← Chapters

ဆေဘာ သိုင်း

Vol. 10 Ch. 136

ဆေဘာ သိုင်း

Vol. 10 Ch. 136

အခန်း (၁၃၆) ဆေဘာ သိုင်း

ဆေဘာသိုင်းပညာသည် လွှမ်းမိုးကြီးစိုးနိုင်ပြီး လေးလံသည်။ ဆေဘာတစ်ချက် ခုတ်ပိုင်းဆင်းသက်လာမူနှင့်အတူ ကျားဟိန်းသံနှင့်နဂါး ဟောက်သံတို့၏ စွမ်းအား များကို သယ်ဆောင်လာ၏။

ချင်ယွင်သည် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာကို သူ၏လက်ထဲမှာ ကိုင်ထားပြီး ခြံဝင်းထဲ တွင် ကခုန်လှုပ်ရှားနေ၏။

ရှီကန်ဟိုင်နှင့်သူ၏ ယခင်တိုက်ပွဲတွင်၊ချင်ယွင် သည် သူ၏ဆေဘာသိုင်းပညာရပ်သည် အလွန်မာကျောနေသေးပြီး ဝိညာဉ်စွမ်းအင် သဲလွန်စကောက်ကြောင်းများ ကင်းမဲ့နေသေးကြောင်း သူတွေ့ရှိခဲ့ရသည်။ ထိုသို့မဟုတ်ပါက သူသည် ရှီကန်ဟိုင်နှင့် အချိန်အတော်ကြာအောင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေနေမျိုး ကြုံခဲ့ရ လိမ့်မည်မဟုတ်။

အတွေးတစ်ချက်ဖြင့် အစိမ်းရောင်ဝတ် ချင်ယွင်တစ်ယောက် ခြံဝင်းထဲတွင် ပေါ်လာသည်။

အစိမ်းရောင်ဝတ်ချင်ယွင်သည် သူ၏လက်ထဲတွင် ကြယ်နက်ဓားကို ကိုင်ထားပြီး ချင်ယွင်၏ရှေ့မှာ ရပ်နေသည်။

ယခုအချိန်တွင် အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် ပုံရိပ်ယောင်နတ်ဘုရား ရုပ်သွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးမပြုထားပေ။ ထို့ကြောင့် သူ၏ရုပ်ရည် အသွင်အပြင်သည် ချင်ယွင်၏ မူလရုပ်အသွင်အပြင် ဖြစ်နေဆဲဖြစ်သည်။

မူလက ကြောင်တက်တက်ဖြင့် ဘေးတွင်ထိုင်နေသော စိန်လေးသည် ခြံဝင်းထဲတွင် လူတစ်ဦး ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရလျှင် သူသည် လူဆိုးတစ်ယောက်ဟု ထင်သောကြောင့် အလျင်အမြန် ထရပ်ကာ အစိမ်းရောင်၀တ် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေး၀င်တိုက်ခိုက်တော့မည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် တိုးတိုးလေး ရယ်လိုက်မိသည်။ အတွေးတစ်ချက်ဖြင့် နွယ်ပင်တစ်ပင်သည် မြေကြီးထဲမှ ဖောက်ထွက် ဝင်ရောက်လာကာ သူ၏ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် စိန်လေးကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းလိုက်မိသည်။ အစိမ်းရောင်ဝတ် ချင်ယွင်သည် သူနှင့်တူသည့် စိတ်ဝိညာဥ်ကိုပိုင်ဆိုင်ထားသော်လည်း၊ သူ၏ ရိုင်းစိုင်းသော သဘောသဘာဝမှာ ပိုမိုအလေးသာနေပုံရသည်။ အသက်သစ်ပင်၏ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရုတ်တရက် ချင်ယွင်၏ စိတ်နေစိတ်ထားသည် ပုံမှန်ဖြစ်သွားသည်။ သူ၏ တစ်ကိုယ်လုံးကို ရက်စက်ကြမ်းကြုတ်သည့် လျှပ်စီးအလွှာများဖြင့် ဖုံးလွှမ်းနေပြီး သူ၏လက်ထဲရှိ ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာသည် လျှပ်စီးလက်သလို လင်းလက် သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အစိမ်းရောင်ဝတ် ချင်ယွင်၏ အမူအရာ သည်လည်း လေးနက်လာသည်။ သူ၏လက်ထဲရှိ ဓားသည် အစိမ်းရောင် မှိန်ဖျော့ဖျော့ အလင်းများ ထုတ်လွတ်နေသည် ။

ဝှီး!

ချင်ယွင်နှစ်ယောက်သည် တစ်ပြိုင်နက်တည်း ပစ်၀င်လိုက်ကြပြီး ဆေဘာနှင့် ဓားများလည်း တုန်ခါသွားကြသည်။

မှန်ပါသည်၊ ချင်ယွင်သည် သူ၏ဆေဘာသိုင်းပညာရပ်ကို လေကျင့်ရာမှာ အသုံးပြုရန် အတွက် အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်ကို ဆင့်ခေါ်လိုက်ခြင်းဖြစ်ပါသည်။

ချင်ယွင်၏ ဓားသိုင်းပညာရပ်တွင် အောင်မြင်မှုသည် အလွန်နက်နဲနေပြီဖြစ်သည်။ ထို့ကြောင့် အစိမ်းရောင်၀တ်ဆင်ထားသော ချင်ယွင်၏ ဓားသိုင်းပညာသည် အလွန်ပြင်းထန်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သစ်သားစွမ်းရည်၏ အဆုံးမဲ့ တက်ကြွမှုအရိပ်အယောင်များနှင့် ရောနှောထားသည်။ ချင်ယွင်၏ဆေဘာကို အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် တခဏအတွင်း ဖိနှိပ်ထားခဲ့ပြီး သူ့ကို လက်တုံ့ပြန်ရန် ခွန်အားလုံးဝမရှိပေ။

ချွန်!

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် သူ၏လက်ထဲရှိ ကြယ်နက်ဓားကို ညင်သာစွာ လှည့်လိုက်ပြီး ချင်ယွင်၏ဆေဘာအရိုးပေါ်မှ တိုက်ရိုက်ခုန်တက်ကာ ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ သူ၏ဓားကို ပြင်းထန်စွာရိုက်ချလိုက်သည်။

ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကာ သူ၏အနောက်ရှိ ကျောက်တိုင်တစ်ခုသို့ ဝင်တိုက်မိပြီး သူ၏ အနောက်ရှိ ကျောက်စာတိုင်သည် ကျိုးသွားခဲ့သည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်၏ ခန္ဓာကိုယ်သည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော အသက်သစ်ပင်ဖြစ်သောကြောင့် သူ၏ခွန်အားသည် သူ၏ အစစ်အမှန် ရုပ်ခန္ဓာခွန်အားထက် မနိမ့်ကျပေ။ ဤတိုက်ခိုက်မှုသည် ချင်ယွင်ကို သွေးတိုက်ရိုက် အန်စေ သည်။

ချင်ယွင်၏နှုတ်ခမ်းများသည် နီရဲသွားသည်။ သူ၏မျက်နှာတွင် ဒေါသ တစ်စုံတစ်ရာမရှိခဲ့ရုံသာမက ပြင်းထန်သော တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများပင် လောင်ကျွမ်းစေခဲ့သည်။

"နောက်တကြိမ်!" ချင်ယွင်သည် ဟိန်းဟောက်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် အလွန်လျင်မြန်သော လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အစိမ်းရောင် ဝတ်ထားသည့် ချင်ယွင်ဆီသို့ ဖြတ်သန်းသွားခဲ့သည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် လုံးဝ မကြောက်ပေ။ သူ၏လက်ထဲရှိ ဓားသည် အဆက်မပြတ် ပြောင်းလဲနေပြီး ချင်ယွင်၏ဆေဘာအလင်းကို အလွယ်တကူ တားဆီးနိုင်ခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှာ ဓားအမှတ်သား တစ်ခု သို့မဟုတ် နှစ်ခုကိုပင် ရံဖန်ရံခါ ချန်ထားရစ်ခဲ့သည်။

နှစ်နာရီမပြည့်မီတွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ တဦးတည်းသောပွဲကြည့်ပရိသတ် စိန်လေးသည် အလွန်စိုးရိမ်နေသဖြင့် ရုတ်တရက်ပေါ်လာသော ဤလူသည် အဘယ်ကြောင့် ဤမျှ အစွမ်းတန်ခိုး ကြီးနေသည်ကို နားမလည်ပေ။ ထိုသူသည် သူ၏သခင်ကို အတိုင်းအတာတစ်ခုအထိ ဒဏ်ရာရစေခဲ့ပြီး သူ၏စွမ်းအားကိုလည်း အပြည့်အ၀ အသုံးချရသေးပုံမပေါ်။

ချင်ယွင် နှင့် အစိမ်းရောင်ဝတ် ချင်ယွင်တို့၏ တိုက်ပွဲသည် သုံးနာရီကြာမြင့်ခဲ့သည်။ မူလက လက်ရာမြောက်ပြီး အံဝင်ခွင်ကျရှိနေသော ခြံဝင်းသည် ရှုပ်ပွသွားခဲ့သည်။ မြေပြင်သည် ကျင်းများ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေခဲ့ပြီး ချင်ယွင်၏‌ဆေဘာဖြင့် တစ်ခုတည်းသော ကျိုင်းပင်တစ်ပင်ကိုပင် တစ်ဝက်တစ်ပျက် ဖြတ်တောက်ပစ်ခဲ့သည်။

နောက်အဆုံးတွင် ချင်ယွင်သည် အစိမ်းရောင်ဝတ် ချင်ယွင်၏ဓားဖြင့် လွင့်ထွက် သွားကာ နံရံ‌ပေါ်တွင် လူပုံတံဆိပ်ရိုက်နှက်ထားခဲ့သည်။ သူသည် ပင်ပန်းလွန်းပြီး မလှုပ်ရှားနိုင်တော့ပေ ။ သူသည် ထထိုင်လိုက်ပြီး သူ၏ကျင့်ကြံမှု ပြန်လည်ရရှိရန် ကုစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ယခုတိုက်ပွဲ၏ အကျိုးအမြတ်နှင့် ရှုံးနိမ့်မူများကို အကျဉ်းသုံးသပ်လိုက်သည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် အနားယူခြင်းမရှိဘဲ စိန်တုံးကို သစ်ပင်ပေါ်မှချကာ ငြိမ်မနေဘဲ နောက်ပြောင်ကျီစယ် နေလိုက်သည်။

စိန်လေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မူလကတည်းက မြင့်မားခြင်းမရှိပေ။ ယခု သူသည် အစိမ်းရောင်၀တ်ဆင်ထားသော ချင်ယွင်၏ လှည့်ပတ်စနောက်မှုကို ခံနေရရှာသည်။ နောက်ဆုံးတော့ သူ၏ရှေ့ရှိ ဤလူသည် သူ၏ သခင်၏ကိုယ်ပွားဖြစ်မှန်း သိလိုက်ရလျှင် သူ၏အမူအရာက ဝမ်းနည်းပူဆွေးသွားပြီး သူ၏သခင်သည် ကြင်နာတတ်သလို လှည့်လည်း လှည်းစားတတ်ပါလားဟု ညည်းညူနေမိတော့သည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကောင်းကင်ကြီးသည် အလျင်အမြန်မှောင်သွားခဲ့သည်။ ချင်ယွင်သည် ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသေးသည်။ သူ၏မျက်လုံးများကို တင်းတင်းစေ့ထားပြီး ဥက္ကာပျံ တိုက်ပွဲ၀င်ဆေဘာကို သူ၏ပေါင်ပေါ်တွင် အလျားလိုက် လဲလျောင်းထားသည်။

အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲသို့ ပြန်သွားခဲ့ပြီး သစ်သားစွမ်းရည် သဘောတရားများကို ဆက်လက် ဆင်ခြင်နေသည်။

ရုတ်တရတ် မလှုပ်မယှက်ဖြစ်နေသော ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ ချင်ယွင်၏ မျက်လုံးများတွင် ခရမ်း ရောင်လျှပ်စီးကြောင်းတစ်ခု လင်းလက်လာသည်။ ချင်ယွင်သည် သူ၏လက်က ဓားကိုဆွဲကိုင်လိုက်ပြီး ခုန်တက်လိုက်တယ်။ သူသည် လေထဲသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။

တခဏအတွင်းမှာပင် ဆေဘာအလင်းများက တဖျပ်ဖျပ် လင်းလက်နေပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဆေဘာတစ်ချောင်းသည် ချက်ချင်းဆိုသလိုပင် ဖျတ်ခနဲ ထွက်လာပြီး ခြံဝင်းအတွင်းရှိ ကျောက်စားပွဲကို နှစ်ခြမ်းခွဲကာ ဆယ်မီတာကျော်ရှည်ပြီး သုံးမီတာနက်သည့် အက်ကွဲကြောင်းတခုကို မြေပြင်ပေါ်တွင် ချန်ထားရစ်ခဲ့သည်။ မနီးမဝေးရှိ တံတိုင်းကိုပင် နှစ်ပိုင်းခွဲဖြတ်သွားသေး၏။

မူလက ကျောက်စားပွဲမှာထိုင်နေသော စိန်လေးသည် ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ သူ၏ ခြေထောက်များက တဆတ်ဆတ် တုန်နေ သည်။ အကယ်၍ ဆေဘာသည် နည်းနည်းလေး ပိုစောင်းသွားပါက သူ၏အပေါ်သို့ ကျရောက်သွားပေလိမ့်မည်။

ချင်ယွင်သည် သူဖန်တီးထားသော ကြီးမားသည့် အက်ကွဲကြောင်းကို ကြည့်ပြီး ကျေနပ်သည့်အမူအရာ ပေါ်လာသည်။

ဤသိုင်းကွက်သည် လျှပ်စီးဖျက်ဆီခြင်းသဘောတရား၏ ဒုတိယအဆင့်ကို နားလည်ပြီးနောက် သူထုတ်ဖော်နိုင်ခဲ့သော ကောင်းကင်တုန်ခါမြေ တုန်အောင် ခုတ်ပိုင်းသိုင်းပညာ၏ ပထမသိုင်းကွက် ဖြစ်သည်။ ဤမျှလောက် အစွမ်းထက် လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူဤသိုင်းကွက်ကို မနိုင်ဝန်ထမ်းပြီး အသုံးပြုစဥ် ကထက် ပိုပြီးအစွမ်းထက်သည်။

"ဒါမျိုးကိုမှ နေ့တစ်နေ့လို့ခေါ်တာ!" ချင်ယွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ (အကျိုးရှိရှိကုန်ဆုံးသွားသည်ကိုရည်ညွှန်းဟန်)

အစောပိုင်းလေးက သူသည် လျှပ်စီးသဘော တရားကို သူ၏ ဆေဘာသိုင်းပညာရပ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်လိုက်သောအခါ၊ သူသည် လျှပ်စီးစွမ်းရည် သဘောတရားကို ပို၍နားလည်လာခဲ့သည်။ မကြာခင်မှာဘဲ သူသည် သဘောတရား၏ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်မည်ဟု သူခန့်မှန်းလို့ရသည်။

ချင်ယွင်သည် ဤအရာအားလုံးကို ပြီးဆုံးသည့်အခါ အခန်းထဲဝင်သွားပြီး ရေချိုး၏။

ပြီးနောက် သူသည် သူ၏အဝတ်အစားများကိုလဲလှယ်ပြီး ကျန်းရွန်ရှင်း၏အိမ်ဆီသို့ တည့်တည့်သွားလိုက်သည်။

ကျန်းရွန်ရှင်း၏အရသာကို မြည်းစမ်းပြီးကတည်းက ချင်ယွင်သည် လက်မ လွှတ်နိုင်တော့။ သူ၏ဒေါသများကို ဖြေဖျောက်ဖို့ ကျန်းရွန်ရှင်းကို အမြဲရှာချင် နေခဲ့သည်။

ချင်ယွင်သည် ကျန်းရွန်ရှင်း၏နေအိမ်သို့ရောက်ရှိသောအခါ ကျန်းရွန်ရှင်းသည် အမှန် တကယ်အိပ်မပျော်သေးကြောင်းကို သူတွေ့ရှိခဲ့ရသည်။ သူမသည် အိပ်နေရမည့် အစား တံခါး‌ပေါက်ကို မျက်နှာမူပြီးထိုင်ကာ ကြယ်ရောင်စုံနေသည့် ကောင်းကင်ကြီး ကို မော့ကြည့်နေသည်။

"မိန်းမ ၊ မင်းရဲ့ယောင်္ကျားအလာကို စောင့်နေတာလား။ မင်း ငါ့ကိုလွမ်းနေတယ်‌ပေါ့။" ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ ကျန်းရွန်ရှင်းက သူ့ကို စောင့်ရှောက်နေကြောင်း ချက်ချင်း သဘောပေါက်သွားပြီး သူ၏မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။

ဤစကားကိုကြားလျှင် ကျန်းရွန်ရှင်းသည် ပြုံးပြလိုက်သည်။ သူမသည် ချင်ယွင်ကို ညုတုတုအကြည့်တချက်ပေးပြီးနောက် သူမက ပြောလိုက်သည်"ဒါဆို ယောင်္ကျား ကရော ဒီကျွန်မကို လိုချင်သေးလား"

ထိုစကားကိုပြောပြီးနောက် သူမသည် ဆွဲဆောင်မူရှိသည့် ကိုယ်နေဟန်ဖြင့် နောက်ပြန်ကြည့်ကာ ပြုံးနေသောအမူယာက ချင်ယွင်ကို အမှတ်တမဲ့ တံတွေး မျိုချရစေပြီး သူ၏ကိုယ်တွင်းရှိ မကောင်းဆိုးဝါးမီးတောက်မီးလျံများက ချက်ချင်း လောင်ကျွမ်းလာသည်။

ထို့နောက် ချင်ယွင်သည် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ကျန်းရွန်ရှင်းဆီသို့ ပြေးလာပြီး သူ၏လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

ကျန်းရွန်ရှင်းသည် သိသိသာသာ ထိတ်လန့်သွားသော်လည်း မကြာမီမှာပင် သူမ၏ မျက်နှာပေါ်တွင် ရှက်ပြုံးလေး ပေါ်လာသည်။

ချင်ယွင် ကျန်းရွန်ရှင်းကို တိုက်ရိုက်ကောက်ချီလိုက်ပြီး "မိန်းမ ၊ လာ လာ၊ မင်းရဲ့ ယောင်္ကျားက မင်းကို စစ်ကြည့်ရဦးမယ်။ ငါ့မိန်းမရဲ့ ဘယ်နေရာက အလွမ်းဆုံး လဲဆိုတာကို"

ထို့နောက် သူသည် ကျန်းရွန်ရှင်းကို ပွေ့ဖက်လိုက်ပြီး ခရမ်းရောင် လျှပ်စီးအလင်းတချက် လင်းလက်သွားကာ အိပ်အခန်းဘက်ဆီသို့ ဦးတည် သွားလေသည်။

ကျန်းရွန်ရှင်းသည် ချက်ချင်းဆိုသလိုပင် ဆွဲဆောင်မှုရှိပြီး သူမ၏မျက်နှာက နီမြန်းလာကာ "ကောင်စုတ်၊ ငါ့ကို မြန်မြန် လွှတ်ပေးပါ..." ဟု တင်းမာစွာ ပြောလိုက်သည်။

ဤစကားကြားလျှင် ချင်ယွင်သည် ပို၍ပင် စိုးရိမ်သွားသည်။ ကျန်းရွန်ရှင်း၏ ဒေါသသည် သူ့အတွက် ဆိုးရွားသော ဆေးဝါးတစ်ခုဖြစ် သည်။ ချင်ယွင်သည် သူမကို အခန်းထဲသို့ အမြန်ခေါ်သွားပြီး တံခါးကိုပိတ်လိုက်ရသည်။

ထို့နောက် ကျန်းရွန်ရှင်း၏ ခြံဝင်းအတွင်းမှ စိတ်ကူးယဉ်ဆန်ပြီး ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာ လေသည်။

ညဉ့်ကောင်းကင်ယံရှိ လပြည့်ညသည် ရှက်ရွံ့ပြီး တိမ်တွေနောက်ကွယ်မှာ ပုန်းနေလေ၏။

All Chapters