ရဲ့လား...။ မရှိသေးဘူး...။ လိုအပ်ချက်က အဝေးကြီးလိုနေသေးသည်။ ကျန်းယီမင်ငပါးစပ်ဟလိုက်ပြီး ယာယီပိတ်လှောင်ခံထားရတဲ့ လျှို့ဝှက်ဆန်းကြယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို သူ့စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ရစ်ပတ်လိုက်သည်။ ထို့နောက် သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ လိမ္မာတဲ့အစေခံတစ်ယောက်လို စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်း ထောင်ပေါင်းများစွာအဖြစ်ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲက သွေးကြောစုံမှတ်တိုင်းကနေတစ်ဆင့် စီးဝင်သွားခဲ့သည်။
"ဟဲဟဲ... ဒါက ခင်ဗျားလိုချင်တဲ့အရာပေါ့လေ... တကယ်ပဲ အစွမ်းထက်တယ်လို့ ဝန်ခံရလိမ့်မယ်..."
ကျန်းယီမင်က သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကိုခံစားရင်း ပြောလိုက်ရာ သူ့အသံကအရင်ကထက် ပိုအားကောင်းလာခဲ့သည်။ အရင်ကနဲ့ယှဉ်ရင် သူက အခုချိန်တွင် ပိုလို့တောင်ကြောက်စရာ ကောင်းနေသည်။
"သူ့ကိုချ... သူသာ အကုန်လုံးစုပ်ယူသွားရင် ငါတို့အကုန်သေလိမ့်မယ်..."
ဟန်ကုန်းဂိုဏ်းက ခေါင်းဆောင်အကြီးအကဲဟာ သူ့ရဲ့ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်နိုင်လိုက်သည်။ သူ့ပတ်ဝန်းကျင်က အရှိန်အဝါတွေ ပေါက်ကွဲထွက်လာပြီး သူ့ကိုဗဟိုပြုကာ လင်းယွင်ဂိုဏ်းသား အားလုံးကို တွန်းထုတ်လိုက်သည်။ ကျန်းယီမင်က အလျင်စလိုမလုပ်ဘဲ လက်ကိုမြှောက်လိုက်ရာ သူ့လက်ဝါးပြင်ကနေ ရေတွက်လို့မရတဲ့ အမျှင်တန်းတွေ ဆန့်ထွက်လာပြီး ဟန်ကုန်းဂိုဏ်းအကြီးအကဲရဲ့ ကိုယ်ကို ရစ်ပတ်လိုက်သည်။
"ဟွန်း... ဒီလောက်ပဲလား... မင်းမှာ ဒီလောက်ပဲ လုပ်နိုင်တာဆိုရင် ငါ့ကို နိုင်ဖို့စိတ်ကူးယဉ်နေတာပဲ..."
ထိုအကြီးအကဲက သူ့ဓားကိုဆွဲထုတ်ပြီး သူ့ကိုယ်ပတ်လည်မှာ ပေါ့ပါးစွာဝှေ့ယမ်းကာ အမျှင်တန်းတွေကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် သူက အနည်းငယ်လှုပ်ရှားလိုက်ပြီး ကျန်းယီမင်ရှေ့တည့်တည့်ကိုရောက်လာကာ အသင့်မဖြစ်သေးတဲ့ ကျန်းယီမင်ကို ဓားနဲ့ချိန်ရွယ်လိုက်သည်။
"ဟွန်း... ခင်ဗျားက ဘာလို့အဲ့ဒီလောက်တောင် ယုံကြည်ချက် ပြင်းထန်နေရတာလဲ..."
ကျန်းယီမင်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူက စွမ်းအင်တော်တော်များများကို စုပ်ယူထားပြီးနေသည်။ ကိုယ့်ရဲ့အရှိန်အဝါကို တိုက်ရိုက်တိုးမြှင့်တဲ့ အခုလိုနည်းလမ်းမျိုးက တခြားသူတွေအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် သူ့အတွက်ကတော့ နေသားကျနေသည်။
အဘိုးလင်းရဲ့ အရိုးစုကိုစုပ်ယူပြီး သူ့အင်အားကို တိုက်ရိုက်တိုးမြှင့်ခဲ့တာပဲ ဖြစ်ဖြစ်၊ ဟွမ်ယွမ်ဆေးလုံးကို အကြိမ်ကြိမ်သုံးစွဲခဲ့တာပဲဖြစ်ဖြစ်၊ ထိုလုပ်ရပ်တိုင်းက ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်နဲ့ ခန္ဓာကိုယ်ကို အလွန်အမင်းထိခိုက်စေနိုင်တာချည်းဖြစ်သည်။ သို့သောွ ကျန်းယီမင်ကတော့ သူ့ရဲ့ မြင့်မြတ်ေကာင်းကင်နတ်ဆိုးခန္ဓာကိုယ်ကို အားကိုးပြီး ကပ်ဘေးတွေကို အကြိမ်ကြိမ်ဖြတ်ကျော်နိုင်ခဲ့သည်။
"သေလိုက်စမ်း..."
ကျန်းယီမင်က ဟိန်းဟောက်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်တွေက ကောင်းကင်နဲ့မြေကြီးကို ဖြတ်သန်း တိုက်ခတ်သွားပြီး ထိုအဘိုးကြီးကို လွင့်ထွက်သွားစေခဲ့သည်။ ဒါက သူလိုချင်နေတဲ့ အခြေအနေဖြစ်သည်။ သူတို့က အခုချိန်ထိ ဂိုဏ်းထဲမှာရှိနေသေးသည်။ ဒီနေရာမှာသာ တကယ်တိုက်ခိုက်ကြရင် သေချာပေါက် ပျက်စီးတာတွေ ရှိလာမှာဖြစ်သည်။ သို့သော် လင်းယွင်ဂိုဏ်းပိုင်နက်အပြင်ဘက်ကို ရောက်သွားသရွေ့ သူကလက်တွန့်မနေဘဲ အစွမ်းကုန်ထုတ်သုံးလို့ ရသည်။
သူတို့နှစ်ယောက်ဟာ ကြယ်ကြွေလာသလို အရှိန်ဟုန်နဲ့ ကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။ အခုတိုက်ပွဲမှာ ကျန်းယီမင်က အပြတ်အသတ် အသာစီး ရေနသည်။ တိုက်ပွဲက လင်းယွင်ဂိုဏ်းအပြင်ဘက်ကို ရောက်ရှိသွားပြီဖြစ်သလို ကျန်းယီမင်ရဲ့ပုံရိပ်ကလည်း တစ်စတစ်စကြီးထွားလာနေသည်။
'ဖျက်စီးခြင်းကျင့်စဉ်...'
'ပျက်သုဥ်းခြင်း နယ်ပယ်...'
ထို့နောက်မှာတော့ တစ်လောကလုံးက ကျန်းယီမင် အတွက် စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူစရာကိရိယာတစ်ခု ဖြစ်လာခဲ့သည်။ ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်ကလည်း သူထုတ်လွှတ်လိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကြောင့် သူ့နောက်ကိုလိုက်ပါလာခဲ့သည်။
"ခင်ဗျားမှာ နိုင်ဖို့အခွင့်အရေး မရှိတော့ဘူး...။ မြန်မြန်ပဲ လက်လျော့လိုက်ဖို့ ကျုပ်အကြံပေးလိုက်မယ်... ဒါက ခင်ဗျားဝင်ပါသင့်တဲ့ကိစ္စ မဟုတ်ဘူး..."
ပျက်သုဥ်းခြင်းနယ်ပယ်ထဲမှာ ရောက်နေတဲ့အတွက် ကျန်းယီမင်ရဲ့အင်အားက နောက်ထပ်အဆမတန် တိုးပွားလာခဲ့သည်။ သူ့မျက်လုံးထဲမှာတော့ ရှေ့က အဘိုးကြီးရဲ့ကျင့်ကြံခြင်းအဆင့်က ဘာမှ မဟုတ်တော့ပေ။
"မင်း... မင်းကဘာလို့ ငါ့အကြံကိုနားမထောင်ချင်ရတာလဲ... ငါတို့သာပူးပေါင်းလိုက်ရင် စိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင်ရနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."
ကြမ်းတမ်းခက်ထန်နေတဲ့ ကျန်းယီမင်ကို ရင်ဆိုင်နေရတဲ့အဘိုးကြီးက အချိန်ဆက်ဆွဲနေရင် သေချာပေါက် ကောင်းကျိုးမရှိမှန်းသိလိုက်သည်။ တစ်ဖက်လူကို နိုင်နိုင်မှာမဟုတ်တာကို သိလိုက်ရသည့်အတွက် အဘိုးကြီးက သွားကိုအံကြိတ်ကာ ချက်ချင်းလှည့်ထွက်သွားပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။
ကျန်းယီမင်ရဲ့ လက်ရှိအင်အားက မတည်ငြိမ်သေးတဲ့ကာလတစ်ခုကို နောက်တစ်ကြိမ်ရောက်ရှိသွားပြန်သည်။ ဂိုဏ်းကိုအရင်ပြန်ပြီး ပြဿနာတွေကို ဖြေရှင်းပြီး၊ သူ့အင်အားနဲ့ တပည့်တွေရဲ့အင်အားကို တည်ငြိမ်အောင်လုပ်ဖို့ ဦးတည်လိုက်သည်။ အကယ်၍ သူသာအခုချက်ချင်း ထိုအဘိုးကြီးနောက်ကိုလိုက်ပြီး သတ်ဖြတ်မယ်ဆိုရင် သူ့ခန္ဓာကိုယ်နဲ့ အခြေခံအုတ်မြစ်ထိခိုက်ရုံတင်မက၊ ပြဿနာပေါင်းများစွာကိုပါ ဆွဲဆောင်သလို ဖြစ်လိမ့်မည်။ သူက ပြဿနာကို မကြောက်ပေမယ့် အခုချိန်က ထိုအဘိုးကြီးကို ရှင်းပစ်ရမယ့်အချိန် မဟုတ်သေးပေ။