ငါးယောက်အုပ်စု
Vol. 6 Ch. 87
အခန်း (၈၇) ငါးယောက်အုပ်စု
ချင်ယွင်သည် သူ့ကိုယ်ခန္ဓာကိုယ်အနေထားကို ဆုံးရှုံးသွားခြင်းအပြင် မှင်တက်နေမိ၏။ သူသည် မိန်းမတစ်ယောက်၏ယခုလိုပုံစံမျိုးကို တခါမှမကြုံတွေ့ဖူးသောကြောင့် အမှန်တကယ်ဆို သူသည် တကယ့်ကြက်ပေါက်စလေး တစ်ကောင်ဖြစ်နေဆဲပင်။
ယခု ကျန်းရွန်ရှင်းက သူ့ကို ဤကဲ့သို့ ကျီစားလိုက်ခြင်းက ဝမ်းနည်းဖွယ် စကား တစ်ခွန်းဟု သာ ဆိုရပေလိမ့်မည်။
သို့သော်လည်း နတ်ဆိုးမ ကျန်းရွန်ရှင်းသည် နှလုံးသားအဖြူထည် လူငယ်လေး ချင်ယွင်ကို ရန်စပြီးနောက်တွင် သူမသည် တာဝန်မဲ့စွာ ထွက်ခွာသွားခဲ့သည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏ချစ်စရာကောင်းသောပုံစံကိုကြည့်ပြီး "နတ်ဆိုးမ" ဟု ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်သည်။
သို့သော် ထိုနတ်ဆိုးမသည် တစ်စုံတစ်ခုကို အာရုံခံစားမိသွားပုံရသည်။ ပြန်လှည့် ကြည့်လိုက်ပြီး သူမက ချင်ယွင်ကို ပြုံးပြလိုက်သည်။ ထို့နောက် စာကြောင်း တစ်ကြောင်းကို ထုတ်ပြောကာ တိုက်ရိုက်ထွက်ခွာသွားသည်။
"မနက်ဖြန်နေ့လည်ခင်းမှာ ကောင်းကင်မိုးကြိုးရင်ပြင်မှာစုပြီး တိုင်ယွန်တောင်တန်းကို သွားကြမယ် ။ နောက်မကျစေနဲ့!"
ချင်ယွင်သည် နောင်တွင် ဤနတ်ဆိုးမနှင့် ဝေးဝေးနေရမည်ဟု စိတ်ထဲတွင် သန္နိဋ္ဌာန်ချလိုက်သည်။ မဟုတ်ပါက သူ၏စိတ်ဝိညာဉ်သည် ဤနတ်ဆိုးမ၏ ချည်နှောင်ခြင်းကို အမှန်တကယ် ခံရပေလိမ့်မည်။
ဒုတိယမြောက်နေ့ မွန်းတည့်အချိန်က လျှပ်တပြက်အတွင်း ရောက်ရှိလာ၏။ ချင်ယွင် သည် သဘောတူညီချက်အတိုင်းရောက်လာခဲ့ပြီး မြင့်မားသော စင်မြင့်ပေါ်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ တပည့်များ သည် မစ်ရှင်များအတွက်အပြင်ထွက်မှာဖြစ်သည့်အတွက် တပည့်ဝတ်စုံဝတ်ထားခြင်း က အဆင်မပြေပေ။ ထို့ကြောင့် အားလုံးက ရိုးရိုးအဝတ်အစားများ ပြောင်း၀တ်ထား ကြသည်။
၎င်းတို့အထဲတွင် ကျန်းရွန်ရှင်းသည် အနီရောင်တောက်တောက် ၀တ်စုံကို ၀တ်ဆင် ထားသောကြောင့် သူမ၏ ဆွဲဆောင်မူရှိသော စိတ်နေစိတ်ထားကို ပို၍ ညှို့ဓာတ်ပြင်းထန်ကာ တက်မက်ဖွယ်ကောင်စေသည်။ သူမဘေးနားရှိ လူနှစ်ယောက် က သူမကို လှမ်းကြည့်နေသည့် ပုံစံမှတဆင့် မြင်နိုင်သည်။
အခြားအမျိုးသမီးတယောက်၏ ရုပ်ရည်အသွင်အပြင်သည် အနည်းငယ် နိမ့်ကျသော် လည်း၊ အလွန်ရှားပါးသော အလှတရားဟု သတ်မှတ်လို့ရသည်။ သို့သော်လည်း ကျန်းရွန်ရှင်း၏ တောက်ပမှုအောက်တွင် သူမ၏ ပေါ်လွင်မှုသည် အလွန်မှေးမှိန် သွားခဲ့ရသည်။
ထိုအမျိုးသားနှစ်ယောက်တွင် တစ်ယောက်က အရပ်ရှည်ရှည်ပြီး သန်မာကာ သူ့အပေါ်ပိုင်း ကိုယ်လုံးတီးခန္ဓာကိုယ်သည် ဦးချိုနဂါးကဲ့သို့ ကြွက်သားများ ပေါ်လွင်နေ သည်။သူ၏နောက် ကျောမှာ ဧရာမပုဆိန်ကြီးနှစ်ချောင်းရှိခြင်းကြောင့် လူအများ သည်းမခံနိုင်အောင် သတ် ဖြတ်ခြင်းအငွေ့သက်ကို ခံစားရစေသည်။ ချင်ယွင်ကိုမြင်ပြီး သူ၏အကြည့်များက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေသည် ။
နောက်အမျိုးသားတစ်ယောက်ကတော့ ချောမောခန့်ညားသည့် ရှိုးဂိုက်ထုတ်သူ တယောက်ဖြစ်သည်။ ထိုအမျိုးသားသည် သူ၏ လက်ထဲတွင် ခေါက်ယပ်တောင် တချောင်းကို ကိုင်ထားပြီး အဖြူရောင်၀တ်ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်နှာမှာ နွေးထွေးဖော်ရွှေသော အပြုံးလေးများ အမြဲရှိနေသည်။ သူသည် ကျောက်စိမ်းကဲ့သို့ နွေးလှထွေးသည်။ ထို့နောက် ချင်ယွင်ကို ကြည့်လိုက်သောအခါ၊ သူ၏ပါးစပ်ထောင့်က သူ၏ကိုယ်အမူယာကို သစ္စာဖောက်နေသည့် စဉ်းလဲကောက် ကျစ်သောအပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချင်ယွင်သည် ဤလူ၏ရုပ်ရည်အသွင်ကို ကြည့်ပြီး ဤလူသည် သစ္စာမဲ့သော လူယုတ်မာတစ်ဦး ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်စတုတ္ထအဆင့်ရှိ ကောင်းကင်အလွှာတွင်ရှိပြီး အရပ်ရှည်ပြီး ကြံ့ခိုင်တောင့်တင်းသော အမျိုးသားနှင့် အတူတူပင်ဖြစ်ကာ ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ် နိမ့်ကျနေသည်။ သူမသည် သိုင်းဂိုဏ်းချုပ်နယ် ပယ် တတိယအဆင့် ကောင်းကင်အလွှာ၏ အထွတ်အထိပ်တွင် ရှိနေသည်။ ဟုတ်ပါသည်၊ အမြင့်ဆုံးကတော့ ကျန်းရွန်ရှင်း ဖြစ်ပါတယ်။ သူမ၏ကျင့်ကြံအဆင့်မှုသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေခဲ့ပြီး သူမသည် လက်ရှိတွင် အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သည်။
"လာ၊ ငါ မင်းတို့ကို မိတ်ဆက်ပေးပါရစေ။ ဒါက သိမ်မွေ့ရေခဲအဖွဲ့ရဲ့ ခေါင်းဆောင် လင်းယွင်ဖြစ်ပြီး၊ ငါတို့ သိမ်မွေ့နှလုံးသာအဖွဲ့ရဲ့ မဟာမိတ်လည်း ဖြစ်တယ်။" ကျန်းရွန်ရှင်း က ပြောသည်။
မူလကတည်းက အရပ်ရှည်သောလူငယ်နှင့် စာပေပညာရှင်လူငယ်သည် ပထမ စကားလုံးများကို ကြားသောအခါ နှစ်ယောက်စလုံး မထီမဲ့မြင်ပြုသော အပြုံးများ ထွက်ပေါ်လာသည်။ သို့သော်လည်း ကျန်းရွန်ရှင်းက လင်းယွင်သည် သူတို့၏ သိမ်မွေ့နှလုံးသာအဖွဲ့၏ မဟာမိတ်ဖြစ်ကြောင်း ပြောသောအခါတွင် သူတို့၏ နှုတ်ခမ်းထောင့်စွန်းမှ အထင်အမြင်သေးမှုကို ဖုံးကွယ်ထားလိုက်သည်။
"ဟယ်လို ဂျူနီယာညီလေးလင်း။ ငါ့နာမည်က ချန်းယုယွမ်ပါ။ မင်း ငါ့ကို စီနီယာ အစ်ကိုယွန်လို့ခေါ်နိုင်ပါတယ်။" ပညာရှင်ဆန်သော ဤလူငယ်သည် အမှန်တကယ်ပင် သစ္စာမဲ့သူဖြစ်သည်။ သူ၏အမူအရာသည် လျင်မြန်စွာပြောင်းလဲသွားပြီး ချင်ယွင်အား သူ၏မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် သူစိတ်ထဲမှာ လှောင်ရယ်နေခဲ့တယ်။ ဤကဲ့သို့အပြောင်းအလဲမြန်ပြီး တသမတ်တည်းမရှိသော လူမျိုးကို သူအမြဲမုန်းတီးခဲ့သည်။ ပုံမန်အားဖြင့်ဆို သူသည် သေချာပေါက် သူ့ကို လျစ်လျူရှုထားလိမ့်မည် ။ သို့သော် ကျန်းရွန်ရှင်း၏ မျက်နှာကြောင့် သူ့အနီးသို့ ချဉ်းကပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ထို့ကြောင့် သူက "မင်္ဂလာပါ စီနီယာအစ်ကို ယုယွန်" ဟုနှုတ်ဆက်လိုက်ရသည်။
"ငါ့နာမည်က ယွန်တိုင်" သန်မာထွားကျိုင်း သောလူငယ်က အေးစက်စွာ အော်ပြော လိုက်သည်။
"မင်္ဂလာပါ စီနီယာအစ်ကို ယွန်!" ချင်ယွင်သည် ကိုးရိုးကားယားပုံစံဖြင့် ပြန်နှုတ်ဆက် လိုက်ရ၏။ ဤကောင်ကြီးသည် တကယ်ကို လူဖြောင့်ကြီး တစ်ယောက် ဖြစ်၏။ သူ့မှာ အရေခြုံစိတ်မျိုး လုံးဝမရှိပေ။ သူ့အပေါ်မှာ အထင်အမြင်သေးခြင်းကို ဖုံးကွယ်ထား ခြင်းမရှိသော်လည်း ချန်းယုယွမ်ထက် များစွသာလွန် နေသေးသည်။
ရိုးသားသောလူများသည် သင့်အား မုန်းတီးလျှင်တောင် ထိပ်တိုက်ရင်ဆိုင်လို့ရသည်။ ကောက်ကျစ်စဥ်းလဲသောလူများသည် အရေးကြီးသောအခိုက်အတန့်တွင် သင်၏ နောက်ကျောကို ဓားဖြင့်ထိုးကြလိမ့်မည်။
"ငါ့နာမည် ဆန်ရှင်းရှင်းပါ၊ မင်းက ငါ့ကို စီနီယာအစ်မဆန်လို့ ခေါ်နိုင်တယ်။ " အမျိုးသမီးက ပြုံးပြီး ရှေ့သို့ လျှောက်လာတယ်။ သူမမျက်နှာပေါ်ရှိ အပြုံးသည် အလွန်ရိုးသားသည်။
ယင်းက ချင်ယွင်ကို ခံစားမူပိုကောင်းစေသည်။
မဟုတ်ရင် သူသည် လမ်းတစ်လျှောက်လုံး မျက်လုံးသုံးစုံနှင့် ရင်ဆိုင်နေရပြီး မျက်လုံး သုံးစုံအောက်မှာ အလူးအလဲ သေဆုံးရလိမ့်မည်။
နတ်ဆိုးမကျန်းရွန်ရှင်းသည် သူမကိုယ်သူမ မိတ်ဆက်ခြင်းမပြုတော့ဘဲ သူမသည် မည်သူနှင့် ပေါင်းသင်းခြင်းမပြုဘဲ ခုံတန်းပေါ်တွင် ထိုင်နေသော ယွန်ထျန်းနှင့်အတူ သွားလိုက်သည်။
"ကောင်းပြီ အားလုံး အချင်းချင်းသိပြီးသားမို့ သွားကြရအောင်။" ကျန်းရွန်ရှင်းက ပြောသည်။ သူပြောပြီးသည်နှင့် စူးရှစွာ လေချွန်လိုက်သည်။ ထို့နောက် ချင်ယွင်သည် ကောင်းကင်မှ မိုးပြာရောင်ငှက်ကြီးတစ်ကောင် ပျံသန်းလာပြီး မြေပြင်ပေါ် အခိုင်အမာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
"ဒါက မိုးပြာမြူနှင်းငှက်ဘဲ။ ဂိုဏ်းက ခရီးသွားရာမှာ အသုံးပြုတဲ့ မိုးပြာဖီးနစ်ရဲ့ မျိုးဆက်ပါ။ တရက်ကို မိုင်ထောင်ပေါင်းများစွာ ခရီးနှင်နိုင်တယ်။ တိုင်ယွန် တောင်တန်းကို ရောက်ဖို့ တစ်ရက်ပဲ လိုတယ်။" ချင်ယွင် အံ့ဩသွားသည်ကိုမြင်လျှင် ကျန်းရွန်ရှင်းက ရှင်းပြသည်။
ယင်းနောက် လူတိုင်းသည် မိုးပြာမြူနှင်းငှက် ၏နောက်ကျောကို တိုက်ရိုက် တက်သွားကြသည်။
မိုးပြာမြူနှင်းငှက်သည် ကြီးမားလှပြီး ၎င်း၏တောင်ပံများကို မီတာငါးဆယ်ကျော် အထိ ဖြန့်ကျက်ထားနိုင်သည်။ ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် မိုးပြာ မြူနှင်းငှက် ၏ နောက်ကျောတွင် ရပ်တန့်ရန် လုံလောက်သည်။
ချင်ယွင်နှင့် အခြားသူများသည် ငှက်၏ကျောဘက်သို့ ရောက်သွားသောအခါ မိုးပြာမြူ
နှင်းငှက်သည် ၎င်း၏အတောင်ပံများကို ခတ်လိုက်ကာ မြေပေါ်မှချက်ချင်းထပြီး တိမ်များပေါ်သို့ ချက်ချင်း ပျံတက်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်သည်သူ၏ရင်ထဲမှာ လွမ်းဆွတ်စရာ အရိပ်အယောင်များကို မခံစားဘဲ မနေနိုင်တော့။ ဟိုးအတိတ်တုန်းက သူသိုင်းမြို့စား နယ်ပယ်သို့ ဖြတ်ကျော်သွားစဥ်အခါ သူသည် လေထဲတွင် လမ်းလျှောက်နိုင်ပြီး ကောင်းကင်ယံတွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။ သူ၏ ပျော်ရွှင်ဖွယ် ခံစားချက်သည် သူ၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေသေးသည်။
ယခု သူသည် ငှက်တစ်ကောင်၏ နောက်ကျောတွင် စီးနင်းလိုက်ပါ ပျံသန်းရခြင်း၏ ပျော်ရွှင်မှုကို အမှန်တကယ် ခံစားခဲ့ရပြန်သည်။ သူသည် သိုင်းမြို့စား နယ်ပယ်သို့ ထပ်မံဝင်ရောက်လာသောအခါတွင် သူ့ကိုယ်ပိုင် စွမ်းအားနှင့် ပျံသန်းနိုင်သည်ကို ထပ်မံ မြင်တွေ့ရန် မျှော်လင့်နေမိသည်။
"ပထမဆုံး ပျံသန်းဖူးတာလား?"
ကျန်းရွန်ရှင်းသည် ချင်ယွင်၏နောက်မှာ မည်သည့်အချိန်ကတည်းက ထွက်လာမှန်း မသိလိုက်ပေ။ ချင်ယွင်၏ ကြည်နူးစရာကောင်းသော အမူအရာကိုကြည့်ရင်း သူမသည် သူ့ကိုမကျီစားဘဲ မနေနိုင်ဖြစ်မိသည်။
ချင်ယွင်သည် မှင်စာနှင့်တူသော ဤမိန်းမနှင့် စကားမပြောချင်သော်လည်း ဤနေရာတွင်ဤအမျိုးသမီးသည် စွမ်းအားကြီးသူဖြစ်ပြီး သူမကို ရန်မစရဲသဖြင့် စိတ်အေးလက်အေး ဟန်ဆောင်ကာ “ဟုတ်တယ်၊ ဒါပထမဆုံးအကြိမ်ပါ။"ဟု ပြောလိုက်သည်။
ကျန်းရွန်ရှင်းက ပြုံးပြီးပြောတယ် "မိုးပြာအမြူနှင်းငှက်ကို ငါပထမဆုံးအကြိမ် စီးဖူးတုန်းကလည်း ငါ မင်းနဲ့အတူတူပဲ။ လေတိုက်တဲ့ခံစားချက်ကို ငါအရမ်း ကြိုက်တယ်။"
ချင်ယွင်က ခေါင်းယမ်းပြီး "မဟုတ်ဘူး၊ ငါက မောက်မာတဲ့ ခံစားချက်ကို သဘောကျတာ" ဟု ပြောလိုက်သည်။
ကျန်းရွန်ရှင်းသည် တခဏကြာ မှင်တက်မိသွားပြီး ချိုမြိန်စွာ ပြုံးလိုက် သည်။ "ယောက်ျားတွေက အရာရာကိုအထင်သေးပြီး အနိုင်ယူရတာကို သဘောကျ ကြတယ်လေ။"
"မင်းငါ့ကိုအနိုင်ယူချင်လား" ကျန်းရွန်ရှင်းသည် အလွန်စဥ်းလဲပြီး မရေရာသော မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်သည်။
ချင်ယွင်၏ နှလုံးတုန်လှုပ်သွားပြီး "အနိုင်ယူဖို့လား?"
သူမကဲ့သို့နတ်ဆိုးမတယောက်ကို မည်သူက အနိုင်ယူချင်မှာလဲ။ ဤမိန်းမမျိုးသည် ယောက်ျားများကို အနိုင်ယူရန် ဖြားယောင်းသွေးဆောင်သည့် အထူးစွမ်းရည်ဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။
အကယ်၍ ချင်ယွင်သည် ကျန်းရွန်ရှင်းကို အနိုင်ယူချင်လားဆိုလာပါက အဖြေကတော့ တခွန်းထဲပါ "ဟုတ်ကဲ့!"
ချင်ယွင်က မတုံ့ပြန်သော်လည်း ကျန်းရွန်ရှင်းကို ထိတ်လန့်စေမည့် ရဲရင့်သော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သေးသည်။
ချင်ယွင်သည် ကျန်းရွန်ရှင်း၏ အနီရောင်စကတ်ကို တချက်ငမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ အလွန်အတွေးနက်စေသည့်အမူယာကို ပြုလုပ်ပြ လိုက်သည်။
သို့သော်လည်း ကျန်းရွန်ရှင်းသည် ဒေါသထွက်ရန် ရည်ရွယ်ချက်မရှိပေ။ သူမသည် ချင်ယွင်ကို မျက်လုံးလေးမှိတ်ပြပြီး ကောင်းကင်ကြီးကိုပင် ထိတ်လန့်တုန်လှုပ်စေမည့် တစ်စုံတစ်ခုကို ပြောလိုက်လေသည် "ဒီမိုးပြာမြူနှင်းငှက်ရဲ့ပေါ်မှာ သတို့သမီး အခန်းဖြစ်သွားမယ်ဆိုရင်မင်းဘယ်လိုခံစားရမယ်ထင်လဲ" ထိုစကားကိုပြောပြီးနောက် သူမသည် ချင်ယွင်ကို ဆွဲမက်ဖွယ် အကြည့်တစ်ချက်ပင် လှမ်းပစ်လိုက် သေးသည်။
ချင်ယွင်သည် လျှပ်စီးလက်သလို ချက်ချင်း ခံစားလိုက်ရပြီး မိုးပြာမြူနစ်ငှက်ပေါ်မှ ပြုတ်ကျလုနီးပါးပင်ဖြစ်သွားခဲ့ရသည်။ သို့သော်၊ ယင်းကိုမြင်ပြီး ဤအစပြု သူမလေးသည် ဘေးတဖက်မှနေ၍ သူမ၏ ပန်းအကိုင်းအခက်နှစ်ခုကို တုန်လှုပ် စေသည့်အထိ တခစ်ခစ်ရယ်မောနေလေ၏။